Thursday, June 18, 2009

၆၄



၆၄

ပွဲဦးစမှာ တွေးခေါ်တိုက်ပွဲ
သူမယှဉ်နွဲ သတ္တိပြောင်မြောက်
သေနတ်ပြောင်းဝ သူလျှောက်ခဲ့သည်…

သို့သော်…
ကျွန်နော်
သေနတ်ပြောင်းဝ မလျှောက်ရဲခဲ့ပါ….


ကြမ်းထန်းစေထုံ ချိုးနိမ်ငြားလည်း
ဦးလှည်မသုန် ခေါင်းမညွတ်ပဲ
ပြည်ကောင်းရာကျိုး သူ မျှော်ကိုးခဲ့သည်….

သို့သော်…
ကျွန်နော်
ယုံကြည်ချက်ကို ရောင်းချခဲ့သည်…

မှန်ကန်သစ္စာ ဆိုခဲ့ကြောင့်လည်း
မွေးနေ့နှင့်အတူ ပြည်မြန်သာစေ
ပွင့်လန်းစေကြောင်း ဆုမွန်တောင်းသည်။





လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

6 comments:

Anonymous said...

ကိုလူလ.....
ကဗျာလေးကောင်းတယ်
မေမေစုအမြန်ဆုံးလွတ်မြောက်ပါစေ
စစ်အာဏာရှင်ကျဆုံးပါစေ
ဆုမွန်တောင်းလိုက်ပါတယ်

မှန်ကန်သစ္စာ ဆိုခဲ့ကြောင့်လည်
မွေးနေ့နှင့်အတူ ပြည်မြန်သာစေ
ပွင့်လန်းစေကြောင်း ဆုမွန်တောင်းသည်။

Myo Win Zaw said...

ကိုလူလရေ
ကျွန်တော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ အမိမြန်မာပြည်ကြီး ပွင့်လင်းတိုးတက် သာယာပါစေလို့ အကြိမ်ကြိမ် ရွတ်ဆိုနေမိတယ်ဗျာ

P.Ti said...

ကိုလူလ လုပ်နိုင်တာလုပ်ခဲ့သလို အခုလည်း ကြိုးစားနေတဲ့ လူတယောက်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမတူတဲ့ ဇာနည်ဖွားပဲနော်။

ပြည်မြန်သာစေ ပွင့်လန်းစေကြောင်း ကိုလူလနဲ့ အတူ ဆုမွန်တောင်းသွားပါတယ်။

မမသီရိ said...

လှေခွက်ချည်းကျန် အလံမလှဲ

သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ

ဗုံလုံ တလှည့် ငါးပျံ တလှည့်

ပေဖြစ်တုန်းခံ .. တူဖြစ်တော့မှ နှံ

မိုးကောင်းတုန်း ရွာနှင့်အုံး

ပတ္တမြားမှန် နွံ မနစ်


ပတ္တမြားမှန် နွံ မနစ် ပါဘူး
(လမ်းဆုံးရင် ရွာတွေ့မှာပါ ကိုလူလ..)

Nge Naing said...

ယုံကြည်ချက်ကို ရောင်းချခဲ့သည်…
ဆိုတာ ဘာကိုဆိုလိုတာလဲ PN..
လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာလာခဲ့တာကို ဆိုလိုတာလား။ ဟုတ်တယ်ဆိုရင်တော့ ဒီလို သဘောမထားစေချင်ဘူး။ ခရီးတခုကို သွားနေသေးတယ်ဆိုရင် ဘယ်လမ်းကပဲ သွားသွား ရောက်ဖို့က အဓိကပဲ မဟုတ်လား။ ပင်လယ်ထဲမှာ မှုန်တိုင်း သိပ်ပြင်းထန်နေရင် တံငါလှေတွေ ငါးဖမ်းထွက်တာ တွေ့ဖူးလား။ ဒီလိုပဲပေါ့ ငါးဖမ်းလို့ မရနိုင်ဘူး၊ မရတဲ့အပြင် လှိုင်းကြောင့် လှေရော လူပါ ပင်လယ်ထဲ ပါသွားနိုင်တယ်ဆိုတာလည်း သိတဲ့အတွက် ငါးဖမ်းမထွက်ကြတဲ့ တံငါသည်တွေကို အပြစ်တင်သလို ဖြစ်နေသလို ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုး ဖြစ်မနေဘူးလား ပြန်စဉ်းစားကြည့်စေချင်တယ်။

မသက်ဇင် said...

ကိုလူလရေ
ဆုတောင်းကဗျာလေးလာဖတ်တယ်
အမေစု ၆၄ နှစ်မှသည်
အသက် ၁၀၀ ကျော်ရှည်ပါစေ
ခင်မင်လျက်