Wednesday, November 2, 2011
အိမ်ရှင် တမ်းချင်း
ဧည့်သည်ဆိုတာ အိမ်ရှင် လက်ခံနေရွေ့တော့ တည်းခိုခွင့်ရမှာပါ။ ဧည့်သည်လည်း ဧည့်သည် ၀တ္တရားအရ နေထိုင်သင့်သလို၊ အိမ်ရှင်၏ အကျိုးအစီးပွား ထိခိုက်လာရင်တော့ ဧည်သည်ကို နှင်ချပိုင်ခွင့်ရှိတဲ့ အခွင့်အရေးက ကမ္ဘာဦးလူသားတွေရဲ့ ဓလေ့ ဥပဒေ ဖြစ်တယ်။ ဒီသဘောတရားဟာ အခုအထိ မှန်ကန်နေဆဲ...
လူမျိုးစုအုပ်စုများ တွန်းတိုက်ခြင်း
ကမ္ဘာတွင် လူမျိုးစု အုပ်စုကြီးကို အခြေခံအားဖြင့် ဖြူနီဝါညိုမဲနက် စသဖြင့် အသားအရာင်အရ ခွဲခြားသိမြင်မှာပါ။ အင်ဒိုချိုင်းနား ကျွန်းဆွယ်အစ ဗမာပြည်ကဆိုသလို အရှေ့မြောက်ဖက် လူမျိုးအုပ်စုကြီးနှင့် အနောက်မြောက်ဖက် လူမျိုးစုအုပ်စု အကြားဒေသ ဖြစ်ခဲ့လို့ လူမျိုးပေါက်ကွဲမှုအရ လွင့်စင်လာတဲ့ ဧည့်လူမျိုးတွေဟာ ကြားဒေသဖြစ်တဲ့ ဗမာ့ပိုင်နက် ဒေသများကို ပုံစံအမျိုးမျိုးဖြင့် အခြေချနေထိုင်လာသည်ကို တွေ့ရတယ်။ ဥပမာပြုအရ ဗမာပြည်အရှေ့မြောက်ဖက် ဒေသ ၊ အနောက်ဖက်ဒေသများနှင့် ( ခြွင်းချက် ) တောင်ပိုင်းဒေသများတွင် အများဆုံးတွေ့နိုင်၏။
ဖြစ်လာရသည့် အနေအထား
ဗမာပြည်ဟာ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေး ရပြီး နောက်ပိုင်းခေတ်များတွင် စစ်ပွဲတွေများနှင့် ယှဉ်ဆိုင်ကြုံတွေ့နေရပါတယ်။ ဘဇာကြောင့်ကြုံတွေနေသလဲ တွေးရင် အားလုံး သိနိုင်၏။
ဖြစ်နေခဲ့တာကို သိခဲ့ဗေမဲ့ ... ကိုယ့်အခွင့်အရေး သူ့အခွင့်အရေး အမျိုးမျိုး အဖုံဖုံ အတ္တအမြင်များနှင့် ဆွဲကိုင်ပြုပြီး မူရင်းဌာနေ လူမျိုးများဟာ တဖက် တအုပ်စု ရန်စောင်နေရင်း ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာ) တရုတ် ပသျှူးလူမျိုးများ တစစ နေထိုင်ခွင့် ရရှိလာပါတယ်။
၁၉၇၀ - ၈၀ ပတ်ဝန်းကျင်အထိ ဗမာ့ပိုင်နက် ကုန်းမြေ၊ ကျွန်း တချို့မှာ မြေရိုင်းမြေလွတ် အများအပြားရှိနေဆဲ၊ ထိုမြေလွတ်ဒေသများကို အဆိုပါ လူမျိုးများ တစစ ၀င်ရောက်လာခဲ့တယ်။ ပြည်ထောင်စုဖွားများ အချင်းချင်း တိုက်ရင်းခိုက်ရင်း ဤကိစ္စကို အာဏာရ စစ်တပ်ရော တန်းတူရေးအတွေက် ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူမျိုးစုများပါ ဧည့်လူမျိုးများ အခြေချမှုကို အာရုံစိုက်ပြီး မဖြေရှင်းခဲ့ပါ။ ဒီ့အတွက် အပြစ်တခုလို့ ပြောနေတာ မဟုတ်။ စစ်တိုက်နေပြီဆိုပါမှ စစ်ရေးအရ အရေးပါတဲ့ လူသားများ နေထိုင်ရဒေသများကို ထိန်းချုပ်နိုင်ရေးအတွက် တစိုက်မတ်မတ် ပြုလုပ်နေသဖြင့် တခြားတဖက် နှစ်ဦးနှစ်ဖက် လက်လှမ်းမမှီတဲ့ မြေလွတ်ဒေသများကို ဧည့်လူမျိုးများ အလွယ်တကူ အခြေချနိုင်ခဲ့တယ်လို့ ကောက်ချက်ချ ပြောဆိုခြင်း ဖြစ်တယ်။
ကိုယ်တွေ့အရ ဘုတ်ပြင်းမြို့နယ်အတွင်း ကျွန်းစုများအတွင်း ပသျှူး (မလေး)လူမျိုးများ အခြေချနေထိုင်မှု။
ပြသာနာများကို ချည်းကပ်ခြင်း
ဘယ်အရာဆို တခုခြင်းထက် တခုလုံးကို မြင်တတ်ရ၏။
( မင်းကြီးများ ဖ၇ား အော်ပြီး သံတော်ဦးတင်နေတဲ့ ပုံစံလေးဖြင့် ပြောနေသည့် သဏ္ဍာန်ကို နှလုံးသွင်းပါလော့..)
ဘိုးစဉ်ဘောင်ဆက် ဖြစ်ပွားခဲ့တဲ့ ပြသာနာများကို အကောင်းဆုံး မဟုတ်ရင်တောင် ကျေနပ်လောက်အထိ ဖြေရှင်းနိုင်သည့် အခွင့်အရေးကို ပြုနိုင်တဲ့ ယုံကြည်ရဆုံး သူများဟာ ခေတ်သစ် ဗမာ့သမိုင်းမှာ ၂ ကြိမ် ဖြစ်ပေါ်ခဲ့ ပေါ်ဆဲ..
ပထမ အခွင့်အရေးက ဗိုလ်ချုပ်အောင်ဆန်း
ဒုတိယအခွင့်အရေးကို လက်ညိုးထိုးပြမည်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်
ယနေ့ ဗမာ့နိုင်ငံရေး စင်မြင့်တွင် နိုင်ငံကို ချစ်မြတ်နိုးစွာဖြင့် ပြည်ထောင်စုဖွားတွေဟာ တိုင်းပြည် ကောင်းကျိုးအတွက် ဖြေရှင်းနေသည်မှာ နှစ်ထောင်းအားရလှပါ၏။ ခေတ်ဆိုး အမွေများကို မကြိုက်လွန်းလို့ အကောင်းဆုံးကို ပြောင်းလဲခြင်းတခုအဖြစ် နိုင်ငံသားတိုင်း လုပ်ဆောင်နေပါတယ်လို့ ယူဆပါတယ်။
သို့ဖြစ် အကောင်းဆုံးကို ပြုနိုင်မဲ့ သူဟာ စစ်တပ်ပါပဲ။ စစ်တပ်အား ပြောင်းလဲမှုများဖြစ်အောင် ဖိအား (သို့) စေ့ဆော်တိုက်တွန်းမှု ပြုနိုင်အောင် ဒေါ်စုကို အဓိက ၀န်းရံပြီး လိုချင်တဲ့ အပြောင်းအလဲကို လက်မလွတ်သင့်ပါဘူး၊ ထိုမှတဆင့် အားရလောက်တဲ့ အနေအထားတခု တိုင်းပြည်တွင် ဖြစ်ပေါ်လာခဲ့ရင်ဖြင့် အခု ဖြစ်ပွားနေတဲ့ ဧည့်လူမျိုးတို့ ပြသာနာကို လွယ်ကူစွာ ဖြေနိုင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း....
ပြသာနာကို ဖြေရှင်းခြင်း
ဒီမိုကရေစီ နိုင်ငံများတွင် ကျင့်သုံးနေတဲ့ လူထု စစ်တမ်းကာက်ယူခြင်း နည်းလမ်းဖြင့် ထိုထိုအကြောင်းများကို ဖြေရှင်းနိုင်၏။ တကယ်လို့များ အချုပ်အခြာ အာဏာကို ပြည်သူများထံ လက်တွေ့ ဆင်းသက်လာခဲ့ရင် ပြည်သူ့ ဆန္ဒဖြင့် ဥပဒေပြုအပြီး ဧည်လူမျိုးများ အလိုက်ကမ်း ဆိုးမှုများကို နှိပ်ကွပ်၊ နှင်ထုတ်ခြင်းဖြင့် လုပ်ဆောင်နိုင်ခွင့် ရှိကြောင်း စိတ်ကူးရင်း......
အချုပ်ဆိုရသော် ... လိုချင်ဇောဖြင့် ဒဏ္ဍာရီလိုလို အရောင်တင် မဆလာပဲဖြူးဖြူး၊ ပုံပြင်လိုပဲ ထုံးသုတ်ချင်လဲ သုတ်ပါလေ။ အိမ်ရှင်တို့... ရန်မဖြစ်ရင်တော့ ဧည်သည်တွေဟာ ဟိုတဖက်ကမ်းကနေ လှမ်းအော်နေရမဲ့ အနေအထား ရောက်လာမှာလေ...
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ....
( ဗမာပြည်လို့ သုံးနုန်းခြင်းကို မကြိုက်ရင်လဲ မြန်မာပြည်လို့ ပြင်ဆင် ဖတ်ရှု့ရန် )
ဓါတ်ပုံကို Act20070161's Blog မှ ယူသုံး
Sunday, October 9, 2011
မျှော်လင့်သော တိုင်းပြည်
၁၉၆၂ ခုနှစ်မှ ယနေ့အထိ တိုင်းပြည် အာဏာကို တစိုက်မတ်မတ် ထိန်းသိမ်းထားနိုင်တဲ့ စစ်တပ် ဖြစ်တလဲ ယနေ့ အာဏာရ အစိုးရအထိ တိုင်းရေးသားများအပေါ် ထားရှိခဲ့တဲ့ သဘောထားက လမ်းအဟောင်းအတိုင်းပဲ ဆက်သွားနေတုန်း....

အမှတ်မမှားခဲ့ဘူးဆိုရင်..
၁၉၅၂ ခုနှစ် ဖဆပလအစိုးရ လက်ထက်က ထိုင်ဝမ် အခြေစိုက် ချန်ကေရှိတ် တရုတ်ဖြူတပ် ၀င်ရောက် ကျူးကျော်လာအချိန်အတွင်း ဗမာပြည်ကွန်မြူနစ်မှ အဆိုပြုသည့် ငြိမ်းချမ်းရေး တကြိမ်၊
၁၉၅၆ ခုနှစ် သခင်ကိုယ်တောင်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု တကြိမ်၊
၁၉၅၈ ခုနှစ် ဇွန်လ ၀န်ကြီးချုပ် ဦးနု၏ မိန့်ခွန်းအရ တကြိမ်၊
ဦးနေ၀င်း၏ အိမ်စောင့်အစိုးရ ခေတ်က ၁၉၆၃ ခုနှစ် ဇွန်လမှာ စ တင်ပြီး နိုဝင်ဘာလအထိ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တကြိမ်၊
၁၉၉၀နှစ် ပတ်ဝန်းကျင်အတွင်း တိုင်းရေးသား လက်နက်ကိုင် ၁၇ အဖွဲ့နှင့် စစ်တပ်အစိုးရ အပစ်အခတ်ရပ်စဲသည့် ငြိမ်းချမ်းရေးကို ဦးသန်းရွှေ လက်ထက်မှာ တကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
ထူးခြားတာက စစ်တပ် တခုတည်း ဖြစ်သွားရင် တိုင်းပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတခု ပေါ်ထွက်လာမယ်လို့ ဦးသန်းရွှေတို့ စစ်ရေးအမြင်ဖြင့် ယူဆခဲ့ပုံရတယ်။
နေရာတိုင်းမှာ အရာရာတိုင်းကို ဗျူဟာကျကျ တောင်ကုန်းတခုအား တက်သိမ်းရတဲ့ တိုက်ပွဲအမြင် စစ်ရေးအမြင် တခုတည်းနှင့် စံထားပြီး ကြည့်လို့မရ၊ တခုတော့ ရှိတာပေါ့ တိုင်းပြည်တပြည်မှာ နိုင်ငံသားတိုင်းဟာ စစ်သားချည်း ဖြစ်နေခဲ့မယ်ဆိုရင် ထိုအယူအဆဟာ မှန်ကန်ကောင်း မှန်ကန်နိုင်လိမ့်ပါရဲ့ ....

သူတို့အပြော နိုင်ငံတော်ရဲ့ စေတနာဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း တိုင်းရင်းသားများ လက်နက်ကိုင်များ စွဲကိုင်ထားသော ပြည်နယ်တန်းတူရေးမှုဟာလည်း ခေတ်အဆက်ဆက် အာဏာရခဲ့သော အစိုးရများ လက်မခံနိုင်သည့် အနေအထား ၊( ဥပမာ။ ။ ၈ ပြည်နယ် ပြည်ထောင်စုမူ )
လက်နက်ကိုင် လူမျိုးစုများလည်း မထူးမခြားနား မှုတခုကို စွဲကိုင်ပြီး အလျော့အတင်း မလုပ်ပဲ ဆက်သွားနေရင်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လမ်းစ မမြင်၊ ထိုအခြေအနေများကြောင့် ယနေ့အတိုင် သပွတ်အူ သကဲ့သို့ရှုပ်ထွေးနေပြီး အဖြေမှန်တခု မရရှိပဲ ပြည်တွင်းစစ်ဟာ ဖွဲ့မီးပမာ တစစ်တစ်စစ် တောင်လောင်နေဆဲ....
ပြောပြောနေတဲ့ နိုင်ငံတော် စေတနာ ဆိုသည်မှာ လို့ တွေးလိုက်တိုင်း စဉ်းစားမရ ဖြစ်နေရ၏။ တကယ်တော့ မိမိ၏ ဖြူစင်တဲ့ စိတ်နှင့် ယှဉ်ပြီး သူတပါးအား ငဲ့ညာတဲ့စိတ်ထားတို့ ပေါင်းစပ်ပြီး ပေးလိုက်တဲ့ အရာ၊ တခြားတဖက် ရယူခံရသူလဲ ပေးသူ၏ တန်ဖိုးကို သေချာနားလည် သဘာပေါက်မှသာလျှင် မူမှန်တဲ့ စေတနာတခု ပေါက်ပေါက်လာစမြဲပါ....
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုရမလား၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုမလား၊ ဒီ့အတွက် အာဏာရ ပါတီက ဦးအောင်သောင်း အုပ်စုက ၀၊ မိုင်းလားလူမျိုးစသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးနေပါတယ်။ တခြားတဖက်မှာလည်း ကရင် ကချင် ရှမ်း တို့နှင့် စစ်ပွဲတွေအတွင်း စစ်ဒဏ်ခံနေရတဲ့ ပြည်သူပြည်သားများရဲ့ ထိတ်လန့်တဲ့ အော်သံတွေ...
ရှမ်းပြည် တောင်ပိုင်းအဖွဲ့နှင့်တော့ အပြန်အလှန် ကမ်းလှမ်းဆဲ၊
မွန် လက်နက်ကိုင်အဖွဲ့နှင့် ပြည်နယ် အာဏာပိုင်များနှင့် ဆွေးနွေးလျက် စသော စသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သင့်တော်သလို့ ဆွေးနွေးကြေ၏။
တိုင်းပြည်၏ အနာဂါတ်၊ တိုင်းပြည်ရဲ့ အလွန်အမင်း အရေးကြီး လိုအပ်နေတဲ့ ကိစ္စရပ်တခုကို လက်ရှိ အာဏာရပါတီတခုတည်းနှင့် ဆွေးနွေးယုံဖြင့် လုပ်ဆောင်နေလို့ တိုင်းပြည် သာယာဝပြောရေးအတွက် ထာဝရ ငြိမ်းချမ်းရေးက ရေရှည် အာမခံချက် ရှိနိုင်မလား?
