Tuesday, February 10, 2009

“ အတ္တကို လွန်မြောက်ခြင်း ”

*
**
***



ကန့်သတ်မှုတွေ များလွန်းတဲ့ လူ့ဘ၀တခုမှာ
ယုံကြည်မှုများစွာဖြင့် အချစ်ကို ရှာဖွေခဲ့တယ် ..
အချစ်တတ်လာပြီဆို နားလည်မှု တွေ့ရတယ်..

နားလည်မှုတွေ များလာရင် အကြင်နာများ ဖြစ်ရပြန်
အကြင်အနာတွေ များလာရင် သံယောဇဉ် ဖြစ်ရပြန်
သံယောစဉ်တွေ များလာရင် အနှောင်အဖွဲ့ ရစ်ပတ်ပြန်
အနှောင်အဖွဲ့တွေ များလာရင့်  အတ္တပွား များလာပြန်
အတ္တတွေ များလာရင် မြတ်နိုးမှုတွေ ဆုံးရပြန်

မြတ်နိုးမှုတွေကို ဆုံးရှုံးရင် အထီးကျန်ဆန်လာတယ် ..
အထီးကျန်မှုတွေ များလာရင် ဘ၀အဓိပ္ပါယ်ကို တမ်းတလာတယ် ..
ဘ၀ရဲ့အဓိပ္ပါယ်ကို တမ်းတရင်း ဇရာကုန်ခမ်း မောပန်းလာတယ် ..
ဇရာကုန်ခမ်းလာတော့ အမှန်တရား ရှာဖွေလာတယ် ..
အဲဒီ အမှန်တရားကို တွေ့လိုက်တဲ့အချိန်ဟာ သေမင်းနဲ့ စစ်ခင်းနေတယ်တဲ့…

*****



အပိုင်း - ၂

အခန်းကျဉ်းလေးထဲမှာ ကုတင်တခုအပေါ် သက်ငြိမ်စွာ လှဲလျောင်းနေသည်။ မိတ်ဆွေ သင်္ဂဟတွေ သားချင်းတွေ၏ ညှိးငယ်တဲ့ မျက်ဝန်းလေးတွေ ++ မြင်နေတယ်။ ++ စိတ်ထဲမှာ ဒီမျက်ဝန်းတွေရဲ့ ဒဿနကို ရှာဖွေမိနေလေ၏။ ++ ခံစားနေရတဲ့ ဝေဒနာအတွက် ညှိးငယ်နေလား.. ၊ ဒါမဟုတ် ++ ပိုင်ဆိုင်မှုများအတွက် သနားခံ ညှိးငယ်နေတာလားလို့ ..

မျက်ဝန်းနက်နက်တွေမှ အဖြေကို ++ ရှာဖွေနေတယ်။ သူတို့ မျက်ဝန်းတွေက ++ ခံစားနေရတဲ့ ဝေဒနာကို အမြစ်ပြတ်သွားအောင် ကုစားနိုင်မလား၊ ဒီအကြည့်များနှင့် မကြည့်ပါနဲ့ ၊ ++ မျက်နှာ၏ တနေရာမှာ တွားသွားနေတဲ့ သေးငယ်သော အကောင်လေးတကောင်ကို သင်တို့ လက်ဖြင့် သတ်ချပေးပါလားလို့ .. ဒေါသတကြီး ++ “ အော် ” ပြောနေသည်။ ဒါဗေမဲ့ ++ အသံမထွက်ဘူး၊ အသံတခု ဖြစ်ပေါ်နိုင်ဖို့အတွက် ++ လျှာတွေ ဘယ်လိုမှ လှုပ်ရှားမနိုင်တော့ဘူး။ ++ ပြောချင်တဲ့ အသံတခု သင်တို့ကြားအောင် ++ ဘယ်လို ကြံဆနိုင်မလဲ၊ လတ်တလော ++ ဆန္ဒတခု၊ ဝေဒနာကို မခံစားနိုင်လို့ပါ ..

ညှိးငယ်စွာ ကြည့်နေတဲ့ မျက်ဝန်းတွေထဲက တယောက်ယောက်များ ++ ပြောချင်တဲ့ ++ ဆန္ဒတခုကို ဖွင့်ဆိုနိုင်မလား။ ++ မျက်ဝန်းကို ကြည့်ပါ၊ လှုပ်ရှားနိုင်ခွင့် ရှိတာက မျက်လုံးတစုံပါပဲ။ ++ မျက်ဝန်း အဓိပ္ပါယ်ကို ဖေါ်ထုတ်နိုင်သူကို အချစ်ဆုံးသူအဖြစ် သတ်မှတ်ပြီး၊ ++ ပိုင်ဆိုင်ခဲ့တဲ့ ++ အမွေတွေ အကုန်လွဲပေးနိုင်တယ်။ ဘယ်သူများ သိနိုင်မလဲ၊ ခံရခက်ဆုံး အချိန်တခု ဖြစ်နေတာ ဘယ်သူများ သိစွမ်းနိုင်မလဲကွယ် ..

ပိုးကောင်က သူ့ဘ၀အတွက် ++ ကိုယ်ခန္ဒာပေါ်မှာ ရုန်းကန်နေရတယ်ဆိုတာ ++ နားလည်ခဲ့သည်။ ဒါဗေမဲ့ ++ ဘ၀၏ နောက်ဆုံးအချိန်ရဲ့ အဆိုးဆုံးတခုပါ။ ++ အော်နေတယ်၊ ++ အော်သံ မကြားတော့ဘူးလား၊ ညှိးငယ်စွာကြည့်နေတဲ့ မျက်ဝန်းတွေက လိမ်နေတာပဲ၊ ချစ်တယ် ခင်တယ် လေးစားတယ် မြတ်နိုးတဲ့သူတွေ ဟန်ဆောင်နေတာလား .. ဘာမှ မလုပ်ပေးတော့ဘူးလား။ ++ ရင်ဘတ်အတွင်း ပူလောင်နေတယ်လေ..

ဟာ .. ဘယ်လိုဖြစ်နေတာလဲ၊ ညှိးငယ်တဲ့ မျက်ဝန်းများက မျက်ရည်တွေ စီးကျနေပြီပဲ၊ ဘာတွေ ပြောပြီး ရုပ်ပျက် ဆင်းပျက် ငိုနေသလဲ၊ ++ ကြားအောင် ပြောပါ ၊ ဟေ့ မိန်းမ ( မိန်းမ ဖတ်မည်ဆိုလျှင် ) ဟဲ့ ယောင်္ကျား..နင် ဘာတွေ ပြောင်းလဲနေသလဲ။ အစကတော့ ချစ်တယ်ဆို .. အသက်နဲ့ယှဉ်ပြီး ချစ်တယ်ဆို.. ++ မျက်နှာပေါ်က ပိုးကောင်လေးကို သတ်ပေးပါလား၊ ++ ပြောနေတယ်လေ မကြားချင် ဟန်ဆောင်နေတာလား.. ရက်စက်တယ်ကွာ ..

အား… ++ စိတ်တွေေ၀၀ါးလာ၏ ++အမြင်တွေ ၀ိုးတ၀ါးနှင့် ++ အတွေးတွေ ထိန်းလို့မရ ဖြစ်နေတယ်။ ပိုးကောင်ကိုလဲ ဒေါသဖြစ်နေသည်။ ++ အနားမှာရှိတဲ့ သူတွေကိုလဲ မုန်း၏၊ တော်ပါပြီ … ချစ်လှချည်ရဲ့၊ လေးစားလှချည်ရဲ့ အရာတွေဟာ အရောင်များနှင့် ဖန်တီးထားတဲ့ အကြောင်းတွေပါပဲ၊ ဟန်ဆောင်မှုတွေပါလား..

++ ကိုးကွယ်နေတဲ့ ဘုန်းဘုန်း ကြွလာသည်ကို ++ ဖူးမြင်နေရ၏၊ ++ ၀မ်းမြောက်၏၊ ခန္ဒာကိုယ်က မလှုပ်ရှားနိုင်တော့အတွက် စိတ်ထဲမှာပဲ ဘုန်းဘုန်းကို ရှိခိုးနေပါသည် ဘုရား .. ။ ဘုန်းဘုန်း တပည့်တော်ကို ဘာတွေ မြွတ်ကြားနေသလဲ ++ နားတွေ ဘာမှမကြားတော့ပါလား။ ဒီကြား ပိုးတကောင်ရဲ့ လမ်းလျှောက်ခြင်းဟာ ကုန်ရထားတစီး ကိုယ်ခန္ဒာပေါ် ဖြတ်မောင်းနေသလိုပါပဲ၊ ++ မခံနိုင်တော့ဘူး ဘုန်းဘုန်း ဘုရား ကယ်တော်မှုပါ၊ ++ စိတ်နှင့် ငါကိုယ် မကပ်တော့ပါလား.. ++ လှုပ်ရှားမှုတွေ၊ ++ အသံတွေက ++ အနားမှာ ရှိတဲ့သူကို သက်ရောက်မှု မရှိတော့ဘူးလား .. ဘာတွေ ဖြစ်နေသလဲ..

အော် ဘုန်းဘုန်းကို ဖူးတွေ့မှ လွန်ခဲ့တဲ့ တနှစ်ခန့်က ဥပုသ်နေ့ တနေ့မှာ ဘုန်းဘုန်း ဟောထားတဲ့ တရားတပုဒ် ++ သတိရပြီ၊ ဟုတ်တယ် ++ ဘယ်သူမှ အားမကိုးတော့ဘူး၊ ++ လမ်း ++ လျှောက်ရတော့မယ်၊ ဘာမှ မတွေးတော့ဘူး ၊ ++ မျက်လုံးက ပြနေတဲ့ ဂဂျိုးဂဂျောင်စိတ်တွေ သူများကို ပေးမမြင်ချင်တော့ဘူး။ ဟုတ်တယ် ++ မျက်လုံးတွေ ပိတ်ထားလိုက်မည်။ ဟုတ်ပြီ ++ ရှုနေတဲ့ ထွက်လေ ၀င်လေလေးကိုပဲ မှတ်သားနေမည်၊ ဟ .. တယ်ဟုတ်ပါလား ++ ခန္ဒာမှာ ခံစားနေတာတွေ ပျောက်လုလု ဖြစ်နေပါပြီ၊ ဝေဒနာများ ပျောက်ရှသလိုပါပဲ၊ ++ ဘာမှ မတွေးချင်တော့ဘူး မတွေးလဲ မတွေးချင်ဘူး၊ ++ အလုပ်ပဲ ++ ဆက်လုပ်တော့မည်၊ ++ ထွက်သက် ၀င်သက်ကို တစိုက်မတ်မတ် ရှုလာလိုက်တာ .. ပေါ့ပါးလာနေသည်၊

အလို…++ နာမည် ခေါ်သံ လိုလို ၊ ငိုသံတွေ လိုလို တစွန်းတစ ++ ကြားနေတယ်၊ ဘာတွေ ဖြစ်နေသလဲမသိ ++ မတွေးချင်တော့ဘူး ၊ နင်တို့ကိုလည်း အားမကိုးတော့ဘူး၊ ++ အခု ငြိမ်းချမ်းနေသည်..

ငိုသံတွေ အော်သံတွေ ဝေးလိုက် ကွာလိုက်နဲ့ ++ အတ္တတခုဟု ထင်ရတဲ့ စိတ်အစဉ်တခုဟာ လေဟာနယ်တခုအတွင်း ရောက်နေသလို ခံစားနေရသည် …



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

(မှတ်ချက်။ ။ စာပုဒ်အတွင်း ++ နေရာမှ ငါ သို့မဟုတ် ငါ့ ဟု အစားထိုးပြီး ဖတ်ကြည့်ပါ )
ဓါတ်ပုံကို Yahoo Images မှ ယူသုံးထားပါသည်။

4 comments:

လင်းထက် said...

အတ္တ ကို ငြိမ်းချမ်း စွာ လွန်မြောက် နိုင်ဖို့ ဗုဒ္ဓ တရား သာလျှင် ဖြည့်စွမ်း နိုင်တယ် ဆိုတဲ့ ရသ လေး ကို ခံစား သွားတယ် ကိုလူလ ရေ..။

Anonymous said...

ဒီစာလေး ဖတ်ပြီး ပြုသင့်တာကို မပြုမိတဲ့ နောင်တ၊ မပြုသင့်တာတွေ ပြုမိမှားမိတဲ့ နောင်တ တရားတွေကို ခံစားလာရတယ်။ ဘာပဲဖြစ်ဖြစ် အချိန် ရှိသမျှ ငြိမ်းချမ်းခြင်းကို ရှာဖွေပါဦးမယ်။ သံဝေဂ ရစရာလေးကို လမ်းပြပေးတာ အတွက် ကျေးဇူးပါပဲ ကိုလူလ။

ယောနသံစင်ရော် said...

ကလူလ.. သေရမှာတော့မကြောက်ပါဘူး။ ဒါပေမဲ့ ကိုလူလ ရေးထားတာဖတ်ရတော့... နည်းနည်းတော့ဖြုန်မိသား... ဘာတဲ့ပိုးကောင်လေးတွေ.. ပိုးကောင်လေးတွေ..များများလာတယ်....။။

ဆောင်းယွန်းလ said...

ကောင်းတယ်ဗျာ..ကြိုက်တယ်ကိုလူလကြီးရေ..