Sunday, April 25, 2010

16-2010

19.4.10


ကရင်အမျိုးသားအလံ အသုံးပြု ရွေးကောက်ပွဲဝင်မှု ကေအန်ယူ ကန့်ကွက်


(NEJ) ကရင်အမျိုးသားအလံတော်ကို ပါတီအလံအဖြစ်အသုံးပြု၍ နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်မည့် မည်သည့် ကရင်ပါတီကိုမဆို ကန့်ကွက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် နိုင်ငံတကာသို့ ရောက်ရှိနေကြသည့် ကရင်အမျိုးသားများက ပြောသည်။

ကေအန်ယူအဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ကရင်အမျိုးသားအလံတော်ဟာ ကရင်အမျိုးသားထု တရပ်လုံးရဲ့ အလံဖြစ်တယ်။ အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုပြီး နအဖလုပ်မယ့် ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာက တကယ်မလုပ်သင့်တဲ့ကိစ္စပါ။ အဲဒါကြောင့် ကန့်ကွက်ရတာပါ။ ဒီလိုလုပ်တာဟာ နအဖနဲ့ပေါင်းပြီး ကရင်တမျိုးသားလုံးကို စော်ကားလိုက်တာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ပြည်သူ့ပါတီ (ကေပီပီ) သည် နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ရန် ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုင်မွန်သာက ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်များတွင် မကြာသေးမီရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံးက သောကြာနေ့တွင် ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားသည်။
။။။။။

ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီးပြုံးချိုသည် လုံခြုံရေးအရ မဏ္ဍပ်များကို လိုက်လံစစ်ဆေးနေစဉ် X2O မဏ္ဍပ်အရောက် ဒုတိယဗုံး ပေါက်ကွဲသဖြင့် ဝမ်းဗိုက်တွင် ဗုံးဆံများ ထိမှန်သွားရာ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ဒဏ်ရာပြင်းထန်မှုရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။

ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူတဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများအနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။

ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
။။။။။

နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း
ကေအိုင်အို လူထုအား အသိပေးပြောကြား


(NEJ) နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေးရှင်းလင်းသည့် အခမ်းအနားတခုကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။

ကေအိုင်အိုနှင့်နအဖအကြား နှစ်ဘက်တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြထားချက်များ၊ နအဖဘက်က ကမ်းလှမ်းထားချက်များနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်တို့ကို နံရံကပ်စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ကချင်ဘာသာဖြင့်ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက မြန်မာဘာသာပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။
။။။။။

မြို ခေါ် ခမီ ပါတီမှတ်ပုံတင်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီတခုဖြစ်သော မြို ခေါ် ခမီ အမျိုးသားညီညွတ်ရေးပါတီသည် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပါတီအဖြစ် မှတ်ပုံတင်ပြီးကြောင်း ဥက္ကဋ္ဌ ဦးစံသာအောင်က ပြောသည်။မြိုခေါ် ခမီ အမျိုးသား ညီညွတ်ရေးပါတီအနေဖြင့် ၎င်းတို့လူမျိုးများ အများဆုံးရှိရာ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်များတွင် ဝင်ရောက်အရွေးခံသွားမည်ဟု သိရသည်။

လာမည့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ရန် ပါတီဝင်အင်အား ဦးရေ ၂ဝ ကျော် စုစည်းပြီးဖြစ်ရာ ၉ဝ ရွေးကောက်ပွဲ၌ ပါဝင်ခဲ့သူများမှာ ၇ဝ ရာခိုင်နှုန်း ပါဝင်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် မြို ခေါ် ခမီ လူမျိုးမှာ လူဦးရေအားဖြင့် တသိန်း နှစ်သောင်းခန့် ရှိကြောင်း ဦးစံသာအောင်က ပြောသည်။

ပါတီဒုဥက္ကဋ္ဌများအဖြစ် ဦးကျော်ထွန်းခိုင်၊ ဦးအေးဟောင်နှင့် အတွင်းရေးမှူးအဖြစ် ဦးလာဘွေတို့က တာဝန်ယူထားသည်။
။။။။။

20.4.10

ဗုံးပေါက်ကွဲသတင်း ကျယ်ပြန့်ရန် နအဖ လုပ်ဆောင်နေ
NEJ

နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းနှင့် ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
။။။။။

ကေအိုင်အိုက အရေးပေါ် စစ်သင်တန်းပေး


ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO သည် ကချင်လူထုအား စစ်သင်တန်းများ ပေးနေကြောင်း ဒေသခံများနှင့် KIO အရာရှိများထံမှ သိရသည်။

ယနေ့မှ စ၍ ၁၈ ရက် ကြာမည့် အရေးပေါ် စစ်သင်တန်း၌ KIO တပ်မဟာ ၃ ဌာနချုပ်ရှိရာ တရုတ် နယ်စပ် မိုင်ဂျာယန်မြို့နှင့် အနီးအနားရှိ ကျေးရွာများမှ KIA စစ်မှုထမ်းဟောင်းများ၊ စစ်သင်တန်း တက်ဖူးသူများအား တအိမ်တယောက်နှုန်း မတက်မနေရ သင်ပေးနေခြင်းဖြစ်သည်။

ကချင်ဒေသခံများအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် သေနတ်ပစ်ခြင်းနှင့် ကျည်ကွယ် မျက်ကွယ် နည်းများကို ပို့ချပေးကြောင်း KIO အရာရှိတဦးက ပြောသည်။
။။။။။

တအောင်း (ပလောင်) ဒေသရှိ ကလေးငယ်များ
ပညာသင်ကြားမှုအခြေအနေ ဆိုးဝါး



(NEJ) ။ ။ စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအောင်း (ပလောင်) ဒေသရှိ ပညာရေးစနစ်နှင့်ပတ်သက်၍ တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး (တီအက်စ်ဝိုင်အို) က “အလင်းမဲ့ဘ၀” အမည်ရှိ ပညာရေး အစီရင်ခံစာတစောင်ကို ယနေ့စတင်ဖြန့်ချိသည်။

ယခုအစီရင်ခံစာကို ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် မြို့(၃) မြို့ရှိ ကျေးရွာ (၆၁) ရွာမှ လူဦးရေ (၁၇၅) ဦးကို မေးမြန်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တီအက်စ်ဝိုင်အို၏ အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
။။။။။

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင်ပုဂ္ဂိုလ်များ ဝမ်းမြောက်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကားရောက် မြန်မာမိသားစုများက ချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် စာရင်းတွင် ပါဝင်သဖြင့် ဝမ်းသာဂုဏ်ယူမိကြောင်း ဆန်ကာတင် အရွေးခံရသူ လူမှုဝန်ထမ်းများက ပြောသည်။

ဆုအတွက် ဆန်ကာတင် ၅ ဦးမှာ သီတဂူဆရာတော် ဦးဥာဏိဿရ၊ ကိုဇာဂနာ၊ ကိုကျော်သူ၊ မဖြူဖြူသင်းနှင့် ရှေ့နေဦးအေးမြင့်တို့ဖြစ်ကြောင်း ဆုပေးအပ်မည့် Citizen of Burma Award အဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
။။။။။

ရွေးကောက်ပွဲ မှတ်ပုံမတင်သေးသည့် ကြံ့ဖွံ့ အကြီးအကျယ် စည်းရုံးရေးလုပ်

(NEJ) ။ ။ သင်္ကြန်ရက်အတွင်း၌ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်ရှိ အစိုးရဌာနဆိုင်ရာ သတင်းရပ်ကွက်များမှ သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို မည်သည့်နေ့ရက်တွင် ကျင်းပမည်ဟု မကြေညာသေးသည့် စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်သေးသည့် ၎င်းတို့၏ဒေါက်တိုင်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမူကို အင်တိုက်အားတိုက် ပြုလုပ်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ အရာထမ်းတဦးက ပြောသည်။
။။။။။

ဘုန်းကြီးကျောင်း ဂရမ်များ လိုက်လံစစ်ဆေး


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ဘုန်းကြီးကျောင်းအချို့အား ရပ်ကွက်အာဏာပိုင်များက ကျောင်းပိုင်မြေ ဂရမ်အထောက်အထားများကို ယခုတပတ်မှ စတင်၍ လိုက်လံစစ်ဆေးနေကြောင်း ကျောင်းတိုက်အချို့ အဆိုအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားချက်ဖြင့် မြို့နယ်အလိုက် ရယက အဖွဲ့ဝင်များက လိုက်လံစစ်ဆေးနေကြောင်း သိရခြင်း ဖြစ်သည်။
။။။။။

21.4.10

ဗုံးပေါက်ကွဲမှုအကြောင်း Documentary ထုတ်လွှင့်


(NEJ) ။ ။ ဗုံးပေါက်ကွဲသည့်နေ့မှ ဧပြီ (၁၈) ရက်နေ့အထိ ရိုက်ကူးထားသည့် ရုပ်သံ Documentary အစီအစဉ်တခုကို ဧပြီ (၂ဝ) ရက် ည (၈) နာရီကျော်တွင် MRTV-4 ချယ်နယ်မှ ထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးတခုကို ယခုကဲ့သို့ ရုပ်သံချယ်နယ်တခုမှ Documentary အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သွားခြင်းသည် ဆယ်စုနှစ်တခုအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ သတင်းအယ်ဒီတာတဦးက ပြောသည်။
။။။။

မတရားလည်း အခွင့်အရေးအတွက် ရွေးကောက်ပွဲ ဝင်ရမည်ဟု CPP ပြော


နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသော်လည်း ချင်းတိုင်းရင်းသားများ အခွင့်အရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု မနက်ဖြန်တွင် ပါတီမှတ်ပုံတင်မည့် ချင်းအဖွဲ့တခုက ပြောသည်။

“အများက တရားမျှတမှု မရှိဘူးလို့ ရွေးကောက်ပွဲကို ပြောနေကြတယ်။ ကျနော်တို့ ဆင်းရဲချို့တဲ့တဲ့ ချင်းတိုင်းရင်းသားတွေအတွက် အခုထွက်လာတဲ့ အခွင့်အရေးက ကြီးကြီး၊ သေးသေး အဆုံးရှုံး မခံနိုင်ဘူး။ အပြည့်အဝတော့ လုံးဝ မရဘူးဆိုတာ သေချာတယ်။ free & Fair လုံးဝ မဖြစ်နိုင်ဘူးဆိုတာလည်း သေချာတယ်။ ဒါပေမဲ့ အခုရလာတဲ့ အခွင့်အရေးကို အဆုံးမခံနိုင်ဘူး'' ဟု Chin Progressive Party ခေါ် ချင်းတိုးတက်ရေးပါတီမှ Pu No Than Kap က ပြောသည်။

ချင်းတိုးတက်ရေးပါတီကို မနက်ဖြန်တွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားမည်ဖြစ်သည်။
။။။။။

စစ်ရေးဖြင့် ဖြေရှင်းမှုမလုပ်ရန် ကေအိုင်အိုက နအဖကို သတိပေး


နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆိုထားသော အပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့များကို စစ်ရေးဖြင့် နှိမ်နင်းးဖို့ မကြိုးစားရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က စစ်အစိုးရကို သတိပေးလိုက်သည်။KIO လက်အောက်ခံတပ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် KIO နှင့် စစ်အစိုးရအကြား တနှစ်အတွင်း ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးသော်လည်း သဘောတူညီချက်မရနိုင်ဘဲရှိနေချိန်တွင် ပြောလိုက်ခြင်းဖြစ်သည်။
။။။။။

22.4.10

ခေတ်သစ်ပြည်သူ့ပါတီကို နောက်ကွယ်မှ ကြံ့ဖွံ့အကူအညီပေး


(NEJ) ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့် ခေတ်သစ်ပြည်သူ့ပါတီသည် ကြံ့ဖွံ့၏အကူအညီကို ရယူထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ဝင်တဦးက အခိုင်အမာ ပြောဆိုလိုက်သည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း ဗိုလ်ချုပ်လမ်းမ (၃၉ လမ်းနှင့် လမ်း ၄၀ ကြား) တိုက်အမှတ် ၂၅၅၊ ၆ လွှာတွင် ရုံးခန်းဖွင့်လှစ်ထားပြီး ထိုရုံးခန်းသည် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ကြံ့ဖွံ့အမည်ဖြင့် အကူအညီပေးထားသော အခန်းဖြစ်ကြောင်း အဆိုပါ ကြံ့ဖွံ့အဖွဲ့ဝင်က ပြောသည်။
။။။။။

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ထပ်လောင်း တုံ့ပြန်လိုက်သည်။

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်အဖြစ် အသွင်မပြောင်းဟု ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
။။။။။

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

(NEJ) ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။
။။။။။

နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော


နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု ပြောကြားလိုက်သည်။

''NLD ရွေးကောက်ပွဲ မှတ်ပုံတင်ရက် မကျော်မချင်း ဘာမှ လုပ်မှာမဟုတ်ပါဘူး။ NLD အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့အနေနဲ့ နောက်ဆုံး မေလ ၆ ရက် မရောက်မချင်း၊ မကျော်မချင်း ဘာဆိုဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
။။။။။

23.4.10

ဗုံးဖောက်ခွဲသူကို ဖမ်းမိထားကြောင်း ပြည်တွင်းထုတ်ဂျာနယ်တွင် ဖော်ပြ

(NEJ) ပြီးခဲ့သည့် ဧပြီ (၁၅) ရက်နေ့က ကန်တော်ကြီး X20 မဏ္ဍပ်စင်အနီး ဗုံး (၃) လုံးပေါက်ကွဲမှု ဖြစ်ပွားရာ ဗုံးဖြင့်ပစ်သူကို အာဏာပိုင်များက ဖမ်းမိထားကြောင်း ယနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၅) တွင် ဖော်ပြထားသည်ဟု ဖတ်ရှုရသူ ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “လျှပ်တစ်ပြက်မှာ ဗုံးခွဲသူကို ချက်ချင်း ဖမ်းမိတယ်လို့ ရေးထားတယ်။ ဒါပေမယ့် အစိုးရက ဗုံးခွဲသူ (၂) ယောက်ကို တွေ့ရင် သတင်းပေး၊ ဆုငွေ (၁ဝ) သိန်းပေးမယ် ဆိုပြီးလည်း နေရာတကာမှာ ကြေညာထားတယ်။ နောက် ဗုံးခွဲသူကို မိထားပါလျက်နဲ့ ဘာသတင်း ထုတ်ပြန်တာမှ မလုပ်ဘူး။ ဒါတင်မက သတင်းစာထဲကနေ အတိုက်အခံ အင်အားစုတွေကို ဗုံးခွဲမှုနဲ့ပဲ ဆက်စပ် ပတ်သက်သယောင်ယောင် အမျိုးမျိုး လျှောက်ရေးနေတယ်။ သေချာတာကတော့ အစိုးရဟာ အခုဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လုံးဝရိုးသားမှုမရှိဘူး” ဟု ပြောသည်။
။။။။။

NLD လူငယ်ခေါင်းဆောင်များ စည်းရုံးရေးကွင်းဆင်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီသက်တမ်းကုန်ကာလအတွက် ကြိုတင်ပြင်ဆင်သောအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များက မြို့နယ် ၆ဝ တွင် ကွင်းဆင်းရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

လူထုအကြား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်မည့် စီမံကိန်းအတွက် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင်များက လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများတို့ လှည့်လည်ပြီး ဆွေးနွေးမှုပြုကြသည်။
။။။။။

နိုင်ငံရေးပါတီ (၂) ခုကို ပါတီတည်ထောင်ခွင့် စတင်ချပေး


(NEJ) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပထမဆုံး လျှောက်ထားသည့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ကို ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုလိုက်သည်။

မတ်လ (၂၂ ) ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တပြိုင်တည်း အစောဆုံး မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည့် ယင်းပါတီ (၂) ခုအား လျှောက်ထားပြီး (၁) လအကြာတွင် ပါတီတည်ထောင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။
။။။။။

ပြည်သူ့စစ်ပြောင်းရန် မွန်ပြည်သစ် ငြင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုနေသော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) က ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးကိုလည်း လက်မခံကြောင်း ပါတီတာဝန်ရှိသူက ယနေ့ ပြောဆိုလိုက်သည်။

ယခင်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးနေရာမှ ယခုလ ၇ ရက်နေ့ ၌ စရဖ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က NMSP ဒုဥက္ကဌနိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် မော်လမြိုင် မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် မပြောင်းလိုပါက ပြည်သူ့စစ် အသွင်ပြောင်းရန် ပြောဆိုခဲ့သည်ဟု NMSP ပြောခွင့်ရ နိုင်ခြေးမွန်က ဆိုသည်။
။။။။။

