Sunday, February 22, 2009

သတင်း မှတ်စု ( ၈ )

တပတ်အတွင်း သတင်းမှတ်စု

ဖေဖေါ်ဝါရီလ ၁၆ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
မြန်မာ သတင်း


ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံရန် ကိုအေးလွင်အဖွဲ့ စာဖြန့်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်သူများက ထောက်ခံခြင်းမပြုရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်တို့ ပါရှိသည့် ကျေညာချက်များကို ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ယခုလ ၁၂ ရက်နေ့တွင် မြင်းခြံမြို့၌ ဖြန့်ဝေခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်၏ ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ ကျေညာချက်နှင့် ၂၀၀၈ ရှစ်လေးလုံးနေ့က ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ရှစ်လေးလုံး အနှစ် ၂၀ ပြည့် အထူးကျေညာချက်တွင် ''ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကြီးအား အတိမ်းအစောင်းဖြစ်စေမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လိုက်နောက်ပါ တစုတို့၏ ညာသံပေးမှုများအပေါ် အာရုံမထားကြဘဲ မိမိတို့၏ မူလရည်မှန်းချက်ပန်းတိုင်သို့ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက် ချီတက်ကြပါရန် တပ်လှန့်နှိုးဆော်အပ်ကြောင်း" ပါရှိသည်ဟု ကျောင်းသားလူငယ်များ အဖွဲ့ဥက္ကဋ္ဌ ကိုအေးလွင်က မဇ္ဈိမကို ပြောသည်။
၁၉၄၇၊ ၁၉၇၄ ဖွဲ့စည်းပုံဥပဒေ၊ ၁၉၉၀ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲဝင်နိုင်ခြင်း မရှိသော ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသောနည်းလမ်းကို သုံးခဲ့သဖြင့် မြန်မာ့ဒီမိုကရေစီလုပ်ငန်းစဉ်များ နောက်ဆုတ်ခဲ့ကြောင်းနှင့် နေအိမ်အကျယ်ချုပ်ဘဝမှ လွတ်လာသည့်တိုင် မူဝါဒလမ်းစဉ် ၇ ရပ် ဘောင်အတွင်းမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်ကြောင်း ကိုအေးလွင်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++


မြ၀တီလက်နက်ကြီးပေါက်ကွဲမှုကေအန်ယူငြင်းဆို



စနေနေ့ နံနက် ၂ နာရီခန့်က ကရင်ပြည်နယ် မြဝတီမြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည်ဟု နအဖ၏စွပ်စွဲမှုသည် အခြေအမြစ်မရှိသည့် စွပ်စွဲမှုသာဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က ငြင်းဆိုလိုက်သည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီက "ဒီကိစ္စ ကေအန်ယူ လုပ်တာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောရဲပါတယ်။ ဒါမျိုးလုပ်ဖို့ ကေအန်ယူမှာ မူမရှိဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တာတော့ ရှိတယ်။ အရင်သွားတိုက်တာမျိုးတော့ မလုပ်ဘူး။ သူတို့ အရင်လာတိုက်ရင်တော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားရမှာပဲ။ ကေအန်ယူက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရပဲဖြေရှင်းရမယ့် မူချထားတာရှိတယ်။ မြဝတီမြို့ပြင် မိုင် (၂၀) ပတ်လည်လောက်မှာ ဒီကေဘီအေအဖွဲ့ရှိတယ်၊ ငြိမ်းချမ်းရေး အဖွဲ့ရှိတယ်၊ ပြည်သူ့စစ်ရှိတယ်၊ နအဖတပ်တွေရှိတယ်။ အဲဒီနေရာတွေကို သူတို့က အဖြူရောင်နယ်မြေ သတ်မှတ်ထားတယ်။ (၆၀) မမ (၈၁) မမ တို့နဲ့ မိုင် (၂၀) အကွာကနေ မြဝတီမြို့ကိုပစ်ရင် ဘယ်လိုမှမရောက်နိုင်ဘူး။ မြဝတီမြို့နဲ့ ကျနော်တို့တပ်စခန်းရှိတဲ့ နေရာတွေဟာ အနည်းဆုံး မိုင် (၂၀) မိုင် (၃၀) လောက်မှာရှိတယ်။ ကျနော်တို့မှာ တာဝေးပစ်ဒုံးကျည်လည်း မရှိဘူး" ဟု ခေတ်ပြိုင်သို့ပြောကြားသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ဖားအံမြို့ ရောက်


ကရင်ပြည်နယ်သို့ ခရီးထွက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် Mr Tomas Quintana သည် ၁၅ ရက်နေ့တွင် ဖားအံမြို့သို့ ရောက်ရှိလာပြီး ဖားအံအကျဉ်းထောင်ကို သွားရောက်ခဲ့သည်ဟု မျက်မြင်သက်သေများ၏ အဆိုရ သိရသည်။ လူ့အခွင့်အရေး ကိုယ်စားလှယ် ဖားအံထောင်သို့ ရောက်သည့်အချိန်တွင် မည်သူနှင့် တွေ့ဆုံခဲ့သည်၊ မည်သည့်အကြောင်းများ မေးမြန်းခဲ့သည်ကို တိကျ မသိရသေးပေ၊ ဖားအံထောင်အတွင်း နိုင်ငံရေးမှုနှင့် ပတ်သက်ပြီး အကျဉ်းကျနေသူ ၁၈ ခန့် ရှိသည်။ ၎င်းတို့ထဲမှ အင်တာနက် ဘလော့ဂါ ကိုနေဘုန်းလတ်၊ နန္ဒစစ်အောင်၊ ကိုဥာဏ်လင်းတို့ ပါဝင်သည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
+++++
လူရွှင်တော် ဇာဂနာကို ထောင်ဒဏ်လျှော့ပြီ


ဇာဂနာ ခေါ် ကိုသူရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ဒဏ်လျှော့လိုက် သည်ဟု မိသားစုဝင်များက ပြောသည်။

စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများကို မတရား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက်ပိုင်း အယူခံတရားရုံးမှတဆင့် ထောင်ဒဏ် လျှော့ပေါ့ပေးခဲ့ခြင်းသည်။ ယခုနှစ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း စုံစမ်း သိရသည်။ကိုသူရ အပေါ် အီလက်ထရောနစ် ဥပဒေအရ တစ်မှုကို ထောင်ဒဏ် (၁၅) နှစ် နဲ့ (၃) မှု ချထားခဲ့ရာမှ၊ ကနေ့ တစ်မှုကို (၇) နှစ်စီ ပြင်ဆင်ပြီး ချလိုက်တယ်။ တစ်မှုကို (၈) နှစ်လျှော့သွားတယ်။ (၃) မှုဆို တော့ စုစုပေါင်း (၂၄) နှစ်လျှော့သွားတယ်။ ဒီတော့ ထောင်ဒဏ် စုစုပေါင်း (၃၅) နှစ် ဖြစ်သွားတယ်။ အလားတူ နာဂစ်လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်သည့်အတွက် ထောင်ဒဏ် (၁၉) နှစ်ချမှတ်ခံထားရသူ စာရေးဆရာ ဇော်သက်ထွေးကိုလည်း အီလက်ထရောနစ် ဥပဒေအရ ချမှတ်ထားသည့် အမှုမှ ထောင်ဒဏ် (၈) နှစ် လျှော့ချပေးလိုက်သဖြင့် ထောင်ဒဏ် စုစုပေါင်း (၁၁) နှစ် ဖြစ်သွားသည်။ ကိုသူရ ခေါ် ဇာဂနာနှင့် အမှုတွဲဖြစ်သူ ကိုသန့်ဇင်အောင်ကိုလည်း မူလ ထောင်ဒဏ် (၁၈) နှစ်မှ (၈) နှစ်လျှော့သည့်အတွက် ထောင်ဒဏ် (၁ဝ) နှစ် ဖြစ်သွားသည်။ ကိုတင်မောင်အေး ခေါ် ကတုံးကိုတော့ မူလထောင်ဒဏ် (၂၉) နှစ် ချမှတ်ထားရာမှ အီလက်ထရောနစ် ဥပဒေအရ ချမှတ်ထားသည့် ထောင်ဒဏ် (၁၅) နှစ် လျှောပေါ့ပေးလိုက်သည့်အတွက် ထောင်ဒဏ် စုစုပေါင်း (၁၄) နှစ် ဖြစ်သွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လားရှိုးမှ မိုးကုတ်သို့ အချိန်တိုတိုဖြင့် သွားရောက်နိုင်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှ မိုးကုတ်မြို့သို့ ခရီးမိုင် ၁၉၅ မိုင်ကွာဝေးပြီး ယခင်က မန္တလေးမြို့သို့ ပြန်ဆင်း၍ ယင်းမြို့မှ တစ်ဆင့် မိုးကုတ်မြို့သို့ သွားရသဖြင့် ခရီးကွာဝေးပြီး အချိန်များစွာ ကြာခဲ့သည်။ ယခုအခါ လားရှိုးမှ ကျောက်မဲ -မိုင်းလုံလမ်းကို ဖြတ်၍ သွားလာနိုင်ပြီ ဖြစ်သည်။ လားရှိုးကားဝင်းတွင် ငွေနန်းစိုး (VAN) အမြန်ယာဉ်ငယ် အသင်းမှ စူပါရုဖ်ဗင်ကားများဖြင့် တစ်ဦးလျှင် ကျပ် ၁၇ဝဝဝ ဖြင့် လားရှိုး-မိုးကုတ် ခရီးလမ်းသစ်ဖြင့် ပို့ဆောင်ပေးနေ ကြောင်းသိရသည်။
( ပေါ်ပြူလာဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
လူထုစရိတ်နှင့် မီးသတ်ကားဝယ်ရေး မော်လမြိုင်ပြည်သူများ ငြိုငြင်


မီးငြှိမ်းသတ်ရာတွင် အချိန်မှီ လက်ဦးမှုရယူ၍ ငြှိမ်းနိုင်ရန်အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များအလိုက် မီးသတ်ကား တစ်ဒါဇင်ခန့် ဝယ်ယူရန် ဒေသဆိုင်ရာ အာဏာပိုင်တို့က ပြည်သူများထံမှ ပိုက်ဆံကောက်ခံသွားမည် ဆိုခြင်းကြောင့် မြို့ခံများ မကျေမနပ် ဖြစ်နေသည်။သိန်းရာချီ ကုန်ကျမည့် မီးသတ်ကား ရန်ပုံငွေအတွက် တစ်အိမ်လျှင် (၄) သောင်းမှ (၁) သိန်းအကြား ကောက်ခံသွားမည်ဟု တချို့ရပ်ကွက်များတွင် ညွှန်ကြားထားပြီး ဖြစ်သောကြောင့် ဝင်ငွေ ခက်ခဲနေသော ယခုလိုကာလတွင် မပေးဆောင်နိုင်သူ အများအပြားလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ သွားရောက်၍ ကောက်ခံငွေအား ထပ်မံ လျှော့ချပေးရန် လာရောက်ပန်ကြားနေကြကြောင်းလည်း ယင်းရပ်ကွက်လူကြီးက ဆက်လက်ပြောကြားသည်။မွန်ပြည်နယ်တစ်ဝိုက်ရှိ ကျေးရွာအများစုတွင် ကိုယ့်အားကိုယ်ကိုး ရန်ပုံငွေများ ရှာဖွေစုဆောင်းကြပြီး ရွာပိုင် မီးသတ်ကားများကို ဝယ်ယူထားကြောင်း သိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက်)
+++++
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်တွင်း စစ်ဆေး

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန် တောမတ်စ် အိုဂျီ ကွင်တားနားသည် တင်္နလာနေ့ မွန်းလွဲပိုင်းတွင် အင်းစိန်ထောင်တွင်း သွားရောက်လည်ပတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံခွင့်ကို စစ်အစိုးရထံ တောင်းဆိုထားခဲ့သည့် ကွင်တားနားသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ မွန်းလွဲ ၃ နာရီခွဲတွင် ၀င်ရောက်သွားခဲ့သည်။
တင်္နဂနွေနေ့က ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူသည် ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်သို့ တင်္နဂနွေနေ့က လာရောက်ကြည့်ရှု့ခဲ့သည်ဟု အကျဉ်းဦးစီးက ပြောကြားသည်။ မြန်မာပြည်မြောက်ပိုင်းရှိ မြစ်ကြီးနားအကျဉ်းထောင်သတင်းရပ်ကွက်များကလည်း ကွင်တားနားလာရောက်လိမ့်စစ်ဆေးလိမ့်မည်ဟု ပြောကြားသည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++

မလေး လူမိုက်များက မြန်မာအလုပ်သမားရုံးရှေ့အထိ လာရောက်ရိုက်နှက်

မလေးရှားနိုင်ငံ ဆိုင်ဂမ်ဂလို့နယ်ရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမများအား အကာကွယ်ပေးခဲ့ခြင်းကြောင့် မြန်မာအလုပ်သမားအခွင့် အရေးကာကွယ်ပေးရေးကော်မတီ (BWRPC) မှ အလုပ်အမှုဆောင်များကို စက်ရုံပိုင်ရှင်၏ လူမိုက်များက အသင်းရုံးခန်းအထိ ၀င်ရောက်ရိုက်နှက်ခဲ့ကာ အလုပ်အမှုဆောင်များကို မလေးရှားရဲကလည်းခေါ်ယူ စစ်ဆေး လျက်ရှိကြောင်း ကော်မတီမှ အလုပ်အမှုဆောင်တဦးဖြစ်သူ ကိုရဲမင်းထွန်းက ပြောသည်။

အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမများအား အလုပ်ခေါ်ယူစဉ်က ကတိပြုထားသော လစာထက်လျော့ပေးမှုကြောင့် ပြဿနာဖြစ်ပွားရာ မြန်မာသံရုံးသို့အကြောင်းကြား တိုင်ကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် (BWRPC) က ၀င်ရောက် ဆောင်ရွက်ပေးခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လေပြင်းသတင်းကြောင့် ဖျာပုံသားများ စိုးရိမ်နေ


နယူးဒေလီ (မဇ္စျိမ) ။ ။ တနာရီလျှင် မိုင်ပေါင်း ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်သည့် စိုက်ဆင်းလေပြင်းတခု ကျရောက်မည့် သတိပေးချက်ကြောင့် ဖျာပုံဒေသခံများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်က ယခုလအတွင်း မြန်မာပြည်မြောက်ပိုင်း ဒေသများတွင် စိုက်ဆင်းလေပြင်း ကျရောက်နိုင်သဖြင့် လေကြောင်း၊ ရေကြောင်း ခရီးသွားမည့်သူများ အထူးသတိထားရန် ရန်ကုန်အခြေစိုက် The Voice သတင်းဂျာနယ်တွင် ပြောဆိုချက်ကို သိရပြီးနောက် နောက်ထပ်ဖြစ်ပေါ်လာမည့် မုန်တိုင်းကြောင့် ဖျာပုံလူထုများအကြား စိုးရိမ်နေကြခြင်းဖြစ်သည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++
စင်ပြိုင်အစိုးရ ၏ NLDအား၂၀၁၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခိုင်းသည့် သတင်းနှင့် ဖြေရှင်းချက်
http://komoethee.blogspot.com/2009/02/blog-post_310.html
---
http://burmatoday.net/article2005/2009/200902/090217_dr_thaung_htun.swf
+++++
ဖေဖေါ်ဝါရီလ ၁၇ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
မြန်မာ သတင်း



ကင်တားနား၏ ဘားအံခရီးစဉ် ကေအန်ယူခွဲထွက် လက်နက်ချအဖွဲ့များနှင့်သာ အဓိက တွေ့ခွင့်ရ


ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနား၏ ဘားအံခရီး စဉ်တွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ရခိုင်နှင့် ကချင်ပြည်နယ် ခရီးစဉ်များသွားဖြစ် လိမ့်မည် မဟုတ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ယနေ့ ထုတ်ပြန်ပြောကြားသည်။

မစ္စတာတောမတ်ကင်တားနားသည် ယနေ့ ရန်ကုန်မြို့တွင်ပင်ရှိနေပြီး သံတမန်အချို့နှင့် အချိန်အတော်ကြာ တွေ့ဆုံခဲ့ပြီး ကုလအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံနေကြောင်းသိရသည်။ ကင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရရေးကိစ္စမှာ အလားအလာနည်းပါးသည်ဟု ရန်ကုန် နိုင်ငံခြားသတင်းထောက်အချို့က သုံးသပ်သည်။ ရခိုင်နှင် ကချင်ပြည်နယ်များတွင် လူအခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း ကင်တားနားကို တိုင်ကြားမှုများရှိနေသည့်ကြားမှ ခရီးစဉ်ပျက်ခဲ့ရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ခရီးစဉ်အတွင်း စစ်အစိုးရအား ကင်တားနားအကြံပေးချက် (၄) ချက်အနက် “နှိမ်ချခွဲခြားဆက်ဆံထားသည့် ဥပဒေများကို ပယ်ဖျက်ပစ်ရမည်။ အထူးသဖြင့် မွတ်စလင် အသိုင်းအ၀န်း အများအပြား နေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခွဲခြားနှိမ်ချထားသည့် ဥပဒေများကိုပယ်ဖျက်ရန်နှင့် ခွဲခြားဆက်ဆံမှုများကို ရှောင်ကြဉ်ရန်” ဆိုပြီးထည့်သွင်းထားသည့်အတွက် ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ထင်ရှားသည်။ မည်သည့်အတွက် စစ်အစိုးရက ကင်တားနား အား ရခိုင်နှင့် ကချင်ခရီးစဉ်တွေ ဖျက်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်စု တွေ့ဆုံဆွေးနွေးရန် ဒီချုပ် တိုက်တွန်း


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားဘဲ တွှေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထပ်လောင်း တောင်းဆိုလိုက်သည်။ ကြေညာချက်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ် အိုဂျေ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိလည်ပတ်နေခိုက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အဖွဲ့ချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် "အစဉ်အမြဲ တံခါးဖွင့်ထားသည်" ဟု ပါရှိပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သာပြောင်းသာစွာဖြင့် တွေ့ဆုံဆွေးနွေးမည်ဟု မေလ၊၂၀၀၂ ခုနှစ် က ပြောခဲ့သည့်စကားကို ထပ်မံကိုးကား ဖော်ပြထားသည်။ ထို့အပြင် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုံးရေး၊ စီးပွားရေး ပိတ်ဆို့မှုတို့သည် တိုင်းပြည်နှင့် ပြည်သူလူထုကို အကျိုးမရှိကြောင်းနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် အကြောင်းကြားထားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံသို့လာ၍ သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှသာ မြန်မာနိုင်ငံ၏ အခြေအနေသည် တစုံတရာ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း အန်အယ်ဒီက ယနေ့ပြောသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
စီးပွားရေးကျချိန် ရန်ကုန်မှာ ဈေးရောင်းပွဲခေတ်စား


မြန်မာနိုင်ငံတွင်း စီးပွားရေးကျဆင်းပြီး အရောင်းအ၀ယ် ပါးနေချိန်ဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း ရန်ကုန်မှာ ဈေးရောင်းပွဲများ ခေတ်စားလာသည်။

547 Trading ကုမ္ပဏီမှ ဦးဆောင်ပြီး ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အထူးဈေးရောင်းပွဲ ကျင်းပခဲ့သလို မြန်မာအင်ဖိုတက် ကုမ္ပဏီကဦးစီးပြီး ICT Exhibition 2009 ကို လှိုင်တက္ကသိုလ် နယ်မြေအတွင်းမှာ ကျင်းပခဲ့သည်။ အဆိုပါ အရောင်းပြပွဲမှာ တစောင် ကျပ် (၅၀၀) တန် ကံစမ်းမဲလက်မှတ်တွေ ရောင်းချပေးခဲ့ကာ ပွဲပြီးသည့်နောက် စက်မှုဇုံထုတ် ဆူဇူကီး လိုက်ထရပ် ကားတစီး အပါအ၀င် ကုန်ပစ္စည်း တချို့ကို မဲဖောက်ပေးခဲ့ကြောင်း သိရသည်။ စာရေးဆရာ ဘောဂဗေဒ ပညာရှင်တဦးကတော့ စီးပွားရေး မကောင်းလို့ အရောင်းအ၀ယ်ကျဆင်းနေရင် လျှော့ဈေးနဲ့ ရောင်းတာတို့၊ အထူးဈေးရောင်းပွဲ ကျင်းပတာတို့ လုပ်ပြီး အရောင်းမြှင့်တင်ရလေ့ရှိကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး ဆက်လက်ကျဆင်းနေလို့ ယခုလို ဈေးရောင်းပွဲ အရောင်းမြှင့်တင်ပွဲမျိုးတွေ နောက်ထပ် ကျင်းပလာနိုင်စရာ ရှိသေးကြောင်း ဝေဖန်သုံးသပ်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကုလ ကိုယ်စားလှယ် သံတမန်များနှင့် ရန်ကုန်တွင် တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ၏ ၆ ရက်ကြာခရီးစဉ်၏ စတုတ္ထမြောက်နေ့ ဖြစ်သော ယနေ့တွင် ရန်ကုန်မြို့ရှိ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မစ္စတာ တောမတ်စ် အိုဂျီ ကွင်တားနားသည် နိုင်ငံခြားသံရုံးများမှ သံတမန်များဖြင့် တဦးချင်းစီ တွေ့ဆုံခဲ့သည်ဟု ရန်ကုန်ရှိ ကုလ ပြန်ကြားရေးရုံး တာဝန်ခံ ဦးအေးဝင်းက ပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ ဒေါ်ပုဏ္ဏမီ ခေါ် ဒေါ်မြညွန့်၊ ဒေါက်တာ တင်မင်းထွဋ်နှင့် ဦးညီပု၊ ကိုကျော်ကိုကို၊ ကိုညီညီထွေးတို့ကို သီးသန့်စီ တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ကုလပြန်ကြားရေးဌာနက ဆိုသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ကြက်ငှက်ရောဂါသတင်း ဂျာနယ်တိုင်းဖော်ပြခွင့်မရ

ပြည်တွင်းဂျာနယ်များ ကြက်ငှက်ဆိုင်ရာ ရောဂါဖြစ်ပွားမှုအခြေအနေ ရေးသားဖော်ပြရာတွင် စာပေစိစစ်ရေး မူဝါဒကွဲလွဲမှုများ ရှိနေပြီး ဂျာနယ်အချို့အား ဖော်ပြခွင့်မပေးခဲ့ကြောင်း သတင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။ “ဆဲဗင်းဒေးဂျာနယ်၊ ၀ခ်ခလီးအလဲဗင်းဂျာနယ်တွေမှာပဲ ဖော်ပြသွားတာတွေ့ရတယ်။ ကျန်တာတွေမှာ မပါပါဘူး။ ကျနော်တို့လည်း ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြဖို့တင်ပေမယ့် စိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။ ဘယ်လိုကြောင့် မူဝါဒကွဲရသလဲတော့မသိပါဘူး။ ဒါပေမဲ့ စိစစ်ရေးမှာ တချို့သတင်း ဂျာနယ်တွေက ငွေပေးပြီး သတင်းဖော်ပြခွင့် တောင်းနိုင်တာကိုတော့ စာပေနယ်က လူတိုင်း သိပါတယ်” ဟု သတင်းအယ်ဒီတာက ဆိုသည်။

စစ်အစိုးရပိုင် သတင်းစာများက ဖေဖော်ဝါရီ (၁၄) ရက်တွင် ယင်းသတင်းထုတ်ပြန်ချက်၌ ကြက်လည်လိမ်ရောဂါနှင့် အခြားရောဂါများ ရောနှောဖြစ်ပွားနေကြောင်းသာဖော်ပြခဲ့သည်။ နေပြည်တော်တွင် ၂၀၀၈ ဒီဇင်ဘာ ဒုတိယပတ်အတွင်း၊ ၂၀၀၉ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း ပြည်နှင့် မန္တလေးတိုင်း ဒေသအချို့တွင် ကြက်လည်လိမ်ရောဂါနှင့် အခြားကြက်ရောဂါများ ရောနှောဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တွင်လည်း ဘဲဝမ်းကျရောဂါဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နှင်းဆီ လှုပ်ရှားမှုလုပ်သူ ၃ ဦး အဖမ်းခံရ


ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်သူများ အကြောက်တရားဖယ်ရှား တိုက်ပွဲဝင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ်အတွင်း ''နှင်းဆီ'' လူထုလှုံ့ဆော်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ လူငယ် ၃ ဦး ယခုလ ၁၄ ရက်၊ ချစ်သူများနေ့က အဖမ်းခံခဲ့ရသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရေးထားပြီး၊ အကြောက်တရား ဖယ်ရှား၍ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် နှိုးဆော်ထားသည့် "နှင်းဆီ" လှုံ့ဆော်မှုမှ စာရွက်များအား ထိုနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပရှိ အထက ၅ ၊ ၃ နှင့် ရဲစခန်းရှေ့ နံရံများတွင် လိုက်ကပ်ခဲ့သည့် အကောင်းဆုံးမြေသြဇာ အဖွဲ့ဝင် ၃ ဦးအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုလှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြေလည်ပြီး ငြိမ်းချမ်းသော အနာဂတ်သစ် ပေါ်ထွန်းလာရန် ရည်ရွယ်၍ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave - GW)၊ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ၊ အကောင်းဆုံး မြေသြဇာအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် မတ်လမှစ၍ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ GW အဖွဲ့ဝင် ၂၀ ဦးခန့်ရှိသည်ဟု ဆိုသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်တွေ ပဲခူးမှာ ကောက်နေပြီ

ချင်းမိုင်(မဇ္ဈိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ယခုလ ၁၄ ရက်နေ့က စတင်လိုက်သည်။

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ဒိုက်ဦး၊ ကဝ၊ သနပ်ပင်၊ ဝေါနှင့် အနောက်ဘက်ခြမ်း သာယာဝတီမြို့နယ်များတွင် ပါတီဝင်လူငယ်များက လူထုထဲတွင် လိုက်လံ၍ လက်မှတ်များ ရေးထိုးစေခြင်းဖြစ်သည်။
"ကျမတို့ လူထုထဲကို လိုက်ထိုးခိုင်းနေပါတယ်။ လူငယ် တာဝန်ခံတွေကနေ လိုက်ထိုးနေပါတယ်။ လူတွေကလည်း စိတ်ဝင်စားကြတယ်။ တချို့လည်း ကိုယ့်ဆန္ဒအတိုင်း မထိုးရဲဘူး။ ကြောက်ကြတယ်လေ။ အမှန်တော့ လူတွေဟာ ကိုယ့်စိတ်ထဲက ဆန္ဒအတိုင်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးကို လူတိုင်း နားမလည်ကြတော့ ခက်တယ်" ဟု တိုင်း အန်အယ်ဒီအဖွဲ့ဝင် ဒေါ်ခင်ညွန့်မူက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ပါတီအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဆိုက်ကားဂိတ်၊ ဆရာဝန်နှင့် ရှေ့နေများ အပါအ၀င် လူတန်းစားပေါင်းစုံက လက်မှတ်ထိုးကြသည်ဟု သူက ဆိုသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
လျှပ်စစ် ပစ္စည်းများ ဥရောပသို့ မတင်သွင်းနိုင်သဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် နယ်စပ်၌ပြင်ဆင်နေ

