Friday, November 7, 2008

လှုပ်ခတ်သွားသော မီဒီယာလောကကို လွင့်မျောခြင်း

မိမိ ပြောဆို ပြုမူလိုက်သည့် အမှုသည်…

( ၁ ) မိမိအတွက် အကျိုး ရှိ၊ သူတပါးလည်း အကျိုး ရှိ..
( ၂ ) မိမိအတွက်သာ အကျိုး ရှိ၊ သူတပါးအတွက် အကျိုး မရှိ..
( ၃ ) မိမိအတွက်လည်း အကျိုး မရှိ၊ သူတပါးအတွက် အကျိုးရှိ..
( ၄ ) မိမိအတွက် အကျိုး မရှိ၊ သူတပါးအတွက်လည်း အကျိုးယုတ်..

သင်သည် သူတပါးအား လက်ညိုး ထိုးကြည့်လိုက်ပါ။
ထိုအပြုအမူကို ပြုလုပ် ပြီးသည့်နောက် မိမိ၏ လက် အနေအထားကို ပြန်လှည် ကြည့်ရှု့ သင့်သည်။ သင်၏ လက်ပုံသဏ္ဍာန်က သူတပါးအပေါ် လက်ညိုးတချောင်းသာ ထိုးခဲ့ပါသည်။ မိမိ၏ လားရာဖက်သို့ ကျန်သည့် လက်လေးချောင်းက စုပြုံပြီး ၀င်ရောက်နေသည်ကို သတိပြုလိုက်ပါ။ သက်ရောက်မှုတိုင်းတွင် အချိုးအစား မညီမျှသော အင်အားများဖြင့် တန်ပြန် သက်ရောက် နေလိမ့်မည်။
ဝေဖန်ခြင်းဆိုသည်မှာ အပြုသဘောဖြင့် ဝေဖန်ခြင်းနှင့် အဖျက်သဘောဖြင့် ဝေဖန်ခြင်းဟု နှစ်မျိုး နှစ်စား တွေ့ရှိလိမ့်မည် ဖြစ်သည်။

လူဆိုသည်မှာ အတ္တဖြင့် ယှဉ်ပြီး လောဘ ဒေါသ ရှိနိုင်သည်ကို လက်ခံပါသည်။ အဆိုးဝါးဆုံးက နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်ကြသည့် မြန်မာ့ အသိုင်းအ၀ိုင်းများတွင် ပိုင်ဆိုင်မှုတွေကို ပြောဆို ကြွားဝါရင်း တယောက်နှင့်တယောက် အမြင် ကြည်လင်ခြင်း မရှိသည့် မောဟ သေးသေးများ ပေါ်ပေါက်ရသည်မှာ ၀မ်းနည်းဖွယ်ရာ ဖြစ်၏။ အမြင် မကြည်လင်ခြင်းဆိုသည့် စိတ်အလျင်က အနေအထား တခုမှာ အဆုံးမသတ်ကြပဲ၊ အများနှင့် သက်ဆိုင်ပြီး ပြုလုပ်ရသည့် လူမှု၊ နိုင်ငံရေး အဖွဲ့ များအတွင်းသို့ ဆိုးဝါးစွာ ၀င်ရောက် လာခဲ့ပါသည်။

အဖြစ်ပုံ သနက်စုံကို စိန်ဗေဒါကြီး၏ ဆိုင်းမပါပဲ တင်ပြရမည်ဆိုလျှင်ဖြင့်...
ပြသာနာ အစ ဟော်လန်က ဆိုရမလား၊ အင်္ဂလန်က ပြောရမှန်းတောင် မသိရတဲ့ အဖြစ်

“ဗုဒ္ဓဘာသာဝင် တွေအတွက်တော့ အင်မတန်ရှက်စရာလဲ ကောင်း ၀မ်းနည်းစရာလဲကောင်းတဲ့ ကိစ္စတွေကို ပြောချင်ပါတယ် ။ အရေးယူ တာ မယူ တာကတော့ သံဃာ့ ဥသျှောင်အဖွဲ့ကြီးရဲ့ကိစ္စပါ
အင်္ဂလန် နိုင်ငံ ကော်လန်ဒေးမှာ မြန်မာဘုန်းကြီးကျောင်းရှိပါတယ် အဲဒီက ဦးဥတ္တရဆိုတဲ့ ဘုန်းကြီးဝတ်ဟာ လိင်တူဆက်ဆံမှုတွေ ပြုလုပ် နေသလို စက်တင်ဘာမှာ သံဃာတော်တွေ အသက်ဆုံးခဲ့ရတဲ့အတွက် နိုင်ငံတကာ က လှူတဲ့ငွေကြေးတွေကိုလည်း သူပိုင် အလွဲသုံးစားလုပ်ပြီး သူနဲ့ လိင်တူဆက်ဆံ
တဲ့ ဘုန်းကြီးကျောင်းသား ဆိုတဲ့ လူနဲ့သူ့ အတွက်ပဲ အသုံးချနေတာ သိသင့်ပါတယ်။ ”

