Saturday, February 7, 2009

နိုင်ငံရေးဟု ထင်ရသော အမျိုး ဘာသာ သာသနာ




တိုင်းရင်းသား ဆိုသည်မှာဟု ဖွင့်ရမလား..
တိုင်းရေးသား လက္ခဏာများဟု ဆိုရမလား..

လူမျိုးတမျိုးသည် မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းအစဉ်လာ များကို မြတ်နိုး တန်ဖိုးထားပြီး အသက်နှင့်ယှဉ်၍ ကာကွယ်ရသည်၊ ထိန်းသိမ်းရသည်ဟု သိရ၏။ အယှတ်စွဆုံး မွန်လူမျိုး ယောင်္ကျားလေး တယောက်က ကရင်လူမျိုး မိန်းကလေး တယောက်နှင့် အာဝါဟ ၀ိဝါဟ သဘောတရားဖြင့် လက်ထပ် ပေါင်းသင်းနေသည်ကိုပင် ပတ်သက်ရာ အသိုင်းအ၀ိုင်းများကမှု ထိုသူတို့အား အမျိုးကို သစ္စာဖောက်သူ၊ အမျိုးအနွယ်ကို မစောင့်ရှောက်သူဟု ကဲ့ရဲ့အပြစ်တင်ကြသည်။ ထို့အတူ အမျိုးနွယ်စုသည် မိမိတို့ မျိုးနွယ် တိမ်ကော ပပျောက်သော ရန်မှ ကာကွယ်ခြင်းဖြင့် မိမိတို့ အ၀န်းအ၀ိုင်းအတွင်းသို့ တခြားမျိုးနွယ်များ စိပ့်ဝင် ပြန်နှံလာသည်ကို မလိုလားပေ။ ထိုကဲ့သို့သော အပြုအမူများကို လုပ်ဆောင်မှသာလျှင် အမျိုးကို စောင့်ရှောက်ရာ ရောက်၏။ အချုပ်အခြာကို စောင့်သိရာ ရောက်၏။

ယနေ့ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံ အကြားဒေသတွင် ဘင်္ဂလားဒေရှ့်မှ လူမျိုး တချို့သည်လည်း ရိုဟင်ဂျာဟု ခေါ်ဝေါ်နေသော လူမျိုးများနှင့်အတူ ရောနှေ နေထိုင်ကြသည်မှာ မည်သူမှ မငြင်းနိုင်ပေ၊ ထိုကဲ့သို့သော နှစ်ပေါင်းများစွာမှ နေထိုင်လာသော သူများမဟုတ်ပဲ၊ ရွေပြောင်းလာသောသူများအား တိုင်းရင်းသား ရိုဟင်ဂျာဟု သတ်မှတ် ပေးရမည်လား။ လူသာလာပါ ဧည့်သည် မခေါ်လာပါနှင့် ဆိုသလို၊ အခုအနေအထားက လူရော ဧည်သည်ပါ နိုင်ငံအတွင်း မူရင်းဌာနေ တိုင်းရေးသားတခုအဖြစ် သတ်မှတ်ပေးရမည်ဟု တဖက်သတ် အော်နေသည်ကို လက်မခံနိုင်ပေ၊ တကယ်လို့ မိမိလူမျိုးအား တိုင်းရေးသား အဆင့်အတန်း ရရှိစေလိုလျှင် ထိုအဆင့်အတန်းနှင့် တန်သော အမျိုးနွယ်ကို ထိန်းသိမ်းခြင်းဂုဏ်ကို စောင့်သိရမှသာလျှင် တိုင်းရင်းသား အဆင့်အတန်းတခုကို ရရှိနိုင်လိမ့်မည်။ ပထမ ဖယောင်းတိုင်တွင် တောက်လောင်နေသည့် မီးတောက်သည် ဒုတိယ ဖယောင်းတိုင်သို့ ကူးပြောင်း ထွန်းညှိလိုက်သော် ထိုမီးတောက်အား ပထမ မီးတောက်ကဲ့သို့ ဖြစ်ရမည် ဟု မထင်ပါ၊

မြန်မာနိုင်ငံ၏ အနောက်ဖက်ဒေသတွင် ရှိသော ရိုဟင်ဂျာများကို တချို့သော သူများ ထောက်ပြသည်က သူတို့သည် နှစ်ပေါင်း များစွာအတွင်းက နေထိုင်လာခဲ့သော သူများဖြစ်ကြောင်းနှင့် ဦးနု အစိုးရသည်လည်း ဒီလူမျိုးများအပေါ် မူရင်းဌာနေ တိုင်းရေးသား အဆင့်အတန်းထက် မနိပ်သော အခွင့်အရေးပေးခဲ့သည့် အဆိုပြုချက်ကိုလည်း လက်ခံ၏။ ကျွန်ုပ် အစွန်းမရောက်ပါ။ သို့သော် နှစ်နိုင်ငံ အကြားဒေသများ အနေအထားကို အောက်တွင် ဖေါ်ပြထားသော ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်သည့် အခြေအနေများဖြင့် နှိုင်းယှဉ်ကြည့်ပါစို့။

နှစ်ပေါင်းများစွာက နေထိုင်ခဲ့ကြသော လူများအား နိုင်ငံသား ထုတ်ပေးခဲ့သည်ကို ထောက်ခံ၏။ သို့သော် နောက်ထပ် ထိုဒေသသို့ ရွေ့ပြောင်း ၀င်ရောက် လာသောသူကို မြန်မာနိုင်ငံသားဟု ခေါ်ဆိုရမည်လား၊ ရောထွေးလိုက်ပါနဲ့၊ ခွဲခွဲခြားခြား မြင်စေချင်လို့ပါ။ အစွန်းတဖက်ကိုရပ်ပြီး လိုရာ ဆွဲပြောလာရင်တော့ ၀မ်းနည်းရပါ၏။ စစ်အစိုးရနှင့် သဘောထားချင်း နည်းနည်းဆင်သဖြင့် စစ်အစိုးရ အားပေးသည်ဟု မထင်မှတ်လိုက်ပါနဲ့။ သေသည့်တိုင် စစ်အုပ်ချုပ်ရေးကို လက်မခံပါ။ မှန်ကန်တဲ့ သဘောတရားတခုကို ချပြသည့် ဆန္ဒသဘောထားမှလွဲ၍ ဘာမှ မရှိပါ။ နောက်ပြီး ဗုဒ္ဒဘာသာဝင်တယောက်ရဲ့ မိမိယုံကြည်သည့် ဘာသာတရားကို ကာကွယ်ခြင်း ဖြင့်လည်း သက်ဆိုင်ပါသည်။ လွတ်လပ်စွာ ကိုးကွယ်ခြင်းဆိုသော အမျိုးဘာသာကို ကာကွယ်သော သဘောထားဖြင့် မှန်ကန်သည်ဟု ထင်သော အနေအထားတခုကို တင်ပြချက်တခုသာ ဖြစ်သည်။

အခုတလော ရိုဟင်ဂျာတွေနှင့် ပတ်သက်ပြီး ထိုမျိုးနွယ်စုအား တိုင်းရင်းသားအဖြစ် လက်ခံခြင်းနှင့် လက်မခံခြင်းကို အွန်လိုင်း စာမျက်နှာများတွင် သဘောထား နှစ်မျိုး ကွဲလွဲနေသည်ကို တွေ့ရ၏။ လက်ခံသည့် သူများက ပါလီမာန် လက်ထက်က ရိုဟင်ဂျာ လူမျိုးစုအတွက် လွတ်တော်အမတ်များ ထားရှိခြင်း၊ မြန်မာ့အသံက ရိုဟင်ဂျာ ဘာသာ ထုတ်လွှင်ပေးခြင်း၊ ရှေးမြန်မာ ဘုရင်များထံ အမှုတော် ထမ်းရွက်ခြင်း စသော စသော အကြောင်းပြချက်များဖြင့် တိုင်းရင်းသားဟု ထောက်ခံ ပြောဆိုနေသည်။ ဒီနေရာမှာ တခုထောက်ပြချင်သည်။ နိုင်ငံတခုအတွင်းမှ တိုင်းရင်းသားဟု ခံယူထားသော လူမျိုးအနွယ်စုသည် မိမိနှင့် အုပ်ချုပ်သူများ ပဋိပက္ခများ ဖြစ်ပွားနေလျက်ပင်မူ အမျိုးနွယ်ကို စောင့်ရှောက်ခြင်းဆိုသော နိုင်ငံတော်၏ အချုပ်အခြာကို ကာကွယ် စောင့်ရှောက်ကြသည်။ ဆိုလိုသည်မှာ မိမိတို့ အသိုင်းအ၀ိုင်းအတွင်းသို့ တခြားခြားသော လူမျိုးများအား စိပ့်ဝင်ပျံနှံခြင်း၊ လူမျိုးရေး ရောထွေးခြင်းများ မဖြစ်ခံခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြသည်။

ဤသို့သော အပြုအမူသည် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြကုန်သော မူရင်းဌာနေ တိုင်းရင်းသားများ၏ သမိုင်းပေး တာဝန်တရပ်ဖြင့် ကာကွယ်စောင့်ရှောက်မှသာလျှင် အချုပ်အခြာကို စောင့်သိခြင်း ဂုဏ်မြောက်မည် ဖြစ်သည်။ ယနေ့ ထိုဒေသအတွင်း လူဦးရေ ၁၀၀၀၀ ရှိသည် ဆိုပါစို့၊ ထိုဒေသအတွင်းရှိ လူများသည် ရှေးမြန်မာ ဘုရင်များထံတွင် အမှုထမ်းခဲ့သူများ၊ ဦးနု အစိုးရ လက်ထက်က နိုင်ငံသားလက်မှတ် ထုတ်ပေးခဲ့သော သူများ အားလုံးတော့ မဟုတ်တန်ရာ၊ ဦးနေ၀င်း အစိုးရ လက်ထက်ကလည်း စိပ့်ဝင်ပျံနှံမှုများ ရှိခဲ့သောကြောင့် ဒုတိယကမ္ဘာ့စစ် နောက်ပိုင်း ရောက်ရှိလာသော သူများကို နိုင်ငံသား ခံယူခွင့် မပေးခဲ့ပါဟု ဖတ်မှတ်ဖူးသည်။

“ ၁၈၂၄ ခုနှစ်၊ ပထမ မြန်မာ အင်္ဂလိပ်စစ်ပွဲအပြီးတွင် ရခိုင်ပြည်နယ်ကို ရခိုင်တိုင်း သတ်မှတ်၍ အင်္ဂလိပ် ကိုလိုနီအတွင်းသို့ သွတ်သွင်းခဲ့တယ်။ အင်္ဂလိပ် အုပ်ချုပ်စဉ် မှတ်တမ်းများအရ ၁၈၂၄ မှ ၁၉၄၈ လွတ်လပ်ရေးရသည့်အချိန်အထိ အင်္ဂလိပ် မှတ်တမ်းတွင်များတွင် ရိုဟင်ဂျာလူမျိုးဟု အသုံးအနှုန်း မတွေ့ရပေ၊ နောက်ပြီး စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး အရေးပိုင်မင်း မှတ်တမ်းများအရ ဒီဒေသရှိ လူမျိုးများကို စစ်တကောင်းလူမျိုး ( စစ်တကောင်းနီးရန်း ) ဟုသာ ဖေါ်ပြသည်။ ဗြိတိသျှအစိုးရက ရိုဟင်ဂျာလူမျိုးဟု တခွန်းမှ ညွှန်းဆို မသွားသည့်အတွက် ကိုလိုနီခေတ်တွင် မရှိ၊ ထို့ကြောင့် သမိုင်းဖြစ်ရပ်မှန်ကို ပြောရလျှင် ကိုလိုနီခေတ်၌ မရှိဘူး၊ မရှိခဲ့ဘူး။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ ၁၈၂၃ခုနှစ် မတိုင်မှီက မြန်မာနိုင်ငံအတွင်း နေထိုင်သော လူမျိုးစုများကိုသာ တိုင်းရင်းသားလူမျိုးဟု သတ်မှတ်သည်ဟု ဥပဒေရှိနေပါသည်။ ဦးနု မိန့်ခွန်းများ၌ တိုင်းရင်းသားဟု ပြောဆိုခြင်းမရှိခဲ့ပါ၊ ၁၉၆၀ ခုနှစ် မူဂျာဟစ် သူပုန်များ လက်နက်ချသည့် အခမ်းအနား၌ ဦးဗဆွေ ဗိုလ်အောင်ကြီး မိန့်ခွန်းများတွင်လည်း နယ်စပ်မြစ်ဖြစ်သော နတ်မြစ်၏ ဟိုတဖက်ကမ်း အရှေ့ ပါကစ္စတန် ( ယခု ဘင်္ဂလားဒေရှ် )အတွင်း လူမျိုးများသည် ရိုဟင်ဂျာလူမျိုးနှင့် ယဉ်ကျေးမှု ဘာသာ စကားတူသော လူများ နေထိုင်ကြသည် ဖြစ်သဖြင့် အတူတူဖြစ်ကြောင်း၊ တိုင်းရင်းသားဟု အသိအမှတ်ပြုခဲ့သည်ကို မတွေ့ခဲ့ကြောင်း ” သမိုင်း ပညာရှင် ဒေါက်တာ ဦးအေးချမ်းက ၆ ရက်နေ့၊ ဘီဘီစီ၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေးကဏ္ဍတွင် သမိုင်းစာအုပ်များ ကိုးကားပြီး အမှန်ကို ထောက်ပြခဲ့သည်။

အင်ဒိုချိုင်းနားဟု ခေါ်ဆိုသည့် ဒေသအစအတွင်းသို့ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူမျိုးစုအနွယ်များသည် ရေကြည်ရာ မြက်နုရာဆိုသလို မျိုးနွယ်အလိုက် ပြောင်းရွေ့နေထိုင်ခဲ့သည်၊ ထိုကဲ့သို အတိုင်းအတာတခုအထိ ကျယ်ဝန်းလှသော ဒေသအတွင်း လူမျိုးတမျိုးနှင့် တမျိုးဟာ မိမိတို့အမျိုးအနွယ် အကျိုးစီးပွား အလို့ငှာ သူတပါး နယ်မြေများကို ကျူးကျော် တိုက်ခိုက်ပြီး သြဇာအာဏာ တည်ဆောက်ကြသည်။ ဥပမာ။ ။ ပထမမြန်မာနိုင်ငံ ထူထောင်ခြင်း၊ ဒုတိယ မြန်မာနိုင်ငံထူထောင်ခြင်း။ မွန်လူမျိုးများ ကြီးစိုးသောခေတ်၊ ရှမ်းလူမျိုးများ ကြီးစိုးသည့် ခေတ်။

ထိုကာလများ၌ နယ်နမိတ် အကျယ်အ၀န်း အမြောက်အမြားကို ပိုင်ဆိုင်သော လူမျိုးနွယ်တို့၏ စစ်တပ်တွင် ၎င်းလူမျိုး တမျိုးတည်းသာ ရှိခြင်း မဟုတ်ပါ၊ သုံပန်းအဖြစ် ဖမ်းဆီးလာသော လူမျိုးခြားများ၊ လက်ဆောင် ပဏ္ဍာဆက် သစ္စာခံ လူမျိုးစုမှ ဆင့်ခေါ်ထားသည့် စစ်သားများ၊ တိုင်းပြည် သြဇာကြီးထွားလာပြီး စီးပွားရေး ချောင်လည်လာသောကြောင့် ကမ္ဘာအရပ်ရပ်မှ ၀င်ရောက်ခဲ့သည့် တပါးသော လူမျိုးများတိုသည့် အင်ပါယာ ဘုရင့်တပ်များတွင် အမှုထမ်း ခဲ့ကြသည်။ ထို မျိုးနွယ်စု၏ ခေါင်းဆောင် သို့မဟုတ် ဘုရင်တပါးသည် တပါးသောရပ်မှ အနွယ်အစုများအား ကိုယ်ပိုင်စစ်တပ်တွင် သွတ်သွင်းခြင်းဖြင့် ဘုန်းလက်ရုံး တိုးသည်ဟု ထင်မြင်ခဲ့သည်။ ထိုခေတ်ကလည်း လူအင်းအားဖြင့် စစ်တိုက်ရသဖြင့် လူသူလေးပါး စုဆောင်း လက်ခံသည်မှာ မလွဲပေ၊ မြန်မာပြည်အလယ်ပိုင်း တချို့နေရာများတွင် ဘုရင်ဂျီဘာသာဝင်များကို ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်။

နောက်ပြီး ရှမ်းပြည်ဒေသတွင်ရှိသော အင်းလေးဒေသ၌ အင်းသားတို့သည် မြန်မာပြည် တောင်ပိုင်းဒေသဖက်က လူမျိုးနှင့် ဓလေ့ တချို့ တူညီနေသည်ကို တွေ့ရသည်။ ထိုအင်းသားများသည် မိမိတို့၏ အမျိုးအနွယ်အတွင်းသို့ လူမျိုးများပြားလှသည့် ရှမ်းဒေသမှ လူမျိုးများ၏ ဓလေ့ ထုံးထမ်းများ မ၀င်ရောက်နိုင်အောင် တမျိုး၊ လူမျိုးတမျိုး၏ ရောနှောခြင်းရန်မှ ကာကွယ်မှုဖြင့် တဖုံ၊ အမျိုးဂုဏ်ကို ယခုအထိ စောင့်ရှောက်နေသည်။ ဆိုလိုသည်မှာ ဒေသတခုအတွင်းသို့ တပါးသော လူမျိုးများ ၀င်ရောက်လာ အခြေချလာပုံကို ပဒေသရာဇ်ခေတ်၏ အားနည်းချက်တခုအရ ထောက်ပြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံနယ်စပ် မြန်မာနိုင်ငံ အရှေ့ဖက် နယ်စပ်တကျောတွင် တချို့သော မွန် ကရင် လူမျိုးသည် ထိုင်းနိုင်ငံ နယ်နမိတ်အတွင်း နှစ်ပေါင်းများစွာက နေထိုင်လာခဲ့သောကြောင့် ထိုလူမျိုးအနွယ်များကို ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံသားနှင့် အဆင့်အတန်းတူသည့် နိုင်ငံသားအဖြစ် ခံယူခွင့်ပေးခြင်း၊ တောင်ပေါ်သား ( ဒုတိယနိုင်ငံသား အဆင့်အတန်း ) လက်မှတ်များ ထုတ်ပေးခဲ့သည်။ နိုင်ငံသားအဖြစ် ခံယူလိုက်သောသူသည် ထိုင်းလူမျိုးကဲ့သို့ ထိုင်းဘုရင်မင်းနှင့် ထိုင်းနိုင်ငံ အချုပ်အခြာကို သစ္စာကို စောင့်သိမှသာလျှင် နိုင်ငံသား အဆင့်အတန်းနှင့် ညီမျှသည်။

နှစ်အနည်းငယ် ကြာလာသောအခါ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် စီးပွားရေး တိုးတက် ချောင်လည်လာသဖြင့် မြန်မာပြည်ဖက်မှ တိုင်းရင်းသားများ ထိုင်းနိုင်ငံအတွင်းသို့ တစစ ပျံနှံနေထိုင်လာသည်ကို ထိုင်းအစိုးရအနေ့ဖြင့် ထိုသူများအား နှစ်ပေါင်းများစွာက နေထိုင်ခဲ့သူများနှင့် တတန်းစားတည်း မသတ်မှတ်ခဲ့ပေ၊ တချို့ အဆက်အသွယ် ကောင်းမွန်သော သူများသာလျှင် တောင်ပေါ်သားကဒ် ကိုင်ဆောင်ခွင့်သာ ခံစားခွင့် ရရှိသည်။ ( ယနေ့ မြန်မာနိုင်ငံတွင် တရုတ်အနွယ်များ ဧည်နိုင်ငံသား မှတ်ပုံတင် ရသကဲ့သို့ )၊ သို့ဗေမဲ့ ထိုသူများသည် ဘန်ကောက်ကဲ့သို့သော အရပ်ဒေသများတွင် နေထိုင်ခွင့်မရပါ၊ တွေ့ရှိပါက ဖမ်းဆီးခြင်း ခံရသည်။ ထို့ကဲ့သို သတ်မှတ်ခြင်း ခံလိုက်ရသောသူသည်လည်း ထိုင်းစကားနှင့် ထိုင်းစာကို တတ်မြောက်ခြင်းနှင့် ထိုင်းလူမျိုး အာဏာပိုင် တယောက်က ထောက်ခံချက် ပေးမှသာ ဒုတိယနိုင်ငံသား အခွင့်အရေးရှိသော တောင်ပေါ်သားလက်မှတ်ကို ရရှိခံစားနိုင်သည်။

စီးပွားရေးအရ ရွေ့ပြောင်း နေထိုင်သောသူများကို နိုင်ငံသား ခံယူပိုင်ခွင့် လုံးဝ မရရှိကြပါ၊ ထိုထက်အဆင့်နိပ်သော အလုပ်လုပ်ခွင့် လက်မှတ်ကိုသာ ရရှိသည်။ ထို့အပြင် ထိုလက်မှတ် ကိုင်ဆောင်သူများအား ထိုင်းနိုင်ငံအတွင်း ကလေးမွေးဖွားခွင့်ကို တင်းကြပ် ထားသည်။ ထိုင်း အခြေခံဥပဒေအရ ထိုင်းနိုင်ငံအတွင်း မွေးဖွားခဲ့သော ကလေးအား နိုင်ငံသားအဖြစ် ရယူခွင့်ရှိသော ဥပဒေက ရှိနေသောကြောင့် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသည့် ကိုယ်ဝန်ဆောင်မိခင်ကို ထိုင်းနိုင်ငံအတွင်း မွေးဖွားခွင့် မရရှိပဲ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း ခံရတတ်သည်။ ဤသည်မှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားများအပေါ် ထားရှိသော လူဝင်မှုကြီးကြပ်ရေး မူဝါဒ တခုဖြစ်သည်။

ထို့ည်းအတူ အမေရိကန်ပြည်ထောင်စုအတွင်း အကြောင်းမျိုးမျိုးဖြင့် အခြေချနေထိုင်သော သူတယောက်သည် နိုင်ငံသားအဆင့် မဟုတ်သော အမြဲတမ်း နေထိုင်ခွင့်ကို အချိန်ကာလတခု စောင့်ဆိုင်းပြီးမှသာလျှင် လျှောက်ခွင့် ရရှိသည်။ ထိုအမျိုးစားကို ဂရင်းကဒ်ဟု ခေါ်သည်။ ချွင်းချက်အနေဖြင့် ကံစမ်းမဲ ပေါက်ပြီး ရောက်ရှိလာသောသူကို ထိုကဒ်ကို ရောက်ရောက်ခြင်း ကိုင်ခွင့်ပေးသည်။ ဂရင်းကဒ်ကို ဆောင်ခွင့်ရလိုက်သည်နှင့် တပြိုင်နက် ထိုသူအား နိုင်ငံသားဟု မသတ်မှတ်သေးပေ၊ နိုင်ငံအတွင်း အခြေချ နေထိုင်ခွင့်ဟူသော တရားဝင် နေထိုင်ခွင့်မျှသာ ခံစားခွင့် ရှိသည်။ နိုင်ငံသားများနှင့် တန်းရည်တူသည့် အခွင့်အရေး ဥပဒေများ အကျိုးမခံစားရပေ၊ ငါသည် အမေရိကန်နိုင်ငံသားတယောက်ဟု ပြောခွင့်မရပါ။

ထိုနေထိုင်ခွင့် ရရှိသောသူသည် တခြားနိုင်ငံသို့ ပြောင်းရွေ့ခွင့် မရရှိပေ၊ အကယ်၍ နိုင်ငံတခုအတွင်း နေထိုင်ခွင့်ရသော တစုံတယောက် (သို့) အစုအဖွဲ့တခုသည် တခြားနိုင်ငံသွား တရားဝမင် ၀င်ရောက်ခဲ့သော် လူဝင်မှု ဥပဒေပုဒ်မများဖြင့် ဆောင်ရွက် အပြစ်ဒဏ်ချမှတ်နိုင်သည်။ ထိုအပြစ်မှုကြောင့် လက်ခံထားသည့် နိုင်ငံကလည်း နိုင်ငံသားဖြစ်ခွင့်ကို လုံးဝ ပေးမည်မဟုတ်၊ နိုင်ငံတခုအတွင်းသို့ အလည်အပတ် သွားလျှင်တောင်မှ သက်ဆိုင်ရာ သံရုံးများသို့ ဗီဇာလျှောက်ရပြီး သူတို့ ခွင့်ပြုမှ ထိုနိုင်ငံအတွင်းသို့ ၀င်ရောက် လည်ပတ်ခွင့်ရသည်။ ထို့အတူ နိုင်ငံအများအပြားတွင်လည်း လူဝင်မှုကြီးကြပ်သည့် အခြေအနေအား ဤသို့ ဤပုံ ပြုလုပ်နေသည်ကို တွေ့ရသည်မှာ နိုင်ငံတကာ မူတခုအနေဖြင့် ကမ္ဘာက လက်ခံနေသည်ကို တွေ့ရသည်။

နောက်တခုက သီရီလင်္ကာတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည်လည်း နိုင်ငံရေး ပြသာနာထက် အမျိုး သာသာ သာသနာက ရှေ့တန်းက ရှိနေတဲ့ ပြသာနာပါ၊ အိန္ဒိယ တောင်ပိုင်းတွင် နေထိုင်သော ဘာသာခြား တမီးလ်ပြည်နယ်ကြီးကို ကျောထောက် နောက်ခံပြုပြီး သီရီလင်္ကာအတွင်းရှိ တမီးလ်လူမျိုးများက တိုင်းပြည်တောင်းနေခြင်း ဖြစ်သည်ဟု ထင်၏။ ထိုသည်လည်း အိန္ဒိယနိုင်ငံခြားရေး မူဝါဒကြောင့်ဟု ဆိုရပေမည်။ သို့ဖြစ်၍ ကျွန်းနေ သီရီလင်္ကာလူမျိုးအနေဖြင့်လည်း ကုန်းမကြီးမှ လူမျိုးကြီးတခု ၀ါးမြှိုသည့် ရန်မှ ကာကွယ်နေခြင်း ဖြစ်သည်ဟု ထင်၏။

ကမ္ဘာ့တွင် ထေရ၀ါဒ လက်ခံသည့် နိုင်ငံကို လက်ချိုး ရေတွက်လို့ရသည့် အနေအထားတခု ဖြစ်နေသည်၊ သင်သည် ကမ္ဘာ့ မြေပုံတချပ်ကို စိတ်ထဲ အာရုံသွင်းလိုက်ပါ၊ ထေရ၀ါဒ ကိုးကွယ်နေသော နိုင်ငံ နယ်နမိတ်ကို စိတ်ကူးဖြင့် ကြည့်လိုက်ပါ မြင်နိုင်၏။ တတ်နိုင်သည့်ဖက်က ကာကွယ်ပြောဆို ပါရစေ၊ အခုလို ထိုင်းအစိုးရ အနေဖြင့် လက်မခံလိုက်သည်ကလည်း ထိုပြသာနာက ထိပ်က ပါဝင်နေသည်ဟု ထင်မြင်ပါ၏။ ထိန်းသိမ်းခွင့်ပေးပါ၊ အေးချမ်းစွာဖြင့် တည်ဆောက်ထားသည့် ဘာသာတရားတခုဟာ ကမ္ဘာ့သမိုင်းတွင် မပျောက်ကွယ်လိုသည့် ဆန္ဒသည် ထေရ၀ါဒ ဗုဒ္ဒဘာသာတိုင်း၏ တာဝန်ဖြစ်သည်။ တပါးသော ဘာသာတရားများကို စည်းရုံး သိမ်းသွင်းခြင်း တိုက်ဖျက်ခြင်း ပုတ်ခတ်ခြင်းမရှိသော အေးမြလှသည့် ထိုဘာသာတရားလေးကို ကိုးကွယ် ရှင်သန်ခွင့်ပြုပါ၊ ဤ ရိုဟင်ဂျာ ပြသာနာသည် ၀ါးမြှိုခြင်းဆန်သည့် အပြုအမှုတခု ဖြစ်လိမ့်မည် ထင်၏၊ လတ်တလော အနေအထားကို ထောက်ရှု့ ပြောဆိုခြင်းမဟုတ်ပါ၊ နောက်နှစ်ပေါင်းများစွာ လာလတ္တံသည့်အချိန်ကာလများတွင် ကြီးမားသော အကျိုးအဆက်ကို တွေးမြင်မိ၏။

မြန်မာ၊ လော၊ သီရီလင်္ကာ၊ ကမ်ပူးချားနှင့် ထိုင်းနိုင်ငံများတွင်သာ တွေ့မြင်နေရသည့် ထေရ၀ါဒ နေရာကလေးသည် ကမ္ဘာ့မြေပြင်နှင့် ယှဉ်ကြည့်လိုက်ရင် ကွင်းကွင်းလေးသာ ကျန်နေတော့သည်။ နောင်တွင် ထေရ၀ါဒ ရှေ့တန်း အမာခံနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် သီရီလင်္ကာနိုင်ငံများတွင် ထိုပြသာနာသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်သော ပဋိပက္ခများဖြင့် ကြုံဆုံရမည် မလွဲပါ။ ထို့ကြောင့် သတိပြု စောင့်ရှောက်ခွင့်ပေးပါ၊ လူမျိုးကြီး တမျိုးသည် လူမျိုးငယ်များအပေါ်တွင် ထားရှိသည့် သဘောထား အပြုအမူကဲ့သို့ ကမ္ဘာ့ ဘာသာကြီးဖြစ်သော ဘာသာတခုက ၀င်ရောက် ထိုးဖေါက်နေသလို ခံစားမိပါသည်။ ဘာသာရေး ပဋိပက္ခတခုအား ဖေါ်ဆောင်လိုသည့် အနေအထားဖြင့် ရေးသားခြင်း မဟုတ်ရပါကြောင်း ကြိုတင် တောင်းပန်ပါရစေ။ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ဆိုသော ဘောင်အတွင်းမှ မိမိ သဘောထား အမြင်ကို ထင်သာ မြင်သာ ဖြစ်စေလိုသည့် စိတ်စေတနာတခုပါ။

တခါတရံတွင် လူမျိုးကြီးတမျိုးမှ ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ရှိသည့် လူတယောက်က တိုင်းရေးသားများကို ဒုတိယ နိုင်ငံသား အဆင့်တန်းလောက်သာ သဘောထားရှိသလို၊ အာဏာရှိသူများသည် သူတို့ကပဲ ပြည်ပနှင့် ဆက်ဆံခွင့်အထူးကို ရနေသကဲ့သို့ အတိုက်အခံများကို ပြည်ပအားကိုးဆိုပြီး ဆောင်ပုဒ်မျိုးဖြင့် ထိုးနှစ်တိုက်ခိုက်သလို၊ အခုလည်း အမျိုးဘာသာ သာသနာအတွက် ကာကွယ် ရေးသားနေသောသူများကို ဘာသာရေး ပဋိပက္ခတခု ဖန်တီးနေရောင်ရောင် တရားခံရှာ ရေးသားနေသည်မှာ စိတ်ပျက်စွာ တွေ့မြင်နေရသည်။

ပြသာနာကို အစပျိုးလာသူက မည်သူဖြစ်သနည်း..

ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို မည်သူက စတင် ချိုးဖောက်လာသနည်း..

ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဒဘာသာအား နောက်လာမည့် မိမိ၏ မျိုးဆက်များကို ထိတွေ့စေချင်လိုသောကြောင့် မေးလိုက်ပါရစေ.. ကာကွယ်ပိုင်ခွင့် မပေးတော့ဘူးလား..



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

( မှတ်ချက် ။ ။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းဂုဏ်ဖြင့် ပြည့်စုံသည့် မြန်မာနိုင်ငံသား မြန်မာ့ မူစလင်များကို မရည်ညွှန်းပါ )
ဓါတ်ပုံကို လူထုအသံဂျာနယ်မှ ယူငင်သုံးစွဲထားသည်။

7 comments:

ဒူကဘာ said...

သိပ်ကောင်းတဲ့ ရှုထောင့် နဲ့ လစ်ဘရိတ် သဘောတရားတွေ တွေ့ရလို့ ခုခံ ကာကွယ်နိုင်ပါစေ၊ ဒုက္ခရောက်တာကို ဗန်းပြပြီး တိုင်းရင်းသား ဖြစ်ခွင့် ဆိုတာကတော့ နောင်ရေးအတွက် ခေါင်းဆောင်တွေ ဘာလဲ ဘယ်လဲဆိုတာ စဉ်းစားကြစေ ချင်တယ်။ အခုလို လင်းပွင့်တဲ့ ရှုထောင်သစ်တွေ နောက်လဲ တင်ပြပါဦးလားဗျာ......။ ကျေးဂျူးဂိုင် ကဘာကောဆိုင်

လင်းထက် said...

ကိုလူလရေ အရမ်းကောင်းတဲ ပိုစ့်ပဲဗျာ...
ဒီလိုနဲ့ပဲ စိမ့်ဝင်ပြီး မျိုသွားကြလို့ အာဖဂန်လို ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် တွေ ရှိတဲ့ နိုင်ငံတောင် ဘာဖြစ်သွားလဲ ဆိုတာ ခုခေတ်ကြီးမှာ ကို ထင်ထင်လင်းလင်း မြင်နေကြ ရပါတယ် ဒီလိုမျိုးတွေ မဖြစ်အောင် ဒီနေ့ခေတ်လူတွေ ကော နောက်လာမယ့် ခေါင်းဆောင် တွေပါ တင်းတင်းကြပ်ကြပ် စိစစ် သင့်ပါတယ်..။

မမသီရိ said...

ကျေးဇူး တင်မိပါတယ်...
စိမ့်ဝင်..ပျံ့နှံ့ခြင် ဆိုတဲ့..စကားလုံး..
ကျမတို့ အားလုံး အမြဲ အမှတ်ရနေသင့်ပါတယ်..
....
ကျမတို့ ဘေး ရဲ့ ၅ ဖက် ၅ တန် မှာ..
အရမ်း သတိထား ရမဲ့..နံရံကြီး...၂ ဖက်ပါ....

Unknown said...

Hi,
Kolula,
This issue is good point for analyzing to be ethnics group. All your written are right definitely. Thanks Kolula

ဟာဂျီဝက်စ်လီ said...

ကြိုက်လို့ ယူသုံးလိုက်ပါသည် ။ ခွင့်ပြုပါ ။

အိုးဝေအောင် said...

မရောက်တာကြာပြီ...ကိုယ့်လူလက ဒါမျိုးတွေလည်း ပိုင်နိုင်စွာရေးနိုင်တာ လေးစားချီးကျူးဂုဏ်ယူနေမိတယ်။
အမျိုးဘာသာထိန်းသိမ်းတဲ့ ပိုစ်တွေ မကြာမကြာ ဖတ်ချင်နေသေးတယ်။မျှော်လျှက်..

Unknown said...

That is absolutely right, and thanks for that post to attention it.That sound great to differentiate from politic. Culture and Believe makes Identity of People and let don't mess up with politic.