တိုင်းပြည်အတွက်ဆိုဆို၊ ပြည်တွင်းစစ်ဟာ တိုင်းပြည် ဖွံဖြိုးမှုကို ဆုတ်ယုတ်စေတယ်လို့ ပြောပြော လက်ရှိ အခုအချိန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တရေးတကြီး လုပ်ဆောင်ရမဲ့ အချိန်ကာလ၊ အခွင့်အခါတခု၊ ဒါမှမဟုတ် လက်ရှိ အာဏာရအစိုးရ၏ နိုင်ငံရေး ထွက်ပေါက်တခု၊ အောင်မြင်စွာ ဆုတ်ခွာရမဲ့ လမ်းကြောင်း ဖြစ်နေတဲ့ အနေအထားပါ၊ တကယ်၍ အသွင်ပြောင်းအစိုးရဟာ ဒါတွေကို အထူးတလည် မစဉ်းစားပဲ လမ်းဟောင်းအတိုင်း လုပ်သွားမည်ဆိုလျှင် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတခုအဖြစ်သို့ တက်လှမ်းနိုင်လိမ့်မည်မဟုတ်၊ ၎င်းတို့အတွက်လည်း ကိုယ့်ထွက်ပေါက်ကို ကိုယ်ပိတ်၍ သွားတဲ့ လမ်းကြောင်းအပေါ် ရောက်ရှိနေပြီး အာဏာကို ရာသက်ပန် ဆုပ်ကိုင်ထားနိုင်သော်လည်း ပြောင်းလဲ သန့်ရှင်းတဲ့ အစိုးရလို့ သမုတ်ခံရမည်မဟုတ်ပေ။
*ဖြစ်ရမှာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စက ပြောခဲ့သော ဒုတိယာအကြိမ် ပင်လုံညီလာခံဆိုတဲ့ အခင်းအကျင်းမျိုး၊ ဘာသာရေးခေါင်းဆောင်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီ အားလုံး ( လွတ်တော်အပြင် ပါတီများ အပါအ၀င် ) ၊ လက်နက်မကိုင်သည့် လူမျိုးစုအဖွဲ့များ၊ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပ အတိုက်အခံများ၊ တတ်သိပညာရှင်များနှင့် စိတ်ဝင်စား လေ့လာသူများ အားလုံး စုပေါင်းပြီး လွတ်တော်ပြင်ပတွင် လက်ရှိ အာဏာရ ဦးသိန်းစိန် အစိုးအရက ကမကထ လုပ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ညီလာခံတခု ခေါ်ယူသင့်ပါတယ်။
ထိုမှသာ မြစ်ဆုံ ရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်အတွက် ပြည်သူများ ချီးကျူးသကဲ့သို့၊ ဦးသိန်းစိန်အစိုးရအား တိုင်းပြည်အတွက် တကယ်လုပ်ခဲ့ပါလားလို့ သမိုင်းမျက်နှာစာတွင် ချီးကျူးထောပမာပြုခံရလိမ့်မည် အမှန်...

ယနေ့ တပ်မတော်အစိုးရ ကြွေးကျော်နေတဲ့ စကားတခွန်းအရ ဥပဒေဘောင်ဝင်လာ လွတ်တော်ထဲမှာ လာပြီး ဆွေးနွေးရပါတယ်လို့ မူချထားဗေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက လမ်းစ ပျောက်နေဆဲ။ ဆိုရသော် တဦးနှင့်တဦး နှစ်ပေါင်းများစွာ မယုံကြည်မှုများနှင့် သံသယဖြင့် ကြည့်နေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ ချက်ခြင်း လက်ငင်း ဘယ်သူမှလည်း သူတို့ လက်နက်ကို စွန့်ပစ်မှာမဟုတ်....
ယုံကြည့်မှုတခု အတိုင်းအတာတခုအထိ ရရှိမှသာလျှင် လူမျိုးစု လက်နက်ကိုင်များအနေဖြင့် လက်နက်စွန့်မည်ဟု ထင်မြင်၏။
၁၉၄၇ ခုနှစ် ပင်လုံစာချုပ် မတိုင်မှီ ဗိုလ်ချုပ်နှင့် တိုင်းရေးသား ခေါင်းဆောင်များ ကတိက၀က်ပြုခဲ့တဲ့ ၁၀ နှစ်အပြီး မကြိုက်ရင် ခွဲထွက်လိုက ခွဲထွက်ခွင့် မူတခု ကဲ့သို့ ငါးနှစ် သို့မဟုတ် အချိန်ကာလ တခုအား ဖြစ်သန်းပြီး တဦးအပေါ်တဦး အပြည့်အ၀ ယုံကြည်မှုများ ရရှိလျှင် လုံးဝ လက်နက်စွန်ရမည်ဟု ကတိတခုရသည်အထိ အပေးအယူတခု လုပ်သင့်တယ်။ ( ဒီအတွေးအခေါ်သည် တိုင်းရင်းသားများဖက်က လက်ခံနိုင်စွမ်း ရှိသော်ငြားလည်း လက်ရှိ အာဏာရအစိုးရ လွယ်လွယ် လက်ခံနိုင်မည် မဟုတ်ပါ )
သို့တည်းမဟုတ် အထက်ပါ *ညီလာခံအတွင်း စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူတခု ရရှိပြီး လုံးဝ စွန့်မည်ဟု ဆုံးဖြတ်ခဲ့ရင်လည်း တိုင်းပြည်အတွက် ပိုကောင်းတာပေါ့။
ဒါက တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်စွန့်ရေး အတွက် စာရေးသူရဲ့ အမြင်၊
ပြည်နယ်၊ ဒေသ သတ်မှတ်ရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု စတဲ့ တခြား အကြောင်းကိစ္စများလည်း ရှိဦးမည် မိမိ ဥာဏ်စွမ်းနှင့် မမှီနိုင်သဖြင့် ဆက်လက် မရေးသားတော့ပါ...... ။
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...
( မှတ်ချက် ။ ။ ဓါတ်ပုံများကို ရာဟူး ဓါတ်ပုံတွင် ရှာယူထား )

Monday, September 19, 2011
အကျိုးရလဒ်

ဥပဒေ ၅ ( ခ ) အရ လုပ်ပိုင်ခွင့်ကာလ အနှစ် ( ၅၀ ) နှင့် BOT ကာလ ပြီးဆုံးအချိန်တွင် စက်ရုံက အခမဲ့ လွဲပြောင်းခွင့် ရှိပါတယ် ( ဦးကြီးစိုး )
မြန်မာဖက်မှ ရရှိမည့် အမေရိကန် ဒေါ်လာ( ၁၇.၆၇ ) သန်းထောင်၊ တရုတ်ဖက်မှ ရရှိမည့် အမေရိကန် ဒေါ်လာ ( ၁၁.၆၇ ) သန်းထောင်၊ ကွာဟချက် အကျိုးက မြန်မာဖက် အမေရိကန် ဒေါ်လာ ( ၆ ) သန်းထောင် ရရှိမှာလို့ ဆိုပါတယ်။
အနှစ် ( ၅၀ ) ကြာပြီးသကာလ ပျက်စီး ယိုယွင်းတတ်သည့် သဘောတရားအရ ထိုရေကာတာ၏ ဆိုးကျိုးများကို ပြုပြင်ထိန်းထိမ်းရမည့် တာဝန်က မျိုးဆက်သစ်အပေါ်သို့ ပုံချခဲ့သလို ဖြစ်နေ၏။ အလွန့်လွန် အန္တာရယ်များလှသော ဆိုးကျိုးများ ဖြစ်သည်ဟု သတိချပ်သင့်။
မြန်မာဖက်က ရရှိလာမဲ့ အကျိုးအမြတ် စုစုပေါင်း အမေရိကန် ဒေါ်လာ ( ၂၃.၆၇ ) သန်းထောင်ပေါင်းနှင့် ဧရာဝတီမြစ်အတွင်း မှီတင်းနေထိုင်လာမည့် နောက်လာ နောင်သားများ၏ တန်းဖိုး၊ ထိုအကျိုးရလဒ် တွက်ချက်ပြီး မည့်သည့်အရာက တန်ဖိုး ရှိသနည်း ? ..

အနှစ် ငါးဆယ်လွန်သော် ဤဆည်ကြီးကို ပြုပြင်ရန် တန်ဖိုး၊ မြစ်ကြောင်း သဘာဝထိန်းသိမ်း ရမည့် တန်ဖိုးနှင့် မှီတင်းနေထိုင်ကြသော လူသားများ၏ ထွက်ရှိလာမည့် ကုန်ထုတ်တန်ဖိုးများကို အခုအစိုးရအဖွဲ့အနေဖြင့် သေသေချာချာ စဉ်းစားဖို့ လိုလိမ့်မည်။
တရုတ်နိုင်ငံကလည်း ဧရာဝတီဆိုတဲ့ ငါ့တို့ ရာဇ၀င်ထဲက သတိုးသမီး၏ အပျိုရည် ပျက်သည်အထိ ခြေတော်တင်သည့် အထာဖြင့် စိတ်လိုကိုယ်ရ စားသုံးအပြီး ထားရစ်မှာ သေချာသည်။
တိုင်းပြည်ကို ချစ်လှပါတယ်ဆိုသော ခေါင်းဆောင်များဟာ မိမိတိုင်းပြည်၏ အနာဂါတ် နှစ်ပေါင်း ၁၀၀ သို့ စဉ်းစားတွေးခေါ်တတ်မှသာ တိုင်းပြုပြည်ပြု ခေါင်းဆောင်ကောင်းရယ်လို့ အသိအမှတ်ပြု ရလိမ့်မည်။ သို့တည်းမဟုတ်လျှင်.....
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...
( မှတ်ချက်။ ။ ဓါတ်ပုံကို Travel Pros နှင့် marinesciencetoday.com မှ ယူသုံးသည် )
Subscribe to:
Posts (Atom)