အစချီပြီး ပစ်စာတစောင်က…
To: ibmohq@gmail.com, matali18@gmail.com, bryanbanya@yahoo.co.uk, burmese@bbc.co.uk, kztha@hotmail.com, shweyong@yahoo.com, ncgub@ncgub.net, news@khitpyaing.org, nita.may@bbc.co.uk, onlineeditor@khitpyaing.org, shwen@rfa.org, spaung@irrawaddy.org, tin.htar.swe@bbc.co.uk, web_editor@dvb.no, webadmin@khitpyaing.org, zinlinn@cscoms.com, admin@dvb.no, ahhara@hotmail.com, acn@dvb.no, burmese-service@voanews.com, burmese@www.rfa.org, comment@dvb.no, comments@khitpyaing.org, director@dvb.no, dvbburma@online.no, editor@mizzima.com, editors@irrawaddy.org, features_dept@dvb.no, hit_taing@yahoo.com, khinet@rfa.org, kmw@dvb.no, kswin@voanews.com
စသော အတိုက်အခံ ၀စ်ဆိုက်များသို့ လိပ်မူပြီး အောင်ဇော်မိုး၈၈ အိုင်ဒီဖြင့် ပို့ပေးခဲ့သည်။ သို့ရာတွင် အတိုက်အခံ မီဒီယာ အသီးသီးက မဖေါ်ပြသင့်လို့ ထင်မြင်ယူဆပြီး မဖေါ်ပြခြင်း ဖြစ်နိုင်သည်။ အခြေအမြစ်မရှိသော သတင်း၊ သတင်းမဟုတ်သော အတင်း ။ အထောက်အထား ခိုင်လုံခြင်း မရှိသော အဖျဉ်းတခုဖြစ်သာ မြင်ပြီး မီဒီယာ တန်းမ၀င်လို့ သတင်း အဖြစ် မဖေါ်ပြခြင်း ဖြစ်လိမ့်မည်လို့ ယူဆရမည်။

နောက်ပြီး ပုတ်ခတ် စွပ်စွဲတဲ့သူက မည်မျှလောက် ခံစားချက်တွေ ပြင်းထန်နေသလဲတော့မသိဘူး၊
ထိုအကြံအစည် ထမြောက် အောင်မြင်ခြင်း မရှိသောကြောင့် စွပ်စွဲ ပုတ်ခတ်သူများသည် ဟော်လန်နိုင်ငံအတွင်း စာတိုက်မှတဆင့် စာတွေကို စာအိတ်ဖြင့် လူအတော်များများထံသို့ ပို့နေပါသည်။ ဒါက ပြုသူနှင့် အပြုခံရသူတို့ ပဋိပက္ခက ပြင်းထန်မှုကို ပြသနေသည်။
ထိုမှတဆင့် ဘလောင်္ဂ မီဒီယာတွင်း နာမည်ကြီးဖြစ်သည့် ကိုမိုးသီးဇွန် ဘလောင်္ဂ စီဘောက်များတွင် ခိုင်လုံခြင်း မရှိသည့် သတင်း သို့မဟုတ် အတင်းကို ၀ါဒ ဖြန့်ပြန်သည်။
၎င်းပြသာနာနှင့် စပ်ယှဉ်ပြီး အနောက်နိုင်ငံ မြန်မာ့ အတိုက်အခံ လောကအတွင်း ဖိန်ဖိန်တုန်အောင် ကျော်ကြားလှစွာသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ခေါင်းဆောင်သည့် အဖွဲ့နှင့် လွန်ခဲ့သည့်နှစ်များတွင် စတင် ပေါ်ပေါက်လာသော သာသနာပြုခြင်းကို အခြေခံ၍ အတိုက်အခံလောကကို စိပ်ဝင်လာသော သာသနာ့ ဥသျှောင်အဖွဲ့တို့ ထိပ်တိုက် ရင်ဆိုင်သွားရသည်။

အမှိုက် အစ၊ ပြသာဒ်မီးလောင် ဆိုသည့်အတိုင်း မည်သူမှန်း မသိလိုက်ရသည့် ပုဂ္ဂိုလ်တယောက်၏ ခြေထိုးမှုလား ဒါမဟုတ် ပူပေါင်း ကြံစည်မှုလားဟု အောက်ပါ အကြောင်းအရာများက ထင်မြင် ဆင်ခြင်စရာ များ ဖြစ်လာသည်။
“ အင်္ဂလန်က လူတယောက်က အရှင်ဦးဥတ္တရအား လိင်တူ ဆက်ဆံမှု။ ငွေကြေး အလွဲသုံးစားမှုများကို စွပ်စွဲရေးသားထားပါတယ်။ သူအနေဖြင့် အမြဲ ထိုင်မပိတ်နိုင်ပါ” ဟု အကြောင်းပြသည်။
ဒီနေရာမှာ အမြင်တခုပေါ့။ “ သူ့အနေဖြင့် အမြဲတမ်း ထိုင်မပိတ်နိုင်ပါ ” ။ ဘလောင်္ဂမှာ နေ့တိုင်း လိုလို သတင်း ဆောင်းပါးများ အမြဲ တင်နေသည်။ ထိုအရာကို သူ့အနေဖြင့် အချိန်မပေးနိုင်သည်က မှားမှန်သဘောကို စဉ်းစားရခြင်း ဖြစ်သည်။
ကိုမိုးသီးဇွန်၏ နောက်တခုသော အကြောင်းပြချက်က “ အရင်က သူ့၏ စိဘောက်ကို ဖွင့်ခဲ့တယ်။ ဝေဖန်စာ ဆဲစာတွေ ရောက်လာလို့ ရီဂျက်စတာ ပြုလုပ်ရတယ်” လို့ ဆိုထားပြန်သည်။

