Sunday, January 11, 2009

သတင်း မှတ်စု ( ၂ )

တပတ်အတွင်း သတင်း မှတ်စု
ဇန်န၀ါရီလ ၄ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


စစ်အစိုးရ ဆန့်ကျင်ရေး လက်ကမ်းကြော်ငြာ

ဇန်နဝါရီလ ၄ရက်၊ လွတ်လပ်ရေးနေ့ မနက်မှာ မြစ်ငယ်မြို့ပေါ် အစိုးရရုံးတွေနားနဲ့ မြို့လယ် ဈေးတဝိုက် လမ်းဘေးသစ်ပင်တွေ ဓါတ်တိုင်တွေပေါ်မှာ ပိုစတာတွေကပ်ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လက်ကမ်းကြော်ငြာ အသေးလေးတွေ လမ်းမပေါ်မှာ ကြဲဖြန့်တဲ့ လှုပ်ရှားမှု တွေရှိတယ်။
မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဟု မသိရပေမဲ့ စာရွက်ပေါ်မှာ free Burma federation
ရေးသားထားသည်ဟု သိရပါသည်။
( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ်)
*****

ပထမဆုံးအကြိမ် သိန်းတစ်ထောင်ကံထူးရှင်အဖြစ် စစ်ကိုင်းမြို့ သား ဆွတ်ခူး

အကြိမ် ၂၄ဝ မြောက် အောင်ဘာလေထီဖွင့်ပွဲကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲရုံး၌ ကျင်းပခဲ့သည်။ နံနက် ၉ နာရီခွဲအချိန်ခန့်၌ အ.ထ.က (၁) ကြည့်မြင်တိုင်၊ အ.လ. က (၄) ကြည့်မြင်တိုင်နှင့် အ.မ.က (၆) ကြည့်မြင်တိုင် စသော အခြေခံပညာကျောင်း သူကလေးငယ်များ မြန်မာနိုင်ငံ၏ အမြင့်ဆုံး အောင်ဘာ လေထီဆုကြေးငွေ သိန်းတစ်ထောင် ထီဆုအား ထီဆိုင်လုပ်ငန်း ရှင်များနှင့် အောင်ဘာလေ သိန်း ဆုဌာနခွဲမှ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ စတင် ဖွင့်လှစ်ခဲ့ရာ ပထမဆုံးအကြိမ် အမြင့်ဆုံး သိန်း တစ်ထောင်ဆုကြီးအား ပ-၄၉၆၇၁၅ အောင်ဘာလေထီ လက်မှတ်ဖြင့် ရတနာသိန်းထိုက် အောင်ထီဆိုင်မှ ဆွတ်ခူးရရှိခဲ့ပြီ၊ ဒုတိယ အမြင့်ဆုံး ဆုကြေးငွေသိန်း ငါးရာ၊ အောင်ဘာလေထီဆုအား က-၂၄၈၆၅၉ ထီလက်မှတ်ဖြင့် မင်္ဂလာရွှေမောင်းထီဆိုင်မှ ဆွတ်ခူးပေးနိုင်ခဲ့သည်။
အဆိုပါ ရတနာသိန်းထိုက်အောင် ထီဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးအောင်စောနိုင် (မန္တလေး) က ''ကျွန်တော်တို့ဆိုင်က နှစ်သစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဦး ဆုံး သိန်း တစ်ထောင်ဆုမဲကို ပွဲဦးထွက် ဆွတ် ခူးပေးနိုင်ခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ အခု သိန်းတစ်ထောင်ဆု ကံထူးတဲ့ ကံထူးရှင် ကိုလည်း ကျွန်တော်တို့က မန္တလေး မြို့မှာ ဇန်နဝါရီလ ၂ ရက်နေ့က ဂုဏ်ပြုပွဲ လုပ်ပြီး ချီးမြှင့်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
သိန်းတစ်ထောင်ဆု ကံထူးရှင်ဖြစ်သူ စစ်ကိုင်းတိုင်း သန့်စင်မြို့၊ လမ်းဆုံရပ်နေ ကိုကျော်ဇင် ဝင်းကလည်း ''ကျွန်တော် အခုလို သိန်းတစ်ထောင်ဆု ပေါက်တဲ့အတွက် မယုံနိုင်လောက်အောင် ကို ဝမ်းသာမိပါတယ်။ အများကြီးလည်း ထီထိုးထားတာမဟုတ်ပါဘူး။ မင်္ဂလာစုံတွဲ အစောင် နှစ်တွဲပဲ ထိုးတာပါ။ ဆက်ပြီးတော့လည်း အောင်ဘာလေထီကို ကံစမ်းသွားပါ မယ်'' ဟု ပြောကြားခဲ့သည်။
(ပေါ်ပြူလာ ဂျာနယ်)
*****

အမေရိကန် ပါမောက္ခတဦးနှင့် ဇနီးသည်အား ပြည်ဝင်ခွင့် ငြင်းပယ်

မြန်မာပြည်ကို သွားရောက်ခဲ့သော အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ်မှ ပါမောက္ခနှင့် ၎င်း၏ ဇနီးသည်တို့ကို မြန်မာစစ်အစိုးရက ပြည်ဝင်ခွင့် မပေးသောကြောင့် ရန်ကုန် လေဆိပ်ကနေ ပြန်လှည်ထွက်ခွာ သွားရသည်။ ပါမောက္ခ အဲရစ် စတိုဗာသည် ရန်ကုန်မြို့ အမေရိကန်စင်တာတွင် ပြုလုပ်မည့် ဆေးပညာဆိုင်ရာ ကျင့်ဝတ် အမည်ရသော လက်တွေ့ဆွေးနွေးပွဲကို တက်ရောက်ခြင်း ဖြစ်သည်။ သို့သော် ဇနီးသည် မြန်မာစစ်အစိုးရ၏ နာမည်ပျက် စာရင်းတွင် ပါရှိနေသဖြင့် ၀င်ခွင့်မပြုသောကြောင့် သူတို့ ဇနီးမောင်နှံသည် ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာသွားကြသည်။
( rfa.org, အာအက်ဖ်အေသတင်းမှ ကောက်နှုတ်)
**** **** ****

ဇန်န၀ါရီလ ၅ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း



စင်ပြိုင်အစိုးရဖွဲ့ရေး အရှုပ်တော်ပုံ
အန်စီယူဘီ အကွဲအပြဲသရုပ်ပေါ်လွင်

NEJ/ ၅ ဇန်န၀ါရီ ၂၀၀၉

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) မှ အမျိုးသားညီညွတ်ရေးအစိုးရ ခေါ် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းမည်ဆိုသည့် ကြေညာချက်ကို လူတစုက ထုတ်ပြန်ခြင်းသာဖြစ်ပြီး ခေါင်းဆောင် ပိုင်းနှင့် တိုင်ပင်ခဲ့ခြင်းမရှိဟု အန်စီယူဘီ ဒု-ဥက္ကဋ္ဌတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အန်စီယူဘီအနေဖြင့် သီးသန့်စင်ပြိုင်အစိုးရ ဖွဲ့မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး မိမိကိုယ်တိုင် မသိပါကြောင်းနှင့် လူ (၂) ဦး (၃) ဦးက ၎င်းတို့သဘောနှင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အန်စီယူဘီ သဘာပတိအဖွဲ့ဝင်လည်းဖြစ်၊ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ ခွန်မာကိုဘန်းက ခေတ်ပြိုင်နှင့် ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ သို့သော် စင်ပြိုင်အစိုးရဖွဲ့လိုသည့် အန်စီယူဘီတပ်ပေါင်းစုမှ လူတစု မည်သူတွေဆိုသည်ကိုမူ ခွန်မာကိုဘန်းက ရှင်းရှင်းလင်းလင်း ပြောဆိုသွားခြင်းမရှိပေ။

အန်စီယူဘီက စင်ပြိုင်အစိုးရသစ် ထူထောင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) နှင့် အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) စသည့်အဖွဲ့များနှင့် မတိုင်ပင်ဘဲ တဖက်သတ် ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ကြောင့် အန်စီယူဘီ၏ အမျိုးသားညီညွတ်ရေး စင်ပြိုင်အစိုးရကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု ခွန်မာကိုဘန်းက ဝေဖန်ထားသည်။

အန်စီယူဘီက စင်ပြိုင်အစိုးရသစ်ဖွဲ့မည်ဟု မကြာခင်က ကြေညာချက်ထုတ်သည်။ လွှတ်တော်ကိုယ်စား လှယ်များသမဂ္ဂ (အမ်ပီယူ ) ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းကမူ ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအား တိုးချဲ့ဖွဲ့စည်းရေးကို အန်စီယူဘီက စင်ပြိုင်အစိုးရသစ် ဖွဲ့တော့မယောင် လွဲမှားထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြောသည်။ အန်စီယူဘီ ဒု-ဥက္ကဋ္ဌ ခွန်မာကိုဘန်းကလည်း အန်စီယူဘီ စင်ပြိုင်အစိုးရဖွဲ့ရေးကိစ္စကို ခေါင်းဆောင်ပိုင်းနှင့် မတိုင်ပင်ဘဲ လူတစုက ထုတ်ပြန်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ လက်ရှိစင်ပြိုင်အစိုးရ ခေါင်းဆောင် ဒေါက်တာစိန်ဝင်းကလည်း အန်စီယူဘီက စင်ပြိုင်အစိုးရဖွဲ့မည်ကို မသိပါကြောင်း ငြင်းဆိုသည်။

ထို့ကြောင့် စင်ပြိုင်အစိုးရဖွဲ့စည်းရေး အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏ ပြောကြားချက်မှန်သည်ဟု အတိအကျ မသိရသော်လည်း သေချာသည့်အချက်မှာ အန်စီယူဘီ တပ်ပေါင်းစု ခေါင်းဆောင်ပိုင်းအတွင်း အက်ကြောင်းထင်နေသည့်ပြင် အန်စီယူဘီ၊ အမ်ပီယူနှင့် ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကြား အကွဲအပြဲကို ထုတ်ဖော်လိုက်သလိုရှိသည်ဟု ရန်ကုန် နိုင်ငံရေးသမားအချို့က နားလည်နေကြသည်။

စင်ပြိုင်အစိုးရ အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့များ၊ တပ်ပေါင်းစုများက တယောက်တပေါက် ပြောဆိုနေသော်လည်း ထိုစင်ပြိုင်အစိုးရသစ်ကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဖွဲ့နိုင်မည် မဖွဲ့နိုင်မည်။ အဆိုပါစင်ပြိုင်အစိုးရက စစ်အစိုးရ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် မည်သို့ဟန့်တားမည် စသည့်အချက်များ ကို မည်သူမျှ ခိုင်ခိုင်မာမာ မပြောနိုင်ဖြစ်နေသည်ကို တွေ့ရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း
မင်းနိုင်သူ/ ၅ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦး စမ်းချောင်းမြို့နယ်အတွင်း ဆန္ဒပြမှုသည် (အန်အယ်လ်ဒီ) ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့်ဟု ပြည်တွင်းဂျာနယ်အချို့တွင် စွပ်စွဲထားချက်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မလိုကြောင်းနှင့် ၂၀၀၉ ခုနှစ်အတွင်း အလားတူ ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ် )
*****

လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့ နှိုးဆော်စာများ ရန်ကုန်မှာကြဲ
မြင့်မိုးဇော်/ ၅ ဇန်န၀ါရီ ၂၀၀၉*


ဒီဇင်ဘာ (၃၁) ရက်နေ့  ညအချိန်၌် လှည်းတန်းပတ်ဝန်းကျင်တ၀ိုက်တွင် “ပြည်သူတို့ရဲ့ လွတ်လပ်ရေး မရသေးသမို့ ဆက်ကာတိုက်ပွဲဝင်ကြစို့” ဆိုသည့် စာတန်းပါ စာရွက်များအား နေရာအနှံ့အပြားတွင် လိုက်လံကပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ်တ၀ိုက်နှင့် (ဇ၀န) သုဝဏ္ဏမြို့နယ်တ၀ိုက်တွင်လည်း ထိုစာများအား အများအပြားကပ်ထားသည်ကို တွေ့ရသည်။ အဆိုပါစာများကို မည်သည့် အဖွဲ့အစည်းက ဖြန့်ဝေသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ် )
*****

UWSA က အုပ်ချုပ်ရေးနယ်မြေကို အမည်ပြောင်း
ကိုဝိုင်း
တနင်္လာနေ့၊ ဇန်နဝါရီလ 05 2009 17:26 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီက သူတို့၏ အုပ်ချုပ်ရေးနယ်မြေကို မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၂) အမည်အစား မြန်မာနိုင်ငံတော် ဝ' ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေးဒေသ အဖြစ် ယခုလ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။

အုပ်ချုပ်ရေးနယ်မြေကို ယခုလို အမည်အသစ်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်းကို မြန်မာစစ်အစိုးရထံ အကြောင်းကြားပြီးဖြစ်ကြောင်း အနီးကပ် လေ့လာစောင့်ကြည့်နေသူများ အဆိုအရ သိရခြင်းဖြစ်သည်။

"စာတင်တာ မဟုတ်ဘူးနော်။ သူတို့က အကြောင်းကြားတာ။ ခွင့်ပြုချက်တောင်းတာ မဟုတ်ဘူး။ ကျုပ်တို့ ဒီလိုလုပ်မယ်ဆိုတာကို အကြောင်းကြားတာ။ အခုက နာမည်ပြောင်းခေါ်မှာ၊ မြန်မာနိုင်ငံတော် ဝ' ပြည်နယ် အစိုးရ အထူးအုပ်ချုပ်ရေး ဒေသဆိုပြီး'' ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာနေသူ ဦးအောင်ကျော်ဇောက ပြောသည်။

သူက ဆက်ပြီး ''ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီက မပြောင်းပါဘူး။ ဒေသဆိုင်ရာ အုပ်ချုပ်မှုကို နာမည်ပြောင်းပြီးတော့ သုံးမှာ။ seal (တံဆိပ်) တွေ ဘာတွေလည်း အကုန် ရိုက်ပြီးသွားပြီ။ သက်ဆိုင်ရာ ဒေသတွေမှာလည်း နာမည်ပြောင်းလုပ်ထားတဲ့ ဆိုင်းဘုတ်တွေ ဘာတွေ လုပ်ပြီးသွားပြီ" ဟု ပြောသည်။

ရှမ်းပြည်နယ်အရေး အထူးပြု ဖော်ပြလေ့ရှိသော ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ဖြစ်သူ ဦးစိန်ကြည်ကလည်း အဆိုပါ သတင်းကို ကြားသိရကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ် )
*****


စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ကန့်ကွက်

( မဇ္ဈိမသတင်းမှ ကောက်နှုတ် )

*****

တပ်ရိက္ခာ စပါး လယ်သမား မကိုက်

မျိုးကြီး
တနင်္လာနေ့၊ ဇန်နဝါရီလ 05 2009 17:56 - မြန်မာစံတော်ချိန်

ရွှေလီ (မဇ္ဈိမ)။ ။ ဆန်စပါးဈေးနှုန်းများ ကျဆင်းနေချိန်တွင် ပေါက်ဈေးအတိုင်း မဖြစ်မနေ ရောင်းခိုင်းသဖြင့် ကချင်ပြည်နယ် စပါးအထွက်ကောင်းသည့် ဒေသရှိ လယ်သမားများ နစ်နာဆုံးရှုံးနေရသည်။

၂၀၀၈ ခုနှစ် မိုးစပါးရာသီအတွက် တပ်ရိက္ခာစပါး ၀ယ်ယူရေး အ၀ယ်ဒိုင်များက ဒီဇင်ဘာလ ၂၀ ရက်မှစတင်ကာ ကချင်ပြည်နယ်ရှိ စပါးအထွက်နှုန်းကောင်းသည့် အင်းတော်ကြီး၊ မိုးညှင်း၊ နမ္မားမြို့များ အပါအ၀င် မြို့နယ် ၁၂ မြို့နယ်တွင် ယခင်နှစ်များက တပ်ရိက္ခာစပါး ဈေးနှုန်းအတိုင်း ၀ယ်ယူခြင်းမပြုဘဲ ကျဆင်းနေသည့် ပြင်ပ စပါးပေါက်ဈေးအတိုင်း ၀ယ်သဖြင့် လယ်သမားများ နစ်နာနေခြင်းဖြစ်သည်။

''ဒိုင်အဖွဲ့တွေက ခါတိုင်းနှစ်တွေလို လယ်သမားတွေဆီက ဒိုင်ဖွင့်ပြီး မ၀ယ်တော့ဘဲ ကုန်သည်တွေလို အပြင်မှာ အပြင်ပေါက်ဈေးနဲ့ပဲ ၀ယ်လိုက်ကြတယ်။ စပါးကလည်း ၀ယ်မယ့်သူမရှိ၊ ဈေးနှုန်းကလည်း ကျနေတဲ့ အချိန်ဆိုတော့ သူတို့က ဒီလို ၀ယ်နေတော့ ပိုပြီးနစ်နာရတာပေါ့'' ဟု မြစ်ကြီးနား ဒေသခံ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ် )
*****

မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီ တောင်တန်းဒေသနှင့် တရုတ်နိုင်ငံရှိ လန်ဂူလ ရေခဲမြစ်ပြင်ဒေသတို့သည် အာရှ၏ပင်မရေဝေ ရေလဲဒေသများအဖြစ် တည်ရှိသဖြင့် ပင်မရေအရင်းအမြစ်ထိန်းသိမ်းနိုင်မှု အရေးပါလာ

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ တောင်တန်းဒေသနှင့် တရုတ်နိုင်ငံ တိဘက်ဒေသရှိ လန်ဂူလရေခဲမြစ် ပြင်ဒေသတို့သည် အာရှတိုက်၏ အရေးကြီးဆုံး ရေဝေရေလဲ ဒေသအဖြစ် တည်ရှိနေသဖြင့် အဆိုပါဒေသများ ၏ ရေအရင်းအမြစ် ထိန်းသိမ်းစောင့် ရှောက်နိုင်မှုအပိုင်းသည် လာမည့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာနှင့်အ၀န်းကြုံ တွေ့ကြရမည့် ရေအရင်းအမြစ်လျော့ ပါးလာခြင်း ပြဿနာအတွက် အရေးပါသော အဖြေတစ်ခု ဖြစ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ လေ့လာသူများက သုံးသပ်ပြောကြားပါသည်။

''လာမယ့် ၂၀၁၅ ခုနှစ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့နောက်ဆက် တွဲတစ်ခုအဖြစ် ရာသီဥတုအကြီး အကျယ်ပြောင်းလဲခြင်းအပြင် ကမ္ဘာ့ ရေအရင်းအမြစ်တွေ တည်ရာနေရာ တွေဖြစ်တဲ့ ရေဝေရေလဲဒေသတွေနဲ့ ရေခဲပြင်ဒေသတွေမှာ ရေခဲတွေအရည် ပျော်ပြီးတော့ ရေအရင်းအမြစ်တွေ လျော့ကျသွားတာမျိုး၊ ရေဝေရေလဲ ဒေသတွေမှာ သစ်တောသစ်ပင်တွေ လျော့ပါးသွားပြီးတော့ကုန်းခေါင်ခေါင် ဖြစ်သွားမယ်ဆိုရင် ဒီဒေသကိုအမှီပြု ထားတဲ့ ရေစီးဆင်းမှုနဲ့ ရူပပထ၀ီတွေ ပျက်သွားမှာဖြစ်တဲ့အတွက် ဒီဒေသ ရဲ့မြစ်ဖျားခံစီးဆင်းတဲ့ မြစ်တွေရဲ့ စီးဆင်းမှုနဲ့ ရေရဲ့ထုထည်ပမာဏပါ လျော့ပါးသွားမယ့် အနေအထားတွေ ရှိပါတယ်''ဟုကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာနေသူတစ်ဦးက ဆိုပါသည်။
( weekly eleven ဂျာနယ်မှ ကောက်နှုတ်)
*****

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး နှစ်တွင် ဧပြီလမှဒီဇင်ဘာလအထိ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၈၅၀၀ ကျော်ရရှိ ၊ပို့ကုန်ပိုင်းတွင် ပုံမှန်ကုန်သွယ်ရေး၌ ယခင်နှစ်ထက် ၁၄ ဒသမ ၃၀ ရာခိုင်နှုန်းတိုးတက်ပြီး နယ်စပ်ကုန်သွယ်ရေးတွင် ၂ ဒသမ ၈၈ ရာခိုင်နှုန်း ကျဆင်း

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် တွင် ဧပြီလမှ ဒီဇင်ဘာလအထိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၈၅၀၀ ကျော်ရရှိကြောင်းနှင့် ပို့ကုန်ပိုင်းတွင် ပုံမှန်ကုန်သွယ်ရေး၌ ယခင်နှစ်က ထက် ၁၄ ဒသမ ၃၀ ရာခိုင်နှုန်း တိုးတက်ပြီး နယ်စပ် ကုန်သွယ်ရေးတွင်မူ ၂ ဒသမ ၈၈ ရာခိုင်နှုန်း ကျဆင်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသောသတင်း များအရသိရှိရသည်။

''၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် မှာ ဧပြီလကနေ ဒီဇင်ဘာလအထိ စုစုပေါင်း ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ သန်း ၈၅၀၀ ကျော် ရရှိပြီး ၂၁ ဒသမ ၉၅ ရာခိုင်နှုန်း တိုးတက်ပါတယ်။ မနှစ်ကဒီအချိန် မှာ အမေရိကန် ဒေါ်လာသန်း ၇၀၀၀ လောက်ပဲရပါသေးတယ်။ အခု အမေရိကန် ဒေါ်လာသန်း ၈၅၀၀ ထဲမှာ ပုံမှန် ကုန်သွယ်ရေးရတာက ၇၅၀၀ ကျော်နဲ့ နယ်စပ် ကုန်သွယ်ရေးက ၁၀၀၀ ကျော်ရပါတယ်။ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ကုန်သွယ်မှု ပမာဏတစ်ခုလုံးဆိုရင်တော့ ပုံမှန်ကုန်သွယ်မှုက ၂၄ ဒသမ ၀၂ ရာခိုင်နှုန်းနဲ့ နယ်စပ် ကုန်သွယ်မှုက ၈ ဒသမ ၃၂ ရာခိုင်နှုန်း တိုးတက်ပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့ ကုန်သွယ်ရာတွင် ပို့ကုန်ပိုင်း၌ ပုံမှန် ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ သန်း ၄၅၀၀ ကျော်နှင့် နယ်စပ် ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့်တင်ပို့နိုင်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ် ပါက ပုံမှန်ကုန်သွယ်ရေး၌ ၁၄ ဒသမ ၃၀ ရာခိုင်နှုန်းခန့် တိုးတက်သော်လည်း နယ်စပ် ပို့ကုန်တွင် ၂ ဒသမ ၈၈ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရှိရသည်။
( weekly eleven ဂျာနယ်မှ ကောက်နှုတ်)
*****
ဘ၀ရပ်တည်ရန် ခက်ခဲနေသော အခြေအနေကိုအလွဲသုံးစားပြု၍ ခေါင်းပုံဖြတ်ရန် လူများကိုသယ်ယူပို့ဆောင်ပါက ကာယကံရှင် သဘောတူသော်လည်း လူ ကုန်ကူးမှုမြောက်သောကြောင့် နိုင်ငံရပ်ခြား အလုပ်ရှာဖွေရေး အေဂျင်စီများ အိမ်အကူပွဲစားများ သတိပြုစရာဖြစ်လာ

ဘ၀ရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အလွဲသုံးစားပြု၍ ခေါင်းပုံဖြတ်ရန် လူများကို သယ်ယူပို့ဆောင်ပါက ကာယကံရှင် သဘောတူသော်လည်း လူ ကုန်ကူးမှုမြောက်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတွင်ပြဋ္ဌာန်း ထားသောကြောင့် နိုင်ငံရပ်ခြားတွင် အလုပ်အကိုင်ရရှိရန် အလုပ် ရှာဖွေပေးနေသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ရန်ကုန်မြို့တွင်း အလုပ် ရှာဖွေပေးနေသော အိမ်အကူပွဲစားများဘက်မှ ဥပဒေနှင့်အညီ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် သတိပြုစရာဖြစ်လာ ကြောင်း ဥပဒေပညာရှင်များ အသိုင်းအ၀ိုင်းနှင့် လူမှုရေးဆိုင်ရာ လေ့လာသူများက ပြောကြားခဲ့ကြသည်။

လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန်အလို့ငှာ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့တည်းမဟုတ် လက်ခံခြင်းကိုဆိုကြောင်း လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးဥပဒေပုဒ်မ ၃(က) တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
( weekly eleven ဂျာနယ်မှ ကောက်နှုတ်ချက်)
*****

မြန်မာ ထိုင်း အာဏာပိုင်များက မြန်မာ့အလုပ်သမားထံ လာဘ်ယူနေ

မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက်သို့ ၀င်ရောက်သူတွေကို ထိုင်းနိုင်ငံဘက်က အာဏာပိုင်တွေနဲ့ မြန်မာ အာဏာပိုင်တွေ ပူးပေါင်းပြီး လူကုန်ကူးတဲ့ ပုံစံမျိုးဖြင့် ငွေကြေးယူပြီး ဆောင်ရွက်နေကြပါတယ်လို့ ငွေပေးပြီး ထိုင်းနိုင်ငံထဲသို့ ၀င်ရောက်သူတွေက RFAကို ပြောပြပါတယ်။ အခုလို ငွေယူပြီး ထိုင်းနိုင်ငံအတွင်း ၀င်ခွင်ပေးနေခြင်းဟာ ပြန်ပို့ခံရတဲ့သူတွေက ထိုင်း လူဝင်မှုကြီးကြပ်ရေးကို ငွေပေးပြီး ပြန်ဝင်ခွင့်ရဖို့ ဆောင်ရွက်ရာကနေ စတင်တာ ဖြစ်တယ်လို့ သိရပါတယ်။
(rfa.org မှ ကောက်နှုတ်ချက်)
*****

'အမျိုးသားအဆင့် အာဆီယံ သီချင်းပြိုင်ပွဲ'

အာဆီယံ (၁ဝ)နိုင်ငံမှ ဂီတပညာရှင်များ၊ တေးရေးဆရာများ ပါဝင်ယှဉ်ပြိုင်၍ တေးသီချင်းများစွာ ရေးသား ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

အကဲဖြတ် အဖွဲ့ဝင်လူကြီးများရဲ့ ရွေးချယ်ဆုံးဖြတ်မှုနဲ့ သီချင်း(၁၃)ပုဒ်ကို ဆုချီးမြှင့် ပေးအပ်ခဲ့ကြ ပြန်ပါတယ်။ အမျိုးသားအဆင့် အာဆီယံ သီချင်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူး(အသံလွှင့်) ဦးလှဆွေနှင့် လျှပ်တစ်ပြက်မှ တွေ့ဆုံမေးမြန်းခဲ့ရာ . . .
ဦးလှဆွေ
ညွှန်ကြားရေးမှူး (အသံလွှင့်)
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
''အမျိုးသားအဆင့် အာဆီယံ သီချင်းပြိုင်ပွဲ လုပ်ဖြစ်သွားတာက စစဦးဆုံး နိုင်ငံခြားရေး ဝန်ကြီးဌာနက စာလာတယ်ပေါ့ကွာ။ ဒီစာက Anthem ပြိုင်ပွဲ လုပ်မယ်ပေါ့။ အမျိုးသား သီချင်းပြိုင်ပွဲပေါ့။ ASEAN ဖွဲ့စည်း လာတာလည်း ကြာပေမယ့် အမျိုးသားသီချင်းက မရှိသေးဘူးလေ။ ထိုင်းနိုင်ငံကနေ ကမကထ လုပ်ပြီး အာဆီယံ (၁ဝ)နိုင်ငံက ဝင်ပြိုင်ကြပါလို့ စာတွေ ပို့လာတယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကို စာတွေ ပြိုင်တူပို့တယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း ဒီသီချင်းကို သက်သက် သူတို့ဘာသာ သူတို့ စပ်ကြတာပေါ့နော်။ ဦးတို့ကတော့ ပြန်ကြားရေး ဝန်ကြီးကို တင်ပြလိုက်တဲ့ အခါမှာ ဝန်ကြီးက တစ်နိုင်ငံလုံး ပါဝင်နိုင်ရင် ပိုကောင်းမယ်ဆိုပြီး အတည်ပြုချက် ရသွားခဲ့တယ်။ ဦးတို့ကလည်း ပိုကြိုက်တယ်လေ။ တစ်နိုင်ငံလုံး ပါဝင်လာနိုင်အောင် သတင်းစာထဲမှာ ထည့်လိုက်တယ်။ အဲဒီအတွက် အချိန်(၃)လ ရသွားတယ်။ မည်သူမဆို ပြိုင်နိုင်ပါတယ်ဆိုပြီး အချက်အလက် လိုအပ်တာတွေကို ထည့်ပေးလိုက်တာက အင်္ဂလိပ်လို ပြိုင်ရမယ်။ ကိုယ်ပိုင်သီချင်း ဖြစ်ရမယ်။ အချိန်(၁)မိနစ်ထက် မကျော်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ International အဆင့် ရှိတဲ့ Anthem တစ်ပုဒ်ဟာ (၁)မိနစ်ပဲ ရှိပါတယ်။ ဘယ်နိုင်ငံက သီချင်းပဲ ဖြစ်ဖြစ် (၁)မိနစ်က At the Least ပါပဲ။ မြန်မာပြည်က 'ကမ္ဘာမကြေ' အမျိုးသား သီချင်းဆိုရင်လည်း (၄၈)စက္ကန့်ပဲ ရှိတဲ့အတွက် (၁) မိနစ်ဆိုတာ အများကြီး လုံလောက်တယ်။ တချို့က Complain တက်ကြတယ်။ (၁)မိနစ်ဆိုတာ နည်းတယ်ဆိုပြီး လာပြော ကြတယ်။ အဲဒါနဲ့ပဲ ဦးက အတွင်းရေးမှူးအနေနဲ့ တာဝန်ယူ ဆောင်ရွက်မယ်ဆိုပြီး Open to All ဖွင့်လိုက်တဲ့ အခါမှာ ပြိုင်ပွဲဝင် ဦးရေ (၇၄)ယောက် ဝင်ပြိုင်ကြတယ်။ ဆန်ခါတင် ရွေးပြီးတဲ့ အချိန်မှာ နောက်ဆုံး (၂၆)ယောက် ကျန်ခဲ့တယ်။ အဲဒီထဲကမှ (၁၃)ယောက် ထပ်ရွေးတဲ့ အချိန်မှာ ပြန်ကြားရေးဌာနက ပါတယ်။ အနုပညာ တက္ကသိုလ်က ပါမောက္ခတွေ ပါတယ်။ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်က လူတွေပေါ့နော်။ နောက်ပြီး ဂီတအစည်းအရုံးက Expert တွေပါတယ်။ အားလုံး ရွေးချယ်ခဲ့ကြတဲ့ သီချင်း (၁၃)ပုဒ်ကို ထိုင်းနိုင်ငံ ကို ပို့လိုက်တယ်။
(လျှပ်တပြက် ဂျာနယ်မှ ကောက်နှုတ်ချက်)
*****

မိထ္ထီလာ NLD ပါတီတွင်းမှ ခရိုင်နှင့် မြို့နယ် ရန်ပွဲများ

၅-၁-၀၉

မိထ္ထီလာခရိုင် NLD ပါတီဥက္ကဌ ဒေါက်တာသိန်းလွင်နှင့် မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဆိုသူ မြင့်မြင့် အေး တို့သည် တစ်မြို့တည်းနေပြီး နေရာလုနေသူများ ဖြစ်ပါသည်။ ဒေါက်တာသိန်းလွင် သည် ကိုယ်ပိုင်ဆေးခန်း ဖွင့်ပြီး ဆေးကုစားနေပြီး၊ မြင့်မြင့်အေး သည် သင်္ဃန်း ပရိက္ခရာ အငှားဆိုင် ဖွင့်လှစ် တစ်ကိုယ်တည်း အပျိုကြီး ဘ၀ ဖြင့် ရပ်တည်ကာ မန္တလေးမှ တိုင်း NLD ပါတီ စည်းရုံးရေးမှူး မူစလင် ကုလားမ ၀င်းမြမြ ၏တပည့် တစ်ဦး ဖြစ်ပါသည်။

မြင့်မြင့်အေး ၏ မြို့နယ်အတွင်းခြေလှမ်းများသည် ဒေါက်တာသိန်းလွင်အား ချောင်ထိုး သည့် အသွင်ဆောင်လာသော အခါ ဒေါက်တာ သိန်းလွင်မှ NLD ပါတီ စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်ခြင်းမရှိ တော့ဘဲ ရပ်နားခဲ့ပါသည်။
(သာကီနွယ်မှ ကောက်နှုတ်ချက်)
*****
ဇန်နာဝါရီ ၆ ရက်
ဒုတိယပတ်၊ ၂၀၀၉
မြန်မာသတင်း


စံပယ် လှုပ်ရှားမှု လူထု စိတ်ဝင်စားခြင်း နည်းပါးနေ ( ဒီဗွီဘီသတင်းမှ ကောက်နှုတ်ချက်)
*****

မင်္ဂလာဒုံလေဆိပ်ကို ဘန်ကောက်လေဆိပ်ကဲ့သို့ အစီးမခံရအောင်
နအဖ ၀န်ကြီးချူပ် ညွှန်ကြား

NEJ/ ၆ ဇန်န၀ါရီ ၂၀၀၉

ထိုင်းနိုင်ငံ ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်ကို ပီအေဒီ ဆန္ဒပြသူများ ၀င်စီးသည့်အဖြစ်မျိုးမှ ကာကွယ်နိုင်ရေးအတွက် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားရန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ညွှန်ကြားလိုက်သည်။

မကြာခင်က နေပြည်တော်မှာ ကျင်းပပြီးစီးခဲ့သည့် ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်အဖြစ်မျိုး ၀င်အစီးမခံရ အောင် ကြိုတင်ကာကွယ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
(ခေတ်ပြိုင်သတင်းမှာ ကောက်နှုတ်)
*****

ဝန်ထမ်းလစာ တိုးပေးမည်ဟု နေပြည်တော်မှာ သတင်းပျံ့
NEJ/ ၆ ဇန်န၀ါရီ ၂၀၀၉

ရွေးကောက်ပွဲနီးလာပြီ ဖြစ်သည့်အလျောက် နေပြည်တော်ဝန်ထမ်းများကို လစာတိုးပြီး မက်လုံးပေးရန် စစ်အစိုးရက ပြင်ဆင်နေသည်ဟု နေပြည်တော်ဝန်ထမ်းများက ပြောသည်။

လာမည့် စက်တင်ဘာလတွင် နေပြည်တော် ၀န်ထမ်းများအား လစာတိုးပေတော့မည်ဆိုသည့်သတင်းများ နေပြည်တော် ၀န်ထမ်းများကြား ပျံ့နှံ့နေသည်။ နေပြည်တော်ဝန်ထမ်းများကို လောလောဆယ် ၀န်ထမ်းအိမ်ရာ များ၌ နေရာချထားပေးပြီး ရေခ မီးခ အခမဲ့ပေးထားသည်။

သို့သော် ၀န်ထမ်းများထံမှ မကြာခင် ရေခ မီးခ တောင်းရန် စစ်အစိုးရက ဆုံးဖြတ်ထားသည့်အတွက် အဆိုပါ အပိုကြေးငွေနှင့်ကာမိအောင် လစာတိုးပေးရန် အာဏာပိုင်များက စီစဉ်ခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်းအချို့က ယူဆသည်။ ရွေးကောက်ပွဲနီးလာသည့်အတွက် ၀န်ထမ်းများအား မဲဆွယ်ရန် မက်လုံးပေး လိုသည့်အတွက် ၀န်ထမ်းလစာ တိုးပေးရန် စီစဉ်ခြင်းဖြစ်နိုင်သည်ဟု နေပြည်တော် အရာရှိအချို့က ယူဆသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
*****

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်ဟောင်း ဦးစောမြအောင် ကွယ်လွန်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009 15:17 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံရေးလောကမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ စောမြအောင်သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ စောမြအောင် (၉၂ နှစ်) သည် မြန်မာစံတော်ချိန် ည ၇ နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

သူသည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မဲဆန္ဒနယ်မြေ (၁) ၌ ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။
( မဇ္ဈိမ သတင်းမှ ကောက်နှုတ်)
*****

ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ရုံးထုတ်

အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၂ဦးဖြစ်သော ဦးညီပုနှင့် ဒေါက်တာ တင်မင်းထွတ်တို့ကို အင်းစိန် အထူးတရားရုံးမှာ ရုံးထုတ်သည်။ သူတို့ကို ပုဒ်မ ၅၀၅ ခ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု။ အီလက်ထရောနစ်ပုဒ်မနှင့် အမျိုးသားညီလာခံကို နှောက်ယှက်မှု စသော ပုဒ်ပ ၃ ခုနှင့် တရားစွဲဆို ထားကြောင်း သိရပါသည်။
( ဒီဗွီဘီ သတင်းမှ ကောက်နှုတ်)
*****

စက်မှု (၁) ၀န်ထမ်းများနှင့် လိမ် (၄) လိမ် ဆောင်ပုဒ်
NEJ/ ၆ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းဌာနကြီး (၆) ခုမှ အရာထမ်း၊ အမှုထမ်းများမှာ ၀န်ကြီး ဦးအောင်သောင်း အလိုကျ လိမ်ပေးနေရသည့်အတွက် “လိမ် (၄) လိမ်” နှင့် အလုပ်လုပ်နေရသည်ဆိုပြီး ၀န်ထမ်းများကြား ပြောဆိုနေကြသည်။

အဆိုပါ လိမ်(၄)လိမ်မှာ-
-ကုန်ပစ္စည်းများ မထုတ်ဘဲ အထုတ်ပြပြီး လိမ်နေရခြင်း၊
-မမြတ်ဘဲနှင့် မြတ်ပါသည်ဆိုပြီး လိမ်၍ အမြတ်ပြရခြင်း၊
-ဌာနငွေ မသုံးဘဲနှင့် သုံးပါသည်ဆိုပြီး လိမ်နေရခြင်း၊
-လက်ကျန်မရှိပါဘဲ ရှိပါသည်ဆိုပြီး လိမ်နေရခြင်းတို့ဖြစ်သည်ဟု စက်မှု (၁) စက်ရုံဝန်ထမ်းတဦးက ပြောသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
*****

ကလေးစစ်သားတဦး ရန်ကုန် မိဘများထံပြန်ရောက်
မြင့်မိုးဇော်/ ၆ ဇန်န၀ါရီ ၂၀၀၉

မြန်မာစစ်တပ်မှ အဓမ္မ စစ်တပ်ထဲခေါ်သွားခြင်းခံရသည့် ကလေးစစ်သားတဦး ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာရှိ မိဘများထံ မကြာခင်က ပြန်လည်ရောက်ရှိလာသည်။

အဆိုပါကလေး၏အမည်မှာ မောင်သီဟဦးဖြစ်ပြီး မနှစ် ဇူလိုင်လကုန်တွင် မိဘများနှင့်စိတ်ဆိုးကာ နေအိမ်မှထွက်သွားပြီး စစ်သားအဖြစ်သို့ အဓမ္မစုဆောင်းခံခဲ့ရခြင်းဖြစ်သည်ဟု မောင်သီဟဦး မိဘများထံ ပြန်လည်ရောက်ရှိရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။ မောင်သီဟဦးနှင့်အတူ တပြိုင်တည်း စစ်တပ်က အဓမ္မ စစ်တပ်ထဲခေါ်သွားခြင်းခံရသည့်ူ ရဲလင်းထက်မှာလည်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ၏ အကူအညီဖြင့် မကြာခင်က မိဘများထံ ပြန်ရောက်လာသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
***** ***** *****
ဇန်နာဝါရီ ၇ ရက်
ဒုတိယပတ်၊ ၂၀၀၉
မြန်မာသတင်း


၂၀၀၈ အတွင်း အဂတိလိုက်စားမှု

၂၀၀၈ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာထိ (၉) လအတွင်း စစ်အစိုးရ ၀န်ကြီးဌာနပေါင်းစုံမှ အဂတိလိုက်စားသည့် အမှုပေါင်း (၄၄၈) မှုရှိသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောသည်။

မြန်မာစစ်အစိုးရ ၀န်ကြီးဌာနပေါင်းစုံ၌ အဂတိလိုက်စားမှုများရှိနေကြောင်း မြန်မာစစ်အစိုးရဘက်မှ ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

အဂတိလိုက်စားမှုပေါင်း (၄၄၈) မှုအနက် အရေးယူပြီးသည့် အမှုပေါင်း (၃၀၀) ရှိပြီး စစ်ဆေးနေဆဲအမှု (၁၄၈) မှုရှိသည်ဟု ၃၈/၂၀၀၈ နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်)
*****

FEC တန်ဖိုးကျ

အစိုးရပိုင် ဓာတ်ဆီ၊ ဒီဇယ် ရောင်းချသည့်ဆိုင်များတွင် အက်ဖ်အီးစီဖြင့် ဝယ်ယူမှုနည်းပါးလာသောကြောင့် ပြီးခဲ့သည့်လများကထက် အက်ဖ်အီးစီဈေးနှုန်း (၂ဝ) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
(ခေတ်ပြိုင် သတင်းမှ ကောက်နှုတ်)
*****

Hip Hop အဆိုတော် ရန်ရန်ချမ်း ပြန်လွတ်လာ

သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 14:37 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့တေးဂီတ လောကတွင် နာမည်ရ အက်စစ်အဖွဲ့မှ Hip Hop အဆိုတော် ရန်ရန်ချမ်းကို အာဏာပိုင်များက ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်သည်။

ယမန်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် သူ့ကို ရုံးထုတ်ခဲ့ရာ တရားသူကြီး အမိန့်ဖြင့် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

"မနေ့က အဲဒီ အင်းစိန်ကနေပြီးတော့ အနောက်ပိုင်းခရိုင် တရားရုံး တခုကနေပြီးတော့ တရားသူကြီးအမိန့်နဲ့ ပြန်လွှတ်လာခဲ့တယ်" ဟု မိသားစုနှင့်နီးစပ်သူ အမည်မဖော်လိုသူ ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။

''သူကတော့ မူးယစ်မှုပဲလေ။ ဘာအမှုနဲ့ တပ်ထားလဲတော့ မသိဘူး။ သူ လွတ်လာတာကို ပြောတယ်။ သူနဲ့တော့ စကား ပြန်မပြောဖြစ်သေးဘူး'' ဟု အဆိုပါ ရှေ့နေက ဆိုသည်။

ရန်ရန်ချမ်း၏ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းကြည့်ရာ ယမန်နေ့က ပြန်လွတ်လာသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဧပြီလဆန်းပိုင်းက စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ မိတ်ဆွေတဦး၏ နေအိမ်တွင် တည်းခိုနေစဉ် ဒေသခံ အာဏာပိုင်များက ရန်ရန်ချမ်းကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သူသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် Generation Wave - GW အဖွဲ့မှ ကိုကျော်ကျော် (ခေါ်) ကိုဇေယျာသော်နှင့်အတူ အက်စစ်အဖွဲ့ကို စတင် ထူထောင်ခဲ့သူ ဖြစ်သည်။
( မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက် )
*****

အစိုးရ ဒီဇယ်ဈေး မြင့်

အစိုးရ စွမ်းအင်ဝန်ကြီးဌာနမှ ရောင်းချပေးသည့် ဒီဇယ်ဆီဈေးနှုန်းက ပြင်ပပေါက်ဈေးထက် များစွာ မြင့်မားနေခြင်းကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း ရန်ကုန်တိုင်း၊ မြစ်ဝကျွန်းပေါ် ဌာနခွဲသည် ပုဂ္ဂလိက ကုန်သည်များထံမှ ဝယ်ယူသုံးစွဲတော့မည်ဖြစ်ကြောင်း ဝါးတန်းလမ်းရုံးမှ အရာရှိတဦးက ပြောသည်။
(ခေတ်ပြုင်သတင်းမှ ကောက်နှုတ်)
*****

ကလေးစစ်သား

တပ်ပြေးမှုဖြင့် ဖမ်းဆီးထောင်ချပြီး မုပ္ပလင်ရဲဘက်စခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသူ ကိုထွဋ်ဆန်းမင်းအား ထောင်အာဏာပိုင်များက ၀န်ခံကတိ (၄၀၁) အား လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ကိုထွဋ်ဆန်းမင်းသည် ၁၉၉၉ ခုနှစ်က သူငယ်ချင်းများနှင့်ရေသွားကူးပြီးအပြန်လမ်း အင်းစိန်ဖော့ကန် အရောက်တွင် စစ်တပ်၏အတင်းခေါ်ဆောင်သွားခြင်းခံပြီး စစ်သင်တန်းပေးကာ စစ်တပ်သို့ အတင်းဝင်ရောက်ရန် ခိုင်းစေခြင်းခံခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ စစ်တပ်သို့ အတင်းအဓမ္မသွတ်သွင်းခံရစဉ်က ကိုထွဋ်ဆန်းမင်း၏အသက်မှာ (၁၂) နှစ်အရွယ်သာ ရှိသေးသည်ဟု ကိုထွဋ်ဆန်းမင်း ပြန်လည်လွတ်မြောက်ရေးအတွက် အိုင်အယ်လ်အိုအဖွဲ့ကြီးနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့သူ လူငယ်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်)
*****
မလေးရှားနိုင်ငံ မြို့တော်တွင် မြန်မာများ အပါအ၀င် နိုင်ငံခြားသား ၃၀၀ ခန့် ဖမ်းဆီးခံရ
(အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက်)
*****

မြန်မာနိုင်ငံ ပြန်တမ်း

ဦးလှဌေး ။ ။ ဦးဆောင်ညွန်ကြားရေးမှူး၊ ဟော်တည်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဋ္ဌာန

ဒေါက်တာ အောင်ခင် ။ ။ ပါမောက္ခချုပ်၊ အခြေခံ ကျမ်းမာရေး တက္ကသိုလ် ( မကွေး)၊
ကျန်းမာရေး ၀န်ကြီးဋ္ဌာန
ဒေါက်တာ တင်မင်း ။ ။ ပါမောက္ခချုပ်၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ( ရန်ကုန် )၊ အစမ်းခန့်
ကျန်းမာရေး ၀န်ကြီးဋ္ဌာန
( မြန်မာ့အလင်း)
*****

မလေးရှားနိုင်ငံတွင် အလုပ်သမားအခွင့်အရေး လှုပ်ရှားနေသူ ကိုရဲမင်းထွန်းကို အမည်မသိ လူတစုက ဒီဇင်ဘာလ ၂၅ရက်တွင် ဖမ်းဆီးခံရပြီး ယနေ့အထိ ပျောက်ဆုံးနေ
( အာအက်ဖ်အေမှ ကောက်နှုတ်)
*****

ဗကသခေါင်းဆောင် ဆေးရုံတက်
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 20:07 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုသည် အင်းစိန်ထောင် ဆေးရုံတွင် အသဲရောင် အသားဝါရောဂါဖြင့် ဆေးကုသခံယူနေရသည်။

ယခုလ ၅ ရက်နေ့က အင်းစိန်ထောင်အတွင်း ကိုကျော်ကိုကိုအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာမှ ဆေးရုံတက်နေကြောင်း ဖခင်ဖြစ်သူ ဦးကျော်အေးက သိရှိရခြင်းဖြစ်သည်။

"ထောင်ဝင်စာ သွားတွေ့တော့မှ သူတို့ ၃ တိုက်က ၀န်ထမ်းက ကိုကျော်ကိုကို တိုက်မှာ မရှိဘူးတဲ့။ ဆေးရုံတင်ထားရတယ်တဲ့။ အသဲရောင် အသားဝါ ဖြစ်လို့ပါတဲ့။ အဲဒါကြောင့် ကျနော်တို့က ဆေးရုံရောက်မှန်း သိတယ်" ဟု ဦးကျော်အေးက မဇ္ဈိမကို ပြောပြသည်။
*****
ဗိုလ်ချုပ်မှူးကြီးသား နှင့် မကွေးတိုင်းမှူး ညီမ တို့က မကွေးတိုင်း မြိုင်မြိုနယ်အတွင်း ရေနံလုပ်ငန်းကို ချယ်လှယ်နေ
( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ်ချက်)
*****

ထိုင်းရှိ မြန်မာလုပ်သားများ လုပ်ကိုင်ခွင့်သက်တမ်း တနှစ် ထပ်တိုးပေးမည်
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 15:59 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ အလုပ်လုပ်ခွင့် သက်တမ်းအား ၁ နှစ် ထပ်တိုးပေးသွားမည် ဖြစ်သည်။

ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထိုကဲ့သို့ အလုပ်လုပ်ခွင့် သက်တမ်း ၁ နှစ် ထပ်တိုးသွားမည် ဖြစ်သော်လည်း အလုပ်သမား လက်မှတ်အသစ်များ ပြုလုပ်ပေးခြင်းအတွက်မူ ဖြစ်နိုင်ချေနည်းကြောင်း ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား စီမံခန့်ခွဲရေးရုံးရှိ အလုပ်သမားရှာဖွေရေးဌာနမှ အရာရှိတဦး၏ အဆိုအရ သိရခြင်း ဖြစ်သည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ် )
****
ဇန်နာဝါရီလ ၈ ရက်
ဒုတိယ အပတ်၊ ၂၀၀၉
မြန်မာသတင်း


ကေအန်ယူနှင့် ဒီကေဘီအေ ပြန်ပေါင်းထုတ်ဖို့ လမ်းမရှိ

မကြာခင်က နေပြည်တော်တွင် နအဖခေါင်းဆောင်များနှင့် ဒီကေဘီအေ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေး သဘောတူညီချက်အရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြန်လည်ပေါင်းစည်းရေးမှာ လုံးဝဖြစ်နိုင်စရာ အခြေနေမရှိတော့ဟု ဒီကေဘီအေမှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ အရာရှိတဦးက “ကေအန်ယူနဲ့ ဒီကေဘီအေ ပြန်လည်ရင်ကြားစေ့ရေး ကိစ္စကို ကရင်အမျိုးသားအများစုက လိုလားတာမှန်ပေမယ့် ဒီကိစ္စဖြစ်မြောက်အောင် ဘယ်သူမှ မဆောင်ရွက် နိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့လက ဒီကေဘီအေက လူကြီးတွေနဲ့ အစိုးရလူကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်။ စရဖ ဗိုလ်ချုပ်ကြီး ရဲမြင့်လည်းပါတယ်လို့ သိရတယ်။ သူတို့က ဒီကေဘီအေကို လက်နက်မဖြုတ်ဘူး။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေအဖွဲ့ကို အသွင်ပြောင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်နဲ့ ရပ်တည်သွားရမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့လူကြီးတွေကလည်း သဘောတူလိုက်ပြီဆိုတော့ ၂၀၁၀ ကျရင် ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ အသွင်ပြောင်းမှာဖြစ်တယ်။ ဒါကြောင့် နောင်ဆိုရင် ဒီကေဘီအေဆိုတာ ရှိတော့မှာမဟုတ်ဘူး” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
*****

မုဒိမ်းကျင့် လူသတ်ရန် စစ်သား နှစ်ဦး ကြိုးစားခဲ့ဟု စွပ်စွဲခံရ
ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009 21:38 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ခရစ်ယာန် ကျမ်းစာသင်ကျောင်း တက်နေသူ အမျိုးသမီးတဦးကို စစ်သားနှစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း ဆွေမျိုးများနှင့် မိတ်ဆွေများက စွပ်စွဲ ပြောကြားလိုက်သည်။

ကချင်ပြည်နယ် ဆားမှော်မြို့မှ အသက် ၂၁ နှစ်အရွယ် ကချင်တိုင်းရင်းသူကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စစ်ဝတ်စုံ ၀တ်ဆင်ထားသူ နှစ်ဦးက ဓါးထောက် အဓမ္မပြုကျင့်ကာ ၀တ်ဆင်ထားသည့် အ၀တ်အစား၊ ရွှေဆွဲကြိုးနှင့် လက်စွပ်များ ဖြုတ်ယူကာ လည်ပင်းညှစ်ကာ သေစေရန် ကြိုးစားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ် )
*****

ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ကိုင်မည်
NEJ/ ၈ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်ဝန်ကြီးအချို့ နိုင်ငံရေးဘက်ကို ပြောင်းတော့မည် ဖြစ်သည့်အတွက် လစ်လပ်သည့် ၀န်ကြီးနေရာများကို အစာထိုးမခန့်တော့ဘဲ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ပူးတွဲကိုင်တွယ်ရန် စစ်အစိုးရက စီစဉ်နေသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးနှင့် အခြားဝန်ကြီးအချို့ကို နိုင်ငံရေးဘက်ပြောင်းခိုင်းမှာ ဖြစ်သည့်အတွက် စက်မှု (၁) ၀န်ကြီးဌာန၊ စက်မှု (၂) ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနတခု စုစုပေါင်း ၀န်ကြီးဌာန (၃) ခုကို စက်မှု (၂) ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး(ရေ) စိုးသိန်း တဦးတည်းကို တာဝန်ပေးမည်ဟု ၀န်ကြီးချုပ်ရုံးသတင်းရပ်ကွက်က ပြောသည်။
(ခေတ်ပြုင်မှ ကောက်နှုတ်ချက်)
*****
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွား
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009 21:19 - မြန်မာစံတော်ချိန်

သဲသဲနှင့် ဇာနည် (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကျပြီးနောက် နိုင်ငံခြား ခရီးသွားလာရေး ကျဆင်းမှု အပါအ၀င် ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများမှာ ယမန်နှစ်ကထက် ၂၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ စာရင်းအရ သိရသည်။

၂၀၀၇ ခုနှစ်အတွင်း လာရောက်သော ကမ္ဘာလှည့်ခရီးသည် ၂၄၈ ၀၇၆ ဦး ရှိခဲ့သော်လည်း၊ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလကုန်အထိ လာရောက်သည့် ဦးရေမှာ ၁၉၃ ၃၁၉ ဦးသာရှိခဲ့ရာ ခရီးသည် ၅ သောင်းကျော် ကျဆင်းသွားကြောင်း သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ် )
*****

ခရစ်ယာန်ဘာသာဝင်များ နေအိမ်တွင်း ဝတ်ပြုခွင့် ပိတ်ပင်

မုံပီးနှင့် ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009 18:24 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ လူနေအိမ်ခန်းများတွင် ဘုရားကျောင်းအဖြစ် သတ်မှတ်ကာ ဝတ်ပြုဆုတောင်းပွဲ မပြုလုပ်ရန် အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး၊ မလိုက်နာပါက ချိပ်ပိတ်ပစ်မည်ဟု တနင်္လာနေ့က ပြောကြားခဲ့သဖြင့် မြို့တော်ဟောင်း ရန်ကုန်ရှိ ခရစ်ယာန် ဘာသာဝင်များ အပြောအရ သိရသည်။

ရန်ကုန်မြို့လယ်ရှိ အဓိကကျသည့် ဘုရားကျောင်းများမှ တရားဟောဆရာများအား ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တနင်္လာနေ့တွင် သူတို့ရုံးသို့ ဆင့်ခေါ်ပြီး လူနေအိမ်ခန်းများတွင် ဝတ်ပြုဆုတောင်းခြင်း မပြုလုပ်ရန် သတိပေး ပြောကြားခဲ့ရာသည်၊။
(မဇ္ဈိမသတင်းမှ ကောက်နှုတ် )
*****


မြန်မာ့ခရီးသွားလုပ်ငန်း (၃ဝ) ရာနှုန်း ကျဆင်း

NEJ/ ၈ ဇန်န၀ါရီ ၂၀၀၉

မြန်မာ့ခရီးသွားလုပ်ငန်းသည် ၂ဝဝ၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝဝ၈ ခုနှစ်မှာ (၃ဝ) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယခုကဲ့သို့ ကျဆင်းမှုကို ပြန်လည် ကုစားနိုင်ရန် အဓိကအားဖြင့် အစိုးရက ဗီဇာများ လွယ်လွယ်ကူကူ ထုတ်ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ထုတ်ဖော် ပြောဆိုသည်။

ပြီးခဲ့သည့် စနေနေ့က UMFCCI ရုံး၌ ကျင်းပသည့် Forum on implication of the global economic crisis အမည်ရှိ ဖိုရမ်တွင် ဦးမောင်မောင်ဆွေက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပြောဆိုချက်အရ ၂ဝဝ၆ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး လေဆိပ်ဝင်ပေါက်များမှတဆင့် နိုင်ငံခြားသား ခရီးသွား (၂၆၃,၅၁၄) ယောက် ဝင်ခဲ့ကြောင်း၊ ၂ဝဝ၇ ခုနှစ်မှာမူ (၂၄၈,ဝ၇၆) ဦး ဝင်ခဲ့ပြီး ၂ဝဝ၆ ကထက် (၆) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ်မှာမူ (၁၇၇,ဝဝဝ) ဦးသာ ဝင်သည့်အတွက် ၂ဝဝ၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၃ဝ) ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်)
*****

မြန်မာနိုင်ငံမှ ကြက်ငှက်နှင့် တိရိစ္ဆာန် တင်သွင်းမှုကို မီဇိုရမ်ပြည်နယ် ပိတ်ပင်
ဆလိုင်းပီပီ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009 13:00 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမသတင်း)။ ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်၏ အစိုးရက ပြည်နယ်တွင်းသို့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးများ ကူးစက်မည့် အန္တရယ်ကို ကြိုတင် ကာကွယ်သည့် အနေဖြင့် မြန်မာနိုင်ငံမှ တင်သွင်းသော မွေးမြူရေးတိရိစ္ဆာန်များနှင့် ကြက်သားများ တင်သွင်းခြင်းကို နှစ်ဆန်းတရက်နေ့က စတင်ကာ ပိတ်ပင်လိုက်သည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တွင် မကြာခဏ တွေ့ရှိရသည်ဟု သတင်းများ ထွက်ပေါ်လေ့ရှိသော ကြောက်မက်ဖွယ် ကောင်းလှသည့် H5N1 ဗိုင်းရပ်စ်ပိုးများ ကူးစက်ဝင်ရောက်လာမည်ကို ကာကွယ်သည့်အနေနှင့် ပြည်နယ် အစိုးရက ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ပိတ်ပင်ထားလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ် )
*****

်နှစ်၁၀၀ကျော်က ပန်းချီဆုဆိုင်ရာ အမှတ်တံဆိပ်တစ်ခု ထိန်းသိမ်းထား


ရန်ကုန်၊ မြန်မာနိုင်ငံပန်းချီအသင်း ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၉၀)ပြည့်အခမ်းအနား ကျင်းပချိန်နှင့် တိုက်ဆိုင်စွာ လွန်ခဲ့သောနှစ်ပေါင်း၁၀၆နှစ်ခန့်က ပန်းချီနှင့်ပတ်သက်ဆက်နွှယ်သည့် ပန်းချီဆိုင်ရာ အမှတ်တရဆုတံဆိပ်ပစ္စည်းလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းပစ္စည်းကလေးသည် လွန်ခဲ့သောနှစ်ပေါင်း၁၀၆နှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည့် အနုပညာပြပွဲတစ်ခု၌ မြန်မာနိုင်ငံသားတစ်ဦးရရှိခဲ့သည့် ပန်းချီဆိုင်ရာဆုတံဆိပ်အ၀ိုင်းကလေးဖြစ်ပြီး မည်သူမည်ဝါရရှိခဲ့သည်ကိုမူ မသိရကြောင်း ဆုတံဆိပ်လက်ဝယ်ရရှိထားသူက ပြောသည်။
အချင်း ၅စင်တီမီတာ၊ လုံးပတ် ၁၆ စင်တီမီတာခွဲရှိပြီး မြန်မာတစ်ကျပ်တန်ဒင်္ဂါးနှစ်ပြားထပ်လောက်အထူရှိသည့် ယင်းဆုတံဆိပ်ဝိုင်း၏ ရှေ့ဘက်ခြမ်းအပေါ်ဘက်တွင် ဖောင်းကြွစာလုံးဖြင့် INDIAN ART EXHI-BITION DELHI ဟု ဖော်ပြထားပြီး တံဆိပ်ဝိုင်း၏ အောက်ဘက်တွင်(၁၉၀၂-၀၃)ဟု ဖော်ပြထားသည်။ တံဆိပ်ဝိုင်း၏ အလယ်နေရာတွင် ယင်းအချိန်က အိန္ဒိယတွင်ရှိခဲ့သည့် အထင်ကရအဆောက်အအုံကြီး၏ပုံကို ဖောင်းကြွဖြင့်ပြုလုပ်ထားပြီး တံဆိပ်ဝိုင်းအနောက်ခြမ်းတွင်အပွင့်နှစ်ခုပါ ဖောင်းကြွပန်းနှစ်ခက် ၀န်းရံထားပြီး အလယ်နေရာတွင် AWARD TO MAUNG PO KYAW ဟု ယူဆရသူ ဆုရသူအမည်ကိုထွင်းစာလုံးဖြင့် ရေးသားထားသောစာလုံးများမှာ မသဲမကွဲဖြစ်နေသဖြင့် ကျွမ်းကျင်သူများ ဖော်ထုတ်မှသာဆုရသူအမည်မှန်ကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
( Yangon Media Group သတင်းမှ ကောက်နှုတ် )
*****

မြန်မာ့ခရီးသွားလုပ်ငန်း (၃ဝ) ရာနှုန်း ကျဆင်း
NEJ/ ၈ ဇန်န၀ါရီ ၂၀၀၉

မြန်မာ့ခရီးသွားလုပ်ငန်းသည် ၂ဝဝ၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝဝ၈ ခုနှစ်မှာ (၃ဝ) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယခုကဲ့သို့ ကျဆင်းမှုကို ပြန်လည် ကုစားနိုင်ရန် အဓိကအားဖြင့် အစိုးရက ဗီဇာများ လွယ်လွယ်ကူကူ ထုတ်ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ထုတ်ဖော် ပြောဆိုသည်။

ပြီးခဲ့သည့် စနေနေ့က UMFCCI ရုံး၌ ကျင်းပသည့် Forum on implication of the global economic crisis အမည်ရှိ ဖိုရမ်တွင် ဦးမောင်မောင်ဆွေက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပြောဆိုချက်အရ ၂ဝဝ၆ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး လေဆိပ်ဝင်ပေါက်များမှတဆင့် နိုင်ငံခြားသား ခရီးသွား (၂၆၃,၅၁၄) ယောက် ဝင်ခဲ့ကြောင်း၊ ၂ဝဝ၇ ခုနှစ်မှာမူ (၂၄၈,ဝ၇၆) ဦး ဝင်ခဲ့ပြီး ၂ဝဝ၆ ကထက် (၆) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ်မှာမူ (၁၇၇,ဝဝဝ) ဦးသာ ဝင်သည့်အတွက် ၂ဝဝ၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၃ဝ) ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်)
*****
ဇန်နာဝါရီလ ၉ ရက်
ဒုတိယ အပတ်၊ ၂၀၀၉
မြန်မာသတင်း



ကချင်လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြုနိုင်ငံရေးပါတီ
ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးဖွဲ့မည်

NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉

၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတခုကို ကချင်အတိုင်ပင်ခံကောင်စီက ကြီးမှူးပြီးဖွဲ့ရန် စီစဉ်နေကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အရာရှိတဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောသည်။

“ဒီပါတီကို ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးပြီးထောင်ဖို့ လုပ်နေပါတယ်။ ခုလောလာဆယ်တော့ လူထုကို ကွင်းဆင်းပြီး ရှင်းပြနေတဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဒီပါတီဟာ ကချင်ပြည်နယ်ကို ကိုယ်စားပြုမယ့်ပါတီ ဖြစ်ပါတယ်။ ကချင်အတိုင်ပင်ခံကောင်စီရဲ့ ပါတီမှာ ပါမယ့်သူတွေဟာ ကေအိုင်အိုကပဲဖြစ်ဖြစ်၊ အန်ဒီအေကေကပဲဖြစ်ဖြစ် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့က ထွက်ရမှာဖြစ်တယ်” ဟု ဒီမိုကရေစီသစ်တပ်မတော်-ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့ (အန်ဒီအေကေ) မှ ဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ပြောသည်။

( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်)
*****

လွတ်လပ်ရေးနေ့အကြောင်းရေးသူ အယ်ဒီတာ
စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခံရ

NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉

စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုသည့် ဆောင်းပါးနှစ်ပုဒ် အန်အယ်လ်ဒီနဲ့ နိုင်ငံရေးသမား အသိုင်းအဝန်းတွင် ပျံ့နှံ့ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဆောင်းပါးရေးသူ ဦးထွန်းဝင်းငြိမ်းကို စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေး ခဲ့ကြောင်း စာပေစိစစ်ရေးရုံးမှ အမည်မဖော်လိုသူ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ် လွတ်လပ်ရေးနေ့ မတိုင်မီက တင်ပြတဲ့ True News ဂျာနယ်ရဲ့ စာမူကြမ်းမှာ ဦးထွန်းဝင်းငြိမ်းရဲ့ ဆောင်းပါးနှစ်ပုဒ်ပါတယ်။ လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးနှစ်ပုဒ်ပါ။ အဲဒါကို ကျမတို့ စာပေစိစစ်ရေးက ပုံနှိပ်ဖော်ပြခွင့် မပြုပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးနှစ်ပုဒ် အန်အယ်လ်ဒီနဲ့ နိုင်ငံရေးသမားကြီးတွေ ကြားထဲ ပျံ့နှံ့နေတယ်ဆိုတာ စရဖနဲ့ အက်စ်ဘီအဖွဲ့က အကြောင်းကြားလာလို့ ကျမတို့ ညွှန်မှူးက ဦးထွန်းဝင်းငြိမ်းကို ခေါ်ယူစစ်ဆေးတာပါ။ အရေးယူတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။

၎င်း၏ ရှင်းပြချက်အရ အဆိုပါ ဆောင်းပါးနှစ်ပုဒ်အနက် တပုဒ်က လွတ်လပ်ရေးနေ့နှင့် ပတ်သက်ပြီး နိုင်ငံရေးသမားကြီးများ ဖြစ်သည့် သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဦးအုန်းမောင်၊ ဒဂုန်တာရာ၊ ဦးအောင်မြင့်၊ သခင်ချန်ထွန်း၊ သခင်သိန်းဖေ၊ ဦးထွေးမြင့်၊ ဦးမောင်မောင်ကြီး၊ ဦးမင်းလွင်တို့ကို အင်တာဗျူးလုပ်ပြီး ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်သည်။ နောက်တပုဒ်မှာမူ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိစဉ်က ခံယူအဓိဋ္ဌာန်ပြုခဲ့သည့် အဓိဋ္ဌာန်စာတမ်းနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ မော်ကွန်းကျောက်စာတိုင် အုတ်မြစ်ချမိန့်ခွန်း ပါဝင်သည့် ဆောင်းပါးတို့ ဖြစ်ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ် )
*****

၂၀၀၈ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ
အနုပညာရှင်များ စိတ်မ၀င်စား

NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို အနုပညာရှင်များ စိတ်ဝင်တစားမရှိကြောင်း ရုပ်ရှင်အသိုင်းအ၀န်းက ပြောသည်။

“ဖေဖော်ဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်ကြားမှာ အကယ်ဒမီပေးပွဲလုပ်မယ်လို့တော့ ရိပ်ဖမ်းသံဖမ်း ကြားတာပဲ။ ပေးစရာ များများစားစားမှ မရှိတာ။ ပေးရင်လည်း သူတို့အလိုကျ ဖားပြီးရိုက်ထားတဲ့ ဇာတ်ကားပါတာကို သေချာပေါက် အကယ်ဒမီပေးမှာပဲ။ မြေကြီးလက်ခတ် မလွဲဘူး” ဟု အမည်မဖော်လိုသည့် ဒရိုက်တာတဦးက ပြောသည်။

ရုပ်ရှင်တလောကလုံးက အကယ်ဒမီရရှိမည့် ဇာတ်ကားများကို အကြိုဟောကိန်းထုတ်ပြောကြရာတွင် အကယ်ဒမီလူမင်းပါဝင်သော ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီကို ရာခိုင်နှုန်းအပြည့် တစ်ပေးလျက်ရှိသည်။
( ခေတ်ပြိုင်သတင်းက ကောက်နှုတ်)
*****

မော်လမြိုင် မီးလောင်ဆိုင်ခန်း နေရာမချနိုင်သေး
NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉

သက်ဆိုင်ရာ အာဏာပိုင်များက ယာယီဈေး နေရာချထားပေးမှု မရှိသေးသဖြင့် မီးလောင်ဒဏ်ခံလိုက်ရသည့် မော်လမြိုင် အမှတ် (၁) ဈေးသူဈေးသား (၁,ဝဝဝ) ကျော် ဒုက္ခရောက်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဆိုင်ခန်းမီးလောင်သွားသည့် ဈေးသည်တဦးက “ခုဆို ဈေးမီးလောင်တာ တလပြည့်ပြီ။ ယာယီဈေးနေရာ သတ်မှတ်ပေးတာမျိုး မရှိသေးဘူး။ ဒါကြောင့် ကမ်းနားလမ်း လမ်းဘေးမှာပဲ ခုံလေးတလုံးချပြီး ပျံကျဈေးသည်လို ရောင်းနေရတယ်။ ပစ္စည်းလည်း များများ တင်ထားလို့ မရဘူး။ ဆိုင်းဘုတ်လေး ထောင်ထားပြီး ကိုယ့်ဖောက်သည်လာရင် လိုတဲ့ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ အိမ်ကိုပြေးပြီး သွားယူရောင်း လုပ်နေရတယ်။ ဆိုင်မထွက်ပြန်ရင်လည်း ပေးထားတဲ့အကြွေးတွေက ရှုံးကုန်လိမ့်မယ်။ ဒါကြောင့် လမ်းဘေးမှာပဲ ဖြစ်သလို ရောင်းနေရတာ” ဟု ပြောပြသည်။

အဆိုပါ ဈေးသည်နည်းတူ အခြားရာနှင့်ချီသည့် ဈေးသည်များမှာ မော်လမြိုင်မြို့ ဖက်တန်းရပ် ကမ်းနားလမ်း မြိတ်တံတားမှသည် သံလွင်တံတားအောက်ခြေ တိုင်အောင် ခုံများခင်းကာ ပျံကျဈေးသည်များအဖြစ် ဈေးရောင်းနေကြရကြောင်း၊ ဈေးသည်အများစုသည် မြိုင်ရတနာ (၂) ထပ်ဈေးနှင့် (၄) ထပ်ဈေးတို့တွင် ဆိုင်ခန်းငှားရမ်းပြီး ဈေးရောင်းလိုကြသော်လည်း ဆိုင်ခန်းငှားရမ်းခများမှာ တလ ကျပ် (၂) သိန်းမှ (၃) သိန်း (၁) နှစ်စာ စာချုပ်ချုပ်ပြီး ပေးရသည့်အတွက် ငှားရမ်းနိုင်ခြင်း မရှိပဲ ယခုကဲ့သို့ လမ်းဘေးတွင် ဈေးရောင်းကြရခြင်းဖြစ်ကြောင်း အဆိုပါဈေးသည်က ပြောသည်။

အလားတူ ကမ်းနားလမ်းမှ တိုက်ခန်းများ ငှားရမ်းလိုပါကလည်း သိန်းနှင့်ချီသည့် လခ၊ တနှစ်စာ စာချုပ်ချုပ်ပြီး ပေးရမည့် အခြေအနေများကြောင့် အဆိုပါနေရာများ၌လည်း ငှားရမ်း လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉) ရက်နေ့က ခရိုင်အဆင့် အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည့် ဈေးမိဈေးဖ ဈေးကော်မတီဝင်တဦးက ၎င်းတို့အနေဖြင့် ယာယီဈေးအဖြစ် မိုင်ဒါကွင်းရှိ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ပစ်ထားသည့် ဘောလုံးကွင်း (သို့မဟုတ်) ဈေးမီးလောင်ပြင် တစိတ်တပိုင်းကို နေရာချထားပေးပါရန် တင်ပြထားရာ၌ ဘောလုံးကွင်းနေရာကို အားကစားဝန်ကြီးဌာနက ခွင့်မပြု၍ မဖြစ်နိုင်ဆိုပြီး အကြောင်းပြန်ခဲ့ကြောင်း၊ ခရိုင်အာဏာပိုင်များ အဆိုပြုသည့် မြို့လယ်နှင့် အလှမ်းဝေးသည့် သံလွင်ဥယျာဉ်၊ သံလွင်ဈေး နေရာများသည်လည်း ဈေးသည်များအတွက် အဆင်မပြေသည့်အတွက် လက်မခံခဲ့ကြောင်း၊ မီးလောင်ပြင်မှာ ယာယီဈေး ဆောက်ခွင့် ပေးမပေးမှာမူ မသိနိုင်သေးကြောင်း ပြောသည်။

ယခုကဲ့သို့ သက်ဆိုင်ရာ အာဏာပိုင်များက ဈေးသူဈေးသားများ အဆင်ပြေအောင် စီစဉ်မပေးသည့်အတွက် ထောင်နှင့်ချီရှိသည့် ဈေးဆိုင်ခန်းပိုင်ရှင်များ အလွန်အခက်အခဲ တွေ့နေကြရကြောင်း သိရပါသည်။ ( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ် )
*****

စီးပွားပျက်ကပ်ကြောင့် ရေနံမှော်ပါ ဒုက္ခရောက်
မြင့်မိုးဇော်/ ၉ ဇန်န၀ါရီ ၂၀၀၉

ကမာ့္ဘရေနံဈေးနှုန်းကျဆင်းခြင်းနှင့် ကမာ့္ဘစီးပွား ပျက်ကပ်ကြောင့် မြန်မာနိုင်ငံ စစ်ကိုင်တိုင်း၊ ကျွန်းလှမြို့နယ်မော်တယ်(မှော်ကြီး) ပုဂ္ဂလိက ရေနံတူးဖော်ရေးလုပ်ငန်းခွင်အတွင်း အလုပ်သမား လျှော့ချနေဖြင့် ရပ်ဝေးမှလာရောက်လုပ်ကိုင်ကြရသော အလုပ်သမားများမှာ အခက်အခဲနှင့် ကြုံနေကြရကြောင်း သတင်းရရှိသည်။

အဆိုပါဒေသမှထွက်ရှိသော ရေနံစိမ်းများကို ပုဂ္ဂလကုမ္ပဏီတခုဖြစ်သည့် မြန်မာဟွန်ဒါ ကုမ္ပဏီက ၀ယ်ယူပြီး ယခုအခါ ရေနံစိမ်း (၅) ဂါလန်တပုံးလျှင် ကျပ် (၃,၅၀၀) ထိ ကျဆင်းသွားသဖြင့် တွင်းပိုင်ရှင်များအနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း လုပ်ငန်းခွင် အတွင်း လုပ်ကိုင်နေသူ အလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ် )
*****

အင်ဒိုရောက် မြန်မာနိုင်ငံသားများကိစ္စ စစ်ဆေးမှုပြုနေဆဲ
နန်းဒေ၀ီ
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 19:26 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ အင်ဒိုနီးရှားနိုင်ငံ အာချေးခရိုင် ဆဘန်ကမ်းလွန်တွင် ဖမ်းမိသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၁၉၃ ယောက်ကိစ္စအတွက် ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က မဇ္ဈိမသို့ ပြောကြားရာတွင် " ၁၉၃ ယောက်အနက်က ဘင်္ဂလားဒေ့ရှ်က ၁၇ ယေက်ပဲပါတယ်။ ကျန်တာတွေက မြန်မာနိုင်ငံသားတွေချည်းပဲ၊ အခုထက်ထိတော့ သူတို့အားလုံး ဆဘန်ကျွန်းမှာပဲ ရှိသေးတယ်" ဟု ဆိုသည်။

အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်နေပြီး ကျွန်းနေဒေသခံများက အစားအသောက်နှင့် ခိုလှုံရာနေရာပေးထားသည်ဟု ပြောသည်။
*****

ရေနံ လုပ်သားများ မီးရှို့ ဆန္ဒပြမှုကို စစ်တပ်က ပစ်ခတ်နှမ်နင်း

ပခုက္ကူ ခရိုင် ဗလင်းကျေးရွာအနီး နှောပင်ရေနံမှော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူ မကွေးတိုင်းမှူး ဗိုလ်မှူးကြီး ဘုန်းမော်ရွှေရဲ့ အမပိုင် ကောင်းဇော်ဟိန်း ကုပဏီက နယ်မြေခံ ရေနံတွင်းတူးသူတွေအပေါ် လက်ဝါးကြီးအုပ် ချယ်လှယ်သဖြင့် ဇန်နာဝါရီ ၈ ရက်နေညက ရေနံလုပ်သား ၂၀၀ ကျော်က ကုပဏိပိုင် အကောက်ခွန်ဂိတ်နှင့် ရုံးခန်းတွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့သူများကို ခလရ ၂၅၇ တပ်ရင်းက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူတဦး ဒဏ်ရာ ရရှိသည်။ ( rfa.org မှ ကောက်နှုတ်)
*****

မုန်တိုင်း ဒုက္ခသည်များအတွက် လုပ်အားနှင့် ရိက္ခာ လဲလှယ်ရေး

ကုလသမဂ္ဂ စားရပ်ရိက္ခာ အစီအစဉ် WFP က ဧရာဝတီတိုင်းရှိ မုန်တိုင်းသင့် ပြည်သူများအတွက် လုပ်အားနှင့် စားနပ်ရိက္ခာ လဲလှယ်ရေး အစီအစဉ်တရပ်ကို ယခုကအတွင်း စတင် အကောင်အထည် ဖေါ်ရန် ရှိသည်။ အဓိကက မုန်တိုင်းဒဏ် အပြင်းအထန်ခံလိုက်ရသော ဘိုကလေး၊ ပြင်စလူနှင့် မော်လမြိုင်ကျွန်းနယ်အတွင်းက ကျေးရွာ ပြန်လှည်တည်ဆောက်ရေး လုပ်ငန်းတွေကို အထောက်အကူ ပေးတဲ့အနေဖြင့် ရည်ရွယ်သည်ဟု စီမံကိန်း အရာရှိ ဦးကျော်မောင်က RFA ကို ရှင်းပြခဲ့သည်။ မူလ ထောက်ပံပေးနေသော စားနပ်ရိက္ခာ အစီအစဉ်တိုင်း လာမည့် ဧပြီလအထိ ဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ ( rfa.org မှ ကောက်နှုတ်)
*****
ဇန်န၀ါရီလ ၁၀ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


စင်ပြိုင်အစိုးရသစ် ပေါ်ပေါက်ရေး စတင်နေ
ဒီဗွီဘီ ၈ ရက် သတင်း

ပြည်ပအခြေစိုက် စင်ပြိုင် အစိုးရသစ်တရပ် ၂၀၀၉တွင်း ဖွဲ့စည်းရန် လက်တွေ့ လုပ်ငန်းစဉ် ပထမအဆင့်ကို စတင်နေပြီ ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ( NCUB ) က ထုတ်ဖေါ်ပြောကြားသည်။ ထိုင်းမြန်မာနယ်စပ် တနေရာတွင် ၂ ရက်အကြာ ကျင်းပသော အစည်းအဝေးကို ယနေ့ အဆုံးသတ်ပြီး အထက်ပါ လုပ်ငန်းစဉ်များကို တပ်ပေါင်းစုအဖွဲ့ဝင်များအား ချပြလိုက်သည် ဟု ပြောခွင့်ရ ဦးမြင့်သိန်းက ပြောကြားသည်။
( ဒီဗွီဘီ သတင်းမှ ကောက်နှုတ်)
***** ***** ******

ဇန်န၀ါရီလ ၄ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


အစ္စရေးတို့ ဂါဇာ၏ မြို့ကြီးများကို ၀န်းရံ

ထောင်ပေါင်းများစွာသော အစ္စရေးတပ်ဖွဲ့များသည် လေပြင် မြေပြင် ထောက်ပံရေးတပ်များနှင့်အတူ ဂါဇာအတွင်း အကြီးဆုံးမြို့များကို ၀န်းရံလိုက်သည်ဟု ၄ရက်၊ တနင်္ဂနွေနေ့ ညနေ ၃နာရီ၊ ၃၁မိနစ်တွင် သတင်းရရှိသည်။ အတည်မပြုနိုင်သေးသည့် သတင်များအရ ရက်သတ္တပတ်ကျော် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပါလက်စ္စတိုင်းလူမျိုး ၅၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေးတပ်ဖွဲ့မှ ၁ ယောက် သေဆုံး၊ ၃၂ယောက် ဒဏ်ရာ ရရှိနေသည်ဟု ကြားသိရသည်။
( TV2 .dk)
*****
ပင်လယ်ဓားပြ ၁၉ ယောက်၊ ပြင်သစ် စစ်သင်္ဘောက ဖမ်းဆီး

ဒီန်းမတ် စစ်သင်္ဘောမှာ ဆိုမားလီးယား ပင်လယ်ဓားပြ ၅ ယောက်အား ဖမ်းဆီးလိုက်ပြီး ၄ ရက်မြောက်ပြီးနောက် ပြင်သစ် စစ်သင်္ဘော နှစ်စီးသည် နောက်ထပ် ပင်လယ် ဓားပြ ၁၉ ဦးကို ရှာဖွေ ဖမ်းဆီးမိသည်။
ထိုပင်လယ်ဓားပြများကို သေနတ်များ၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများနှင့် သူတို့လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု ပြင်သစ် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
( TV2.dk)
*****
အာရှတွင် မြေငလျင်များ လှုပ်ခတ်

အမေရိကန် ဘူမိဗေဒတိုင်းထွာရေးဌာန အဆိုရ အင်အား ၇. ၅၆ ရစ်တာစကေးရှိသော မန်နိုကွာရီမြို့ အရှေ့မြောက် ကီလိုမီတာ ၁၅၀ အကွာ၊ ပါပူဝါးကျွန်း၏ ၃၅ ကီလိုမီတာ (ရေမိုင်) ရေအောက် ပင်လယ်မျက်နှာပြင်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားသဖြင့် ၅ ယောက် သေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာ ရရှိသည်။

ထို့နောက် ပါကစ္စတန်နိုင်ငံ နယ်စပ်နှင့် ကပ်လျက်ရှိသော အရှေ့မြောက် အာဖကန်နစ္စတန်ရှိ Hindu Kush- ဟင်ဒူခူရ် တောင်တန်းတွင်လည်း စကေး ၅. ၉ ရစ်တာ ရှိသော မြေငလျင်တခု လှုပ်ခတ်ခဲ့ပါသည်။ ဟင်ဒူခရှ် ဆိုသည်မှာ ပါကစ္စတန်လူမျိုးတို့က အိန္ဒိယ၏ တောင်တန်းဟု ခေါ်ဝေါ်သည်။
( TV 2.dk)
*****
ဝန်ကြီး ၂ နေရာအတွက် ရွေးချယ်

မကြာမှီ တာဝန်ထမ်းဆောင်ရမည့် အမေရိကန်သမ္မတ အိုဘားမားသည် ပြည်ထဲရေးဝန်ကြီးနှင့် လယ်ယာ/ စိုက်ပျိုး ၀န်ကြီး ၂ နေရာအား ရွေးချယ်လိုက်သည်။
Iowa ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Tom Vilsack အား လယ်ယာနှင့်စိုက်ပျိုးဝန်ကြီးနှင့် ပြည်ထဲရေး ၀န်ကြီးကို ကိုလိုရာဒိုပြည်နယ် လွတ်တော်အမတ် kan Salazar ကို ပြည်ထဲရေးဝန်ကြီး အဖြစ် ရွေးချယ်ခဲ့သည်။ ( ၁၇၊ ၁၂၊ ၀၈ နေ့ သတင်း)
4. 1. 09 ရက် သတင်းအရ သမ္မတ အိုဘားမား ရွေးချယ်ထားသည့် Secretary of State for Trade and Industry ၀န်ကြီး Bill Richarson သည် ၀န်ကြီးများ အဖွဲ့မှ နှုတ်ထွက်ကြောင်းကို NBC တီဗွီက ပြောဆိုခဲ့သည်။
Bill Richarson သည် နယူးမက်ဆီကို ပြည်နယ်၏ အုပ်ချုပ်ရေးမှူး တယောက်ဖြစ်သည်။ ၎င်းအပြင်သူသည် ဘီလ်ကလင်တန်၏ အစိုးရအဖွဲ့တွင် ၀န်ကြီးနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ်လည်း ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
(TV2.dk)
*****
အီရန်သမ္မတ၏ ဂါဇာအရေးအခင်း အမြင်

အီရန်သမ္မတ Ali Larijani, က အစ္စရေးတို့သည် ဂါဇာအား သင်္ချိုင်းတခုအဖြစ် ပြောင်းလဲနေသည် ဟု ၄၊ ၁၊ ၀၉ ရက်နေ့တွင် ပြောဆိုလိုက်သည်။
( TV2.dk)
*****
လှေနစ်မြုပ်သဖြင့် လူ ၂၉ ယောက် အတွက် စိုးရိမ်

နိပေါနိုင်ငံ အရှေ့ဖက် ကိုစီ(Koshi) မြစ်အတွင်း ခရီးသည်တင် လှေတစီး နစ်မြုပ်သဖြင့် လူပေါင်း ၂၉ ယောက် ပျောက်ဆုံးနေသည် ဟု နိပေါ ပုလိပ်ဌာနက ပြောဆိုလိုက်သည်။ ကိုစီ ( Koshi) မြစ်သည် နိပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ဖြတ်သန်း စီးဆင်းနေသည်။
( TV2.dk)
*****
အစ္စရေးတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည် လူနေရပ်ကွက်အတွင်း ကျ

ပါလက်စ္စတိုင်း လူနေရပ်ကွက်ဖြစ်သည့် ဂါဇာမြို့လယ်အတွင်းသို့ အစ္စရေးတို့ ပစ်ခတ်လိုက်သော ဒုံးကျည် ထိမှန်သဖြင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး လူ ၄၀ ဒဏ်ရာ ရရှိသည်ဟု ပါလက်စ္စတိုင်း ဆေးရုံ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ ၎င်းထိုးစစ်သည် ၂၀၀၆ ခုနှစ်က လက်ဘနွန်စစ်ပွဲနောက်ပိုင်း အသုံးပြုခဲ့သည့် အစ္စရေးတို့ အကြီးမားဆုံး စစ်ဆင်ရေးတခု ဖြစ်သည်။

ထိုစစ်ဆင်ရေးကြောင့် ပါလက်စ္စတိုင်းလူမျိုး ရာပေါင်းများစွာ အသက်ဆုံးရှုံးပြီး လူနေအဆောက်ဦးများ ထိခိုက် ပျက်စီးခဲ့သည်။ ပါလက်စ္စတိုင်းလူမျိုး Mahmoud Abu Khaled၏ မှတ်တမ်းတင်ထားသော ဓါတ်ပုံများကို အောက်လခ့်တွင် ကြည့်ရှု့နိုင်ပါသည်။
ဂါဇာထိုးစစ် ဓါတ်ပုံများ
( TV2.dk)
*****
ဗုံးပေါက်ကွဲသဖြင့် ၇ ယောက် သေဆုံး

4. 1. 09 ရက်နေ့၌ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက် Dera Ismail Khanမြို့လယ်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်သဖြင့် ပုလိပ် ၅ ဦးနှင့် အရပ်သား ၂ နှစ်ဦး သေဆုံးခဲ့သည်။
(TV2.dk)
*****
ဇန်န၀ါရီလ ၅ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


မိုဘိုင်း- အထောက်အထား ပါကစ္စတန်သို့ ပို့ပေး

အိန္ဒိယအစိုးရက မိုဘိုင်းအကြမ်းဖက်မှုတွင် ပါဝင်သော အထောက်အထားများကို ပါကစ္စတန် အစိုးရထံသို့ တရားဝင် ပို့ပေးလိုက်သည်။ ထိုသက်သေခံ အထောက်အထားများသည့် ပါကစ္စတန်နှင့် မိုဘိုင်း အကြမ်းဖက်သမားတို့ ဆက်သွယ်ထားသည့် အခရာ၊ မှန်ကန်ဖွယ်ရာ အရိပ်အမြွက်တခု ဖြစ်သောကြောင့် ထိုအရာအား ပါကစ္စတန် အစိုးရအနေဖြင့် ၎င်းအထောက်အထား၏ အဖြေမှန်ကို ချက်ချင်း စုံစမ်းဆက်ဆေးပေးရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးရုံးက ပြောဆိုလိုက်သည်။ ထိုအထောက်အထားတွင် ပါကစ္စတန်၏ ပါဝင်ပတ်သက်မှု ရှိသည့် အချက် ၁၀ချက် ပါရှိသည်။
( TV2.dk)
*****
အစ္စရေး စစ်သား သုံးယောက်သေ၊ ၃၀ ဒဏ်ရာ

ဂါဇာထိုးစစ်အတွင်း ၅၊ ၁၊ ၀၉ ၌ အစ္စရေး စစ်သား သုံးယောက်သေ ဟု အယ်လ် အာရာဘီးယား သတင်းဌာနက ပြောဆိုသည်။
ထို့နောက် အယ်လ် ဂျာဇီးယား သတင်းဌာနကတော့ အစ္စရေး စစ်သား သုံးယောက်သေ၊ ၃၀ ဦး ဒဏ်ရာ ရရှိသည် ။ ဆက်လက်ပြီး ညနေပိုင်းတွင် အစ္စရေး စစ်သား ၄ ယောက် သေဆုံးသည်ဟု ဆက်လက် ပြောကြား။
ဟားမက်စ် တပ်ဖွဲ့က ပြောတာကတော့ အစ္စရေး တင်းကား တစီး၊ ၎င်းတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်ထိမှန်ပြီး ၇ ယောက်သေ၍ အားလုံးပေါင်း အစ္စရေး စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီဟု ပြောသည်။

ထိုထိုးစစ်တပတ်ကျော်အတွင်း ပါလက်စ္စတိုင်းလူမျိုး ၅၅၅ ဦး သေဆုံးခဲ့ပြီး၊ ၂၇၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဂါဇာ အရေးပေါ်ဆေးရုံကားဋ္ဌာနက ပြောဆိုသည်က တနေ့အတွင်းမှာပင် လူ ၅၀ သေဆုံးခဲ့၊ ၁၂ ဦးက ကလေးများ ဖြစ်သည်ဟု ပြော၊။
( TV2.dk)
*****

စီအိုင်အေ အရာရှိချုပ် ရွေးချယ်

အိုဘားမားက Leon Panetta အား စီအိုင်အေ အရာရှိချုပ် ရွေးချယ်လိုက်သည်။ သူသည် ဒီမိုကရက်ပါတီဝင် တယောက် ဖြစ်ပြီး သမ္မတဟောင်း ဘီလ်ကလင်တန်အစိုးရအဖွဲ့တွင် အိမ်ပြူတော် ရုံးဋ္ဌာနမှုးအဖြစ် ထမ်းဆောင်ခဲ့သည်။
( TV2 .dk)
*****
ဇန်နာဝါရီ 6 ရက်
ဒုတိယပတ်၊ ၂၀၀၉
နိုင်ငံတကာသတင်း


တူရကီ တိုက်လေယာဉ် နှင့် အီရန် အမြောက်တပ် ဗုံးကြဲ

မြောက်ပိုင်း အီရတ်ဒေသရှိ ကူဒရှ် Kurdish ခွဲထွက်ရေးအဖွဲ့များရှိရာ ဒေသများကို တူရကီ တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ပြီး အီရန် အမြောက်တပ်ဖွဲ့ကလည်း ဒေသ စံတော်ချိန် ယနေ့ညနေ ၁၉း ၀၀၊ နာရီတွင် တနာရီလောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကူဒ်ရှ်စတန်လေဘာပါတီ ( PKK) က ပြောရေးဆိုခွင့်ရှိသူ တယောက်၏ ပြောဆိုချက်ဖြစ်သည်။
( TV2.dk)
*****
အစ္စရေး နို့စိုရွယ်ကလေး ဒုံးကျည်ကြောင့် ဒဏ်ရာရ

ဂါဇာ မြောက်ဖက် ကီလိုမီတာ ၄၀ ကျော်၊ အကွာအဝေးတွင် ရှိသော အစ္စရေးနိုင်ငံ ဂျီဒါရာမြီု့မှ သုံးလအရွယ် ကလေးတယောက် ဟားမက်စ်တို့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိသည်။

အစ္စရေး စစ်ဘက်က ပြောဆိုတာကတော့ ၃ ယောက်သေ၊ ၂၄ ဦး ဒဏ်ရာရမှ ၄ ဦးသည် အပြင်းအထန် ဒဏ်ရာ ရရှိသည်ဟု ပြောဆိုပြီး။ ယနေထိ အားလုံးပေါင်း ၅ ယောက် သေဆုံးပြီဟု အတည်ပြုပြောကြားသည်။
*****

အစ္စရေးတို့၏ ဂါဇာထိုးစစ်အတွင်း ယနေ့ ၁၁ ရက်မြောက်နေ့ တနေ့တွင်ပင် ပါလက်စ္စတိုင်း ၃၀ သေဆုံးခဲ့ပါသည်။

*****
စာသင်ကျောင်းများ တိုက်ခိုက်ခံရ

မြောက်ပိုင်း ဂါဇာမှာရှိတဲ့ UN အထောက်အပံ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်သဖြင့် လူပေါင်း ပါလက်စ္စတိုင်းလူမျိုး ၃၀ မှ ၄၀ အကြား သေဆုံးသည်ဟု TV2 သတင်းထောက် စတီးဖင် ရင်စင်က ပြောခဲ့သည်။
တောင်ပိုင်း ဂါဇာရှိ ၊၊UN စာသင်ကျောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် အစ္စရေးတို့၏ တင့်ကားမှ ပစ်ခတ်လိုက်သော အမြောက်ဆံကြောင့် ပါလက်စ္စတိုင်းလူမျိုး ၃ ယောက် သေဆုံးခဲ့သည်ဟု နယ်မြေ ဆေးရုံ တာဝန်ရှိသူတွေက ပြောဆိုခဲ့သည်။
ယနေ့အထိ ထိုးစစ်အတွင်း ပါလက်စ္စတိုင်းလူမျိုး ၆၀၀ ကျော် သေဆုံးခဲ့သည်။
အစ္စရေးစစ်ဖက်က “မြောက်ပိုင်း ဂါဇာ စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဟာ စာသင်ကျောင်းထဲကနေ သူတို့ကို မော်တာ အမြောက်ဆံဖြင့် ပစ်ခတ်ခြင်း ခံရသည်၊ ဆက်လက်ပြီး “ စာသင်ကျောင်းအတွင်းက တိုက်ခိုက်ခံရသည့်အတွက် ၎င်းတို့ စစ်သားများ အထိအခိုက်ရှိခဲ့သဖြင့် ပြန်လှည်ပစ်ခတ်သည်၊ ဒါဟာ သူတို့ရဲ အမှား မဟုတ်ဘူး” လို့ ပြောကြားခဲ့သည်။
နောက်ပြီး ဂါဇာရှိ ယူအင်ကျောင်း သုံးကျောင်းကို တိုက်ခိုက်ခဲ့သဖြင် လူပေါင်း ၄၀ သေဆုံးခဲ့သဖြင့် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အလွန်စွာ အံသြထိတ်လန့်သွားခဲ့တယ် ဟု ပြောကြားခဲ့သည်။
(TV2 .dk)
*****

ဂျာမဏီနိုင်ငံ Hannover မြို့မှာ ကလေးအရွယ် ယောကျာင်္းကလေးနှင့် မိန်းကလေးတယောက်သည် မြောက်ပိုင်းဂျာမန် ပွဲတော်တခုအပြီး လက်ထပ်ခဲ့သည်။ Mika နှင့် Anna-Lena,အမည်ရသည့်ကလေးအရွယ်သည် ၆ နှစ် နှင့် ၇ နှစ် အရွယ်ဖြစ်၍ ချစ်သူရည်းစားများ ဖြစ်ကြောင်း ဂျာမဏီပုလိပ်ဋ္ဌာနက ပြောဆိုသည်။
( TV2.dk)
*****

ဇန်နာဝါရီ ၇ ရက်
ဒုတိယပတ်၊ ၂၀၀၉
နိုင်ငံတကာသတင်း


ရှရှားနိုင်ငံက သဘာဝဓါတ်ငွေ့ ယူကရိန်းမှ ဖြတ်ကျော်မှု ရပ်ဆိုင်း

ယူကရိန်းနိုင်ငံက ဖြတ်သန်းတင်ပို့နေသည့် သဘာဝဓါတ်ငွေ့ကို ဥရောပသို့ တင်ပို့မှု ရပ်ဆိုင်းလိုက်သည်ဟု ယူကရိန်းသဘာဝါဓါတ်ငွေ့ ကုပဏီ ( Naftogaz)က ပြောဆိုလိုက်သည်။ သြစတီးယား၊ ဟန်ဂေရီ၊ ဂရိ၊ ဆလိုဗက်၊ ချက်၊ ဘူလဂေးယား၊ ပိုလန် ခရိုအေးရှားနှင့် တူရကီနိုင်ငံများအား ရှရှားမှ ပိုက်လိုင်းဓါတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းခဲ့သည်။
(TV2.dk)
*****
အိန္ဒိယ ဆော့တ်ဝဲယား Satyam ကုမ္ပဏီ ထိခိုက်၊ အိန္ဒိယ ရှယ်ယာ ဈေးကွက်တွင် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
(TV2.dk)
*****
အိုဘားမား၏ အဖွား အမေရိကားသို့ ခရီးထွက်မည်

အိုဘားမား၏ ကင်ညာနိုင်ငံသူ အဖွားဖြစ်သော ဆာရာ အိုဘားမားသည် အမေရိကန်ပြည်ထောင်စုသို့ ခရီးထွက်ခွာမည်ဟု သိရသည်။ တောင်ပိုင်းကင်ညာတွင် နေထိုင်သည်။
အိုဘားမားသည် ဟာဝိုင်ယီသူ လူဖြူနှင့် ကင်ညာနိုင်ငံသား လူမဲမှ မွေးဖွားလာသည်။ သူ၏ ဖခင်သည် ၁၉၈၂ ခုနှစ်တွင် သေဆုံးခဲ့သည်။
( TV2.dk)
*****
အမေရိကန်ပြည်ထောင်စု ဘီလီလျံ ၅၅၀၀ ခရိုနာ လိုငွေပြ ( ၁ ဒေါ်လာ= ၅.၅ ခရိုနာ) ခန့်
(TV2.dk)
*****
အစ္စရေးတို့ တိုက်ခိုက်မှု လျော့ချ

ဂါဇာထိုးစစ်အတွင်း ဒုံးကျည် အမြောက် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ အမြောက်အမြား သေဆုံးမှုကြောင့် အဝေးပစ်ခတ်မှု အမြဲတမ်းပစ်ခတ်ခြင်းမှ တနေ့သုံးနာရီ ရပ်ဆိုင်းမည်ဟု အစ္စရေးတို့ ကတိပေးခဲ့သည်။
ထိုသတင်းကို ပါလက်စတိုင်းလူထုက “ ဒါက သတင်းမျှသာ” ဖြစ်သည်ဟု တုံပြန်ပြောဆိုသည်။
ယနေ့အထိ ဂါဇာ ထိုးစစ်အတွင်း လူပေါင်း ၆၈၀ ယောက် သေဆုံးခဲ့သည်။
( TV2.dk)
*****
အစ္စရေးက ဟားမတ်စ်နှင့် ကိုင်ရိုတွင် တွေ့ဆုံလိမ့်မည်၊
*****
ဟားမတ်စ်

ဟားမတ်စ်သည် ပါလက်စ္စတိုင်း ဆိုနီ မူစလင် တိုက်ခိုက်ရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းတခု ဖြစ်သည်။ ၎င်းအဖွဲ့၏ အဓိက ရည်ရွယ်ချက်က ဥရောပနှင့် အမေရိကန်ပြည်ထောင်စုအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ဖြစ်သည်။ ၁၉၈၇ ခုနှစ်မှ စတင်ပေါ်ပေါက်လာသည့် ဟားမက်စ်အဖွဲ့သည် ပါလက်စ္စတိုင်း ဆိုရှယ် အလုပ်သမားများနှင့် ဖွဲ့စည်းထားသည်။ သို့သော် သုတို့သည် အစ္စရေးနိုင်ငံအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်းနှင့် အစ္စရေးနိုင်ငံအတွင်းသို့ အဝေးပစ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် ပါလက်စ္စတိုင်းလူထုအတွင်း နိုင်ငံရေး စစ်ရေးပါဝါကို တည်ဆောက်ခဲ့သည်။ နောက်ဆုံးတော့ ဟားမက်စ်၏ အဓိက ပစ်မှတ်ဟာ အစ္စရေးနိုင်ငံ ဖြစ်လာခဲ့သည်။
၂၀၀၆ ခုနှစ်၊ ပါလက်စ္စတိုင်း ရွေးကောက်ပွဲတွင် ဟားမတ်စ်သည် ပြည်သူထောက်ခံမှု ၅၆ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။
အစ္စရေးတို့က ပါလက်စ္စတိုင်းလူထုအတွင်း ဟားမတ်စ်၏ အရေးပါမှုကို ပိတ်ဆို့လိုသလို ဟားမက်စ်တို့ကလည်း အစ္စရေးလူမျိုးအား မျိုးပြုတ်သည်အထိ တိုက်ခိုက်ရန် သံဓိဋ္ဌာန် ချထားသည်။

၁၉၉၆ ခုနှစ်တွင် ဟားမက်စ်အဖွဲ့၏ အသေခံ ဗုံးခွဲတိုက်ခိုက်သမားများသည် အစ္စရေးနိုင်ငံအတွင်း ဘတ်စကားများပေါ်၌ တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၆၀ နီးပါး သေဆုံးခဲ့သည်။
( TV2.dk)
*****
ဇန်နာဝါရီ ၈ ရက်
ဒုတိယပတ်၊ ၂၀၀၉
နိုင်ငံခြားသတင်း

ဂါဇာထိုးစစ်အတွင်း အစ္စရေးတို့ ဗုံးအသစ်တမျိုး သုံးစွဲခဲ့သည်ဟု စွပ်စွဲ

အစ္စရေးစစ်တပ်က ဂါဇာထိုးစစ်တွင် ထိခိုက်မှုများတတ်သည့် ဗုံးအမျိုးအစား အသစ်တမျိုး အသုံးပြုခဲ့သည်ဟု ဂါဇာဆေးရုံတွင် တာဝန်ထမ်းနေသည့် နော်ဝေးလူမျိုး ဆရာဝန်တဦက ပြောဆိုသည်။ ၎င်းဗုံးအသစ်၏ ဒဏ်ရာသည် လူ၏ ခန္တာကိုယ် အနှံအပြားတွင် သေးငယ်သည့် ဗုံးအစများ ထိမှန်သည်၊ DIME ဗုံး ဖြစ်မည် ဖြစ်လိမ့်မည်ဟု ခန့်မှန်းသည်။
(TV2.dk)
*****
အစ္စရေးတို့က အီဂျစ်နယ်စပ်ရှိသော တောင်ပိုင်း ဂါဇာတွင် မြေပြင် လေပြင်မှ မနေ့ညက အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ၎င်းတို့၏ အဓိက ပစ်မှတ်သည် ဟားမစ်များ၏ ထောက်ပံရေး လမ်းကြောင်း ဖြစ်သည်ဟု ဆိုသည်။ ဒီဇင်ဘာလမှ အစပြုသော ထိုးစစ်အတွင်း ယနေ့အထိ ပါလက်စ္စတိုင်းလူထု ၇၀၁ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၃၁၀၀ ဒဏ်ရာ ရရှိခဲ့သည်။ ဟားမတ်စ်တို့၏ ဒုံးကျည်ကြောင့် အစ္စရေးလူမျိုး စစ်သား တယောက်အပြင် လူပေါင်း ဒါဇင်မျှ ဒဏ်ရာ ရရှိသည်။ ထိုးစစ်အတွင်း အစ္စရေးစစ်သား ခြောက်ယောက်သေဆုံးခဲ့သည်။
(TV2.dk)
*****
လက်ဘနွန်ဖက်က ပစ်ခတ်လိုက်သည့် ဒုံးကျည် အစ္စရေးနိုင်ငံအတွင်း ကျ
http://nyhederne.tv2.dk/video/index.php/nodeId-19688657.htmlဓါတ်ပုံများ

*****
ကိုစတာရီကာ ( Costa Rica ) တွင် ငလျင် လုပ်

ကိုစတာရီကာနိုင်ငံတွင် အန္တာရယ်ကြီးမားသော ငလျင်တခု လုပ်ခတ်သွားသဖြင့် မြို့တော် ဆန်ဂျိုစ် ( san jose ) တွင် အဆောက်ဦးများ တုန်ခါသွားပြီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်။ ထိုငလျင်သည် အင်းအား ၆.၁ ရစ်တာစကေး ရှိပြီး မြို့တော်မှ ၃၅ ကီလိုမီတာအကွာတွင် ဗဟိုပြု လုပ်ခတ်သွားခဲ့သည်ဟု အမေရိကန်ဘူမိဗေဒ တိုင်းထွာရေးဋ္ဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် ဆန်ဂျိုစ်မှ မည်သည့်သတင်းမှ မရသေးပါ။ ( ၉ ရက်နေ့သတင်းအရ ကလေး ၂ ယောက် သေဆုံးပြီး အပျက်အစီး ဆုံးရှုံးမှု အမြောက်အများရှိသည် ဟု သတင်ရရှိသည်။ )
( TV2.dk)
*****
စံချိန်တင် အပူအချိန် ကျဆင်းသဖြင့် လူအမြောက်အများ သေဆုံး

အလွန် အေးလာသဖြင့် ဥရောပဒေသ အမြောက်အမြားတွင် လူများ အသက်ဆုံးခဲ့သည်။
လူ ၇ ယောက် အအေးဒဏ်ကြောင့် ပိုလန်နိုင်ငံတွင် ဗုဒ္ဒဟူးနေ့က သေဆုံးခဲ့သည်။ လွန်ခဲ့သည့် နိုဝင်ဘာလမှ စပြီး အအေးဒဏ်ကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့သည်ဟု PAP သတင်းဌာနက ပြောခဲ့သည်။ သေဆုံးသူအများစုမှ အိမ်ယာမဲ့များနှင့် နေထိုင်သည့်အခန်းတွင် အပူပေးစက်များ မတတ်ဆင်ထားသောကြောင့် ဖြစ်သည်။
ဂျာမဏီနိုင်ငံတွင်လည်း ယခုနှစ်အတွင်း အအေးဒဏ်သည် စံချိန်တင် အပူချိန် ကျဆင်းခဲ့သည်။ လူများသည် အအေးဒဏ်ကြောင့် ကြီးမားသော ဝေဒနာများ ခံစားနေရပြီး လူ ၄ယောက် သေဆုံးခဲ့သည်။ ယခုနှစ် ဂျာမဏီတွင် နှစ်ပေါင်း ၁၀၀ အတွင်း အအေးဆုံး ဖြစ်သည်။
ဘယ်လဂျီယန်နိုင်ငံတွင်လည်း ၁၀ နှစ်အတွင်း အအေးဆုံးဖြစ်၊ လူတဦး သေဆုံးခဲ့သည်။
TV2.dk
*****
သမ္မတလောင်း အိုဘားမားလောင်း အိုဘားမားသည် အစိမ်းရောင် လျှပ်စစ်စွမ်းအင်ကို အသုံးပြု လိမ့်မည်ဟု ပြောဆိုလိုက်သည်။ အစိမ်းရောင်ဆိုသည်မှာ သဘာဝမှ ထုတ်ယူသည့် စွမ်းအင် ဖြစ်သည်။
( TV2.dk)
*****
Gautanamo စစ်သုံပန်းများအတွက် ဆန္ဒပြ

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားအဖွဲ့ (Amnesty International ) မှ ဂတ်တာနာမို ( Gautanamo ) ကျွန်းတွင် စစ်သုံပန်းများအား ထိန်းသိမ်းထားသည့် စခန်းကို မည်သည့်ရက်တွင် ပိတ်မည်ဟု သမ္မတလောင်း အိုဘားမားအား မေးမြန်းထားပါသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့၏ ပြောကြားချက်အရ ယခုပတ် Weekend တွင် ဂတ်တာနာမို အကျဉ်းစခန်းမှ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဒီန်းမတ် ချီလီ ဘယ်လဂျီယန် စပိန် ကနေဒါနိုင်ငံနှင့် တခြားသော နိုင်ငံပေါင်း အမြောက်အများတွင် ဆန္ဒပြမည်ဟု ပြောကြားပါသည်။
အကျဉ်းသားများသည် တာလီဘန်တို့အား ဖြုတ်ချခဲ့သည့် အာဖဂန်နစ္စတန်စစ်ပွဲအတွင်း ဖမ်းဆီးထားသော သုံပန်းများ ဖြစ်သည်။
( TV2.dk)
*****
ဇန်န၀ါရီလ ၉ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ရေခဲအမှတ် ဆောင်းရာသီ

ဥရောပ အလယ်ပိုင်းနှင့် ဂျာမဏီနိုင်ငံတွင် ဆက်လက်ပြီး အအေးဒဏ် ခံစားရနေသည်။ မြစ်ချောင်းများမှ ရေ၊ အေးခဲသည်ထိ အပူအချိန်အမှတ် အနုတ် ၃၆ စင်တီဂရိတ် ( - 36 ) အထိ ကျဆင်းလျက် ရှိသည်။
http://galleri.tv2.dk/index.php/category-Vejret/id-19719277/page-1.htmlဓါတ်ပုံ
( TV2.dk)
*****
ငြိမ်းချမ်းရေး အစီအစဉ် ဟားမတ်စ် လက်မခံ

ကုလ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်မခံနိုင်ကြောင်း သူတို့ လက်မခံနိုင်ကြောင်း ဟားမတ်စ်အဖွဲ့က AFP သို့ ပြောကြားလိုက်သည်။ ၎င်းအစီအစဉ်၏ ဆုံးဖြတ်ချက်များသည် ပါလက်စတိုင်းလူမျိုးအတွက် အကောင်းဆုံးမဟုတ်ဟု ပြောဆိုခဲ့သည်။
ထိုးစစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ပါလက်စတိုင်းပြည်သူများအတွက် ရည်မှန်းချက် မဟုတ်ကြောင်း ရာဖတ် မိုယာက ပြောခဲ့သည်။
( TV2.dk)
*****
ကုလ အရေးပေါ် ကယ်ဆယ်ရေး ပြန်လှည် ၀င်ရောက်

အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ အလျင်အမြန် ပြန်စရန်အတွက် ကုလ အရေးပေါ်ဖွဲ့များ ဂါဇာ ကမ်းမြောင်ဒေသသို့ ပြန်လှည် ၀င်ရောက်။ ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက “ အစ္စရေးဖက်က ၎င်းတို့၏ အရေးပေါ်လုပ်ငန်းဆောင်တာများကို ပစ်ခတ် မတိုက်ခိုက်ရန် အာမခံချက် ပေးရမည် ဖြစ်ကြောင်း ပြောခဲ့သည်။
( TV2.dk)
*****
ဂါဇာ ကမ်းမြောင်အတွင်းရှိ အစ္စရေးတို့၏ ပြည်သူများကို ကာကွယ်ရန် မလွယ်ကူနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ဟားမတ်စ်သည် ပါလက်စတိုင်းပြည်သူများကို ဒိုင်းသဖွယ် အသုံးပြုနေသောကြောင့် ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကက ပြောဆိုသည်။
******
ဂရိနိုင်ငံတွင် ဆန္ဒပြမှုများ ပြန် ဖြစ်ပွားနေသည်။ လမ်းမပေါ်၌ တထောင်ဦးရေခန့်ရှိသော လူငယ်များနှင့် လုံထိန်းပုလိပ်များအကြား ရုန်းရင်းဆန်ခတ် ပြန်လှည် ဖြစ်ပွားသည်ဟု သိရသည်။ လွန်ခဲ့သည်နှစ်က လူငယ်တယောက် ပုလိပ်၏ သေနတ် ပစ်ခတ်မှုဖြင့် သေဆုံးရာမှ အကြောင်းပြုပြီး ဂရိနိုင်ငံ အနှံအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
*****
အလုပ်လက်မဲ့

၂၀၀၈ အတွင်း အမေရိကန်ပြည်ထောင်စုအတွင်း အလုပ်နေရာပေါင်း ၂.၆ သန်းခန့် ပျောက်ဆုံးလျက်ရှိသည်။ ၂၀၀၈ နိုဝင်ဘာ၌ အလုပ်လက်မဲ့ ၆.၈ ရာခိုင်နှုန်းမှ ဒီဇင်ဘာလအထိ ၇.၈ ရာခိုင်နှုန်း တိုးတက်လာသည်။ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အဆိုးဝါးဆုံးသော အလုပ်လက်မဲ့ ပြသာနာ ဖြစ်သည်။
*****
၉၊ ၁၊ ၂၀၀၉ အထိ ဂါဇာ အသေအပျောက်

ထိုးစစ်ကာလ ၂ ပတ်မြောက် ရောက်သည့်နေ့တွင်ပင် ပါလက်စတိုင်းလူမျိုး ၈၀၀ ကျော် သေဆုံးခဲ့ပြီ ဟု နယ်မြေ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Muiwiya Hassannien က ပြောဆိုခဲ့သည်။ သေဆုံးမှုထဲတွင် ကလေး ၂၃၀ဦးနှင့် မိန်းမ ၉၂ ဦးရှိပြီး ၃၃၃၀ ဦး ဒဏ်ရာ ရရှိသည်ဟု ဆက်လက်ပြောဆိုသည်။
လွန်ခဲ့သည့် အပတ် သောကြာနေ့တနေ၌ပင် အစ္စရေးတို့က တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀ လောက် ရှိပြီး ပါလက်စတိုင်းလူမျိုး ၃၀ ခန့် သေဆုံးခဲ့သည်။
မျက်မြင်သက်သေများ ပြောဆိုချက်အရ အစ္စရေးစစ်တပ်က ပါလက်စတိုင်းလူမျိုး ၃၀၀ ခန့်ကို ဖမ်းဆီးထားသေးကြောင်း သိရပါသည်။ ထိုနေ့၌ပင် ဟားမတ်စ်တို့သည်လည်း အစ္စရေးတောင်ပိုင်းဒေသများသို့ ဒုံးကျည်ပေါင်း ၃၀ ကျော် နေရာကွက်ကြား တိုက်ခိုက်ခဲ့သည်။
တူညီသည့်အချိန်အတွင်း အစ္စရေးတို့ဖက်ကလည်း စစ်သား ၁၀ဦး သေဆုံးခဲ့ပြီး အစ္စရေးပြည်သူ ၂ ယောက် သေဆုံးခဲ့ရသည်။
( TV2.dk)
*****
U2၏ ၄၂ နှစ်အရွယ် အိုင်းရစ်လူမျိုး ရောခ့်အဆိုတော် မီလျံနာ ဘိုနို( Bono ) သည် နယူးယောက် တိုင်းမ်း သတင်းစာအတွက် ပင်တိုင်ဆောင်းပါးရှင် တယောက် ဖြစ်လာသည်။ သူ၏ ပထမဦးဆုံး ဆောင်းပါကို ၁၁ ရက်၊ တနင်္ဂနွေနေ့တွင် ဖေါ်ပြမည်၊
( TV2.dk )
*****
ဟားမတ်စ် ခေါင်းဆောင်များ ငြိမ်းချမ်းရေး ခရီး

ဟားမတ်စ်အဖွဲ့၏ ခေါင်းဆောင် အဖွဲ့ဝင်များ သုံးဦးသည် အပစ်အခတ်ရပ်စဲရေးကို စေ့စပ်ဆွေးနွေးရန်အတွက် ဂါဇာကမ်းမြောင်မှ အီဂျစ်နိုင်ငံသို့ ခရီးထွက်ခွာသွားသည်။ ၎င်းတို့မှာ ဟားမတ်စ်၏ နိုင်ငံရေးဦးဆောင်မှု ခေါင်းဆောင် Jamal Abu Hashem, ပါလီမန် လွတ်တော်အမတ် Salah al- Bardaweel နှင့် ပါလက်စတိုင်းအစိုးရ၏ အရာရှိ Ayman Taha တို့ဖြစ်သည်ဟု ဟားမတ်စ်တို့က ထုတ်ပြန်သည်။
( TV2.dk )
*****
သမ္မတဟောင်း သားတယောက် ထောင် ၉၇ နှစ် ကျ

လိုင်ဘီးယား http://en.wikipedia.org/wiki/Liberia နိုင်ငံ သမ္မတဟောင်း ချားလ် တေလာ၏ သားဖြစ်သူ ချာလ်း အမ်စီအာသူ အင်းမင်နှူရယ် အား စစ်ရာဇ၀တ်မှုများဖြင့် အမေရိကန် တရားရုံးက ထောင်ဒဏ် ၉၇ နှစ် ချမှတ်လိုက်သည်။ ၁၄ နှစ်အကြာ ဖြစ်ပွားခဲ့သည့် လိုင်ဘီးယား စစ်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက် ခွင့်လွတ်ပါရန် သူ့၏ သွေးချင်း များကို သူက တောင်းပန်ခဲ့သည်။
( TV2 .dk )
*****
ဇန်န၀ါရီလ ၁၀ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


ဂါဇာ၌ စစ်ပွဲများ ဆက်လက် ဖြစ်ပွားဆဲ

ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ရှေ့တို့ နောက်မဆုတ်သာ မရေမရာဖြစ်နေသည့်ကြား နှစ်ဦး နှစ်ဖက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်ဟု ယနေ့ နံနက်တွင် TV2 သတင်းထောက် အူးလာက သတင်း ပေးပို့ပါသည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို နှစ်ဖက်စလုံးက လက်မခံနိုင် ဖြစ်နေသည်။
( TV2.dk )
*****
TV2 ၏ သတင်း ဓါတ်ပုံများ
http://galleri.tv2.dk/index.php/category-Nyhederne/id-19678193/page-5.html အမေရိကန် သမ္မတ ငါးဦး တွေ့ဆုံသည့် ဓါတ်ပုံများ

http://galleri.tv2.dk/index.php/category-Nyhederne/id-19703174/page-1.htmlအစ္စရေး ထိုးစစ်ကို ဆန္ဒပြနေသော နော်ဝေနိုင်ငံ အော်စလိုမြို့တော်

http://galleri.tv2.dk/index.php/category-Nyhederne/id-19719445/page-6.html
ကျူးဘား ပုံရိပ်
*****
ဒု သမ္မတလောင်း အာဖကန်နစ္စတန် လည်ပတ်ရောက်ရှိ

အမေရိကန် ဒု သမ္မတလောင်း ဂျိုး ဘီဒင် ( Joe Biden ) သည် အာဖကန်နစ္စတန်နိုင်ငံသို့ ယနေ့ ရောက်ရှိသွားသည်။ သူသည် အာဖကန်နစ္စတန် သမ္မတ ဟာမိ(တ်) ကာဇီနှင့် နိုင်ငံတကာ အကြမ်းဖက်များ တိုက်ဖျက်ရန် နှစ်နိုင်ငံ အကျိုးတူ လုပ်ငန်းများအတွက် တွေ့ဆုံ ဆွေးနွေးရန် ဖြစ်သည်ဟု သိရသည်။ ပြီးနောက် အာဖကန်နစ္စတန် စစ်တပ်အကြီးအကဲနှင့်လည်း တွေ့ဆုံရန် ရှိသည်။
( TV2.dk )
*****
ဘယ်လဲ ဘုရှ် နှင့် ဘင်လာဒင်

သမ္မတ ဘုရှ်သည် မကြာမှီ တိုင်းပြည် အုပ်ချုပ်ရေး တာဝန်များကို လွဲပြောင်းရတော့မည် ဖြစ်သည်။ သို့သော် ၇ နှစ်အကြာ နိုင်ငံတာ အကြမ်းဖက် လှုပ်ရှားမှုကို တိုက်ဖျက်ရင်း စစ်ပွဲများကို ဆင်နွဲခဲ့သည်။ သို့ဗေမဲ့ ဘင်လာဒင်နှင့် Ayman al- Zawahiri တို့အား ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။
“ ကျွန်ုပ်တို့တွင် နေရက်များ ရှိပါသေးတယ်။ ကျွန်ုပ်တို့ဟာ ဘင်လာဒင်ကို အသေရရ အရှင်ရရ ဖမ်းဆီးရန် လိုချင်ခဲ့သည်။ သူ့ဟာ တနေရာတွင် ပုံးအောင်း လွတ်မြောက်နေသည်”ဟု အမေရိကန် ဒု သမ္မတ Dick က စိအင်အင်ကို ပြောဆိုခဲ့သည်။ နောက်တက်လာမည့် အိုဘားမား၏ ပဲ့ကိုင်မှုဖြင့် ဘင်လာဒင်အား ဆက်လက် ရှာဖွေ ဖမ်းဆီးရန် အဆင်အသင့်ရှိသည်ဟု ပြောခဲ့သည်။
( TV2.dk )
*****
အစ္စရေးတိုက တိုးမြင့်တိုက်ခိုက် လိမ့်မည်

အစ္စရေးစစ်တပ်၏ တိုက်လေယာဉ်များပေါ်မှ ဂါဇာအတွင်း စာရွက်ကြဲချသည်။ ယခုအခါ အစ္စရေးစစ်တပ်သည် ထိုးစစ်အတွင်း အဆင့်သစ်တရပ်ကို လှမ်းတက်ရန် အဆင်အသင့် ရှိနေပြီဟု ဆိုသည်။

သမ္မတ မာဟမွတ် အာဘတ်က “ ဒါဟာ အဓိပ္ပါယ်မရှိတဲ့ အရာတွေနှင့် အချိန်ဖြုန်းနေရန် ကာလမဟုတ်၊ အခြေအနေတွေဟာ အလွန်တရာ လေးနက်ထားရန် လိုကြောင်း ” ပြောဆိုခဲ့သည်။

အာဘတ်က ဟားမတ်စ်တို့အား “ ကိုင်ရို ဆွေးနွေးပွဲတွင် ဟားမတ်စ်တို့ လက်ခံချက် အလျင်အမြန်ရရန် ပြုလုပ်လိုကြောင်း ” ဆက်လက် ပြောဆိုခဲ့သည်။
( TV2.dk )
*****
ဇန်န၀ါရီလ ၁၁ ရက်
ဒုတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


ဘတ်စ်ကား တိမ်းမှောက်၊ လူ ၃၃ ဦး အနည်းဆုံး သေဆုံး

ပီရှုးနိုင်ငံ ဘတ်စ်ကားတစင်း တောင်ပေါ်လမ်းမှာ မီတာ ၅၀၀ နက်သော ချောက်ထဲ ထိုးကျသဖြင် လူပေါင်း ၃၃ ယောက်သေဆုံးပြီ ၂၃ ယောက် အပြင်းအထန် ဒဏ်ရာ ရရှိသည်ဟု ပုလိပ်ဋ္ဌာနက ပြောဆိုသည်။ ရာသီဥတု ဆိုးဝါးပြီး မိုးများစွာ ၇ွာသွန်းသဖြင့် ဘတ်စကား တိမ်းမှောက်ခဲ့သောကြောင့် ဖြစ်သည်။ သေဆုံသူထဲတွင် ကလေး ၆ ယောက် ပါဝင်သည်ဟု ဆိုသည်။
( TV2.dk)
*****
ပိုက်လိုင်းမှ ဓါတ်ငွေ့ ပြန်တင်ပို့

ယူကရိန်းနှင့် ရှရှား နှစ်နိုင်ငံ သဘာဝဓါတ်ငွေ့ အငြင်းပွားမှုသည် ဥရောပ နိုင်ငံ အတော်များများတွင် ပြသာနာပေါင်း များစွာ ကြုံတွေ့ခဲ့ရသည်။ ယခုအခါ ချက် သမ္မတ၏ စွမ်းဆောင်မှုဖြင့် ယူကရိုန်းနှင့် ရှရှား နှစ်နိုင်ငံစလုံး သဘောတူညီချက် အသစ်တခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
( TV2.dk)
*****
အစ္စရေးတို့ အဆင့်သစ် တိုက်ခိုက်မှုအတွင်း လူသုံးယောက်သေ

ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ချပြီး နောက်ပိုင်း ယနေ့ နံနက်တွင် အစ္စရေးတို့က တိုက်လေယာဉ်များနှင့် တင့်ကားများမှ ပစ်ခတ်တိုက်ခိုက်သဖြင့် လူ ၃ ယောက် သေဆုံးခဲ့ပြီး၊ လူအမြောက်အများ ဒဏ်ရာ ရရှိခဲ့သည်။
ယနေ့တိုက်ခိုက်မှုအတွင်း ဂါဇာအတွင်းရှိ ကူဇာကျေးရွာအနီးတွင် အစ္စရေးတင့်ကားမှ ပစ်ခတ်သည့် အမြောက်ဆံများကြောင့် မိန်းမ တဦး သေဆုံးပြီး လူပေါင်း ၆၀ လောက် ဒဏ်ရာ ရရှိသွားသည်။
တခြား သေဆုံးခဲ့သည့် နှစ်ယောက်သည် ဂါဇာကမ်းမြောင်၏ အနောက်ဖက်တွင် ကားမောင်းနေစဉ် အစ္စရေး တိုက်လေယာဉ်မှ ဒုံးကျည် ထိမှန်ခဲ့သည်ဟု ဆေးရုံ ဆရာဝန်က ပြောဆိုခဲ့သည်။
( TV2.dk )
*****
အင်ဒိုနီးရှားတွင် ကူးတို့သင်္ဘော နစ်မြုပ်

အင်ဒိုနီးရှား ကူးတို့သင်္ဘော တစီးသည် လူပေါင်း ၂၅၀ ယောက် နှင့်အတူ နစ်မြုပ်ခဲ့သည်ဟု ပိုဆောင်ရေးဝန်ကြီးဋ္ဌာန သတင်းရ သိရှိသည်။ မည်မျှလောက် သေဆုံးခဲ့သည်ဟု သတင်းမရ၊ လူ ၁၅၀ လောက်သာ ကယ်ဆယ်ရရှိသည်။ ထိုဝန်ကြီးဋ္ဌာနကလည်း မည်မျှ သေဆုံးခဲ့သည်၊ မည်မျှ အသက်ရှင် ကျန်ရစ်သည်ကို သတင်း အတိအကျ ထုတ်ပြန်မနိုင်သေးပေ၊ ကူးတို့ သင်္ဘောသည် Sulawesi ကျွန်းနှင့် Samarrinda ကျွန်း အကြား ခုတ်မောင်းနေစဉ် နစ်မြုပ်သည်ဟု သိရသည်။

Sunday, January 4, 2009

ကြေးပေါင်းစွဲသော စိတ် ( သို့ ) ကျိန်စာ

*
**



ပေါင်းနှုတ်မြောက်စား ဤလူကြားဝယ်

ငတလူလ မရှု့ဗေဒ

ရင်ဘတ်တွင်း တပ်မက်စေပြီး

လောဘများ မွေးဖွားခြင်းဖြင့်

ဒေါသများ ရှင်သန်စေ၍

မောဟများ ခူးချွေသုံးရင်း

ထိုအတ္တကြောင့် ငါ့သေခဲ့လျှင်

သံသရာကို ငါရှည်ဝံ၏ ။ ။



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

မှတ်ချက်။ ။ ဓါတ်ပုံကို Yahoo Images မှ ရှာဖွေ အသုံးပြုထားသည်။

သတင်း မှတ်စု ( ၁ )

တပတ်အတွင်း သတင်း မှတ်စု

ဇန်န၀ါရီလ ၁ ရက်
ပထမအပတ်၊ ၂၀၀၉၊
ပြည်တွင်း သတင်း



“ရွှေကျင် သာသနာပိုင် ဆရာတော်ကြီး ဦးအဂ္ဂိယ၏ ၂၀၀၉အတွက် သြ၀ါဒ”

ယနေ့ မြန်မာ့နိုင်ငံရေးကို ကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။ ( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
*****

နာဂစ်မုန်တိုင်း ရံပုံငွေ နာမည်ဖြင့် ကညနတို့ ဆိုင်ကယ်လိုင်စင်ထုတ်ပေး ကျပ်သိန်းချီအခွန်ကောက်


ယခုနှစ် ဂျွန်လမှစ၍ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်၌ နအဖအာဏာပိုင်များ ဆိုင်ကယ်လိုင်စင် လက်ခံလုပ်ပေးရာ ဆိုင်ကယ်တစ်စီး ကျပ်ငွေသိန်းချီကောက်ယူကြောင်း၊ နားဂစ်မုန်တိုင်းဒုက္ခသည်များအတွက် ရံပုံငွေဟု နာမည်တပ် ကောက်ယူသော ငွေများကို နအဖအာဏာပိုင် အသိုင်းအ၀ိုင်းများအတွင်းပင် ပြန်လည်ဝေငှစားသုံးခဲ့ကြောင်း သျှမ်းပြည်တောင်ပိုင်းသတင်း ရပ်ကွက်က ဆိုပါသည်။ (သျှမ်းသံတော်ဆင့်မှ ကောက်နှုတ်ချက်)
*****

စာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်း


ရန်ကုန်မြို့မှ စေတနာရှင်များက စာအုပ်နှင့် စာစောင်များ လှူဒါန်းခဲ့ကြ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၅)ရပ်ကွက်၊ အမှတ်(၇)တွင် (၂ဝဝ၈) ခုနှစ်၊ မတ်လ (၃ဝ)ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့သော“ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက်'သို့ ဦးစီး တည်ထောင်ခဲ့သူ ဆရာ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် (၂ဝဝ၈)ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့၊ နေ့လယ်ပိုင်း အချိန်က သွားရောက်၍ ရန်ကုန်မြို့မှ စေတနာရှင်များက လှူဒါန်း လိုက်ကြသော ဂျာနယ်များ၊ မဂ္ဂဇင်း စာစောင်များကို လွှဲပြောင်း ပေးအပ်ခဲ့ရာ ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက် ဥက္ကဋ္ဌ ဦးထွန်းအောင်ကြည် စာကြည့်တိုက်မှူး ကိုကျော်စွာ၊ စာကြည့်တိုက် ထိန်းသိမ်းရေး တာဝန်ခံ နန်းအိသန္တာမြင့်၊ နန်းသက်ရည်ဝင်းနှင့် မြို့ခံ ပန်းချီ ဦးဝင်းဇော်တို့မှ လက်ခံ ရယူ ပေးခဲ့ကြသည်။ ( www.snapshot-news.com )
*****
“NCUB က စင်ပြိုင်အစိုးရ ဖွဲ့ရန် စီစဉ်”

တိုင်းပြည်အရေးအပေါ် အခြေအနေတွေကြောင့် ခိုင်မာကျယ်ပြန့်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရတရပ်ကို ဖွဲ့စည်းသွားမည်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ဇန်န၀ါရီလ ၁ ရက်နေ့မှာ ကြေညာလိုက် ။ ။ ( ဘီဘီစီသတင်းမှ ကောက်နှုတ်ချက်)
*****
မလေးရှားမှနှစ်သစ်ကူးမရှောင်သောအဖမ်းအဆီး

(၁-၁-၂၀၀၉) new year နေ့မှာပင် မလေးရှားနိုင်ငံ၏ အော်ပရာစီ ခေါ်စီမံချက် အဖမ်းအဆီးများ မရပ်မနား ပိုမို ကြမ်းတမ်းနေကြောင်း ကြားသိရပါသည်။ ကွာလမ်လာပူမြို့လယ်ကို တာရာယာကုန်တိုက်အနီးနှင့် ကလန်းကားဂိတ်တ၀ိုက်တွင် ဘက်စ်ကား ခရီးသည်များကို ကားပေါ်မှဆွဲချ၍ ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရာတွင် အသက်ဆယ်နှစ်ကျော် ရွယ်ကလေးငယ်များကို ဖမ်းဆီးပြီး လူကြီးများကို ကားပေါ်မှ အတင်းဆွဲချ၍ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ခိုင်းထားကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ မြန်မာနှစ်ဦးမှ ပြောကြားပါသည်။ သည်အတိုင်း ရှေ့လျှောက် ပိုဆိုးမည်ဟု မြန်မာအသိုင်းအ၀ိုင်းတွင် သတင်းများဖြစ်ပေါ် နေကြောင်း ကြားသိရပါသည်။
(မြန်မာပြည်သား ဘလောဂ်)
*****

“နေပြည်တော် စက်မှု (၁) ၀န်ထမ်းများထံမှ အဓမ္မကောက်ခံငွေ ၀န်ကြီးပြန်ပေး”

နေပြည်တော် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ခံ အရာထမ်း၊ အမှုထမ်းများထံမှ လစဉ် အဓမ္မကောက်ယူခဲ့သည့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကြေး ငွေများကို ၀န်ကြီး ဦးအောင်သောင်းက ရုတ်တရက် အားလုံး ပြန်ပေးသဖြင့် ၀န်ထမ်းများ အံ့သြနေကြသည်ဟု စုံစမ်းသိရသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
*****

“ဦးသန့် ဓါတ်ပုံမျက်နှာဖုံးအား စာပေစိစစ်ရေးက ပယ်ချ”


ပြည်တွင်းလစဉ်ထုတ်နေတဲ့ မြန်မာသစ်မဂ္ဂဇင်းစာစောင်တွင် ဇန်နာရီလအတွက် ကွယ်လွန်သူ ကုလ အတွင်းရေးမှူးချုပ်အဟောင်း ဦးသန့်၏ ဓါတ်ပုံဖြင့် ပုံနှိပ်ထုတ်ဝေခွင့်ကို စစ်အစိုးရ စာပေစိစစ်ရေးက ပယ်ချလိုက်သည်။
(www.rfa.org သတင်းမှ ကောက်နှုတ်)
*****

“နေပြည်တော် အာဆီယံကောင်စစ်ဝန်ရုံးဆောက်ဖို့ ကြံစိုက်ခင်းတွေသိမ်း”


နေပြည်တော်ဒေသတွင်း ပါဝင်သော ပြန်ကပြေး၊ တောက်ထိန်နှင့် လက်ပံခါးလှ ကျေးရွာများမှ ကြံစိုက်ခင်းဧက (၁,၀၀၀) ကို အာဏာပိုင်များက သိမ်းယူလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းသို့ သိမ်းယူရခြင်းမှာ အာဆီယံ နိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံး တည်ဆောက်ရန် အတွက်ဟု သိရပြီး ဒီဇင်ဘာလလယ်ခန့်က အဆိုပါ ကျေးရွာများမှ ကြံတောင်သူများကို ဆင့်ခေါ်ကာ ကြံစိုက်မြေများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ကြံစိုက်ခင်းများအတွင်း သို့ ၀င်ရောက်ခြင်း၊ ကြံခုတ်ခြင်းများ မပြုလုပ်ကြရန်လည်း အမိန့်ဖြင့် တားမြစ်ခဲ့သည်ဟု ဆိုသည်။ (ခေတ်ပြိုင်သတင်းသတင်းမှ ကောက်နှုတ်ချက်)
*****

“အဖမ်းဆီးခံ မြောက်ကိုးရီးယားနိုင်ငံသားများ သတင်း”

တရားမ၀င် ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးထားခဲ့တဲ့
မြောက်ကိုရီးယား နိုင်ငံသားတွေထဲက တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး အိမ်နီးချင်း
ထိုင်းနိုင်ငံကို ပို့ပေးလိုက်တယ်လို့ မြန်မာတာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံသား ၁၉ ယောက်ဟာ တရုတ်နဲ့ အရှေ့တောင်အာရှဒေသကို
ဖြတ်ပြီး တောင်ကိုရီးယားကိုသွားဖို့ ကြိုးစားကြတာပါ။
ဒီဇင်ဘာလ အစောပိုင်းမှာ မြန်မာအာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးခဲ့ပြီး လူဝင်မှု
ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခံရမယ့် အခြေအနေ ရောက်ခဲ့ပါတယ်။
အခုပြန်လွှတ်ပေးလိုက်တဲ့သူတွေကို တောင်ကိုရီးယားနိုင်ငံ သွားခွင့်ပြုမယ်လို့
တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
( ဗွီအိုအေမှ ကောက်နှုတ်ချက်)
*****

“ ဖမ်းဆီးထားသည့် ပဲကုန်သည်ကြီးများအား လွတ်”


ပဲရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ ငွေကြေးအရှုပ်အထွေးကြောင့် အာဏာပိုင်များ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ပဲအမျိုးအစုံ တင်ပို့တဲ့ ကုန်သည် ၅ ဦးကို ပြန်လွတ်လိုက်ပြီလို့ RFAက စုံစမ်း သိရပါတယ်။ သူတို့ကို ၂ ပတ်အကြာ ဖမ်းဆီးထားပြီး ပြန်လွတ်လိုက်တာလို့ သိရပါတယ်။
(www.rfa.org သတင်းမှ ကောက်နှုတ်)
****

အရှေ့မြောက်ပိုင်း တိုင်းမှူးနှင့် ၀ လက်နက်ကိုင်အဖွဲ့ သဘောတူညီချက် မရ”

လာရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွက်ဟာ ရှမ်းပြည်မြောက်ပိုင်း ပန်ဆန်းဒေသမှာ ရှိတဲ့ UWSA ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်က ခေါင်းဆောင်များနှင့် ရက်အတန်အကြာ လာရောက်ဆွေးနွေးခဲ့တယ်လို့ ပန်းဆန်းကလာတဲ့ သတင်းအရ သိရှိပါတယ်။
မြန်မာစစ်အစိုးရ ဖွဲ့စည်းပုံအရ တောင်မြောက် နှစ်ခြမ်းကွဲနေတဲ့ ၀ နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ၂ နယ်စလုံး မပေးနိုင်တဲ့အတွက် သဘောတူချက်မရကြောင်း သိရ၏။
(www.rfa.org သတင်းမှ ကောက်နှုတ်)
*****

၂ဝ၁၂ ခုနှစ်ဇွန်လကို နောက်ဆုံးထား၍ မူပိုင်ခွင့်ဥပဒေပြ ဋ္ဌာန်းသွားမည်


မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ရေးနှင့်ပတ်သက်၍ ရှေ့နေချုပ်ရုံးက ဥပဒေရေးဆွဲလျက် ရှိရာ ၂ဝ၁၂ ခုနှစ် ဇွန်လကိုနောက် ဆုံးထား၍ ဥပဒေအဖြစ်ပြဋ္ဌာန်း သွားမည်ဖြစ်ကြောင်းသိရသည်။
မူပိုင်ခွင့်ဥပဒေနှင့် ပတ်သက် ၍တရားရုံးချုပ်ရှေ့နေတစ်ဦးက ''အများအားဖြင့် မူပိုင်ခွင့်ဥပဒေ အရ နိုင်ငံတကာမှာဆိုရင် ချိုးဖောက်တဲ့ လူက နစ်နာကြေးတို့၊ လျော်ကြေး တို့ကိုပေးရမှာပါ။ ဒီခေတ်ကနည်း ပညာခေတ်ဖြစ်တဲ့အတွက် စီးပွား ရေးလုပ်ငန်းတွေက နည်းပညာကို အခြေခံတဲ့လုပ်ငန်းတွေ (Knowledge Based Economy) ဖြစ်ပါ တယ်။ နည်းပညာခေတ်မှာ နည်း ပညာကို တန်ဖိုးမထားဘူး၊ အကာ အကွယ်မပေးနိုင်ဘူးဆိုရင် စီးပွားရေး က ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ ဟို တုန်းကတော့ ခိုးမှုဆိုတာ မရွှေ့ ပြောင်းနိုင်တဲ့ပစ္စည်း၊ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စသည်ဖြင့်ပေါ့။ အဲဒီလို ထိတွေ့ကိုင်တွယ်လို့ရတဲ့ပစ္စည်းကို ခိုးယူရင် ကျွန်တော်တို့ကခိုးမှုလို့ သတ်မှတ်ခဲ့တယ်။ အဲဒါကိုကျူး လွန်ရင် ရာဇဝတ်မှုလို့ သတ်မှတ်ခဲ့ တယ်။ ဒီဘက်ခေတ်မှာကျတော့ ပုံစံကပြောင်းလာတယ်။ ထိတွေ့ ကိုင်တွယ်လို့မရတဲ့ အသိဥာဏ် ပစ္စည်းကို ခိုးယူတာလည်း တကယ့် ခိုးမှုကြီးပဲလို့ သတ်မှတ်ခဲ့တယ်။ ဒီနေ့ခေတ်တရား ဥပဒေအရ နိုင်ငံခြားကကုမ္ပဏီတွေ မှာ နည်း ပညာအသိဥာဏ်နဲ့ပတ်သက်တဲ့ ပစ္စည်းက ဘယ်လောက် တန်ဖိုး ရှိသလဲဆိုတာကိုပါ ထည့်သွင် လာ ကြတယ်။ ဥပမာ- ကိုကာကိုလာ အချိုရည်ရဲ့ ကုန်အမှတ်တံဆိပ် တန်ဖိုး ဒေါ်လာ ၆၅ သန်းတန် တယ်။ သူက ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ။ ကျွန်တော်တို့ နိုင်ငံ မှာလည်း ဒီလိုမျိုးတော့ရှိပေမယ့် စနစ်တကျလုပ်ထားတာ မရှိဘူး။ ဥပဒေပြဋ္ဌာန်းထားတာလည်း မရှိဘူး။ မူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းတော့ မယ်ဆိုရင် မရှိမဖြစ်ဥပဒေက လေးခု ရှိရမယ်။ အဲဒီလေးခုထဲမှာမှ မြန်မာ နိုင်ငံမှာရှိနေတာက တစ်ခုပဲရှိတယ်။ အဲဒီတစ်ခုကလည်း ၁၉၈၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စာပေနှင့် အနုပညာ မူပိုင်ခွင့်ပဲရှိတယ်။ စီးပွားရေးနဲ့ဆိုင် တဲ့ တကယ်ရှိရမယ့် ဥပဒေတွေက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ နောက်ပြီး တော့ စက်မှုလက်မှုဒီဇိုင်းဥပဒေပါ။ ဒါတွေက ကျွန်တော်တို့ဆီမှာ မရှိ သေးဘူး။ စီးပွားရေးနဲ့ဆိုင်တဲ့မူပိုင်ခွင့် ဥပဒေကလည်း အပြည့်အစုံမရှိ သေးတဲ့အခါကျတော့ ကုန်အမှတ် တံဆိပ်လောက်ပဲ ယေဘုယျထား နေကြတယ်။ ဒါပေမဲ့ ဥပဒေတော့ ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီဥပဒေ တွေကိုမရှိမဖြစ် ပြဋ္ဌာန်းရမှာပါ'' ဟု ပြောကြားခဲ့သည်။ ( ပေါ်ပြူလာဂျာနယ်)
*****
ဇန်န၀ါရီလ ၁ ရက်
ပထမအပတ်၊ ၂၀၀၉၊
နိုင်ငံခြားသတင်း



“ဟားမားစ်နဲ့ အပစ်ရပ် ကမ်းလှမ်းချက်များ အစ္စရေးလ်ပယ်ချ”


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်ဖက်က ဟားမားစ်ကို တိုက်ခိုက်မှုတွေ အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာ အဆိုပြု ကမ်းလှမ်းချက်တွေကို အစ္စရေးလ် လုံခြုံရေးဝန်ကြီးအဖွဲ့က ပြောပါတယ်။
ဒီအချိန်ဟာ အပစ်အခတ် ရပ်စဲရမယ့် အချိန် မတန်သေးဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် အေဟွတ် အိုလ်မာတ်ရဲ့ စကားကိုကိုကားပြီး အစ္စရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမယ့်လည်း အစ္စရေးတောင်ပိုင်း လုံခြုံရေးကို ပိုပြီး ကောင်းမွန်စေမယ့် အပစ်အခတ် ရပ်စဲရေးမျိုးဆိုရင်တော့ နောင်တချိန်မှာ စဉ်းစားမယ် လို့လည်း ပြောပါတယ်။

အစောပိုင်းကလည်း ဟားမားစ်အဖွဲ့နဲ့ အလျင်အမြန်ဆိုသလို ၄၈နာရီ အပစ်အခတ် ရပ်စဲရေးယူဖို့ အဆိုပြု ချက်ကို အစ္စရေးလ်ဖက်က ပယ်ချလိုက်ပြီး ဂါဇာကမ်းမြောင်ဒေသ စစ်ရေးတိုက်ခိုက်မှုတွေကို ဆက်လုပ် သွားမယ်လို့ ပြောလိုက်ပါတယ်။
(ဗွီအိုအေသတင်းမှ ကောက်နှုတ်)
*****
“နှစ်သစ်အကြို ဘန်ကောက် နိုက်ကလပ်တခုအတွင်း မီးလောင်မှု”

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ညကလပ်တခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ ၆၁ သေဆုံးပြီး
၂၀၀ ကျော် ဒဏ်ရာရသွားသည်။ (dr2.new.dk)
****

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ် ခေါင်းဆောင်တယောက် ကျ

ဟားမတ်စ် စစ်သွေးကြွအုပ်စုလို့ သံသယရှိတဲ့ ပစ်မှတ်တွေကို လေကြောင်းက ထိုးစစ်ဆင်တာ ၆ ရက်မြောက်လာတဲ့နေ့မှာ ဂါဇာနယ်စပ်အနီးကို အစ္စရေးက တပ်တွေ တိုးပြီးချထားနေပါတယ်။ ပါလက်စတိုင်းနယ်မြေထဲကို မြေပြင်ထိုးစစ်တရပ် ဆင်နွှဲဖို့ ဖြစ်နိုင်ခြေတွေကို အစ္စရေး အရာရှိတွေက ဆွေးနွေးနေကြတဲ့အချိန်မှာ အစ္စရေးက ဟားမတ်စ်အစိုးရ အဆောက်အအုံတွေ၊ မြေအောက် လိုဏ်ခေါင်းတွေနဲ့ ဒုံးကျည် ပစ်လွှတ်ရာနေရာတွေကို လေကြောင်းကရော၊ ပင်လယ်ထဲကပါ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက် နေပါတယ်။
အဲဒီလို လေကြောင်းကတိုက်ခိုက်နေလို့ ဟားမတ်စ် အကြီးတန်း နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူ နီဇာ ရေယန် (Nizar Rayyan) နဲ့ အခြားလူ ၄ ယောက်တို့ သေဆုံးသွားခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရပ်ကွက်က ပြောပါတယ်။
(ဗွီအိုအေ သတင်းမှ ကောက်နှုတ်)
*****


ဇန်န၀ါရီလ ၂ရက်၊
ပထမအပတ်၊ ၂၀၀၉
ပြည်တွင်းသတင်း


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ မြန်မာအခွန်ရုံး(၀ါ) မြန်မာသံရုံးရှေ့တွင် ယနေ့ ဇန်န၀ါရီလ ၂ရက်နေ့ နံနက် (၁၀း ၃၀)နာရီ၌ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄၅)ဦး တို့က ၆၁-နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဤဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ ကြီးမှူး စီစဉ်ခြင်းဖြစ်ပြီး ၄၅-ယောက် ပါဝင်ဆန္ဒပြခဲ့ကြကြောင်း ။
( မြန်မာပြည်သား ဘလောဂ်)

*****

၂၊ ၁၊ ၀၈၊ မြန်မာစံတော်ချိန်ည၇နာရီခန့်တွင် ရန်ကုန်ဘူတာကြီး၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
န၀ဒေလမ်း၊ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးလမ်းနှင့် အလံပြဘုရားလမ်းမှအိမ်များအထိ ညှော်နံ့များရခဲ့ပြီး အငွေ့များပါ အနည်းငယ်ထူထပ်လာ၍ လမ်းပေါ်တွင် လူများအနည်းငယ်စုရုံးခဲ့သည်။
မီးခိုးများမြင်ရပြီး အသေးစိတ်ကို မသိရသေးပါကြောင်း…။ ( နေ့အိပ်မက်ဘလောဂ်)

*****
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရခိုင်လူမျိုးတို့ လွတ်လပ်ရေး ဆုံးရှုံးသည့် ၂၂၄ နှစ်မြောက် အခမ်းအနား

၂၂၄ နှစ်မြှောက် ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ အောက်မေ့ဖွယ် အခမ်းအနားတရပ်ကို ထိုင်းနိုင်ငံ ဖူးကပ်မြို့တွင် ဒီဇင်္ဘာလ ၃၁ ရက်နေ့က ကျင်းပသဖြင့် လူပေါင်း ၂၀၀ ခန့်တက်ရောက် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားအား အဝေးရောက် ရခိုင် အမျိုးသားများဖြင့် စုပေါင်းဖွဲ့စည်းထားသော လေးဝတီ လူမူရေး အသင်းမှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သု ကိုကျော်ဇင်ဦးမှ “ အခမ်းအနားကို နံနက် ၉ နာရီခွဲမှ စတင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ အပါအ၀င် ရခိုင်အမျိုးသား ၂၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ ညနေ ၃ နာရီမှာ အောင်မြင်စွာနဲ့ အခမ်းအနား ပြီးဆုံးခဲ့တယ်။” ဟု ပြောသည်။
အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)မှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ ကွန်ဂရက်မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။
(www.narinjara.com မှ ကောက်နှုတ်)
*****

ဗကသအဖွဲ့ဝင် “ကိုဗိုလ်မင်းယုကို” အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်


အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကိုအား အမှုပေါင်း(၄၀)ဖြင့် စွဲချက်တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေးအိုးဘိုထောင်တွင်း တရားရုံးတွင် ရှေ့နေမပါဘဲ တဖက်သတ် နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။
( ပျူနိုင်ငံ ဘလောဂ်)
*****

မေလတွင် ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးရန် တောင်းဆို


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် မေလတွင် ပြန်လွတ်ပေးရန် မန္တလေးတိုင်း မိတ္တိလာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကို တောင်းဆိုလိုက်သည်။
( ဒီဗွီဘီ)
*****
ကမ္ဘာ့ရုပ်ရှင်ပွဲတော်များတွင် ယှဉ်ပြိုင်လိုသူများ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက စည်းကမ်းထုတ်

နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် ဆင်ဆာဘုတ် ခွင့်ပြုချက် ရယူပြီးသော ရုပ်ရှင်နှင့် မှတ်တမ်းကားများကိုသာ ၀င်ပြိုင်ရမည်ဖြစ်ကြောင်း စည်းကမ်းသစ်တရပ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်ဟု ရုပ်ရှင် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
"ရုပ်ရှင်ဆင်ဆာအဖွဲ့က စည်းကမ်းအသစ်တခု ထုတ်လိုက်တယ်။ အဲသလိုပြိုင်ပွဲဝင်မယ်ဆိုရင် သူတို့ဆီမှာ ဆင်ဆာဘုတ် အဖွဲ့မှ ခွင့်ပြုချက်ရယူပြီးမှ ပြိုင်ရမယ် ဆိုပြီး လုပ်ထားတယ် " ဟု ရုပ်ရှင် ဒါရိုက်တာတဦးက ပြောသည်။
(မဇ္ဈီမသတင်းမှ ကောက်နှုတ်)
*****
ရှားပါးငှက်များအား စာရင်းပြုစု

ကမ္ဘာပေါ်တွင် ရှားပါးလာ သောရေညှောင့် နှုတ်ဝိုင်း ငှက်များအား မြန်မာနိုင်ငံ၌ လေးပုံတစ်ပုံခန့် တွေ့ရှိရ ကြောင်း မြန်မာ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ သိရ သည်။
၂ဝဝ၇ ခုနှစ်မှစတင်၍ ရုရှားနှင့်ဂျပန်နိုင်ငံတို့မှ ရှားပါးငှက်လေ့လာရေးသုတေသနပညာရှင်များနှင့် မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအသင်းတို့ပူးပေါင်း၍ ကမ္ဘာပေါ်၌ရှားပါးလာသော ရေညှောင့်နှုတ်ဝိုင်းငှက်များအားရှာဖွေ၍ စစ်တမ်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
(ပေါ်ပြူလာ ဂျာနယ်)
*****

စစ်အရာရှိတယောက်ကြောင့် ရွာသားများ ဒုက္ခ ကြုံနေ


မကွေးတိုင်း ချောက်မြို့ရှိ ရန်ကုန် ရုံးချုပ်ကနေ အထူးတာဝန်ဖြင့် ရောက်ရှိလာသော ချောက်မြို့ ထပ်ဆင့် မြ၀တီ အသံလွင့်ဋ္ဌာနက အရာခံဗိုလ် နိုင်ထူးက ကိုယ်ကျိုးအတွက် ကြက်ခြံဆောက်ရန် ရွာသားများအား အစည်းအဝေး ခေါ်ယူပြီး လိုအပ်သည့် ပစ္စည်းများကို ဇွတ်အတင်း တောင်းခံနေသည်။
( ဒီဗွီဘီသတင်းမှ ကောက်နှုတ်)
*****

မုန်တိုင်းသင့် ဒေသများတွင် တည်ဆောက်ရေး လုပ်ငန်းများ ပုံမှန်မရှိ


နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရသည်မှာ (၈) လ ပြည့်မြောက်ခဲ့သော်လည်း ဧရာဝတီတိုင်း၊ ဘိုကလေးဒေသအတွင်း ယခုချိန်ထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျေနပ်စရာမရှိသေးကြောင်း ဒေသခံများက ပြောသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဘိုကလေးမြို့နယ်အတွင်း အခြေအနေများကို ဒေသခံတဦးက “ပြန်လည်တည်ဆောက်ရေးဆိုပြီး ဒီရက်ပိုင်းထဲမှာ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်တွေမှာ နေအိမ်ဆောက်ပေးဖို့ လုပ်နေတယ်၊ ဒါပေမဲ့လည်း တကယ်ဆင်းရဲတဲ့ (၇) ရပ်ကွက်မှာကျတော့ ဘာမှလုပ်ပေးတာ မရှိဘူး၊ အဲဒီရပ်ကွက်မှာက ပျက်စီးသွားတဲ့အိမ်တွေက သေးသေးကြီးကြီး ပြန်မပြင်နိုင်ဘူး”ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်)
*****

နာဂစ်ဖြစ်ပွားဒေသ ပညာရေး ဆုတ်ယုတ်


ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း မူလတန်းတက်သည့် ကလေးဦးရေ သိသိသာသာ လျော့နည်းလာကြောင်း ဘိုကလေးမြို့နေ ပညာရေးဝန်ထမ်းတဦးက ပြောဆိုသည်။
( ဒီဗွီဘီသတင်းမှ ကောက်နှုတ်)
*****
လောင်စာဆီဈေး ကျပေမယ့် ကုန်ဈေးနှုန်းဒဏ် မြန်မာလူထု ခံနေရဆဲ

မြန်မာနိုင်ငံတွင်းက အဓိက ပို့ကုန်တွေဖြစ်တဲ့ စားသုံးဆီနဲ့ ပဲလုပ်ငန်းတွေ ရဲ့ ဈေးကွက် အတော်လေး ကျဆင်းသွားတဲ့ အတွက် အခုလို စိုက်ပျိုးရာသီမှာ ကောက်ပဲသီးနှံသမားတွေ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လောင်စာဆီ ဈေးတွေလည်း ကျဆင်းနေပေမယ့် တကယ့်လက်တွေ့ အခြေခံလူတန်းစားတွေရဲ့ စားသုံးကုန် ကုန်ဈေးနှုန်းတွေကတော့ ကျဆင်းသွားတာ မရှိပါဘူး။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
ပြည်ပပို့နေတဲ့ ဆီဈေးကွက်ဟာ မရှိသလောက် ဖြစ်နေသလို ပြည်တွင်းစားသုံးတဲ့ ဆီဈေးတွေလည်း ကျဆင်းနေတာမိုလို့ ဆီ အရောင်းအ၀ယ် လုပ်ကြတဲ့ လက်လီလက်ကား သမားတွေဟာ ဈေးကွက်ပျက်နေတယ်လို့ ရန်ကုန်စီးပွားရေး လုပ်ငန်းရှင်တဦးက အခုလို ပြောပြပါတယ်။
( ဗွီအိုအေ သတင်းမှ ကောက်နှုတ် )
*****

ရေနံချောင်းမြို့တွင် ရေပြတ်လပ်

မြန်မာပြည်အလယ်ပိုင်းဒေသ၏ အပူပြင်းဆုံးသော ရေနံထွက်ရှိသည့် ရေနံချောင်းမြို့တွင် သောက်သုံးရေ ရှားပါးသဖြင့် အခက်အခဲများ ကြုံနေရသည်။ ရေပြတ်လပ်မှုကြောင့် မီးဘေးအန္တရယ်စိုးရိမ်နေသည်ဟု သိရသည်။
( ဒီဗွီဘီ သတင်းမှ ကောက်နှုတ်)
*****

နိုင်ငံရေး အကျဉ်းသားများကို တလလုံး ထောင်ဝင်စာ တွေ့ခွင့်မပြု


စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချပြီး နယ်ဝေးထောင်များကို ပို့လိုက်ပြီးတဲ့နောက် အခု ဇန်နာဝါရီ တလလုံးကို မိသားစုဝင်တွေအား ထောင်ဝင်စာ တွေ့ခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း ကလေးအကျဉ်းထောင် အာဏာပိုင်တွေက ပြောလိုက်တယ်လို့ သတင်းရရှိသည်။
(www.rfa.org သတင်းမှ ကောက်နှုတ်)
*****

ဇန်နာဝါရီလ ၂ ရက်၊
ပထမအပတ်၊ ၂၀၀၉
နိုင်ငံခြားသတင်း


၂၀၀၉ မှာ မြောက်ကိုရီးယားက စီးပွားရေးနှင့် စစ်ရေး ဦးစားပေးမည်


အခုနှစ်သစ် ၂၀၀၉ မှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ စစ်ရေး တည်ဆောက်မှု ကြိုးပမ်းနေတာအပေါ် အာရုံစူးစိုက်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာတွေမှာ ဖော်ပြလိုက်ပါတယ်။ နှစ်စဉ် နှစ်သစ်အတွက် အစိုးရရဲ့ အာဘော်တွေကို မြောက်ကိုရီးယားမီဒီယာတွေမှာ ဖော်ပြနေကြအတိုင်း တွေ့ရှိရတာမှာ ဒီနှစ်မှာ အနည်းငယ် ထူးခြားတာကတော့ နိုင်ငံမှာ စားရေရိက္ခာ
ပြတ်လပ်ရှားပါးတာကို ၀န်ခံထားပြီး မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်လုပ်ဆောင်သွားဖို့ အရိပ် လက္ခဏာတွေကိုပါ အာဘော်တွေမှာ တွေ့ရှိကြရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ တောင်ကိုရီးယား ဆိုးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် ကာ့တ် အာချင်း (Kurt Achin) သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။
( ဗွီအိုအေသတင်းမှ ကောက်နှုတ်)
*****

ဂါဇာတွင် ပိတ်မိနေသည့် နိုင်ငံခြားသားများအား အစ္စရေးက ထွက်ခွင့်ပြု

ဂါဇာကမ်းမြှောင်ဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ရာပေါင်းများစွာကို အစ္စရေးက ထွက်ခွာခွင့် ပြုလိုက်ပါတယ်။ ဂါဇာကမ်မြှောင်ဒေသမှာ ဟားမတ်စ်တွေကို အစ္စရေးက ထိုးစစ်ဆင်နေတာ ခုနှစ်ရက် ရှိသွားပြီ ဖြစ်ပြီး ပါလက်စတိုင်း ၄၂၀ နီးပါး သေဆုံးခဲ့သလို ၂,၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ နိုင်ငံခြားသား ၄၀၀ လောက်ကို ထွက်ခွင့်ပေးလိုက်တဲ့အပြင် နယ်စပ်ဒေသတလျှောက် အစ္စရေးတပ်တွေ ထောင်နဲ့ချီပြီး ချထားတာမို့ မြေပြင်တိုက်ပွဲတွေ တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။
( ဗွီအိုအေသတင်းမှ ကောက်နှုတ်)
*****

တမီး အဓီက စခန်းတခုကို သိမ်းပိုက်

သီရိလင်္ကာ အစိုးရတပ်တွေဟာ တမီး ကျားသူပုန်တွေ အခြေချနေထိုင်တဲ့ ကီလီနော်ချီ (Kilinochchi) မြို့ကို ဆယ်နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အဖြစ်နဲ့ ထိန်းချုပ် နိုင်လိုက်ပြီ လို့ သီရိလင်္ကာ သမ္မတ မဟိန်းဒါ ရာဂျာပက်ခ်စီ (Mahinda Rajapakse) က ကြေညာလိုက်ပါတယ်။
( ဗွီအိုအေသတင်းမှ ကောက်နှုတ်)
*****

USA နိုင်ငံခြားရေးဝန်ကြီး ဂါဇာအရေး သဘောထား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေများအတွက် အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်မှန်သည့် အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း ပြောကြားသည်။
( dr,dk.new ,, dr1.dk)
****
ဒုံးကျည် ထိမှန်မှုကြောင့် လူ ၃ ယောက် သေဆုံး

အမေရိကန် လေယာဉ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် အာဖကန်နှင့် ပါကစ်စတန် နယ်စပ်တွင် လူ သုံး ဦး သေဆုံးသွားသည်။
( dr1.dk)
*****

The Guantánamo Bay Detention Camp မှ သုံပန်းများကို သြစတေးလျနိုင်ငံကို လက်မခံ

အာဖကန်စစ်ပွဲအပြီး တာလီဘန်များအား ဖမ်းဆီးထားသော Guantanamo ရှိ အကျဉ်းစခန်းကို မကြာမှီ ဖျက်သိမ်းရန်ရှိသည့် အစီအစဉ်ရှိသဖြင့် ၎င်းစခန်းမှ သုံပန်းများကို လက်မခံနိုင်ကြောင်း ဘုရှ်၏ တောင်းဆိုချက်ကို သြစတေးလျနိုင်ငံက ပယ်ချလိုက်သည်။ ( dr1.dk)
*****

ရက်သတ္တပတ် ၇ ရက်မြောက်လုံး တိုက်ခိုက်

အစ္စရေးတို့ဟာ ဂါဇာကို လေကြောင်းတိုက်ခိုက်မှုကို အခုရက်အထိ ၇ ရက်မြောက် တိုက်ခိုက်လျှက်ရှိသည်။ ထိုတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၄၂၉ ယောက် သေဆုံးခဲ့သည်။
( dr2.dk)
*****

အီရတ်အတွင်း အသေခံ ဗုံးကွဲတိုက်ခိုက်၊ လူ၂၃ သေ

အီရတ်နိုင်ငံမြို့တော် ဘက္ကဒက်မြို့ တောင်ပိုင်း မြို့တမြို့တွင် အသေခံ ဗုံးခွဲတိုက်ခိုက်ရေးသမားတယောက်က ဆိုနီအာရပ် ခေါင်းဆောင်များကို တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၂၃ယောက် သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာ ရရှိခဲ့သည်။
( tv2new.dk)
*****

ဂျွန်ထရာဘိုလ်တ၏ ဆယ်ကျော်သက်သား သေဆုံး

ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျွန်ထရာဘိုလ်တ၏ ဆယ်ကျော်သက် ၁၆ နှစ်အရွယ်ရှိ သားတယောက်ဟာ ရုတ်တရက် သေဆုံးခဲ့သည်။ ၎င်းမိသားစုသည် အားလပ်ရက်အဖြစ် ဘာဟာမားတွင် အပန်းဖြေလျက်ရှိသည်။
( tv2new.dk)
******

ဇန်န၀ါရီလ ၃ ရက်၊
ပထမအပတ်၊ ၂၀၀၉
ပြည်တွင်းသတင်း


စင်ပြိုင်အစိုးရကို တိုးချဲဖွဲ့စည်းရန်မျှသာ ဖြစ်
NEJ/ ၃ ဇန်န၀ါရီ ၂၀၀၉

အမျိုးသားညီညွတ်ရေးအစိုးရ ခေါ် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းတည်ထောင်ရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်ကိုင်သွားမည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) က ကြေညာချက်ထုတ်ပြန်ထားသည်။
အမှန်စင်စစ် ဒေါက်တာစိန်ဝင်း ခေါင်းဆောင်သည့် လက်ရှိအဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) ကို နယ်မြေလက်ကိုင်ရှိ တိုင်းရင်းသား ခေါင်းဆောင်များအပါအဝင် အခြားသင့်လျော်သည့် နိုင်ငံရေး ခေါင်းဆောင်များဖြင့် တိုးချဲ့ဖွဲ့စည်းရန် ၂ဝဝ၈ ခုနှစ် လွှတ်တော်ကိုယ်စား လှယ်များသမဂ္ဂ (အမ်ပီယူ) မှ ချမှတ်ခဲ့သည့်မူအတိုင်း ဆောင်ရွက်သွားမည့် အစီအစဉ်သာဖြစ် သည်ဟု အမ်ပီယူ ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက ခေတ်ပြိုင်နှင့် သီးခြား တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုသည်။
သို့သော် အန်စီယူဘီ၏ကြေညာချက်ကြောင့် နောက်ထပ် စင်ပြိုင်အစိုးရတရပ် ထပ်မံဖွဲ့စည်းမည့်သဘောလားဆိုပြီး အတိုက်အခံ အုပ်စုများကြား နားလည်မှု ရှုပ်ထွေးကုန်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမ်ပီယူ ပြောခွင့်ရ ပုဂ္ဂိုလ် ခွန်မြင့်ထွန်းအား ခေတ်ပြိုင်က မေးမြန်းရာ လက်ရှိ စင်ပြိုင်အစိုးရ (၂) ခု ပေါ်ပေါက်လာမည့် အစီအစဉ်မဟုတ်ဘဲ ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့စည်းသွားရေး ရေရှည်စီမံချက်သာဖြစ်သည်ဟု ခွန်မြင့်ထွန်းက ရှင်းပြသည်။
၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဖွဲ့ဖြစ်မည်၊ မဖွဲ့ဖြစ်မည်ကိုမူ အန်စီ ယူဘီကြေညာချက်တွင် ဖော်ပြမထားပေ။
အန်စီယူဘီ၏ ကြေညာချက်တွင် တိုးချဲ့ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရကို အမျိုး သားညီညွတ်ရေး အစိုးရဆိုသည့် အမည်သုံးထားခြင်းသည် မှားယွင်းဖော်ပြခြင်း ဖြစ်ကြောင်း၊ လက်ရှိ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) အမည်ကို အသစ်ပြောင်းပါက နိုင်ငံတကာ ဆက်ဆံရေးမှာ နားလည်မှု ရှုပ်ထွေးနိုင် သည့်အတွက် တိုးချဲ့မည့် စင်ပြိင်အစိုးရကို မူလအမည်ဖြစ်သည့် အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) ကိုသာ ဆက်လက် သုံးစွဲမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ထပ်မံရှင်းပြသည်။
(ခေတ်ပြိုင်သတင်း-မှ ကောက်နှုတ်ချက်)
*****

ရွေးကောက်ခံ ၀န်ကြီးချုပ်သစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို လိုလား

ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည့် ရှိတ်ဟာစီနာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြာမြင့်လှပြီဖြစ်သော နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးနှင့် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် ရင်းနှီး ချစ်ကြည်သော ဆက်ဆံရေးကို လိုလားကြောင်း ပြောဆိုလိုက်သည်။
*****

ကြားဖြတ် ရွေးကောက်ပွဲလုပ်ပြီး
လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်း

NEJ/ ၃ ဇန်န၀ါရီ ၂၀၀၉

သေဆုံးပြီးသူများ အပါအဝင် လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ကာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အသစ်များဖြင့် ၉ဝ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းပြီး လွှတ်တော်တရပ် ခေါ်ယူရန် လူအများလေးစားသည့်ဆရာကြီး ဒဂုန်တာရာက တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဆရာကြီးဒဂုန်တာရာ၏တိုက်တွန်းချက်ကို ပြည်ပမီဒီယာတခုခုတွင် ဖော်ပြထားခြင်း မဟုတ်ဘဲ ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ် ပုဂ္ဂလိက အပတ်စဉ်ထုတ် ဂျာနယ်၌ ဖော်ပြထားသည့်အတွက် သတင်းသမားများနှင့် စာဖတ်သူများ စိတ်ဝင်စားနေကြကြောင်း စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုဂ္ဂလိက ဂျာနယ်အယ်ဒီတာတဦးက “ဒီလို ဖော်ပြခွင့်ပြုတာမျိုး ထူးခြားတယ်။ ဒီလို ဖော်ပြခွင့်ရလို့ စစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံ တခု လိုက်လျောလိမ့်မယ်လို့တော့ ယူဆလို့ မရဘူး။ သူက သူ့ရဲ့ Road Map (၇) ချက်နဲ့ပဲ သွားမယ်ဆိုတာ ပြောပြီးသား။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသမားကြီးတွေ စာရေးဆရာကြီးတွေရဲ့ အမြင်တွေကို ဖော်ပြခွင့်ပေးတာတော့ ကောင်းပါ တယ်” ဟု ပြောသည်။
အဆိုပါ ဆောင်းပါးကို ဇန်နဝါရီ (၁) ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် စာမျက်နှာ (၂၄) တွင် ဖော်ပြထားပြီး “နိုင်ငံရေးပါတီများနှင့် မြန်မာ့နိုင်ငံရေးမြင်ကွင်း သစ် ၂ဝဝ၉ တွင် ပုံပေါ်လာမည်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

ဒဂုန်တာရာအပါအဝင် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး သခင်သိန်းဖေ၊ သခင်လှကွန်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးတို့ကို တွေ့ဆုံကာ သူတို့ရဲ့ အမြင်များကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။ (ခောတ်ပြိုင်သတင်း)
*****

ပထမဆုံး ဖွင့်လှစ်တော့မည့် လေယာဉ်မှူးလိုင်စင်
(ပေါ်ပြူလာ ဂျာနယ်)

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်တော့မည့် လေယာဉ် မှူးလိုင်စင် မြေပြင်စာပေပညာ သင်တန်း (Commerical Pilot Licence Course) ကို ၂ဝဝ၉ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်မြို့ လေကြောင်းပညာ သိပ္ပံကျောင်းတွင် သင်ကြား ပို့ချပေးတော့မည်ဖြစ်၍ အဆိုပါလေယာဉ်မှူးလိုင်စင်သင်တန်း တက်ရောက်သင်ကြားလိုသူများနှင့် လေယာဉ်မောင်းဘာသာရပ်ကို စိတ်ပါဝင်စားသူတိုင်းအတွက် လေကြောင်းသိပ္ပံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးခင်မောင်ဦးအား မေးမြန်းဖြစ်ခဲ့ပါသည်။
''မြန်မာနိုင်ငံမှာ အရပ်သားလေယာဉ်မှူးမြေပြင်စာပေသင်တန်းကိုဖွင့်လှစ်တာ အခုအကြိမ်ဟာ ပထမဦးဆုံး ဖြစ်ပါတယ်။ ဒီသင်တန်းကိုဘာဖြစ်လို့ဖွင့်လှစ်ရလဲဆိုတော့ မြန်မာနိုင်ငံသား လေယာဉ်မှူးများ မွေးထုတ်ရန်၊ ပြည်တွင်းပြည်ပမှာ လေယာဉ်မောင်းသင်တန်း ဆက်လက်တက်ရောက်မယ့်သူတွေအတွက် အလွန်အကျိုးရှိစေပြီး အထောက်အကူဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်က သတ်မှတ်ပြဋ္ဌာန်း ချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း သင်ကြားပေးဖို့ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ လျှောက်လွှာတွေကို ဒီသင်တန်းကျောင်းမှာပဲ ဝယ်ယူနိုင်ပြီး ကျန်းမာရေးအတွက် ဆေးစစ်ချက်နဲ့အတူ ဇန်နဝါရီ ၁၆ ရက်နေ့ နောက်ဆုံး တင်ရပါမယ်။ ဇန်နဝါရီ ၁၉ ရက်နေ့မှာ တက်ရောက်သင်ကြားနိုင်မယ့် ကျောင်းသားစာရင်းကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းသား ၁၂ ယောက်ကနေ ၁၅ ယောက်ထိပဲ လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းကြေး ကလည်း ငွေကျပ် ၁ဝ သိန်းနဲ့ ၁၅ သိန်းကြား အဲဒီလောက်ပဲ ကျသင့်မှာပါ။ ပြည်ပမှာ သင်တန်းကြေးက ဒေါ်လာ တစ်သောင်းခွဲကနေ နှစ်သောင်းလောက်အထိရှိပါတယ်။ သင်တန်းကာလက အခြေခံသင်တန်း ၉ ပတ်နဲ့ လေယာဉ် မှူး မြေပြင်စာပေသင်တန်း ၂၁ ပတ် စုစုပေါင်းရက်သတ္တပတ် ၃ဝ တက်ရပါမယ်။ တစ်နေ့ကို စာသင်ချိန်က တစ်ချိန် မိနစ် ၅ဝ ရှိမယ်။ ၆ ချိန် သင်ယူရပါမယ်။ မနက်စာနဲ့နေ့လည်စာကိုလည်း ဒီကျောင်းကကျွေးမှာဖြစ်ပါတယ်။ တစ်ပတ် ၅ ရက်သင်တန်းတက်ရပါမယ်။ သင်ကြားပေးမယ့်ဘာသာရပ်တွေက (၁) Aerodynamic (၂) Airmanship (၃) Airframe & Engine (Basic) (၄) Engine Instruments (၅) Electricity (၆) Meteorology (၇) Aviation Medicine (၈) Air Traffic Control (၉) Radio & Radar (၁ဝ) Air Navigation (၁၁) Rescue & Survival တွေဖြစ်ပါတယ်။ သင်ကြားပေးမယ့်ဆရာတွေက အတွေ့အကြုံရှိတဲ့ဆရာတွေဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက အခြေခံသင်တန်း ၉ ပတ်တက်ပြီးသွားရင် စာမေးပွဲဖြေရပါမယ်။ ဘာသာရပ်တစ်ခုကို အမှတ်က ၇ဝ မှတ်နဲ့ တချို့ဘာသာရပ်တွေ ၈ဝ မှတ်ရမှ အောင်မှတ်ရပါတယ်။ ၄ဝ မှတ်ရရုံနဲ့ ဒီလေယာဉ်မှူးလိုင်စင်သင်တန်းမှာ အောင်မှတ် မပေးပါဘူး။ ဒါက အရေးကြီးပါတယ်။ ဒီ ၉ ပတ်မြောက် စာမေးပွဲမအောင်ရင် ရှေ့ ၂၁ ပတ်သင်တန်း ဆက်တက်လို့မရတော့ဘူးဆိုတာ ပြောချင်ပါတယ်။ လေယာဉ်မှူးအခြေခံသင်ခန်းစာကို သေချာနားလည် သဘောပေါက်တဲ့သူကိုသာ ကျွန်တော်တို့က ကျွမ်းကျင် ပိုင်နိုင်အောင်၊ တတ်ကျွမ်းသွားအောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမြန်မာနိုင်ငံမှာပဲ တကယ့်လက်တွေ့ လေယာဉ်မောင်းသင်နိုင်ဖို့ Plan တွေရှိပါတယ်။ ဒီမြေပြင် စာတွေ့သင်တန်းက International Standard ဖြစ်လို့ အောင်မြင်သွားရင် မလေးရှားကလေယာဉ်မောင်းသင်တန်းကို အလွယ်တကူသင်ကြားနိုင်ပါပြီ''ဟု လေကြောင်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဦးခင်မောင်ဦးက ရှင်းလင်း ပြောပြသည်။
(ပေါ်ပြူလာဂျာနယ်မှ ကောက်နှုတ်ချက်)
မှတ်ချက်။ ။ ဓါတ်ပုံလိုချင်သဖြင့် ပြန်သွားယူသောအခါ ထိုသတင်းသည် ပြန်လှည်ဖြုတ်ထားသည်ကို တွေ့ရသည်။
*****
ပေါင်းဆန် ပြန်လှည် ထုတ်လုပ်ပြီး နိုင်ငံခြား တင်ပို့မည်

မြန်မာနိုင်ငံသည် ယခင်က ဆန်စပါးတင်ပို့ရောင်းချရာတွင် ပေါင်းဆန်သည် ဆန်တင်ပို့မှု၏ ၃၇.၉ ရာခိုင်နှုန်းအထိရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ပေါင်းဆန် ကြိတ်ခွဲ ထုတ်လုပ်မှုကို ၁၉၂ဝ ခုနှစ်တွင် ဟင်္သာတမြို့ မှဦးဖိုးဆင်ကစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်လုပ်သား များခေါ်ယူ၍ စမ်းသပ်ကြိတ်ခွဲခဲ့ သည်။ ထိုစမ်းသပ်မှုအောင်မြင်ခဲ့ သောကြောင့် ၁၉၃၅ခုနှစ်တွင်ပေါင်း ဆန်ကို တွင်တွင်ကျယ်ကျယ်ကြိတ် ခွဲထုတ်လုပ်၍ နိုင်ငံခြားသို့တင်ပို့ခဲ့ ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံမှ ထုတ်လုပ်သောပေါင်းဆန်များသည် စပါးကို ရေစိမ်ကန်ထဲတွင်အချိန် ကြာမြင့်စွာရေစိမ်ပြီးမှ ပေါင်းခံကြိတ် ခွဲသဖြင့် စပါးများအချဉ်ပေါက်၍ အချဉ်နံ့ထွက်သော ပေါင်းဆန်ကို ရရှိသည်။ ထို့ကြောင့်တီထွင်ကြံဆ ကာ ၁၉၇၉ခုနှစ်တွင် အနံ့မဲ့ပြုတ်လုံး သွယ်ဆန်ကို စတင်ကြိတ်ခွဲထုတ်လုပ် ခဲ့ကြသည်။ ၁၉၉၅-၉၆ ခုနှစ်နောက် ပိုင်းတွင် ပေါင်းဆန်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းနေကြောင်း တွေ့ရှိရ သည်။ (ပေါ်ပြူလာဂျာနယ်)
*****

KNU နှင့် DKBA တိုက်ပွဲဖြစ်


ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့များနှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင့်အမျိုးသား တပ်မတော် ဒီကေဘီအေ အမှတ် ၉၉၉၊ ၉၀၇ တပ်ဖွဲ့များအကြား မနေ့ ဒီဇင်ဘာ ၂ ရက်နေ့ နေ့လည်ပိုင်း၌ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သည်။
( rfa.org အာအက်ဖ်အေသတင်းမှ ကောက်နှုတ်)
*****

ပြည်ပပို့ကုန်ပဲကိစ္စ၊ ပဲပြဿနာ အဖြေရှာ


ပြည်ပပို့ကုန်တွေထဲမှာ ပဲက ပြဿနာတက်နေတယ် ကြားရ တယ်။ ပဲတွေလှောင်ထားတာ အများကြီး၊ ဘယ်နိုင်ငံကမှ မဝယ်လို့ ပဲကုန်သည်တွေ အကျပ်ရိုက်ကုန်ကြ ပြီ။ တချို့ပဲကုန်သည်တွေဆို နိုင်ငံ ခြားတောင် ထွက်ပြေးကုန် ကြပြီတဲ့။ တချို့တွေလည်း သေကြောင်းကြံလို ကြံကြတဲ့။ ကောလာဟလဆိုတာ ဒီအတိုင်းပါပဲ။ တစ်ဆိတ်ကို တစ် အိတ်လုပ်ပြော တတ်ကြတာ သဘာ ဝပါ။ တကယ်တော့ 'ပဲကုန်သည် အသင်း'ဆိုတာ ရှိတာပဲ။ သူတို့က ဘာလုပ်နေကြလို့လဲ။ အရင်နှစ်က ဆို ပဲဈေးသိပ်ကောင်းတယ်။ ပဲကုန် သည်တွေ အကျိုးအမြတ်အများကြီး ရခဲ့ကြတယ်။ ဒီနှစ်လည်း အမြတ် ငွေ ၄ ရာခိုင်နှုန်းပေးမယ်ဆိုပြီး မြှူဆွယ် ပြီး ပဲဝယ်ခဲ့ကြတယ်။ ဒီဇင်ဘာ ပဲ ရာသီကုန်မှရမယ်လို့ပြောတဲ့အတွက် ဒီကတိစကားကို ယုံစားပြီး ရှိစုမဲ့စု တွေ ပေါင်နှံရောင်းချ၊ ကားရောင်း၊ ကားပေါင်၊ အိမ်ရောင်း၊ အိမ်ပေါင် ပြီး ငွေစုလာ ခဲ့ကြတယ်။ တကယ် တော့ ပြည်ပပို့ကုန်သည် လေးငါး ဦးလောက်က ကတိတွေ အတင်း ပေး၊ မက်လုံးတွေနဲ့မြှူဆွယ်ပြီး လက် ဝါးကြီးအုပ် အမြတ်ထုတ်ဖို့ကြိုးစား ခဲ့ကြတာပါ။ ပဲကုန်သည်အသင်းက ဘာမှ မလုပ်နိုင်ဘဲ အဲဒီကုန်သည် လေးငါးဦးကပဲ ခြယ်လှယ်ခဲ့ကြတာ။ ဟော ခုတော့ ပြဿနာ ပေါ်ပြီ။ လယ်သမား၊ ကုန်သည်တွေနဲ့ ပြည်ပ ပို့ပဲကုန်သည် လေးငါးဦးကြားက ပြဿနာတွေပေါ့။ တကယ်တော့ အဲဒီကုန်သည် လေးငါးဦးဟာ အတန်း ပညာကလည်း မူလတန်း သာသာလောက်ပဲရှိကြတာမို့ ဆင်ခြင်တုံတရားက သိပ်မရှိကြဘူး။ ပြည်ပသွားပြီး ရွှေတွေ၊ လောင်စာ ဆီတွေ ဈေးကစားကြတယ်။ မလုပ် တတ်မကိုင်တတ်နဲ့ ရှုံးပြီးပြန်လာကြ တဲ့အတွက် ငွေတွေမဆပ် နိုင်တော့ ဘူး။ ပြည်တွင်းက ငွေပေးထားတဲ့ လူတွေကလည်း ဘယ်သည်း ညည်း ခံကြတော့မလဲ။ တချို့ဆို အကြမ်း ဖက်ပြီး ငွေတောင်းကြတဲ့အထိ အခြေအနေက ဆိုးလာတယ်။ ခု တော့ ပဲအသင်းကို စနစ်တကျပြန် ဖွဲ့ဖို့ လိုလာပြီ။ ပဲက သိပ်အရေးကြီး တဲ့ကုန်ပဲ။ ပဲတင်ပို့ခြင်းဟာ ကမ္ဘာ မှာ မြန်မာက ဒုတိယအများဆုံး လေ။ ပဲကုန်သည်အသင်း လူကြီး တွေဟာ ပညာတတ်တွေ လည်း ဖြစ်ရမယ်။ အမြော်အမြင်ရှိပြီး ဆင်ခြင်တုံတရားလည်းရှိတဲ့သူတွေ ဖြစ်ရမယ်။ ပဲအကြောင်းလည်း ကောင်းကောင်း တတ်သိနားလည် သူတွေ ဖြစ်ရမယ်။ တိုင်းရင်းသား မဟုတ်သူတွေတော့ မထားနိုင်ဘူး။ ငွေကြေးပမာဏ အနည်းအများကို ကြည့်ပြီး ဒါရိုက်တာအဖွဲ့ဝင် (၇) ယောက်က (၁ဝ) ယောက် အထိ ဖွဲ့စည်းဖို့ စီစဉ်နေကြ ပါပြီ။ (ပေါ်ပြူလာ ဂျာနယ်)

=====
ဇန်န၀ါရီလ ၃ ရက်၊
ပထမအပတ်၊ ၂၀၀၉
နီုင်ငံခြားသတင်း


ဟားမက်စ်တို့ ၂၀၀၉ခုနှစ် ၂ရက်၊ သောကြာနေကို“ ကမ္ဘာ့နေ့” အဖြစ် ကြေညာ ( dr1.dk)
*****

၁၈နှစ်အပြီး ဘက္ကဒက်သို့ ခရီးသည်တင် လေယာဉ် ဆင်းသက်

အီရတ်စစ်ပွဲစကတည်း ရပ်နားခဲ့သည့် ပထမဦးဆုံးသော ခရီးသည်တင် လေယာဉ် (ဆွီဒင် charter
)သည် ခရီးသည် ၁၅၀ဦးကို တင်ဆောင်ပြီး ကိုပင်ဟေဂင်မှ ဘက္ကဒက်သို့ ၂.၁.၀၉ ရက်နေ့တွင် ဆင်းသက်ခဲ့သည်။ တချို့သော နိုင်ငံတကာ လေကြောင်းများသည်လည်း များမကြာမှီ ဆင်းသက်ရန် စောင့်ဆိုင်းလျက် ရှိသည်။
(TV2 news)
*****
အမေရိကန်သမ္မတ ဂျော့ဘုရှ်က ပါလက်စတိုင်းလူမျိုးတို့၏ ဟားမက်အဖွဲ့ကို အပြစ်တင်လိုက်ပြီး ဒုံးကျဉ်များ ပစ်ခတ်မှု ရပ်ဆိုင်းရန် မေတ္တာရပ်ခံသည်၊ လွန်ခဲ့သည့်ရက်များအတွင်း ဟားမက်အဖွဲ့က ဒုံးကျည်ပေါင်း ၁၀၀ ကျော် ပစ်လွတ်တိုက်ခိုက်ခဲ့သည်။
(TV2 news.dk)
*****
ဂါဇာအား အစ္စရေးတို့ လေကြောင်းက ဆက်မပြတ်တိုက်ခိုက်မှုကို ဒီန်းမတ်နိုင်ငံ အောဟူစ့်မြို့တွင် အာရပ်အနွယ်ဖွားများ ဆန့်ကျင်ဆန္ဒပြကြသည်။ ထိုအပြင် နော်ဝေး ဂျာမဏီနှင့် ပြင်သစ်နိုင်ငံများတွင် အာရပ်အနွယ်ဖွားများ ကန့်ကွက် ဆန္ဒပြကြသည်ဟု သိရသည်။ဓါတ်ပုံသုံးရန်
( TV2news.dk)
*****
ကျူးဘားသမ္မတ Raul Castro, အမေရိကန် ရွေးကောက်ခံ သမ္မတ ဘာရက် အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးချင်သည်ဟု ပြောကြား
( TV2 news.dk)
*****
ဆွီဒင်နိုင်ငံ တောင်ပိုင်းတွင် အင်အား စကေး ၄.၈ ရှိသော ငလျင်တခု ၂၊ ၁၊ ၀၉ နေ့ရက်က လှုပ်ခတ်သွားခဲ့သည်။ အသေအပျောက် မရှိ ၊ (TV2 news.dk)
*****
မစ္စတာ ဘုရှ်နှင့် ကုလ အတွင်းရေးမှူးချုပ်တို့ နောက်ဆုံးတွေ့ဆုံပွဲတွင် မြန်မာရေး ဆွေးနွေးမည်

သမ္မတ တာဝန်က နှုတ်ထွက်ရမည့် အမေရိကန် သမ္မတ မစ္စတာ ဘုရှ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် လာမည့် အင်္ဂါနေ့မှာ နောက်ဆုံးတွေ့ဆုံ နှုတ်ဆက်သည့်အခါတွင် မြန်မာအရေးကို ထည့်သွင်းဆွေးနွေးမည်ဟု အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Gordon Johndroe က ပြောကြားလိုက်ပါသည်။
( rfa.org အာအက်ဖ်အေသတင်းမှ ကောက်နှုတ်)
*****

ဇန်န၀ါရီလ ၄ ရက်၊
ပထမအပတ်၊ ၂၀၀၉
ပြည်တွင်းသတင်း


၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ကို မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံတွင် ကျင်းပ

ဇန်နာဝါရီ ၄ ရက်နေတွင် ကျရောက်မည့် အထိမ်းအမှတ်အတွက် ရည်ရွယ်ပြီး ယနေ့ ဇန်နာဝါရီလ ၃ ရက်နေ့ မနက်က ဘန်ကောက်မြို့တွင် အခမ်းအနားတခု ကျင်းပခဲ့သည်။
ထို့အတူ ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြင့် အသက် ၃၀ အောက် လူငယ်များ ပါဝင်သည့် ကျပမ်းစကားပြောပြိုင်ပွဲကို ယနေ့ စတင် ကျင်းပခဲ့သည်။
(rfa.org မှ ကောက်နှုတ်သည်)
*****

အတင်း ခိုင်းခံနေရဆဲ

ရန်ကုန်တိုင်း တွံ့တွေးမြို့နယ် ဇီးဖြူကုန်းအုပ်စု နတ်စဉ်ချောင်းရွာ မူလတန်းကျောင်း ဆောက်လုပ်ရတွင် ဒေသခံ ရွာသားများကို ကျေးရွာ ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးတွေက အတင်း လုပ်အားပေး စေခိုင်းနေသည်ဟု သိရပါသည်။ နိုင်ငံတော်က ရံပုံငွေ ချပေးထားပါလျက် ဒေသခံ ရွာသားများကို မလိုက်မနေရ အတင်းခိုင်းစေနေပြီး မလိုက်နိုင်လျှင် ဒဏ်ငွေ ၅၀၀၀ ပေးနေရသည်ဟု နတ်စဉ်ချောင်း ရွာသားတဦးက အာအက်ဖ်အေသို့ ပြောပြသည်။
(rfa.org မှ ကောက်နှုတ်)
*****
ဇန်န၀ါရီလ ၄ ရက်၊
ပထမအပတ်၊ ၂၀၀၉
နီုင်ငံခြားသတင်း



အစ္စရေးစစ်သားများ ဂါဇာအတွင်း ရောက်

စနေနေ့ည၌ အစ္စရေးစစ်သားများ မြေပြင်စစ်ဆင်ရေး စတင်ပြီး တင့်ကားများကို ဝေဟင်မှ စစ်သုံး ရဟတ်ယာဉ် အထောက်အကူပြုပြီး မြောက်ပိုင်းဂါဇာအတွင်းသို့ ရောက်ရှိနေသည်ဟု ပါလက်စ္စတိုင်းလူမျိုး မျက်မြင်များနှင့် ၎င်းတို့သတင်းဋ္ဌာနများက ပြောဆိုသည်။
( tv.dk)
*****



မှတ်ချက်။ ။ ၂၀၀၉ ခုနှစ် ပထမအပတ်မှ စပြီး တပတ်အတွင်း သတင်းမှတ်စုအဖြစ် တပတ် တကြိမ် စုဆောင်း တင်ပြမည် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်း၏ အရာင်မဟုတ်ပါ၊ နှစ်ချုပ်သတင်းအဖြစ် စုဆောင်းလိုသည့် ဆန္ဒတခုအဖြစ်သာ ဖြစ်ကြောင်း သတင်းဌာနာများနှင့် ဘလောဂ်မိတ်ဆွေများကို ကြိုတင် တောင်းပန်ပါသည်။ ထိုကဲ့သို့ တင်ပြလိုသောကြောင့် သတင်းဌာနာများအား ကြိုတင် အခွင့်တောင်းခံခဲ့ပါသည်။ RFA သတင်းဋ္ဌာန၊ ခေတ်ပြိုင်၊ မဇ္ဈီမနှင့် လူထုအသံတို့မှာ ခွင့်ပြုကြောင်း အကြောင်းပြန် ရရှိခဲ့ကြောင်း။
ဘီဘီစီနှင့် ဗွီအိုအေဋ္ဌာနာများသို့ အီးမေးဖြင့် အကြောင်းအကြားခဲ့ပါသည်။ နောက်ပြီး ပြည်တွင်းလက်လှမ်းမသိသော သတင်းမဂ္ဂဇင်းများနှင့် တချို့ ဘလောဂ်များကိုလည်း အကြောင်းမကြားနိုင်ခဲ့ပါ။ သို့အတွက် မိမိစုဆောင်းခဲ့သည့် သတင်းအတိုအထွာများကို သက်ဆိုင်ရာ နာမည်များ ဖေါ်ပြပေးမည်။
*****