Wednesday, November 12, 2008

“အကျဉ်းထောင်မှာ သာတဲ့လ”



.
ယုံကြည်စဉ်ငယ် ရဲဝံစေမောက်
အမြင်ကပ်ယုတ် အီလက်ပုဒ်သွယ်
မတရားရုံးက ပိတ်ဖုံးချမှတ်
အံဥပဒေက ၆၅ နှစ်တဲ့
အမှန်မမြူးတဲ့ မိတ်အင်မြန်မာ

ထောင်တွင်းရေချို ကြမ်းစခန်းရယ်သို့..
ရော်ရမ်းမှန်းကာ အနှစ်တရာ
လပ်စွာကွဲလွဲ သူချည်းမြဲ၍
သွင်မှန်တွန်းလှန် မခံစိတ်ဓါတ်က
အကျဉ်းထောင်ထဲ သာတဲ့လများ
သူရဲကောင်းစိတ် သည်းနောက်တယ်လေး…

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

မှတ်ချက်။ ။ ဓါတ်ပုံကို Yahoo Images မှ imprison ကို ရိုက်ထည့်ပြီး ယူထားပါသည်။

4 comments:

ဒူကဘာ said...

ကလူလ ကဗျာလာဖတ်သွားတယ် စဖတ်ယင်း ပထမပိုဒ်ကို ထားဝယ် ကဗျာထင်နေတာ ..အဟိ..သြော်...နောက်မှ အတွေးပေါက်သွာတာ၊ အင်း ... အားလုံးသော ခေါင်ဆောင်များ (န.အ.ဖ မပါ) လွတ်မြောက်ကြပါစေ၊ ပြည်တွင်း ဘလောက်ဂါများလဲ အတွေးရမ်း၊ အရေးကြမ်းတာ စစ်ခွေးတွေ မသိပါစေနဲ့ လို့ တောင်းဆုပြုပါ့ဗျားးးးးးးး

Unknown said...

ဒါမျိုးလဲ ဖြစ်တယ်ပေါ့လေ။ ကောင်း၏။
အညတရက အညတရသူရဲကောင်းတွေကို
အလေးပြုသွား၏။

မဆုမွန် said...

လမင်းကို ခွေးဟောင်လို့  ရွှေလရောင် သာမပျက်တယ်..
ဟုတ်တယ် ကိုလူလရေ..
အခုချိန်ဆို အကျဉ်းထောင်တစ်ခုလုံး လင်းလင်းတောက်နေလောက်ပြီ...

တက်လူငယ် said...

လူကောင်းတွေရဲ့ အလုပ်က မွန်မြတ်ပါတယ်ဗျာ။
ထောင်ပဲသွားသွား၊ ဘယ်သွားသွား သူတို့ရဲ့ ဂုဏ်သတင်းက မွှေးပျံ့နေဦးမှာပါ။