ကေအိုင်အိုတပ်ဖွဲ့၏ တိုက်နယ်ရုံး စစ်ဆေးခံရ
နှစ်ဖက်စစ်ရေး တင်းမာ


(NEJ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဖားကန့်-ဆိုင်းတောင် တိုက်နယ်ရုံးအား နယ်မြေခံအာဏာပိုင်များက ယမန်နေ့ညပိုင်း ဝင်ရောက်ရှာဖွေမှုများ လုပ်ခဲ့သည်။

ယခင်က စစ်ဆေးခြင်းမျိုးမရှိဘဲ ယခုကျမှသာ ဧည့်စာရင်းစစ်ရန် အကြောင်းပြပြီး စစ်တပ်၊ ရဲ၊ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက)၊ မီးသတ်တပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။
။။။။။

အမတ်တနေရာရလျှင်ပင် အကျိုးရှိမည်ဟု ရှမ်းပါတီသစ် ပြောဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ လွှတ်တော်အတွင်း နေရာတနေရာ ရရှိလျှင်ပင် ပြည်နယ်အကျိုးရှိမည်ဟု ယုံကြည်သဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ပါတီအသစ်တခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြောဆိုသည်။

ယခုလ ၈ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်၌ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ရှမ်းပြည်နယ်ရှိ ၅၅ မြို့နယ်အနက် မြို့နယ် ၄ဝ ခန့်နှင့် အခြား ပြည်နယ်/တိုင်း မြို့နယ်တချို့တွင်ပါ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။
။။။။။

နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်

(NEJ) လာမည့် ဧပြီ (၂၄) တွင် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို တရားဝင် အသိပေးကြေညာတော့မည် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအတွင်း လက်ခံသူနှင့် လက်မခံသူတို့အကြား သွေးထွက်သံယိုမှုများ ဖြစ်ပွားနိုင်သည်ဟု အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။
။။။။။

ပလောင်ပါတီ မှတ်ပုံတင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ တောခိုလက်နက်ကိုင် အဖွဲ့ဟောင်း ပလောင်အမျိုးသားပါတီက နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားလိုက်ရာ မှတ်ပုံတင်ခွင့်လျှောက်သော တိုင်းရင်းသားအခြေပြုပါတီ ၉ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ပါတီထူထောင်ခွင့် လျှောက်ထားသော စုစုပေါင်း ၁၉ ဖွဲ့တွင် ကရင်၊ ပအိုဝ့်၊ ကချင်၊ ချင်း၊ မြို ခေါ် ခမီ၊ ရှမ်း၊ ပလောင်၊ ဝ’ စသည့် တိုင်းရင်းသားများမှ ၉ ပါတီ ဖြစ်သည်။

ယခုလ ၈ ရက်နေ့က ပလောင်အမျိုးသားပါတီက လျှောက်လွှာတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင် မြို့နယ်များမှ ဝင်ပြိုင်မည်ဟု သိရသည်။
။။။။။

Sunday, April 18, 2010

15-2010

12.4.10

ဒေါ်စု ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များက ပြောသည်။ ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ ဆေးရုံကြီးတွင် အီးစီဂျီရိုက်ခြင်း အပါအဝင် ဆေးစစ်ပြီး နေအိမ်သို့ ၉ နာရီ ၄၅ မိနစ်တွင် ပြန်ရောက်ခဲ့သည်။
။။။။။

15.4.10

ကန်တော်ကြီး ဗုံးပေါက်၊ အနည်းဆုံး ၉ ဦး သေဆုံး


မဇ္ဈိမသတင်းဌာန

နယူးဒေလီ ။ ။ သင်္ကြန်ပွဲတော်ရက်အတွင်း ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ ဗုံးများ ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၉ ဦး သေဆုံးကာ၊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု သတင်းဌာနများအရ သိရသည်။

သင်္ကြန်ပွဲ ဆင်နွှဲသူများဖြင့် လူစည်ကားလှသော မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၃ bomb-blast-ygn4sနာရီခန့်က အနည်းဆုံး ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာမှ ထိုသို့ သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

သတင်းဌာနများက ရဲဌာနကို ကိုးကား၍ ဖော်ပြရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး၊ ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့ကြသော်လည်း အမှန်တကယ် သေဆုံးသူနှင့် ဒဏ်ရာရသူ ဦးရေမှာ ယခုဖော်ပြသည်ထက်ပင် ပိုမိုများပြားနိုင်ကြောင်း သိရသည်။
။။။။။

Sunday, April 11, 2010

14-2010

5.4.10

နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းမရဟု
ဇိုမီးအမျိုးသားကွန်ဂရက် ပြောကြား


(NEJ) ။ ။၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး အတွက်လည်း အပြောင်းအလဲ ပြုလုပ်ပေးနိုင်မည်မဟုတ်ကြောင်း ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress - ZNC) က ထောက်ပြပြောဆို လိုက်သည်။ဇိုမီးအမျိုးသားကွန်ဂရက်အနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဧပြီ (၃) ရက် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အဖွဲ့၏ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
။။။။။

အပစ်ရပ်အဖွဲ့များကို ရာဇသံပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ယခုလအတွင်း နောက်ဆုံးထား ဆုံးဖြတ်ရန် တိုင်းရင်းသား အပစ်ရပ် အဖွဲ့အစည်း ၃ ဖွဲ့ကို စစ်အစိုးရက ညွှန်ကြားလိုက်သည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ဝ' ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ၊ ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့တို့ကို ယခုလ ၂၂ ရက်နှင့် ၂၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် နေပြည်တော်၏ ကိုယ်စားလှယ်ဖြစ်သော စစ်ဘက်ရေးရာလုံခြုံရေးမှ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က အသိပေးသွားသည်။
။။။။။

စစ်လက်နက် တင်ဆောင်ထားသည့် ကားများ ကေအိုင်အိုနယ်မြေအနီး ဖြတ်သန်း


(NEJ) ။ ။ စစ်လက်နက်ပစ္စည်းများ တင်ဆောင်ထားသည့် စစ်ကား အစီး (၁ဝဝ) ခန့် ကချင်ပြည်နယ် ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။

အဆိုပါ စစ်ကားများသည် ယမန်နေ့ ညနေပိုင်းက မန္တလေး-ဗန်းမော်လမ်းကြောင်းမှတဆင့် ဗန်းမော်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ပြီး ယနေ့ နံနက်ပိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ နံနက် (၁၁) နာရီခန့်တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် မလှမ်းမကမ်းရှိ မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်ကို ဖြတ်ကျော်ကာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်မောင်းသွားခဲ့ကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။
။။။။။

၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း


(NEJ) ။ ။ နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲအပါအ၀င် တိုက်ပွဲနည်းလမ်းပေါင်းစုံဖြင့် လှုပ်ရှားနေပြီဖြစ်သောကြောင့် လူထုတရပ်လုံး ပါဝင်ဆန့်ကျင်ကြရန် နယ်စပ်တွင် ဖွဲ့စည်းလိုက်သည့် လူထုတိုက်ပွဲကော်မတီ-၂၀၁၀ က ယနေ့ပြောကြားသည်။
။။။။။

6.4.10

နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့်ပါတီ (၁၁) ခု ရှိပြီ

(NEJ) ။ ။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီးသော အဖွဲ့များ
(၁) ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)
(၂) ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
(၃) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့
(၄) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
(၅) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)
(၆) ကရင်ပြည်သူ့ပါတီ (ကေပီပီ)
(၇) ရခိုင်ပြည် အမျိုးသားနိုင်ငံရေး အင်အားစု
(၈) ပြည်ထောင်စု ဒီမိုကရေစီပါတီ
(၉) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို)
(၁၀) ကချင်ပြည်နယ် တိုးတက်ရေးပါတီ
(၁၁) မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဥပဒေ အမှတ်(၄/၈၈) အရ တည်ရှိနေသော
နိုင်ငံရေးပါတီ (၁၀) ခု
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
(၃) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)
(၄) ပြည်ထောင်စု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် (ယူပီအန်အို)
(၅) ကိုးကန့်ဒီမိုကရက်တစ်ပါတီ (ရှမ်းပြည်)
(၆) မြို ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
(၇) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အယ်လ်အန်ဒီပီ)
(၈) ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (ယူကေအယ်လ်)
(၉) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (ကေဒီယူပီ)
(၁၀) ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒဗလျူအန်ဒီပီ)
။။။။။

NLD က တိုင်းပြည်သို့ တောင်းပန်၊ အရေးတော်ပုံအတွက် ကတိပြု

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားလိုက်သည်။

”ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဇွနပဲကြီးကြီးဖြင့် ကြိုးပမ်းခဲ့ပါသော်လည်း တဖက်သပ် ဖိနှိပ်ချေမှုန်းမှုအောက်တွင် အကျိုးမဖြစ်၊ အရာမထင်ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုအပေါင်းအား အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံပါတီကြီး၏ ပြည်သူသို့ ပန်ကြားချက်တွင် ပါရှိသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ကြပြီးနောက် ပြည်သူလူထုသို့ ရှင်းလင်းပြောကြားသော ကြေညာချက်တွင် NLD အနေဖြင့် ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို စွန့်ခွာသွားမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူ၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ကတိကဝတ်ပြုလိုက်သည်။
။။။။။

ကြံ့ဖွံ့အမာခံ အင်အားစုများ ရွေးချယ်


(NEJ) ။ ။ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်တို့ရှိ ကြံ့ဖွံ့အသင်းဝင်များထဲမှ သီးသန့်အမာခံအင်အားစုများကို ရွေးချယ်စုဆောင်းနေကြောင်း သိရသည်။

ရွေးချယ်ပြီးသူတို့၏ ကိုယ်ရေးမှတ်တမ်းများကို ယခုရက်ပိုင်းအတွင်း မြို့နယ်ကြံ့ဖွံ့ရုံးသို့ တင်ပြနေရသော်လည်း မည်သည့်အတွက်ကြောင့် ယင်းသို့ အမာခံ ကြံ့ဖွံ့အင်အားစာရင်း စုဆောင်းခိုင်းသည်ကိုမူ မြို့နယ်က တစုံတရာပြောဆိုခြင်း မရှိကြောင်း ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာမှ ကြံ့ဖွံ့လူငယ်တဦးက ပြောသည်။ရန်ကုန် တောင်ပိုင်းခရိုင်ရှိ ကျေးလက်ဒေသများတွင် ကြံ့ဖွံ့အသင်းဝင်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ စစ်သင်တန်းများ ပေးခြင်းနှင့် ယခုကဲ့သို့ ကြံ့ဖွံ့အမာခံအင်အားစုများ ရွေးချယ်ခြင်းတို့ကို စီမံချက်အသွင် စနစ်တကျ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။
။။။။။

ဦးအောင်ဆန်းဦး တရားရှုံး

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း လျှောက်ထားမှုအား ရန်ကုန်တိုင်း တရားရုံးက ပယ်ချလိုက်သည်ဟု စုံစမ်းသိရှိရသည်။

တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေသည့် အိမ်ပြင်ဆင်နေခြင်းအား အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက သူ၏ ခွင့်ပြုချက် မပါရှိဘဲ အိမ်ပြင်ဆင်နေမှုကို ရပ်ဆိုင်းပေးရန် တိုင်းတရားရုံးသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လျှောက်ထားခဲ့သည်ကို တိုင်းရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်
။။။။။

7.4.10

အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက
ယူအန်အေ ရွေးကောက်ပွဲမ၀င်


(NEJ) ။ ။ ကုလသမဂ္ဂမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်များကို ထောက်ခံကာ နအဖထံ တင်ပြတောင်းဆိုထားသည်ကို အကြောင်းမပြန်ကြားပါက ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း စည်လုံးညီညွတ်သော တိုင်းရင်းသားများမဟာမိတ်အဖွဲ့ (ယူအန်အေ) က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။
။။။။။

တိုင်းရင်းသား ၃ ဖွဲ့ ပါတီမှတ်ပုံတင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ ကော်မရှင်တွင် ယမန်နေ့ကအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သော တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ဒေါက်တာစိုင်မွန်သာ ဦးစီးသော ကရင်ပြည်သူ့ပါတီ၊ ဒေါက်တာတူးဂျာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ဦးအောင်ခမ်းထီ ခေါင်းဆောင်သော အပစ်ခတ်ရပ်အဖွဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်တို့ ဖြစ်သည်။
။။။။။

ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ဒေါ်စု ဝမ်းမြောက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကန့်ကွက်သူမရှိ ပါတီအား ပြန်လည်၍ မှတ်ပုံမတင်မည့် ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုသည်။

နေအိမ်တွင် ထိန်းသိမ်းခံထားရသည့် အမှုအတွက် အထူးအယူခံဝင်ရေးကိစ္စနှင့် ပတ်သက်၍ သူမ၏ ရှေ့နေများနှင့် နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
။။။။။

8.7.10

တရားဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန်
တရားသူကြီးချုပ်ကို အန်အယ်လ်ဒီ အကြောင်းကြား


မြန်မာ့အဓိက နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရပေါ် တရားစွဲဆိုခဲ့ခြင်းကို တရားရုံးချုပ်က အကြောင်းပြချက်မပေးဘဲ ငြင်းဆန်ခဲ့သည်အတွက် တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တရားရုံးချုပ် တရားသူကြီးထံ ယနေ့ အကြောင်းကြားစာ ပေးပို့လိုက်သည်။
။။။။။

အာဆီယံဝန်ကြီးများ မြန်မာနိုင်ငံအရေး ဆွေးနွေး
NEJ

ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ယနေ့ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေသည့် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေးမြန်းပြောဆိုမှုများ ပြုလုပ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံဝန်ကြီးများက မေးခွန်းထုတ်မှုများရှိသော်လည်း တစုံတရာဝေဖန်ပြောဆိုမှုမျိုးမရှိကြောင်း ဟနွိုင်မှလာသည့် အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ ယမန်နေ့ညနေပိုင်း၌ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ဆိုင်သည့် လွတ်လပ်တရားမျှတမှုကိစ္စရပ်များကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား မေးမြန်းခဲ့ကြသည်ဟု သိရသည်။
။။။။။

9.4.10


ဒေါ်စု ဒုတိယအကြိမ် ကျန်းမာရေး စစ်ဆေးမှု ခံယူ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ရကြောင်း သိရသည်။
။။။။။

နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက်

(NEJ) ။ ။ နအဖနှင့်ပူးပေါင်းထားသည့် ကရင်အဖွဲ့များအားလုံး ယခုနှစ်လည်မတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှုကို လက်မခံပါက အခြေအနေဆိုးများနှင့် ရင်ဆိုင်ရမည်ဟု နအဖက ပြောဆိုကြောင်း ကရင်အပစ်ရပ်အဖွဲ့တခု၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်ဌေးမောင်ကို ယခုရက်ပိုင်းအတွင်း လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သည်ကို ဗိုလ်ဌေးမောင်က လက်မခံဘဲ ကျန်းမာရေး အကြောင်းပြကာ ငြင်းပယ်ခဲ့သည့်အတွက် နအဖဘက်မှ ယခုကဲ့သို့ ခြိမ်းခြောက်မှု ပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါခေါင်းဆောင်က ဆက်ပြောသည်။

နအဖတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့သဖြင့် ဗိုလ်ဌေးမောင်သည် ၎င်း၏အဖွဲ့အခြေချရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် မနေတော့ဘဲ ယခင်နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မျဉ်းအနီးရှိ မယ်လစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို ဗိုလ်ဌေးမောင်၏ အဖွဲ့တဖွဲ့တည်းကသာ ငြင်းဆန်ခဲ့ပြီး ကျန်အဖွဲ့များက လက်ခံသဘောတူခဲ့ကြသည်။
။။။။။

ကြံ့ဖွံ့ထံမှ ငွေမယူဟု ခေတ်သစ် ပြည်သူ့ပါတီ ငြင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခေတ်သစ် ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထံမှ ငွေကြေး အထောက်အပံ့ ရယူခြင်း မရှိကြောင်း ပါတီ ခေါင်းဆောင်များက ငြင်းဆိုလိုက်ကြသည်။

ကြံ့ဖွံ့နှင့် ခေတ်သစ်ပြည်သူ့ပါတီ အလွန်သင့်မြတ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် ပါဝင်နေသဖြင့် ကြံ့ဖွံ့ထံမှ ငွေကြေးအကူ ရနေသည်ဟု ပြောဆိုချက်များအပေါ် ငြင်းဆိုခြင်း ဖြစ်သည်။
။။။။

သံဃာတော်များအား ကန့်သတ်တားမြစ်ရန် စစ်အစိုးရ ပြင်ဆင်


(NEJ) ။ ။ နအဖစစ်အစိုးရက မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ လက်ကိုင်ဖုန်းကိုင်ဆောင်ခြင်း၊ ကွန်ပျူတာနှင့် ပရင်တာစာကူးစက်များ၊ ဆက်စပ်ပစ္စည်းများ သုံးခြင်း၊ ပြည်ပနိုင်ငံများသို့ သွားလာခြင်း၊ ကျောင်းတိုက်ပြင်ပသို့ ထွက်ခြင်း စသည်တို့ကို ကန့်သတ်တားမြစ်မှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။

ယင်းဆရာတော်က “အစိုးရက သံဃာ့မဟာနာယကအဖွဲ့မှတဆင့် အဲဒီအမိန့်ကို ထုတ်ပြန်မှာပါ။ သံဃာ့မဟာနာယကအဖွဲ့က တာဝန်ယူ ထုတ်ပြန်ရမှာဖြစ်တယ်” ဟု မိန့်ကြားသည်။

အဆိုပါအမိန့် မည်သည့်အတွက်ကြောင့် ထုတ်ပြန်သည်ဆိုသည်နှင့် ထုတ်ပြန်မည့်နေ့ရက်ကို အတိအကျမသိသော်လည်း လာမည့်မေလခန့်တွင် ထုတ်ပြန်နိုင်ကြောင်း အဆိုပါဆရာတော်က ခန့်မှန်းသည်။
။။။။။

ဘိုကလေး NLD ခေါင်းဆောင်နှစ်ဦး ပြန်လွတ်လာ


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်နှင့် တွဲဘက်အတွင်းရေးမှူး ဒေါ်မိမိစိန်အား အကျဉ်းထောင်များမှ ယနေ့နံနက်တွင် ပြန်လွှတ်ပေးလိုက်သည်။

ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်အား သရက်ထောင်မှ လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ ဒေါ်မိမိစိန်အား အင်းစိန်ထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
။။။။။

Monday, April 5, 2010

13-2010

29.3.10

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ


(NEJ) ။ ။ ၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
။။။။။

ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။

ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှစတင်ကာ ထုတ်ပေးလျက်ရှိသည်ဟု အဆိုပါ ထိပ်တန်းခေါင်းဆောင်က ဆိုသည်။
။။။။။

ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက်

(NEJ) ။ ။စစ်အစိုးရထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်းဖြေကြားခြင်း မရှိသဖြင့် ပါတီမှတ်ပုံတင်မည့်သူများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရသည်။

ပြည်နယ်တခုကို အခြေခံကာ နိုင်ငံရေးပါတီဖွဲ့စည်းရန် ပြင်ဆင်နေသူတဦးက စစ်အစိုးရ ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေတို့တွင် ပါတီသစ်များအနေဖြင့် မည်သည့်နေ့ နောက်ဆုံးထား မှတ်ပုံတင်လျှောက်ထားရမည် ဆိုသည့်အချက် မပါရှိသည့်အတွက် မေးမြန်းရာတွင် ပြန်လည်ဖြေဆိုခြင်းမရှိကြောင်း ပြောဆိုသည်။
။။။။။

30.3.10

ရွေးကောက်ပွဲ ပုန်ကန်မှုများ ကာကွယ်ရန် လုံခြုံရေးများ တိုးမြှင့်တော့မည်


(NEJ) ။ ။ ရန်ကုန်တွင် ယနေ့မှစ၍ လုံခြုံရေးတိုးမြှင့်တော့မည်ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့တခုဖြစ်သော တယကမှ အရာရှိကြီးတဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် ပါတီမှတ်ပုံမတင်ကြောင်းနှင့် ရွေးကောက်ပွဲမ၀င်ကြောင်း ယမန်နေ့က အတိအလင်း ကြေညာလိုက်ပြီးနောက် ယင်းသို့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
။။။။။

ဖြိုခွင်းမှုအသစ်များ လုပ်လာနိုင်ကြောင်း ဦးဝင်းတင် သတိပေး


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် စစ်အစိုးရက ဖြိုခွင်းမှုအသစ်များ ပြုလုပ်လာနိုင်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သတိပေးလိုက်သည်။
။။။။။

မဟာပါသဏ လိုဏ်ဂူတော်ဝင်းအတွင်း ၀င်ထွက်သွားလာခွင့် ကန့်သတ်


(NEJ) ။ ။ လမ်းလျှောက်၊ အပန်းဖြေ၊ အနားယူသူများနှင့် စည်ကားလေ့ရှိသော ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူတော် ဘေးပတ်လမ်း ဧရိယာအတွင်း ၀င်ထွက်သွားလာခွင့်ကို ရန်ကုန်တိုင်း တိုင်းမှူးက ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ညွှန်ကြားချက်၊ အမှတ် (၁) စစ်ဒေသမှူး၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ထိုသို့ လုံခြုံရေး တင်းကျပ်လိုက်သည့်အပေါ် ပြည်သူများက သို့လော သို့လော သံသယဖြစ်နေကြသည်။
။။။။။

သူရရွှေမန်း ကချင်ပြည်နယ်သို့ သွားရောက်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ သောင်မတင်ရေမကျ ဖြစ်နေချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ကချင်ပြည်နယ်သို့ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ၂ ရက်ကြာ ခရီးစဉ်တခု သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိသော စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင်၏ မတ်လ ၂၄ ရက်နေ့ကစတင်သော ခရီးစဉ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ထို့အပြင် ဟူပင်၊ တနိုင်း၊ ပူတာအိုမြို့များသို့လည်း သွားရောက်ခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန်သွားခဲ့သည်။
တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး သာအေး၊ ဗိုလ်ချုပ် မင်းအောင်လှိုင်တို့နှင့် အခြားအရာရှိ ၁ဝ ဦးခန့် လိုက်ပါခဲ့ကြောင်း သူက ပြောသည်။
။။။။။

31.3.10

နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား


ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ပြည်တွင်း၌ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များကဲ့သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းသာ ထုတ်ဝေရမည်ဖြစ်ကြောင်း စာပေစိစစ် ကြီးကြပ်မှုဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
။။။။။

ရခိုင်ပါတီအသစ် ရွေးကောက်ပွဲ မှတ်ပုံတင်မည်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီအသစ်ကို လာမည့်လတွင် မှတ်ပုံတင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဖြစ်သူ၏ ပြောဆိုချက်အရ သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအင်အားစု (ရခိုင်ပြည်နယ်) ဟု အမည်ပေးထားသည့် ပါတီကို မှတ်ပုံတင်ရန် ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး လာမည့်လအတွင်း မှတ်ပုံတင်သွားမည်ဟု ပြောဆိုခြင်း ဖြစ်သည်။
။။။။။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ
နအဖနှင့် ၀တပ်ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်


(NEJ) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ဖြန်တွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံကြမည်။

ဝတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိ ဦးဆောင်သည့်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံကြမည်ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် နောက်ဆုံးရက် သတ်မှတ်ပေးဖွယ်ရှိသည်ဟု အပစ်ရပ်ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
။။။။။

NLD မြို့နယ် လူငယ်ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ် တိုး

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် တဦးအား တာမွေမြို့နယ် တရားရုံးက တရားမဝင် အသင်းအဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ယမန်နေ့တွင် ထောင်ဒဏ် ၂ နှစ် ထပ်မံ၍ ချမှတ်လိုက်ပြန်သည်။

မြို့နယ်လူငယ်တာဝန်ခံ ၂ ကိုကျော်မျိုးနိုင်အား ပြီးခဲ့သည့်နှစ်ထဲတွင် ဗဟန်းမြို့နယ် တရားရုံးက ပြစ်ဒဏ် ၂ နှစ် ချမှတ်ခဲ့ရာမှ ယခုတဖန် တာမွေ တရားရုံးကပါ နောက်ထပ် ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
။။။။။

1.4.10

မွန် (၁၅) ဦးကော်မတီ ပါတီမဖွဲ့၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်


(NEJ) ။ ။ မွန်ပြည်သူတို့အား ကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ဖွဲ့စည်းထားသော မွန် (၁၅) ဦး ကော်မတီတို့က ရွေးကောက်ပွဲကို ပါတီဖွဲ့၍ ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

“ဒါ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ရောက်ဖို့ မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်။ ပါတီမဖွဲ့တော့ဘူး။ မှတ်ပုံတင်တာလည်း မလုပ်တော့ဘူး” ဟု (၁၅) ဦး ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

မတ်လ (၃၁) ရက်က မော်လမြိုင်မြို့တွင် ကျင်းပခဲ့သော အဆိုပါ (၁၅) ဦး ကော်မတီ အစည်းအဝေးသို့ ကော်မတီ၏ နာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဝါရင့်နိုင်ငံရေးသမားများဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အမ်အန်ဒီအက်ဖ်) ဥက္ကဋ္ဌ နိုင်ထွန်းသိန်းနှင့် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်းတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
။။။။။

ဝ’ နှင့် ဆွေးနွေးပြန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီ UWSP နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ယနေ့ တွေ့ဆုံကြောင်း သိရသည်။

ဝ’ ဘက်မှ ဒုဥက္ကဋ္ဌ ပေါက်ယုယိ ဦးဆောင်သည့် အဖွဲ့နှင့် နေပြည်တော်၏ ညှိနှိုင်းရေးကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့၌ ထပ်မံတွေ့ဆုံကြခြင်း ဖြစ်သည်။

“ဒီမနက် သွားလိုက်ပြီ။ မနက် ၅ နာရီကျော် ၆ နာရီလောက်မှာ (ဝ' ဘက်မှ ကိုယ်စားလှယ်များ) ထွက်သွားတယ်လို့ ပြောတယ်” ဟု ဝ’ အရာရှိများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
။။။။။

နောက်ဆုံးအသုတ် ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်

(NEJ) ။ ။ ထိုင်းဘက်မှမြန်မာဘက်သို့ ပြန်ပို့ရန် နောက်ဆုံးအသုတ်အဖြစ် ကျန်ရှိနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၆၅၃) ဦးကို ယမန်နေ့က မြန်မာဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်းများဖြစ်သည့် နောင်ဘိုးရွာမှ (၁၀၃) ဦးနှင့် မဲ့အူးစူရွာမှ (၅၅၀) ဦးတို့ကို ထိုင်းအာဏာပိုင်များနှင့် အစိုးရမဟုတ်သောအဖွဲ့များ၏ စီစဉ်ပေးမှုဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်သည့်ဒုက္ခသည်များ မြန်မာဘက်ခြမ်းတွင် စားသောက်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ) အဖွဲ့က (၃) လစာ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးပြီး ကျန်အလှူရှင်အဖွဲ့များက အိုးခွက်ပန်းကန်၊ စောင်၊ ခြင်ထောင်နှင့် ဖျာများ ပေးဝေကြသည်။
။။။။။

2.3.10

ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရကို ဖိအားပေးမည်
NEJ

မြန်မာနိုင်ငံ၌ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးအတိုက်အခံအားလုံးနှင့် တိုင်းရင်းသားလူမျိုးစုများကိုပါ ပါဝင်ခွင့်ပေးရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရအား ဖိအားပေးပြောဆိုသွားမည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတို့အတွက် စိုးရိမ်ပူပန်ဖြစ်မိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရုန်က အေပီသတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။
။။။။။

လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် NLD လျာထား


နယူးဒေလီ (မဇ္ဈိမ)။ ။ မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် ပါတီရှေ့လုပ်ငန်းစဉ်တွင် လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နည်းလမ်းများ ရှာဖွေနေသည်။
။။။။။

ဟိုတယ်လုပ်ငန်းရှင်များ ရွေးကောက်ပွဲဝင်ကြရန် ဝန်ကြီး တိုက်တွန်း


(NEJ) ။ ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဟိုတယ်လုပ်ငန်းရှင်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်က စည်းရုံးနေကြောင်း ရန်ကုန်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောကြားသည်။

၎င်းက “ဝန်ကြီးက ခင်ဗျားတို့အနေနဲ့ ထိပ်တန်းစီးပွားရေးသမားတွေလည်း ဖြစ်တယ်။ အောင်မြင်ကျော်ကြားသူ၊ သြဇာရှိသူတွေ ဖြစ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါနေပြီးသားလူတွေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတယ်။ အဲဒီလို ပြောပြီးတာနဲ့ အစည်းအဝေး အာဂျင်တာ (Agenda) နဲ့ ဘာမှမဆိုင်တဲ့ ပါတီ၊ နိုင်ငံရေးအကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ အမတ်လောင်းတွေအကြောင်း ပြောတော့တာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ချုပ် စိုးနိုင်က ပြီးခဲ့သည့် မတ် (၂၁) ရက် မင်္ဂလာဒုံဥယျာဉ်မြို့တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ (၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
။။။။။

ကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက်စာရင်းသွင်း
မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးသည် ဥရောပ သမဂ္ဂ EU ၏ နာမည်ပျက် စာရင်းတွင်ပါရှိကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

၎င်းတို့မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီး ဒေါက်တာတင်အောင်အေးတို့ဖြစ်ကြောင်း ဖြစ်သည်။
။။။။။

Saturday, March 27, 2010

11.12-2010

15.3.10 ( 11-2010 )

ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို

(NEJ) ပြည်သူလူထုတရပ်လုံး လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က ကြားဖြတ်အစိုးရ ဖွဲ့စည်းမှသာ နိုင်ငံတကာနှင့်အများက လက်ခံနိုင်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) က ပြောကြားလိုက်သည်။
။။။။။

ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ

နယူးဒေလီ (မဇ္ဈိမ) ။ ။၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံတင်ရန် လိုအပ်သော ဗဟိုကော်မတီဝင် ၁၅ ဦးနှင့် ပါတီဝင်အင်အား ၅ဝဝ ကျော် အရန်သင့်ရှိနေပြီး ပါတီကို မကြာမီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) က ဆိုသည်။
ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တွင် ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ၁၉၇၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ၃၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပါတီထောင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့က KIO မှ တရားဝင် နုတ်ထွက်ခဲ့သည်။
။။။။။

ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့်


(NEJ) ။ ။ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် စည်ပင်ဧရိယာအတွင်းရှိ အခြားမြို့နယ်တို့တွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။နအဖအစိုးရအနေဖြင့် ရွေးကောက်ပွဲဥပဒေများ ချမှတ်ထုတ်ပြန်ချိန်တွင် လူထုအုံကြွမှုများ တစုံတရာ မဖြစ်ပေါ်စေရန်၊ ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် ကောလာဟလသတင်းများ ပြောနေသူကို တွေ့ပါက အကြောင်းကြားပေးရန် မတ်လ (၁၁) ရက်နေ့ထုတ် နအဖသတင်းစာတွင် ရေးသားထားသည်။
။။။။။

ဦးသုဝေပါတီ ရွေးကောက်ပွဲဝင်ရန် အဆင်သင့်ဖြစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံ့ခေါင်းဆောင်ဟောင်းများ၏ သမီးများ ပါဝင်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) DPM က ရွေးကောက်၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။တနိုင်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပါက ပါတီများ မှတ်ပုံတင်လျှင် ပါတီဝင်အင်အား ၁၀၀၀ ဦး ရှိရမည်ဟု ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ဆိုထားသည်။

ဦးသုဝေကမူ ရွေးကောက်ပွဲဥပဒေ မထွက်မီ မူဝါဒတူသူများဖြင့် ကြိုတင်ဖွဲ့စည်းခဲ့သဖြင့် ယခုအခါ ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် ပါတီရုံးခွဲများ၊ အမျိုးသမီး၊ လူငယ် အဖွဲ့များရှိနေပြီ ဖြစ်သောကြောင့် ယင်းဥပဒေနှင့် အညီ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
။။။။။

ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင်
အန်အယ်လ်ဒီ ဆွေးနွေးမည်


(NEJ) ။ ။ ယခုလတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ဗဟိုအလုပ်အမှုဆောင်များ ယနေ့ဆွေးနွေးကြကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ဆက်လက်မှတ်ပုံတင်ရေးကိစ္စနှင့် ရွေးကောက်ပွဲ ၀င်မ၀င် စသည့်ကိစ္စတို့ကို ဆွေးနွေးကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
။။။။။။

စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်ဖွဲ့ရန် ကွင်တားနား အကြံပြု


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တားနားက ကုလသမဂ္ဂကို အကြံပြုလိုက်သည်။