ကိုမိုးသီးဇွန်ဟာ ၈၈ ရဲ့ သင်္ကေတ ပါ။ စစ်အစိုးရကို ရန်ငါ စည်းပြတ်တဲ့ သူတယောက် ဖြစ်သည်။ ဒီမိုကရေစီကို ယုံကြည် မြတ်နိုးသည့် အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်သည် ဟု ကြားဖူးပါသည်။
ဖြတ်သန်းမှုတိုင်းမှာ လူကြီးတယောက်အဖြစ် ဦးဆောင် ဦးရွက်ပြုနိုင်သူ ဖြစ်သည်။ ဒါဗေမဲ့ အခု ဖြေရှင်းသည်က နယကဂုဏ် မဲ့နေ၏။ မည်သည့် ကိစ္စရပ်များတွင် ဦးဆောင်သူတို့၏ နှလုံးသားဖြင့် မဟုတ်ပဲ ထိုပုတ်ခတ်သော ပစ်စာကို သူ ဖွင့်စေချင်တဲ့ စိတ်ဖြင့်သာ ပြုခဲ့တယ်လို့ ထင်မှတ်စရာ ဖြစ်တယ်။ နောက်ပြီး ဘလောင်္ဂရဲ့ စီဘောက်ဆိုတာကလဲ ရီဂျက်စတာ လုပ်ကြရင် ဘလောင်္ဂကို ပိုင်တဲ့သူက စီစစ်ပြီးမှ ဖွင့်ရသည်။ တကယ်လိုများ ကိုမိုးသီးဇော်ကို စစ်အစိုးရ ဘက်တော်သားတယောက်က စီဘောက်မှာ လာဆဲရင် သူ့အနေ့ဖြင့် ဖျက်လိုက်မှာ သေချာတယ်။ ဒါလည်း အနာဂါတ်မြန်မာ နိုင်ငံရေးလောကတွင် ဆိုးကျိုးတခုပဲ။
ပြီးနောက် “ကျနော်တို့ ပိတ်လိုက်ရင် ကျွန်နော်တို့ ကိုယ်တိုင် လွတ်လပ်စွာ ရေးသားခွင့်ကို ဆင်ဆာ လုပ်မိသလို ဖြစ်မယ်” ပြောထား၏။ ဆိုတော့.. အပေါ်က ပြောထားသည့်အတိုင်း ဝေဖန်စာနှင့် ဆဲစာများ ရောက်လာသောကြောင့် ရီဂျင်စတာပြုမှာ ၀င်ခွင့်ရသည် ဟု ဆိုထားသည်။ ကာယကံရှင် ကိုယ်တိုင်ရော လွတ်လပ်စွာ ရေးသားခွင့်ကို ချိုးဖေါက်သလို ဖြစ်မှာပေါ့..မီဒီယာ လွတ်လပ်ခွင့် ကိစ္စနှင့် ပတ်သက်ပြီး ဘက်လိုက်ရေး၊ မလိုက်ရေး၊ သမာသမတ်ကျရေး သဘောထားနှင့် ပတ်သက်ပြီး အရင် အာအက်ဖ်အေ သတင်းဌာနမှာ လုပ်ခဲ့ဖူးတဲ့ ကိုမင်းဇင်က ချပြ ဆွေးနွေးဖူးတယ်။ ဤအရာနှင့် ပတ်သက်ပြီး အတိုက်အခံ မီဒီယာ လောကမှာ ပွက်လော့ရိုက်တာ အမှန်ပဲ။

ကျွန်နော် အမြင်တော့ ကိုယ်ပိုင်တဲ့ မီဒီယာက ကိုယ့်ဝါဒကို အများအားဖြင့် ဘက်လိုက်တာ များပါတယ်။ ဘက် လိုက်သင့်တယ်လို့ ယူဆ၏။ ထို့ကြောင့် ထို စွပ်စွဲ ပုတ်ခတ် ရေးသားလာသည့် အကြောင်းအရာကို ဖေါ်ပြခြင်းဟာ အလိုတူ အလိုပါ ပုံစံ ဖြစ်လျက်ရှိသည်ကို ကျွန်နော်တို့လို ပြည်သူ တယောက်အနေဖြင့် ထင်မြင်စေခဲ့ပါတယ်။
တကယ်လိုများ ထိုနေရာတွင် အရှင်ဦးဥတ္တရ မဟုတ်ပဲ ကိုမိုးသီးဇွန်ကို ပုတ်ခတ်မယ်ဆိုလျှင် ကိုမိုးသီးဇွန်အနေဖြင့် မလွဲမသွေ ပိတ်ဖျက်မိမှာ သေခြာပါ၏။
ဘလောင်္ဂတခုအတွင်း စိဘောက်တွင် မည်သည့် နာမည်နှင့်ဖြစ်စေ ၀င်ရောက်ရေးသားသောခါ ဘလာင်္ဂပိုင်ရှင်က မလွဲမသေ သိနိုင်သည့် အနေအထား ဖြစ်သည်။ စီဘောက်၏ အောက်ဖက် ဒေါင့်တွင် Get a Cbox ရှိသည်။ ထိုမှတဆင့် မိမိက စီဘောက်အစပြုလုပ်တုန်းက နာမည်နှင့် ပစ၀ကို ရိုက်ထည့်ပြီး စီဘောက်အတွင်း Control Panel Home သို့ ၀င်ရောက်နိုင်ပါသည်။ ပစ၀ဖြင့် ၀င်ရောက်ပြီးသောအခါ Messanges ခေါင်းစဉ်အောက်မှ Massages ကို ကလစ်ပြီး ကြည့်ရှူ့လိုက်လျှင် စီဘောက်အတွင်း ၀င်ရောက်ရေးသားထားသည့် လူဂ္ဂိုလ်၊ ၎င်း ရေးသားထားသည့် စာ၊ နေ့ရက် အချိန်နှင့် IP လိပ်စာကို ရရှိမည်ဖြစ်သည်။ IP လိပ်စာကို သိရှိပါက စီဘောက်အတွင်း စာရေးသူသည် မည်သည့်အရပ်၊ မည်သူဖြစ်ကြောင်း ယေဘုယျ ခန့်မှန်း နိုင်ပါသည်။

သို့ဖြစ်ပါ၍ “ မိုးသီးဇွန် ဘလောင်္ဂတွင် သာသနာ ဦးသျှောင် အတွင်းရေးမှူး ဆရာတော် ဦးဥတ္တမအား မတရား စွပ်စွဲ ပြောဆိုနေသည်ကို တွေ့ရပါသည်။ မည်သူ မည်ဝါ ရေးနေသူကို ဘလောင်္ဂပိုင်သူများက အတိအကျ သိရမည်” အစချီပြီး သာသနာ့ ဦးသျှာင်အဖွဲကြီးက ကြေညာချက် စာတစောင် ထုတ်ပြန်ခဲ့သည်။ သာသနာ့ ဦးသျှောင်အဖွဲ့ အနေဖြင့် တချို့သော အတိုက်ခံ နိုင်ငံရေးသမားများက နအဖ မိဒီယာကဲ့သို့ ယင်းတို့အား တိုက်ခိုက်နေသည့် ဟု ထင်မြင် ယူဆနေပါသည်။ ကိုမိုးသီးဇွန် အနေဖြင့်လည်း “ သံလာ့မော်လီရဲ့  ဖြေရှင်းချက် (၀ါ) စုံစမ်းတောင်းဆိုချက်ကို လေးစားရိုသေစွာနှင့် ပြန်လည် တင်ပြပေးလိုက်ပါတယ် ခင်ဗျား။ ဓမ®မိတ်ဆွေတို့ အနေနဲ့လည်း ဦးဥတ္တရနှင့်ပါတ်သက်သော သတင်းအား သံလာမော်လီဒ ကြေငြာစာပါ e-mail ကို ဆက်သွယ် ပေးပို့်သနိုင်သလို မိမိတို့ wefightwewin@gmail.comကိုလည်း ပေးပို့နိုင်ပါကြောင်း မေတ္တာရှေ့ထား* အသိပေးနိုးဆော်အပ်တယ်”
ထိုကဲ့သို့ ဖြစ်ပွားခဲ့သည့် ပြသာနာနှင့် ပတ်သက်၍ သာသနာ့ ဥသျှောင်အဖွဲ့နှင့် ကိုမိုးသီးဇွန်သည် အီးမေးဖြင့်သာ အပြန်အလှန် ဖြေရှင်းချက်များ ထုတ်ပေးရန်အတွက် တောင်းဆိုနေကြသည်။ ပြသာနာကို ဖြေရှင်းခဲ့သည် မဖြေရှင်းခဲ့သည်မှာ အခုတိုင် ရှင်းရှင်း လင်းလင်း မသိရသေးပါ။ ဒါလည်း ရှေ့ဆက်ရမည့် လမ်းတွင် ငြောင့်တခုအဖြစ် တည်ရှိနိုင်ပါသည်။ ထိုပြသာနာက ကိုယ့်ဖက် အားနည်းချက်ဆိုရမလား၊ မျှားတစင်းဖြင့် ငှက်နှစ်ကောင် ထိသွားသည့် ပုံစံဖြစ်ပုံ ရ၏။

ပြီးနောက် လုပ်ကြံစွပ်စွဲပုတ်ခတ်သူက ဆက်လက်ပြီး

“ပီနန်းဆရာတော်ကြီးအင်္ဂလန်ကို ကြွလာစဉ်ကလည်း ဆရာတော်ကြီးကို ပစ်ထားပြီးတော့
သူ့ လင်ငယ်လေးနောက်ကို ကောက်ကောက်ပါလိုက်သွားပြီး ဟို ပို့ ဒီပို့ လုပ်ပါတယ်
ဆရာတော်ကြီးခမျာ သွားချင်လာချင်ရင် ကုန်းကြောင်းလျှောက်ပြီး ဘတ်စ်ကားတိုးစီးရပါတယ်
အဲဒီမှာဆရာတော်ကြီးဖျားပါတယ်”


ဟုတ် မဟုတ်သည်ကို စာရေးသူ အနေဖြင့် မျက်မြင် မဟုတ်သဖြင့် အတိအကျ သုံးသပ်နိုင်ခြင်း မရှိပါ။ ဒါဗေမဲ့ တာဝန် ရှိသူများ၏ အစိအစဉ် ညံ့ဖျဉ်းမှုကြောင့် တကြောင်း၊ ကား အလုံအလောက် မရှိသဖြင့် လိုအပ်ချက်တွေ မပြည်စုံ ဖြစ်သွားကြောင်း၊ ဆရာတော်က လမ်းမလျှောက်ပါ အကြောင်း တာဝန်ရှိသူ တစ်ဦးက
“ အဲဒီတုန်းက ဦး---၊ မ--- က ဦးဥတ္တရကို ၈၈ ဟောပြောပွဲ အရင်ပို့ နောက်ပြီးမှ ဆရာတော်ကြီးကို ဘူတာလိုက်ပို့ရတာ ” ဟု ရှင်းပြပြောဆိုခဲ့သည်။
ဆက်လက်၍ သူက “ ဘုန်းကြီးကျောင်း နဲ့ ဘူတာက မိနစ် ၂၀ လောက် ဘတ်စကား စီးရတယ်။ ကိုယ်ပိုင်ကားဖြင့် သွားသဖြင့် ကားလမ်းတွင် ယာဉ် ပိတ်အဆို့များသည့်အတွက် ရထား မမှီ ဖြစ်မှာ စိုးပြီး ကားပေါ်မှ ဆင်းပြီး ကူတို့ဖြင့် ဘူတာကို ဖြတ်လမ်းက သွားပါသည်။ ကုတို့ဆိပ်တွင် ဘုန်းဘုန်း ဦးဥတ္တရတို့ အဖွဲ့ လာစောင့်သည်” ဟု ဆိုပါသည်။
အထက်ပါ ဟော်လန်က တာဝန်ရှိသူတဦး ရှင်းပြထားကို ကြည့်ခြင်းအားဖြင့် အကျိုးအကြောင်း မခိုင်လုံတဲ့ ပုတ်ခတ်သူတွေဖက်က စွပ်စွဲမှုတခု ဖြစ်သည်ဟု ယူဆရလိမ့်မည်။

ပြီးနောက် “အဲဒီကော်လန်ဒေးကျောင်းကို ကျမတို့  အင်္ဂလန်မှာ ကော်လံဂေး ကျောင်းလို့ တောင် ခေါ်နေကြပါပြီ။” ဟု ရေးသားထားသည်။ ထိုစွပ်စွဲ ရေးသားချက်နှင့် ပတ်သက်ပြီး အင်္ဂလန်တွင် နေထိုင်သော လူများ အနေဖြင့် သိနိုင်မည် ဖြစ်သည်။ ၎င်း ကျောင်းတော်အား ကိုးကွယ်နေသော အမျိုးကောင်းသား အမျိုးကောင်းသမီးများကို စော်ကားရာ ရောက်နေသည်။
အောင်ဇော်မိုး ၈၈ က အကုသိုလ် ခံစားမှု အားကြီးလွန်းသောကြောင့် ဖြစ်မည်။ ယောင်္ကျားကနေ မိန်းမ အသုံးအနှုံ့း ဖြစ်သွားရ၏။ ဘုရားဟော သုတ္တန်တွေမှာ အဆင်းလှတဲ့ သူတောင်ကောင်း ရဟန်းကို ကာမ ဆက်ဆံချင်လိုက်တာဆိုပြီး စိတ်က ပျက်မှားလိုက်တာ ချက်ခြင်းလက်ငင်း ဒီဘ၀မှာ တင် ယောင်္ကျားစင်စစ်ကနေ မိန်းမ ဖြစ်သွားပြီး ကလေးတွေတောင် မွေးလိုက်ရသည်ဟု ဖတ်ရသည်။။ အင်း ဖြစ်တတ်ပါတယ်။ အခုလဲ အကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်ကို တရားဝင်နည်းဖြင့် မဖြေရှင်းပဲ စွပ်စွဲ ပုတ်ခတ် စော်ကားသဖြင့် သူလည်း “ကျမ” ဖြစ်သွားရ ပြန်။ ဒါမဟုတ် စွပ်စွဲသူတို့သည် တယောက်တည်း မဖြစ်တန်ရာ။

“ ကိုဖြိုးဆိုတဲ့ စက်မှု ၁- ၀န်ကြီး မောင်အုန်းသားဖြစ်ပါတယ်။”

စက်မှု ၁ က မောင်အောင်သောင်း မဟုတ်ဘူးလား ။ မောင်အုန်း က ဘယ်တုန်းက ဖြစ်သွားတာလဲ မကြားဖူးရပါလား။

“ နာဂစ်မုန်တိုင်းမှာ ဒုက္ခရောက်သွားကြတဲ့ပြည်သူတွေအတွက် လှူဒါန်းတဲ့ ငွေတွေကအစ အလွဲသုံးစားလုပ်နေတဲ့ဘုန်းကြီးအတု ပါ
အဲဒီတုန်းက လှူဒါန်းငွေ ဒေါ်လာခြောက်သောင်း ပေါင်လေးသောင်းခွဲ ကို သူ့ အိတ်ထဲထည့်ပြီး ဘုန်းထားပါတယ် အဲဒါ သံဃာ့ဥသျှောင်အဖွဲ့နဲ့ တော်လှန်ရေး သမားတွေအနေနဲ့ ငွေစာရင်းစစ်နိုင်ပါသလား ။ တော်လှန်ရးကို အားကိုး လိုက်မယ် ”


စွပ်စွဲ ပုတ်ခတ်သူက တော်လှန်ရေးကို တော်တော် မျက်မှန်းကျိုးနေပုံရ၏။ ၎င်းကိစက အတိုက်အခံ တော်လှန်ရေးနှင့် လားလားမဆိုင်ပါ။ တော်လှန်ရေးကိုလည်း ရောယောင်ပြီး တိုက်ခိုက် နေပြန်ပြီ။

“သူဟာ နာဂစ်မုန်တိုင်းအတွက် လူဒါန်းငွေထဲက မင်းသား ချမ်းသာ ( နအဖနဲ့ ပေါင်းနေသူ)
နဲ့ လူ ၂၀ ခန့် ကို မြန်မာ ပြည်က ခေါ်ယူခဲ့ပြီး အငြိမ့်ခံပါတယ်။စုစုပေါင်း ပေါင်၁၂၀၀၀ (ဒေါ်လာ သုံးသောင်းခန့်  ) သုံးခဲ့ပါတယ်။လက်မှတ်တစေင်ကို ပေါင်သုံးဆယ်နဲ့ရောင်းခဲ့ပါတယ်
ဒါပေမဲ့  အငြိမ့်ကတဲ့အခါမှာ လူ က ၃၀ ခန့်  သာ လာပါတယ်။ သူ့ ကို ဘာလို့ အဲလို အငြိမ့် ပွဲကိုခေါ်တာလဲ မေးတော့ မြန်မာ့ ယဉ်ကျေးမှုကို အင်္ဂလိပ်တွေကို ပြချင်လို့ ပါတဲ့”


အထက်ပါ စွပ်စွဲချက်နှင့် ပတ်သက်ပြီး အင်္ဂလန်တွင် နေထိုင်သည့် ခင်မင်ရသော မိတ်ဆွေနှင့် ကျွန်နော် မက်ဆင်ဂျာတခုတွင် ချက်ဖြစ်သည်။
ထိုသူ ရှင်းပြသည်က
“ phonyaung: ဦးဥတ္တရက ချမ်းသာဇာတ်အဖွဲ့ကို ခေါ်သလား
မိတ်ဆွေ: အင်းခေါ်တယ် သူ့ ပိုက်ဆံနဲ့ သူခေါ်တာ ဘာဖြစ်လဲ

phonyaung: အင်း နောက်ပြီး ဒီစာရင်းကို ထုတ်ပြန်သလား ပိုက်ဆံက ဘယ်ကလာတယ်
မိတ်ဆွေ: စာရင်းစစ်လို တယ်ပေါ့..ဒို့ လည်းမသိဘူးကွယ်

phonyaung: အင်း ကျေးဇူး။ ကျွန်နော် လိုချင်တာက ဒီပိုက်ဆံက ဘယ်က လာတယ် နောက်ပြီး ဘယ်လောက် သုံးတယ်လို့  ကြားလိုက်သလား
မိတ်ဆွေ: နာဂစ်အတွက် က တာတော့ သူ့အဖွဲ့ နဲ့ သူ ပေးထား ပြီးသားနေမှာပေါ့

phonyaung: ဘယ်လောက်ရှုံးတယ် အင်း စွပ်စွဲတဲ့သူက အတိအကျ စွပ်စွဲနေလို့လေ
မိတ်ဆွေ: စွပ်စွဲတဲ့သူက အဝေးကနေ စွပ်စွဲနေတာကိုး တစ်ကယ် လုပ်တဲ့သူက မြင်တာပေါ့ ပိုက်ဆံဘယ်ကရသလဲ.. ဦးဥတ္တရ ဘယ်လောက်ချမ်းသာလို့ လဲ အဲလောက်မချမ်းသာဘူး

phonyaung: ဟုတ် မေးစရာဖြစ်လာပြီလေ
မိတ်ဆွေ: ကျနော်လည်း မသိဘူး ဘယ်က ရသလဲလို .. စပွန်ဆာ ဆိုတာ နာမည်ခံတာလေ နောက်ကွယ် ဘယ်သူပါသလဲ ဘယ်သိမလဲ

phonyaung: အင်း နောက်ပြီး ဒီစာရင်းကို ထုတ်ပြန်သလား ပိုက်ဆံက ဘယ်ကလာတယ်ပေါ့
မိတ်ဆွေ: နာဂစ်အတွက် က တာတော့ သူ့အဖွဲ့ နဲ့ သူ ပေးထားပြီးသားနေမှာပေါ့

phonyaung: ကိုယ်ပိုင်ဆို ပြသာနာမရှိဘူး စာရင်းက ထုတ်ပြန်သင့်တယ်လေ
မိတ်ဆွေ: လူအများနဲ့လုပ်တာမှ မဟုတ်တာလေ ဦးဥတ္တရ မွေးနေ့ ရွှေရတု လုပ်တယ် နှစ် ၅၀ ပြည့် အဲဒါ ချမ်းသာအဖွဲ့ကို ခေါ်တယ်.. တစ်ဆက်တည်းမှာပဲ.. နာဂစ်အတွက် က စေတယ်.. တစ်ချက်ခုတ် ၂ ချက်ပြတ်အောင်
ကိုယ်က လက်မှတ်ရောင်းစရာမလိုဘူး.. အဲဒီ theatre ကနေ ရောင်းပေးတာ.. ရောင်းမထွက်လို့ နေမှာပါ
နာဂစ်အတွက် ကဖို့ က နောက်မှ ဒီရောက်မှ စီစဉ်တာ.. တစ်မင်သက်သက် ခေါ်တာမဟုတ်
ဘုန်းကြီးမွေးနေ့ အတွက်.. ပိုက်ဆံ ဘယ်ကရသလဲတော့ မသိဘူး ဆိုပါစို့  လူ ၂၀ ကျော်ဆို ဒေါ်လာ ၁၀၀၀၀ ကျော်ပေါ့ ဟုတ်လား ၁၅၀၀၀ ပဲ ထားပါ..

phonyaung: မဟုတ်ဘူး၊ စွပ်စွဲထားတာက ပေါင် ၁၂၀၀၀
မိတ်ဆွေ: ပေါင် ၁၂၀၀၀ ဆိုတော့ တစ်ယောက်ကို ပေါင် ၆၀၀ ပေါ့

phonyaung: နေပါဦး အထင်ကို ပြောပါဦး ပေါင် ၆၀၀နဲ့ စပွန်ဆာ လုပ်လို့ရသလား
မိတ်ဆွေ: တစ်ယောက်ကို စပွန်ဆာ ၆၀၀ လေ ဟုတ်ပါဘူး.. စပွန်ဆာ ဆိုတာကတော့.. အဲဒီ လူ ၂၀ ကို ကျွေးမွေးဖို့ ပိုက်ဆံပြနိုင်ရင် ခေါ်လို့ ရတာပေါ့.. ပေါင် ၁၂၀၀၀ ကတော့ ဘုန်းကြီးအကောင့်မှာ ရှိမှာပေါ့
ဘယ်အကောင့်လဲတော့ မသိဘူး.. ရှိရင် ရှိမှာပေါ့ ဥရောပနှင့် တခြားနိုင်ငံက ဘုန်းကြီးအတွက် လှူတာ ရှိရင်လည်း ရှိမှာပေါ့.. သူ့ ဟာသူ ဘဏ်က ချေးငွေထုတ်ပြီး ပေါင် ၂၀၀၀၀ ချေးမယ်ဆိုပါစို့

phonyaung: အင်း ဟော်လန်က ပေါင်၂၀၀၀ လှူတယ်တဲ့
မိတ်ဆွေ: ဆိုပါစို့ .. လက်ရှိ သာသနာ့ရံသီ ၀ိဟာရ ကျောင်းကို re-mortgage ပြန်လုပ်ပြီး ပိုက်ဆံထပ် ချေးရင်ကော မရနိုင်ဘူးလား.. အဲဒါစဉ်းစားပေါ့ ဒီမှာ ပိုက်ဆံ ချေးတာက လွယ်ပါတယ် ပိုင်ဆိုင်မှု ရှိနေရင် အသာလေးပဲ

phonyaung: အင်း ခင်ဗျားသိသလောက်က ချေးတာလား
မိတ်ဆွေ: ပြီးတော့ ဘုန်းကြီးမှာ personal financial advisor ရှိတယ်.. ပြီးတော့ ဘုန်းကြီးက ဆေးရုံမှာ တရားပြ ဆရာလည်း လုပ်တယ်လေ ပိုက်ဆံဝင်တာတွေ ရှိမှာပေါ့.. အဲလောက် ပိုက်ဆံများတာတော့ ကျနော်လည်း ဘယ်ကရမှန်းမသိဘူး.. ဒါပေမဲ့ ဆရာတော်ဘုရားတွေကို ကျောင်းဆောက်ဖို့ လှူတာတွေက စာရင်းတွေ အတိအကျ နဲ့ ပေးထားတာလေ အလွဲသုံးစား လုပ်လို့ ဘယ်ရမလဲ
ဥရောပ တစ်ခွင်က လူတွေက လည်း ပိုက်ဆံကို ဦးဥတ္တရကို ပေးလိုက်တာမှ မဟုတ်တာ ဘဏ်မှာပဲ ထားတာလေ
မြန်မာပြည်လိုမျိုး အရှင်ဘုရား ကျောင်းဆောက်ဖို့ သိန်း၁၀၀ လှူပါတယ်ဆိုပြီး ပေးတာမှ မဟုတ်တာ သူ့ ကျောင်းနံမည်နဲ့ သူ
သံဃာ့နာယကက ငွေဆိုတော့ ဘယ်က ငွေလဲ သူ့ ကို ပေးလို့ လား ပေးလို့ မှ မရတာလေ အဖွဲ့ နဲ့ လုပ်နေတာ သူ့ စာရင်းအင်းနဲ့ သူပဲဟာ
ဒါပေမဲ့လည်း အဲဒီပိုက်ဆံ ဘယ်က ရသလဲ ကျနော်လည်း မသိဘူး ”
ဟု ကျွန်နော်နှင့် ပြောဖြစ်ခဲ့ပါသည်။

ယင်းနေရာတွင် တခု အကြံပေး လျှောက်ထားခြင်းသည်က အရှင်ဥတ္တရ အနေဖြင့်လည်း ခေါ်ယူခဲ့သော်လည်း စွပ်စွဲသူတို့ ပုတ်ခတ်ထားသည့် ငွေကြေးအလွဲသုံးစားမှုကို တရားဝင် စာရင်း ဇယားဖြင့် လူသိရှင်ကြား ထုတ်ပြန် သင့်သည်ဟု ထင်မြင်မိကြောင်း။
ထို့နောက် အရှင်ဦးဥတ္တရ၏ ပစ်စာ ပြသာနာကို စုံစမ်းဖေါ်ထုတ်ပြီး တရားစွဲအရေးယူရန် ။
ဘဖြစ်နိုင်ရင် သိတဲ့လူတွေလည်း ၀ိုင်းဝန်းကူညီပေးရန်။

သာသနာ့ ဥသျှောင်အဖွဲ့သည် မကြားသေးသော ကာလက ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတခု ဖြစ်သည်။ ၎င်းအဖွဲ့၏ အဓိက ရည်ရွယ်ချက်က ထေရ၀ါဒ သာသာနာပြုမည့် ဆန္ဒဖြစ်သည် ဟု သိရပါသည်။
သာသနာပြုသည့် အရပ်က အတိုက်ခံများ ဖြစ်နေပါသဖြင့် နိုင်ငံရေးက တွဲပြီး ပါလာသည်။ သာသနာပြု ဆိုရာဝယ် ကိုယ့် ဆန္ဒတခုတည်း ရှေ့တန်းတင်ပြီး ပြုလုပ်မယ်ဆိုရင် မအောင်မြင်နိုင်ပါ။ သာသနာပြုသည့် နေရာက အတိုက်အခံများရဲ့ ဒေသဖြစ်သည့်အလျှောက် သံဃာတော်များလည်း မသိမသာဖြင့် အတိုက်အခံ နိုင်ငံရေး လောကထဲ ၀င်သွားရသည်။

သိတဲ့အတိုင်း အခမ်းအနားတခု လုပ်လျှင် ဥပမာ ၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် ဆွမ်းကြွေးပွဲ ဆိုပြီး ဘုန်းဘုန်းတွေကို ပင့်လျှောက်ရ၏။ တရားဟော အမျှဝေပေါ့ ။ အခမ်းအနားတွေ ပြီးရင် အလာဘ သလာဘ အကြောင်းတွေ ဖြစ်ရင်းနဲ့ သံဃာများ၏ လက်ရှိ အတိုက်အခံ နိုင်ငံရေးကို မေးလိုသူက မေးဆိုတော့လည်း ဘုန်းဘုန်းခမျှ မယုတ်မလွန် မိန့်ကြား ဖြေဆိုရခြင်း ဖြစ်သည်။ ထို မိန့်ကြားထားသော မှတ်တမ်းများကို သိမ်းဆည်းပြီး သတင်း မိဒီယာသို့ တင်၊ ဒါက ငါ့ဘုန်းကြီး ဘာညာကြွား၊ ဆိုတာ့လဲ ဘုန်းဘုန်းတွေခမျှ အတိုက်ခံလောကထဲ ရောက်လာခဲ့ရ၏။ အကျင့်သီလ ကောင်းတဲ့ ပုဂ္ဂိုလ်များ သာသနာနှင့် ယှဉ်တွဲပြီး နိုင်ငံအရေးထဲ ပါဝင် ပတ်သက်လာရင်း ဗရမ်းဗတာ ဖြစ်နေတဲ့ အတိုက်အခံ အသိုင်းအ၀ိုင်းအတွက် ထိန်းထိန်း သိမ်းသိမ်း ဖြစ်သွားရသည်။

ကိုင်းကို ကျွန်းမှီ၊ ကျွန်းကို ကိုင်းမှီဆိုသလို ယခုလို ဖြစ်သွားသည့် ပြသာနာတခုမှာ အားလုံး အမှန်မြင် အမြင်မှန်သွားအောင် တာဝန်သိသိဖြင့် ဖြေရှင်းနိုင်ရန် ကူညီပေးကြရန် ပန်ကြားအပ်ပါသည်။ ယင်းပြသာနာသည် အခုမရှင်းရင် နောက် ရှုပ်လာမည့် ပုံဆောင်ခဲတခုအဖြစ် မြန်မာ့ အတိုက်ခံ လောကရော၊ သာသနာအတွက်ပါ၊ ထိုထက်ပို၍ နောက်လာလတ္တံသည့် ကာလများ မြန်မာ့ နိုင်ငံအရေးတွင်းမှာ ကြီးမားသော အကျိုးဆက်တခု ဖြစ်သွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နှစ်ဦး နှစ်ဖက် အဖွဲ့တွေက အင်အားဆိုသော အား တခု အဖြစ် တည်ရှိနေသောကြောင့် ဖြစ်၏။ အား ဆိုသည်မှာ ကိုမိုးသီးဇွန်တို့ အတိုက်အခံနိုင်ငံရေးသမား အုပ်စုက တဖက် သာသနာ့ ဥသျှောင်အဖွဲ့ တဖက် ဆိုသော အင်အားများဟာ ပဋိပက္ခများဖြင့် ဆက်သွား နေမည်ဆိုလျှင် အနာဂါတ် နိုင်ငံရေး အက်ကြားတွေ ဖြစ်လာနိုင်သည်။ ငါ ဆိုသည့် အတ္တများကို စွဲကိုင်နေလျှင် ကိုယ့်ဖက်က ရန်သူကို မတိုက်ပဲနှင့် အလိုလို ကျရှုံးနေရမည့် ပြသာနာ တခု ဖြစ်သည်။
ထို အား က ပိုနေမြဲ ကြားနေမြဲ ဆက်သွားနေလျှင် အတိုက်အခံအင်အားများ ထိခိုက်ပွန်းပဲ့ အားလျော့သွားမည် ထင်မြင်ကြောင်း၊

အချုပ်ကို ဆိုရလျှင် ဘုန်းကြီးအမှု ရွာပတ်သည် ဆိုဆို၊ ရွာအမှု ဘုန်းကြီးပတ်သည် ပြောပြော နိုင်ငံရေးနှင့် သာသနာက တနည်းတဖုံ သွယ်ဝိုက် ပတ်သက်နေသောကြောင့် တော်လှန်နေသည့် ကာလများတွင် စွပ်စွဲတိုက်ခိုက်သည့် အမှုကို အမှန်တရားတခု ဖြစ်ပေါ်နိုင်ရန် နှင့် စစ်မှန်သည့် ထေရ၀ါဒ သာသနာပြုရာ၌ တစုံ တယောက်၏ ပြုမူချက်ဖြင့် အတိုက်အခံ နိုင်ငံရေးသမားများအတွင်း ရှိပြီးသား သိက္ခာများ မကျရန် ရည်ရွယ်ပြီး ရေးသားခြင်း ဖြစ်သည်။ ထို့နောက် အထက်ပါ စာပိုဒ်များကို စာလုံး အစောင်းဖြင့် ပြုထားသည်က ကာယကံရှင်များ၏ ရေးသားချက် ဖြစ်ကြောင်း ပေါ်လွင်အောင် ပြုထားပါသည်။ မည့်သူ တဦးကိုမှ တိုက်ခိုက်လိုသည့် စိတ်ထား မရှိပါ။ အမှန်တရားတခု ပေါ်ပေါက်ပြီး စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖြစ်သော လွတ်လပ်စွာ ကွဲလွဲခွင့်ကို မြန်မာ့အတိုက်အခံ လောကအတွင်း ပေါ်ပေါက်လာရန် ရည်ရွယ်ပြီး အုပ်ချုပ်ခံရမည် ပြည်သူတယောက် အမြင်ဖြင့် ရေးသားထားကြောင်း တင်ပြလိုက်ပါသည်


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

3 comments:

ဒူကဘာ said...

အတော် အကဲဆတ်တဲ့ ကိစ္စပဲ၊ ဟိုဖက်ဒီဖက် ဝင်ရပ်လို့ မသင့်တဲ့ ကိစ္စတခုပေပဲ၊ အကျင့် ပါမှာစိုးလို့ အဖြေမှန်ရှာနေတဲ့ ကလူလ သတ္တိတော့ ချီးကျူးသဗျို.......။

သစ်နက်ဆူး said...

ကိုလူလရေ...
ဖတ်နေရင်းသက်ပြင်းချမိတယ်ဗျာ...
ဟုတ်တယ် ကျနော်တို့ အားတွေထပ်မပျံ့ကွဲသင့်တော့ပါဘူး....။
ကာယကံနှစ်ဦးနှစ်ဘက်လုံးက ဖြေရှင်းချက်တွေ ထုတ်ပြန်ဘို့ ကောင်းတယ်...
အမှန်အတိုင်းဖြေရှင်းပြရင် သံသယဆိုတာ ပျောက်ကွယ်သွားမှာပါဘဲ...
မဖြေရှင်းရင်သာ....အင်း..
သံဃာဖြစ်ဖြစ် လူဖြစ်ဖြစ်ခေါင်းဆောင်တွေ ရာဇ၀င်လှဘို့ လိုတယ်ဗျာ..။

Unknown said...

အတင်းပြောတတ်တဲ့ အောက်တန်းစားအကျင့်တွေက အတော်ဆိုးတယ်ဗျာ။ အမှန်၊အမှား မပြောလိုတော့ပါဗျာ။