Saturday, November 8, 2008

မသိစိတ်






ဟိုး..
မြောက်ဖက်ရပ်ဝန်း တောင်တန်းဆီက လွင့်ပါးလာတဲ့
လေပြေညင်းအတူ...
နောက်ဖက်ရပ်ဝန်း ပင်လယ်ဆီက ဝှေ့လွင့်ခတ်တဲ့
လေပွေရိုင်းအတူ…
ဆောင်းရမ်းညချမ်း အံတုရန်ထွက် နွေးထွေးလှတဲ့
မနက်ခင်းအတူ...
မြတ်နိုးသူ၏ စကားလုံးများ သံစဉ်လေးလို ဖြစ်ချင်စေတယ်..။

ကန္တာရအတွင်း ဆာလောင်လူသား စမ်းတ၀ါးဝါး တံလျှံငွေ့ငွေ့ ..
မြင့်မားတောင်တန်း ပျောက်ဆုံးလမ်းကို ပြန်တွေ့လိုက်သည့် ..
စိတ်ဖြင့်အတူ…
မြတ်နိုးသူ၏ စကားလုံးများ သံစဉ်လေးလို ဖြစ်ချင်စေတယ်..။

ငြိုးမပြတ်ဖြိုး ထက်ချုံးစွေမိုး ကြောက်ရွံမောရင်း ရင်ငွေ့နွေးကို
တမ်းတမှုအတူ…
ပူနွေရိုင်းနေ့ အေးစိမ့်ရေကြည် တပ်မက်မောစွာ သောက်သုံးချင်တဲ့
ဆန္ဒဖြင့်အတူ…
ရှစ်ခွင်မှောင်မဲ ဆောင်းနှင်းကြမ်းဖွဲ တွန်းလှန်ချွေဖျက် ချစ်သူနှစ်ဦး
ကြည်နှူးခြင်းအတူ…

မျှော်လင့်ရင်း တပ်မက်စွာ သက်ထက်ဆုံး ချစ်ရလို၏။ အရှင်….


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

ဓါတ်ပုံကို Yahoo Images မှ ရှာဖွေယူသုံးထားပါသည်။

2 comments:

ယောနသံစင်ရော် said...

ကိုလူလရေ..လျှပ်တပြက်...ခံစားမှု မို့လို့တော်တော့တယ်...ကောင်းမွန်တဲ့ စကားလုံးရွေးချယ်မှုတွေပဲ
နောက်ဆုံးပါဒကို ကြိုက်နှစ်သက်မိပါသည်။

မသက်ဇင် said...

ကိုလူလ---
စကားလုံးတွေက--နူးညံ့နေပါလား--
အင်း--ပေါ့လေ---ကိုလူလ လည်းခံစားတတ်မှာပေါ့--
အိမ်သစ်လေးက လှပသလို--စိတ်ကူးစိတ်သန်းလေးတွေကလည်း---
လှပ နေပါတယ်---
ပျော်ရွှင်ချမ်းမြေ့ပါစေ--