ချိုးဖောက်မှုဖြစ်စဉ်အချို့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများ” အဖြစ် သတ်မှတ်နိုင်ကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများသည် “စနစ်တကျ” ကျူးလွန်နေသည့် ပုံစံဖြစ်နေပြီး ရပ်တံ့စေရန် အားထုတ်တားဆီးမှု မရှိဘဲ၊ အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးဌာနများကပါ ကျူးလွန်နေကြသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

လိုအပ်သည့် အသေးစိတ်အချက်အလက်များကို စစ်ဆေးစုဆောင်းနိုင်သည့် အခွင့်အရေးရှိသော ကော်မရှင်တခုကို ကုလသမဂ္ဂအဖွဲ့ကြီးမှ ဖွဲ့စည်းပေးရန် စဉ်းစားသင့်သည်ဟု ထောက်ပြထားသေးသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကုလအထူးသံအဖြစ် ၂ဝဝ၈ ခုနှစ် မေလမှ စတင်၍ တာဝန်ပေးခံရသည့် မစ္စတာ ကွင်တားနား၏ တတိယအကြိမ်မြောက် မြန်မာခရီးစဉ်အပြီးတွင် ကုလသမဂ္ဂသို့ ထိုသို့အကြံပြုလိုက်ခြင်း ဖြစ်သည်။
။။။။။

16.3.10

ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည်


ချုင်းမိုင်(မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။
။။။။။

ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည်


(NEJ) ။ ။ မယ်လဒုက္ခသည်စခန်းမှတဆင့် အမေရိကန်နိုင်ငံသို့ မရိုးသားသောနည်းလမ်းများဖြင့် ထွက်ခွာမှုများကြောင့် (၆) လနီးပါး ပိတ်ပင်ထားသည့် အမေရိကန်သို့ ထွက်ခွာခွင့်ကို လာမည့်သောကြာနေ့တွင် ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။

မယ်လစခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက “မရိုးသားမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် အမေရိကန်ကို ထွက်ခွင့်ပိတ်ထားရာကနေ လာမယ့် (၁၉) ရက်နေ့ကစပြီး ဒုက္ခသည်တွေကို ပြန်လည်လက်ခံတော့မှာဖြစ်တယ်။ လာမယ့် သောကြာနေ့တိုင်း ဘယ်သူမဆို လျှောက်လွှာပြန်တင်လို့ရပြီ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၀၀၀) ခန့်နှင့်အတူ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသည့် လူသစ် (၂၁,၀၀၀) ခန့် နေထိုင်လျက်ရှိပြီး လူသစ်များထဲမှ (၉,၀၀၀) ခန့်ကို ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ) အဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားသည်။
။။။။။

KIA ကို ကချင်တပ်မတော်အဖြစ် ထားလိုကြောင်း KIO ပြောဆို


ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ် BGF အစား ကချင်တပ်မတော်အဖြစ် ထားလိုကြောင်း ယခုလ ၁၂ ရက်နေ့တွင် မြောက်ပိုင်းတိုင်းမှူးထံ တင်ပြခဲ့သည်ဟု KIO ဗဟိုကော်မတီဝင်တဦး အဆိုအရ သိရသည်။

မြစ်ကြီးနားအခြေစိုက် မပခ စစ်ဌာနချုပ်တွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO မှ ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော် အပါအဝင် ၈ ဦးတို့ ယခုလ ၁၂-၁၃ ရက်များတွင် တွေ့ဆုံခဲ့စဉ် ထိုသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

နအဖ စစ်တပ်အောက်သို့ KIA အား သွတ်သွင်းမည့် BGF ကိစ္စနဲ့ ပတ်သက်ပြီး ဌာနချုပ်လိုင်ဇာမြို့၌ KIO ဗဟိုကော်မတီဝင်များအကြား ယခုလဆန်းမှစ၍ ၆ ရက်ကြာ ဆွေးနွေးပြီးနောက် ကချင်တပ်မတော်အဖြစ် ထားရှိရေး ဆုံးဖြတ်ခဲ့ကြသည်။
။။။။။

17.3.10

စစ်အစိုးရကို ဖိအားပေးရန် ယူအန်အေက ဘန်ကီမွန်းထံ စာပေးပို့


(NEJ) ။ ။ မြန်မာစစ်အစိုးရက တဖက်သတ်ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားများနှင့် ကွဲလွဲနေသည်သာမက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ၏ အကြံပြုချက်များနှင့်လည်း ဆန့်ကျင်နေသည့်အတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရအား ပိုမိုဖိအားပေး သွားရန် ယူအန်အေ ခေါ် ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ယမန်နေ့က စာရေးသား ပေးပို့ခဲ့သည်။

ယူအန်အေမှ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငွေသိန်းက “၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတဖို့ မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရကို ယခင်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ရွေးကောက်ပွဲဥပဒေဟာ နိုင်ငံတကာက ယူဆထားသလိုမဟုတ်ဘဲ သူတို့ထင်သလို ရေးဆွဲထားတယ်။ နိုင်ငံရေးသမားတိုင်း မပါဝင်နိုင်အောင် ကန့်သတ်ထားတယ်။ မတရားသဖြင့် ရေးဆွဲထားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ ကျနော်တို့ ယူအန်အေအနေနဲ့ ကုလအတွင်းရေးမှူးချုပ်ထံ အခုလို စာရေးသားရတာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
။။။။။။

ပါတီတခု ၃ သိန်း စပေါ်တင်ရမည်


နယူးဒေလီ(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတခုသည် ကျပ်ငွေ ၃ သိန်း ကော်မရှင်သို့ ပေးသွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတဦးသည် ကျပ်ငွေ သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ပြုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်နေ့စွဲတပ် ထုတ်ပြန်လိုက်ပြီး မနက်ဖြန်တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ပုံနှိပ်ဖော်ပြမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါတီတည်ထောင်လိုလျှင် ငွေကျပ် ၃ သိန်းပေးသွင်းရမည်ဟု ပါရှိသည်။

နည်းဥပဒေအရ ကိုယ်စားလှယ်လောင်းတဦးစီသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစားရိတ်ကို ကျပ်ငွေ သိန်း ၁ဝဝ အထိ အမြင့်ဆုံး အသုံးပြုနိုင်သည်ဟုပါရှိသည်။

ထို့အပြင် ပါတီမှတ်ပုံတင်ရာတွင် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က လက်မှတ်ရေးထိုး လျှောက်ထားရမှာဖြစ်သည်။

မှတ်ပုံတင်ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေကို နိုင်ငံအဝှမ်းယှဉ်ပြိုင်မည့်ပါတီဖြစ်လျှင် အနည်းဆုံး ၁ဝဝဝ ၊ ဒေသဆိုင်ရာပါတီဖြစ်လျှင် အနည်းဆုံး ၅ဝဝ ပြည့်မှီအောင် ဖြည့်သွင်းရမှာဖြစ်သည်။

ပါတီတခုသည် အနည်းဆုံး သတ်မှတ်ထားသော ပါတီဝင်အရေအတွက် လျော့နည်းသွားလျှင် ကော်မရှင်ထံ အကြောင်းကြားရမှာဖြစ်ပြီး အကြောင်းကြားသည့်နေ့မှစ၍ ရက် ၉ဝအတွင်း ပြန်လည်ပြည့်မီအောင် စည်းရုံးရမှာဖြစ်သည်။
။။။။။

ကျိုင်းတုံတွင် MIG (29) များရောက်ရှိကာ နအဖ စစ်ရေးပြ


(NEJ) ။ ။ ယခုလ (၁၃) ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လေဆိပ်တွင် ရုရှနိုင်ငံလုပ် MIG (29) တိုက်လေယာဉ်များ ရောက်ရှိကာ ညအိပ်ရပ်နားခဲ့သည်။

ကျိုင်းတုံတွင် MIG (29) တိုက်လေယာဉ် အဆင်းအတက်များ ယခုလအစောပိုင်းက လုပ်ခဲ့ပြီး ယခုလ (၁၃) ရက်နေ့က ညအိပ်ရပ်နားသည်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းလားဒေသခံတဦးက ပြောသည်။
။။။။။

ရခိုင်ဒီချုပ်လူငယ်များ ရွှေဂုံတိုင် သန္နိဋ္ဌာန်ပြု

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာချိန်တွင် ရခိုင်ပြည်နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက် ဆုပ်ကိုင်သွားမည် ဖြစ်ကြောင်း သန္နိဋ္ဌာန် ပြုလိုက်ကြသည်။

တောင်ကုတ်မြို့နယ် အန်အယ်ဒီ တွဲဘက်အတွင်းရေးမှူး ဦးထွန်းကြည်နေအိမ်တွင် ယနေ့မွန်းလွဲက ပြုလုပ်သည့် အစည်းအဝေးကို ပြည်နယ်အတွင်းမှ လူငယ်ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်အတိုင်း ပြည်သူနှင့် ပါတီအကျိုးကို ယှဉ်လျှင် ပါတီအကျိုးကို မကြည့်ရှုဘဲ ပြည်သူ့အကျိုးကိုသာ ကြည့်ရှုရန်၊ ပြည်နယ်နှင့် တိုင်းရုံးများတွင် ရုံးပစ္စည်းများ၊ စာရွက် စာတမ်းများ ပျောက်ဆုံးမှုသည် အစိုးရ အာဏာပိုင်များ၌သာ တာဝန်ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန်ဆုံးလွှတ်ပေးရန် စသည့်အချက်များလည်း ပါဝင်သည်။

တောင်ကုတ်မြို့နယ် ဒုရဲအုပ်မောင်ဆန်း၊ စရဖနှင့် အထူးစုံစမ်းစစ်ဆေးရေး ပူးတွဲအဖွဲ့က “လူကြီး” ခရီးစဉ်ရှိသည်ဟု အကြောင်းပြကာ အစည်းအဝေးမကျင်းပရန် တားမြစ်သေးသည်။
။။။။။

စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဖွဲ့သင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ အကြံပေး


(NEJ) ။ ။ မြန်မာနိုင်ငံတွင် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှု မြောက်နိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးနိုင်ရန် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အချိန်မဆွဲဘဲ ဖွဲ့စည်းသွားသင့်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ယမန်နေ့က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၁၅) ရက်တွင် ဂျနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းရာတွင် တင်ပြထားသည့် အကြံပြုတောင်းဆိုချက်ကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ထောက်ခံလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ မတရားပြုကျင့်ခံရသူများအတွက် တရားဥပဒေစိုးမိုးမှုရှိစေရန် ကုလသမဂ္ဂအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို အချိန်ဆွဲမနေဘဲ ပထမအဆင့်အနေဖြင့် အရေးတကြီး ဖွဲ့စည်းသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Kenneth Roth က ပြောကြားလိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းမှ ရာဇ၀တ်မှုမြောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသွားနိုင်ရန် ကုလသမဂ္ဂအနေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကို သဘောတူထောက်ခံကြောင်း သြစတြေးလျအစိုးရက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကြားနာပွဲတွင် ပြောကြားလိုက်သည်။
။။။။။

18.3.10

ရွေးကောက်ပွဲ နည်းဥပဒေတွင် စစ်သား လွှတ်တော်အမတ်များ အကျုံးမ၀င်

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် လွှတ်တော်အသီးသီးအတွက် နည်းဥပဒေများ ထုတ်ပြန်လိုက်သည့်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် စစ်သားလွှတ်တော်အမတ်များ အကျုံးမ၀င်ကြောင်း သိရသည်။

ယခုလ (၁၁) ရက်နေ့က စစ်အစိုးရ ရွေးချယ်ဖွဲ့စည်းလိုက်သည့် ဗိုလ်ချုပ်ဟောင်းတဦး ဦးဆောင်သည့် အဖွဲ့ဝင် (၁၇) ဦးပါ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်များနှင့် နိုင်ငံရေးပါတီများအတွက် နည်းဥပဒေကို မတ်လ (၁၇) ရက်တွင် ထုတ်ပြန်လိုက်သည်။အရပ်သား လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအနေဖြင့် ယခုထုတ်ပြန်သည့် နည်းဥပဒေများအရ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားရန် လိုအပ်ပြီး စစ်သား လွှတ်တော်အမတ်များအတွက် မှတ်ပုံတင်ရန် မလိုအပ်ခြင်း ဖြစ်သည်။
။။။။။

၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချသည့် စာစောင်များ ဖြန့်ဝေ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဝေဖန်ရှုတ်ချထားသည့် လက်ကမ်းစာစောင်များ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိတ်တဆိတ် ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ လူစည်ကားရာ မှတ်တိုင်များ၊ လမ်းဆုံလမ်းခွများတွင် အဆိုပါ စာရွက်များကို လူအချို့က ရှောင်တခင် လိုက်လံဝေငှခဲ့ခြင်း ဖြစ်သည်။
။။။။။

ကရင်ငြိမ်းအဖွဲ့များ ရွေးကောက်ပွဲဝင်ခွင့် မရှိ


(NEJ) ။ ။ နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နအဖနှင့် ငြိမ်းချမ်းရေး ယူထားသည့် ကရင်အဖွဲ့အစည်းများ ရွေးကောက်ပွဲဝင်ခွင့် မရှိဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၏ အဆင့်မြင့်အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။
။။။။။

ကိုညီညီအောင် လွတ်ပြီ


( မဇ္ဈိမသတင်းဌာန )။ ။ ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို စစ်အစိုးရက ယနေ့ မနက်တွင် ပြည်တော်ပြန်ခွင့် ပြုလိုက်ပြီဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက မဇ္ဈိမကို ပြောသည်။

သူ့အား ပြည်ထောင်မှ အင်းစိန်ထောင်သို့ ယမန်နေ့ညကတည်းက ပြန်ခေါ်လာခြင်းဖြစ်ပြီး ယနေ့ ၁၂ နာရီတွင် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် တွေ့ဆုံခဲ့သည်။

ကိုညီညီအောင် လွတ်ပြီဖြစ်ကြောင်း အမေရိကန်သံရုံးက အဒေါ်ဖြစ်သူကို ယမန်နေ့က အသိပေးခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာလာနေပြီ ဖြစ်သည်။
။။။။။

ရွေးကောက်ပွဲကို ပြည်သူများ မယုံကြည်

(NEJ) ။ ။ နအဖစစ်အစိုးရအနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေး၍ အနိုင်ရပါတီတခုခုအား အာဏာလွှဲပြောင်းပေးပြီး အစိုးရ အပြောင်းအလဲ ဖြစ်မည်ဆိုခြင်းကို ပြည်သူအများစုက ယုံကြည်မှုမရှိကြောင်း စုံစမ်းသိရသည်။

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ထားဝယ်မြို့တို့တွင် ခေတ်ပြိုင်မှ စုံစမ်းမေးမြန်းချက်များအရ နအဖက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ထားပြီး ယခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အစိုးရ၏ အာဏာတည်မြဲရေး လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တခုအဖြစ်သာ အောက်ခြေ သာမန်ပြည်သူအများစုက ရှုမြင်ကြပြီး မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ဟု ထင်မြင်ယူဆနေကြသည်။
။။။။။။။။


22.3.10 ( 12-2010)

ဒေါ်စုနှင့် တွေ့ဆုံခွင့်ပြုရန် NLD ထပ်မံတောင်းဆို


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရထံသို့ ယခုလ ၁၇ ရက်နေ့တွင် ထပ်မံတောင်းဆိုခဲ့ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင် ၁၇ ဦး တက်ရောက်သည့် ယနေ့ အစည်းအဝေးတွင် စစ်အစိုးရထံ ထိုသို့သော ထပ်မံတောင်းဆိုချက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
။။။။။။


အန်အယ်လ်ဒီ လူထုအခြေပြုတိုက်ပွဲဝင်ရန်
ဒီမိုကရက်တစ်အင်အားစု တိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်မည်ဆိုပါက ၁၉၈၈ ခုနှစ်တွင် ပြည်သူတရပ်လုံးက ပေးအပ်လိုက်သည့် သမိုင်းပေးတာဝန်ကို ငြင်းပယ်ရာကျမည်ဟု မြန်မာနိုင်ငံဒီ မိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) အဖွဲ့က ပြောကြားသည်။

လာမည့် (၂၉) ရက်နေ့တွင် အန်အယ်လ်ဒီမှ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးအတွက် မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက် ချရေးနှင့်ပတ်သက်၍ အက်ဖ်ဒီဘီက ၎င်းတို့၏အမြင်များကို ယမန်နေ့က ကြေညာချက်ထုတ်ပြန် အကြံပြုထားသည်။

အက်ဖ်ဒီဘီ၏ အကြံပြုချက်တွင် အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ရန်နှင့် အခြားမဟာမိတ် အင်အားစုများအကြား၌လည်း ညီညွတ်ရေးကို တည်ဆောက်ရန် လိုအပ်ကြောင်း၊ မူလချမှတ်ထားသည့် ရွှေဂုံတိုင် ကြေညာစာတမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အခိုင်အမာသစ္စာရှိစွာရပ်တည်ရန် လိုအပ်ကြောင်း တင်ပြထားသည်။ွင် စစ်အစိုးရထံ ထိုသို့သော ထပ်မံတောင်းဆိုချက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
။။။။။။

23.3.10

နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ
ဒေါ်စုက မတရားသည့်ဥပဒေဖြင့် မှတ်ပုံတင်ခြင်းကို လက်မခံဟု ပြောကြား


(NEJ) ။ ။ နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယနေ့မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့တရားရုံးချုပ်၌ တရားစွဲဆိုလိုက်သည်။ယင်းသို့ တရားစွဲဆိုမှုကို တရားရုံး တရားမဌာနမှ တာဝန်ရှိသူက အမှုတွဲကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မတ် (၂၃) ရက် နေ့စွဲဖြင့် အထူးကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် အန်အယ်လ်ဒီဥက္ကဋ္ဌက နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ ၅ (က) (ခ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅) နှင့် (၅၄) တို့အရ တရားရုံးချုပ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့်မရှိ” ဟု ပြောဆိုကာ အမှုတွဲကို နေ့လယ် (၁၂) နာရီခွဲခန့်တွင် ပြန်လည်ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းတွေ့ဆုံမှုကို အန်အယ်လ်ဒီရုံးချုပ်တွင် ပြန်လည်ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောပြသည်။
။။။။။

ပါတီ မှတ်ပုံတင်မည်ကို ဒေါ်စု လက်မခံ


နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်မည့်အပေါ် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က လုံးဝလက်မခံကြောင်း သူမ၏ ရှေ့နေမှတဆင့် ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။
။။။။။

အရှင်ဥက္ကံသကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထား


(NEJ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိ၍ နအဖအာဏာပိုင်တို့ ဖမ်းဆီးသွားသည့် မွန်ရဟန်းပျို အရှင်ဥက္ကံသ ခေါ် ဦးဇင်းဇော်လတ်ကို မွန်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီးနောက် သတင်းအစအန ပျောက်နေရာမှ ယခုအခါ အင်းစိန်ထောင်အတွင်း၌ ထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

အရှင်ဥက္ကံသကို အင်းစိန်ထောင် တိုက်အမှတ် (၂) အခန်း (၁) တွင် ထိန်းသိမ်းထားကြောင်း အင်းစိန်ထောင်ရှိ ဝန်ထမ်းတဦးထံမှ သိရသည်။
။။။။။

24.3.10

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် ဆွေးနွေးမည်
NEJ/

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး မတ်လ (၂၄) ရက်နေ့ ယနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးပွဲတရပ် ပြုလုပ်မည်ဟု သိရသည်။

မြန်မာ့အရေးဆွေးနွေးရန်ကိစ္စကို မတ် (၂၃) ရက်တွင် ကျင်းပသည့်အစည်းဝေးတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့၌ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဒီဇင်ဘာတွင် ရာထူးပြောင်းသွားသည့် ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ၏နေရာတွင် ယာယီတာဝန်ယူထားသည့် မစ္စတာဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေးနာဘီယားက မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို အစီရင်ခံရန်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ အစီရင်ခံတင်ပြခြင်းသည် ၂၀၀၉ ခုနှစ် သြဂုတ်လနောက်ပိုင်း လုံခြုံရေးကောင်စီတွင် ပထမဆုံးအကြိမ် ကြားနာခြင်း ဖြစ်သည်။
။။။။။

ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမှ အင်းစိန်၊ ပဲခူးတိုင်းမှ ၁၉ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၄ မြို့နယ်တို့က မှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် “ရွှေဂုံတိုင် ကြေညာစာတမ်း” ကိုသာ ဆက်လက်၍ ဆုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း မြို့နယ်စည်း တာဝန်ရှိသူများထံမှ သိရခြင်း ဖြစ်သည်။
။။။။။

ဝ ဒေသရှိ နတလ ဝန်ထမ်းများကို ခွင့်ရက်ရှည်ပေး ခေါ်ယူ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ အထူးဒေသ (၂) ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (နတလ) လက်အောက်ခံ ဝန်ထမ်းများအား ခွင့်ရက်ရှည်ပေးကာ နအဖက ပြန်လည်ခေါ်ယူနေသည်။

ပညာရေးဝန်ထမ်းများအား ခွင့် (၃) လ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား ခွင့် (၁) လဖြင့် လစာမပျက် ခွင့်များပေးကာ မတ် (၂၂) ရက်တွင် အကြောင်းကြား ပြန်လည်ခေါ်ယူနေသဖြင့် ယမန်နေ့မှစတင်၍ နယ်စပ်မှ ထွက်ခွာနေကြကြောင်း ပန်ဆန်းဒေသခံတဦးက ပြောသည်။ယခုကဲ့သို့ ဝဒေသထဲက နတလဝန်ထမ်းများအား ခွင့်ရက်ရှည်ပေးခြင်းမှာ ယခင်နှစ်များက မရှိခဲ့ဘဲ နယ်ခြားစောင့်တပ် လက်မခံသည့် ဝတပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ကြိုတင်ခေါ်ယူသည်ဆိုသည့် ဝေဖန်၊ ယူဆမှုများ ရှိလာနေသဖြင့် ဒေသခံလူထုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု အဆိုပါ ပန်ဆန်းဒေသခံက ပြောသည်။
။။။။။

DVB သတင်းထောက် မလှလှဝင်းအမှု အယူခံတက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြစ်ဒဏ် ၂၇ နှစ် ကျခံနေသည့် DVB သတင်းထောက် မလှလှဝင်း အမှုအယူခံအတွက် လာမည့်လ ၅ ရက်နေ့တွင် မကွေးတိုင်း တရားရုံး၌ နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲမည်ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် ပြစ်ဒဏ်ပြင်ဆင်ပေးရန် အယူခံလွှာအတွက် ၂၂ ရက်နေ့တွင် တရားရုံးက ကြားနာလက်ခံခဲ့ပြီးနောက် အပြီးသတ် လျှောက်လဲချက်ရန် ရှေ့နေများကို လာမည့်လ ၅ ရက်နေ့သို့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
။။။။။

25.3.10

မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး
NEJ

စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများအပါအ၀င် မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မတ် (၂၄) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးပိတ် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့တို့ အစည်းအဝေးမတိုင်မီ တရက်စောပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ မတ်ဂရန့်က မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေသစ်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင် အတော်များများက စိုးရိမ်မကင်းဖြစ်ကြသည်ဟု ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ရွေးကောက်ပွဲဥပဒေများသည် နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ထားသည့် လွတ်လပ်တရားမျှတသည့် ဖြစ်စဉ်များနှင့် ကင်းကွာနေပြီး ယခင်လုံခြုံရေးကောင်စီက ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်း ဖြစ်ပေါ်လာခြင်းမရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယခင် ထုတ်ပြန်ချက်များတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန်နှင့် အခြေအနေကောင်းများ ဖန်တီးပေးရန် တောင်းဆိုတင်ပြခဲ့သည်။
။။။။။

ကျောင်းသားခေါင်းဆောင်ဟောင်းက ပါတီထောင်ရန်ပြင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ဖူးသူ ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေရာ အသစ်ထူထောင်မည့် ပါတီကို ” လူထုဒီမိုကရေစီပါတီ” ဟု အမည်ပေးထားသည်။
၁၉၈၈ ခု၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌဖြစ်ခဲ့ဖူးသူ ကိုညိုထွန်းလည်း ပါတီ၏ ဖွဲ့စည်းရေးလုပ်ငန်းကော်မတီတွင် ပါဝင်မည်ဟု သိရသည်။

ပါတီအလံသည် အပြာ၊ အနီ၊ အဝါ သုံးရောင်ခြယ်ဖြစ်ပြီး ဖွဲ့စည်းရေးလုပ်ငန်းကော်မတီကို ကိုညိုထွန်း၊ ကိုဖြိုးမင်းသိန်း၊ ကိုသိန်းတင်အောင်၊ ကိုမင်းလွင်၊ ကိုလူသစ်၊ ကိုသိန်းဌေး၊ ကိုမျိုးမင်းထွန်း စသည့် ၇ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။ ပါတီ၏ ဆောင်ပုဒ်မှာ လွတ်လပ်၊ ညီမျှ၊ ချစ်ကြည်၊ လူထုဒီမိုကရေစီပါတီ ဟုလည်းဆက်ပြောသည်။
။။။။။

ဒဏ်ခတ်ပိတ်ဆို့ရေး တိုးမြှင့်ရန် တောင်းဆိုမည်ဟု
လွှတ်တော်ကိုယ်စားလှယ် (၂) ဦး ပြောကြား


(NEJ) ။ ။ မြန်မာစစ်အုပ်စုကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု တိုးမြှင့်လုပ်ဆောင်သွားရန် ဥရောပသမဂ္ဂအပါအ၀င် မိမိတို့အစိုးရကို တင်ပြတောင်းဆိုသွားမည်ဟု ထိုင်းနယ်စပ်သို့ရောက်ရှိနေသည့် ဘယ်လ်ဂျီယံနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် (၂) ဦးက ပြောကြားသည်။

ဘားမားကမ်ပိန်း ဘယ်လ်ဂျီယံအဖွဲ့ဝင်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးဖြစ်သည့် ဆိုရှယ်လစ်ပါတီမှ Ms. Karin Lalieux နှင့် Green ပါတီမှ Ms. Juliette Boulet တို့သည် လက်ရှိမြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) အဖွဲ့နှင့် ယနေ့တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခြင်းဖြစ်သည်။
။။။။။

26.3.10

ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ဟု
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား

NEJ/

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ပါဝင်သင့်သူအားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ယမန်နေ့က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် မတ်လ (၂၅) ရက်၌ ကျင်းပသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
။။။။။

ရွေးကောက်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် လုပ်ရန်ပြင်

ချင်းမိုင် (မဇ္ဈိမ)။ ။ ယခုတလော လူအများ အာရုံစိုက်လာကြသည့် အငြင်းပွါးဖွယ်ရာ အထွေထွေ ရွေးကောက်ပွဲအား စစ်အစိုးရမှ အောက်တိုဘာလ နောက်ဆုံးအပတ် (သို့ မဟုတ်) နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပပေးဖွယ်ရာ ရှိကြောင်း စနေနေ့ တွင်ထုတ်ပြန်သည့် AFP သတင်းတပုဒ်အရ သိရသည်။
။။။။။

နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် ထပ်မံဆုံးဖြတ်

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မြန်မာစစ်အစိုးရက တောင်းဆိုထားသည့်ကိစ္စကို မွန်ပြည်သစ်ပါတီက ယခင်ဆုံးဖြတ်ချက် အတိုင်း လက်မခံဘဲ ပယ်ချရန် ထပ်မံဆုံးဖြတ်လိုက်ကြောင်း သိရသည်။
။။။။

အန်အယ်ဒီ လူငယ်များ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော ရပ်တည်ချက်ကို လွှမ်းမိုးစေနိုင်သော ဖြစ်ရပ်တခုမှာ ယနေ့ပြုလုပ်သော ပါတီလူငယ် အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်ကြသည်။

အတိုက်အခံပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆၀ ဦးခန့် တက်ရောက်သော ဆွေးနွေးပွဲက ရွေးကောက်ပွဲ ကော်မရှင်ဥပဒေများကို လုံးဝ လက်မခံနိုင်ဟုဆိုကာ ပါတီအနေနှင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည်။
။။။။။

Sunday, March 14, 2010

10-2010

8.3. 10

ဘားမားဗီဂျေဇာတ်ကား ဆန်ခါတင်စာရင်းဖြင့်သာ ကျေနပ်ခဲ့ရ

(NEJ) ။ ။အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အော်စကာဆုအတွက် လျာထားခြင်းခံရသော ဘားမားဗီဂျေ ဇာတ်ကားသည် အော်စကာဆုပေးပွဲတွင် ဆန်ခါတင်စာရင်းဝင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း အဆိုပါအခမ်းအနားသို့ မြန်မာသံဃာတော် (၂) ပါး တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
။။။။။

ရွေးကောက်ပွဲဥပဒေ အသေးစိတ် မနက်ဖြန် ထွက်မည်


အများတကာ စိတ်ဝင်စားနေသော ရွေးကောက်ပွဲဥပေဒ မနက်ဖြန် နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်မည်ဖြစ်ကြောင်း စစ်အစိုးရက ယနေ့ ကြေညာလိုက်သည်။

မြန်မာ့ရုပ်မြင်က တင်္နလာနေ့ညနေ ၄ နာရီသတင်းထုတ်ပြန်မှုတွင်ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို အင်္ဂါနေ့ထုတ် သတင်းစာများတွင် ထဲ့သွင်းဖော်ပြသွားမှာဖြစ်သည်ဟု ကြေညာသွားသည်။

မည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲလုပ်မည်ကို ထဲ့သွင်း ပြောဆိုသွားခြင်း မရှိပါ။

။။။။။

နအဖ ရွေးကောက်ပွဲ ဟန်ပြသာဖြစ်ဟု
ထိုင်းအထက်လွှတ်တော်အမတ် ပြောကြား


(NEJ) ။ ။ မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ဒီမိုကရေစီကို သွေဖည်သည့် ဟန်ပြရွေးကောက်ပွဲသာဖြစ်မည်ဟု ထိုင်းအထက်လွှတ်တော်အမတ် နိုင်ကရိုင်ဆတ် ချွန်ဟာဗန်က မဲဆောက်မြို့၌ သတင်းထောက်များကို ပြောကြားသည်။

ထိုင်းလွှတ်တော်အမတ်နှင့် အာဆီယံ မြန်မာ့အရေးဆိုင်ရာ ပါလီမန် အမတ်များအဖွဲ့ (AIPMC) ဥက္ကဋ္ဌဖြစ်သူ နိုင်ကရိုင်ဆတ် ချွန်ဟာဗန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် ပြောကြားခြင်းဖြစ်သည်။
။။။။။

တောင်ဒဂုံစက်ရုံ အလုပ်သမား ဆန္ဒပြပွဲ ပြေလည်မှု ရရှိ


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ SGI အထည်ချုပ်စက်ရုံ၌ အလုပ်သမား ၄၀၀၀ ခန့်က လုပ်ခတိုးပေးရေးအတွက် ပြီးခဲ့သည့် စနေနေ့တွင် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ နာရီပိုင်းအကြာတွင် အလုပ်ရှင်က လိုက်လျောသဖြင့် ပြေလည်မှု ရရှိခဲ့သည်။

Silk Garment Industrial (SGI) အလုပ်သမားများသည် လုပ်အားခ တိုးရန်နှင့် အချိန်ပိုကြေး အပြည့်ပေးရန် စက်ရုံအပြင်၌ ဆန္ဒပြခဲ့ရာ ဒေသအာဏာပိုင်များ၏ ကြားဝင်ညှိနှိုင်းမှုအရ နေ့လည် ၁၂ နာရီခန့်တွင် ပြေလည်မှု ရသဖြင့် ဆန္ဒပြပွဲကို လူစုခွဲခဲ့ကြသည်။
။။။။။

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်စီမံကိန်းများ လက်စသတ်ရန်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ညွှန်ကြား


(NEJ) ။ ။ တည်ဆောက်ဆဲ နိုင်ငံပိုင် အထူးစီမံကိန်းများကို အမြန်ဆုံး လုပ်ငန်းသိမ်း လက်စသတ်ကြရန်နှင့် အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အမြတ်ထွက်ရေးအတွက် စီစဉ်ရန် စစ်အစိုးရ ခေါင်းဆောင်ဖြစ်သူက ၀န်ကြီးများကို ညွှန်ကြားလိုက်သည်။

နေပြည်တော်တွင် ယခုလ (၅) ရက်၌ ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားလိုက်ခြင်းဖြစ်သည်။
။။။။။

နေပြည်တော်တွင် ငလျင်လှုပ်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ငလျင်တခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောကြားသည်။
။။။။။

နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ
မတရားအသင်း ကြေညာခံရဖွယ်ရှိ


(NEJ) ၊။ ။ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) အဖွဲ့ခေါ် မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပျက်ကွက်လျှင် မတရားအသင်း ကြေညာသွားမည်ဟု နအဖဘက်က သတိပေးထားသည်။

ပြီးခဲ့သည့်လ (၂၅) ရက်က ကျိုင်းတုံမြို့တွင် နေပြည်တော်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ၏ စစ်ဦးစီး ပထမတန်း အရာရှိ ဒု-ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက မိုင်းလားတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစံပေ၊ ဦးဆန်လူတို့နှင့် တွေ့ဆုံစဉ်အတွင်း နယ်ခြားစောင့်တပ် လက်မခံပါက မတရားအသင်း ဖြစ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
။။။။။

9.3.10

နအဖ၏ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ထုတ်ပြန်

(NEJ) ။ ။ နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွင် အခန်း (၄) ခန်းပါရှိပြီး အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်နှင့်ပတ်သက်၍ အထွေထွေလုပ်ဆောင်ရမည့်အချက်များကို ဖော်ပြထားသည်။

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များတွင် လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်လည်း ပါဝင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ရွေးကောက်ပွဲကော်မရှင်အောက် ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရာတွင် နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ အပါအ၀င် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် စသဖြင့် အဆင့်ဆင့် (၆) ဖွဲ့ ပါရှိသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ပြီး ယင်းသို့ဖွဲ့စည်းရာတွင် ကော်မရှင်ဥက္ကဋ္ဌအပါအ၀င် အနည်းဆုံး အဖွဲ့ဝင် (၅) ဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်ဟု ပါရှိသည်။

ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် (၅၀) ပြည့်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နအဖကောင်စီက ယူဆသူဖြစ်ရမည်ဟု ပါရှိသည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်စေခြင်း၊ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်းနှင့်ပယ်ဖျက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း၊ အသုံးစရိတ်များ ကြီးကြပ်ခြင်း၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း စသည်တို့ ပါဝင်သည်။

ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်ထားရာ၌ ယင်းသို့ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ကန့်ကွက်ချက်များရှိပါက ယင်းကန့်ကွက်ချက်များကို စစ်ဆေးဆုံးဖြတ်ပေးနိုင်ရန် ရွေးကောက်ပွဲခုံအဖွဲ့များကို ဖွဲ့စည်းခွင့်ရှိသည်ဟု ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့်ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဆောင်ရွက်ချက်များ စသည်တို့နှင့်စပ်လျဉ်း၍လည်း ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်ဟု ဖော်ပြထားသည်။
။။။။။

ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
။။။။။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်၊ ရွာများစွာ ရွှေ့ပြောင်းခံရဖွယ်ရှိ


မြန်မာနိုင်ငံမှတဆင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အကောင်အထည်ဖော်ဆောင်ရေးတွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ရေနက်ဆိပ်ကမ်း တည်နေရာကို ထားဝယ်မြို့ မောင်းမကန်ကမ်းခြေ အထက်ပိုင်း နဘူးလယ်ကျေးရွာနှင့် ပင်လယ်ဘက် ဟိန်းဇဲကျွန်းစုအကြားတွင်ဖြစ်ပြီး ဆောက်လုပ်မည့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း (၁) ဒါဇင်ကျော်တို့ကို စတင်ပြောင်းရွှေ့ ခိုင်းနေကြောင်း ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူတဦးက ပြောကြားသည်။
။။။။။

ဗကသ ခေါင်းဆောင် ကျော်ကိုကို တမှုထပ်တိုး

နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၃ နှစ် ကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုသည် နောက်တိုးအမှုတမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယခုလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံးတွင် အမှုသစ်တမှုနှင့် ရုံးထုတ်ခံခဲ့ရသည်ကို အင်းစိန်ထောင်သို့ ၅ ရက်နေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့သည့် မိခင်ဖြစ်သူက သိခဲ့ရခြင်း ဖြစ်သည်။
။။။။။
10.1.10

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက်
ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား


(NEJ) ။ ။ နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီပါတီကို ရပ်တည်ခွင့်မပေးသည့် သဘောဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်က ထောင်ကျနေတဲ့သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟိုကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်းဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်းသတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ်ဆိုရင်တောင်မှ ကျနော်တို့ရဲ့ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။
။။။။။

ဒေါ်စုကို ပထုတ်သည့်အပေါ် အမေရိကန် ဝေဖန်


မဇ္ဈိမသတင်းဌာန
ချင်းမိုင် ။ ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေ ထုတ်၍ တားဆီးလိုက်ခြင်းသည် လက်ခံနိုင်စရာ မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell က ပြောသည်။
။။။။။


စက်မှုဇုန်အရေး မပြေလည်သေး


(NEJ) ။ ။ စက်မှုဇုန်များနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ပြောကြားခဲ့သော်လည်း အလုပ်ရှင်နှင့်မပြေလည်သေးသည့် စက်ရုံများ ရှိနေသေးကြောင်း သိရသည်။

“တလကိုတခါ ပြုလုပ်နေကျ စက်မှုဇုန်ကော်မတီအစည်းအဝေးမှာ စက်မှုဇုန်တွေရဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကို တောင်းဆိုမှုတွေလုပ်လာရင် ဖြေရှင်းပေးပါတယ်။ ကိုယ်တိုင်ကွင်းဆင်းပြီးတော့ အဲဒီလိုစက်မှုဇုန်နဲ့ ပတ်သက်တာတွေကို ရှင်းပေးပါတယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေက ယခုလ ( ၆ ) ရက်၊ ရန်ကုန်မြို့ UMFCCI တွင်ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ (၁၆) ကြိမ်မြောက် အစည်းအဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ တာဝန်ရှိသူတဦး ပြောပြချက်အရ အလုပ်သမားများက လုပ်အားခကို တောင်းဆိုကြရာတွင် အလုပ်ရှင်နှင့် မပြေလည်သေးသော စက်ရုံများ ရှိနေသေးကြောင်း သိရသည်။
။။။။။

ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှု အယူခံလွှာ တင်သွင်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်ဒဏ် နှစ် ၂၇ ကျခံနေရသည့် အတိုက်အခံ သတင်းဌာန ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှုအတွက် မကွေးတိုင်း တရားရုံးတွင် ယခုလ ၈ ရက်နေ့ အယူခံလွှာတင်ခဲ့ကြောင်း ရှေ့နေက ပြောသည်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) သတင်းထောက်ကို မကွေးတိုင်း ပခုက္ကူခရိုင် တရားရုံးက အီလက်ထောနစ်အက်၊ ဗီဒီယိုအက် အပါအဝင် ပုဒ်မ ၃ ခုဖြင့် ပြစ်ဒဏ်ချခဲ့သည့် အနှစ် ၂၀ အတွက် ပြင်ဆင်ခွင့် အယူခံလွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကျန် ပြစ်ဒဏ် ၇ နှစ်မှာမူ တရားမဝင် ဆိုင်ကယ် စီးနင်းမှုဖြင့် ချမှတ်ခံထားရခြင်း ဖြစ်သည်။
။။။။။

11.3.10

အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ

NEJ
မြန်မာနိုင်ငံတ၀န်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးခွဲများကို ယမန်နေ့ မတ် (၁၀) ရက်နေ့မှစတင်၍ စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
။။။။။

ရွေးကောက်ပွဲ ကော်မရှင်စာရင်း ထုတ်ပြန်


မဇ္ဈိမသတင်းဌာန ။ ။မြန်မာ့စစ်အစိုးရက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လူကြီးများ စာရင်းကို ထုတ်ပြန်လိုက်ကြောင်း ယနေ့ ညနေ ၄ နာရီက မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားသည်။

၁၇ ဦးပါ ကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို ခန့်အပ်လိုက်သည်။ အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွှန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဒေါ်ခင်လှမြင့်၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ ဖြစ်ကြသည်။
။။။။။

စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ

ဒေသခံ မြန်မာစစ်တပ်၏ဒဏ်ကို မခံနိုင်၍ မွန်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းရှိ ကျေးရွာများမှ ရွာသား (၂၀၀) ခန့်သည် နေရပ်စွန့်ခွာကာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသသို့ လာရောက်ခိုလှုံနေကြကြောင်း ပါတီမြို့နယ် ကော်မတီဝင်တဦးက ပြောသည်။
။။။။။

11.3.10


သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ယနေ့ကျရောက်သည့် အသက် (၈၀) နှစ် ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ဆရာကြီးထောင်မှလွတ်ပြီး ပထမဆုံး ရေးသားထုတ်ဝေသော ဆောင်းပါးများကို စုစည်းထားသည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဘီဗွီ) က ယနေ့ စတင်ထုတ်ဝေဖြန့်ချိလိုက်သည်။

၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နအဖ၏ မတရားဖမ်းဆီး ထောင်ချခံရသည့်ကာလအတွင်း ထောင်တွင်းအတွေ့အကြုံများကို စုစည်းရေးသားထားသည့် စာအုပ်ဖြစ်ပြီး စာရေးသူ၏ အမှာစာ ပါရှိသည်။
(NEJ)
။။။။။

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ အခြေခံအခွင့်အရေးကို ဖြည့်ဆည်းပေးရန် ပျက်ကွက်နေသည်။

”ရွှေ့ပြောင်းလုပ်သား အများအပြားက သူတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သူတို့ ရွှေ့ပြောင်းလုပ်သားဘဝ ရောက်လာရစေတဲ့ အကြောင်းတချက်ဖြစ်လို့” ဟု စင်ပြိုင်အာဆီယံအဖွဲ့မှ ဒယ်ဘီစတော့ဟတ်က ပြောသည်။
ဥပဒေက ရေရေရာရာမရှိလှဘဲ နိုင်ငံ့ပြင်ပတွင် နေထိုင်နေသူများ ကြိုတင်မဲထည့်ခွင့်ရရန် နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်ရမည်ဟုသာ ရေးသားထားသည်။
။။။။။

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန်
ရတခတိုင်းမှူး အကြောင်းကြား


မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၉) ဦးနှင့် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ယခုလအတွင်း တွေ့ဆုံနိုင်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက တောင်းဆိုထားကြောင်း မွန်ပြည်သစ်ပါတီမှ သိရသည်။
(NEJ)
။။။။။

ရွေးကောက်ပွဲ ဝင်လိုသူများလည်း ဆင်ဆာမလွတ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်လိုသော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဥပဒေအပေါ် ဆန်းစစ်ပြောကြားချက်ကို ပြည်တွင်း ဂျာနယ်များတွင် မဖော်ပြရန် ဆင်ဆာဘုတ်က ဖြတ်တောက်နေသည်။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင် ကြေညာထားသော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ၊ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင် ဦးရွှေအုန်းနှင့် အဖွဲ့ဝင် ကိုနေမျိုးဝေတို့က ရွေးကောက်ပွဲဥပဒေအပေါ် သုံးသပ်ပြောဆိုထားသည်ကို စာပေစိစစ်ရေးက ဖြုတ်လိုက်ခြင်း ဖြစ်သည်။
စာပေစိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော်သို့ သွားရောက်နေရချိန်လည်း ဖြစ်သောကြောင့် ဆင်ဆာဖြတ်တောက်မှု ပိုကြမ်းနေခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်းက ပြောသည်။
။။။။။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန်
ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ


(NEJ) ။ ။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်ခံ မခံ အဖြေပေးရမည့် တွေ့ဆုံဆွေးနွေးပွဲအား မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ယနေ့ပြုလုပ်သည်။

ကေအိုင်အိုအဖွဲ့မှ ဗိုလ်ချုပ်ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် (၈) ဦးပါ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာနယ်စပ်ရှိ ဗဟိုဌာနချုပ် လိုင်ဇာမြို့မှ ယမန်နေ့က ထွက်ခွာသွားပြီး ယနေ့ ဆွေးနွေးနေသည်ဟု အမည်မဖော်လိုသည့် ကေအိုင်အိုအရာရှိက အတည်ပြုပြောသည်။
(NEJ)
။။။။။

Monday, March 8, 2010

9-2010

1.3.10


နအဖ ငြင်းပယ်ထားသည့် တောင်းဆိုချက်များ ထပ်မံတင်ပြ၍ ဝတပ်ဖွဲ့ တုံ့ပြန်

(NEJ) ။ ။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့က ၎င်းတို့၏တောင်းဆိုချက် (၉) ချက်ကို နအဖက ပယ်ချနေသည့်ကြားကပင် လိုက်လျောပေးရန် ယမန်နေ့က ထပ်မံတောင်းဆိုလိုက်သည်။မိုင်းပေါက်နှင့် မိုင်းဖြန်အား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးအတွင်း (၆) မြို့နယ် အစား (၇) မြို့နယ်အဖြစ် ဖွဲ့စည်းသွားရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝတပ်ဖွဲ့များအခြေစိုက်ရာ ဝမ်ဟုန်စစ်ဒေသအား ဝအုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းရေး၊ ဝမ်ဟုန်နှင့် ပန်ဆန်းဟူ၍ စစ်ဒေသခွဲ (၂) ခု သတ်မှတ်ကာ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို ဝတပ်ဖွဲ့က တာဝန်ယူရေး၊ ဒု-စစ်ဒေသမှူးနှင့် ဒု-စစ်ဦးစီးမှူးဟူ၍ (၂) ဦးစီ ထားရှိမည်ဖြစ်ပြီး (၁) ဦးစီကို နအဖဘက်က တာဝန်ယူရေး၊ တပ်ရင်းအဆင့်တွင် ဝတပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းရေးဟူ၍ တောင်းဆိုထားသည်။

ထို့အပြင် ကျန်းမာရေး၊ သင်တန်းနှင့် ထောက်ပံ့ရေးကိစ္စအား နအဖဘက်က တာဝန်ယူရေး၊ နယ်ခြားစောင့်တပ်ဖွဲ့တွင် မပါဝင်တော့သည့် တပ်ဖွဲ့ဝင်များအား ပင်စင်လစာ (၅) နှစ်စာအတွက် တလုံးတခဲတည်း ပေးရေး၊ မိဘမဲ့ကလေးများနှင့် စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ဒုက္ခိတများအား နအဖဘက်က ကူညီထောက်ပံ့ရေး၊ အသွင်ကူးပြောင်းပြီး နောက်ပိုင်း တရားဥပဒေချိုးဖောက်ခြင်း မရှိတော့လျှင် ယခင်က ဥပဒေချိုးဖောက်ခဲ့သူများနှင့် မည်သည့်အဖွဲ့တွင် ပါဝင်ခဲ့သူများကိုမဆို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုအာမခံချက်ပေးရန် စသည့်အချက်များကို ထည့်သွင်းတောင်းဆိုထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝတပ်ဖွဲ့၏ နယ်မြေများတောင်းဆိုမှုမှာ မဖြစ်နိုင်တော့ကြောင်း ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် ဖေဖော်ဝါရီတွင် တွေ့ဆုံစဉ်၌ နအဖဘက်က ပြောဆိုထားခဲ့သည်ဟု အဆိုပါ ဝခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။
။။။။။

ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုံ အသစ် ဖွင့်လှစ်မည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း၊ မြန်မာ နယ်စပ်တခုဖြစ်သော မယ်ဟောင်ဆောင်ခရိုင်တွင် ကုန်သွယ်ရေး ဇုံအသစ်တခု ဖွင့်လှစ်မည် ဟု ချင်းမိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။ယင်း ကုန်သွယ်စခန်းသည် ကုန်းကြောင်း ကုန်သွယ်မှုအပြင် လေကြောင်းဖြင့်ပါ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံကို ကုန်သွယ်မှုပေးမည်ဖြစ်သည်။အဆိုပါ ကားလမ်းသည် မယ်ဟောင်ဆောင်ခရိုင်မှတဆင့် လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီးနှင့် တောင်ငူ၊ ပြည်၊ သံတွဲ တို့ကို ဆက်သွယ် ဖောက်လုပ်ပေးမည်ဖြစ်သည်။
။။။။။

အဓမ္မခိုင်းစေခံရသည့် ရွာသား (၄၀၀) ကျော်တို့က အိုင်အယ်လ်အိုသို့ တိုင်တန်း


(NEJ) ။ ။ အဓမ္မလုပ်အား ခိုင်းစေခြင်းခံရသည့် တောင်ငူခရိုင်မှ ရွာသား (၄၇၀) တို့က ၎င်းတို့ အဓမ္မစေခိုင်းခံရမှုကို စုံစမ်း အရေးယူမှုပြုလုပ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့တိုင်ကြားစာ ပေးပို့လိုက်သည်။

ထိုသို့ အစီရင်ခံစာ ပေးပို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အက်ဖ်တီယူဘီ) နှင့် ကော်သူးလေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူကေ) တို့မှ တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ်တွင် သတင်းစာရှင်းလင်းပွဲတရပ် ယမန်နေ့ညနေက ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် အိုင်အယ်လ်အိုက ရုံးဖွင့်လှစ်ထားသော်လည်း အဓမ္မလုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ ထိရောက်သည့် အရေးယူမှု မပြုလုပ်နိုင်သည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ လူထုမှာ ပိုမိုဒုက္ခရောက်နေသဖြင့် ၎င်းတို့ကိုယ်စား အိုင်အယ်လ်အိုမှတဆင့် တင်ပြပေးခြင်းဖြစ်သည်ဟု အက်ဖ်တီယူကေအဖွဲ့က ပြောသည်။
။။။။။။

ဦးပိုင်ကတိဖျက်အပြီး ဆားဈေးထိုးကျ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီက ဆားလုပ်ငန်းရှင်များထံမှ ဆားတန်ချိန် တသိန်း ဝယ်ယူမည့် အစီ အစဉ် ဖျက်လိုက်ပြီးနောက် ဆားဈေးများ တဟုန်ထိုး ကျဆင်းသွားသည်။

ကော့စတစ်စက်ရုံဆောက်လုပ်မည်ဖြစ်၍ ဆားများကို ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း စက်ရုံ မတည်ဆောက်ရသေးသဖြင့် အစီအစဉ် ဖျက်သိမ်းလိုက်ကြောင်း ယခင်လ ၇ ရက်နေ့က ဆားလုပ်ငန်းရှင်များကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ဦးပိုင်မှ အကြီးအကဲများက နေပြည်တော်တွင် တွေ့ဆုံပြောကြားခဲ့သည်။

နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ဆားထွက်ရှိရာ ဒေသတခုဖြစ်သော ဧရာဝတီတိုင်း လပွတ္တာမြို့တွင် ဆားကြမ်းဈေးသည် ယခင်လက ၁ ပိဿာ ၇ဝ ကျပ်ရှိနေရာမှ ယနေ့တွင် ၄ဝ ကျပ်ထိ ဈေးကျသွားသည်။
။။။။။

2.3.10


ဒေါ်အောင်ဆန်းစုကြည်၏အယူခံ ပယ်ချခံရမှု ဥရောပသမဂ္ဂ ကြေညာချက်ထုတ်


(NEJ) ။ ။ နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ပယ်ချလိုက်သည့်အပေါ် အထူးစိတ်မကောင်းဖြစ်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူ ကက်သရင်း အက်ရှ်တန်က ပြောကြားလိုက်သည်။

ထိုသို့ တရားရုံးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအားပယ်ချခဲ့ခြင်းသည် အစိုးရနှင့် အတိုက်အခံပါတီတို့အကြား အလျင်အမြန်လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးအရ အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေး အလားအလာများကို ပျက်စီးသွားစေသည်ဟု ကက်သရင်း အက်ရှ်တန်က ယမန်နေ့၌ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားရာတွင် အာဏာပိုင်များအနေဖြင့် နိုင်ငံတကာက တောင်းဆို ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် လိုအပ်ကြောင်းလည်း ဥရောပကော်မရှင်၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ ကက်သရင်း အက်ရှ်တန်က တောင်းဆိုလိုက်သည်။
။။။။။

ကေအိုင်အိုက စစ်ရေးအသင့်ပြင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး ဖိအားပေးခြင်းခံနေရသော ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် စစ်ရေးအတွက်လည်း ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲမတိုင်မီ တပ်မတော်လက်အောက်သို့သွတ်သွင်းမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အကြောင်းပြန်ရင် အပစ်ခတ်ရပ်ကချင်အဖွဲ့ကြီးသို့ စစ်အစိုးရ၏ ညှိနှိုင်းရေးသမား စစ်ဘက်ရေးရာလုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က သတ်မှတ်ထားခဲ့သော်လည်း ကေအိုင်အိုက တုံ့ပြန်မှုမပြုဘဲ ရှိနေသည်။

နအဖ အား မည်သို့တုန့်ပြန် ဖြေကြားမည်ကို ဆုံးဖြတ်နိုင်ရန် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ယမန်နေ့မှ စ၍ ဗဟိုအလုပ်အမှုဆောင်အပါအဝင် စုစုပေါင်း ၃ဝ ဦးဖြင့် အစည်းအဝေး ကျင်းပနေသည်။
။။။။။

3.3.10

ရှေ့နေ ကိုဖိုးဖြူကို ထောင်ဒဏ်လျှော့


(NEJ) ။ ။ အဓမ္မလုပ်အားပေး စေခိုင်းခံရသည့် အမှုများကို ရှေ့နေလိုက်ပေးခြင်းကြောင့် ပြီးခဲ့သည့်နှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၄) နှစ် ကျခံနေရသည့် ရှေ့နေ ကိုဖိုးဖြူကို စစ်အစိုးရ တရားရုံးချုပ်က ထောင်ဒဏ် (၃) နှစ် လျှော့လိုက်ပြီး (၁) နှစ်သာကျခံရန် ယခုလ (၁) ရက်နေ့က အမိန့်ချမှတ်လိုက်သည်။
။။။။။

ဒေါ်မြင့်မြင့်အေးကို တာဝန်မှဖယ်ရှားမှု ပြန်ပြင်ရန် တောင်းဆို


နယူးဒေလီ (မဇ္ဈိမ)။ ။ မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင်မြင့်အေးကို စည်းကမ်းဖောက်ဖျက်မှုဖြင့် တာဝန်မှ တနှစ်ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ကို ပြန်လည်ပြင်ဆင်မှုပြုရန် မြို့နယ်အဆင့် ပါတီခေါင်းဆောင် နှစ်ဦးက ဗဟိုကို တောင်းဆိုလိုက်ကြသည်။

စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အတိုက်အခံပါတီ၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အရေးယူခဲ့သည့်အပေါ် ဝမ်းတွင်းမြို့နယ် အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် မိတ္ထီလာမြို့နယ် ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ကန့်ကွက်ထားသည်။
။။။။။

လူမှုရေးအကူအညီ ယူရို (၁၇) သန်း မြန်မာနိုင်ငံကို အီးယူက ပေးမည်


(NEJ) ။ ။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ (၂၃) သန်းကျော်နှင့်ညီမျှသည့် ယူရိုငွေ (၁၇.၂၅) သန်းကို လူသားချင်းစာနာမှု အကူအညီအဖြစ် ဥရောပသမဂ္ဂ (အီးယူ) က ယခုနှစ်တွင် ပေးသွားမည်ဟု ယမန်နေ့က ကြေညာလိုက်သည်။

အကူအညီများကို အီးယူကော်မရှင်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) မှတဆင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတို့ရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည့် ဒုက္ခသည်များကို ပေးအပ်သွားမည်ဟု ဘန်ကောက်ရှိ အီးယူရုံးခွဲက ပြောကြားသည်
။။။။။

အရက်ချက်စက်ရုံ လုပ်သားများ လုပ်ခတိုးတောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ပုဂ္ဂလိပိုင်စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ခပ်စိတ်စိတ် ဖြစ်နေခဲ့သော ရန်ကုန်မြို့တွင် ယနေ့နံနက်တွင်လည်း အရက်ချက်စက်ရုံ လုပ်သားများက တောင်းဆိုမှု ဖြစ်နေပြန်သည်။

ရွှေပြည်သာမြို့နယ် ဦးရွှေရိုးလမ်းရှိ Grand Royal မှ အလုပ်သမား ၁၀၀၀ ကျော်က လစာတိုးပေးရန်၊ အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်နှင့် အချိန်ပိုကြေးပေးရန် တောင်းဆိုထားသည်။

International Beverages Trading Co., Ltd. (IBTC) ကုမ္ပဏီ တာဝန်ရှိသူများက အရက်ချက်စက်ရုံ သို့သွားရောက်၍ ညှိနှိုင်းဖြေရှင်းလျှက်ရှိသည်ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဝန်ထမ်းတဦးက ဖြေကြားသည်။

Grand Royal စက်ရုံတွင် အလုပ်သမား ၁၅၀၀ ကျော် အလုပ်လုပ်နေကြောင်း သိရသည်။
။။။။။

4.5.10

အလုပ်သမားဆန္ဒပြမှုများကို ပြည်သူများအားပေး


(NEJ) ။ ။ ရန်ကုန်ရှိ စက်ရုံလုပ်သားများသာမက အခြားအလုပ်သမားများပါ အလုပ်ရှင်အပေါ် မကျေနပ်သည်များကို ဆန္ဒပြလာနိုင်ကြောင်း နေပြည်တော်အလုပ်သမားရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။၂၀၁၀ ပြည့်နှစ်အတွင်း အလုပ်သမားများ ဆန္ဒပြမှုစိပ်လာသည်ကို ရန်ကုန်လူထု အလွန်စိတ်ဝင်စားလာကာ ဆန္ဒပြအလုပ်သမားများဘက်မှ အားပေးလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
။။။။။

ဝန်ထမ်းလစာများ ထပ်တိုးမည်ဟု သတင်းထွက်


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ အစိုးရဝန်ထမ်းအားလုံး၏ လစာများကို ထပ်တိုးမြှင့် ပေးမည်ဟု သတင်းများထွက်နေကြောင်း ရန်ကုန်မြို့နေ အစိုးရ ဝန်ထမ်းများထံမှ သိရသည်။

ဧပြီလ လစာမှစတင်၍ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပေးရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဌာနအသီးသီး၏ လက်အောက်ခံ ဝန်ထမ်းများကို အရာရှိများက နှုတ်ဖြင့် ပြောဆိုထားမှုများရှိကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။
။။။။။

အန်အယ်လ်ဒီ ရှေ့လုပ်ငန်းစဉ်များလုပ်ဆောင်ရန် ဗဟိုဦးစီးအဖွဲ့ ဖွဲ့ပြီး


(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ဝင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည့် ဗဟိုဦးစီးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၂၀) ဦး၊ တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ (၁၀၀) ဦးနှင့် အရန်ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့အပါအ၀င် စုစုပေါင်း (၁၂၈) ဦး ပါဝင်သည်။

ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် အကျဉ်းကျနေသည့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်(၁) ဦးနှင့် ပြည်နယ်စည်းရုံးရေးအဖွဲ့ဝင် (၁) ဦးတို့ကိုလည်း ကြေညာချက်တွင် ထည့်သွင်းထားသည်။
။။။။။

ရွှေပြည်သာဆန္ဒပြပွဲ သဘောတူညီမှုရရှိ


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန် ရွှေပြည်သာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ ၃ ရုံတွင် လုပ်ခလစာ တိုးရေးနှင့် အခြားရပိုင်ခွင့်များအတွက် ယမန်နေ့တွင် အလုပ်သမားများ တောင်းဆိုဆန္ဒပြခဲ့ရာ အလုပ်ရှင်များက လိုက်လျောမှုများ ပြသဖြင့် ယနေ့တွင် လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြကြောင်း သိရသည်။

စက်မှုဇုန် ၃ ရှိ Grand Royal အရက်ချက်စက်ရုံ၊ စက်မှုဇုန် ၁ ရှိ Super Garment နှင့် ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံများတွင် လုပ်သားများ ဆန္ဒပြခဲ့ရာမှ ယမန်နေ့ နေလည်ပိုင်းတွင် လိုက်လျောမှုများ ရရှိသဖြင့် ပြန်လည်အလုပ်ဆင်းနေကြောင်း အလုပ်သမား အသိုင်းအဝိုင်းနှင့် ဒေသခံများက ပြောဆိုသည်။
။။။။။

5.3.10

ဥပဒေထောက်ကူ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး ပြန်လည်တာဝန်ယူ


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယမန်နေ့မှ စတင်၍ ပြန်လည်ထမ်းဆောင်ပြီဖြစ်သည်။
။။။။။

ကြံ့ဖွံ့ဦးရေ ရန်ကုန်လူဦးရေ ထက်ဝက်ကျော်ရှိ


ရန်ကုန်တိုင်းအတွင်း ကြံ့ဖွံ့အဖွဲ့ဝင်အရေအတွက်မှာ ရန်ကုန်လူဦးရေ၏ တ၀က်ကျော်လွန်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ အကြီးအကဲတဦးက ပြောသည်။လာမည့်ရွေးကောက်ပွဲအတွက် အသင်းသားများကို လိုက်၍စုဆောင်းနေခြင်းဖြစ်ရာ အသင်းဝင်အရေအတွက် ပိုများလာစေရန် ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်တဦး ပြောပြချက်အရ ယခုအသင်းဝင်စာရင်းမှာ မဲပေးရန်အတွက် စာရင်းအတည်ဖြစ်မည်ဟု သိရသည်။၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သူ အသက် (၄၀) နှစ်ခန့်အရွယ် လူလတ်ပိုင်းတဦးက ယခုကြံ့ဖွံ့အသင်းကို ၀င်နေသူများမှာ ယခင်က ၁၉၈၈ အရေးအခင်းတွင် ဆန္ဒပါဝင်ပြသခဲ့သူ အများစုဖြစ်ကြောင်း ပြောသည်။ရန်ကုန်ရှိ လူဦးရေ (၆) သန်းခန့်တွင် ရန်ကုန်တိုင်း ကြံ့ဖွံအသင်း၏ အသင်းသားဦးရေမှာ (၃) သန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ယင်းအသင်း၏ တရားဝင်စာရင်းများအရ သိရသည်။
(NEJ)
။။။။။

ဥရောပ ၄ နိုင်ငံ သံအမတ်များနှင့် ပဒမဖ တွေ့ဆုံ


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ပဒမဖ ဖြစ်မြောက်ရေး ကော်မတီဝင် ၄ ဦးကို ဥရောပနိုင်ငံ ၄ နိုင်ငံမှ သံအမတ်များက ရန်ကုန်ရှိ ဂျာမဏီသံရုံးတွင် ယနေ့ ခေါ်ယူတွေ့ဆုံခဲ့သည်။
“အဖွဲ့ရဲ့ ရပ်တည်ချက်ကို ပြောပြတယ်။ သူတို့က သိချင်တာတွေကို မေးတယ်။ ဖြေလို့ မရတဲ့ မေးခွန်းမျိုးတွေကို မေးတယ်။ ပြောလို့မရတဲ့ ဟာဆိုတာက အဖွဲ့ဝင်အင်အား ဘယ်လောက်ရှိလဲ။ ဒါက လက်တွေ့မကျဘူး။ ပါတီထောင်ခွင့် ဥပဒေတောင် မထွက်သေးဘူး။ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့ထားရတယ်။ ဒါတောင်မှ တရားဝင် မဟုတ်သေးဘူး။ ဒီအင်အားတွေ ဘယ်ရှိဦးမလဲ။ ဒီနေ့ တွေ့ဆုံပွဲကို ကျနော်တို့အနေနဲ့ အားမရဘူး” ဟု ပဒမဖ မှ ကော်မတီဝင် ဝါရင့် ရှမ်းအမျိုးသား နိုင်ငံရေးသမား ဦးရွှေအုံးက မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲ ဥပဒေမထွက်သေး၍ တရားဝင် မှတ်ပုံတင်ရခြင်း မရှိသေးသော ပဒမဖ အဖွဲ့မှ ကော်မတီဝင်များ ဖြစ်သည့် ဦးရွှေအုံး၊ ဦးသိန်းတင်အောင်၊ ဦးနေမျိုးဝေနှင့် ဦးကိုကိုကြီးတို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။
။။။။။

စစ်တပ် အကြမ်းဖက်ခံ မြန်မာအမျိုးသမီးများအရေး ဘန်ကီမွန်းထံ တင်ပြ


စစ်တပ်က မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးနိုင်ရန် အမျိုးသမီးနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ယမန်နေ့က တင်ပြလိုက်သည်။ယခုကဲ့သို့ အမျိုးသမီးများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများကို ဖော်ထုတ်တင်ပြနိုင်ရန် ၂၀၀၈ ခုနှစ်ကတည်းက အဖွဲ့ဝင်အမျိုးသမီး (၁၃) ဖွဲ့ အကူအညီဖြင့် အချက်အလက်များ စုဆောင်းရယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
(NEJ)
။။။။။

ကိုဖိုးဖြူ လွတ်လာပြီ


နယူးဒေလီ (မဇ္ဈိမ)။ ။ လယ်သိမ်းခံရသည့် တောင်သူများကို ကူညီပေးနေသူအတွက် အမှုလိုက်ပေးရင်း ထောင်ကျခံခဲ့ရသော ရှေ့နေ ကိုဖိုးဖြူမှာ ယနေ့တွင် သရက်ထောင်မှ လွတ်မြောက်လာပြီဖြစ်သည်။

ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရသည့် အတိုက်အခံ ရှေ့နေကို နေပြည်တော် တရားရုံးချုပ်က ယခုလ ၁ ရက်နေ့တွင် ပြစ်ဒဏ်လျှော့ပေးအပြီး ၄ ရက်အကြာ သောကြာနေ့နေ့လည်ပိုင်းတွင် လွှတ်ပေးတာဖြစ်သည်။
။။။။။

ပြည်သူ့စစ်မလုပ်လို၍ မွန်ပြည်သစ်လက်အောက်သို့ ရွှေ့ပြောင်း


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက ပြည်သူ့စစ်လုပ်ရန် ဖိအားပေးမှုများရှိသဖြင့် မွန် ၁ဝဝ ခန့်သည် အပစ်ခတ်ရပ် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေအောက်သို့ ဝင်ရောက်ခိုလှုံလာခဲ့သည်ဟု မွန်ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

“နယ်မြေ နအဖ စစ်တပ်က ပြည်သူ့စစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်တဲ့ လူတွေက တလကို လစဉ်ကြေး ၇ ထောင်စီပေးရမယ်။ အဲဒါသူတို့မခံနိုင်တော့ ပြေးလာကြတာ” ဟု မွန်ကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ကိုဇော်မင်းဦးက မဇ္ဈိမကိုပြေသည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မွန်ပြည်သစ်ပါတီနယ်မြေ ထားဝယ်ခရိုင် အဒေသ တွင်းသို့ ယနေ့ချိန်ထိ တဖွဲဖွဲ လာရောက်ခိုလှုံကြခြင်းဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
။။။။။

ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု


ချင်းမိုင် (မဇ္ဈိမ)။ ။ ကွန်ပြူတာစက်ဖြင့် ဖတ်၍ စစ်ဆေးနိုင်သော ဘားကုဒ်စနစ်ပါ နိုင်ငံကူး လက်မှတ်သစ်များ ထုတ်ပေးမည့် အစီအစဉ်ကြောင့် နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ပေးခြင်းတို့ကို ဧပြီတလလုံး ရပ်ဆိုင်းထားမှာဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
။။။။။

Sunday, February 28, 2010

8-2010

22-2-10

ဗဟိုဦးစီးအဖွဲ့ရွေးချယ်ရေး အန်အယ်ဒီဗဟိုစတင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များကို စီစစ်ရွေးချယ်ရေး လုပ်ငန်းများ အဖွဲ့ချုပ် ရုံးချုပ်၌ ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဗဟိုအလုပ်မှူဆောင်အဖွဲ့ CEC အစည်းအဝေးကျင်းပ ရွေးချယ်ကြခြင်းဖြစ်ပြီး ယနေ့ ပြီးပြတ်ခြင်း မရှိသော် လည်း လာမည့်အပတ် တနင်္လာနေ့တွင် အတည်ပြုနိုင်ဘွယ်ရှိကြောင်း အန်အယ်ဒီက ပြောသည်။
။။။။။။

ဘိန်းကုန်ကူးသူများ ပစ်ခတ်၍ ဒဏ်ရာရသူ ရဲ ၂ ဦး ရန်ကုန်ပို့

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘိန်းရာဇာအဖွဲ့က ခြုံခိုတိုက်ခိုက်ခံ၍ ဒဏ်ရာရရှိသော ရဲ ၂ ဦးကို ယနေ့နေ့လည်တွင် တာချီလိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်သည်။

ယခုလ ၂ဝ ရက်နေ့တွင် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံဆုံရာ ရွှေတြိဂံဒေသ၌ လှည့်လည်လှုပ်ရှားနေသော နော်ခမ်း၏ ဘိန်းအဖွဲ့က ပုံမှန်ကင်းလှည့်မှု ပြုလုပ်နေသော တာချီလိတ်ခရိုင် ဝမ်ပုံမြို့နယ်ရဲစခန်းမှ ရဲများနှင့် မူးယစ် အထူးတပ်ဖွဲ့မှ ရဲများကို တိုက်ခိုက်ရာ ၁၄ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးပြီး ၂ ဦး ဒဏ်ရာရ လွတ်မြောက်လာခဲ့သည်။

သေနတ်ကျည်ဆံ ကိုယ်ထဲတွင် ရှိနေသော ဒုရဲအပ်စိန်လှိုင်နှင့် လက်နှင့်ခြေထောက်တွင် ဒဏ်ရာရထားသော တပ်သားကီးမူတို့ကို မြန်မာ့လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရသည်။
။။။။။

ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ပြည်တွင်းရှိ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၂ဝ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။

အကျယ်ချုပ်မှ ၆ နှစ်ကြာ ကျခံရပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာသည့် NLD ဒုဥက္ကဋ္ဌကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ နေအိမ်၌ ၎င်းတို့က အခမ်းအနားတရပ် ကျင်းပကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
။။။။။

23.2.10

အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမ လျာထားချက်
အောင်မြင်စွာပြီးစီး


(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့များမှ တင်သွင်းသည့် အဖွဲ့ချုပ်ဝင်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့၌ ပြန်လည်စိစစ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် အန်အယ်လ်ဒီက ထုတ်ပြန်ထားသည့် ကြေညာချက်ပါ မူ (၅) ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းများက ရွေးချယ်အဆိုပြုမှုများကို စိစစ်ခြင်းဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ပေးသည့် မူများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောသည်။ယမန်နေ့အစည်းဝေးတွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ကို ပါတီဖွဲ့စည်းပုံလမ်းညွှန်တွင် ပါရှိသည့်အတိုင်း အဖွဲ့ဝင်ဦးရေ (၉၀) မှ (၁၂၀) အတွင်း လုပ်ငန်းအတွက် လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
။။။။။။

နိုင်ငံရေး အကျဉ်းသား ၆ ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန် အင်းစိန်ထောင်တွင်း အကျဉ်းသား အခွင့်အရေး ရရှိရန် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယမန်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ဦးဆောင်ပြီး၊ ရန်ကုန်တိုင်း တာမွေမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုကျော်မျိုးနိုင်၊ ကိုညီညီအောင် (မုံရွာ)၊ ကိုနေမိုးအောင် (မုံရွာ)၊ ရခိုင်ကျောင်းသားလူငယ်များ အမှုတွဲမှ ကိုအောင်နိုင်မြင့်နှင့် ကိုအောင်နိုင်တို့က ထောင်တွင်း အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန် အပါအဝင် အကျဉ်းသား အခွင့်အရေးများကို ထောင်အာဏာပိုင်များထံ အစာငတ်ခံ တောင်းဆိုနေကြသည်။
။။။။။။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ

(NEJ) ။ ။ ယခုနှစ် သုတစွယ်စုံစာပေဆုတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကို ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း စစ်အစိုးရပိုင်သတင်းစာတွင် ဖော်ပြသည်။

ယင်းစာအုပ်ကို တက္ကသိုလ်စိန်တင် ရေးသားခြင်းဖြစ်ပြီး သုတစွယ်စုံစာပေဆု ပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည်ဟု သိရသည်။ယခုနှစ်ပေးသည့် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်အတွက် တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်း၊ စာပဒေသာဘာသာရပ်အတွက် ကိုကို(စက်မှုတက္ကသိုလ်) ၏ အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ၊ လူမှုစီးပွားဘာသာရပ်အတွက် ဒေါက်တာချစ်၏ လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ၊ ဘာသာပြန်ဘာသာရပ်အတွက် ကြည်မင်း၏ ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း၊ ရည်ညွှန်းစာပေဘာသာရပ်အတွက် ကျော်ဝင်း၏ စာအုပ်များဖြင့်နှစ်ပေါင်းများစွာ၊ လူငယ်စာပေဘာသာရပ်အတွက် ပါမောက္ခ ဒေါက်တာတင်စိုး၏ ဘာလဲဟဲ့ဒေါက်တာဘွဲ့၊ နိုင်ငံတကာရေးရာဘာသာရပ်အတွက် ရဲထွဋ်၏ သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန်၊ အသုံးချသိပ္ပံဘာသာရပ်အတွက် ဒေါက်တာစိုးလွင်၏ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ တို့ဖြစ်ကြကာ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
။။။။။။

ငြိမ်းချမ်းရေး မနောပွဲတော် KIO ကျင်းပ


ရွှေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် အပစ်ရပ် ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နင်ဂွန်ထင်ရန် မနောပွဲတော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယနေ့မှစ၍ ၄ ရက်ကြာ ကျင်းပနေပြီဖြစ်သည်။

မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာရှိ KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နယ်မြေ၌ နင်ဂွန်ထင်ရန် မနောပွဲကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်းနှင့် ပွဲတော်သို့ ဧည့်ပရိသတ် ၄ သောင်းကျော် တက်ရောက်လာဖွယ်ရှိကြောင်း ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီက ပြောဆိုခြင်း ဖြစ်သည်။
။။။။။။

24.2.10

သတ္တမ အကြိမ်မြောက် မြန်မာ့မီဒီယာ ညီလာခံကျင်းပ

(NEJ) ။ ။ မြန်မာသတင်းစာဆရာများ အပါအ၀င် စာပေနယ်ပယ်၊ လူထုဆက်သွယ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ သတင်းသမဂ္ဂက ကြီးမှူးပြီး သတ္တမအကြိမ်မြောက် မြန်မာ့မီဒီယာညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင် ကျင်းပသည်။

မြန်မာစစ်အစိုးရက ယခုနှစ် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ရေး၊ အွန်လိုင်း လုံခြုံရေးတို့ အပါအ၀င် မြန်မာသတင်းကဏ္ဍ အခြေအနေများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ သတင်းစာဆရာများနှင့် ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်းတို့က ဦးဆောင်ဆွေးနွေးကြသည်။
။။။။။။

အန်အယ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်စု အားရကျေနပ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC ဖွဲ့စည်းသည့်အပေါ် အားရကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မကြာမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သူ ဦးတင်ဦးကိုလည်း လွတ်လာသည်နှင့် ပါတီတာဝန်များကို အချိန်မဆိုင်း ထမ်းဆောင်သောကြောင့် ကျေးဇူးတင်ရှိကြောင်းလည်း ဒီမိုကရေစီ ခေါင်းဆောင်က ပြောသည်။

နေအိမ်ပြင်ဆင်မှုကိစ္စအတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်းတို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီကြာ ယနေ့ တွေ့ဆုံစဉ် ယင်းသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။
။။။။။

ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန်


(NEJ) ။ ။ ထိုင်းနိုင်ငံတွင်း လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ် ကန့်သတ်မှုလုပ်ရပ်များကို တင်ပြထားသည့် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်လိုက်သည်။

“ကျားလွတ်ရာမှ မိကျောင်းအန္တရာယ်တွင်းသို့” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား (၈၂) ဦး၏ အဖြစ်အပျက်ကို အခြေခံရေးသားထားပြီး ဖေဖော်ဝါရီ (၂၂) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် သတ်ဖြတ်ခံရခြင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ရိုက်နှက်ညှဉ်းဆဲခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ ကန့်သတ်တားမြစ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
။။။။။။

ဆန္ဒပြ မြန်မာဒုက္ခသည် ၁၀၆ ဦး လွှတ်ပေး


နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံရှိ လန်ဂျန်း (Lang Geng) ထိန်းသိမ်းရေး စခန်းမှ မြန်မာဒုက္ခသည် ၁၀၆ ဦးအား လွှတ်ပေးရန်အတွက် ယမန်နေ့ နံနက်တွင် UNHCR ကုလဒုက္ခသည်ရုံးက လာရောက် ခေါ်ဆောင်သွားကြောင်း ဒုက္ခသည်များ အဆိုအရ သိရသည်။

၂ လတိုင်အောင် UNHCR အရာရှိများ မလာရောက်သဖြင့် ယခုလ ၂၂ ရက်နေ့တွင် မြန်မာဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ရာ စခန်းအာဏာပိုင်များက ကတိပေးပြီး နောက်တရက်တွင် UNHCR က အင်တာဗျူး အောင်ပြီးသူ ဒုက္ခသည် ၃ဝဝ အနက် ၁ဝ၆ ဦးအား ပြန်လွှတ်ပေးရန် ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံ အနောက်တောင်ဘက် နီဂီရီ ဆမ်ပီလန် (Negeri Sempilan) ပြည်နယ်အတွင်း တည်ရှိသည့် လန်ဂျန်း (Lang Geng) ဒုက္ခစခန်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဒုက္ခသည် ၆ဝဝ ကျော်အပါအဝင် အာဖရိက၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနှင့် ပါကစ္စတန် နိုင်ငံများမှ ဒုက္ခသည် စုစုပေါင်း ၁၄ဝဝ ကျော် ရှိနေသည်။
။။။။။။။။။။။။။။။။။
25.2.10

ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ထားမှုကို ပြစ်ဒဏ် ပြင်ဆင်မှု တင်သွင်းထားခြင်း အပေါ် မနက်ဖြန်တွင် ဗဟိုတရားရုံးချုပ်က အမိန့်ချမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။
။။။။။

ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်

(NEJ) ။ ။ စစ်အစိုးရက ယခု ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ရှေ့တိုးဝင်ရောက် စွက်ဖက်လာခြင်း မဟုတ်ဘဲ နောက်တလှမ်းဆုတ်ခြင်းသာဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်။
။။။။။

စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး

နယူးဒေလီ (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်းကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်ကျောင်းသားအဖွဲ့ အဆိုအရ သိရသည်။

နံနက် ၉ နာရီခန့်တွင် ဖာပွန်ခရိုင် ခေးပူကျေးနယ် တူထားရွာရှိ မူလတန်းကျောင်းသို့ နည်းဗျူဟာတပ်ဖွဲ့ စကခ ၂၁၊ ခြေမြန်တပ်ရင်း ခမရ ၃၈၇ တို့က လက်နက်ကြီး ကျည် ၁ လုံးဖြင့် ပစ်ခတ်လိုက်သဖြင့် ကလေးငယ် ၃ ဦး ဒဏ်ရာ ရရှိပြီးနောက် ၂၁ ရက်နေ့တွင် တဦး သေဆုံးသွားကြောင်း သိရခြင်း ဖြစ်သည်။
။။။။။။

ဝခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည်


(NEJ) ။ ။ နအဖ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား အကြိမ်ကြိမ်ငြင်းပယ်နေသည့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တွေ့ဆုံရန် ယနေ့နံနက် ဗဟိုဌာနချုပ် ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့နံနက်မှ ထွက်ခွာသွားသည် ဖြစ်၍ တန့်ယန်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ လုပ်ဖြစ်မည်မဟုတ်ဘဲ မနက်ဖြန်မှသာ လုပ်မည် ဖြစ်ကြောင်း ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
။။။။။

ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု


ချင်းမိုင် (မဇ္ဈိမ)။ ။ ပါတီဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင် ဦးရေ ၁ဝဝ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC က ယနေ့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပေးပို့သည့် ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို CEC အဖွဲ့က ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများ ဖြစ်စေရန် ယခုလ ၂၂ ရက်နေ့မှ စတင်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါ CC အဖွဲ့ဝင် အမည်စာရင်းများကို ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ မနက်ဖြန်တွင် ပို့ပေးပြီး အတည်ပြုချက် ရယူပြီးနောက် လာမည့်လ ပထမပတ်တွင် အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မည်ဟု အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
။။။။။။

26.2.10

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ဗဟိုတရားရုံးချုပ်မှ ပယ်ချ

(NEJ) ။ ။ နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
။။။။။

မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ


(NEJ) ။ ။ မြန်မာစာပေနယ်ပယ်မှ ကာတွန်းဆရာများသည် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရကြောင်း ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက စာတမ်းကို ယနေ့ ဖတ်ကြားတင်သွင်းသည်။

မြန်မာသတင်းသမဂ္ဂက ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ မီဒီယာညီလာခံတွင် စာပေ၊ ကာတွန်းနှင့် ကဗျာ အကြောင်း စာတမ်း (၃) စောင်ဖတ်ကြားတင်သွင်းရာ၌ ပါဝင် ဖတ်ကြားခြင်း ဖြစ်သည်။

မြန်မာ ကာတွန်းဆရာများအနေဖြင့် အစိုးရ၏ ဆင်ဆာရှစ်၊ သက်ဆိုင်ရာ မဂ္ဂဇင်းတိုက် အယ်ဒီတာများ၏ ဆင်ဆာတည်းဖြတ်မှု အပြင် နောက်ဆုံး ထိုသို့ တင်းကျပ်လာသည့် ဆင်ဆာရှစ် (၂) ခုကို ကျော်လွန်ရန်အတွက် ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုများ ရှိလာရခြင်းကြောင့် ကာတွန်းဆရာ တယောက်အနေဖြင့် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရသည်ဟု ဆရာ ရဲခေါင် မဲမောင်က ပြောကြားသည်။
။။။။။