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ဥရောပနိုင်ငံများသည် ပြည်ပ နိုင်ငံများမှ လျပ်စစ်ပစ္စည်းများ တင်သွင်းမှု လျော့ချလာရာ တရုတ်နှင့် ထိုင်း နိုင်ငံမှ လျပ်စစ်ပစ္စည်းများ ဥရောပသို့ မတင်သွင်းနိုင်သဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် နယ်စပ်၌ ပြင်ဆင်နေကြောင်း ဇန်န၀ါရီလက ကျင်းပသည့် စက်မှုဇုန်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း သွင်းကုန် အစားထိုးရေး မူဝါဒအရ မိမိနိုင်ငံတွင် ထုတ်လုပ်နိုင်သည့် ပစ္စည်းများကို နယ်စပ်မှ တင်သွင်းခြင်းဖြင့် ပြည်တွင်း စက်ရုံများ၏ ကုန်ထုတ်လုပ်မှုကို ထိခိုက်မည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင် ရာမှ စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
( ၀ိကလီအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ကွင်တားနား တွေ့ခွင့်ရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံတမန် တောမတ်စ် အိုဂျီ ကွင်တားနားက အင်းစိန်ထောင်ထဲမှ နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ယမန်နေ့က တွေ့ဆုံခွင့်ရခဲ့သည်။

တင်္နလာနေ့ ညနေ ၄ နာရီခွဲမှ စတင်ကာ အချိန် ၂ နာရီခွဲမျှ ကြာမြင့်သည့် တွေ့ဆုံမှုတွင် ကျောင်းသား၊ ရှေ့နေ၊၊ သီလရှင်နှင့် ပြည်သူ့လွှတ်တော် အမတ်များ ပါဝင်သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောသည်။

ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုကျော်ကိုကို၊ လူငယ်ရှေ့နေ ကိုညီညီထွေး၊ အန်အယ်ဒီ အမတ်များဖြစ်သည့် ဒေါက်တာ တင်မင်းထွဋ်နှင့် ဦးညီပု၊ သီလရှင် ဒေါ်ပုဏ္ဏမီ ခေါ် ဒေါ်မြညွန့်တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ရထားနှင့် ဆက်စပ်၍ ဖြစ်ပွားသော မတော်တဆမှု အရေအတွက် ပိုမိုများပြားနေ

မီးရထားနှင့် အခြားယာဉ် တိုက်မိခြင်း၊ မီးရထားနှင့် လူကို ကြိတ်မိခြင်းတို့မှာ မီးရထား မဆင်မခြင် စီးနင်းမှုကြောင့် ဖြစ်ပွားသော မတော်တဆ ထိခိုက်သေဆုံး ဒဏ်ရာရမူထက် များပြားနေကြောင်း သိရသည်။ ၂၀၀၈ ခုနှစ်အတွင်း မီးရထားကို မဆင်မခြင် စီးနင်းမှုကြောင့် သေဆုံးသူဦးရေ ခြောက်ဦး ထိခိုက် ဒဏ်ရာရရှိသူ ၁၄ ဦးသာ ရှိသော်လည်း မီးရထားနှင့် ဆက်စပ်၍ ဖြစ်ပွားသော မတော်တဆမှုများတွင် သေဆုံးသူ ၄၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၂ ဦးရှိခဲ့ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ မတော်တဆမှုများ လျော့ကျစေရန် မြန်မာ့မီးရထားမှလည်း ပညာပေးခြင်းများကို နည်းလမ်းစုံသုံး၍ ပြုလုပ်နေသော်လည်း သတိပြု၍ လိုက်နာသူမှာ အနည်းငယ်သာရှိကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်းသတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုရီးယားသင်္ဘောမှ မြန်မာသင်္ဘောသား ၂ ဦး သေဆုံး

နယူးဒေလီ (မဇ္ဈိမ)။ ။ ကိုရီးယား သင်္ဘောတစီးပေါ်မှ မြန်မာသင်္ဘောသား ၂ ဦးအပါအဝင် စုစုပေါင်း ၄ ဦး အစာ အဆိပ်သင့်၍ သောကြာနေ့က အိန္ဒိယနိုင်ငံတောင်ဘက် အစွန်ဆုံးရှိ ကီညာကုမ္မာရီ၌ သေဆုံးခဲ့သည်။

M.V. Bright Star သင်္ဘောပေါ်တွင် အစာအဆိပ်သင့် သေဆုံးမှုဖြစ်ရာ ကျန်သင်္ဘောသား ၁၆ ဦးမှာမူ သတိလစ် မေ့မျောနေသည်ဟု နယူးဒေလီရှိ တောင်ကိုရီးယားသံရုံး အဆိုအရ သိရခြင်းဖြစ်သည်။ သင်္ဘောသားများကို ကူညီနိုင်ရန် သံရုံးမှ တရားဝင် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကိုလည်း စေလွှတ်ထားပြီဖြစ်သည်ကြောင်း သံရုံးအရာထမ်းတဦးက ဆိုသည်။

သူက "သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အိန္ဒိယနိုင်ငံတောင်ပိုင်းကို ထွက်ခွာသွားပါပြီ" ဟု ပြောဆိုပြီး၊ အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ သူတို့ပြန်လာမှသာ အကျိုးအကြောင်း သိရမည်ဟု ဆိုသည်။

အစာအဆိပ်သင့်ကြောင်း နံနက် ၉ နာရီခွဲတွင် သတင်းရရှိပြီးနောက် ကင်ညာကုမ္မာရီမှ ရဲတပ်ဖွဲ့နှင့် ဆေးအဖွဲ့ တဖွဲ့သည် မြို့မှ မိုင် ၃ဝ အကွာ ပင်လယ်ထဲတွင် ကျောက်ချရပ်နားထားသော အဆိုပါ တောင်ကိုရီးယား သင်္ဘောသို့ သောကြာနေ့က အလျင်အမြန် သွားရာက်ခဲ့သည်ဟု Times of India သတင်းစာတွင် ရေးသားဖော်ပြသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ရန်ကုန် အိမ်ခြံမြေ လေလံ၌ ကြမ်းခင်းဈေးပေးရန် ပြင်ဆင်

ရန်ကုန်အိမ်ခြံမြေလေလံတွင် လေလံဆွဲဝယ်ယူသူများပေးမည့် ဈေးနှုန်းများအပေါ် အိမ်ခြံမြေဈေး ကွက်အတွင်းရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင် တစားစောင့်ကြည့်လျက်ရှိနေကြသည် ဟု လုပ်ငန်းရှင်များကဆိုသည်။

လေလံဆွဲဝယ်ယူသူများအနေ ဖြင့် ရန်ကုန်အိမ်ခြံမြေဈေးကွက် ရှေ့ အလားအလာကို သုံးသပ်၍ ပြင်ပ အိမ်ခြံမြေပေါက်ဈေးများထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျော့ချတွက်ချက်ထားသည့်နှုန်းထား များဖြင့် ကြမ်းခင်းဈေးပေးဝယ်ယူ ရန်ရှိနေသည်ဟုလည်းလေလံဆွဲမည့် လုပ်ငန်းရှင်များထံမှသိရှိရသည်။

စိတ်ဝင်တစား စောင့်ကြည့်ရ သည့်အဓိကအကြောင်းရင်းမှာ ကား ဈေးကွက်ကဲ့သိုလေလံတွင်ပေးသည့် ဈေးနှုန်းများမှာ ပြင်ပဈေးကွက် အပေါ် သက်ရောက်မှုရှိလာမည်ဟု သုံးသပ်ထားခြင်းကြောင့်ဖြစ်သည်။
( ၀ိကလီအဲလဲဗင်းသတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၁၈ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
မြန်မာ သတင်း

NLD တောင်းဆိုချက်အပေါ် စစ်အစိုးရ တုန့်ပြန်ရန် လေ့လာသူများ မျှော်လင့်ချက်မထား

နယူးဒေလီ။ ။ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးရှိမည့် တွေ့ဆုံ ဆွေးနွေးခြင်းကို အတိုက်အခံ ခေါင်းဆောင်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အပေးအယူလုပ် တွေ့ဆုံဆွေးနွေးကြရန် တောင်းဆိုချက်အပေါ် စစ်အစိုးရဘက်မှ တုန့်ပြန်ရန် လမ်းမမြင်ကြောင်း မြန်မာ့အရေး သုံးသပ်သူများက ပြောသည်။ ယမန်နေ့က NLD အဖွဲ့ချုပ်မှ အထူးကြေညာချက် တစောင် ထုတ်ဝေခဲ့ရာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး အပြန်အလှန် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်အပေါ် လမ်းပြမြေပုံအတိုင်း ဆက်လက် သွားနေသည့် စစ်အစိုးရက တုန့်ပြန်လိမ့်မည် မဟုတ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ကိုအောင်နိုင်ဦးက ပြောသည်။ NLD ပါတီအနေဖြင့် စစ်အစိုးရအပေါ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို အစဉ်တစိုက် ကမ်းလှမ်းချက်များ ယခင်ကတည်းက ရှိခဲ့သော်လည်း အမျိုးသား ညီလာခံသည်သာလျှင် တွေ့ဆုံဆွေးနွေးရန် နေရာဆိုကာ သီးခြား လုပ်ဆောင်ရန် ငြင်းဆန်ခဲ့သည်။

NLD အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို ထပ်မံ တောင်းဆိုလိုက်ခြင်းသည် ပါတီတခုအနေဖြင့် တောင်းဆိုသင့်သည့် အချက်ဖြစ်ပြီး စစ်အစိုးရအနေဖြင့် ထည့်သွင်း စဉ်းစားလိမ့်မည် မဟုတ်ကြောင်း FDP (Forum For Democracy in Burma) ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု မှ ဒေါက်တာ နိုင်အောင်က ယခုလိုပြောသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
သံတွဲထောင်မှ ၈၈ကျောင်းသားများကို ပြစ်ဒဏ်လျှော့မပေး

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနားရောက်ရှိနေခိုက် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြစ်ဒဏ်လျော့ပေါ့ပေးခြင်း၊ ပြစ်ဒဏ်တပေါင်းတည်း ကျခံစေခြင်းတို့ လုပ်ပေးနေသော်လည်း ရခိုင်ပြည်နယ် သံတွဲထောင်ရှိ နိုင်ငံရေးအကျဉ်းသား များမပါဝင်သေးကြောင်း ယမန်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သူ ၈၈မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း၏ အစ်မ မမျိုးပပသိန်းက ခေတ်ပြိုင်သို့ ပြောသည်။ကိုမျိုးရန်နောင်သိန်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၃) ရက်တွင် အင်းစိန်ထောင်တရားရုံးမှ ထောင် (၂) နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း လမ်းမလျှောက်နိုင်ခဲ့သော ကိုမျိုးရန်နောင်သိန်းသည် ယခုဝါးလုံးထောက်ကာ လျှောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိုင်းစစ်ဦးစီးချုပ်နှင့် မြန်မာစစ်ခေါင်းဆောင် ရိုဟင်ဂျာကိစ္စ ဆွေးနွေးဖွယ်ရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းစစ်ဦးစီးချုပ် အနုဖုန်း ဖောင်ဝ်ဂျင်းဒါးသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်တွင် ရိုဟင်ဂျာများကိစ္စကို ဆွေးနွေးဖွယ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးရုံးက ဆိုသည်။

ရိုဟင်ဂျာကိစ္စ ဆွေးနွေးရန် မျှော်လင့်သည်ဟူ၍ ထိုင်းစစ်ဦးချုပ်ကလည်း သူ့ခရီးစဉ် မထွက်ခွာမီ ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သေးသည်။ နှစ်ရက်ကြာ သူ၏ ခရီးစဉ်အဖြစ် ယမန်နေ့က မြန်မာပြည်သို့ စတင်ရောက်ရှိလာရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်ဟု မြန်မာသတင်းစာ New Light of Myanmar က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ဂြိုလ်တုစလောင်း စာရင်းကောက် ပြည်သူတွေ စိုးရိမ်

ပြီးခဲ့သည့် အပတ်အတွင်း ရန်ကုန်မြို့လည် ဧရိယာတွေမှာ ဂြိုလ်တုစလောင်းတပ်ဆင်မှုနှင့် ပတ်သက်ပြီး လိုက်လံ စာရင်းကောက်ယူမှုတွေ ရှိနေတာကြောင့် ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ယခုလို ဂြိုလ်တုစလောင်း တပ်ဆင်ထားမှု စာရင်းလိုက်လံ ကောက်ယူမှုကြောင့် အချို့ စလောင်းကို ဖြုတ်သိမ်းသူများပင် ရှိနေကြောင်းလည်း စုံစမ်းသိရသည်။ ပုဇွန်တောင်မြို့နယ် အတွင်း နေထိုင်သူတစ်ဦးက ယခုလို စာရင်းလိုက်လံကောက်ခံမှုကို တွေ့တာကြောင့် ၄င်းအိမ် မှာ တပ်ဆင်ထားသည့် ဂြိုလ်တုစလောင်းနှင့် ဆက်စပ်ထားသည့် ကြိုးများကို ဖြုတ်ပစ်လိုက်ပြီး ဖမ်းစက်များကိုလည်း သိမ်းထားလိုက်ကြောင်း၊ ခေါင်မိုးပေါ်က စလောင်းပြားကိုတော့ သိမ်းချင်သိမ်းပါစေဆိုပြီး ထားလိုက်ကြောင်း ပြောပြသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များမှာ အိမ်ထောင်စုတွေ၏ ပိုင်ဆိုင်မှု အလုပ်လုပ်ကိုင်မှုတွေနှင့် ပတ်သက်ပြီး စာရင်းကောက်ခံစဉ် အချိန်ကလည်း ဂြိုလ်တုစလောင်း တပ်ဆင်ထားခြင်း ရှိမရှိ မေးမြန်းပြီး အချက်အလက်တွေ ကောက်ယူသွားခဲ့ဖူးသည်။

နအဖ စစ်အစိုးရသည် ပြီးခဲ့တဲ့နှစ်ကအထိ ဂြိုလ်တုစလောင်း တပ်ဆင်မှုတွေကို လိုင်စင်ဖြင့် ခွင့်ပြုပေးပြီး နှစ်စဉ်ကြေး ကောက်ခံသည်။ ၂ဝဝ၈ နှစ်ဆန်းမှာတော့ ပထမ နှစ်စဉ်ကြေးကို တစ်နှစ် ကျပ်(၁ဝ) သိန်းအထိ တိုးမြှင့်ကောက်ခံရမည်ဆိုပြီး ပြည်နယ်တိုင်းများရှိ မြို့အသီးသီးက ဆက်သွယ်ရေးရုံးတွေထံ ညွှန်ကြားချက် ပို့ခဲ့သည်။ နောက်ပိုင်း အဆိုပါကိစ္စ ပြင်ပမီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သည့်အတွက့် လိုင်စင် သက်တမ်းတိုးခြင်း ကို လုပ်မပေးတော့ဘဲနေတာ ယနေ့အထိ ဖြစ်သည်။

လိုင်စင်သက်တမ်း ထပ်တိုးမပေးခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ တပ်ဆင်ထားသည့် သိန်းနှင့်ချီရှိသည့် ဂြိုလ်တုစလောင်းဖမ်းစက်တွေ သက်တမ်းကုန်ဆုံးပြီး တရားမဝင် တပ်ဆင်ထားသည့် သဘော သက်ရောက်သွားသည်။

စစ်အစိုးရ ဆက်သွယ်ရေး ဥပဒေအရ တရားမဝင် ဂြိုလ်တုစလောင်း တပ်ဆင်ထားမှုကို တွေ့ရှိပါက ဆက်စပ် ပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းမည့်အပြင် တပ်ဆင်ကြည့်ရှုသူကိုလည်း အမြင့်ဆုံးထောင်ဒဏ် (၇) နှစ်အထိ အပြစ်ပေးနိုင်သည်ဟု ပြဌာန်းထားသည်။ စစ်အစိုးရ အာဏာပိုင်တွေ ယခုကဲ့သို့ ဂြိုလ်တုစလောင်း စာရင်းကောက်ယူနေချိန်သည် အမေရိကန် အခြေစိုက် ဗွီအိုအေ အသံလွှင့်ဌာနက ဂြိုလ်တုစလောင်းမှတဆင့် ရုပ်သံသတင်း စတင် ထုတ်လွှင့်မည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မူလက နော်ဝေ အခြေစိုက် ဒီဗွီဘီသာ ဂြိုလ်တုစလောင်းမှ ရုပ်သံလွှင့်မှု ရှိနေခဲ့ပြီး၊ ယခု ဗွီအိုအေ ကပါ ထုတ်လွှင့်လာ သည့်အတွက် စစ်အစိုးရက ပိတ်ပင်မည့်သဘောမျိုးလည်း ဖြစ်နိုင်ကြောင်း အချို့ရန်ကုန် မြို့ခံတွေက သုံးသပ်နေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကွင်တားနား နေပြည်တော်တွင် တရားသူကြီးချုပ်နှင့် ဆွေးနွေး

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလ လူ့အခွင့်အရေး သံတမန်သည် မြန်မာနိုင်ငံ တရားသူကြီးချုပ်နှင့် နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယနေ့ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ တနာရီကြာ ဆွေးနွေးကြပြီးနောက် နေပြည်တော်မှ ပြန်လည် ထွက်ခွာသွားသည်ဟု တရားသူကြီးချုပ်ရုံး အဆိုအရ သိရခြင်းဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားရန် အစိုးရအရာရှိက ငြင်းဆန်ထားသည်။ သံတမန်ကြီးသည် သြဂုတ်လ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများ ပြန်လည် သုံးသပ်မှုပြုလုပ်ရန်၊ ပြည်သူပြည်သားများ၏ အခြေခံ ရပိုင်ခွင့်တို့ကို လေးစားရန်နှင့် လွတ်လပ်သော တရားစီရင်ရေး စနစ်ဖြစ်ရန် စစ်အစိုးရကို အကြံပြုခဲ့ဖူးသဖြင့် တရားရေး မဏ္ဍိုင်နှင့် ပတ်သက်သည်ကို ဆွေးနွေးလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း "တရားဥပဒေ စိုးမိုးရေး မရှိလို့ရှိရင် ဘယ်စနစ်မှ အောင်အောင်မြင်မြင် မဖြစ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေး ထွန်းကားမှသာ အဲဒီနောက်မှာ ဘယ်စနစ်ဖြစ်ဖြစ် အောင်မြင်နိုင်တယ်။ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ တရားဥပဒေ စိုးမိုးရေးရှိမှ ရှိနိုင်မယ့်ကိစ္စလို့ ကျနော်တို့ ယုံကြည်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ရခိုင်ပြည်နယ်အတွင်းရှိ စက်လှေများ၏ အခန်းကဏ္ဍသည် အရေးပါဆဲ

မြစ်၊ ချောင်းများပေါများခြင်း ကြောင့်ရခိုင်ပြည်နယ်အတွင်း စက် လှေအမြောက်အမြားထားရှိကြရာ ရေလုပ်ငန်းအတွက် စက်လှေများ၏ အခန်းကဏ္ဍသည် များစွာအရေးပါ ကြောင်း သိရသည်။

ရေလုပ်ငန်းကိုအဓိက လုပ်ကိုင် ကြသော ကမ်းရိုးတန်းနေဒေသခံ များသည် ငါးဖမ်းခြင်း၊ ပိုက်ချခြင်း၊ ပိုက်မျောခြင်း၊ ပိုက်ဆွဲခြင်းများတွင် စက်တပ်မော်တော်များကို အသုံးပြု လေ့ရှိသည့်အပြင် ဒေသတွင်းခရီး သွားလုပ်ငန်းများအတွက်လည်းစက် လှေများကို အသုံးပြုကြသည်ကို တွေ့ရသည်။ ယခင်က စစ်တွေကမ်း ခြေတစ်လျောက်တွင် လုပ်ကိုင်ကြ သော ရေလုပ်ငန်းတွင် စက်တပ်မော် တော်များကို အသုံးပြုသူ နည်းပါးခဲ့ သော်လည်း ယခုအခါ လှေပေါ်၌ စက်များ တပ်ဆင်၍ အသုံးပြုလုပ် ကိုင်လာခဲ့ကြကြောင်းလည်း သိ ရသည်။
( ၀ိကလီး အဲလဲဗင်းသတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထောင်ဒဏ် လျှော့ပေး


ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းအခြေစိုက် အတိုက်အခံ အဖွဲ့အစည်း တခုနှင့် ဆက်သွယ်သည်ဟုဆိုကာ ထောင်ဒဏ် ကျခံနေရသူ မန္တလေးမှ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို တိုင်းတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၆ နှစ်စီ လျှော့ပေးလိုက်သည်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ ပို့ချသော သင်တန်းကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက သွားတက်ခဲ့သည်ဟု စွပ်စွဲကာ မကေသီအောင်နှင့် ကိုဝေမျိုးထူးကို ဖမ်းဆီးကာ မန္တလေး အိုးဘိုထောင်တွင်း အနောက်ပိုင်း ခရိုင်တရားရုံးက ပြစ်ဒဏ် ချခဲ့သည်ကို တိုင်းတရားရုံးက ယခုလို ပြစ်ဒဏ် လျှော့ပေးလိုက်ခြင်း ဖြစ်သည်။ ယခုအခါ တဦးလျှင် ၁၀ နှစ်စီသာ ထောင်ဒဏ် ကျခံရတော့မည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်း သူတို့နှစ်ဦးကို မန္တလေးမြို့ နေအိမ်များမှ ဖမ်းဆီးကာ အိုးဘိုထောင်တွင် ၂ လကျော် ထိန်းသိမ်းပြီးနောက် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထောင်ဒဏ် ၂၆ နှစ် ချခဲ့သည်။

မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ နှစ်ခုကို ၂ မှုစီခွဲကာ ၁၆ နှစ်စီ၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ဥပဒေ ပြဋ္ဌာန်းချက်ဖြင့် ၂ မှုစီခွဲကာ ၁၀ နှစ်စီ ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကားလမ်းကို ၂၀၀၉ ခုနှစ်အတွင်း စတင်ရန်ရှိ

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေး ပိုမို အဆင်ပြေစေရန်အတွက် မောင်တောမြို့နယ်၊ ကြိမ်ချောင်း(ဘောလီဘာဇာ)အထိ ၂၅ ကီလိုမီတာ အရှည်ရှိသော ကားလမ်း ဖောက်လုပ်ရေးကို ၂၀၀၉ ခုနှစ်အတွင်း စတင်ရန်ရှိကြောင်း သိရသည်။ အဆိုပါ လမ်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုတွင် ပိုမို လွယ်ကူ လျင်မြန်လာစေမည့် လမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက တိုင်းတာမှုများ ဦးစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒါကာသတင်းတစ်ရပ်တွင် ဖော်ပြထားရှိပါသည်။ ယင်းလမ်းတွင် မြန်မာနိုင်ငံအတွင်းသို့ တောင်ပြို၊ သင်္ဘောလ၊ စံကားပင်ရင်း ဒေသများကို ဖြတ်လျက် ကြိမ်ချောင်း အရှေ့ဘက်မှ ဖြတ်သွားနိုင်ကြောင်းလည်း သိရသည်။ ယခုအခါတွင် ကြိမ်ချောင်း-မောင်တောကို ကားလမ်းဖြင့် အလွယ်တကူ ဆက်သွယ် သွားလာနိုင်လျက်ရှိရာ ကြိမ်ချောင်းဒေသသို့ နှစ်နိုင်ငံ လမ်းဖောက်လုပ်ပြီးပါက ဘင်္ဂလားဒေ့ရှ်မှ မောင်တော၊ ဘူးသီးတောင်အထိ ကုန်းလမ်းဖြင့် ဆက်သွယ် သွားလာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
( ၀ိကလီးအဲလဲဗင်းသတင်းမှ ကောက်နှုတ်ချက် )
+++++
လွတ်လပ်စွာ စိစစ်ရန်လိုဟု ကင်ပိန်း လှုပ်ရှားသူများက ကုလကို ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်အရှေ့ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများဟု အများက သိရှိနေသည့် ကရင်ခွဲထွက် အဖွဲ့များအား ကမ္ဘာ့လူ့အခွင့်အရေး ကျွမ်းကျင်သူက သွားတွေ့သည့်အပေါ် အလွန် တုန်လှုပ်မိကြောင်းဖြင့် ဗြိတိန်အခြေစိုက် ကင်ပိန်း လှုပ်ရှားသူတဦးက ပြောသည်။

မစ္စတာကင်တားနား (Quintana) က KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် ကရင်တပ်မတော် (DKBA) တို့ကို သွားတွေ့ခဲ့သည်ကို အလွန် အံ့သြတုန်လှုပ်မိကြောင်း ကမ္ဘာတလွှား ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ 'Christian Solidarity Worldwide' (CSW) မှ ပြောဆိုခြင်းဖြစ်သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၁၉ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
မြန်မာ သတင်း

မြန်မာငွေ တန်ဖိုးတက် ကုန်သွယ်ရေး ထိခိုက်


ကန်ဒေါ်လာ၊ ထိုင်းဘတ်၊ ဘင်္ဂလားဒေ့ရှ် တာကာ အပါအဝင် နိုင်ငံခြားငွေကြေးများနှင့် နှိုင်းယှဉ်လျင် မြန်မာကျပ်ငွေတန်ဖိုး အလျင်အမြန် မြင့်တက်နေသည့်အတွက် ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်လာနေကြောင်း ကုန်သည်ကြီးများ အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။ ဒေါ်လာငွေ တန်ဖိုးသည် ပြီးခဲ့သည့်နှစ် မကုန်ခင်က ရန်ကုန်မှာ တစ်ဒေါ်လာ ကျပ် (၁,၁၅ဝ) ဝန်းကျင် ရှိခဲ့သည်။ လွန်ခဲ့သည့် တပတ်ခန့်အထိ တစ်ဒေါ်လာ (၁,ဝ၈ဝ) ကျပ် ပတ်ဝန်းကျင် ထိ ကျဆင်းခဲ့ပြီး ယခုရက်ပိုင်း တစ်ဒေါ်လာ ကျပ် (၁,ဝဝဝ) အောက်ရောက်ကာ ၁၈.၂.၂၀၀၉ ပေါက်ဈေး တစ်ဒေါ်လာ (၉၈ဝ) ကျပ် လောက်သာ ရှိတော့သည်။ ရက်ပိုင်းအတွင်း (၁ဝ) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာဖြစ်သည့်အတွက် နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့နေသည့် ပို့ကုန်သမားတွေ အထူးအထိနာခဲ့သည်။ နိုင်ငံခြားငွေများနဲ့ စာလျင် ကျပ်ငွေတန်ဖိုး ယခုလို မြင့်တက်နေမှုကြောင့် ပို့ကုန်သမားများ တွက်ခြေမကိုက် ဖြစ်နေချိန် သွင်းကုန်သမားများလည်း ပြည်သူတွေ စီးပွားရေး ကျဆင်းပြီး၊ ပြည်တွင်း ဝယ်လိုအား လျော့ကျနေခြင်းကြောင့် ကုန်ပစ္စည်းတင်သွင်းမှု များစွာလျော့ကျ နေသည်ဟု စုံစမ်းသိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက်)
+++++
ကွင်တားနားနှင့် ဇာဂနာတွေ့


နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ တောမတ် အိုဂျီ ကွင်တားနားသည် ဗုဒ္ဓဟူးနေ့က ထိန်းသိမ်းခံနေရသော နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့် မြစ်ကြီးနား အကျဉ်းထောင်တွင် တွေ့ဆုံခဲ့ကြောင်း ထောင်အာဏာပိုင်များနှင့် မိသားစုဝင်များက မဇ္ဈိမကို ပြောသည်။

မိသားစုဝင် တဦးက ပြောကြားရာတွင် ကွင်တားနားသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနားထောင်သို့ သွားရောက် လည်ပတ်ခဲ့ပြီး ဇာဂနာနှင့် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြစ်ကြီးနားထောင်မှ အရာထမ်းတဦးက မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ကွင်တားနား ရောက်လာခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောရန် ငြင်းဆန်ခဲ့သည်။ အလည်အပတ် ရောက်ရှိနေသော အာဂျင်တီးနားသား သံတမန်က နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် စစ်အစိုးရကို ခွင့်ပန်ထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးဟု သတင်းရပ်ကွက်များက ပြောသည်။

ကုလသမဂ္ဂရုံး အဆိုအရ ကွင်တားနား၏ ခြောက်ရက်ကြာ ခရီးစဉ်သည် ယနေ့ အဆုံးသတ်မှာဖြစ်ပြီး ညနေတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောကြားမှာ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကျိုက်ထီးရိုးအထမ်းသမားများ တွက်ခြေမကိုက်


ကျိုက်ထီးရိုးတောင်ပေါ်သို့ ရသေ့တောင်မှ အထမ်းများဖြင့် လိုက်ကာ ခရီးသည်များ ပို့ပေးနေသည့် အထမ်းသမားများ ယခုလအတွင်း လုံးဝတွက်ခြေမကိုက်ဟု သိရသည်။

ရသေ့တောင်မှ ကျိုက်ထီးရိုးရင်ပြင်ပေါ်သို့ ပြည်တွင်းဧည့်သည်များက ခြေလျင်လမ်းလျှောက် တက် ဆင်းပြုလုပ်ကြသည်က များကြောင်း သိရသည်။ ကျိုက်ထီးရိုးတောင်ပေါ်တွင် လွန်ခဲ့သော (၂) နှစ်ခန့်ကစ၍ အထမ်းသမားဘ၀ဖြင့် အသက်မွေး သည့် အသက် (၂၀) ၀န်းကျင်ရှိ လူငယ်တဦးက သူ၏တနေ့တာ အထမ်းဖြင့် ၀င်ငွေရှာနိုင်မှုမှာ ယခင်က တနေ့လျှင် (၅,၀၀၀) ကျပ်ရှိသော်လည်း ယခုအခါ ဈေးဦးပင် မပေါက်သည့် နေ့များရှိကြောင်း ဆိုသည်။ ပြည်ပဘုရားဖူးများ လာရောက်မှု လျော့ကျသွားသည့်အတွက် အထမ်းသမားများ အများစု တွက်ခြေမကိုက်သဖြင့် တကိုယ်စာခြင်းဖြင့် ပစ္စည်းသယ်ပြီး၊ ကလေးများကို သယ်ယူပို့ဆောင်ပေးခြင်းများကို ထွက်၍ လုပ်ကြရကြောင်း အထမ်းသမားများက ပြောသည်။ယခုရာသီမှာ ပြည်တွင်းဘုရားဖူးများလည်း ပြည်ပဘုရားဖူးများ လျော့ကျသည့်အတိုင်း လျော့ကျကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် နီးနေသည့်အတွက် ဖြစ်ကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့က ပြောသည်။ ကျိုက်ထီးရိုးရင်ပြင်နှင့် ရသေ့တောင် သို့ အထမ်းများဖြင့် ပို့နေသော အထမ်းအရေအတွက်မှာ (၁၂၆) ထမ်းရှိပြီး ထမ်းသည့် လူဦးရေ (၄၀၀) ခန့် ရှိကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++
အသက်ရှုကြပ် သေဆုံးသူ မြန်မာများအတွက် ထိုင်းကုမ္ပဏီက လျော်ကြေးပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုံပိတ်ကားဖြင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာစဉ် မွန်းကြပ် သေဆုံးခဲ့သူ မြန်မာနိုင်ငံသား ၅၄ ဦးအနက် ၃၇ ဦးအတွက် ထိုင်း အသက်အာမခံ ကုမ္ပဏီတခုက ယမန်နေ့မှ စတင်၍ လျော်ကြေးငွေအဖြစ် တဦးလျှင် ဘတ်ငွေ သုံးသောင်းခွဲစီ ပေးအပ်လိုက်သည်။ လျော်ကြေးငွေ လက်ခံမည့် သေဆုံးသူ ၅၄ ဦး၏ ဆွေမျိုးများအနက် ၄၁ ဦးအတွက် လာရောက်ရာ၊ စာရွက်စာတမ်းများ လိုနေသဖြင့် ၃၇ ဦးသာ ယခုလို ငွေ လက်ခံရရှိခြင်း ဖြစ်သည်။
မြန်မာလုပ်သားများ စီးနင်းခဲ့သည့် ကားမှာ Liberty အသက်အာမခံ ကုမ္ပဏီတွင် အသက်အာမခံကြေး ထားရှိသဖြင့် ထိုင်း ဥပဒေအရ ကားနှင့် ပတ်သက်၍ အသက်ဆုံးရှုံးခဲ့ကြောင်း ထင်ရှားပါက တဦးလျှင် လျော်ကြေးအဖြစ် ဘတ်ငွေ ၁ သိန်း ခံစားခွင့် ရှိသည်။

လျော်ကြေးငွေ ရရှိရေးအတွက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ - TACDB မှ ထိုင်းရှေ့နေများ အပါအ၀င် ကော့သောင်းရှိ မြန်မာအာဏာပိုင်များနှင့် FTUB က ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသားများသည် ကွန်တင်နာကားဖြင့် ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာစဉ် ရနောင်းနှင့် ဖူးကက်မြို့အကြားရှိ စွတ်ဆမ်ရန်မြို့အနီးတွင် အသက်ရှုကြပ်၍ သေဆုံးခဲ့သည်။
အမှုနှင့် ပတ်သက်၍ ကားမောင်းသူနှင့် ကားပိုင်ရှင်အား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထိုင်းတရားရုံးတခုက ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့သော်လည်း အပြစ်ရှိကြောင်း ၀န်ခံကြသဖြင့် ၆ နှစ်စီ ပြစ်ဒဏ်လျှော့ပေးခဲ့သည်။

အလုပ်အကိုင် ရှာဖွေရန်အတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်စဉ် လမ်းခုလပ်၌ ယခုလို အဖြစ်ဆိုး ကြုံတွေ့ခဲ့ရသော မြန်မာပြည်သား အများစုမှာ မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့များမှ ဒေသခံများ ဖြစ်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လက်နက်ချ ရှမ်းအဖွဲ့ဝင်ဟောင်းများကို လိုက်လံရှာဖွေ

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများကို ကွတ်ခိုင်အခြေစိုက် နအဖ စစ်ဗျူဟာလက်အောက်ခံ တပ်ရင်းများက ယခုအခါ လိုက်လံ ရှာဖွေလျှက် ရှိသည်။

၂၀၀၅ ခုနှစ် အတွင်းက မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သည့် SSNA ခေါ် ရှမ်းပြည် အမျိုးသား တပ်မတော်မှ အဖွဲ့ဝင်ဟောင်းများ နေထိုင်ရာ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ခိုမုန်း၊ နားရှီမူး၊ ခိုတိန်း၊ နမ့်အွန်၊ ကောင်းဝိန်း၊ တာလုံ စသည့် ကျေးရွာများတွင် စစ်တပ်က ရှာနေခြင်း ဖြစ်သည်။ ယခုလ ၁၀ ရက်နေ့က ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ဖြစ်ပွားခဲ့သည့် ကုန်ကားကြီးများ ဓားပြတိုက်ခံရမှုအပြီး မူဆယ်မြို့နယ် ကောင်းဝိန်းကျေးရွာတွင် နေထိုင်သည့် SSNA အဖွဲ့ဝင်ဟောင်း ၂ ဦးကို စစ်တပ်က ဖမ်းခေါ်သွားသည်။ ထို့အပြင် ခင်ပွန်းသည်များကို မတွေ့သဖြင့် ဇနီးသည် ၅ ဦးနှင့် ကလေးတဦးကို ဖမ်းခဲ့သည်။ အဖမ်းခံကြရသည့် အမျိုးသမီးနှင့် ကလေးငယ်ကို ယမန်နေ့က ပြန်လွှတ်ပေးခဲ့သော်လည်း ၃ ရက်အတွင်း ယောက်ျားများ လာရောက် အဖမ်းခံရမည်ဟု ပြောဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာပြည်တွင် ကြက်ငှက်တုပ်ကွေးမရှိ၊ လည်လိမ်ရောဂါသာရှိ ဟု FAO ပြော

နယူးဒေလီ (မဇျိမ)။ ။ မြန်မာပြည် အလယ်ပိုင်းတွင် မကြာမီက ဖြစ်ပွါးခဲ့သော ကြက်များ အကောင်ရေ သိန်းနှင့်ချီ၍ သေဆုံးခဲ့ခြင်းသည် လည်လိမ်ရောဂါဟု လူသိများသော Viscerotropic Velogenic (VVNT) ခေါ် နယူးကက်ဆယ် ရောဂါကြောင့်သာ ဖြစ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) မှ တာဝန်ရှိသူတဦးက ပြောပါသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး နောက်တကြိမ် ထပ်မံဖြစ်ပွါးမှု မရှိကြောင်း၊ မကြာသေးမီက မြန်မာပြည် အလယ်ပိုင်းတွင် ကြက်များ သေဆုံးရခြင်းသည် နယူးကက်ဆယ်ရောဂါ အမျိုးအစားတခုကြောင့်သာ ဖြစ်ကြောင်းဖြင့် FAO ဘန်ကောက်ဒေသဆိုင်ရာရုံးမှ ဒေါက်တာမိုဇာရီယာ (Dr. Mozaria) ကပြောသည်။ မန္တလေးတိုင်းအတွင်းရှိ ပျဉ်းမနား၊ ပေါင်းလောင်းနှင့် ပဲခူးတိုင်းအတွင်းမှ ပြည် နှင့် ပဲခူးမြို့တို့တွင်ရှိ ကြက်ခြံများတွင် မကြာသေးမီက ကြက်များ သိန်းဂဏန်းမျှ ထူးဆန်းသော ရောဂါဖြင့် သေဆုံးခဲ့ရပြီး၊ ယင်းသည် ကြောက်စရာကောင်းလှသည့် ကြက်ငှက်တုပ်ကွေးကြောင့် ဖြစ်သည်ဟု ကြက်ခြံပိုင်ရှင်များက ထင်ယောင်မှားနေကြသည်။ ကြက်များ သေဆုံးသွားသော ကြက်ခြံများမှ ကြက်များ ရောင်းချခြင်းကို အာဏာပိုင်များက ပိတ်ပင် တားမြစ်ထားပြီး၊ ဤသို့ ကြက်များ သိန်းနှင့်ချီ၍ သေဆုံးကြောင်း သတင်းများကို ဖော်ပြခြင်း မပြုရန်လည်း ဂျာနယ်နှင့် စာစောင်များကို တားမြစ် ပိတ်ပင်ထားသည် ဟု သတင်းရပ်ကွက်များက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာစစ်တပ်နှင့် ဝ တပ်ဖွဲ့ တိုက်ပွဲဖြစ်ဟု သျှမ်းသံတော်ဆင့်က ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ တပ်ဖွဲ့နှင့် UWSA မြောက်ပိုင်းစစ်ဒေသ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ယခုလ ပထမအပတ်အတွင်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အဆိုအရ သိရသည်။

ဝပြည် သွေးစည်းညီညွတ်ရေး - UWSA ၏ မြောက်ပိုင်း စစ်ဒေသအတွင်းက နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ သံလွင်အရှေ့ဘက် ကွန်လုံခရိုင်၊ ပန်ယောင်နယ်မြေ၌ ဖြစ်ပြီး ထိန်းချုပ်နယ်မြေ သူပိုင်ကိုယ်ပိုင် အငြင်းပွား စကားများရာမှ ယခုလို ပေါ်ပေါက်လာကြောင်း သိရခြင်းဖြစ်သည်။
ဦးစိန်ကြည်ကမူ နအဖ တပ်များသည် ဝ တောင်ပိုင်း စစ်ဒေသအတွင်း၌သာမက အပစ်ရပ် NDAA မိုင်းလားအဖွဲ့ဘက်သို့လည်း မကွေး အခြေစိုက် တပ်မ ၈၈ ၊ အင်းမအခြေစိုက် တပ်မ ၆၆ မှ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းရန် စေလွှတ်နေသည်ဟု သတင်းများ ရရှိထားကြောင်း ပြောသည်။

ထို့အပြင် ယခုလ ၇ ရက်နေ့က ကျရောက်ခဲ့သော ရှမ်းပြည် အမျိုးသားနေ့တွင် မိုင်းလားအဖွဲ့အား အထူးဒေသ ၄ အစား NDAA-ESS (National Democratic Alliance Army-Eastern Shan State) ဟု သုံးစွဲသွားမည်ဟု မိုင်းလားဗဟိုဌာနချုပ်၌ အစည်းအဝေးလုပ် ဆုံးဖြတ်ခဲ့ကြောင်းလည်း သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဖေဖေါ်ဝါရီလ ၂၀ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
မြန်မာ သတင်း

ဂမ်ဘာရီ တိုက်တွန်းချက် အန်အယ်ဒီ လက်မခံ

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အားပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ကုလ လုပ်ငန်းစဉ်များကို စွက်ဖက်သည့် အသွင်ဆောင်ကြောင်း အတိုက်အခံပါတီ အန်အယ်ဒီက ယနေ့ ပြောဆိုလိုက်သည်။

မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ယမန်နေ့ ပူးတွဲကြေညာချက်တွင် "နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လက်ခံနိုင်ဖွယ် ပုံစံတခုဖြစ်အောင် ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မြန်မာအစိုးရကို အားပေးရန်" တိုက်တွန်းချက်သည် ကုလ လုပ်ငန်းစဉ်အပေါ် စွက်ဖက်သလို ဖြစ်သွားနိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။ ကုလ ကိုယ်စားလှယ်သည် ၇ ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာပြည်သို့ ယခုလဆန်းပိုင်းက လာရောက်စဉ် အကျယ်ချုပ်ကျခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အန်အယ်ဒီက လက်မခံကြောင်းနှင့် အဆိုပါ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အကြံပြု ဆွေးနွေးခဲ့သည်။

မစ္စတာဂမ်ဘာရီက မည်သည့် အချက်သည် အဓိက ဦးစားပေးသနည်းဟု မေးမြန်းခဲ့ရာ အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အကုန်လွှတ်ပေးရေး ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ယမန်နေ့က အထူးကြေညာချက် နှစ်စောင်ကို အန်အယ်ဒီက ထုတ်ပြန်ရာတွင် မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီး၏ ပူးတွဲ ကြေညာချက်အပေါ် ယနေ့ ပြောဆိုချက်အတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်ကာ၊ နောက်တစောင်၌မူ မကြာမီ မြန်မာပြည်သို့ လာရောက်မည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အပေါ် ပါတီအနေဖြင့် မည်သည့် ကြိုတင် ကန့်သတ်ထားခြင်းများ မရှိကြောင်း ပြောဆိုထားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အန်အယ်လ်ဒီနှင့်စစ်အစိုးရ တွေ့ဆုံဖို့အရေး ခပ်ဝေးဝေး


မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အန်အယ်လ်ဒီတို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ မြန်မြန်ဆန်ဆန် ဆွေးနွေးကြရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ယမန်နေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် အထွေထွေညီလာခံ ဥက္ကဋ္ဌ မီးဂဲလ်ဒက်စကိုတို က ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တင်ပြခဲ့သည့် အကြံပေးချက်များအရ ခိုင်မာ သည့် ရလဒ်ကောင်းများပေါ်ထွက်အောင် လုပ်သည့်နည်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ ဆောင်ရွက်ပေးမှုအား ပူးပေါင်းလုပ်ကိုင်ပါမည်ဆိုသည့် မိမိတို့ကတိကို အကောင်အထည် ဖော်ပြသရန် အခွင့်အရေးကောင်းတခု ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် စစ်အစိုးရအား မစ္စတာဒက်စကိုတိုက ဆက်လက်တိုက်တွန်းထားသည်။

အထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ယင်းညီလာခံမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပေါ်ထွန်းလာအောင် အထွေထွေညီလာခံ၏ အဆက်မပြတ်လုပ်ကိုင်နေမှုကို ထပ်လောင်းအတည်ပြုစေသည်။ ထို့အပြင် မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ ဆောင်ရွက်မှုကို အထွေထွေညီလာခံ ဥက္ကဋ္ဌက ဆက်လက်ထောက်ခံနေကြောင်း ထပ်လောင်းပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
UNA က ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင်းရှိ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ - UNA က မြန်မာ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ဤသည်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအတွင်း မြန်မာပြည်ဆိုင်ရာ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီက မြန်မာပြည်နှင့် ပတ်သက်၍ တံခါးပိတ် အစီရင်ခံစာ တင်သွင်းသည့် အချိန်နှင့် တိုက်ဆိုင်စွာ ယခုလို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ ယနေ့ထုတ်ပြန်သည့် UNA ထုတ်ပြန်ချက်တွင်မူ ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ဘဲ နအဖ က တဖက်သတ် အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ စုပေါင်းဖြေရှင်းမှသာ မြန်မာနိုင်ငံ၏ ပြဿနာများ ပြေလည်မည်ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြဿနာများအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် သတ်မှတ်ချက်များ မပါဘဲ အမြန်တွေ့ဆုံရန် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အန်အယ်ဒီ၏ အထူးကြေညာချက် အမှတ် ၂ ၏ တောင်းဆိုခဲ့မှုသည် UNA ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲမှု မရှိကြောင်းနှင့် အန်အယ်ဒီက ၂၀၀၈ ခု ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ထောက်ခံကြောင်း UNA ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာငွေဈေးမြင့် ထိုင်းပို့ကုန်သွင်းမှုကျ

ယခုနှစ်ဆန်းမှစ၍ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများတွင် ထိခိုက်မှုအချို့ ဖြစ်ပေါ်ခဲ့သည်ဟု ထိုင်းနှင့် မြန်မာကုန်သည်များက ပြောကြားသည်။ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတင် သွင်းသည့် ပို့ကုန်လုပ်ငန်းပိုင်ရှင်တဦးက မြန်မာငွေဈေးတက်သော်လည်း ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို ပုံမှန်တင်ပို့လျက်ရှိကြောင်း၊ ကုန်ပစ္စည်းမှာယူမှုများ လုံးဝကျဆင်းသွားခြင်းမရှိကြောင်း၊ အလှကုန်ပစ္စည်းများဖြစ်သည့် အာချီမိတ်ကပ်၊ စပရင်းစောင်း၊ နှစ်ထပ်မိတ်ကပ်နှင့် အခြားမိတ်ကပ်များအပြင် ရေမွှေးမျိုးစုံနှင့် ဖိနပ်မျိုးစုံကို ပုံမှန်တင်ပို့နေရသည်ဟု ခေတ်ပြိုင်သို့ပြောသည်။ တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးကို မေးမြန်းရာ ယခုနှစ်ဆန်းမှ စတင်ကာ မြန်မာ ငွေဈေးမြင့်တက်လာသဖြင့် ထိုင်း၊ မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းပို့ကုန်တင်သွင်းမှု (၂၀) ရာ ခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ထိုင်း၊ မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မဲဆောက်၊ မြ၀တီလမ်းကြောင်းမှ လစဉ် ထိုင်းပို့ကုန် ဘတ်သန်း (၁,၀၀၀) ခန့် ပုံမှန်တရားဝင် တင်သွင်းလျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီး များ အသင်းကပြောသည်။ အချို့ထိုင်းကုန်သည်ကြီးများ၏ ပြောကြားချက်အရ မြန်မာနိုင်ငံ ဖက်သို့ လစဉ် ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးမှာ ဘတ်ငွေသန်း (၃,၀၀၀) ခန့်ရှိသည်ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကွင်တားနား ၆ မိနစ်ကြာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး တိုးတက်မှုများနှင့် ပတ်သက်၍ လေ့လာရန် မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလသံတမန် မစ္စတာ တောမတ် အိုဂျီ ကွင်တားနားသည် မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ယမန်နေ့ ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထူး သီးသန့်ဆောင်၌ မြန်မာနိုင်ငံရှိ နိုင်ငံခြား သတင်းထောက်များ၊ ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ကွင်တားနားက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် စိမ်ခေါ်မှုများနှင့် ရင်ဆိုင်နေရာဆဲ ဖြစ်သည်ဟု ၆ မိနစ်တာ ကြာမြင့်သော သတင်းစာ ရှင်းလင်းပွဲ၏ အစမှာပင် ပြောကြားသွားသည်။

ခရီးစဉ်ကို စီစဉ်ပေးသော မြန်မာအစိုးရကို အထူးပင် ကျေးဇူးတင်ပါကြောင်းနှင့် သူ၏ ပြောဆိုဆွေးနွေးမှုများကို မြန်မာအစိုးရ အနေဖြင့် အလေးထားစဉ်းစားပြီး အပြုသဘောဆောင်သော တိုးတက်မှုများ ရလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း အထူးသံတမန်က ပြောပါသည်။ သူသည် တရားသူကြီးချုပ် ဦးအောင်တိုးနှင့်လည်း တွေ့ဆုံခွင့်ရခဲ့ပြီး လွတ်လပ်သော တရားစီရင်ရေး စနစ်ဖြစ်ရန် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများ ပြန်လည် သုံးသပ်မှုပြုလုပ်ရန်နှင့် ပြည်သူပြည်သားများ၏ အခြေခံ ရပိုင်ခွင့်တို့ကို လေးစားရန် စစ်အစိုးရကို အကြံပြုခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အင်းစိန်ထောင်ရှိ ကျောင်းသား၊ သီလရှင်၊ ရှေ့နေ၊ လွှတ်တော်အမတ်တို့မှ ယုံကြည်ချက်ကြောင့် ထောင်ချခံရသူ နိုင်ငံရေး အကျဉ်းသား ငါးဦးနှင့် တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပြီး အချိန် လေးနာရီကျော် ကြာမြင့်သည်ဟု သူက ထည့်သွင်း ပြောဆိုသွားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကင်တားနားပြန်သည်ထိ ရန်ကုန်လုံခြုံရေးတင်းကျပ်ထား


ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား မလာခင်က ချထားသည့် ရန်ကုန်မြို့တွင်း လုံခြုံရေးများကို ကင်တားနားပြန်သည်ထိ ဆက်ပြီး တင်းတင်းကျပ်ကျပ် ချထားသည်ဟု မြို့ခံများက ပြောသည်။

သံဃာတော်များတက်ရောက်သင်ကြားနေသော ပါဠိတက္ကသိုလ်တည်ရှိရာ ကမ္ဘာအေးဘုရား လမ်းမကြီး ဘေး၊ ၀ဲယာနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်း တလျောက်တွင် ထူးထူးခြားခြား လုံခြုံရေးချထားခြင်း များကြောင်း၊ မြို့နယ်အသီးသီး တွင်လည်း လုံခြုံရေးများကို မီးပွိုင့်ထောင့်များတွင် ချထားကြောင်း သိရသည်။ အထူးသဖြင့် ကမ္ဘာအေးဘုရား၊ ရွှေတိဂုံဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ရွှေဂုံတိုင်လမ်း တလျေက် တွင် သံချပ်ကားအပြည့် တင်ဆောင်ထားကာ လုံထိန်းရဲများ သေနတ်ကိုယ်စီဖြင့် အသင့်အနေ အထား စောင့်ကြပ် ရှိနေကြောင်း မျက်မြင်သက်သေတွေက ပြောသည်။ ကင်တားနား ပြန်သွားသော်လည်း ၈၈မျိုးဆက်သစ်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင် များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် အသီးသီးချမှတ်ထားသည့် အတွက် နောက်ထပ်ဆူပူမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် လုံခြုံရေး ဆက်ယူ ထားရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ရန်ကုန်ရှိ ပြည်ထဲရေး ရဲအရာရှိ တဦးကပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကွင်တားနား ဇာဂနာနှင့် မတွေ့ခဲ့ ဟု ကုလပြော


နယူးဒေလီ – မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ မစ္စတာ ကွင်တားနားသည် နာမည်ကျော် လူရွှင်တော် ဇာဂနာကို ဗုဒ္ဓဟူးနေ့ ကတွေ့ဆုံခဲ့သည် ဟူသော သတင်းကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး က ငြင်းဆိုလိုက်ပါသည်။
ကိုဇာဂနာကို ကုလသံတမန်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့ ညဦးပိုင်းက တွေ့ဆုံခဲ့သည်ဟု အစောပိုင်းက မြစ်ကြီးနား အကျဉ်းထောင် အရာရှိတဦးနှင့် ကိုဇာဂနာ ၏ဆွေမျိုးတဦးက မဇ္ဈိမကို ပြောကြားခဲ့ပါသည်။

အမည်မဖော်လိုသူ ကိုဇာဂနာ၏ ဆွေမျိုးတဦးက ဤသို့ တွေ့ဆုံခဲ့ကြောင်း မြစ်ကြီးနား အကျဉ်းထောင်ကို စောင့်ကြည့် လေ့လာနေသူ သတင်းရပ်ကွက်တခုက သူ့ကို ပြောကြားခဲ့သည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဤသတင်းကို အတည် မပြုနိုင်ကြောင်းလည်း သူမက ဝန်ခံပြောကြားခဲ့သည်။

သို့သော် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “မစ္စတာကွင်တားနား ကချင်ပြည်နယ်ကို မသွားခဲ့ပါဘူး၊ ကိုဇာဂနာနဲ့လဲ မတွေ့ခဲ့ပါဘူး။ သူက ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့တွေမှာ နေပြည်တော်မှာဘဲ ရှိနေခဲ့တာပါ” ဟု ပြောကြားသွားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပလာတာလှည်း ရိုဟင်ဂျာတွေ ဘန်ကောက်မှာဖမ်းနေ


ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံမှတဆင့် မလေးရှားသို့ ခိုးသွင်းနေသည့် လူမှောင်ခိုဂိုဏ်းအား ဖြိုခွင်းရေးအတွက် ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (ဒီအက်စ်အိုင်) မှ အပူတပြင်း စုံစမ်းစစ်ဆေးနေပြီး ရက်ပိုင်းအတွင်း ထိုင်းလူမှောင်ခိုဂိုဏ်းသားများအား ဖမ်းဝရမ်းထုတ်တော့ မည်ဖြစ်သည်။

ရိုဟင်ဂျာ လူမှောင်ခိုကိစ္စ ခြေရာခံဖို့အတွက် ဘန်ကောက်မြို့တွင်းရှိ လက်တွန်းလှည်းနှင့် ပလာတာရောင်းနေသည့် ရိုဟင်ဂျာများကို (ဒီအက်စ်အိုင်) မှ စစ်ဆေးနေသည်။ ဘန်ကောက် တွင် တရားမ၀င် နေထိုင်နေသည့် ရိုဟင်ဂျာ (၁၃) ဦးကိုလည်း ဖမ်းထားပြီးဖြစ်သည်။ ဘန်ကောက်သို့ ခိုးသွင်းလာသည့် ရိုဟင်ဂျာများမှာ မလေးရှားမသွားခင် ဘန်ကောက်မြို့တွင်း လက်တွန်းလှည်းနှင့် ပလာတာရောင်းသည့်အလုပ် လုပ်ကိုင်ကြသည်ဆို၏။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မစုစုနွေးနှင့် ကိုနေဘုန်းလတ် ထောင်ဒဏ်လျှော့ပေါ့မှုသတင်း

အင်တာနက် ဘလော့ဂါ နေဘုန်းလတ်အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု = ၂နှစ်၊ အီလက်ထရောနစ် အက်ဥပဒေ ၁၅ နှစ်၊ ဗွီဒီယို အက်ဥပဒေ ၃ နှစ်ခွဲ ချမှတ်ထားရာ အားလုံး ထောင်ဒဏ် အနှစ် ၂၀၊ ၆လမှ ၈ နှစ်ခွဲ လျော့ပေးခဲ့ပြီး၊ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်မှု ပုဒ်မ ၃ ခုနှင့် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ထားရမှာ ၄ နှစ်သို့ လျှော့ချပေးသည်။ ( ဒီဗွီဘီသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ တနိုင်ငံလုံးရှိ အကျဉ်းသား ၆၃၁၃ ယောက် လွှတ်မည်

မြန်မာ စစ်အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ယနေ့ သောကြာနေ့ ညပိုင်း အစီစဉ် များတွင် အကြောင်းပြချက် တစုံတရာ မပြုပဲ လွတ်ငြိမ်း ချမ်းသာခွင့် အစီစဉ် များဖြင့် တနိုင်ငံလုံးရှိ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်ပေးမည် ကြေညာ သော်လည်း နိုင်ငံရေး အကျဉ်သားများ မည်၍ မည်မျှ ပါဝင်၊ မပါဝင်ကို သေခြာ ဂဃနဏ ရှင်းလင်းစွာ ပြောဆိုခြင်း မပြုချေ။

စစ်အစိုးရပိုင် မီဒီယာများ၏ ပြောကြားချက်အရ လာမည့် ၂၀၁၀ ခုနှစ် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအား ကောင်းမွန်စွာ ပူးပေါင်း ပါဝင်မည် ဖြစ်သော အမှု အမျိုးအမည် ပေါင်းစုံ အကျဉ်းသား ၆၃၁၃ ယောက်အား မနက်ဖြန် စနေနေ့မှ စတင်ကာ လွှတ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ယမန်နှစ် စက်တင်ဘာလက တနိုင်ငံလုံးရှိ အကျဉ်းသားပေါင်း ၉၀၀၂ ဦး လွှတ်ပေး ခဲ့သော်လည်း ဒါဇင် မျှသာရှိသော နိုင်ငံရေး အကျဉ်းသားများသာ ပါဝင် လွတ်မြောက်ခဲ့သည်၊ မကြာသေးမည် လများကလဲ ရာနှင့်ချီသော နိုင်ငံရေး လှုပ်ရှားသူများအား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အချိန်ကျော်အောင် အထိ အချိန်ဆွဲသော ထောင်သက်တမ်း များဖြင့် သတ်မှတ်ချလေ့ ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက ထောက်ပြ ပြောဆိုလျှက် ရှိသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++
လုံခြုံရေး ကောင်စီတွင် မြန်မာအရေး ဂမ်ဘာရီ အစီရင်ခံမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် သူ၏ နောက်ဆုံး မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီတွင် ဖေဖေါ်ဝါရီ ၂၀ ရက်၊ သောကြာနေ့၌ တံခါးပိတ် အစီရင်ခံ တင်ပြရန် ရှိကြောင်း ကုလ အတွင်းရေးမှူးရုံး၏ ပြောခွင့်ရ Mr,Fahan Haq က RFA ကို ပြောသည်။ မစ္စတာ ဂမ်ဘာရီသည် လုံခြုံရေး ကောင်စီတွင် အစီရင်ခံပြီးနောက် သတင်းစာရှင်းလင်းပွဲ ကျင်းပမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော ကုလသမဂ္ဂ သဘောထားအား သတင်းစာရှင်းလင်းပွဲပြီးနောက် တရားဝင် ပြောဆိုနိုင်မည်ဟု သူက ပြောသွားပါသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၂၁ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
မြန်မာ သတင်း

အန်အယ်ဒီ အမတ်၊ မြို့နယ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦး လွတ်မြောက်လာ

နယူးဒေလီ၊ ချင်းမိုင် (မဇ္စျိမ) ။ ။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦး၊ မြို့နယ် ဥက္ကဋ္ဌတဦးနှင့် အဖွဲ့ဝင်တဦးအား အာဏာပိုင်များက ယနေ့ညနေပိုင်းတွင် အကျဉ်းထောင် အသီးသီးမှ ပြန်လွှတ်ပေးလိုက်သည်။

အကျဉ်းသား ၆၃ဝဝ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု စစ်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့အပြီး မန္တလေးတိုင်း အမရပူရမြို့နယ် အန်အယ်ဒီအမတ် ဒေါက်တာ ဇော်မြင့်မောင်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ပါတီအဖွဲ့ဝင် ဦးဖေစိန်အား မြစ်ကြီးနားထောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေအား အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ဒေါက်တာ ဇော်မြင့်မောင်အား ၁၉၉ဝ ခု နိုဝင်ဘာတွင် စင်ပြိုင်အစိုးရ ဖွဲ့ရန် ကြံစည်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၅ နှစ် ထောင်ချခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများ အစီရင်ခံသဖြင့် ၁၂ နှစ် အတိုးခံရကာ ၃၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည်။
အလားတူ ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းမြို့မှ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်သည့် ဦးဖေစိန်နှင့် မြို့တော် မြစ်ကြီးနားမှ ဦးကျော်မောင်၊ ဦးနေဝင်းတို့အား ၂ နှစ်စီ ပြစ်ဒဏ်ချထားရာတွင် ဦးဖေစိန် ပြန်လွတ်လာသည်။
အလားတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုမှု တိုင်ကြားရန် ကြိုးစားသဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အင်းစိန်ထောင်တွင် ထောင်ဒဏ် ၂ နှစ် ချုပ်နှောင်ခံထားရသူ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေလည်း ယနေ့ညနေတွင် ပြန်လွတ်လာသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း အင်းစိန်ထောင်မှ ခန္တီးထောင်သို့ ပြောင်းရွှေ့ခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဗကသ ခေါင်းဆောင် ကိုဒီငြိမ်းလင်းအား ရန်ကုန်တိုင်း အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ယနေ့ နံနက်ပိုင်းက ပြောင်းရွှေ့လိုက်သည်။

ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြန်ဖွဲ့ရာတွင် ဦးဆောင်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု အပါအ၀င် ပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျနေရသည့် သူ့ကို အင်းစိန်ထောင်မှ မြန်မာပြည်မြောက်ပိုင်း ခန္တီးထောင်သို့ ရွှေ့လိုက်ခြင်းဖြစ်သည်။ ၂၀၀၇ ခု စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီး (၀ါ) ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော လူထုလှုပ်ရှားမှုကြီးနှင့် ဗကသ ခေါင်းဆာင်မှုပိုင်းကို ပြန်ဖွဲ့ရာ၌ ဒီငြိမ်းလင်းလည်း ပါဝင်ဦးဆောင်ခဲ့သည်။

ဗကသ သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသော်လည်း၊ စစ်အစိုးရ အဆက်ဆက်က တရားဝင် ဖွဲ့စည်းခွင့် မပြုသောကြောင့် မြေအောက်လှုပ်ရှားမှုဖြင့် ရပ်တည် လှုပ်ရှားနေသော ကျောင်းသားအဖွဲ့ ဖြစ်သည်။

သူသည် ထိုအချိန်က ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ဘူမိဗေဒ နောက်ဆုံးနှစ် တက်ရောက်နေသူဖြစ်သည်။

နောက်ပိုင်းတွင် အာဏာပိုင်များ၏ အဖမ်းအဆီးကို တိမ်းရှောင်နေရင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ ပါရမီ တိုက်ခန်းတခုတွင် အဖမ်းခံလိုက်ရသည်။

ထိုနှစ် နိုဝင်ဘာလအတွင်း သူ့ကို နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှု အပါအ၀င် ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၆ နှစ်ခွဲ၊ နောက်ပိုင်းတွင် ရုန်းရင်းဆန်ခတ် ဖြစ်စေမှုနှင့် ထပ်ပေါင်းကာ ၄ နှစ် တိုးချခဲ့သည်။

ထို့နောက် ယခုလ ၄ ရက်နေ့တွင်မူ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ဖြင့် တောင်ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက်ပြန်သည်။

ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ဖြစ်ပြီး၊ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

အဘိုးဖြစ်သူမှာ သာယာဝတီထောင်တွင် အကျဉ်းကျနေစဉ် ကွယ်လွန်ခဲ့သော ထီးလင်းမြို့ မဲဆန္ဒနယ်မှ ရွေးကောက်ခံ လွှတ်တော်အမတ် ဦးစောဝင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
+++++

ဖေဖေါ်ဝါရီလ ၁၆ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ဂျပန်နိုင်ငံနှင့် ပီရှုးနိုင်ငံတွင် တနေ့တည်း မြေငလျင်လှုပ်ခတ်

၆.၀ စကေးရှိသော ငလျင်တခု ဂျပန်နိုင်ငံ မြို့တော် တိုကျိုမြို့ မြောက်ဖက် ကီလိုမီတာ ၄၅၀ အကွာအဝေးတွင် ငလျင်တခု လှုပ်ခတ်ခဲ့ပြီး တနေ့တည်းမှာပင် ပီရှုးနိုင်ငံတွင်လည်း မြောက်ဖက် ကမ်းခြေတွင် စကေး ၆.၂ အင်အား ရှိသော ငလျင်တခု လှုပ်ခတ်သွားသည်။
( TV2.dk)
+++++
မီးတောင် ပေါက်ကွဲ

ကိုလံဘီယာနိုင်ငံ တောင်ဖက် အီကွေဒေါ နယ်စပ်အနီးတွင် မီးတောင်တလုံး ပေါက်ကွဲသဖြင့် ထိုအနီးအနားတွင်နေတိုင်သော လူပေါင်း ၈၀၀၀ ခန့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွေ့ရခဲ့သည်။
( TV2.dk)
+++++
၎ ကြိမ်မြောက် တိုက်ခိုက်

ပါကစ္စတန်နိုင်ငံ မြောက်ဖက်ရှိ၊ အာဖန်ကန်နစ္စတန် နယ်စပ် အနားတွင်ရှိသော တာလီဘန်တို့ လှုပ်ရှားနေသည့် ပြည်နယ် Kurramအတွင်းရှိ Bhaganမြို့၌ အမေရိကန် စစ်လေယာဉ်တစီးမှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူ ၁၀ ယောက်ခန့် သေဆုံးခဲ့သည်။
( TV2.dk)
+++++
ဖွဲ့စည်းပုံ အခြေခံဥပဒေရွေးကောက်ပွဲ

ဗင်နီဇွဲလားနိုင်ငံတွင် မနေ့ က လက်ရှိသမ္မတ Hugo Chavez တင်သွင်းသည့် အဆိုပြုချက်ကို ရွေးကောက်ပွဲ ကျင်းပအပြီး ဆန္ဒမဲပေးသူများက ထောက်ခံမဲ ၅၄.၃၆ ရာခိုင်နှုန်း မဲပေးသဖြင့် အခြေခံဥပဒေအရ ၂၀၁၂ ရွေးကောက်ပွဲတွင် သူသည် ဆက်လက် ရွေးခံခွင့် ရရှိသွားသည်။ သူသည် ကမ္ဘာ့ကွန်မြူနစ်များနှင့် နီးစပ်သူဟု ထင်ရှားသူဖြစ်၍ ဗင်နီဇွဲလားနိုင်ငံအား သူ၏ မူဝါဒဖြစ်သော ဆိုရှယ်လစ်စနစ်အဖြင့် ထောက်ခံမဲ ရရှိနေသူ ဖြစ်ပြီး ပညာရေး ကျန်းမာရေး အခမဲ့ စောင့်လျှောက်မှုဖြင့် အခြေခံလူတန်းစားများအတွင်း လူကြိုက်များသူ ဖြစ်သည်။
(TV2.dk)
+++++
ဒုတိယအကြိမ် ဆန္ဒပြမှု ဖြစ်ပွား

အာဖရိကနိုင်ငံ အရှေ့တောင်ဖက် ကျွန်း၏ မြိုတော် Antananarivo တွင် ဒုတိယအကြိမ် အစိုးရ ဆန္ဒဆန့်ကျင်ရေးပြီးး လူပေါင်း ၁၀၀၀ ကျော်သည် မနေ့က ဆန္ဒပြသဖြင့် အဓိကရုဏ်း နှိမ်နှင်းရေး ရဲများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထို ဖြစ်ပွားမှုတွင် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ပြီး၊ ၁၀၀ ကျော် ဒဏ်ရာ ရရှိသွားသည်။
( TV2.dk )
+++++

ဖေဖေါ်ဝါရီလ ၁၇ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

အမေရိကန်စစ်သား ၁၇.၀၀၀ အာဖဂန်နစ္စတန်သို့

အင်အား ၈၀၀၀ သည် အမေရိကန် မရိမ်းတပ်မှာ ဖြစ်၍ အင်အား ၄၀၀၀ သည် အမေရိကန်စစ်တပ်မှာ ဖြစ်သည်။ တခြားတပ်များအပါအ၀င် အင်အား ၁၇.၀၀၀သည် ဟဲလ်မင်းပြည်နယ်အတွင်း အယ်လ်ခိုင်ဒါနှင့် တာလီဘန်များအား တိုက်ခိုက်ချေမှုန်းရန် ဖြစ်သည်။ ၎င်းမတိုင်မှီ အာဖဂန်အတွင်း အမေရိကန်စစ်သည် အင်အား ၃၀.၀၀၀ ဖြင့် လှုပ်ရှားနေရသည်။
( TV2.dk )
+++++
အကူအညီပေးရေး အစီအစဉ် အိုဘားမား လက်မှတ်တိုး

အမေရိကန်ပြည်ထောင်စု ဒင်းဗားပြည်နယ် ကိုလိုရာဒိုမြို့တွင် သမတ အိုဘားမားသည် ဒေါ်လာ ၇၈၇ သန်းတန် စီးပွားရေး ကျဆင်းမှု အကူအညီပေး အစီအစဉ်ကို အတည်ပြု လက်မှတ်ရေးထိုးသည်။ ထိုအစီအစဉ်က အမေရိကန်ပြည်ထောင်စုအတွင်း အလုပ်အကိုင် ၁.၃ သန်း ဖန်တီးပေးနိုင်သည်ဟု ဆိုသည်။
( TV2.dk )
+++++
ကယ်လီဖိုးနီးယား အလုပ်လက်မဲ့

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် လူပေါင်း ၂၀.၀၀၀ အလုပ်လက်မဲ့ ဖြစ်သည်ဟု သိရသည်။
( TV2.dk )
+++++
ဖေဖေါ်ဝါရီလ ၁၈ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

အစ္စရေးတို့ ဂါဇာအတွင်း တိုက်ခိုက်

ယနေ့ နံနက်တွင် အစ္စရေး တိုက်လေယာဉ်များက ဂါဇာအတွင်း ပစ်မှတ်အမြောက်အမြားကို ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အီဂျစ်နိုင်ငံနယ်စပ် ရာဖတ်မြို့နှင့် ခန်ရိုနိမြို့များတွင်ရှိသော ဟားမတ်စ်တို့ အသုံးပြုနေသည့် မြေအောက် ဆက်သွယ်ရေး လမ်းကြောင်းးများကို တိုက်ခိုက်သည်ဟု သိရသည်။ တိုက်ခိုက်မှုအတွင်း အသေအပျောက်မရှိ၊ အဆောက်အဦးများ ပျက်စီးခဲ့ပြီး မြေအောက် လမ်းကြောင်း ၇ ခု ပျက်စီးခဲ့သည်။ ထို့နောက် ပါလက်စ္စတိုင်းနယ်မြေအတွင်း နယ်စပ်များကို အစ္စရေးတို့က ဆက်လက် ပိတ်ထားကြောင်း သိရသည်။
(TV2.dk)
+++++
သေဆုံးမှုတိုးလာသော သြစီ မီးလောင်မှု

ယခုနှစ်အတွင်း လောင်ကျွမ်းခဲ့သော သြစီ တောမီးအတွင်း လူပေါင်း ၂၀၁ ကျော်အထိ တိုးလာခဲ့သည်။ ထိုမီးလောင်မှုအတွင်း အိမ်ခြေ ၁၈၃၀ လောင်ကျွမ်းခဲ့ပြီး ၇၅၀၀ သည် အိမ်ခြေမဲ့ဖြစ်ခဲ့သည်။
(TV2.dk)
+++++

အီတလီ စစ်သားဦးရေ ၃၀၀၀

စစ်သည် ဦးရေ ၃၀၀၀ ခန့် အာဖဂန်တွင် ထားရှိမည်ဟု အီတလီ နိုင်ငံခြားရေးက ပြောဆိုလိုက်သည်။
ယခုလက်ရှိ အာဖဂန်နစ္စတန်တွင် အီတလီစစ်သား ၂၃၀၀ သည် မြို့တော် ကဘူးအတွင်း လှုပ်ရှားနေရသည်။ နောက်ထပ် ၅၀၀ ပိုပေးမည့်ဟု သိရသည်။ အာဖဂန်အတွင်း နိုင်ငံခြား တပ်သား ၅၅.၀၀၀ ရှိရာ ၃၀.၀၀၀ ခန့်သည် အမေရိကန် မဟာမိတ်နိုင်ငံများ စစ်သည်များ ဖြစ်သည်။
(TV2.dk)
+++++
ဘန်ကောက် ရွှေဈေးတက် လူတွေ ရွှေချရောင်းကြ


ထိုင်းနိုင်ငံ ဘန်ကောက်ရွှေဈေးကွက်မှာ တရုတ်နှစ်ကူး ရွှေဈေးထိုးကျရာကနေ ပြီးခဲ့သည့် ယနေ့ ဗုဒ္ဓဟူးနေ့က စံချိန်တင်လောက်အောင် ရွှေဈေးထိုးတက် သွားသည့်အတွက် ရွှေရောင်းမည့်သူတွေ တန်းစီနေသည်။

ထိုင်းရွှေကုန်သည်ကြီးများအသင်း၏ ပေါက်ဈေးအရ ရွှေချောင်းဝယ်ဈေးမှာ ဘတ်ငွေ (၁၅,၈၅၀) နှင့် ရွှေချောင်း ရောင်ဈေး (၁၅,၉၅၀) ရှိပြီး လက်ဝတ်ရွှေဈေးမှာ တဘတ်သား (၁၅.၁၆ ဂရမ်) ကို ၀ယ်ဈေး (၁၅၆၁၄.၈) (မြန်မာငွေ (၄၂၁,၅၉၉) ခန့်) နှင့် ရောင်းဈေး ဘတ်ငွေ (၁၆,၃၅၀) (မြန်မာငွေ (၄၄,၁၄၅၀) ခန့်) ထိ ခုန်တက်သွားသည်။

ဇန်န၀ါရီ (၂၄) ရက် ထိုင်း ရွှေကုန်သည်ကြီးများအသင်း ထုတ်ပြန်ထားသည့် ရွှေဈေးမှာ ရွှေချောင်းဝယ်ဈေး ဘတ်ငွေ (၁၄,၅၀၀) နှင့် ရောင်းဈေး ဘတ်ငွေ (၁၄,၆၀၀) ရှိပြီး လက်ဝတ်ရတနာရွှေမှာ ၀ယ်ဈေး ဘတ်ငွေ (၁၄၂၉၅.၈၈) နှင့် ရောင်းဈေး (၁၅,၀၀၀) ရှိသည်။ ထို့ကြောင့် တလအတွင်း ရွှေဈေးက (၉) ရာနှုန်းကျော် ခုန်တက်လာသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အာဖဂန်စစ်ပွဲကြောင့် အရပ်သား သေဆုံးမှုတိုးလာ


အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များ စစ်ပွဲနိုင်လိုလျင် အရပ်သားသေကြေမှုနှုန်းက အခရာဖြစ်ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုက (၄၆) ရာနှုန်းထိ မြင့်တက်ခဲ့ကြောင်း ISAF နိုင်ငံတကာ လုံခြုံရေး အကူအညီတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၀၈ ခုနှစ်အတွင်း အာဖဂန်ရှိ အရပ်သားသေဆုံးမှုမှာ (၄၀) ရာနှုန်းမှ (၄၆) ရာနှုန်းထိ တက်လာခဲ့ပြီး အာဖဂန်အစိုးရအားတိုက်ခိုက်မှုက (၁၁၆) ရာနှုန်း၊ မြေပြင်မှဝေဟင်ပစ်ခတ်မှုက (၆၇) ရာနှုန်းနှင့် အရပ်လုပ်ဗုံးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးမှုက (၂၉) ရာနှုန်း တက်လာသည်ဟု ISAF အစီရင်ခံစာတွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၁၉ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

အမေရိကန်နှင့် တရုတ် စစ်ရေး ပြန်လည်ပူးပေါင်းမှု စတင်တော့မည်

နှစ်ပေါင်းများစွာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ဆိုင်းငံ့ ထားသည့် အမေရိကန် နှင့် တရုတ်နိုင်ငံ တို့သည် ယခုအခါ စစ်ရေးပြန်လည် ပူးပေါင်း ဆောင်ရွက်မှု စတင်တော့မည်ဟု တရုတ်နိုင်ငံက ကြေငြာ လိုက်သည်။

ပြီးခဲ့သော ဘုရှ် အစိုးရ လက်ထက်က ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ (၆.၅) ဘီလျံဖိုး ဒုံးကျည်နှင့် လေယာဉ်ပစ် လက်နက်များ ရောင်းချခဲ့မှုအား တရုတ်ပြည်က ကန့်ကွက်ခဲ့ပြီး နောက် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု ရပ်ဆိုင်းနေခဲ့ရာမှ အိုဘားမား လက်ထက်တွင်မူ အခြေအနေကို ပြန်လည် ပြောင်းလဲရန် အသင့်ရှိနေပြီဟု တရုတ်နိုင်ငံက ကြေငြာခဲ့သည်။
( လူထုအသံသတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၂၀ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

အသေခံဗုံးခွဲ တိုက်ခိုက်

ပါကစ္စတန်နိုင်ငံအတွင်း အစ္စလမ်မာဘတ်မြို့၏ အနောက်မြောက်ဖက် ၂၇၀ ကီလိုမီတာအကွာရှိ ဒီယာ အစ္စမေး ခမ် မြို့၌ ရှီးရှိက်မူဆင်လင် ခေါင်းဆောင်တယောက်၏ အသုဘ အခမ်းအနားသို့ အသေခံ ဗုံးခွဲတိုက်ခိုက်ရေးသမားယောက် တိုက်ခိုက်သဖြင့် အနည်းဆုံး လူပေါင်း ၂၀ ခန့်သေဆုံးခဲ့သည်။
( TV2.dk)
+++++
ခရီးသည်တင် လေယာဉ် အရေးပေါ် ဆင်းသက်

ဖီလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ပျံသန်းနေစဉ် တိုကျိုမြို့သို့ ရောက်ခါနီး ရုတ်တရက် လေပြင်းတိုက်ခိုက်သဖြင့် မြေပြင်သို့ ဆင်းသက်ရန် မိနစ် ၃၀ အလိုတွင် အရေးပေါ်ဆင်းသက်ခဲ့ရသဖြင့် လူ ၄၇ယောက် ဒဏ်ရာရရှိသည့်အထဲတွင် ၃ ယောက် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။ လေယာဉ်သည် ဘိုးရင်း ၇၄၇-၄၀၀ အမျိုးအစားဖြစ်၍ Northwest လေကြောင်းလိုင်းမှ ပိုင်ဆိုင်ပြီး ခရီးသည်ပေါင်း ၄၀၈ တင်ဆောင်လာခဲ့သည်။
( TV2.dk )
+++++
တမီးလ် သူပုန်တို့ လေကြောင်းတိုက်ခိုက်

တမီးလ် သူပုန် လေယာဉ် နှစ်စီးသည် ကိုလံဘိုမြို့တော်အား ပစ်မှတ်အဖြစ် ပျံသန်း ပြီး သောကြာနေ ညတွင် ဗုံးကြဲသဖြင့် လူ ၂ ယောက် သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရှိသွားသည်။ ထို လေယာဉ် ၂ စီးမှ တစီးသည် မြို့တော်အတွင်း အခွန်ဌာနအား ဗုံးကြဲချသဖြင့် အဆောက်အဦး မီးလောင်ခဲ့၍ လူ ၂၇ ယောက်ခန့် ဒဏ်ရာရရှိသည်။ နောက်တစီးသည် သီရီလင်္ကာစစ်တပ်မှ ပစ်ချခံရပြီး ကိုဘံဘို နိုင်ငံတကာ လေဆိပ်အနီး ထိုးကျ ပျက်စီးသွားသည်။ ဒီန်းမတ်အခြေစိုက် တမီးလ်အသံက ၃၈ ယောက် ဒဏ်ရာ ရှိသည်ဟု ရေးသားခဲ့သည်။
( TV2.dk )
http://www.tamilvoice.dk/english210220091165.htm
+++++
အီရတ် သုံပန်း ၄ ယောက်အား လူသတ်မှု

၂၀၀၇ ခုနှစ် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း အမေရိကန် စစ်တပ်မှ တပ်ကြပ်တယောက်က အီရတ် သုံပန်း ၄ ယောက်အား ပစ်သတ်သည့် အမှုနှင့်ပတ်သက်၍ ၎င်းအား ဂျာမဏီနိုင်ငံ တောင်ပိုင်း Vilseck မြို့ရှိ စစ်ခုံရုံးတွင် ကြားနာစစ်ဆေး အပြစ်ဒဏ် တသက် အကျဉ်းချခံရန် ချမှတ်လိုက်သည်။
( URBAN.dk မှ ကောက်နှုတ်ချက် )
+++++
အနုမြူဗုံး ပြုလုပ်နိုင်ရန် အဆင်သင့်ရှိနေ

ယခုအခါ အီရန်နိုင်ငံအနေဖြင့် ညူးကလီးယား ဗုံး ပြုလုပ်နိုင်သည့် ယူရေယံ အလုံလောက် ရှိနေပြီဟု (IAEA)က ပြောဆိုသည်ကို နယူးယောက် တိုင်းမ်းသတင်းစာ၌ ဖေါ်ပြထားသည်။
( politiken.dk မှ ကောက်နှုတ်ချက် )
+++++
ရာဝမ်ဒါတပ်များ ကွန်ဂိုမှ ဆုတ်ခွာ -

ယခုအပတ် စနေနေ့မှ စ၍ ရာဝမ်ဒါတပ်ဖွဲ့မှ စစ်သည်များ ကွန်ဂိုနိုင်ငံ အရှေ့ဖက်ပိုင်းမှ စတင် ဆုတ်ခွာမည်။ တပ်ဖွဲ့များ အားလုံး နောက်တပတ်တွင် အပြီးသတ် ဆုတ်ခွာမည်ဟု ရာဝမ်ဒါစစ်တပ် ပြောခွင့်ရက ပြောဆိုသည်။ ဇန်န၀ါရီလက ကွန်ဂိုအစိုးရ၏ ဖိတ်ခေါ်မှုဖြင့် ကွန်ဂိုအတွင်း ဟူတူလူမျိုး သူပုန်များအား တိုက်ခိုက်ခြေမှုန်းရန် ရာဝမ်ဒါတပ်များ ထိုဒေသသို့ ၀င်ရောက်လာခဲ့သည်။ ထိုဒေသများအတွင်း ပြည်တွင်းစစ်သည် ၁၅ နှစ်ကျော်အကြာ စစ်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တူစီလူမျိုး ၈၀၀.၀၀၀ ခန့် သေဆုံးခဲ့သည်။
( www.dr.dk မှ ကောက်နှုတ်ချက် )
+++++
ကင်ဂျုံ - II

မြောက်ကိုးရီးယားနိုင်ငံ သမ္မတ ကင်ဂျုံအီး၏ သားတယောက် ဖြစ်သော ၂၆နှစ်အရွယ်၊ ကင်ဂျုံအူးအား နိုင်ငံ၏ ဒုတိယမြောက် ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
( avisen.dk မှ ကောက်နှုတ်ချက် )
+++++
အစ္စရေး အစိုးရအသစ်

လီကွတ်ပါတီ ခေါင်းဆောင် