Sunday, February 1, 2009

သတင်း မှတ်စု ( ၅ )


တပတ်အတွင်း သတင်း မှတ်စု

ဇန်န၀ါရီလ ၂၆ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
မြန်မာ သတင်း


ရိုဟင်ဂျာသတင်း

ထိုင်းနိုင်ငံမှာ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် တဦးမျှ ထိန်းသိမ်းထားခြင်း မရှိတော့ကြောင်း၊ ထိုင်းနိုင်ငံထဲ တရားမ၀င် ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အားလုံးကို ထိုင်းဖက်က ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနက ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
*****
မှတ်တမ်းတင် တည်းဖြတ်မှုဆိုင်ရာ နိုင်ငံတကာဆု

ရွှေဝါရောင် တော်လှန်ရေးဟု လူသိများခဲ့သော ၂၀၀၇ ခုနှစ်၊ စင်တင်ဘာ သံဃာ့အရေးအခင်း အဖြစ်အပျက်များကို လျှို့ဝှက် ဗွီဒီယိုများကနေ မှတ်တမ်း ရုပ်ရှင်အဖြစ် ပြောင်းလဲထားသည့် Burma VJ ရုပ်ရှင်သည် တည်းဖြတ်မှုဆိုင်ရာ Sundance ရုပ်ရှင်ပွဲတော်ဆုကို ရရှိသွားသည်။ ဤရုပ်ရှင်ကို တည်းဖြတ်ခဲ့သူ ဖလင်အယ်ဒီတာ Janus Jansen နှင့် Thomas Papapetros တို့အား မြန်မာနိုင်ငံအတွင်းက သတင်းထောက် ၃၀ ၏ လျှို့ဝှက် ရိုက်ကူး မှတ်တမ်းတင်ထားသည့် ဗွီဒီယို အပိုင်းအစများကို ဆက်စပ်ပြီး ရုပ်ရှင်အဖြစ် ပီပြင်အောင် တည်းဖြတ်နိုင်ခဲ့အတွက် အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသော Sundance ရုပ်ရှင်ပွဲတော်က ဆုချီးမြှင့်ခြင်း ဖြစ်သည်။ ( အာအက်အေသတင်းမှ ကောက်နှုတ်ချက် )
*****
ပြည်ပ ထောက်ပံ့မှုကို မျှော်ကိုးပြီး မွန်ပြည်သစ်ပါတီ ရွေးကောက်ပွဲ မ၀င်လို

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ (ဌာနချုပ်)၌ ဆဌမအကြိမ် ပါတီညီလာခံအစည်းအဝေးအား (၁-၁-၀၉) ရက်နေ့မှ (၁၇-၁-၀၉)ရက်နေထိ ကျင်းပပြုလုပ်သွားပါသည်။အဆိုပါ အစည်း အဝေးတွင်မွန်ပြည်သစ်ပါတီ အနေဖြင့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ အား ပါဝင်သင့် /မသင့် ဆန္ဒခံယူရာတွင် ရွေးကောက်ပွဲ မ၀င်ရောက်လို့ သည် အင်အားများကြောင်း သိရှိရပါသည်။

၎င်းအပြင် တရားမ၀င် ဖွဲ့စည်းထားသည့် မွန်အဖွဲ့အစည်းများ ဖြစ်ကြသော မွန်အမျိုးသားညီညွတ်ရေး တပ်ဦး(MAU )နှင့် ဒေသလုံး ဆိုင်ရာ မွန်လူငယ်အဖွဲ့(LAMYO)တို့မှ ရွေးကောက်ပွဲ ၀င်ရောက်ရန် သဘောထားရှိပြီး၊ မွန်အမျိုးသား ညီညွတ်ရေးကောင်စီ (MUL)မှ ရွေးကောက်ပွဲ ၀င်ရောက်ရန် ဆန္ဒမရှိကြောင်း ၊ ၄င်းအပြင် မွန်ပြည်သစ်ပါတီ မှ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန်ပေါင်း အစိုးရ (NCGUB)နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တို့နှင့် ပေါင်းပြီး ဖက်ဒရယ် အစိုးရ ဖွဲ့စည်းသောအခါ ၄င်းအစိုးရအဖွဲ့တွင် မွန်တပ်ပါဝင်ရန် ဆွေးနွေး လျှက်ရှိနေပါသည်။

အမေရိကန်၊ ကနေဒါ၊ ဂျာမဏီ၊ သြစတြေးလျ၊ နယူးဇီလန် နှင့် ဆွစ်ဇာလန် နိုင်ငံများရှိ မွန် အဖွဲ့အစည်းများမှ ရွေးကောက်ပွဲ မ၀င်သင့် ကြောင်း၊ ဖက်ဒရယ် အစိုးရ ဖွဲ့စည်းပြီးသည် အထိ စောင့်ဆိုင်းသင့်ကြောင်းကို အကြံပြုထားကြောင်း၊ မွန်ပြည်သစ်ပါတီသည် အခြားသော မွန် အဖွဲ့အစည်းတစ်ခုမှ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သွားပါက မွန်ပြည်သစ်ပါတီ အနေဖြင့် အဆိုပါအဖွဲ့အား မည်ကဲ့သို့ ဖိအားပေးသွားမည်နှင့် မည်ကဲ့သို့ တွန်းအားပေးသွားမည်ကို ဆွေးနွေးသွားပါသည်။

နိုင်ငံတော်မှ မွန်ပြည်သစ် ပါတီအား လက်နက်အပ်နှံရေး ဖိအားပေး တောင်းဆိုလာပါက လက်နက်မအပ်ရန် အတည်ပြု ဆုံးဖြတ်ထားကြောင်း၊ မွန်ပြည်သစ်ပါတီ အနေဖြင့် လက်နက်ကိုင်ထားသောလည်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်သည်ဟူသော အမြင်ရှိနေကြောင်း၊ တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားမှုအား ချိုးဖေါက်ပြီး မွန်ပြည်သစ်ပါတီမှ ပစ်ခတ်မှုများ မပြုလုပ်ရန် ဆွေးနွေးသွားပါသည်။

ထိုပြင် အမေရိကန်နိုင်ငံရှိ မွန်အဖွဲ့အစည်းများနှင့် အင်္ဂလန်နိုင်ငံရှိ ဥရောပလုံးဆိုင်ရာ မွန် ဗဟိုအဖွဲ့ချုပ်တို့မှ မွန်ပြည်သစ်ပါတီအား ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရောက်ပါက အမေရိကန် ဒေါ်လာ (၃)သိန်းနှင့် စတာလင်ပေါင်(၆) သောင်းတို့အား ထောက်ပံ့သွားရန် အကြောင်းကြားထားကြောင်း၊ အလားတူ အခြားသော ပြည်ပအခြေစိုက် မွန်အဖွဲ့အစည်းများကလည်း မွန်ပြည်သစ်ပါတီ အနေဖြင့် ရွေးကောက်ပွဲ မ၀င်ပါက ပါတီရံပုံငွေ ထောက်ပံ့သွားမည်အကြောင်းကို မွန်ပြည်သစ်ပါတီသို့ အကြောင်းကြား ထားကြောင်းကို ပါတီဝင်များ သိရှိစေရန် ချပြ ရှင်းလင်းသွားပါသည်။
( သာကီနွယ်မှ ကောက်နှုတ်ချက် )
*****
ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကို နအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ
NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉

တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ်တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။

ဝါရှင်တန် မြန်မာသံရုံးမှတဆင့် အိုဘားမား၏ အမေရိကန်အစိုးရသစ်အား ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး စည်းရုံးရန်အတွက် မြန်မာစစ်အစိုးရက ဦးလင်းမြိုင်ကို ယခုကဲ့သို့ တိုးတိုးတိတ်တိတ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန် အတိုက်အခံရပ်ကွက်က ပြောသော်လည်း အဆိုပါအချက်ကို ခေတ်ပြိုင်က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်သည် ယခုတခေါက် အမေရိကန်သို့ ၀င်လာရန်အတွက် လက်ရှိ ၀ါရှင်တန်မြန်မာသံရုံး ယာယီတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်လွင်နှင့် ချိတ်ဆက်လုပ်ပြီး ရောက်လာခြင်းဖြစ်သည်။

မြန်မာသံအမတ်ဘ၀က အမေရိကန်အစိုးရပိုင်းနှင့် အတန်အသင့် ဆက်ဆံနိုင်ခဲ့သည့်အတွက် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး အောင်မြင်ရန်အတွက် မြန်မာသံရုံးကို နောက်ကွယ်မှ ကြိုးကိုင်အကြံပေးရန် မြန်မာစစ်အစိုးရက လွှတ်လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

သို့သော် ရန်ကုန်အမေရိကန်သံရုံးက မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်၏ ပထမအကြိမ် ဗီဇာလျှောက်ထားမှုကိုငြင်းဆိုပြီး နောက်တကြိမ် ဗီဇာလျှောက်မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလင်းမြိုင်၏ မိတ်ဆွေ အသိုင်းအ၀န်းက အတည်ပြုပြောသည်။ မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်အား မည်သူမည်ဝါဖြစ်သည်ကို သိလျက် ရန်ကုန်အမေရိကန်သံရုံးမှ အဘယ့်ကြောင့် ဗီဇာထုတ်ပေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ အတိုက်အခံများ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်လာအောင် နည်းအမျိုးမျိုးဖြင့် တက်တက်ကြွကြွ စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင် ဝါရှင်တန်တွင် တာဝန်ထမ်းဆောင်နေစဉ် တွေ့ဆုံခဲ့သည့် အတိုက်အခံများထဲတွင် မြန်မာနိုင်ငံ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာနည်လည်း ပါဝင်ခဲ့သည်ဟု စုံစမ်းသိရသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက် ဒေါက်တာဇာနည် မြန်မာပြည်ပြန်ပြီး နအဖထိပ်တန်းအရာရှိအချို့နှင့် တိတ်တဆိတ်လာတွေ့သည့် အကြောင်းကို မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က အမေရိကန် မြန်မာအတိုက်အခံများအား ဖုန်းဆက်ပြောခဲ့သည်ဟု အတိုက်အခံအချို့က စွပ်စွဲခဲ့သည်။

မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် Mitch McConnell နှင့် Dianne Feinstein တို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား အမေရိကန်မှ နှင်ထုတ်ရန် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ကော်လင်းပါဝဲထံ စာရေး တောင်းဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် ပြုတ်ပြီး မကြာခင် ဦးလင်းမြိုင်အပါအ၀င် နိုင်ငံခြားရှိ မြန်မာသံအမတ်များကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့ ရန်ကုန်အရောက် စစ်အစိုးရက ရုတ်တရက် ပြန်ခေါ်ခဲ့သည်။

အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား နအဖက ရန်ကုန် ပြန်ခေါ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး ခန့်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေးနဲ့အုပ်ချုပ်ရေးဌာန၏ ထိုအချိန်က ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကို ကျော်ကို အငြိမ်းစားပေးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်နှင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ပြုတ်သွားသည့် ဗိုလ်မှူးကြီး ကိုကိုကျော်သည် ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် DSA အပတ်စဉ် (၁၁) မှ ဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့နှင့် တပတ်စဉ်တည်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်သည်။ မြန်မာစစ်အစိုးရ ရေတပ်မှာ အရာရှိ အဖြစ် (၂၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမှုထမ်း ဆောင်ခဲ့ကြောင်း Washington Diplomat သတင်းစာမှာ ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

ILBC ခြေလျင်တောင်တက်အဖွဲ့၏ ရေခဲတောင်တက်ခရီးစဉ် အတွေ့အကြုံရှင်းလင်း


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တည်ရှိသော ဖုန်ဂန်ရာဇီ ရေခဲတောင်ထိပ်သို့ ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၇ ရက်နေ့မှ ဇန်နဝါရီ ၉ ရက်နေ့အထိ ၁၄ ရက်ကြာ သွားရောက်ခဲ့သော ILBC ခြေလျင် တောင်တက်အဖွဲ့၏ တောင်တက် ခရီးစဉ်နှင့် ပတ်သက်သည့် အတွေ့ အကြုံရှင်းလင်းပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၅ နာရီတွင် လေးထောင့်ကန်လမ်းရှိ ILBC Gymnasium တွင် ကျင်းပပြုလုပ် ခဲ့သည်။
( ပေါ်ပြူလာသတင်းမှ ကောက်နှုတ်ချက် )
*****
ရွှေပေါ်ကျွန်းကျောင်းထိုင်ဆရာတော် ရိုက်နှက်မှုဖြင့် တရားစွဲခံရ
ကိုဝိုင်း
တနင်္လာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ နာမည်ကျော် ရွှေပေါ်ကျွှန်း စေတော်ဝင် သာသနာပြုစခန်းအတွင်း ကျောင်းထိုင်ဆရာတော် ဦးကုမာရသည် အမျိုးသမီးတဦးအား ရိုက်နှက်မှုဖြင့် မိထ္ထီလာမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

မန္တလေးတိုင်း မိထ္ထီလာခရိုင်ရှိ ရွှေပေါ်ကျွှန်း စေတော်ဝင်စခန်းအတွင်း၌ နေထိုင်သူ ဝေယျာဝစ္စအဖွဲ့ဝင် မနွယ်နွယ်ဝင်းဆိုသူအား ဆရာတော်က အုပ်စုဖြင့် ဝိုင်းရိုက်ကြောင်း စွပ်စွဲခံထားရပြီး ယခုလ (၂၁) ရက်နေ့က မိထ္ထီလာမြို့နယ် တရားရုံးတွင် ဆရာတော် ဦးကုမာရကိုယ်တိုင် စစ်ဆေးခံခဲ့ကြောင်း စေတော်ဝင်စခန်း ဂေါပကဥက္ကဌဟောင်း ဦးသာဒင်က မဇ္ဈိမကို ပြောသည်။

ဦးသာဒင်က " မနွယ်ကိုရိုက်တဲ့အမှုက အခုလ (၂၁) ရက်နေ့က မိထ္ထီလာမြို့နယ်ရုံး တရားသူကြီး ဦးခင်မောင်မောင်ရဲ့ရုံးမှာ စစ်သွားပြီ။ ဦးကုမာရက (၁၈) ကြိမ်လောက် ချိန်းခဲ့တာကို လုံးဝမလာခဲ့တာ။ နှောကန်ရဲစခန်းကို စပြီး အဆင့်ဆင့် အမှုတင်တာ။ ခုဆို သုံးနှစ်ရှိပြီ" ဟုပြောသည်။

မလှိုင်မြို့နယ်၊ ရေငန်ကျေးရွာအုပ်စုအတွင်းမှ ရွှေပေါ်ကျွှန်းရွာ စေတော်ဝင်စခန်းအား တည်ထောင်ခဲ့သူ မူလ ဆရာတော် ဦးဇေယျသိန္ဓိဓမ္မ ဉာဏိက ပျံလွန်တော်မူပြီးနောက် လက်ရှိ ဆရာတော် ဦးကုမာရအား မန္တလေးတိုင်း သံဃာနာယက ခန့်အပ်ခဲ့သည်။

ကျောင်းဝန်းအတွင်း၌ ကျောင်းတိုက် အလုံး (၃၀၀) ကျော်၊ ဝေယျာဝစ္စသုံးရန် ကား (၃၀) စင်း ရှိပြီး ဝေယျာဝစ္စလုပ် ကိုင်သူနှင့် ဧည့်သည် (၁,၀၀၀) ကျော်အား နေ့စဉ်ကျွှေးမွေးနေသည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက် )
*****
၂၁၁ ယာဉ်ကြီးလိုင်းမှ ယာဉ်စီးခ အခမဲ့အလှူဒါနအဖြစ် တစ်လနှစ် ကြိမ် ပြေးဆွဲပေးလျက်ရှိ

မထသ ဌာနခွဲ ၂ /၂၁၁ ယာဉ်ကြီး လိုင်းပိုင်၊ မောင်း၊ ရောင်း တို့မှ ယာဉ်စီးခ အခမဲ့ အလှူဒါနအဖြစ် ယာဉ် အလှည့်ကျဖြင့် တစ်လလျှင် ၂ ရက်တိတိ၊ ဆူးလေမှ အနောက်ပိုင်း တက္ကသိုလ်အထိ အခမဲ့ပြေးဆွဲ ပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ ၂၁၁ ယာဉ်ကြီးလိုင်းတွင် စုစုပေါင်း ယာဉ်အစီးရေ ၃၁ စီးဖြင့် ပြေးဆွဲ ပေးလျက်ရှိရာ တစ်လလျှင် ၁ ရက်နေ့ တစ်ကြိမ်၊ ၁၆ ရက်နေ့တစ်ကြိမ်၊ အလှည့်ကျ ယာဉ်များဖြင့် ခရီးသည်များအား ယာဉ်စီးခ အခမဲ့အဖြစ် ပြေးဆွဲပေးလျက် ရှိသည်။
( ပေါ်ပြူလာဂျာနယ်မှ ကောက်နှုတ်ချက် )
*****
အင်တာနက်၊ အီးမေးလ် သုံးသူများ Life is beautiful ကို သတိထား

အင်တာနက်သုံးစွဲသူတွေ များပြားလာတာနဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာတွေကလည်း တစ်မျိုးပြီး တစ်မျိုး မရိုးအောင် ရှိပါတယ်။ အခုလည်း အင်တာနက်သုံးစွဲ သူတွေအကြားမှာ ကြုံတွေ့ နေရတဲ့ ပြဿနာတစ်ခုက တော့ Life is beautiful ဆိုတဲ့ Mail ဝင်လာတဲ့အခါ ဖွင့်ကြည့်မိတဲ့လူတချို့ မိမိရဲ့ Password တွေ၊ Data တွေ၊ Account တွေ အခိုးခံရတယ်လို့ သိရပါတယ်။ အင်တာနက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မိမိဆိုင်မှာ အင်တာနက်လာရောက်သုံးစွဲသူတစ်ဦး ထိုအဖြစ်မျိုး ကြုံခဲ့လို့ Life is beautiful Mail ဝင်လာရင်မဖွင့်ဖို့ ဆိုင်ရှေ့မှာစာကပ်ပြီး သတိပေးထားတယ်လို့ သိရပါတယ်။ ထို့ပြင် အင်တာနက်သုံးစွဲသူတစ်ဦးကလည်း မိမိအနေနဲ့ အင်တာနက် သုံးလာသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း၊ ယခု Life is beautiful mail ကို ဖွင့်ကြည့်မိရာကတစ်ဆင့် မိမိရဲ့ Data တွေ၊ Password တွေ၊ Account တွေ ခိုးယူသုံးစွဲခံနေရကြောင်း၊ မိမိမသိဘဲ တစ်စုံ တစ်ယောက်ကနေ မိမိ မိတ်ဆွေများနှင့် Chatting ဝင်နေကြောင်း၊ IT ပညာရှင်များက လည်း ကာကွယ်ရန် နည်းလမ်းများကို ကြိုတင် ထုတ်ပြန်သင့်ကြောင်းများ ပြောကြားသွားပါတယ်။
( ပေါ်ပြူလာဂျာနယ်မှ ကောက်နှုတ်ချက် )
*****

မြန်မာ့လက်မှု စဉ့်ထည်မြေထည်ပစ္စည်းများ ပြပွဲပြုလုပ်မည်


၂ဝဝ၉၊ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံရှိ ပြင်သစ်သံရုံး၌ မြန်မာ့လက်မှု စဥ့်ထည်မြေထည် ပစ္စည်းပြပွဲ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံစဥ့် အသင်း ဒု-ဥက္ကဋ္ဌ ဦးဇော်သန်းက ပြောသည်။ ယင်းပြပွဲတွင် မြန်မာ့ရိုးရာ တိုင်းရင်းသား အရုပ်များ၊ တိရစ္ဆာန် အရုပ်များ၊ ဖိုးသူတော် အရုပ်များအပြင် ဒီဇိုင်းဆန်းသစ်သော စဥ့်ထည်မြေထည် ပစ္စည်းများအား စိတ်ဝင်စားဖွယ်ခင်း ကျင်းပြသကာ တစ်ပါတည်း ရောင်းချမည်ဟု သိရသည်။
( ပေါ်ပြူလာ ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ရခိုင်ပြည်နယ်နှင့် ရန်ကုန်တွင် မုန်တိုင်း ကြိုတင်ထောက်လှမ်းနိုင်သည့်ရေဒါစခန်း ထပ်မံ တည်ဆောက်မည်

ဘင်္ဂလား ပင်လယ်အော် အရှေ့ဘက်ရှိ မြန်မာပြည် ကမ်းရိုးတန်းသို့ နှစ်စဉ်နီးပါး မုန်တိုင်းများ ဝင်တတ်လေ့ရှိပါသည်။ အချို့ ပြင်းထန်သော မုန်တိုင်းများသည် ကမ်းရိုးတန်း တစ်လျှောက်၊ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်တို့အား အပျက်အစီး မြောက်မြားစွာ ဖြစ်ပေါ်စေပြီး လူနှင့် တိရစ္ဆာန်များ သေကျေ ပျက်စီး စေခဲ့ပါသည်။ ထို့ ကြောင့် အဆိုပါ မုန်တိုင်းများအား ကြိုတင် ထောက်လှမ်းနိုင်ပြီး မုန်တိုင်း သုတေသန လုပ်ငန်းအတွက် အသုံးဝင်သည့် ရေဒါကိရိယာအား မြန်မာပြည် ကမ်းရိုးတန်းများအတွက် တပ်ဆင်ရန် လိုအပ်သောကြောင့် ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်း စတင်ပြီး ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလတွင် စတင် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါသည်။
၁၉၇၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ၁၆ မိုင် ဝေးသော မင်းပြင်ရွာ အနီးတွင် ရေဒါစခန်း တည်ဆောက်ခဲ့ပါသည်။ ယခု လက်ရှိ အနေအထားသည် နည်းပညာများ ပြောင်းလဲ တိုးတက်လာခြင်းကြောင့် မိုးလေဝသဂြိုဟ်တုတွေ ရှိလာပြီး ယခုအခါ တစ်ကမ္ဘာလုံးနှင့် ကွန်ယက် ချိတ်ဆက်နိုင်ပြီ ဖြစ်သည်။ အချိန်နှင့်အမျှ စောင့်ကြည့် ခြေရာခံနိုင်ဖို့အတွက် မုန်တိုင်းပြ ရေဒါများကို ခေတ်မှီ နည်းစနစ်ဖြင့် နောက်ထပ် ၂ ခုတွင် တိုးချဲ့တပ်ဆင် တည်ဆောက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။ ယခုလက်ရှိ မင်းပြင်ရွာအနီးမှ ရေဒါစခန်း၏ မြောက်ဘက်တွင် တစ်လုံးနှင့် ရန်ကုန် ကမ္ဘာအေးတွင် တစ်လုံး မကြာမီတွင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်ထားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဦးချစ်ကျော်က ပြောကြားခဲ့သည်။ ( ပေါ်ပြူလာမှ ကောက်နှုတ်ချက် )
*****

ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရန်လိုအပ်


ကမ္ဘာကြီး ပူနွေးလာခြင်းမှာ လူတို့၏ ပယောဂ ၉ဝ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရှိရသည်။ ကမ္ဘာ့ စက်မှုလက်မှု ဖွံ့ဖြိုးစေရန်အတွက် ရုပ်ကြွင်း လောင်စာများဖြစ်သော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ လောင်စာများကို အလွန်အကြူး အသုံးပြုခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ထွက်ရှိပြီး ကမ္ဘာကြီး ပူနွေးလာခြင်း ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေး လုပ်ငန်းများမှ မီသိန်းနှင့်နိုက်ထရစ်အောက်ဆိုဒ်များကြောင့်လည်း ကမ္ဘာကြီးပူ နွေးလာမှု ဖြစ်ရကြောင်း ပညာရှင်များက ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သမ္မတဟိုတယ်၌ ကျင်းပသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့ သည်။

ထို့အပြင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များအကြောင်းကို ရှင်းလင်း တင်ပြခဲ့ပြီး www.changing climate.asia တွင် လေ့လာကြည့် ရှုနိုင်ကြောင်း ဆရာ ဦးကျော်ဦးက ရှင်းပြခဲ့သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အစိမ်းရောင် စီးပွားရေးဟုခေါ်သော အခြား စွမ်းအင် အရင်းအမြစ်များကို ရှာဖွေသင့်ကြောင်းနှင့် အပင်စိုက်မှု၊ ဒီရေတော စိုက်ပျိုးမှုများကို တိုးချဲ့သင့်ကြောင်း သိရှိရသည်။
( ပေါ်ပြူလာသတင်းမှ ကောက်နှုတ်ချက် )
*****
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဘာသာရပ်အား
အခြေခံပညာကျောင်းသင်ခန်းစာများ၌ ထည့်သွင်းအသုံးပြု ရန်စီစဉ်နေ


သဘာဝ ဘေးအန္တရာယ် ကျရောက်မှု ဖြစ်ပွားပါက မည်သို့ ကာကွယ်ရမည်၊ မည်သို့ ပြုမူ ဆောင်ရွက်ရမည်တို့ကို ကြိုတင် သိရှိ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်း သင်ခန်းစာများ၌ ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း အသုံးပြု သင်ကြားနိုင်ရန်အတွက် ပညာရေး ဝန်ကြီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု စုံစမ်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က-
''မိုးလေဝသဌာနအနေနဲ့ ကျောင်းသင်ခန်းစာမှာ ထည့်သွင်း အသုံးပြုရမယ့် ပြဋ္ဌာန်းချက်တွေကို စတင်စုဆောင်းပြီး ရေးသား ပြုစုနေပါတယ်။ ပညာရေးဌာနတွေကလည်း ကျောင်းသင်ခန်းစာမှာ ထည့်သွင်း အသုံးပြုဖို့ စတင် ဆောင်ရွက်နေပါပြီ။ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းမှာ လုပ်ငန်းကဏ္ဍ ရှစ်ရပ်ရှိတဲ့ အထဲမှာ လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုဆိုတာ အရေးကြီးပါတယ်။ အခုဆိုရင် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် လေ့ကျင့်မှုတွေ၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ မိုးလေဝသဆိုင်ရာ အဆင့်မြှင့်မှုတွေ လုပ်နေပါတယ်။ ဒီလိုပဲ ကျောင်းသား ကျောင်းသူတွေကိုလည်း သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ဘာသာရပ်အပြင် ကြိုတင် လေ့ကျင့်မှုတွေ ပြုလုပ်ထားဖို့လည်း လိုပါတယ်။ ဒီလို ကြိုတင် ပြင်ဆင် လေ့ကျင့်ပေးထားမယ်ဆိုရင် သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးမှုကို လျော့ပါးစေနိုင်ပါတယ်'' ဟုပြောကြားခဲ့သည်။
( ပေါ်ပြူလာဂျာနယ်မှ ကောက်နှုတ် )
*****
ဗဟို သမဝါယမအသင်း လီမိတက်မှ အသေးစား ငွေချေးလုပ်ငန်းကို မြို့နယ်ပေါင်း (၅၈) မြို့နယ်တွင် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိ

၁၉ ရာစုမှစ၍ အသေးစား ငွေချေးလုပ်ငန်းများ စတင်ခဲ့ရာ လူမှုရေး၊ စီးပွားရေးများအတွက် ဗဟို သမဝါယမအသင်း လီမိတက်၏ လုပ်ငန်းခွဲတစ်ခု အနေဖြင့် အသေးစား ငွေချေးလုပ်ငန်း (Micro Finance) ကို ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စတင်၍ လုပ်ဆောင်ခဲ့သည်။ ဆင်းရဲ နွမ်းပါးသော လက်လုပ်လက်စား လူတန်းစားများ၊ ဈေးသည်များ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအား သမဝါယမ လုပ်ငန်းတစ်ခုအဖြစ် လူမှု စီးပွားရေးတစ်ခု အနေဖြင့် အတိုးနှုန်း သက်သောင့် သက်သာဖြင့် ချေးငွေများ ထုတ်ပေးလျက် ရှိပါသည်။ ရိုးသား ဖြောင့်မတ်ပြီး လူနေမှု ဆင်းရဲသည့် လက်လုပ်လက်စားများ၊ နေ့စဉ် ပုံမှန် ဝင်ငွေရှိသည့် လူများကို တစ်ဖက်တစ်လမ်းမှ ကူညီခြင်းဖြစ်ပြီး ပထမအနေဖြင့် ငွေကျပ် သုံးသောင်းကို ရက် ၆ဝ အတွင်း နေ့စဉ် ပြန်သွင်းစေခြင်းဖြင့် ထုတ်ချေးပါသည်။ ပုံမှန် ပြန်ဆပ်သည့်သူများကို ငွေပမာဏ တိုး၍ ထုတ်ချေးပါသည်။ ဗဟို သမဝါယမအသင်း လီမိတက်မှ တိုင်းအလိုက်၊ မြို့နယ်အလိုက် အဖွဲ့ဝင်များ ဖွဲ့၍ ထုတ်ချေးပါသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြို့နယ်ပေါင်း ၅၈ မြို့နယ်၊ အဖွဲ့ပေါင်း ၇၁ ဖွဲ့၊ မတည် ရင်းနှီးငွေ၊ ၂၂၂၅ ဒသမ ၂၅ သိန်း၊ အဖွဲ့ဝင်ဦးရေ၊ ၂၈၉ဝ၂ တို့ရှိပြီဟု ဗဟို သမဝါယမအသင်း လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားခဲ့ပါသည်။
( ပေါ်ပြူလာဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ရန်ကုန်မြို့ လှည်းတန်းလမ်းမတွင် မီးလောင်မှု ဖြစ်ပွား

ယနေ့ ညနေ ၃ ခန့်တွင် ရန်ကုန် လှည်းတန်းလမ်းမကြီးပေါ်မှာ ရှိသည့် တိုက်ခန်း မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဇကာကြီး မုန့်ဟင်းခါးဆိုင်ရှိသော တိုက်၏ တတိယထပ်တွင် လောင်ကျွမ်းခြင်းဖြစ်ပြီး အချိန်မှီ မီးငြိမ်းသတ်နိုင်သည့်အတွက် အခြားခန်းများကို မကူးစက်ခဲ့ဟု လှည်းတန်းမြို့ခံတဦးက ပြောသည်။ ( ဒီဗွီဘီ သတင်းမှ ကောက်နှုတ်ချက် )
*****
ကားခနှုန်းသစ်

ကလေးဝ၊ ယာကြီး၊ မုံရွာ ကားလမ်းကို နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကလေး- မုံရွာ၊ ကလေး- မန္တလေး ခရီးစဉ်များကို ကားလိုင်း ၅ လိုင်းခန့် ပြေးဆွဲနေသည်။ ယခင်က ကားခ ၁၂၀၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ယခုအခါ ၆၀၀၀ နှင့် ၆၅၀၀ အကြား ရှိကြောင်း သိရသည်။ ( ဈေးကွက် ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
အိန္ဒိယ ရေလုပ်ငန်းကို လေ့လာလိုသူများ သံရုံးက ညှိနှိုင်းပေးမည်

မြန်မာ့ ရေထွက်ပစ္စည်း ထုတ်လုပ် တင်ပို့ ရောင်းချသူများ၊ ရေ လုပ်ငန်းရှင်များ အနေဖြင့် အိန္ဒ္ဒိယ ရေလုပ်ငန်းကို မိမိ စရိတ်ဖြင့် သွားရောက် လေ့လာလိုလျှင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အိန္ဒိယသံရုံးကို ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ၁ / ၂၀၀၉ အစည်းအဝေးမှ သိရသည်။
( ဈေးကွက် ဂျာနယ်မှ ကောက်နှုတ်ချက် )
****
မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို
ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။

"မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူးလုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့ ပုံစံအတိုင်း သွားသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ထုတ်ဝေမှာပါ"ဟု ဦးသီဟအောင်က ပြောသည်။
"၈၈ကနေ ၂၀၀၈ထိ နှစ်ပေါင်း ၂၀ထိ ဖြတ်သန်းခဲ့ရပြီလေ။ တိုင်းပြည်တွင်းမှာ ပြည်သူတွေက သိတာလည်း ရှိတယ်၊ မသိတာတွေလည်း ရှိတယ်။ တချို့က သိပေမယ့် မေ့သွားတာတွေရှိတယ်။ သမိုင်းထဲမှာ မှတ်တိုင်တွေ ဆိုတာ ရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ ကာလတွေကို ပြည်သူလူထုက ပြန်လည် သိရှိ၊ မှတ်မိပြီးတော့ ခုဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပေါင်းစပ်ပြီးတော့ လေ့လာသုံးသပ်နိုင်အောင် တင်ပြမှာပါ"ဟု သူက ဆက်ပြောသည်။

ပထမဆုံးထွက်ရှိမည့် စာစောင်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် စာနယ်ဇင်းသမားများ၏ အခန်းဏ္ဍ၊ မောင်ဝံသ၊ မောင်စူးစမ်း၊ ကျော်ဝင်းတို့၏ ဆောင်းပါးများ ပါဝင်မည်ဟု သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ အခုအများအားဖြင့် အန်ကယ်တို့မှာ အားနည်းနေတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ အပြည့်အ၀ ပေးတဲ့ ဂျာနယ်မရှိဘူး။ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ကြတာလေ။ ၂၀၀၉- ၂၀၁၀က ဒီအချိန်မှာ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အသိပညာ၊ အတွေ့အကြုံတွေ၊ အယူအဆတွေ ချပြဖို့ ဆိုတာ နည်းနည်းနဲ့ ချပြဖို့ ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တာ တော်များများပါပြီးတော့ ပြည်သူလူထု စဉ်းစားလာနိုင်အောင် သမာသမတ် ကျကျနဲ့ ချပြမယ်။ တိုင်းပြည်ကောင်းစေချင်လို့ပါပဲ။ ဒီတခုပါပဲ"ဟု ဦးသီဟအောင်က ပြောသည်။

သို့သော် စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်အစိုးရ၏ ဆင်ဆာဘုတ်အောက်မှာ ပေးဖြတ်ခွင့် မရှိသလောက် နည်းပါးလှသော နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သူမ၏ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် ခေါင်းဆောင်အများအပြား ထောင်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားများ အကြောင်းကိုမူ အကြောင်းတစုံတရာ တိုက်ဆိုင်မှသာလျှင် ရေးသားဖော်ပြဖြစ်ပါလိမ့်မည်ဟု သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
တရားမ၀င် ခိုးကူး မြန်မာ ဗီဒီယိုဇာတ်ကားများ ပေါများစွာ ထွက်ရှိနေခြင်းနှင့် တရားမ၀င် မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်ကားများ ပရိဿတ်အကြား ပျံနှံ့မှု တွင်ကျယ်လာမူက မြန်မာ ဗီဒီယိုဈေးကွက်အပေါ် ရိုက်ခတ်မှုကြီးလာ

တရားမ၀င် ဈေးကွက်အတွင်း မြန်မာ ဗီဒီယိုဇာတ်ကာများ ပေါများစွာ ရောက်ရှိနေခြင်း၊ အရည်အသွေး ပြည့်မီသော ဇာတ်ကားကောင်း ထွက်ရှိမှု နည်းပါးလာခြင်း၊ တရားမ၀င် မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်ကားများ ပရိဿတ်အကြား ပျံ့နှံ့မှုတွင် ကျယ်လာခြင်းတို့က မြန်မာ ဗီဒီယိုဈေးကွက်အပေါ် ရိုက်ခတ်မှု ကြီးမားလာကြောင်း အနုပညာ အသိုင်းအ၀န်းမှ သိရှိရသည်။

၂၀၀၅-၂၀၀၆ ခုနှစ်ဝန်းကျင်မှ စတင်၍ အခြေယိုင်လာခဲ့သော မြန်မာဗီဒီယို ဇာတ်ကားဈေးကွက်သည် ၂၀၀၈ ခုနှစ်တွင် အခြေအနေ ပိုမို ဆိုးရွားလာခဲ့ပြီးနောက် လက်ရှိ ၂၀၀၉ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာ ဗီဒီယိုဇာတ်ကား ထုတ်လုပ်မှုသည် ရပ်တန့်နိုင်သော အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဗီဒီယို ထုတ်လုပ်သူများက ဆိုပါသည်။ တစ်နှစ်အတွင်း လိုအပ်သည်ထက် ဇာတ်ကား ထွက်ရှိမှု များပြားနေခြင်းနှင့် ပြည်တွင်း လျှပ်စစ်မီး ရရှိမှု အနေအထားသည်လည်း ပါဝင်ကြောင်း သိရသည်။
( ၀ိကလီ အလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီမှ အိတ်ပိတ် တင်ဒါစနစ်ဖြင့် ရောင်းချမည့် အရွယ်စုံ မြေကွက်များနှင့် အဆောက်အအုံများတွင် မြရိပ်ညိုဟိုတယ်ပါဝင်

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီ၊ ထုခွဲရောင်းချရေး ကော်မတီမှ အိတ်ပိတ် တင်ဒါစနစ်ဖြင့် ရောင်းချမည့် အရွယ်စုံ မြေကွက်များနှင့် အဆောက်အအုံများ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ ရန်ကုန်မြို့တော်ရှိ မြရိပ်ညိုဟိုတယ် ပါဝင်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ပိုင် အဆောက်အအုံ များ ရောင်းချရေး ကော်မတီသည် အိတ်ပိတ် တင်ဒါစနစ်ဖြင့် ရောင်းချမည့် အဆောက်အအုံနှင့် မြေကွက်များ စာရင်းတွင် ရန်ကုန်မြို့တော်၊ ကမ္ဘာအေး စေတီလမ်းပေါ်ရှိ မြရိပ်ညိုဟိုတယ်၊ သာကေတမြို့နယ်ရှိ မြခွာညို အိမ်ရာမြေ စီမံကိန်းမှ အရွယ်စုံ မြေကွက်များ၊ မရမ်းကုန်းမြို့နယ် Seven Mile Avenue အိမ်ရာစီမံကိန်းမှ နှစ်ထပ် လုံးချင်းတိုက်များ၊ ရန်ကင်းမြို့နယ်ရှိ ဘောက်ထော် ပြည်သာယာ အဆင့်မြင့် အိမ်ရာစီမံကိန်းမှ နှစ်ထပ် လုံးချင်းတိုက်များ၊ မြေကွက်များ၊ တောင်ဥက္ကလာပမြို့နယ်၊ မြသီတာ လုံးချင်း အိမ်ရ စီမံကိန်းမှ နှစ်ထပ် လုံးချင်းတိုက်များ ပါဝင်ပြီး နှစ်ထပ် လုံးချင်းတိုက် အလုံး ၂၀၀ ကျော်နှင့် အရွယ်စုံ မြေကွက် ၃၀ကျော် ပါဝင်ကြောင်း သိရသည်။
( ၀ိကလီ အလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဈေးကြီးများတွင် တားမြစ် ဆိုးဆေး ပါဝင်သော စားသောက်ကုန် ပစ္စည်းများ ရောင်းချနေခြင်းကို တားမြစ် ပိတ်ပင်သွားမည်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးကြီးများတွင် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေခြင်းကို တားမြစ် ပိတ်ပင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြား သွားပါသည်။

စားသောက်ကုန် ပစ္စည်းများတွင် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်နေခြင်း ရှိ၊ မရှိကို ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ စ၍ ရန်ကုန်မြို့ရှိ အဓိက စားသောက်ကုန်များ လက်လီလက်ကား ရောင်းချရာ ဈေးကြီးများဖြစ်သော ညောင်ပင်လေးဈေး၊ သံဈေး၊ ကုန်ဈေးတန်းဈေးနှင့် မော်တင်ဈေးတို့တွင် ဗဟို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာနမှ အစားအသောက် နမူနာယူ စစ်ဆေးခဲ့ရာ တားမြစ် ဆိုးဆေးများ တွေ့ရှိခဲ့ကြောင်း မြို့တော် စည်ပင်သို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။ ယင်းကြောင့် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ကာ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ လဆန်းပိုင်းမှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများတွင် ရောင်းချနေကြသော စားသောက်ကုန် ပစ္စည်းများ၌ တားမြစ်ဆိုးဆေးများ ပါဝင်နေခြင်း ရှိမရှိကို လိုက်လံ စစ်ဆေးကာ ရောင်းချခွင့် ပိတ်ပင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပါသည်။
( ၀ိကလီ အလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက်
*****
၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင်လည်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၁၂ သန်းဖြင့် မြန်မာနိုင်ငံနှင့် အများဆုံး ကုန်သွယ်မှုပြုသော နိုင်ငံအဖြစ် ထိုင်းနိုင်ငံ ရပ်တည်နေပြီး တရုတ်နိုင်ငံက ကုန်သွယ်မှုပမာဏ ၁၈၂၇ သန်းဖြင့် ဒုတိယနေရာတွင်ရှိနေ

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုရာတွင် ပို့ကုန် သွင်းကုန် ကုန်သွယ်မှု ပမာဏအရ နှစ်စဉ် ပမာဏ အများဆုံး ကုန်သွယ်မှုပြုနေသော နိုင်င်ဖြစ်ပြီး ယခု ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလအထိ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၁၂ သန်းရှိသောကြောင့် မြန်မာနိုင်ငံနှင့် အများဆုံး ကုန်သွယ်မှုပြုသော နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရှိရသည်။

''ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုမှာ ပုံမှန် ကုန်သွယ်ရေးရော နယ်စပ် ကုန်သွယ်ရေးပါ ပေါင်းရင် ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှာ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၂၇၁၀ သန်းရှိခဲ့ပြီး၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာတော့ ၃၁၉၁ သန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒီနှစ် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာလည်း နိုဝင်ဘာလကုန်အထိ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၂၂၁၂ သန်းရှိ နေပါပြီ။ ထိုင်းနိုင်ငံက အဓိကသွင်း ကုန်တွေကတော့ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတွေ၊ စက်မှု ကုန်ကြမ်းတွေ၊ လူသုံးကုန် ပစ္စည်းတွေနဲ့ ဒီဇယ်ဆီတွေဖြစ်ပြီး အဓိက ပို့ကုန်တွေကတော့ ချည်ထည်၊ ဖိနပ်၊ ရေထွက်ပစ္စည်း၊ ဆန်၊ ရော်ဘာ၊ လက်ဝတ်ရတနာ၊ မော်တော်ကား၊ ကွန်ပျူတာနဲ့လျှပ်စစ်ပစ္စည်းတွေ ဖြစ်ပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။


မြန်မာနိုင်ငံ အနေဖြင့်မူ ထိုင်းနိုင်ငံသို့ သစ်တောထွက် ပစ္စည်း၊ ရေထွက် ကုန်ပစ္စည်း၊ လယ်ယာထွက် ကုန်ပစ္စည်းနှင့် သဘာဝဓာတ်ငွေ့များ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ သို့သော် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၂၀၀၉ ခုနှစ်တွင် ၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး ၂၀၁၀ ပြည့်နှစ်တွင်လည်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးနေဦးမည် ဟု ခန့်မှန်းချက်များ ရှိနေကြောင်း၊ ထို့အတွက် မြန်မာ့ အဓိက ပို့ကုန် ဈေးကွက်ဖြစ်သည့် ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေသည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် နှေးကွေး နေဦးမည့် အနေအထားရှိကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။

အလားတူပင် တရုတ်နိုင်ငံ အ နေဖြင့်လည်း ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် နိုဝင်ဘာလကုန်အထိ ရရှိထားသော စာရင်းဇယားများအရ ကုန်သွယ်မှုပမာဏ စုစုပေါင်း ၁၈၂၇ သန်းဖြင့် ဒုတိယနေရာတွင် ဦးဆောင်နေကြောင်း သိရှိရသည်။
( ၀ိကလီ အလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၂ရ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
မြန်မာ သတင်း


ရန်ကုန် ရွှေဈေးများ တုံဆိုင်းနေခြင်း

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့မှ ပြောဆိုနေရာတွင် ယခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်းများသည် တည်ငြိမ်မှုမရှိဘဲ အကျဘက်သို့ ပိုမို ယိုင်နေကြောင်း၊ ယခင်ရက်များအတွင်းက ရွှေဈေးနှုန်းကို အရောင်းဆိုင်များမှ ကိုယ့်သဘောနှင့်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ နေ့စဉ် သတ်မှတ်ပေးသော နှုန်းထားများအတိုင်း ရောင်းချရမည်ဟု ဆိုသော်လည်း ယခုအခါ အဆိုပါ အသင်းမှ သတ်မှတ်ပေးခြင်းမရှိဘဲ ကိုယ့် သဘောနှင့်ကိုယ် ၀ယ်ယူသူနှင့်ညှိနှိုင်း ရောင်းချလျှက်ရှိနေပါသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အရောင်း ကောင်တာဖွင့်၍ ရောင်းချပေးနေသော ရွှေများမှာ အကယ်ဒမီ အခေါက် မီးလင်းရွှေသာ ဖြစ်ကြောင်း၊ အဆိုပါ အရောင်းဆိုင်သို့ လာရောက်ဝယ်ယူသူ အများစုမှာလည်း တဆင့်ပြန်လည်ရောင်းချကြမည့် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များသာဖြစ်ပြီး ယခင်အသင်းရုံး တာဝန်ရှိသူများမှ ရွှေပေါက်ဈေးကို ကမ္ဘာ့ရွှေဈေး အပြောင်းအလဲနှင့်အညီ သတ်မှတ်ပေးမည်ဟု ပြောဆိုကြသော်လည်း ကမ္ဘာ့ရွှေဈေးမှာ တဖြေးဖြေးကျဆင်း လျှက်ရှိနေရာ ရွှေလုပ်ငန်းရှင်များအသင်းတွင် ပါဝင်သူများမှလည်း ရွှေဆိုင် ပိုင်ရှင်များသာဖြစ်ကြသဖြင့် ၄င်းတို့အနေဖြင့် ကမ္ဘာ့ရွှေပေါက်ဈေးနှင့်အညီ ရောင်းချပါက အရှုံးပေါ်နိုင်သဖြင့် ရွှေပေါက်ဈေးကို သတ်မှတ်ပေးခြင်းမရှိဘဲ ၀ယ်ယူသူများနှင့် ညှိနှိုင်းရောင်းချနေကြရပါသည်။

အခေါက်ရွှေ (၁)ကျပ် သားလျှင် (၅၂၉၀၀၀/ ၅၂၈၀၀၀)ကျပ် စသည်ဖြင့် ရှိနေရာမှ (၂၀၀၉)ခုနှစ် ဇန္န၀ါရီ ပထမအပတ်တွင် (၅၂၃၀၀၀) ကျပ်သို့ ကျဆင်းလျှက်ရှိပြီး ယခုတတိယပတ် တွင် တရုတ်နှစ်ကူး ပွဲတော်ရှိသည့်အတွက် ရွှေဆိုင်များ ဖွင့်လှစ်မှု နည်းပါးကြောင်း၊ ရွှေဈေး အနေဖြင့် အခေါက်ရွှေ (၄၉၅၀၀၀) ကျပ်ရှိ ပြီး (၁၅)ပဲရည် သည်(၄၆၅၀၀၀)ကျပ် ရှိပါသည်။

ပြင်ပ ရွှေဆိုင်ကြီးများ အနေဖြင့် (၁၅)ပဲရည်၊ (၁၄)ပဲရည် စသည့် အရည်အသွေးအလိုက် အခေါက်ရွှေ ဈေးနှုန်းထက် တစ်ကျပ်သားလျှင် (၃၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိ ကွာဟကြောင်း စသည်ဖြင့် ရွှေဆိုင်ပိုင်ရှင်အချို့မှ ပြောဆိုနေကြပါသည်။
( သာကီနွယ် သတင်းမှ ကောက်နှုတ်ချက် )
******

နာဂစ်ထိသည့် မြို့နယ်များ စပါးအထွက် (၃၅) ရာနှုန်းထိ ကျဆင်း

NEJ/ ၂၇ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈ ခုနှစ် စပါးအထွက်နှုန်းမှာ နာဂစ်ဒဏ်ထိသည့် ဧရာဝတီတိုင်း (၇) မြို့နယ်တွင် ၂၀၀၇ ခုနှစ်ကထက် (၃၂) ရာနှုန်းကျဆင်းသွားပြီး ရန်ကုန်တိုင်း (၃) မြို့နယ်မှာ ၂၀၀၇ ခုနှစ်ကထက် (၃၅) ရာနှုန်း ကျဆင်းသွားကြောင်း မကြာခင်က ထုတ်ပြန်သည့် FAO အဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

FAO အဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်များအရ နာဂစ်ဒဏ်ထိသည့် ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း (၃) မြို့နယ်ရှိ စပါးစိုက်ဧက စုစုပေါင်း၏ (၆၀) ရာနှုန်းမှ (၈၀) ရာနှုန်းထိ စပါးစိုက်နိုင်ခဲ့သော်လည်း (၅၀) ရာနှုန်းမှ (၆၀) ရာနှုန်းသာ စပါးအောင်သည်။ နာဂစ်ဒဏ် ဆိုးဆိုးရွားရွား ထိခဲ့သည့် လပွတ္တာမြို့နယ်၏ စပါးအထွက်မှာ ၂၀၀၇-၀၈ ခုနှစ် အထွက်နှုန်း၏ ထက်ဝက်သာရှိမည်ဟု မှန်းထားသည်။ နာဂစ်ဒဏ်ထိသည့် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် စပါးအထွက်မှာလည်း ၂၀၀၇-၀၈ ခုနှစ်ထွက်နှုန်း၏ (၅၆) ရာနှုန်းသာရှိမည်ဟု မှန်းသည်။
*****

ကား လေလံကော်မတီ မသမာမှုများလုပ်ဟုဆို

မင်းနိုင်သူ/ ၂၇ ဇန်န၀ါရီ ၂၀၀၉

နအဖက သိမ်းဆည်းကားများအား လေလံပစ်မှုများ ဆက်တိုက်ပြုလုပ်နေရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ဇန်န၀ါရီ (၂၀) ရက်၌ ပြုလုပ်ခဲ့သော လေလံပွဲတွင် လေလံကော်မတီက မသမာမှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ခံ ကားဝယ်ရောင်းသမားများက ပြောသည်။
လေလံဆွဲလိုသူများအနေဖြင့် မော်တော်ယာဉ်များထားရှိရာ နမခစစ်ဌာချုပ်အတွင်း ၀င်ကြေးငါးထောင်ပေးကာ ကြည့်ရှုကြရပြီး လေလံတင်ကားများအတွက် အာမခံငွေနှစ်ဆယ်ရာခိုင်နှုန်း တင်ခိုင်းခဲ့ကြောင်း သိရသည်။ လေလံအောင်ကားများအား နေ့ချင်းပြီး ငွေပြေချေခိုင်းခဲ့သည်။ နမခလေလံပွဲတွင် ကား (၁၉) စီး လေလံတင်ခဲ့ရာ အားလုံးလေလံအောင်ခဲ့ပြီး ကျန်ကားစီးရေ သုံးလေးရာကိုလည်း မကြာမီအတွင်း လေလံပစ်သွားမည်ဟု ကြားသိရကြောင်း မုံရွာကားဝယ်ရောင်းများက ပြောသည်။
*****
ပရီပေးကတ်ကြောင့် ဂျီအက်စ်အမ်ဖုန်း ဆက်သွယ်ရ ခက်ခဲလာ
NEJ/ ၂၇ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့နှင့် နယ်မြို့အချို့တွင် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များ ရောင်းချပေးခဲ့ပြီးနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရ ပိုမိုခက်ခဲလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ ဘောက်ထော်တွင် နေထိုင်သူ တဦးက “ကျမကိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းဟာ ပုံမှန်အားဖြင့် အိမ်ကနေ လိုင်းမိပါတယ်။ အသံပိုပြီး ကြည်ကြည်လင်လင် ကြားချင်ရင်တော့ အိမ်အပြင်ဘက်နား ထွက်ပြီး ပြောရုံပဲ။ ခုတော့ ကျမ သတိထားမိသလောက် ပရီပေးဆင်းကတ်တွေ ထုတ်ရောင်းပြီးနောက်ပိုင်း နေ့ဘက်ဆို လုံးဝ ဆက်သွယ်လို့ မရတော့ဘူး။ အဝင် မမိသလို အထွက်လည်း ခေါ်မရတော့ဘူး။ ည (၁၂) နာရီ နောက်ပိုင်းဆိုရင်တော့ နည်းနည်းခေါ်လို့ ဆက်လို့ရတယ်။ ဒါကြောင့် နိုင်ငံခြားရောက်နေတဲ့ မိသားစုဝင်တွေကို ည (၁၂) နာရီ နောက်ပိုင်းမှ ခေါ်ဖို့ ပြောထားရတယ်” ဟု ပြောသည်။
အဆိုပါကိစ္စ ရန်ကုန်မြို့လည် ကျောက်တံတား၊ လသာ၊ ဗိုလ်တထောင် ပတ်ဝန်းကျင်မှ အများသုံးတယ်လီဖုန်းဆိုင်များကို စုံစမ်းကြည့်ရာ ခုနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်း ကိုင်ထားသူများ ၎င်းတို့၏ ဆိုင်ကို လာပြီး ဖုန်းဆက်သည်ကို အများအပြားတွေ့ရကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
အိန္ဒိယ မြန်မာ အရောင်းအ၀ယ် ပြသာနာ

အိန္ဒိယနိုင်ငံတွင် ကုန်သည်ကြီး ဂျီအယ်လ်ဂိုအင်ကာ ခေါင်းဆောင်သော ကုန်သည် (၁၅) ဦးပါအဖွဲ့က မြန်မာနိုင်ငံမှ Export လုပ်ငန်းရှင်ကုန်သည်များနှင့် တိုက်ရိုက် ကုန်ပစ္စည်းများ ၀ယ်ယူရန် လာခဲ့သော်လည်း အရောင်းအ၀ယ် မဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ အဖွဲ့ဝင်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၅) ရက်က အဆိုပါ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး မြန်မာကုန်သည်တွေက တွင်းထွက်ကျောက်မျက်၊ ဆန်၊ ပရဆေး၊ လက်မှုပစ္စည်းများနှင့် သစ်တောထွက် ပစ္စည်းများစွာတို့ကို အခမ်းအနားတွင် တပြိုင်နက်တည်း ပြသခဲ့သည်မှာ ဟုတ်မှန်ကြောင်း UMFCCI ၏ အရာရှိတဦးက ဆိုသည်။

ယခုတိုင် အရောင်းအ၀ယ် မဖြစ်သေးသည်မှာ မြန်မာကုန်သည်များနှင့် အိန္ဒိယကုန်သည်တို့ကြားမှ ငွေပေးချေမှုစနစ်ကြောင့်ဖြစ်ကြောင်း ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့သည့် ပြည်တွင်းကုမ္ပဏီတခု၏ မန်နေဂျင်းဒါရိုက်တာတဦးက ပြောသည်။

“ကျနော်တို့ ငွေပေးချေမှုစနစ်မှာ (၂) မျိုးရှိသည်။ TT (Telegraph Transfer) နှင့် LC (Letter of Credit) ဆိုပြီး ရှိတဲ့အနက်မှာ အရင်တုန်းကတော့ LC နဲ့ပဲ ငွေပေးချေကြတယ်။ အခုက LC နဲ့ဆိုရင် ငွေရဖို့ အချိန် (၂) လကျော်ကြာတယ်။ အိန္ဒိယကလည်း LC နဲ့ ပဲဝယ်မယ်။ ကျနော်တို့ကလည်း TT နဲ့ ရောင်းချင်တယ်။ စီးပွားရေးက ပျက်နေတော့ အမှန်အတိုင်း ပြောရရင် ငွေမြန်မြန်ရမယ့်စနစ်နဲ့ပဲ ရောင်းချင်တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

အိန္ဒိယမှ ကုန်သည်များ မြန်မာကုန်သည်များနှင့်လာရောက်တွေ့ဆုံမှုတွင် ဆန်ကို အဓိက၀ယ်ယူလိုကြောင်း UMFCCI ၏ တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ဆီက ကုန်ပစ္စည်းကို ကြိုက်ပြီဆိုရင် ဆက်သွယ်ပါမယ်တဲ့။ အခုကတော့ UMFCCI က ဆက်သွယ်ပေးတဲ့နေရာမှာ TT စနစ်နဲ့ LC စနစ်ကို ဘယ်စနစ်နဲ့ အသုံးပြုမည်ဆိုတာ မပြောသေးဘူးဗျ။ အရောင်းအ၀ယ်ဖြစ်မယ်ဆိုရင် ဘယ်လို စည်းမျဉ်း၊ စည်းကမ်းတွေရှိလဲ ဆိုတာ ကျနော်တို့ မသိဘူး” ဟု အဆိုပါ ရောင်းသူဝယ်သူ တိုက်ရိုက်တွေ့ဆုံသည့်နေ့က တက်ရောက်ခဲ့သော မြန်မာပဲကုန်သည်တဦးက ပြောသည်။
*****
အိုဘားမား မိန့်ခွန်းအပြည့်အစုံ ဖော်ပြခွင့် မရ
နန်းဒေ၀ီ
အင်္ဂါနေ့၊ ဇန်နဝါရီလ


နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းထုတ် ဂျာနယ်များတွင် အမေရိကန် သမတသစ် ဘရက်ခ် အိုဘားမား၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြခွင့် မရသောကြောင့် သတင်းပုံစံ ပြောင်းလဲကာ ထုတ်ဝေခဲ့ကြရသည်။

အပတ်စဉ်ထုတ် ဂျာနယ်များတွင် သမတသစ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ပြောကြားသွားသော မိန့်ခွန်း အပြည့်အစုံကို ဘာသာပြန် ထုတ်ဝေခွင့်ရရန် စာပေစိစစ်ရေးတွင် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

"မိန့်ခွန်း အပြည့်အစုံတင် မရလို့ သတင်းပုံစံ ပြောင်းရေးလိုက်ရတယ်။ သမတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဘယ်မှာလုပ်တယ်၊ ပရိသတ် ဘယ်နှစ်ယောက် တက်တယ်။ အိုဘားမား မိန့်ခွန်းပေးတာ ဘယ်နှစ်မိနစ် ကြာတယ် ဆိုတာလောက်ပဲ ရေးခွင့်ရတယ်" ဟု အယ်ဒီတာတဦးက ပြောသည်။
*****
အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စင်ပြိုင် အစိုးရကို တိုက်တွန်း
ဆော်လမွန်
အင်္ဂါနေ့၊ ဇန်နဝါရီလ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့နိုင်ငံရေးတွင် ထိုးဖောက်အောင်မြင်မှုတရပ် ရရှိရေးအတွက် အတိုက်အခံ အင်အားစုများ အားလုံးနှင့် ညီညွတ်စွာ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ)က စင်ပြိုင်အစိုးရကို ပြောကြားလိုက်သည်။

စင်ပြိုင်အစိုးရဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) သည် အတိုက်အခံ လှုပ်ရှားမှု၏ ခေါင်းဆောင် အခန်းကဏ္ဍကို ယူရာတွင် မအောင်မြင်ခဲ့ကြောင်းနှင့် ယခုအချိန်သည် ပြည်တွင်း ဒီမိုကရေစီလှုပ်ရှားမှုကို အထိရောက်ဆုံး လုပ်နိုင်ရန် အလေးအနက် လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်ဟု တပ်ပေါင်းစုအဖွဲ့၏ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) ဦးမြင့်သိန်းက ပြောသည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက် )
*****
နမ္မတူတွင် စစ်သားခွဲတမ်းချ
မျိုးကြီး
အင်္ဂါနေ့၊ ဇန်နဝါရီလ

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်အတွင်း စစ်သားစုဆောင်းမှုများ ရှိနေပြီး မလိုက်နိုင်ပါက တဦးအတွက် ကျပ်ငွေ ၅ သိန်းအထိ ကောက်ခံနေသည်ဟု ဒေသခံများ အပြောအရ သိရသည်။

ရှမ်းပြည်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင် အရှေ့မြောက်ပိုင်းတိုင်း လက်အောက်ခံတပ်မှ တကြိမ်လျင် တပ်သားသစ် (၂)ဦးနူန်း ကောက်ခံနေကြောင်းနှင့် လိုက်မည့်သူ မရှိပါက တယောက်အတွက် ငွေကျပ် (၅)သိန်း အစားထိုးပေးရသည်။

"မြို့ပေါ်ရပ်ကွက်တွေရော ကျေးရွာအုပ်စုတွေရော အားလုံးပဲ ဒီလိုထည့်နေရတာ တနှစ်ကို ၂ ကြိမ်ပေါ့။ …သူတို့ လာချင်တဲ့ အချိန်လာတာပဲ လူမလိုက်နိုင်ရင် တယောက် ၅ သိန်း ရွာထဲမှာရှိတဲ့ အိမ်တွေ ခွဲတမ်းချပြီး ပေးရတာပေါ့ " ဟု ပြောသည်။

"အခုက ဘယ်သူမှစစ်ထဲ လိုက်ချင်တဲ့သူ မရှိပါဘူး။ ငွေပဲ ထည့်ကြတယ်" သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
မူးယစ်မှုနှင့် ဘိုကလေး ဂဏန်းလုပ်ငန်းပိုင်ရှင် အဖမ်းခံရ

ဘိုကလေးမြို့တွင် ဂဏန်းလုပ်ငန်းပိုင်ရှင် ရှမ်းတရုတ်စပ် ကိုကျော်ကျော်မင်းနှင့် နောက်တဦးကို ရန်ကုန်တိုင်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးသွားသည်။ ရန်ကုန်မှ နိုင်ငံခြား အိတ်စပို့လုပ်မည့် ကွန်တိန်နာ သင်္ဘောပေါ်က ဂဏန်းသေတ္တာထဲတွင် ဘိန်းဖြူ ၃၂ ကီလို တွေ့ရှိခဲ့သည်ဟု သိရသည်။ ( ဒီဗွီဘီသတင်းမှ ကောက်နှုတ်ချက် )
*****

ဦးလင်းမြိုင်ခရီး အတိုက်အခံများ စိတ်ဝင်စားနေ
ဇာနည်
အင်္ဂါနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဦးလင်းမြိုင် အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်နေခြင်းကို အတိုက်အခံ အင်အားစုများက စိတ်ဝင်တစား ရှိနေကြသည်။

သံတမန်ရေးရာ သဘောထား ပြေပြစ်သူဟု နာမည်ရခဲ့သူ ဦးလင်းမြိုင်၏ ခရီးစဉ်မှာ အမေရိကန် အစိုးရသစ် အပြောင်းအလဲတွင် မြန်မာနိုင်ငံအပေါ် ထားရှိသော စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စည်းရုံးရေးဆင်းခြင်း ဖြစ်နိုင်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသလို ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်နိုင်သည်ဆိုသော ယူဆချက်လည်း ရှိနေသည်။

တာဝန်ထမ်းဆောင်စဉ်ကာလက အမေရိကန်အစိုးရနှင့် သံတမန်ရေးရာ ပြေပြစ်စွာ ဆက်ဆံနိုင်ခဲ့သူတဦးဖြစ်၍ စစ်အစိုးရမှ ပြန်လည် အသုံးပြုခြင်း ဖြစ်နိုင်သည်ဟု အများက ထင်ကြေးပေး ပြောဆိုနေသည်။

သို့သော် အကယ်၍ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် ကြိုးပမ်းမည်ဆိုပါက ဦးလင်းမြိုင်အနေနှင့် လုပ်ကိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ရိုဟင်ဂျာ လှေစီးဒုက္ခသည် ပြသာနာအပေါ် ထိုင်းအစိုးရ၏ တုံပြန်ချက်

ထိုင်းနိုင်ငံ ဖန်ငပြည်နယ်၊ ဆူရင်ကျွန်းအနီးတွင် ရနောင်းမြို့ဖက်သို့ ဦးတည် ခုတ်မောင်းနေသည့် လှေတစီးပေါ်တွင် ရိုဟင်ဂျ ၇၈ ယောက်အား ထိုင်းရေတပ်က ဇန်န၀ါရီ ၂၇ ရက် မနက်ပိုင်းတွင် တွေ့ရှိခဲ့ပါသည်။ ၎င်းတို့အား ထိုင်းရေတပ်က ဖမ်းဆီးပြီး ရနောင်းရဲစခန်းသို့ လွှဲအပ်ခဲ့သည်ဟု ရဲအရာရှိတဦးက ပြောဆိုသည်ကို ထိုင်း ရုပ်မြင်သံကြားက ပြသခဲ့သည်။ ရိုဟင်ဂျာအားလုံးသည် မောပန်းနွမ်းနယ်နေကြပြီး ဆေးဝါးကုသမှု လိုအပ်သဖြင့် ဆေးအဖွဲ့က စောက်ရှောက်ကုသ ပေးနေကြောင်း၊ အတော်များများမှာ ထိခိုက် ဒဏ်ရာများ ရရှိထားကြပြီး မည့်သည့်ကြောင့် ဒဏ်ရာများရရှိခဲ့မှန်း မသိရသေးကြောင်း ရဲအရာရှိက ပြောဆိုခဲ့သည်။ တခြား ရဲအရာရှိတယောက်က ထိုဒဏ်ရာများသည် မြန်မာပြည်က ပါလာသည့် ကြပွတ်ဒဏ်ရာများဖြစ်သည်ဟု ဆိုသည်။ ယခု ဖမ်းမိခဲ့သော ရိုဟင်ဂျာ ၇၈ ယောက်ထဲမှ ၁၂ ယောက်သည် ၁၈ နှစ်အောက် ကလေးများ ဖြစ်သည်ဟု သိရသည်။ ထိုဖြစ်ရပ်သည် ထိုင်းနိုင်ငံ၏ မူဝါဒ အပြောင်းအလဲ သို့မဟုတ် ထိုင်းစစ်တပ်အပေါ် နိုင်ငံတကာ ဝေဖန်မှုများ လျော့ပါးအောင် လုပ်ပြသလား ဟု ကွဲကွဲပြားပြား မသိရ ဖြစ်နေသည်ဟု ရိုက်တာ သတင်းက ဆိုပါသည်။ ထိုင်းဘုရင့် တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဆောင်ခစ်တီ ဂျကာဘတာရသည် မနေ့က မြန်မာနိုင်ငံသို့ တရက်အကြာ သွားရောက် လည်ပတ်ပြီး ဒု- ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် တွေဆုံခဲ့သည်။ ဆွေးနွေးသည့် အကြောင်းအရာများကို စစ်အစိုးရ မီဒီယာတွင် မဖေါ်ပြပေမဲ့ ထိုင်း ဗိုလ်ချုပ်ကြီးက “ ရိုဟင်ဂျာ ကိစ္စ ဖြေရှင်းရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဆွေးနွေးခဲ့ကြောင်း၊ ရိုဟင်ဂျာသည် မြန်မာ့တိုင်းရင်းသား လူမျိုးစု ၁၂၀ စာရင်းမှာ မပါဝင်ခဲ့သော်လည်း ထိုပြသာနာအား ပူးပေါင်း ဖြေရှင်းမည့် အဆိုပြုချက်အား ဗိုလ်မောင်အေးက လက်ခံခဲ့ကြောင်း ” ယနေ့ ပြောဆိုခဲ့သည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
*****
ဒီချုပ်တွင် ဟောပြောပွဲလုပ်
ကိုဝိုင်း
အင်္ဂါနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် ရုံးချုပ်တွင် နှစ်ပတ်တကြိမ် လူငယ်ဟောပြောပွဲ တခုကို ယနေ့မွန်းလွဲက ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က "မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ ပြဿနာများ" ဆိုသည့် ခေါင်းစဉ်နှင့်
ဦးဆောင်ဟောပြော ဆွေးနွေးသွားသည်။

ဦးသိန်းညွန့်က အန်အယ်ဒီ၏ မဟာဗျူဟာဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး။ နည်းဗျူဟာများဖြစ်သည့် တရားဥပဒေဘောင်အတွင်းမှ ပါဝင်ရေး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေး အပေါ်အခြေခံ၍ ဥပဒေအကြောင်းအရာများ ပါဝင်ကြောင်း ဟောပြောပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်က "အန်အယ်ဒီက တလျှောက်လုံး နိုင်ငံရေး ပြဿနာတွေကို ဥပဒေကြောင်းအရ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းခဲ့ပါတယ်။ အခုလည်း လုပ်နေတယ်ပေါ့ဗျာ။ အဲဒါကို ဥပဒေလမ်းကြောင်းတွေ အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာပေါ့ဗျာ" ဟု ပြောသည်။

မေးဖြေကဏ္ဍတွင် တောင်အာဖရိကနိုင်ငံတွင် ပြုလုပ်ခဲ့သော အသားရောင် ခွဲခြားအုပ်ချုပ်ခဲ့သော လူဖြူအစိုးရကို ဖြုတ်ချခဲ့သူများက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြုလုပ်ခဲ့သည့် Truth Commission အကြောင်းလည်း ပါရှိသည်။ ၀န်ခံမှုပြုလျှင် အပြစ်ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်သည့် အစီအစဉ် ဖြစ်သည်။

ဟောပြောပွဲကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ သခင်စိုးမြင့်၊ ဦးခင်မောင်ဆွေတို့ အပါအ၀င်၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀) ကျော် တက်ရောက်ခဲ့သည်။

ယနေ့ ဟောပြောပွဲသည် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေး အဖွဲ့နှင့် မြို့နယ်လူငယ်များ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ပညာပေးရေး အစီအစဉ်အရ ကျင်းပခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
မြန်မာစစ်တပ်၏ လက်နက်များကို ၀ တပ်ဖွဲ့က သိမ်းယူ

မြန်မာ စစ်အစိုရး အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းသို့ ပေးပို့သည့် လက်နက်ခဲ့ယမ်းများကို အပစ်ရပ် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်က သိမ်းယူမှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု RFAက သတင်းရသည်။
တရုတ် မြန်မာနယ်စပ် ၀ဒေသ ပန်ဆန်းမှာရှိတဲ့ တန့်ယန်း လက်အောက်ခံ ခမရ ( ၃၂၆ )မှ တပ်ခွဲ ( ၂ ) သို့ တပ်ရင်းမှ ပို့ပေးသော လက်နက်ခဲယမ်းများကို ဇန်န၀ါရီလ ပထမပတ်တွင် ၀ နယ်ခြားစောင့်တပ်များက သိမ်းယူခြင်း ဖြစ်သည်။ ယင်း ပြသာနာနှင့် တင်းမာမှု ဖြစ်ပြီး -၀ ဒေသသို့ မြန်မာ အစိုးရ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်သည် လွန်ခဲ့သည့် ၂၀ ရက်နေ့က တြိဂံစစ်ဒေသတိုင်းမှူးနှင့်အတူ ရောက်ရှိလာပြီး -၀ ခေါင်းဆောင်များနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စနှင့် -၀ တပ် ပြန်လည် ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးရာတွင် အဆင်မပြေခဲ့ကြောင်း သိရသည်။
( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၂၈ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
မြန်မာ သတင်း


နယ်ရှိ NLD ပါတီဝင်များသည် နိုင်ငံခြားသားများအား သွားရောက်တွေ့ဆုံခြင်း

၂၈-၁-၀၉

မိတ္ထီလာမြို့သို့ (၂၅-၁-၀၉)ရက်နေ့၌ ရောက်ရှိခဲ့သော ဂျပန်နိုင်ငံသား (၂)ဦးနှင့် မြန်မာနိုင်ငံသား(၂)ဦးတို့သည် (၀၉ဇန်၂၆)ရက်နေ့ (၀၈၀၀)ချိန်တွင် ၄င်းတို့တည်းခိုနေထိုင်ရာ မိတ္ထီလာဟိုတယ်မှ မော်တော်ယာဉ်အမှတ် (ကက/ ၇၁၁၃)ဖြင့် မိတ္ထီလာမြို့နယ်၊ ကဖြူကျေးရွာအုပ်စုရှိ ရွှေကူကျောင်းသို့သွား ရောက်ခဲ့ပြီး အဆိုပါကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝိမလအား လျှောက်ထားရာတွင် ကျောင်းတိုက်အတွင်းရှိ မုစလိန္ဒာဘေးမဲ့ကန်တော် တူးဖေါ်စဉ်တွေ့ရှိခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသော ဂျပန်စစ်သည် အရိုးစုများတွေ့ရှိသည့်နေရာတွင် ၄င်းတို့မှဂါရ၀ ပြုလိုကြောင်းလျှောက်ထားပြီး ၄င်းနေရာ၌ပန်း၊ ဆီးမီး၊ ရေချမ်းနှင့် လိမ္မော်သီး များကပ်လှူ၍ ဂါရ၀ပြုဆုတောင်းမေတ္တာပို့ခဲ့ပါသည်။

အဆိုပါဂျပန်နိုင်ငံသား(၂)ဦးကို မိထ္ထီလာ NLD ပါတီ အတွင်းရေးမှူး မြင့်မြင့်အေးမှ ဂျပန်နိုင်ငံရှိ ဆန့်ကျင်ဖက် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် သူမ ကိုယ်တိုင်လည်း ဂျပန် နိုင်ငံသို့ သွားရောက်လိုခြင်း ရည်ရွယ်ချက် များဖြင့် သွားရောက်မိတ်ဖွဲ့ခဲ့ပါသည်။

အဆိုပါဂျပန်နိုင်ငံသား(၂)ဦးသည် (၂၅-၁-၀၉)ရက်နေ့က မိတ္ထီလာမြို့နယ် NLD ပါတီ အတွင်းရေးမှူး မြင့်မြင့်အေး နှင့်တွေ့ဆုံပြီး နေ့လည်စာစားခြင်း၊ စားသောက်ဖွယ်ရာများကို စတီးချိုင့်ဖြင့် ပို့ ဆောင်ခြင်းတို့ကို လက်ခံခဲ့ခြင်းမှာ ဒေါ်မြင့်မြင့်အေး မှ လာရောက်မိတ်ဆက်၍ ယဉ်ကျေးမှုအရ တွေ့ဆုံလက်ခံခဲ့ပါသည်။
( သာကီနွယ်မှ ကောက်နှုတ်ချက် )
*****
နာဂစ် ဒီဇယ်ဆီအတွက် ကျေးရွာဥက္ကဋ္ဌများက ငွေကောက်ခံ
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံလယ်သမားများသို့ မြို့နယ်အာဏာပိုင်များက အခမဲ့ပေးခဲ့သည့် ဒီဇယ်ဆီ ထောက်ပံ့ပေးသော်လည်း ကျေးရွာအာဏာပိုင်များက ငွေကောက်ခံနေကြောင်း အတိုက်အခံ ပါတီခေါင်းဆောင်တဦး အပြောအရ သိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ကွမ်းခြံကုန်းမြို့နယ်ရှိ အင်းဂလိုးနှင့် ရေတိမ်ကျေးရွာအုပ်စုနေ တောင်သူလယ်သမားများအား လယ်တဧကလျှင် ဒီဇယ်ဆီ ၄ ပုလင်းနှုန်းဖြင့် မြို့နယ်အာဏာပိုင်များက အခမဲ့ ပေးဝေခဲ့သော်လည်း ရေတိမ်ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အင်းဂလိုးကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းတို့က ငွေပြန်လည်တောင်းခံနေခြင်း ဖြစ်သည်။

"တဂါလံကို ၃,၀၀၀ (ကျပ်) နှုန်းနဲ့ လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ကို နောက်ဆုံးထား ပေးရမယ်ဆိုပြီး ကျေးရွာထဲမှာ အသံချဲ့စက်တွေနဲ့အော်ပြီး တောင်းနေတယ်။ မပေးရင် သက်ဆိုင်ရာကနေ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အနေအထားမျိုး ပြောလာပါတယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို တောင်သူလယ်သမား လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြီးက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
*****

တရုတ်စီးပွားရေး နှေးကွေးသဖြင့် မြန်မာ့သတ္တုတွင်းလုပ်ငန်း ထိခိုက်

မိုးသူ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

ရန်ကုန် (မဇ္ဈိမ) ။ ။ တရုတ်ပြည် စီးပွားရေး နှေးကွေးသွားသဖြင့် နိုင်ငံခြားငွေမာ အဓိက ရှာပေးသည့် မြန်မာ့သတ္ထုတွင်း လုပ်ငန်းလည်း ဈေးကျသွားကာ ပျက်စီးပြိုလဲဖွယ် ရှိနေသည်။

ကမ္ဘာ့ဈေးကွက်၌ သန့်စင်ပြီး သွပ်နှင့် ခဲ ဈေးနှုန်းမှာ ယခုလ ဒုတိယပတ်အတွင်း တတန်လျှင် အမေရိကန်ဒေါ်လာ သောင်းတထောင်သို့ ကျဆင်းသွားခဲ့ပြီး၊ ယခင်နှစ် နိုဝင်ဘာလဈေးနှင့် နှိုင်းယှဉ်လျှင် ၂၇ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။

"ကျနော်တို့ကတော့ တနင်္သာရီတိုင်းမှာရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေကို မလွှဲမရှောင်သာ ရပ်နားထားဖို့ ပြင်နေပါပြီ၊" ဟု ဒေသခံ သတ္တုတွင်း လုပ်ငန်းရှင်တဦးက ပြောသည်။

တွင်းထွက်များ ဈေးကျဆင်းလာခြင်းကြောင့် လုပ်ငန်းကို ဆက်ထိန်းနိုင်ရန် ခက်ခဲလာပြီး၊ ဤအချက်သည် တနိုင်ငံလုံးရှိ သတ္တုတွင်းလုပ်ငန်း အားလုံး၏ အခြေအနေကို ရောင်ပြန်ဟပ်နေကြောင်း သူက ဆက်ပြောသည်။

ထုတ်လုပ်စရိတ် မြင့်တက်နေသဖြင့် ဆက်လက် တူးဖော်ထုတ်လုပ်ပါက ပိုမို အရှုံးပေါ်မည်ဟု သတ္တုတွင်းလုပ်ငန်းရှင်က ဆိုသည်။ သတ္တုတွင်းလုပ်ငန်းရှင်အများစုက ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားကြပြီး သူတို့အလုပ်ခွင်တွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပြောင်းလဲ လုပ်ဆောင်ကြမည်ဟု ပြောဆိုသည်။

တွင်းထွက်နှင့် ကျောက်မျက်များ တူးဖော်ထုတ်လုပ်နေသော အခြား သတ္တုတွင်းလုပ်ငန်းရှင်ကမူ သူ့လုပ်ငန်း အရှိန်မပျက် လည်ပတ်နေရန် မနည်းပင် ရုန်းကန်နေရကြောင်း ပြောသည်။ မည်သို့ပင်ဆိုစေ သူ့အနေဖြင့် ဈေးနှုန်းများ ကျလာနေသဖြင့် ထုတ်လုပ်မှုကို လျှော့ချရတော့မည်ဟု ပြောသည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများတွင် ထုတ်လုပ်သမျှ တွင်းထွက်နှင့် ကျောက်စိမ်း အကုန်နီးပါးကို ဝယ်ယူနေသည့် နိုင်ငံဖြစ်သည်။ တရားဝင် စာရင်းဇယားများအရ တရုတ်သည် အရှေ့တောင်အာရှ နိုင်ငံများတွင် ထိုင်းပြီးလျှင် ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ တွေ့ခွင့်မပေးလျှင်
ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ တွေ့ဖြစ်ဖို့မလွယ် (ဦးဝင်းတင်)

မင်းနိုင်သူ/ ၂၈ ဇန်န၀ါရီ ၂၀၀၉

မစ္စတာဂမ်ဘာရီမလာမီ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိုတွေ့ဆုံညှိနှိုင်းခွင့်မရခဲ့ပါက အန်အယ်လ်ဒီအနေဖြင့် မစ္စတာဂမ်ဘာရီနှင့်ပင် တွေ့ဆုံရန်မလိုတော့သည့် သဘောဆောင်နေပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုတင်တွေ့ဆုံနိုင်မှာသာ နိုင်ငံရေးလုပ်ငန်းစဉ်သစ်၊ အစီအစဉ်သစ်များ ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် ယင်းတွေ့ဆုံမှုကို လိုလားနေ ခြင်းဖြစ်ကာ တွေ့ခွင့်မရပါက နိုင်ငံရေးလုပ်ငန်းစဉ်သစ်များ ချမှတ်နိုင်မှုမရှိနိုင်သဖြင့် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန်ပင်မလိုတော့သည့် သဘောရှိနေကြောင်း ခေတ်ပြိုင်နှင့် သီးခြားမေးမြန်းခန်းတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မကြာမီက အန်အယ်လ်ဒီထံသို့ ပေးပို့ခဲ့သော မစ္စတာဂမ်ဘာရီ၏ စာတွင် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ၎င်းလာရောက်ခဲ့စဉ် မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည့် လုပ်ငန်းစဉ် (၅) ချက် (စစ်အစိုးရက ထိုအချက်အားလုံးကို ပယ်ချခဲ့) ကို ဆွေးနွေးလိုကြောင်း ရေးသားထားသည်။ မစ္စတာဂမ်ဘာရီအနေဖြင့် အသစ်မရှိဘဲ အဟောင်းကိုသာ ပိုက်လာပါက အလုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

အဆိုပါတင်ပြချက် (၅) ရပ်တွင် စီးပွားရေးကိစ္စရပ်လည်းပါဝင်နေရာ စီးပွားရေးမှာ အရေးကြီးသော်လည်း နိုင်ငံရေးကိစ္စရပ်များဆွေးနွေးနေစဉ် ထည့်သွင်းဆွေးနွေးရန်မလိုဟုလည်း ဦးဝင်းတင်က ယူဆသည်။ မစ္စတာ ဂမ်ဘာရီ၏ တင်ပြချက်များသည် နအဖအပေါ် မည်သို့မျှ အသက်မ၀င်ဘဲ နိုင်ငံရေးသမားများကို ဆက်လက် ဖမ်းဆီးနေမြဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသမားများ၏ မိသားစုများ ဒုက္ခရောက်အောင်လုပ်ဆောင်နေမှုများကို လည်း ထောက်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရဘက်က အခြေခံဥပဒေကို ပြန်လည်သုံးသပ်ခွင့်မပေးပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် အကြောင်းမရှိဟုလည်း ဦးဝင်းတင်က ပြောသည်။ စစ်အစိုးရ၏ အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် ကျားကန်ပေးထားသည့် ဥပဒေဖြစ်သည့် အတွက် နောင်နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ စစ်ကျွန်ဇာတ်သွင်းမည့် အခြေခံဥပဒေဖြစ်သည်ဟုလည်း ဦးဝင်းတင်က ထောက်ပြသည်။

မစ္စတာဂမ်ဘာရီသည် ရန်ကုန်မြို့သို့ စနေနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တပတ် အင်္ဂါနေ့တွင် ပြန်မည်ဖြစ်ကြောင်း အဘူဒါဘီမြို့ထုတ် The National သတင်းစာတွင် ဖော်ပြထားသည်။

ယခုလာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား များ လွတ်ပေးရေးအတွက် နအဖကို ငွေကြေးအကူအညီပေးရေးကိစ္စလည်းပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင်ကမူ အဆိုပါအစီအစဉ်မှာ အောင်မြင်မည်ဟု လုံးဝမယူဆကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်း
NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

Family Entertainment က အခပေး ရုပ်သံလိုင်းများအဖြစ် ရောင်းချပေးနေသည့် တခုတည်းသော သတင်းလိုင်းဖြစ်သည့် စီအန်အန် ရုပ်သံချယ်နယ်ကို ယခုနှစ်ကုန်ပိုင်းကစ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ အရောင်းဝန်ထမ်းများက ပြောပြကြသည်။

စီအန်အန် ရုပ်သံချယ်နယ် ရောင်းချမှုများ ရပ်ဆိုင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး Family Entertainment အား ခေတ်ပြိုင်က မေးမြန်းရာတွင် စီအန်အန်လိုင်းမှာ လွှင့်လိုသည့်အခါမှလွှင့်ပြီး မိလိုက်မမိလိုက် ဖြစ်နေသည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ရုပ်သံလိုင်းများကို ဝယ်ယူကြည့်ရှုနေသူတဦးက “သူတို့လွှင့်တဲ့ စီအန်အန် လိုင်းဆိုတာက နိုင်ငံတကာမှာ လွှင့်နေတဲ့ စီအန်အန်လိုင်း၊ ထိုင်း ယူဘီစီ (၂) ပေစလောင်းက လွှင့်နေတဲ့ စီအန်အန် လိုင်းတွေနဲ့ မတူဘူး။ အဲဒီက လွှင့်တာထက် နာရီဝက် နောက်ကျပြီးမှ လွှင့်တယ်။ နောက် မြန်မာပြည်နဲ့ ဆိုင်တာတွေရော၊ နိုင်ငံတကာသတင်းတွေကိုပါ အများကြီး ဖြတ်တောက်တယ်။ ဥပမာ- ဧရာဝတီတိုင်း ရေဘေး သတင်းတွေ အပါအဝင် ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲ လုပ်တဲ့ သတင်းလိုမျိုးပေါ့” ဟု ပြောသည်။

စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံအချို့က စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်းခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသလို၊ အချို့က အဆိုပါ ကုမ္ပဏီသည် စီအန်အန် သတင်းများကို နာရီဝက်နောက်ကျပြီးမှ လွှင့်ခြင်း၊ အလွန်အမင်း ဖြတ်တောက်ခြင်းတို့ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်းကြည့်ရှုသူများက မူရင်း စီအန်အန် သတင်းဌာနကို အီးမေးလ်မှတဆင့် တိုင်ကြားမှုမျိုး ရှိခဲ့ကြောင်း၊ ထို့ကြောင့် စီအန်အန် ကုမ္ပဏီကိုယ်တိုင်က ဆက်လက် မရောင်းချတော့ခြင်း ဖြစ်နိုင်ကြောင်း ထင်မြင် ပြောဆိုနေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း
NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉


စစ်အစိုးရ စာပေစိစစ်ရေးဌာနက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို ယခုတပတ်ထုတ် ဂျာနယ်များတွင် မထည့်မနေရ အတင်းအကျပ်ဖော်ပြခိုင်းခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာများက ပြောပြကြသည်။

ဖော်ပြခိုင်းခဲ့သည့် သတင်းခေါင်းစဉ်မှာ “မြန်မာဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသံမှူးနှင့် တွေ့ဆုံ” ဖြစ်သည်။ အဆိုပါသတင်းကို ဇန်နဝါရီ (၂၇) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ (၅) အမှတ် (၄) စာမျက်နှာ-၁၈၊ ဇန်နဝါရီလ (၂၆) ရက်နေ့ထုတ် သည်ဗွိုက်စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၄) စာမျက်နှာ-၂၈၊ ဇန်နဝါရီလ (၂၉) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၄) အမှတ် (၂၄) နှင့် အခြားဂျာနယ်များတွင် ဖော်ပြခဲ့ကြရသည်။

အဆိုပါသတင်းတွင် ဖော်ပြထားသည်မှာ ပြီးခဲသည့် ဇန်နဝါရီ (၁၃) ရက်နေ့က ရန်ကုန် ကုန်သွယ်မှုဦးစီးဌာန တိုင်းရုံးမှာ မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများက စီးပွားရေးသံမှူး အချို့နှင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးသံမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ၎င်းက ခုလို တွေ့ဆုံဆွေးနွေးပွဲ လုပ်တာဟာ ကောင်းမွန်ကြောင်း၊ ဒါကာမှာလည်း ၎င်းတို့ အစိုးရအဖွဲ့သစ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကိစ္စများကို လေ့လာသုံးသပ်နေကြောင်း၊ မကြာမီ နှစ်နိုင်ငံကုန်သွယ်မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင်း စသဖြင့် ဖြေကြားထားသည်ဟု ရေးသားထားသည့် သတင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
မီးမပေးနိုင်ဘဲ မီတာပုံးရောင်း
NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့လယ် ဧရိယာများကို တနေ့ (၆) နာရီ လျှပ်စစ်မီး မှန်မှန် မပေးနိုင်သော်လည်း မီတာပုံးများကိုမူ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း ဗိုလ်တထောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိ ရုံးဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ကျနော်တို့ဆီမှာ ဝန်ကြီးအမိန့်နဲ့ စာထွက်ထားပါတယ်။ ဘယ်သူမဆို သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ငွေ (၅၆,ဝဝဝ) ပေးတာနဲ့ မီတာပုံးရမှာပါ။ ဝန်ကြီးရဲ့အမိန့်စာကိုလည်း ကျနော်တို့ရုံးမှာ ဘုတ်ကြီးနဲ့ ကပ်ထားပါ တယ်။ မည်သူမဆို လာကြည့်လို့ ရပါတယ်။ မီးပေးမယ့် အချိန်တွေကိုလည်း တလစာအတွက် တနေ့စီ အချိန်ဇယား ကပ်ထားပါတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံး ငွေစာရင်းဌာနမှ အမည်မဖော်လိုသူ စာရင်းကိုင်တဦးက အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်အရ ဝင်ငွေပိုမို ရရှိအောင် အကောင်အထည်ဖော်နေရခြင်းဖြစ်ကြောင်း၊ ၂ဝဝ၇ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်ကို ဝန်ကြီးဌာနဝင်ငွေ တနှစ် ကျပ် (၄) ဘီလီယံ ရရှိနေရာမှ (၁၅) ဘီလီယံ ရရှိအောင် တိုးတက်ရှာဖွေရန် လမ်းညွှန်ခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ မီတာခ ဈေးနှူန်းတိုးမြှင့်ခြင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာပုံး အလုံးရေ သန်းနှင့်ချီ ရောင်းချခြင်း၊ မီးပေးရေးစနစ်မှာ မီတာခ ပိုရသည့် စက်မှုဇုန်နှင့် လုပ်ငန်းသုံးမီတာများကို ဦးစားပေးခြင်း၊ စွမ်းအင်ဝန်ကြီးဌာနကနေ ဝယ်ယူရသည့် သဘာဝ ဓာတ်ငွေ့ပမာဏကို လျှော့ချခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိလည်း အဆိုပါ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ရှင်းပြသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်မီးပေးပုံနှင့် ပတ်သက်ပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သည် အနည်းဆုံး ရရှိသည့်နှစ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောပြကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဂျပန် JENအဖွဲ့ လေဘေးသင့်ဒေသများ၌ အိမ်အလုံးပေါင်း ၄၅၀၀ကျော် ဆောက်မည်

ရန်ကုန်၊ လေဘေးသင့်ဒေသများတွင် ကုန်သည်/စက်မှုအသင်းချုပ်နှင့်ဂျပန် နိုင်ငံ JEN အဖွဲ့တို့ ပူးပေါင်း၍ လူနေ အိမ် ၄၅၀၀ ဆောက်လုပ်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
လေဘေးသင့်မြို့နယ်များဖြစ် သော လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့ နယ်နှင့်ဒေးဒရဲမြို့နယ်များတွင် မုန်တိုင်း ဒဏ်ကြောင့် လူနေအိမ်များ ပျက်စီးဆုံး ရှုံးမှုအတွက် ၂၀၀၈ခုနှစ်အတွင်း လူနေ အိမ် ၃၀၀၀ကို မြန်မာနိုင်ငံကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်သည် ဂျပန်နိုင်ငံ JEN အဖွဲ့အကူအညီဖြင့်ဆောက်လုပ်ပေးခဲ့ ပြီး ယခု ၂၀၀၉ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံ၍ လူနေအိမ် ၁၅၀၀ကိုဆောက် လုပ်လှူဒါန်းပေးမည်ဖြစ်ရာ စုစုပေါင်း လူနေအိမ် ၄၅၀၀အထိရရှိစေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။
ယင်းလူနေအိမ်များ ဆောက်လုပ် လှူဒါန်းရာတွင် ကုန်သည်/စက်မှုအ သင်းချုပ်သည် JENအြဖွဲ့နှင့်ပူး ပေါင်း၍ မြို့နယ်သုံးမြို့နယ်တွင်ဆောက် လုပ်လှူဒါန်းရာ၌ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟို ကော်မတီ၏လမ်းညွှန်ချက်ဖြင့် နိုင်ငံ တော်မှ လေဘေးသင့်ဒေသများတွင် ဆောက်လုပ်လှူဒါန်းလျက်ရှိသော ကျေးရွာများတွင် ဆောက်လုပ်ခြင်းမပြုဘဲ ဆောက်လုပ်ရန်ကျန်ရှိသော ကျေး ရွာများတွင် ဆောက်လုပ်ခြင်းဖြစ်သည်။
( ရန်ကုန် မီဒီယာ သတင်းမှ ကောက်နှုတ်ချက် )
*****
အမှတ်(၂)စက်မှုက ပထမဆုံးထုတ်လုပ်သည့် ခေတ်မီမော်တော်ယာဉ်များ လွတ်လပ်စွာဝယ်နိုင်ပြီ


ရန်ကုန်၊ အဆင့်မြင့်နည်းပညာဖြင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနက ပထမဆုံး ထုတ်လုပ်နေပြီဖြစ်သော ခေတ်မီ မော်တော်ယာဉ် လေးမျိုးကို အများပြည်သူ တို့အား စတင်ရောင်းချနေပြီဟု သိရသည်။
အမှတ်(၂)စက်မှုဝန်ကြီးဌာန ထုံးဘိုမော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံနှင့် အမှတ်(၁)မော်တော်ယာဉ် ထုတ်လုပ်မှုစက်ရုံ(ရန်ကုန်)တို့မှ ထုတ်လုပ်လျက်ရှိသော အဆိုပါ အဆင့်မြင့်ကားများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် လွတ်လပ်စွာ ၀ယ်ယူနိုင်ပြီဖြစ်သည်။ အဆိုပါ ခေတ်မီမော်တော်ယာဉ်လေး မျိုးမှာ Surf ပုံစံ Myanmar Station Wagon(II), Pajero ပုံစံ Myanmar Station Wagon(III),Myanmar Double Cub နှင့် Estate Wagon (EW-1) တို့ဖြစ်သည်။
( ရန်ကုန်မီဒီယာ သတင်းမှ ကောက်နှုတ် )

*****
မြန်မာ့ပဲ အရှေ့အလယ်ပိုင်းဈေးကွက် တိုးချဲ့ရှာဖွေမှုများပြုလုပ်

မြန်မာ့ ပဲ ပြည်ပသို့ တင်ပို့ရန်အတွက် အရှေ့အလယ်ပိုင်းသို့ ဈေးကွက်များ တိုးချဲ့ရှာဖွေလျက်ရှိကြောင်း UMFCCI မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"အခု ပဲကို ၀ယ်ဖို့ရှိတဲ့ အိန္ဒိယ STC က ၀ယ်ဖို့ ကိစ္စမှာ ဈေးနှုန်းပြဿနာကြောင့် ကြန့်ကြာမှုတွေ ရှိနေတယ်။ အခုဆို ပြီးခဲ့တဲ့ ရာသီပေါ် လက်ကျန်ပဲ တန်ချိန် ရှစ်သောင်းနဲ့ အခုထွက်လာနေပြီ ဖြစ်တဲ့ ပဲတွေနဲ့ အချိန်မီ တင်ပို့နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အခု ဒီက ကုမ္ပဏီတွေက အီရန်နဲ့ ကူဝိတ်ကို သွားပြီး ဈေးကွက်ချဲ့ထွင်ဖို့ လုပ်နေပါတယ်။ နောက်ပြီး အစ္စရေးကနေ တစ်ဆင့် ပဲကို
အရှေ့အလယ်ပိုင်း ဈေးကွက် ဖြန့်ချိဖို့လုပ်နေပါတယ်"ဟု ယင်းကပြောသည်။
မြန်မာ့ပဲများကို အိန္ဒိယနိုင်ငံ State Trading Cooperation မှ ၀ယ်ယူရန် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ သဘောတူညီမှုရရှိထားသည်။
လက်ကျန် ပဲများမှာ ပဲစင်းငုံ တန်ငါးသောင်း၊ မတ်ပဲ တန်နှစ်သောင်းနှင့် ပဲတီစိမ်း တန်တစ်သောင်းဖြစ်ပြီး ယခုအခါ ပဲ ရာသီပေါ်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ပဲသစ်များ ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
( ရန်ကုန်မီဒီယာ သတင်းမှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၂၉ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
မြန်မာ သတင်း


ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်
ဆော်လမွန်
ကြာသပတေးနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ)။ ။ အကျယ်ချုပ်နှင့် ပတ်သက်ပြီး လျှောက်လှဲချက်အပေါ် ဆွေးနွေးလိုပါသည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရန်အတွက် နေပြည်တော်ရှိ ရှေ့နေချုပ်ရုံးသို့ အင်္ဂါနေ့တွင် လာရောက်ပါရန် ရန်ကုန် သတင်းရဲတပ်ဖွဲ့က ဦးကြည်ဝင်းကို လွန်ခဲ့သည့် စနေနေ့တွင် အကြောင်းကြားခဲ့သည်။

နေထိုင်မကောင်းဖြစ်နေသော ဦးကြည်ဝင်းမှာ သွားရောက်နိုင်ခြင်း မရှိသည့်အတွက် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးလှမျိုးမြင့်ကို ကိုယ်စားလွှတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူခဲ့သည်။ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ဦးလှမျိုးမြင့်က ခရီးထွက်ရန် ဘူတာရုံသို့ အဆင်းတွင် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း သတင်းရဲတပ်ဖွဲ့ အရာရှိများက အကြောင်းကြားခဲ့သည်။

"တင်္နလာနေ့မှာ (ဦး) လှမျိုးမြင့်က နေပြည်တော်သွားဖို့ ရထားပေါ် တက်မလို့ လုပ်တုံး အက်စ်ဘီအရာရှိတွေ ရောက်လာပြီး မသွားတော့ဖို့ တားတယ်" ဟု ဦးကြည်ဝင်းက ပြောသည်။

"အက်စ်ဘီအပြောအရတော့ လျောက်လှဲချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့တဲ့" ဟု ဦးကြည်ဝင်းက ပြောရင်း အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်တွင် အကျယ်ချုပ်ချထားသည်။

တည်ဆဲဥပဒေအရပင် ရက်လွန်ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ဒေါ်စုဘက်က စောဒက တက်ထားသည်။ ဥပဒေအရ အများဆုံး တဆက်တည်း ၅ နှစ်သာ ရုံးမတင်ဘဲ ချုပ်နှောင်ထားခွင့် ရှိသည်ဟု ဆိုသည်။

နအဖအစိုးရက အတိုက်အခံခေါင်းဆောင်၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို ယမန်နှစ် မေလ က နောက်ဆုံးအကြိမ် သက်တမ်းတိုးမြှင့်ခဲ့သည်။ စစ်အစိုးရ၏ ဥပဒေ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ လူတဦးကို ၆ နှစ်အထိ ချုပ်နှောင်ထားခွင့် ရှိသည် ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲချက်ကို စီအန်အက်ဖ် ငြင်းဆို
မုံပီး
ကြာသပတေးနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ)။ ။ ချင်းပြည်သူများအပေါ် ဖိနှိပ်ငြင်းပမ်းမှုများ ပြုနေသည်ဆိုသော လူ့အခွင့်ရေးအဖွဲ့၏ စွပ်စွဲချက်ကို ချင်းအမျိုးသားတပ်ဦး၏ လက်နက်ကိုင်တပ်ဖြစ်သော ချင်းအမျိုးသား တပ်မတော်က ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်သည်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရ၏ ဖိစီးနှိပ်စက်မှုခံနေရသော ချင်းပြည်သူများမှာ ချင်းလက်နက်ကိုင် အဖွဲ့ကြောင့်လည်း ထပ်လောင်း ဒုက္ခရောက်ကြရသည်ဟု ပါရှိသည်။

စာမျက်နှာ ၉၃ မျက်နှာရှိ " မေ့လျော့ခံ ပြည်သူများနှင့် တူပါသည်။ မြန်မာပြည်တွင်လည်း မလုံခြုံ- အိန္ဒိယကလည်း အကာအကွယ်မပေး" ဟု အဓိပ္ပါယ်ရသည့် အစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် အစိုးရ၀န်ထမ်းများ၏ အာဏာ အလွဲသုံးစားပြုမှုကို ချင်းပြည်သူများကို အမြဲတစေ ခံစားရသည်ဟု ဖော်ပြထားသည်။

မတရားဖိနှိပ်ခြင်းများတွင် အဖိုးအခမပေးဘဲ လုပ်အားခိုင်းစေခြင်း၊ ဥပဒေမဲ့ ထင်တိုင်းကြဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ဘာသာရေးကိုးကွယ်ခွင့် ကန့်သတ် တားဆီးခြင်းနှင့် အခြားသော အခြေခံ လွတ်လပ်ခွင့်များ တားမြစ်ပိတ်ပင်ခံရသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်မှသည် ၂၀၀၈ ခုနှစ်အတွင်း လူပေါင်း ၁၄၀ ကို တွေ့ဆုံမေးမြန်းကာ သုတေသနပြုခဲ့ခြင်းမှ ထွက်ပေါ်လာသော အစီရင်ခံစာက စီအန်အက်ဖ် ခေါ် ချင်းလက်နက်ကိုင်တပ်၏ အပြုအမူကလည်း ချင်းတို့ကို ပိုမိုအထိနာအောင် ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့က " စီအန်အက်ဖ်/စီအန်အေ အဖွဲ့ရဲ့ တချို့ အဖွဲ့ဝင်တွေက ရွာသားတွေဆီကနေ ဆက်ကြေးကောက်တယ်၊ နှောက်ယှက်တယ်၊ ရိုက်နှက်တယ်၊ ပြီးတော့ တခြား ဖိနှိပ်မှုတွေပါ လုပ်တယ်" ဟု ရေးသားထားသည်။

သိုသော် စီအန်အက်ဖ်၏ အထွေထွေအတွင်းရေးမှုး ပေါ်လ်စမစ်က စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး စီအန်အက်ဖ်ကို မလိုမုန်းထားသည့် လူတစု သို့မဟုတ် တဦးတယောက်က ပံ့ပိုးပေးလိုက်သည့် အချက်အလက်များကို အခြေခံထားသည့် အစီရင်ခံစာဟု တုံ့ပြန်လိုက်သည်။

စီအန်အက်ဖ်၏ မကောင်းကြောင်းကို ပြောမည့်သူများကို အဓမ္မခိုင်းစေ ဖြေဆိုစေခြင်းများ ရှိနိုင်သည့်အတွက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အနေဖြင့် ဂရုစိုက် လူရွေး မေးမြန်းသင့်ကြောင်း ပေါလ်က မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောကြားသည်။

"မြန်မာပြည်မှာ လူအများစုက ကြောက်စိတ်နဲ့ နေနေရတာ၊ အစိုးရကို ဆန့်ကျင်တယ်ဆိုတာ မကောင်းဘူးဆိုတဲ့အမြင် မြင်အောင် လုပ်ခံထားရတာ" ဟု ပေါလ်က ပြောသည်။

" ဒါကြောင့် HRW (လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့) အနေနဲ့ အခြေအနေ အရပ်ရပ်ကို ထဲထဲဝင်ဝင် နားလည်အောင်လုပ်ပြီး အင်တာဗျူးတဲ့အခါ သေသေချာချာ လူရွေးချယ်သင့်တယ်"

တအိမ်ထောင်လျှင် ကျပ် ၃ ထောင်ကျ စီအန်အက်ဖ်က နှစ်စဉ် ကောက်ခံကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ အများစုသော ကျေးရွာသားများမှာ ငွေမရှိ၍ ရှိစုမဲ့စုလေးများ ရောင်းချပေးကြရသည်ဟု ဆိုသည်။

"တခါတလေမှာ မလှူတဲ့လူတွေကို ရိုက်တာ၊ နှက်တာတွေ လုပ်တယ်။ အများစုကလည်း ကြောက်တော့ ပိုက်ဆံပေးလိုက်တာပေါ့" ဟု ရွာသားတဦး၏ ပြောကြားချက်ကို လူ့အခွင့်အရေးအဖွဲ့က ကိုးကားထားသည်။

စီအန်အက်ဖ်အနေဖြင့် ရွာသားများထံမှ အခွန်ကောက်ခံသည် ဆိုခြင်းကို ပေါလ်က ၀န်ခံသော်လည်း နိုင်ထက်စီးနင်း လုပ်ဆောင်ခြင်းမရှိပါဟု ပြောသည်။ စီအန်အက်ဖ်အနေဖြင့် ၂၀၀၇ ခုနှစ်အထိ အိမ်ထောင်စုတစုလျှင် ငွေကျပ် ၃ ထောင် ဆက်ကြေး ကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ၁၀ ကျပ်သာ အလှူခံတော့သည်ဟု ပေါလ်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ
အမတ်အချင်းချင်း နဖူးကွဲအောင် တိုက်ပွဲဝင်ပြီးမှ စင်ပြိုင်အစိုးရတိုးချဲ့နိုင်
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးပျက်အောင် ၀န်ကြီးရာထူးနှင့် ကန့်ကွက်မဲဝယ်ဟု စွပ်စွဲ

NEJ / ၂၉ ဇန်န၀ါရီ ၂၀၀၉

မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။

တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာလန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။ အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီအစဉ်ကို ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် ယခင် (၅) ဦး စင်ပြိုင်အစိုးရ (ဟောင်း) က မထောက်ခံခဲ့ပေ။ ထို့ကြောင့် ညီလာခံ မတိုင်မီ် အုပ်စုအားပြိုင်မှုများ၊ မဲဆွယ်မှုများ၊ မဲဝယ်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။ ညီလာခံမစခင်ကပင် ဒေါက်တာစိန်ဝင်းအုပ်စုက မည်သည့်ကိစ္စ ဆွေးနွေးမည်၊ မည်သည့်ကိစ္စ ကန့်ကွက်မည်ကို ထောက်ခံသူများနှင့် ကြိုတင် စည်းဝါးရိုက်ထားပြီးဖြစ်သည်ဟု ဒေါ်စန်းစန်းက စွပ်စွဲသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး ထောက်ခံသည့် အမတ်အချို့ ၀န်ကြီးဖြစ်တော့မည်ဆိုသည့်သတင်းမှာ ညီလာခံမသွားခင်ကပင် မဲဆောက်နိုင်ငံရေးလောကတွင် သတင်းပျံ့နှံ့နေသည်။ ၀န်ကြီးဖြစ်မည့်သူ တဦးကဆိုလျှင် ဒေါက်တာစိန်ဝင်းကျေနပ်အောင် စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စကို ကန့်ကွက်မှ ဖြစ်မည်ဟုပင် လာပြောကြောင်း ဒေါ်စန်းစန်းက ပြောသည်။

အိုင်ယာလန်တွင် ကျင်းပခဲ့သည့် အမ်ပီယူညီလာခံကာလအတွင်း အမတ်အချင်းချင်း စကားများပြီး ထိုးကြိတ်သတ်ပုတ်ကြသည့်အတွက် သွေးထွက်သံယို နဖူးကွဲပြီး ချုပ်ရသည်ထိ ဖြစ်ခဲ့ကြောင်း ဒေါ်စန်းစန်းက အတည်ပြုပြောသော်လည်း မည်သည့်အမတ်များဖြစ်ကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

သို့သော် ညီလာခံ၌ အမတ် ဦးအောင်ထွန်းစိန်နှင့် အမတ် ဦးထွန်းဝင်းတို့နှစ်ဦး ထိုးကြိတ်မည့် အခြေအနေများထိ ရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း မည်သည့်ကိစ္စအတွက် ခိုက်ရန်ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်
NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉

ဇန်နဝါရီ (၂၉) တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်ပေါ်လာပြီး အချို့ဂျာနယ်များ ထူးခြားမှုရှိကြောင်း ဂျာနယ်လောကသားများက ပြောပြကြသည်။

အဆိုပါ ဂျာနယ်များမှာ Northern Star, Popular News, Phoenix နှင့် ဘုန်းရောင် ဂမ္ဘီရ ရသဂျာနယ်တို့ ဖြစ်ကြပြီး Northern Star ဂျာနယ်မှာမူ နိုင်ငံရေးအသားပေး ဂျာနယ်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထုတ်ဝေသည့် ဂျာနယ်များအနက် Northern Star ဂျာနယ်သည် နိုင်ငံရေးအသားပေး ဂျာနယ်ဖြစ်ကြောင်း ကြေညာထားချက်နှင့်အညီ နိုင်ငံရေးအကြောင်းအရာများကို အဓိကထား ဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံရေးအကြောင်းအရာများကို ဖော်ပြထားသည်ဆိုသော်လည်း စစ်အစိုးရနှင့် စစ်အစိုးရ၏ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံသည့် သတင်း၊ ဆောင်းပါးများ၊ အန်အယ်လ်ဒီနှင့် အတိုက်အခံ နိုင်ငံရေးပါတီအုပ်စုများကို ရှုတ်ချ၊ အပုတ်ချသည့် သတင်းနှင့် ဆောင်းပါးများကိုသာ ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ ဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ကာလများတွင် ကြံ့ဖွံ့အသင်းအတွက် ရည်ရွယ်၍ အယ်ဒီတာချုပ်အဖြစ် ဦးသီဟအောင်က ဆောင်ရွက်ပြီး အငြိမ်းစားဗိုလ်မှူးဝင်းတင်က ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

Popular News ဂျာနယ်မှာမူ ယခင် Popular ဂျာနယ်တိုက်ကပင် ထုတ်ဝေပြီး ပိုင်ရှင်က သေဆုံးသွားပြီဖြစ်သည့် ယခင် နအဖ အတွင်းရေးမှူး (၃) ဒု-ဗိုလ်ချုပ်ကြီးဝင်းမြင့်၏ သမီး ဖြစ်သည်။

အဆိုပါ ဂျာနယ်နှင့်ပတ်သက်၍ သတင်းဂျာနယ် အယ်ဒီတာတဦးက စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက Popular News ဂျာနယ်ကိုလည်း လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရကို ထောက်ခံသည့် ဂျာနယ်တစောင်အဖြစ် ရပ်တည်နိုင်အောင် ထုတ်ဝေခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ကျန်ဂျာနယ်နှစ်စောင်အနက် Phoenix ဂျာနယ်သည့် ရုပ်ရှင်၊ တေးဂီတ အသားပေး ပေါ့ပ်ဂျာနယ်ဖြစ်ပြီး ဘုန်းရောင်ဂျာနယ်မှာမူ ဂမ္ဘီရလိုင်း ဂျာနယ်ဖြစ်သည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဂျာနယ်အသစ် (၆) စောင်နှင့် မဂ္ဂဇင်းအသစ် (၆) စောင် ထုတ်ဝေခွင့်ပြုထားကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ
NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉

ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာပြီးဖြစ်သည့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောတစ်စီးပေါ်၌ ဘိန်းဖြူ (၃၈) ကီလို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

ဖမ်းဆီးခံရသည့် သင်္ဘောမှာ KOTA TEGET ဟု အမည်ရသည့် သင်္ဘောဖြစ်ပြီး ACL သင်္ဘောလိုင်းမှဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် သင်္ဘောသားအချို့နှင့် သင်္ဘောတာဝန်ရှိသူများကို ဆိပ်ကမ်းရဲစခန်းတွင် ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့်ကာလက စက်လှေတစ်စီးအတွင်း လူသတ်မှုဖြစ်ရာမှ မြန်မာ့မူးယစ်ဆေးဝါး ကုန်ကူးမှု သမိုင်း၌ ပမာဏအများဆုံး ဘိန်းဖြူဖမ်းဆီးမှုကြီး ပေါ်ပေါက်ခဲ့ပြီး အဆိုပါအမှုသည်လည်း မူးယစ်အဖွဲ့များက စုံစမ်း၍့ ရခြင်းမဟုတ်ဘဲ လူသတ်မှုကြောင့် မီးခိုးကြွက်လျှောက် ပေါ်သွားသည့် အမှုဖြစ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဒေါ်စုကို ဝေဖန်ချက်ဖြင့် ဂျာနယ်ပွဲဦးထွက်
ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ

ချင်းမိုင်(မဇ္ဈိမ)။ ။ နိုင်ငံရေးဂျာနယ်အဖြစ် ကြွေးကြော် ထုတ်ဝေလိုက်သော ယနေ့ထုတ် Northern Star ဥတ္တရအလင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ချက်ကို ဖော်ပြကာ ပွဲဦးထွက်လိုက်သည်။

အငြိမ်းစားဗိုလ်မှူး အယ်ဒီတာချုပ် ဦးသီဟအောင် ဦးစီးကာ ရန်ကုန်အခြေစိုက် အဆိုပါဂျာနယ်တွင် 'NLD တတ်သိအုပ်စုဝင် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဘလော့ဂ်ဂါ အောင်ထက်၏ ရှုမြင်ချက်' ဆောင်းပါးမှ ကောက်နှုတ်ချက်ကို ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီတွင်း တကိုယ်တော် ဆုံးဖြတ်ပြုမူသည့်ဟန် ပါရှိသည်။

"ဘလော့ဂ်ဂါတွေ ရေးကြတယ်လေ။ ဟုတ်တာရော၊ မဟုတ်ရော ရေးသားလာကြတယ်။ ဒါက ဆန္ဒတခု အနေနဲ့ ပါလာတယ်။ အန်ကယ်တို့က သူ့ကို မရည်ရွယ်ပါဘူး။ လက်ရှိ အခြေအနေနဲ့ အရင်ဖြစ်ခဲ့တာကို ဖော်ပြတာပါ။ မီဒီယာသမားတွေရဲ့ ခံစားချက်က လူထုအပေါ် ရိုက်ခတ်တယ်'' ဟု အယ်ဒီတာချုပ် ဦးသီဟအောင်က မဇ္ဈိမကို ပြောသည်။

သတင်းစာဆရာကြီးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန် ရေးသားချက်အပေါ် ပယ်ချလိုက်သည်။

"ဒေါ်စုဟာ အာဏာရှင်သဘောမျိုး ဖြစ်တယ်ဆိုရင် ဘာဖြစ်လို့ ဒီနေ့ သူ့နောက်မှာ လူတွေက အပြည့်အဝ ရှိနေလဲ။ သူက အာဏာရှိတာ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် သူ့နောက်မှာ အလုံးအခဲတွေ ရှိနေတာပေါ့" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ချက်များအား အစိုးရအာဘော် သတင်းစာများဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းတွင် ရေးသားဖော်ပြခဲ့သလို ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် ဂျာနယ်များတွင် မထဲ့မနေရ ဖော်ပြခိုင်းသည်များ ရှိခဲ့သည်။

ဦးသီဟအောင်က ''ရည်ရွယ်တာက တတ်သိပညာရှင်တွေရဲ့ အယူအဆတွေ ပြောင်းလဲလာတာကို မီးမောင်းထိုး ဖော်ပြချင်တာပါ၊ တတ်သိပညာရှင်ဆိုတာက အခု ဒီမှာ စာရေးသားတဲ့ ဆရာတွေပေါ့နော်" ဟု ပြောသည်။

အန်အယ်ဒီ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော စာရေးဆရာ မောင်စူးစမ်းနှင့် ဆရာမောင်ဝံသလည်း ဂျာနယ်တွင် ပါဝင် ရေးသားကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
တပ်မတော် စွမ်းရည်ကျ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား
ဇာနည်
ကြာသပတေးနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့တပ်မတော်သည် စွမ်းရည်ကျဆင်းလာပြီး၊ စည်းကမ်းပျက်ကာ ခြစားမှုများ ပိုလာနေကြောင်း ထိပ်တန်း စစ်ခေါင်းဆောင်တဦးက ၀န်ခံ ပြောဆိုထားချက်ကို တပ်တွင်း ထိပ်တန်း လျှို့ဝှက်မှတ်တမ်း တခုအရ သိရသည်။

အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းကာ အရက် အလွန်အကျွံသောက် မူးယစ်ရမ်းကားခြင်း၊ ရိက္ခာလောက်အောင် ထုတ်မပေးခြင်း၊ မတန်တဆ ခိုင်းစေခြင်းနှင့် ငွေအလွဲသုံးစားပြုလုပ်မှု များပြားလာနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အကြီးတန်း စစ်အရာရှိများ၏ အစည်းအဝေး တခုတွင် ပြောကြားသွားခဲ့သည်။

စစ်ဦးစီး၊ ရေး၊ ထောက် အစည်းအဝေးတွင် တပ်ပြေးများအကြောင်းနှင့် တိုက်ပွဲများတွင် အကျအဆုံး များပြားလာနေကာ စစ်သားစုဆောင်းရေး အခက်အခဲများ ရှိလာနေကြောင်း တိုင်းမှူးက မကြာသေးခင်က ပြောကြားသွားသည်ကို မဇ္ဈိမက အတည်ပြုနိုင်ခဲ့သည်။

ထိုသို့ အင်အား ကျဆင်းလာသော တပ်ကို အားဖြည့်ရန်အတွက် တပ်သားသစ်များ စုဆောင်းရေးကို မဖြစ်မနေ၊ မရမက အကောင်အထည် ဖော်ရမည်ကို ခေါင်းဆောင်တိုင်း၏ အဓိကအဖြစ် ခံယူထားရမည်ဟု ဗိုလ်ချုပ်စိုးဝင်းက ပြောဆိုခဲ့သည်။

ထို့အပြင် တပ်မတော်ကို နိုင်ငံခြား စစ်တပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော တပ်ဖြစ်ရန် တည်ဆောက်သွားလိုသော စစ်အစိုးရ၏ ရည်မှန်းချက်ကိုလည်း ထုတ်ဖော်ပြောဆိုသွားသည်။

"တပ်မတော်၏ အစဉ်အလာကောင်းများသည် တဖြည်းဖြည်း လျော့နည်းလာရာမှ အရည်အသွေးများ ကျဆင်းလာသည်။ တပ်မတော်ကို နိုင်ငံတကာနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရန်လိုသည်" ဟု မှတ်တမ်းတွင် ပါရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ခွင့်ရရေး ကမ္ဘာ့ကြက်ခြေနီ ကြိုးပမ်းနေ
မြင့်မောင်
ကြာသပတေးနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသားများကို လွတ်လပ်စွာ တွေ့ဆုံစစ်ဆေးခွင့် ရရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က မြန်မာ စစ်အစိုးရများနှင့် ဆွေးနွေးနေသည်။

"ကျနော်တို့ ထောင်တွင်း တွေ့ဆုံ စစ်ဆေးခွင့်ရဖို့ အစိုးရနဲ့ စကားပြောနေပါတယ်။ ဘယ်တော့ တွေ့ရမယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ သူတို့ဘက်ကနေ တွေ့ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု ရန်ကုန်ရှိ ICRC ခေါ် ကမ္ဘာ့ကြက်ခြေနီရုံး ပြောခွင့်ရ မစ္စတာ Paclisanu က မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်
ကိုဝိုင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆေးကုသမှု ခံယူနေသည့် အိတ်ခ်ျအိုင်ဗီ - အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ရန်ကုန်မြို့တွင်း နေထိုင်ခြင်းမပြုရန် ကျန်းမာရေးဌာနက ကန့်သတ်ခဲ့သည်ဟု ဝေဒနာရှင်များ အပြောအရ သိရသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံတွင် တက်ရောက်ကုသမှု ခံယူပြီးသူများကို သက်ဆိုင်ရာ နယ်မြေများသို့ ပြန်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
ဇန်န၀ါရီလ ၃၀ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
မြန်မာ သတင်း

စု လွတ်မြောက်ရေး လူထုအားနဲ့ ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)
NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
*****
ရန်ကင်းမြို့နယ် အတွင်း ရက်စက်စွာ လူသတ်မှု
၃၀-၁-၀၉

ယခုနှစ် ဆန်းပိုင်း ဇန်န၀ါရီလ အတွင်း ရန်ကင်းမြို့နယ် အတွင်းလူသတ်မှု (၂)ကြိမ် ဖြစ်ပွားခဲ့ပါသည်။ (ပ) အကြိမ် လူသတ်မှုတွင် အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦး သည် (ပ) အိမ်ထောင်မှ ယောင်္ကျား ဖြစ်သူ ထောင်မှ လွတ်လာပြီး ၄င်းနှင့် ဆက်သွယ်ရာ (ဒု)အိမ်ထောင်မှ လင်ယောကျာင်္းမှ သိရှိသွားပြီး အချစ်ကြီး အမျတ်ကြီး သည့် အတွက် ရက်စက်စွာ ဂျိုင်း (၂)ဖက်အောက်မှ ၀က်သတ် ဓါးဖြင့် ပင့် ဖြတ်သွားပြီး လည်းပင်းကိုလည်း ဖြတ်တောက် သတ်ဖြတ်ခဲ့ပါသည်။ အဆိုပါ တရားခံ သည် ၄င်းကိုယ်တိုင် ရဲစခန်းသွား ရောက်ဖမ်းဆီးခံခဲ့ပါသည်။

(၂၇-၁-၀၉) ရက်နေ့ (၂၀၃၀) ချိန်ခန့်တွင် ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ရန်အောင်လမ်းသွယ်(၆)လမ်း၊ တိုက်(၂၅၃)၊ အခန်း(၈)တွင် ငှားရမ်းနေထိုင်နေသူ မခိုင်ဆက်ဆက်(ဘ)ဦးလှရွှေမှ သူမနေအိမ်တွင် လူသတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့သည့်ကိစ္စအား သက်ဆိုင်ရာသို့ လာ ရောက်၍ တိုင်ကြားခဲ့ပါသည်။

ယင်းဖြစ်စဉ်တွင် မခိုင်ဆက်ဆက်သည် ဗဟန်းမြို့နယ်၊ အုတ်လမ်းရှိ ယုဇန ဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ်ဆင်း ပြီး ည (၂၀၀၀) ချိန်ခန့်တွင် ၄င်းနေအိမ်သို့ပြန် လာရာ နေအိမ်ရှိသူများမှ တံခါးဖွင့်မပေးသဖြင့် အိမ်ပိုင်ရှင်ထံမှ သော့ပိုတစ်ချောင်းဖြင့် အိမ်တံခါးအား ဖွင့်၍ အိမ်ထဲသို့ဝင်ရောက်စဉ် ၄င်း၏မိခင်ဖြစ်သူ ဒေါ်နီနီ (၇၀) နှစ်သည် ရေချိုးခန်းအ၀င်ထောင့်၌ ၀မ်းဗိုက်တွင်ချွန်ထက်သော ဒဏ်ရာ ဖြင့် သေဆုံး နေပြီး ၄င်း၏တူဖြစ်သူ မောင်မောင်သီဟ (၁၁)နှစ် (ဘ) ဦးနိုင်ဦး သည် အိပ်ခန်း ထဲရှိ ကုတင်ပေါ်တွင် ဒဏ်များနှင့်ခြေ/လက်ကိုကြိုးချည် ခံ ထားရပြီး သေဆုံးနေသည်ကိုတွေ့ရှိခဲ့ဖြင့် သက်ဆိုင်ရာ အကြောင်းကြားခဲ့ခြင်း ဖြစ် ကြောင်း သိရှိရပါသည်။
( သာကီနွယ် သတင်းမှ ကောက်နှုတ်ချက် )
*****
အမျိုးသမီး ၇ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပုံများဖြင့် ကြော်ငြာ
မျိုးကြီး
သောကြာနေ့၊ ဇန်နဝါရီလ

ရွှေလီ (မဇ္ဈိမ)။ ။ အမျိုးသမီးများကို တရုတ်နိုင်ငံဘက်သို့ ဖြားရောင်းပို့ဆောင်ကာ ရောင်းစားမှုပြုသည်ဟု စွပ်စွဲကာ အမျိုးသမီး ၇ ယောက်၏ ဓာတ်ပုံများကို လိုင်ဇာမြို့လယ်ခေါင်တွင် အများမြင်အောင် ပြသထားသည်။

''သတိ၊ အမျိုးသမီးများကို ရောင်းစားသူများ ဖြစ်သည်'' ဆိုသည့် ကချင်ဘာသာစာတမ်းနှင့်အတူ အလျား ၆ ပေ၊ အမြင့် ၅ ပေခန့်ရှိသည့် အမျိုးသမီးများရုပ်ပုံပါ ပိုစတာများကို ယမန်နေ့ နံနက်ပိုင်းကမှ တရုတ်နိုင်ငံနှင့်နယ်နမိတ်ထိစပ်နေသော ကချင်ပြည်နယ် လိုင်ဇာမြို့ အမှတ် (၂) ကုန်စိမ်းဈေးအနီးတွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ လိုင်ဇာမှာ ငြိမ်းချမ်းရေးရယူထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ ထိန်းချုပ်ရာဒေသဖြစ်သည်။

'' ကချင်စာနဲ့ ထိပ်က တခုတော့ ရေးထားတယ်။ ကျန်တဲ့ သူတို့အမည်နာမ၊ အသက်လည်း တခုမှမပါဘူး။ သူတို့ရဲ့ မျက်စိကို ကွန်ပြူတာနဲ့ ဖျက်ထားပေးတယ်။ လိုင်ဇာရဲက ဖမ်းမိတဲ့ဟာတွေလား၊ အဲဒီလိုမျိုး ဘာမှမသိရဘူး။ 'Masha Dut Sha Ai Ni' တဲ့၊ လူရောင်းစားတဲ့ ပုဂ္ဂိုလ်တွေလို့။ အဲလိုပဲ ကြေညာထားပေးတယ်'' ဟု လိုင်ဇာဒေသခံ မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။
( မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက် )
*****
ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ
ဝီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီးတဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ရှေ့နေ ကိုဖိုးဖြူ မကွေးရဲစခန်းတွင် ချုပ်ခံထားရဆဲ
ဖနိဒါ
သောကြာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အဓမ္မ လယ်ယာအသိမ်းခံရသည့် ရွာသားများဘက်က ခုခံလျှောက်လှဲပေးသော ရှေ့နေ ကိုဖိုးဖြူအား တရားရုံး မထုတ်သေးဘဲ မကွေးမြို့ရဲစခန်း၌ပင် ချုပ်နှောင်ထားသည်။

ရန်ကုန်သို့ ပြန်လာစဉ် လမ်းခုလတ်တွင် သတင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသော ကိုဖိုးဖြူသည် နှစ်ပတ်ကြာ ပျောက်ဆုံးနေရာမှ ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

" မကွေးမြို့အမှတ် ၂ ရဲစခန်းမှာ ရှိတယ်။ သူက သူ့မိသားစုကိုလည်း ပြောပေးပါဆိုပြီး ပြောတယ်လေ" ဟု ကိုဖိုးဖြူနှင့် ဆုံတွေ့ခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

မကွေးမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ ရွာသားများ၏ လယ်မြေဧက ၅ ထောင်ခန့်ကို ပင်မ စစ်လက်နက်တပ်က သိမ်းယူရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ထံ တိုင်ကြားသဖြင့် အာဏာပိုင်က ပြန်လည်လက်တုံ့ပြန်သည့် အမှုတွင် တရားဆိုင်ဘက်မှ အကျိုးဆောင်လိုက်ပါပေးသူ ကိုဖိုးဖြူကို ဇန်န၀ါရီ ၁၅ ရက်နေ့က ရဲက ဖမ်းဆီးခဲ့သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဟု စစ်အစိုးရပြော
မုံပီး
သောကြာနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုသည်မှာ မရှိကြောင်း မြန်မာစစ်အစိုးရက သူ၏ ယနေ့ထုတ် သတင်းစာမှတဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။

"ပြည်ထောင်စု မြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်တွင် ရိုဟင်ဂျာဟူသည့် လူမျိုး ပါဝင်ခြင်း လုံးဝ မရှိပါ" ဟူ၍ နေပြည်တော်မှ ထုတ်ပြန်ချက်ကို အစိုးရအာဘော်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားကာ၊ ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်ခဲ့သော ရိုဟင်ဂျာအချို့မှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဆိုသော မီဒီယာများ၏ ဖော်ပြချက်ကို ငြင်းပယ်လိုက်ခြင်းလည်း ဖြစ်သည်။

ကြေညာချက်တွင် "မည်သို့ပင်ဖြစ်စေ ၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ သက်ဆိုင်ရာ ဌာနများအနေဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်" ဟု ပါရှိသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယနေ့ထုတ် ကြေညာချက်တွင် ရိုဟင်ဂျာများကို စနစ်တကျ ဖိနှိပ်အုပ်ချုပ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုများ ရပ်တန်းကရပ်ပါရန် မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။

စစ်အစိုးရ၏ လုပ်ရပ်များသည် နိုင်ငံတွင်းနေထိုင်လျက်ရှိသော ရိုဟင်ဂျာများ၏ နိုင်ငံသားအခွင့်အရေး ချိုးဖောက်သည့် မူဝါဒဖြစ်သည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ မြန်မာနှင့် ထိုင်းဆိုင်ရာ သုတေသနမှူး ဘန်ဂျမင်း ဇာဝါစ်ကီက မဇ္ဈိမကို ပြောကြားသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ချင်းတောင်ပိုင်း မြို့နယ်များတွင် ရောဂါထူပြောလာဟု အန်ဂျီအိုပြော
ဇလပ်မေ
သောကြာနေ့၊ ဇန်နဝါရီလ

အိုက်ဇော (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များမှ အိန္ဒိယ-မြန်မာနယ်စပ် အခမဲ့ဆေးခန်းသို့ လာရောက် ဆေးကုသသူ ၁၅ ဆကျော် မြင့်တက်လာကြောင်း အန်ဂျီအိုအဖွဲ့ တခုက ပြောဆိုလိုက်သည်။

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလအတွင်း မတူပီ၊ ထန်တလန်နှင့် ပလက်ဝမြို့များမှ လူနာ တထောင်ကျော်သည် မြန်မာနယ်ခြားနှင့် နီးကပ်စွာ တည်ရှိသော အိန္ဒိယပိုင် မီဇိုရမ်ပြည်နယ် မောလရဲ ကျေးရွာရှိ အခမဲ့ဆေးခန်းသို့ လာရောက်ကုသခဲ့ရာ ယခင်နှစ်အတွင်းက ပျှမ်းမျှအားဖြင့် တလလျှင် ၆၆ ဦးမှ မြင့်တက်လာခြင်း ဖြစ်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ငွေဆောင်ကမ်းခြေ ဆိုင်ကယ်မစီးရ ဧရာဝတီ ဒု-တိုင်းမှူး အမိန့်ထုတ်

ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်မစီးရန် ဧရာဝတီတိုင်း ဒု-တိုင်းမှူးက မကြာသေးမီက အမိန့်ထုတ်ပြန်ထားကြောင်း ငွေဆောင်မှ သတင်းရရှိသည်။

“ဆိုင်ကယ်အစီး (၁၀၀) ကျော်ရှိတယ်။ ခရီးသွားဧည့်သည်တွေက စီးမယ် တောင်းဆိုတဲ့အခါ မငှားဘူးလို့ ပြောလို့ရပါ့မလား။ ဧည့်သည်တွေက သတ်မှတ်လမ်းမှာပဲ စီးပါမယ်လို့ လက်မှတ်ထိုးပေးတာ မဟုတ်ဘူး။ သူတို့ကို ငှားလိုက်ရင် ကမ်းခြေမှာပဲစီးကြတာများတယ်။ စီးပွားရေးက သိပ်ကောင်းတာမဟုတ်ဘူး။ ဒီနှစ်ဆို ပိုဆိုးတယ်။ အခု ဆိုင်ကယ်ငှားလို့ အရေးယူခံရသူတွေရှိတယ်။ ကိုညီငှားလိုက်တဲ့ ဆိုင်ကယ်ဆိုပါစို့။ အဲဒီဆိုင်ကယ်ကို ကမ်းခြေမှာ စီးတဲ့အခါ နံပါတ်ကို မှတ်ထားပြီး ဒဏ်ငွေရိုက်တယ်၊ တခါရိုက်ရင် (၅,၀၀၀) ကျပ်။ ကျနော်တို့ ငှားလို့ရတဲ့ ပိုက်ဆံက (၃,၀၀၀) ကျပ်ကနေ (၁၀,၀၀၀) ကျပ်ထိရှိတယ်။ (၁၀,၀၀၀) ကျပ်က ရံဖန်ရံခါပဲရတယ်။ တနေကုန်နီးပါးပဲ။ အခု ဒဏ်ငွေ (၅,၀၀၀) ကျပ် ရိုက်ပြီး နောက်နေ့မှာ ဧည့်သည်ကို ငှားမိလို့ ဧည့်သည်က ကမ်းခြေမှာပဲစီးဖို့ တောင်းဆိုလို့ ကမ်းခြေမှာစီးမိတာကို နောက်ထပ် နံပါတ်မှတ်ထားပြီး ဒဏ်ရိုက်တယ်။ (၃) ခါ ဒဏ်ရိုက်ပြီး လိုင်စင်ပါပိတ်တယ်လို့ လုပ်ပစ်ရော” ဟု ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်ငှားသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ရှမ်းခေါင်းဆောင် ဦးရွှေအုံး ရွေးကောက်ပွဲဝင်ရေး ပြင်ဆင်နေပြီ
နန်းဒေ၀ီ
သောကြာနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္စျိမ)။ ။ ၀ါရင့်ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံးက ပါတီထောင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရေး စိုင်းပြင်းနေသည်။

ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် ''ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့" ဟု ပါတီကို အမည်ပေးထားပြီး၊ ပါတီဖွဲ့စည်းရေးအတွက် အဖွဲ့ဝင် ၈ ဦးပါ ဖြစ်မြောက်ရေး ကော်မတီတခုကို ယခုလ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

"လူမျိုးစုအားလုံး ဗမာ အပါအ၀င် ၁၃၅ စုကို ကိုယ်စားပြုပြီး ဖွဲ့မယ်။ နေပြည်တော်ကို စာတော့ ပို့ထားတယ်၊ ပါတီဖွဲ့မယ့်အကြောင်း။ ဖွဲ့ခွင့် ရ၊ မရဆိုတာ အစိုးရက စည်းမျဉ်းတွေ ကြေညာပြီး ပါတီမှတ်ပုံတင်ပြီးမှ သိရမယ်" ဟု အသက် ၈၆ ရှိပြီဖြစ်သော ဦးရွှေအုံးက ပြောသည်။

အာဏာပိုင်များဘက်က တရားဝင် ခွင့်ပြုလိုက်ပါက လူမျိုးရေး ခွဲခြားမှုမပြုဘဲ အားလုံးကို အသင်းဝင်အဖြစ် ကြိုဆိုလက်ခံမည်ဟု သူက ဆိုသည်။

ဦးရွှေအုံးသည် စစ်အစိုးရက တရားမ၀င်အသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား ညွန့်ပေါင်းပါတီတခုဖြစ်သော စည်းလုံးညီညွတ်သော ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယက အဖြစ် တာဝန်ယူခဲ့သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ဒီချုပ်အတွင်း နှစ်ခြမ်းကွဲနိုင်ဟု စစ်အစိုးရပြော
ဆလိုင်းပီပီ
သောကြာနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ခြမ်းကွဲထွက်ဖွယ်ရှိပြီး အုပ်စုတစုသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟူ၍ နအဖ တပ်မှူးများ အစည်းအဝေးမှတ်တမ်းတရပ်က ဆိုသည်။

ဒီချုပ်အတွင်း အကွဲအပြဲ ဖြစ်ပေါ်လာပြီး ဂိုဏ်းကွဲတခုသည် နောက်ထပ် နိုင်ငံရေးပါတီတရပ်အဖြစ် အမည်ပြောင်း၍ ရွေးကောက်ပွဲဝင်ဖွယ်ရှိသည်ဟု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အစည်းအဝေးတရပ်တွင် တက်ရောက်လာသော စစ်တပ်အရာရှိကြီးများကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်စိုးဝင်းက စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့သွားရာ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍မူ ရှေ့သို့ဤလမ်းကြောင်းအတိုင်း ဆက်သွားမည်ဖြစ်ကြောင်း အကောင်းပြောသွားသည်။

သို့သော်လည်း ဒီချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ ဒီချုပ်ကွဲမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေမရှိကြောင်း ငြင်းဆိုသလို၊ စစ်အစိုးရက သူ့စိတ်ထဲဖြစ်ချင်သည်များကို ပြောနေခြင်းသာဖြစ်သည်ဟု ပြောဆိုလိုက်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ကြွက်နှိပ်စက်သည့် ချင်းပြည်နယ် ၂၀၀၉ ထိ ရိက္ခာစိုးရိမ်ရ
NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉


ချင်းပြည်နယ်တွင် ၂၀၀၇ နှစ်ဆန်းမှစပြီး ကြွက်အများအပြား သီးနှံများကို ဖျက်ဆီးသဖြင့် ၂၀၀၉ နှစ်လယ်ပိုင်းထိ ရိက္ခာအခြေအနေစိုးရိမ်ရသည်ဟု FAO/WFP အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် ကြွက်ဖျက်ဆီးသည့်အတွက် စပါးဧက (၁,၇၀၀)၊ ပြောင်းဧက (၁,၀၀၀) နီးပါး ပျက်စီးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် လူဦးရေး (၅၃၄,၀၀၀) ရှိပြီး စားနပ်ရိက္ခာဆင်းရဲမှု သတ်မှတ်ချက်အောက် လူဦးရေမှာ (၂၁၃,၆၀၀) ရှိသည်။ ချင်းပြည်နယ်တွင် တနှစ်အတွက် စားနပ်ရိက္ခာလိုအပ်ချက် တန်ချိန် (၂၃,၀၀၇) ရှိသည်ဟု ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
အာဆီယံဒေသတွင်း ယဉ်ကျေးမှုပစ္စည်းများ တရားမ၀င်လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း ကာကွယ်ထိန်းသိမ်းရေး ထိရောက်စွာဆောင်ရွက်ပြီ

အာဆီယံဒေသတွင်း ယဉ်ကျေးမှုဝတ္ထုပစ္စည်းများ တရားမ၀င် လွှဲပြောင်းခြင်းနှင့် တရားမ၀င် ကူးသန်းရောင်းဝယ်ခြင်းများ ကာကွယ် ထိန်းသိမ်းရေးအတွက် ဥပဒေများပြင်ဆင်ကာ ထိရောက်စွာ ဆောင်ရွက်ပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း နိုင်ငံများအတွင်း သက်တမ်းကြာ မြေအောက်ယဉ်ကျေးမှု ပစ္စည်းများသာမက ယနေ့ခေတ် လက်ရာအနုပညာ ပစ္စည်းများအထိ တရားမ၀င် လွှဲပြောင်းခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်းများကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး အမျိုးသားကော်မတီသည် နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုဝန်ကြီးဌာန၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံးတို့နှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယခုအခါ အင်္ဂလိပ်အစိုးရ လက်ထက်တွင် ရေးဆွဲခဲ့သည့် ဥပဒေအား "ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ" ဟုခေါ်တွင်စေကာ ယခင် ဥပဒေ အပိုဒ်ခွဲ(ခ)၌ ပါရှိသော ဥပဒေတွင်ပါဝင်သည့် "၁၈၈၆ခုနှစ် မတိုင်မီက တည်ရှိသော" စကားရပ်ကို "ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံဟု ဦးစီးဌာနက စုံစမ်းစစ်ဆေးသည့် နေ့ရက်မတိုင်မီ နှစ်ပေါင်း ၁၀၀ ကတည်ရှိသော"ဟူ၍လည်းကောင်း၊ အပိုဒ်ခွဲ (ဂ)တွင်ပါရှိသော "၁၈၈၆ခုနှစ်မ တိုင်မီကတည်ရှိသော"စကားရပ်အား "ရှေးဟောင်းနေရာဟု ဦးစီးဌာနက စုံစမ်း စစ်ဆေးသည့် နေ့ရက်မတိုင်မီ နှစ်ပေါင်း ၁၀၀ကတည်ရှိသော"ဟူ၍လည်းကောင်း၊ ဥပဒေပုဒ်မ ၂၄နှင့် ပုဒ်မ ၂၅တို့တွင် ပါဝင်သောငွေဒဏ်များကို "ငွေဒဏ်ဖြစ်စေ" ဆိုသည့် စကားရပ်ဖြင့်လည်းကောင်းနှင့် ဥပဒေပုဒ်မ ၂၈ကို "မည်သူမဆို ပုဒ်မ ၂၇ အရ ချမှတ်သည့် အမိန့်ကို လိုက်နာရန် ပျက်ကွက်လျှင် ယင်းအမိန့်ကို လိုက်နာရန်
ပျက်ကွက်သည့်နေ့ အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ် ကျပ် တစ်သောင်းမှ ကျပ် တစ်သိန်းအထိ ချမှတ်ခြင်းခံရမည်"ဟု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီက ၂၀၀၉ ဇန်န၀ါရီ ၂၀ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
( ၀ိကလီး အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
မြန်မာနိုင်ငံရှိ ကြက်ဘဲခြံအချို့ ဇီဝလုံခြုံမှုစနစ်လိုက်နာဆောင်ရွက်ရန် အားနည်းနေ
ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု မရှိစေရန် မြန်မာနိုင်ငံတစ်ဝှန်း ကြက်၊ ဘဲခြံများတွင် ဆောင်ရွက်လျက်ရှိသည့် ဇီဝလုံခြုံမှုစနစ် လိုက်နာဆောင်ရွက်မှု အားနည်းနေကြောင်း သိရသည်။
ဆောင်းကာလ ကြက်ငှက်တုပ်ကွေးရောဂါ မကျရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ကြက်ဘဲခြံများ၌ ဇီဝလုံခြုံမှု Bio Security ကို ဦးဆောင် ဆောင်ရွက်လျက်ရှိရာ တိုင်းနှင့်ပြည်နယ်အချို့ရှိ ကြက်ဘဲခြံများတွင် လိုက်နာဆောင်ရွက်မှု အားနည်းလျက်ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းစိန်က ထုတ်ဖော်ပြောကြားလိုက်သည်။
(၀ိကလီ အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၃၁ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
မြန်မာ သတင်း


ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် စနေနေ့နံနက်က မြန်မာနိုင်ငံသို့ နောက်တကြိမ် လာရောက်လည်ပတ်ရာ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြားဝင်ဆောင်ရွက်နေသော ကိုယ်စားလှယ်တော်ကြီး၏ ခုနှစ်ကြိမ်မြောက် ခရီးစဉ်ဖြစ်လာသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အေအက်ဖ်ပီသတင်းတရပ်တွင်တော့ မစ္စတာဂမ်ဘာရီသည် ခရီးစဉ်တခုလုံးတွင် ရန်ကုန်တွင်သာနေမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဟု ရေးသားထားသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
*****
ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည့်ရန် တိုင်းမှူးပြော
မုံပီး
စနေနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ) – နိုဝင်ဘာလအတွင်းဖြစ်ပွါးခဲ့သောရေကြောင်းပိုင်နက် အငြင်းပွါးမှုအပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံကို သတိနှင့်စောင့်ကြည့်ကြရန် မြန်မာစစ်ဗိုလ်ချုပ်များက တပ်မှူးများနှင့်စစ်အရာရှိများကို အစည်းအဝေးတရပ် တွင်သတိပေးပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရန်လိုသောအိမ်နီးချင်းနိုင်ငံအဖြစ်ယူဆထားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်ရေး လှုပ်ရှားမှုများကို သတိထားစောင့်ကြည့်ရန် တပ်မှူးများနှင့်စစ်အရာရှိများအား မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက မကြာသေးခင်ကကျင်းပခဲ့သော အစည်းအဝေးတရပ်တွင် သတိပေးပြောကြားသွားခဲ့ခြင်းဖြစ်ပါသည်။

မဇ္ဈိမ ကရရှိထားသော အစည်းအဝေးမှတ်တမ်းအရ မြန်မာနိုင်ငံသည် မိမိရေပိုင်နက် အတွင်းနှင့်စီးပွါးရေးဇုံအတွင်း ရေနံဓါတ်ငွေ့ရှာဖွေနေခဲ့သော်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံက အပြင်းအထန်ကန့်ကွက်၍ မြန်မာနိုင်ငံကဆုတ်ခွါပေးခဲ့ရကြောင်း ဖော်ပြထားပါသည်။

"ပြောရမယ်ဆိုရင်တော့ ဒါဟာဘင်္ဂလာဒေ့ရှ်က ရန်စတာပဲ" ဟု ဗိုလ်ချုပ်စိုးဝင်းကပြောသွားပြီး ဗိုလ်ချုပ်ကြီးများကိုစီးပွါးရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသော အမေရိကန်နိုင်ငံကိုလည်း ဤသို့ရေနံဓါတ်ငွေ့ ရှာဖွေမှုများကိုဆန့်ကျင်ရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နောက်မှထောက်ခံအားပေး၍ လှုံ့ဆော်ပေးခဲ့သည်ဟု စွပ်စွဲပြောဆို ထားပါသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
***** ***** *****

ဇန်န၀ါရီလ ၂၆ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


ဂွာတာနာမို ပင်လယ်အော် မှ လွတ်မြောက် အကျဉ်းသား ယီမင် အယ်လ်ကိုင်းဒါးနှင့် ပေါင်းမိ

ဂွာတာနာမို အကျဉ်းထောင်ကြီးမှ ပြန်လည် လွတ်မြောက်လာသူ တဦးသည် ယီမင်နိုင်ငံရှိ အယ်လ်ကိုင်းဒါး အကြမ်းဖက် အုပ်စုနှင့် ပြန်လည် ဆက်သွယ် ပေါင်းစည်းသွားကြောင်း သိရှိရသည်။

ထောင်ကြီးထဲတွင် (၆)နှစ်ကြာ နေခဲ့ရသည့် ဆော်ဒီအာရေးဘီယားလူမျိုး အလီ အယ်လ်ရှီဟရီသည် အဖွဲ့နှင့် ပြန်လည် ပေါင်းစည်းမိပြီဟု အယ်လ်ကိုင်းဒါးတို့က အင်တာနက်တွင် လွှင့်တင်ခဲ့သည်။ ၎င်းတို့ အနေနှင့် ယီမင်ရှိ အယ်လ်ကိုင်းဒါး အဖွဲ့ခွဲတွင် ခေါင်းဆောင်တဦးအဖြစ် နေရာပေး ချီးမြှောက်ခံရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဂွာတာနာမိုတွင် အကျဉ်းသားအမှတ် (၃၇၂)ဖြင့် ကျခံခဲ့ရသည့် အယ်လ်ရှီ ဟရီသည် ဆော်ဒီကို စွန့်ခွာပြီး ညီအစ်ကိုတော် အယ်လ်ကိုင်းဒါး တို့နှင့် ပေါင်းစည်း နိုင်ခဲ့ပြီဟု အဆိုပါအဖွဲ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ယီမင် အဖွဲ့ခွဲတွင် ဒုတိယ ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ယီမင် အစိုးရသည် အမေရိကန်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာမိတ်အဖြစ် ရပ်တည်နေပြီး အယ်လ်ရှီ ဟရီသည် (၂၀၀၀)ခုနှစ် အတွင်းက အဒန် ပင်လယ်ကွေ့တွင် ဗုံးထောင်မှုကြောင့် အမေရိကန် သင်္ဘောသား (၁၇)ဦး သေဆုံးခဲ့မှု အတွက် သင်္ကာမကင်း ဖြစ်ခြင်း ခံရသော်လည်း သက်သေ မခိုင်လုံသဖြင့် ထိုအမှုဖြင့် စွဲချက် တင်မခံရချေ။ ဂွာတာနာမို အကျဉ်းထောင်ကြီးတွင် လက်ရှိ အချိန်ထိ ယီမင် အကျဉ်းသားဦးရေ (၁၀၀) နီးပါးထိ ထိန်းသိမ်းထားကြောင်း သိရှိရသည်။
( လူထုအသံ အွန်လိုင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
မုန်တိုင်းကြောင့် ၁၄ ယောက်အထိ အသက်ဆုံးနေ

လွန်ခဲ့သည့် အပတ်က တိုက်ခတ်ခဲ့သော ဥရောပ တောင်ပိုင်း မုန်တိုင်းကြောင့် ယခုအခါ လူပေါင်း ၁၄ ယောက်အထိ သေဆုံးသွားကြောင်း သိရသည်။ မုန်တိုင်းကြောင့် သစ်ပင်များ ပြိုလဲပြီး အိမ်အမြောက်အများ ပျက်စီးခဲ့ရပြီး ပင်လယ်ရေ မြင့်တင့်လာမှုကြောင့် ရေလွမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိသည်။
( ၂၅၊ ၀၁၊ ၀၉ နေ့ သတင်းမှ )
http://galleri.tv2.dk/index.php/category-Nyhederne/id-20022846/page-4.html
*****
ထောင်ပေါင်းများစွာသော ပြည်သူများ Reykjavík မြို့၌ ဆန္ဒပြ

အိုက်စလန်နိုင်ငံ မြို့တော် Reykjavík တွင် လူပေါင်း ၆၀၀၀ သည် လက်ရှိအစိုးရ၏ စီးပွားရေး လိုအပ်ချက်များကို မကြေနပ်သဖြင့် အစိုးရအား နှုတ်ထွက်ရန် ဖိအားပေး ဆန္ဒပြကြသည်။
ဝန်ကြီးချုပ် Geir Haarde က လာမည့် မေလ ၉ ရက်နေတွင် ကြားဖြတ် ရွေးကောက်ပွဲပြု လုပ်ပေးမည်ဟု သောကြာနေ့က ကတိပေးခဲ့သော်လည်း ဆန္ဒပြသူများက သည်းမခံနိုင် ဖြစ်နေသည်။ ထိုကဲ့သို့ ဆန္ဒပြပြီးနောက် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီး Björgvin Sigurdsson က အစိုးရ အဖွဲ့မှ နုတ်ထွက်ကြောင်း ကျေညာခဲ့သည်။ လွန်ခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေး ပျက်ကပ်တွင် အိုက်စလန်နိုင်ငံသည် အဆိုးဝါးဆုံးခံစားခဲ့ရသည့် အနောက်တိုင်း နိုင်ငံတခု ဖြစ်ခဲ့သည်။ ထိုစီးပွားရေး ပျက်ကပ်ကြောင့် နိုင်ငံလုံး ဒေ၀ါလီ ခံရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။
http://www.kristeligt-dagblad.dk/modules/xphoto/slideshow.php?slideshowid=178808&imageid=192800

******
၂၀၀၉ ၏ အလှမယ် အမေရိကန်

၂၃ နှစ်အရွယ်၊ တက္ကသိုလ်ကျောင်းသူ တယောက်ဖြစ်သော Katie Stamသည် အင်ဒီးယန်းနားပြည်နယ်ကနေ အမေရိကန် မယ်ရွေးပြိုင်ပွဲ ယှဉ်ပြိုင်ပြီး ယခုနှစ် ၂၀၀၉ အတွက် အမေရိကန် အလှမယ်တယောက်အဖြစ် ရွေးချယ်ခံရသည်။ ဆုအဖြစ် အမေရိကန် ဒေါ်လာ ၅၀.၀၀၀ ရရှိမည် ဖြစ်သည်။
http://www.missamerica.org/competition-info/national-contestants.aspx?state=Indiana&year=2009&GO=GO!

*****
တောင်တက်သမားများ ဆီးနှင်း ဖုံးလွမ်းပြီး သေဆုံး

တူရကီနိုင်ငံ မြောက်ဖက်၊ ပင်လယ်နက်နှင့် ကပ်လျက်ရှိသည့် တောင်တန်းများတွင် ဆီးနှင်းမုန်တိုင်းကျရာက်ပြီး ရာသီဥတုဆိုးဝါးသဖြင့် တောင်တက်သမား ၁၀ ဦးသေဆုံးခဲ့ပြီး ၇ ဦးကို အသက်ကယ်ဆယ်ရေး လုံခြုံရေးအဖွဲ့နှင့် ဒေသခံများ ပူးပေါင်းပြီး ရှာဖွေ ကယ်တင် နိုင်ခဲ့သည်။
http://www.cnnturk.com/fotogaleri/turkiye/2009/01/25/zigana.daginda.cig.10.can.aldi/3291/index.html
*****
တရုတ် အစိုးရ သတင်းစာက ဘုရှ် နှင့် အိုဘားမားကို ဝေဖန်တိုက်ခိုက်


တရုတ်နိုင်ငံ အစိုးရပိုင် China Daily သတင်းစာက အမေရိကန် သမတ အိုဘားမား နှင့် ဘုရှ် တို့အား ဝေဖန် တိုက်ခိုက် ပြောဆို လိုက်သည်။

အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော အဆိုပါ သတင်းစာတွင် အမေရိကန် သမတများသည် ၎င်းတို့ နိုင်ငံမှာ ကမ္ဘာ့ ခေါင်းဆောင် နေရာကို ရယူထားကြောင်း အမြဲတမ်း အရှက်မရှိ ပြောဆို နေကြသည် ဟု ရေးသား ထားသည်။ ကွန်မြူနစ် ပါတီ အနေနှင့် အိုဘားမား၏ မိန့်ခွန်းအတွင်း ပါရှိခဲ့သော ကွန်မြူနစ်ဝါဒ ဆိုသည့် စကားလုံးကို ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သလို အမေရိကန် ဘက်သို့ မီဒီယာအားဖြင့် ယခုကဲ့သို့ တိုက်ခိုက်မှုမျိုး ပြုလုပ်လာရခြင်း ဖြစ်သည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး လူမျိုးများ အဖြစ် အမေရိကန် ခေါင်းဆောင်တိုင်းက အထင်ရောက် နေကြောင်း သတင်းစာက စွပ်စွဲထားသည်။ ထို့အပြင် အိုဘားမား အနေနှင့် ကမ္ဘာ့ ကောင်းကျိုးကို အမှန်တကယ် ဖော်ဆောင်နိုင်မည့် ခေါင်းဆောင်တဦး ဟုတ် မဟုတ် ဆိုသည်မှာ မိန့်ခွန်း ပြောနေရုံဖြင့် မလုံလောက်ဘဲ လက်တွေ့တွင် ဘာလုပ်ပြမည်ကို စောင့်ကြည့်ရမည်ဟု China Dailyက ရေးသား ထားသည်။ အိုဘားမားကို အမှန်တကယ် သမတ ဖြစ်လာစေသည်မှာ ၎င်း၏ အရည်အသွေးထက် ကမ္ဘာ့ စီးပွားပျက်ကပ် ဖြစ်ပွားလာသည်က အဓိကကျသော အကြောင်းရင်း ဖြစ်ကြောင်း၊ အမေရိကန် သမတသစ်သည် အင်အားကြီး နိုင်ငံတစ်ခု၏ ခေါင်းဆောင် ဖြစ်လာရုံနှင့် ကမ္ဘာ့ခေါင်းဆောင်ကြီး ဖြစ်လာပြီဟု ထင်နေခြင်းသည် အခြေအမြစ် လုံးဝမရှိကြောင်း သတင်းစာတွင် ရေးသား ဖေါ်ပြထားသည်။
( လူထုအသံ အွန်လိုင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ကမ္ဘာအနှံအပြား တရုတ်နှစ်သစ်ကူး ဆင်နွဲနေသည့် ဓါတ်ပုံများ
http://galleri-dyn.tv2.dk/index.php/category-Nyhederne/id-20044147/page-12.html

ကျူးဘား တရုတ် မြောက်ကိုးရီးယား၏ တရုတ်နှစ်သစ်ကူး ပွဲတော်
http://nyhederne.tv2.dk/article.php/id-20046050.html

*****

ဂေါဒင် ဘလောင်းအပေါ် ကြိုတင် စစ်တမ်းကောက်


ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒင် ဘလောင်း၏ အာဏာရ လေဘာပါတီသည် ပြည်သူများ၏ ကြိုတင်စစ်တမ်းကောက်ယူချက်အရ ထောက်ခံမှု နားပါးကြောင်း သိရသည်။ လေဘာပါတီသည် ကွန်ဆာဗေးတစ်ပါတီထက် ၁၅ ရာခိုင်နှုန်း ထောက်ခံမှု လျော့ကျနေကြောင်း စစ်တမ်းအရ သိရသည်။
ထိုစစ်တမ်းသည် ၂၀၁၂ ရွေးကောက်ပွဲ၏ အခြေခံ ရလဒ်တခုဖြစ်၍ မဲပေးခွင်ရှိသူများအပေါ် “ သင်၊ မည်သူ့ကို မဲပေးမည်နည်း” ဖြင့် စစ်တမ်း ကောက်ယူချက် ဖြစ်သည်။
*****
ဟော်လန် အကြီးဆုံး ဘဏ်တွင် အလုပ်သမား ၇၀၀၀ အလုပ်ဖြုတ်

ဟော်လန်နိုင်ငံတွင် အကြီးဆုံး ဘဏ်တခုဖြစ်သော ING ကုပဏီ၏ ကမ္ဘာအရပ်ရပ်မှ အလုပ်သမား ၇၀၀၀ ဦး၊ အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ကမ္ဘာ့စီးပွားရေး ဂယက်အတွင်း ဟော်လန်အစိုးရက ထိုဘဏ်အား ဘီလျံ ၁၀ ယူရို အကူအညီပေးရန်အတွက် ကြိုးပမ်းခဲ့သေးသည်။ ဟော်လန် ING ဘဏ်သည် ကမ္ဘာ့အကြီးဆုံး ဘဏ်တခုဖြစ်ပြီး ဖေါက်သည်ပေါင်း ၈၅ သန်းနှင့် ဘဏ်အမှုထမ်းပေါင်း ၁၃၀. ၀၀၀ ဖြင့် လည်ပတ်လျက်ရှိသည်။
*****
အမေရိကန် စစ်သား ၄ ယောက် သေဆုံး

အမေရိကန် စစ်သုံး ရဟတ်ယဉ် ၂ စီး၊ မြောက်ဖက် အီရတ်နိုင်ငံတွင် ထိုးကျ ပျက်စီးသွားသဖြင့် လေယာဉ်ပေါ်လိုက်ပါလာသည် စစ်သား ၄ ယောက်စလုံး သေဆုံးသွားသည်ဟု အမေရိကန် စစ်ဖက်က ပြောဆိုသည်။ ဘက္ကဒက်မြို့ မြောက်ဖက် ကီလိုမီတာ ၂၅၅ အကွာ၊ Kirkuk မြို့ အနီး ယနေ့ နံနက်တွင် ပျံသန်းနေစဉ် ထိုးကျသွားကြောင်း သိရသည်။ မည်သည့်ကြောင့် ပျက်စီးသွားသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း အမေရိကန် ဗိုလ်မှူးတယောက်က ပြောဆိုခဲ့သည်။ ၂၀၁၁တွင် အမေရိကန်တပ်များ အိရတ်မှ အပြီးသတ် ဆုတ်ခွာမည့်ဖြစ်ပြီး ယခုနှစ် ဂျွန်လအတွင်း၌ အိရတ်နိုင်ငံ မြို့အတွင်းမှာ အခြေစိုက်ထားသည့် အမေရိကန်တပ်ဖွဲ့များက မြို့တွင်းမှ ဆုတ်ခွာပေးရန် ရှိသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဋ္ဌာန စာရင်းအရ အီရတ်တွင် အမေရိကန်တပ်သား ဦးရေ ၁၄၃.၀၀၀ ရှိနေသည်ဟု ဆိုသည်။
*****
တိုက်ရိုက် သံတမန်ဆက်သွယ်ချင်သော အမေရိကန်

အသစ်ခန့်အပ်ခံရသော အမေရိကန် ကုလ ကိုယ်စားလှယ်က အီရန်၏ နယူးကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး အီရန်နိုင်ငံကို တိုက်ရိုက် ဆက်သွယ်မှု ပြုလုပ်ချင်သည်ဟု ပြောဆိုသည်။ ထိုကဲ့သို့ ညူးကလီးယား ပရိုဂရမ်တွက် အကြံအဥာဏ်များကို ကူညီပေးပြီး တချိန်တည်းမှာပင် ဆက်ဆံရေး ကောင်းမွန်အောင် တိုး၍ ပြုလုပ်ချင်သည်ဟု ဆိုသည်။ “ ဆက်လက်မြင်လိုသည်က နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် တိုးတက်အကျိုးဖြစ်ထွန်းရန် နှင့် အီရန်နိုင်ငံအနေဖြင့် လုံခြံရေးကောင်စီ၊ ဂျာမဏီ နီုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်” ကိုယ်စားလှယ်အသစ် စူစန် ရိုက်စ်က တနင်္လာနေ့တွင် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
*****
အိုဘားမားက ဥရောပ ခေါင်းဆောင်များနှင့် ဖုန်းပြောဆိုခဲ့

သမတသက်တမ်း တပတ်အတွင်း အိုဘားမားသည် ရှရှားသမတ၊ ပြင်သစ်သမတနှင့် ဂျာမဏီ ၀န်ကြီးချုပ်တို့နှင့် အိမ်ဖြူတော်ကနေ တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့သည်ဟု အိုဘားမား၏ ပြောခွင်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။ တခြားသော ဥရောပနိုင်ငံများနှင့်လည်း ရုံးလုပ်ငန်းသဘောအရ ဆက်လက် ဖုန်းဆက်သွယ်မည်ဟု သိရသည်။ ရှရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က “ ဧပြီလတွင် ပြုလုပ်မည့် ဂါဇာအရေး ထိပ်သီးဆွေးနွေးပွဲ အင်္ဂလန်နိုင်ငံတွင် ရှရှားနှင့် အမေရိကန် သမတ ၂ ဦး တွေ့ဆုံ ဆွေးနွေးမည်ဟု ပြောဆိုခဲ့သည်။
******
အင်ဒီးယန်းနား အာဏာ

ဘိုလီဗီးယားနိုင်ငံ နိုင်ငံတော်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက အင်ဒီးယန်းအနွယ် သမတ အိဗို မိုရာလစ် အား ၆၀ ရာခိုင်နှုန်းခန့် ထောက်ခံမဲပေးပြီး ရွေးချယ်လိုက်သည်။
*****
ဇန်န၀ါရီလ ၂၇ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


အမေရိကန် မိခင် ကလေးအမွှာ ၈ ယောက် မွေးဖွား

အများ ထင်မြင်သည်က ထိုမိခင်လောင်းတွင် ကလေး ၇ ယောက် ဖွားမြင်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ထိုမိခင်၌ ကလေး ၈ ယောက်အထိ မွေးဖွားခဲ့သည်။ ကလေး အားလုံး ကျန်းမာစွာဖြင့် ရှိနေကြောင်း၊ အားလုံးသည်လည်း အသက်ရှင်ဖို့ အခွင့်အလမ်း များစွာ ရှိကြောင်းဟု သားဖွားဆရာဝန် Karen Maples က ပြောဆိုသည်။
ကိုယ်ဝန်ဆောင် မိခင်တယောက် အချိန်တခုအတောအတွင်းပင် ကလေး ၈ ယောက်အား မနေ့က အောင်မြင်စွာ မွေးဖွားခဲ့သည်၊ ယောင်္ကျားကလေး ၆ ယောက်နှင့် မိန်းကလေး ၂ ယောက် မွေးဖွားပြီး ယခုအခါ နိယွန်ဓါတ်ငွေ့ အခန်းတွင် ထားရှိလျက် ကျန်းမာစွာ ရှိနေသည်၊ ထိုကလေးများကို ၉ ပတ်၊ စောပြီး မွေးဖွားခဲ့၍ တယောက်နှင့် တယောက် ၅ မိနစ်သာခြားပြီး မွေးဖွားခဲ့သည်။ သားဖွားဆရာဝန်၊ သူနာပြုနှင့် ကလေး ကျန်းမာရေး ပြုစုစောင့်လျှောက်သည့် သူနာပြုများ အားလုံး ၆၄ ယောက်ကျော်ဖြင့် ကလေးများအား မွေးဖွားပေးခဲ့သည်ဟု Los Angeles- Bellflower ဆေးရုံမှ ဆရာဝန်များထံမှ သိရသည်။
*****
ကာလ၀မ်းရောဂါကြောင့် လူပေါင်း ၃၀၀၀ ခန့် သေဆုံးနေ

ဇင်ဘာဘွေနိုင်ငံ ကာလ၀မ်းရောဂါ ဆိုးဝါးစွာ ကူးစက် ဖြစ်ပွားနေသောကြောင့် လူပေါင်း ၅၆.၀၀၀ ကျော် ရောဂါကူးစက် ဆိုးဝါးစွာ ခံစားနေရပြီး ၃၀၀၀ ဦးခန့် သေဆုံးခဲ့ကြောင်း WTO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြေဆိုခဲ့သည်။ ကာလ၀မ်းရောဂါ ကူးစက်မှုသည် လွန်ခဲ့သည့်နှစ် သြဂုတ်လမှ စတင်ပြီး ကူးစက်ပြန့်ပွားခဲ့သည်။
*****
ကွန်ဂရက်သို့ အလည်အပတ်ရောက်ခဲ့သော အိုဘားမား

ယနေ့တွင် သမတ အိုဘားမားသည် ကွန်ဂရက်သို့ သွားရောက် လည်ပတ်ပြီး ရီပတ်ပရီကင် အမတ်များအား သူ၏ ၈၂၅ သန်းတန် အကူအညီပေးရေး အစီအစဉ်ကို ချပြဆွေးနွေး မေတ္တာရပ်ခံခဲ့သည်။
သမတ အိုဘားမားသည် ကွန်ဂရက်သို့ အချိန်စော၍ ရောက်လာခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် အမေရိကန် သမတများသည် အခုလို တိုတောင်းလှသော အချိန်တွင် ကွန်ဂရက်သို့ လာရောက်ခြင်းမရှိပေ ဟု ရီပတ်ပရီကင်အုပ်စု၏ ကိုယ်စားပြု ခေါင်းဆောင် John Boehner
က ပြောဆိုခဲ့သည်။ ပြီးနောက် သူက အိုဘားမား အစိုးရ၏ အကူအညီပေး စီမံကိန်းကို ထောက်ခံမည် မဟုတ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။http://www.blogger.com/img/blank.gif
*****
ဇန်န၀ါရီလ ၂၈ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


စီးပွားရေး ပျက်ကပ်ကြောင့် မိသားစုတစု သေဆုံး

အမေရိကန်ပြန်ထောင်စု လော့အိပ်ဂျယ်လီမြို့ အနီး Wilmington မြို့ငယ်လေးတွင် မိသားစုတခုတွင် ဖခင်ဖြစ်သူက မယားဖြစ်သူနှင့် ကလေး ငါးယောက်စလုံးကို သေနတ်ဖြင့် ပစ်သတ်ပြီးမှ ကိုယ်တိုင်လည်း မိမိကိုယ်ကို မိမိ အဆုံးစီရင်သွားသည်။
မိမိအနေဖြင့် မည်သို့ ပြုလုပ်မည်ဟု စာတစောင်ကို ပြည်နယ် ရုပ်မြင်သံကြားဋ္ဌာနအား ပေးပို့ခဲ့ပြီး မိသားစု တစုလုံး အဆုံးစီရင် သွားခြင်း ဖြစ်သည်။ ပုလိပ်ဋ္ဌာနက အရေးပေါ် ရောက်ရှိလာသော်လည်း နောက်ကျခဲ့သည်။ ဖခင်ဖြစ်သူသည် မိမိ၏ ဇနီးအား အရင် သတ်ပြီးမှ ၈ နှစ်၊ သမီးအရွယ် တယောက်၊ ၅ နှစ်ရွယ် အမွာ မိန်းကလေး ၂ ယောက်နှင့် ၂ နှစ်အရွယ်၊ အမွှာ သား နှစ်ယောက်အား သတ်ပြီး နောက်ဆုံးမှ ဖခင်ဖြစ်သူက မိမိကိုယ် မိမိ သတ်သေသွားသည်။
လူတယောက်ဆီက စာတစောင် ရရှိကြောင်း၊ ထိုစာထဲတွင် မိသားစုအားလုံး သေကြောင်းကြံစည်မည်ဖြစ်ကြောင်းနှင့် ထိုသို့ ပြုလုပ်ရခြင်းသည် မိမိတို့တွင် အလုပ်ပြုတ်ခဲ့သောကြောင့် ဖြစ်သည်ဟု လူတယောက်ဆီမှ စာတစောင်ရရှိသည်ဟု ပုလိပ်ဋ္ဌာနက ပြောဆိုသည်။
*****
မူးယစ်ဆေးဝါးရောင်းဝယ် မှုခင်းများ ဖြစ်ပွားပြီး လူ ၂၂ ယောက် သေဆုံး

မက္ကစီကိုနိုင်ငံ မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်ကြပြီး ဥပဒေမဲ့ အကြမ်းဖက်မှုတခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂ ယောက် အချင်းချင်း ပစ်ခတ်သေဆုံးခဲ့သည်။ ဇန်န၀ါရီလ ၂၇၊ ၂၈ ရက်အတွင်း အမေရိကန်ပြည်ထောင်စု နယ်စပ်အနီးတွင် လူသေလောင်းများကို တွေ့ရှိသည်ဟု သိရသည်။
ယခုနှစ် နှစ်သစ်ကူးတွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ရင်း အကြမ်းဖက်မှုများဖြစ်ခဲ့သဖြင့် အနည်းဆုံး လူပေါင်း ၁၁၉ ယောက် သေဆုံးခဲ့သည်။ လွန်ခဲ့သော နှစ်အတွင်း မူးယစ်ရောင်းဝယ်ဖောက်ကားရင်း ရာဇ၀တ်မှုဖြင့် လူပေါင်း ၅၃၀၀ သေဆုံးခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ မက္ကစီကို အစိုးရအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရန် စစ်သားပေါင်း ၃၆၀၀၀ ဦး၊ သုံးစွဲထားသည်ဟု သိရသည်။
*****
မြေအောက် လှိုင်ဂူလမ်းကြောင်းကို တိုက်ခိုက်

အစ္စရေး ဗုံကျဲ စစ်လေယာဉ်များသည် အီဂျစ် ဂါဇာ နယ်စပ်ရှိ မြေအောက် ဥမင် လမ်းကြောင်းများကို ဒုံးကျသည်များဖြင့် ၂၈ရက်၊ ညအချိန်တွင် တိုက်ခိုက်ခဲ့သည်။ ထို ဥမင် လမ်းကြောင်းသည် အီဂျစ်မှ ဂါဇာအတွင်း ဆက်သွယ်သည့် လမ်းကြောင်းဖြစ်ပြီး ပါလက်စတိုင်း လက်နက်ကိုင်များက လက်နက်များနှင့် တရားမ၀င်သည့် ပစ္စည်းများကို သယ်ဆောင်ရာတွင် အသုံးပြုသည့် လမ်းကြောင်းများ ဖြစ်သည်။ ဗုံးပေါက်ကွဲသံ ဒါမဟုတ် ဒုံးကျည်ပေါက်ကွဲ လိုလို ကြီးမားသည့် ပေါက်ကွဲသံကြားခဲ့ပြီး မည်သူ့မှ ရောက်လာခြင်း မရှိခဲ့ပါဟု နယ်စပ်အနီးနေထိုင်သော လူတဦးက ပြောသည်။ အစ္စရေး တို့၏ အရေးကြီးဆုံး ပစ်မှတ်ဖြစ်သော ထိုဥမင်လမ်းကြောင်းတန်းတခုကို လွန်ခဲ့သည့် ဂါဇာထိုးစစ်အတွင်း တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်။ အစ္စရေးစစ်တပ် ပြောခွင့်ရ အမျိုးသမီးတဦးက “ တိုက်ခိုက်မှုကို သူမအနေဖြင့် မသိရကြောင်း၊ သို့သော် သူမအနေဖြင့် ထိုသတင်းကို ရှာဖွေ စုံစမ်းမည် ” ပြောခဲ့သည်။
http://www.youtube.com/watch?v=f9IL86T6Nc8
*****
ဒီန်းမတ်နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားသုံး ကား စတင် အသုံးပြုမည်

ရေနံ မှီခိုမှုကို အန်တုရန်အတွက် လာမည့် ၂၀၁၁ ခုနှစ်တွင် ဒီန်းမတ်နိုင်ငံအတွင်း လျှပ်စစ် ဓါတ်အားဖြင့် မောင်းနှင်သောကား ၁၀၀.၀၀၀ စီး၊ စတင် အသုံးပြုမည်ဟု သိရသည်။ ဒီန်းမတ်နိုင်ငံသည် အစိမ်းရောင် ( သဘာဝ ) စွမ်းအင်မှ ရသော လျှပ်စစ်ဓါတ်အား အသုံးပြုဆုံး နိုင်ငံများတွင် ပါဝင်သည်။
*****
ရှားပါး လူဝံများ ပြောင်းရွေ့

သစ်တောများ ပြုန်းတီးမှုကြောင့် သစ်ပင်များတွင် နေထိုင်သော လိမ်မော်ရောင် လူဝံ ( မျောက်မျိုးတမျိုး ) သည် ဆူမာတြားနှင့် ဘောနီယိုကျွန်းတွင် အကောင်ပေါင်း ၂၅၀၀၀ မျှသာ ကျန်ရှိတော့ကြောင့် သိရသည်။ ထိုမျောက်မျိုးသည် ကမ္ဘာ့ နို့တိုက်သတ္တ၀ါမျိုးတွင် အကြီးမားဆုံးဖြစ်ပြီး သစ်ပင်ပေါ်၌သာ အသက်ရှင်နေထိုင်ကြသည်။ သစ်ပင်များ ပရမ်းဗတာ ခုတ်လှဲမှုကြောင့် ထို မျောက်များ အသက်ရှင်နေထိုင်ရန် ခက်ခဲလာသဖြင့် သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေးသမားများက ဖမ်းဆီးပြီး နေရာအသစ်ဖြစ်သော သစ်တောဝိုင်းများသို့ ပြောင်းရွေ့ပေးနေသည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-20080586/page-1.html
*****
အိုဘားမား၏ ပထမဆုံး အလည်အပတ်

အမေရိကန်သမတ အိုဘားမားသည် ကနေဒါဝန်ကြီးချုပ် စတီးဖင် ဟာပါ နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် တရားဝင် ခရီးထွက်မည်ဟု သိရသည်။ အိုဘာမား သမတဖြစ်ပြီးနောက် ပထမဦးဆုံး တရားဝင်လည်ပတ်သည်ဟု အိမ်ဖြူတော် ပြောခွင့်ရ ရောဘတ်ဂိတ်စ်က ပြောဆိုခဲ့သည်။ ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ပဓာနကျသော မဟာမိတ်နိုင်ငံဖြစ်သည့်ဟု ဆက်လက်ပြောဆိုခဲ့သည်။
*****
ကျူးဘားသမတ မော်စကို ရောက်

ကျူးဘားသမတ Raul Castro သည် ရှရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိသွားသည်။ စစ်အေးတိုက်ပွဲအပြီး ပထမဦးဆုံး နိုင်ငံတော် အလည်အပတ်တခုဖြစ်သည်ဟု သိရသည်။
*****
ဆူပူမှုများ ဖြစ်ပွားပြီး လူ ၆၈ ယောက် သေဆုံး

အာဖရိကတိုက် အရှေ့တောင်ဖက်ရှိ မာဒစကာကျွန်းတွင် လူပေါင်း ၆၈ ယောက် သေဆုံးခဲ့သည်ဟု သိရသည်။ ပြင်သစ်နိုင်ငံခြားရေးဋ္ဌာနက ပြောဆိုသည်က လူပေါင်း ၈၀ ခန့် ဆူပူလှုပ်ရှားမှုအတွင်း သေဆုံးသည်ဟု ပြောဆိုခဲ့သည်။ မြိုတော် Antananarivo မြို့လည်ရှိ ဈေးဆိုင်များ မီးလောင်မှုအတွင်း လူပေါင်း ၃၀ ခန့် သေဆုံးသည်ဟု ပုလိပ်ဋ္ဌာန သတင်းမှ သိရသည်။
*****
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ် တရုတ် ငွေလဲနှုန်းကိစ္စအပေါ် တင်းမာ
သတင်းထောက် ဟန်တင်အောင်

အိုဘားမားအစိုးရက မစ္စတာ တီမော်သီ ဂိုက်တ်နာကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်လိုက်ပြီ ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ် တီမော်သီ ဂိုက်တ်နာသည် အသက် (၄၇) နှစ်သာရှိသေးသည့်အတွက် သမ္မတ အိုဘားမားနှင့် သက်တူရွယ်တူ ဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် တရုတ်ယွမ်ငွေလဲလှယ်နှုန်း မသမာသည့်နည်း (Currency Manipulation) ကို အသုံးပြုထားသည့်အတွက် အမေရိကန်အစိုးရသစ်က ဖိအားပြင်းပြင်းထန်ထန်ပေးသွားမည်ဟု ရာဇသံပေးလိုက်သည့်အတွက် ငွေကြေးဈေးကွက်များ တုန်လှုပ်သွားသည်။

တရုတ်ကလည်း စွပ်စွဲချက်မမှန်ကြောင်း ချက်ချင်းချေပပြောဆိုခဲ့သည်။ သို့သော် ဂိုက်တ်နာ၏ စကားကြောင့် တရုတ်အပေါ်ဆက်ဆံသည့် အမေရိကန်နည်းဗျူဟာ ပြောင်းတော့မည်ဟု ကမ္ဘာက နားလည်သွားသည်။ တရုတ်ယွမ်ငွေကို တန်ဖိုးတက်လာအောင် မြန်မြန်လုပ်ရန် အမေရိကန်ပေါ်လစီ ဆုံးဖြတ်သူများက အစောပိုင်းကတည်းက ဖိအားပေးခဲ့သည်။ တရုတ်ယွမ်ငွေကို ခိုင်မာအောင် မလုပ်သည့်အတွက် တရုတ်စီးပွားရေးသာမက ကမ္ဘာ့စီးပွားရေးပါ ဟန်ချက်ပျက်နေသည်ဟု ယူဆကြသည်။

ငွေလဲနှုန်းမသမာသည့် ကုန်သွယ်ဘက် တိုင်းပြည်များစာရင်းကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက (၆) လတကြိမ် ထုတ်ပြန်ပေးရသည်။ ငွေလဲနှုန်းမသမာကြောင်းတွေ့လျှင် အမေရိကန်ဥပဒေအရ အဆိုပါ တိုင်းပြည်ကို ဒဏ်ခတ်ခွင့်ရှိသည်။

တိုင်းပြည်အတော်များများက အမေရိကန်ဒေါ်လာကို မြှင့်ထားပြီး မိမိငွေတန်ဖိုးကို နည်းနိုင်သမျှ ချပေးလေ့ရှိသည်။ တရုတ်အပါအ၀င် နိုင်ငံအချို့က ယင်းသို့ မိမိငွေတန်ဖိုးကို ရှိသင့်သည်ထက် ပိုချပြီး အမေရိကန်တင်ပို့သည့် ကုန်စည်များအတွက် ငွေပံ့ပိုးပေးပြီး အခွန်သက်သာအောင် ရှောင်ခြင်းကို ငွေလဲနှုန်းမသမာသည့်နည်း (Currency Manipulation) ကျင့်သုံးသည်ဟု သတ်မှတ်သည်။ ထိုအချက်သည် အမေရိကန်ဥပဒေနှင့်လည်း ငြိစွန်းသည်။

တရုတ်က (အခြားငွေကြေးများနှင့်) ယွမ်ငွေလဲနှုန်း ချထားသည့်အတွက် တရုတ် အမေရိကန်ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က လိုငွေအများအပြားပြသည့်အဖြစ်ကို ရောက်သည်။ တရုတ်နှင့်ကုန်သွယ်ရာတွင် ဒေါ်လာသန်း (၂၀၀) ကျော် အမေရိကန်က လိုငွေပြနေသည့်အပြင် တရုတ်ဗဟိုဘဏ်တွင် အရန်ဒေါ်လာ ဘီလီယံ (၁,၀၀၀) ပိုက်မိထားသည်။ ယွမ်လဲနှုန်းနိမ့်နေသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်သော်လည်း အမေရိကန်ထုတ်လုပ်သူများ တရုတ်နိုင်ငံ မ၀င်နိုင်ဖြစ်နေသည်။ ကမ္ဘာ့ကုန်သွယ်ရေးလည်း ကမောက်ကမဖြစ်လာသည်ဟု ထောက်ပြကြသည်။

သမ္မတ ဘွတ်ရှ်လက်ထက်တွင် အမေရိကန်က တရုတ်ကို ငွေလဲနှုန်းကိစ္စအတွက် တင်းတင်းမာမာ မဆက်ဆံဘဲ ပျော့ပျောင်းသည့်နည်းဖြင့် ဖျောင်းဖျရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်။ သို့သော် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ် စကားကြောင့် အိုဘားမား အစိုးရသစ်သည် တရုတ်အပေါ် ခပ်တင်းတင်းကိုင်တော့မည်ဟု ကမ္ဘာက နားလည်သွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၂၉ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


အကြမ်းဖက်သမား တဦး သေဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူမြို့တွင် ပုလိပ်နှင့် အယ်လ်ခိုင်ဒါ အစွန်းရောက် အကြမ်းဖက်သမားဟု ယူဆရသော လူတယောက်တို့ ပစ်ခတ်မှုဖြစ်ပွာ၍ အစွန်ရောက် အကြမ်းဖက်သမားတဦး သေဆုံးခဲ့ပြီး၊ ပုလိပ်တယောက် ဒဏ်ရာ အနည်းအကျဉ်း ရရှိသွားသည်။ မြို့၏ စာတိုက်တွင် အကြမ်းဖက်သမားဟု သံသယရှိသော သူတယောက်က မြို့၏ စာတိုက်အတွင်း ၀င်ရောက် ဒမြတိုက်သဖြင့် ပုလိပ်နှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု တူရကီ စီအင်အင်က ဆိုသည်။ ၂၀၀၃ ခုနှစ်က တူရကီနိုင်ငံ အစ္စတန်ဘူမြို့တွင် အယ်လ်ခိုင်ဒါ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ ခန့်၊ သေဆုံးခဲ့သည်။
*****
ဝန်ကြီးချုပ် အသစ်

ပြီးခဲ့သည် အပတ်က အိုက်စလန်နိုင်ငံ၏ စီးပွားရေး ကျဆင်းခဲ့သောကြောင့် လက်ရှိ အစိုးရအား မကြေနပ်မှုများနှင့် ပတ်သက်ပြီး လူထုများက ဆန္ဒပြသဖြင့် အစိုးရအဖွဲ့အသစ် အပြောင်းအလဲတခု ဖြစ်တော့မည်ဟု သိရသည်။ အတိုက်ခံ ဆိုရှယ်ဒီမိုကရက် ပါတီက လွတ်တော်အတွင်း ညွှန်ပေါင်းအစိုးရ ဖွဲ့ရန် အပြီးသတ် ဆွေးနွေးခဲ့ပြီးသည်ဟု သိရသည်၊ ဆိုရှယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် မစ္စ Johanna Sigurdardot­tir, က အိုင်စလန်နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိသည်။ သူမသည် မိန်းမတယောက်နှင့် လက်ထပ်ပေါင်းသင်း နေထိုင်နေသော လူတယောက်အဖြစ် လူသိများသည့် နိုင်ငံရေးသမား တဦး ဖြစ်သည်။
*****
သမ္မတ အိုဘားမားကို သေကြောင်းကြံစည်မည်ဟု ခြိမ်းချောက်

ကိုလိုရာဒို ပြည်နယ်မှ အသက် ၂၀ အရွယ် ယောင်္ကျားတယောက်သည် သမ္မတ အိုဘားမားအား သေကြောင်းကြံစည်မည်ဖြစ်ကြောင်း အီးမေးတစောင်ကို ရေးသားပြီး FBI ဋ္ဌာနာသို့ ပေးပို့သည်ဟု AP သတင်းဋ္ဌာနက ရေးသားဖေါ်ပြသည်။ “ သမ္မတ အိုဘားမားကို သူ ပစ်သတ်လိမ့်မည် ” ဟု ထို အီးမေးတွင် ရေးသားထားသည်ဟု သိရသည်။ အိုဘားမား၏ လုံခြုံရေးအတွက် ၀ါရှင်တန်မြို့တော်တွင် ထောက်လှမ်းရေး ကင်မရာ ပေါင်း ၅၂၆၅ လုံး ထပ်ဆင်ထားပြီး စောင့်ကြပ် ကြည့်ရှု့နေရသည်။ ထို့အပြင် ထောက်လှမ်းရေး လေယာဉ်များ ပျံသန်း ကြည့်ရှု့ပြီး ဗဟို လုံခြုံရေး ဋ္ဌာနသို့ ထောင်ပေါင်းများစွာသော ဓါတ်ပုံများ အဆက်မပြတ် ပို့ပေးနေသည် ဟု သိရသည်။
*****
အာဖဂန် သမ္မတ ရွေးကောက်ပွဲ

အာဖဂန်နစ္စတန်နိုင်ငံတွင် လာမည့် သြဂုတ်လ ၂၀ ရက်နေ့တွင် သမ္မတ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု နိုင်ငံတော် ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုခဲ့သည်။ သမ္မတ Hamid Karzai သည် ထိုရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည်ဟု သိရသည်။ သူသည် အာဖဂန် သမ္မတအဖြစ် အကြိမ်ပေါင်းများစွာ ရွေးချယ်ခြင်း ခံရသူ ဖြစ်သည်။ သူ၏ အောင်မြင်နေသော နိုင်ငံရေး ရည်မှန်းချက်က ရိုးစွဲနေသော လဒ်ပေး လဒ်ယူ စနစ်ကို တိုက်ဖျက်ရန်နှင့် တာလီဘန်တို့အား တိုက်ခိုက် အောင်ပွဲဆင်နေသောကြောင့် လူကြိုက်များနေသည်ဟု သိရသည်။
*****
ဇန်န၀ါရီလ ၃၀ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


အမေရိကန် စစ်သားများ မိမိကိုယ် မိမိ သတ်သေ

၂၀၀၈ ခုနှစ်အတွင်း အမေရိကန် စစ်တပ်အတွင်း စစ်သည် ဦးရေ ၁၄၅ ယောက်၊ ၂၀၀၇ ခုနှစ်အတွင်း ၁၁၅ ယောက်နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ၁၄၄ ယောက်တို့သည် အချင်းချင်း လုပ်ကြံခြင်းနှင့် မိမိကိုယ် မိမိ သေကြောင်းကြံခဲ့သည်ဟု အမေရိကန် စစ်တပ်က ပြောဆိုခဲ့သည်။ ထိုအပြင် ရှရှားစစ်တပ်တွင်လည်း ၂၀၀၇ ခုနှစ်အတွင်း စစ်သည် ဦးရေ ၂၂၄ ယောက် ၎င်းအမှုများဖြင့် သေဆုံးခဲ့သည်ဟု ရှရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့သည်။
*****
အမြင့်ဆုံး အပူချိန်ကြောင့် သစ်တောများ မီးလောင်

သြစတေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် သစ်တောများ မီးလောင် ပျက်စီးနေသဖြင့် မီးသတ်သမား ၅၀၀ ယောက် ကျော်နှင့် တောမီးလောင်ကျွမ်းခြင်းကို ငြိမ်းသတ်နေလျက်ရှိသည်။ ထို တောမီးသည် အလျင်အမြန် လောင်ကျွမ်းလျက်ရှိရာ မီးတောက် မီးလျှံများက မြို့ငယ်လေး ၃ မြို့အား ခြိမ်းခြောက်လျက်ရှိသည်။ ဗစ်တိုးရီးယားပြည်နယ်၏ မြို့တော် မဲလဘုန်းမြို့ အပူအချိန်သည် လွန်ခဲ့သော ၃ ရက်ခန့်က စင်တီဂရိတ် ၄၃ ဒီဂရီ ရှိပြီး၊ ယနေ့ အပူချိန်သည် ၄၃ ဒီဂရီ အကျော် မြင့်တက်သွားသည်။ ယခုလို အပူချိန်မြင့်တင့်မှုသည် ၁၈၅၅ ခုနှစ်မှ စတင် ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ အိမ် ၁၄ လုံး ထိုတောမီးဖြင့် လောင်ကျွမ်းခဲ့သည်။
*****
အမေရိကန် စီးပွားရေး ၃.၈ ရာခိုင်နှုန်း ကျဆင်း

၂၀၀၈ ခုနှစ်၊ စာရင်းဇယားများအရ အမေရိကန်စီးပွားရေးသည် ညှိုးခြောက်ခန်းသွားပြီး ၃.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ထို BNP ကျဆင်းမှုသည် 1982 ခုနှစ်မှ ယနေ့အတွင်း အမြင့်ဆုံး စံချိန်တခု ဖြစ်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဈေးကွက်သည် စီးပွားရေးကပ်၏ ရိုက်ခတ်မှုကို ဆိုးဝါစွာ ခံစားလျက်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
*****
အမျိုးသား ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာနအသစ်

အမေရိကန်ပြည်ထောင်စုတွင် ပထမဦးဆုံး ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနကို အတည်ပြုပေးရန်အတွက် ပြည်သူ ၂၂၀.၀၀၀ ခန့်က အီးမေးဖြင့် သနားခံလွှာများ အိုဘာမားထံ ပို့ပေးလျက်ရှိသည်။ ထိုအရာကို ဖြစ်မြောက်ရန်အတွက် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်ခဲ့သည်ဟု သိရသည်။
*****
ကမ္ဘာပေါ်တွင် လူပေါင်း ၂၀.၀၀၀ ၊ မြွေကိုက်၍ နှစ်စဉ် သေဆုံးနေသည်။
( metroxpressdk မှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၃၁ ရက်
ရက်သတ္တပတ် ၅၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


မီးတောင်တခု ပေါက်ကွဲတော့မည်

အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်တွင် မီးတောင်တခု ပေါက်ကွဲမည့် အလားလာရှိကြောင်း ဘူမီတိုင်းထွာရေးဋ္ဌာနက အရေးပေါ် ကြေညာထားသည်။ ဒေသအတွင်း နေထိုင်ကြသော လူအများလည်း ပေါက်ကွဲတော့မည့် အခြေအနေ ရှိကြောင်း ခန့်မှန်းနေကြသည်။ အလာစကပြည်နယ်ကို အမေရိကန်ပြည်ထောင်စုသည် ဆိုဗီယက်ခေတ် ရှရှားနိုင်ငံမှ ၀၉၊ ၀၄၊ ၁၈၆၇ ခုနှစ်က ၀ယ်ယူခဲ့သော နယ်မြေတခု ဖြစ်ခဲ့သည်။ ၀၃၊ ၀၁၊ ၁၉၅၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ ၄၉ ခုမြောက် ပြည်နယ်တခု သတ်မှတ်ခဲ့သည်။
*****
တရုတ် သမ္မတထံသို့ အိုဘာမား ဖုန်းဆက်ခဲ့

သမ္မတ အိုဘားမားသည် တရုတ် သမ္မတ ဟူဂျင်တောင်ထံသို့ ဖုန်းဆက်သွယ်ပြီး စကားပြောခဲ့ကြောင်း အိမ်ဖြူတော်မှ ပြောဆိုခဲ့သည်။ နှစ်နိုင်ငံအကြား အမှုကိစ္စ ဆန္ဒများကို လက်တွေ့ကျကျ ပိုမို ချဉ်းကပ် လုပ်ဆောင်နိုင်ရန်၊ ဆက်လက်ပြီး ယနေ့ဖြစ်ပွားနေသည့် ကမ္ဘာ့စီးပွားရေး ဂယက်နှင့် သဘောတူညီချက်များ အား နှစ်နိုင်ငံ အနီးကပ်ဆုံး ဖြေရှင်းမည် ဖြစ်ကြောင်း သမ္မတ နှစ်ဦး၏ ဖုန်း ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည် ဟု သိရသည်။ အိုဘားမား အာဏာရလာပြီး အာရှနိုင်ငံတခုသို့ ပထမဦးဆုံးသော ဆက်သွယ်မှု တခု ဖြစ်သည်။ လွန်ခဲ့သည့် အပတ်များက ရှရှားနှင့် ဥရောပ နိုင်ငံတချို့အား ဖုန်းဆက်သွယ် ခဲ့သေးသည်။
*****
ဒုံးကျည် တလုံး အစ္စရေးနိုင်ငံ အတွင်း ကျ

ပါလက်စတိုင်း စစ်သွေးကြွများ ပစ်ခတ်လိုက်သော ဒုံးကျည် တလုံးသည် အစ္စရေးနိုင်ငံ တောင်ပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုအတွင်း သေဆုံး၊ ပျက်စီးမှုများ မရှိဟု အစ္စရေးစစ်တပ်က ပြောဆိုခဲ့သည်။ ဂါဇာမြောက်ပိုင်းက ပစ်ခတ်လိုက်သည့် ဒုံးကျည်သည် အစ္စရေးနိုင်ငံ Ashkelon မြို့အနီး လယ်ကွင်းတခုထဲသို့ ကျရောက် ပေါက်ကွဲခဲ့သည်။
*****
အိုဘားမား ညီအကို တ၀မ်းကွဲ ဖမ်းဆီးခံရ

ကင်ညာနိုင်ငံတွင် နေထိုင်သည့် George Obamaသည် ဆေးခြောက် လက်ဝယ်ထားရှိအမှုဖြင့် ဖမ်းဆီးခြင်း ခံလိုက်သည်ဟု ပုလိပ်အရာရှိတယောက်က ပြောဆိုခဲ့သည်။ “ သူတို့ဟာ ကျွန်တော်၏ အိမ်ကို ရောက်လာပြီး ဖမ်းဆီးတာ၊ ဘာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သူကိုယ်တိုင်လည်း မသိရပါ” ဟု မြို့တော် နိုင်ရိုဘီရှိ အကျဉ်းထောင်အတွင်း စီအင်အင် အင်တာဗျူးတခုတွင် George Obama
က ပြောဆိုခဲ့သည်။
*****
ယန်းငွေ သန်းပေါင်း ၁၅၀၀ အကူအညီ ပေးမည့်ဟု ကတိပေး

ဆွစ်စလန်နိုင်ငံ ထိပ်သီး အစည်းအဝေးပွဲတွင် ဂျပန်နိုင်ငံက အာရှအတွင်း ဖွံဖြိုးရေး အစီအစဉ်များကို ပျိုးထောင်ပေးရန်အတွက် ယန်းငွေ သန်းပေါင်း ၁၅၀၀ ကူညီပေးမည်ဟု ကတိပေးလိုက်သည်။ ကမ္ဘာ့စီးပွားရေး ဂယက် ဒဏ်မှ ပြန်လှည် ထူထောင်ရန်အတွက် အာရှအတွင်း နိုင်ငံများသို့ အကူအညီ ပေးရန် ဖြစ်ကြောင်း၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့သို့လည်း ဒေါ်လာ သန်းပေါင်း ၁၀၀ ၊ ထုတ်ချေးလိမ့်မည်ဟု ဆွစ်စလန်နိုင်ငံ ဒါဘိုစ်မြို့တွင် ပြုလုပ်သော ကမ္ဘာ့ ကုန်သွယ်ရေး ထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
*****
ရှရှားတွင် ဆန္ဒပြ

ရှရှားလူမျိုး လူ တထောင် ကျော် သည် ရှရှား ၀န်ကြီးချုပ် Vladimir Putin အား စီးပွားရေး ကျဆင်းမှုကို ကိုင်တွယ် ဖြေရှင်းရာတွင် ညံဖျင်းခဲ့သောကြောင့် ယနေ့ ဆန္ဒပြခဲ့သည်ဟု ဘီဘီစီ သတင်းမှ သိရသည်။
ထို ဆန္ဒပြပွဲတွင် ပုလိပ်နှင့် ဆန္ဒ္ဒပြသူများအကြား ဆူပူမှုများ ဖြစ်ပွားခဲ့သဖြင့် အမျိုးသား ဘော်ရှိဗစ် ပါတီ ခေါင်းဆောင် တချို့ အပါအ၀င် တခြား ဆန္ဒပြသူ ၂၅ ယောက် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ကမ္ဘာ့စီးပွားရေးဂယက်ကြောင့် ရှရှားနိုင်ငံအတွင်း အလုပ်လက်မဲ့များ တိုးတက်လာခြင်း နှင့် စားသောက်ကုန် တန်ဖိုး မြင့်နေမှုအား ပူတင်အစိုးရ၏ ကိုင်တွယ်မှု ညံဖျင်းသည်ဟု အကြောင်းပြကာ ဆန္ဒပြခဲ့သည်ဟု သိရသည်။
*****

၅ နှစ်အတွင်း ပထမဦးဆုံး အီရတ် ရွေးကောက်ပွဲ

အီရတ် လူမျိုးတို့၏ ပထမဦးဆုံးသော ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ မဲဆန္ဒကို မဲပုံများ အရှေ့၌ ပထမဦးဆုံး ရွေးချယ်မှုတရပ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ လူပေါင်း ၁၅ သန်းခန့်က ပြည်နယ် ပါလီမာန်အတွက် ရွေးချယ် မဲပေးခဲ့ပြီး ပြည်နယ် အုပ်ချုပ်ရေး အရာရှိများကို ရွေးချယ် ခဲ့သည်။ နိုင်ငံ၏ ပြည်နယ်ပေါင်း ၁၈ ပြည်နယ်ရှိရာတွင် ၁၄ ပြည်နယ်အတွင်း ဆန္ဒခံယူခဲ့သည်။ မြောက်ပိုင်း ပြည်နယ် ၄ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပေ၊ ပါတီပေါင်း ၅ ပါတီမှ လူဦးရေ ၁၄၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ၂၇ ရာခိုင်နှုန်းက အမျိုးသမီးများ ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပအချိန်တွင် နယ်စပ်အား ပိတ်ဆို့ထားခဲ့သည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-20151528/page-1.html
*****

နိုင်ငံတကာသတင်း တချို့ကို TV2.dk မှ ထုတ်နှုတ်ထားသည်။


No comments: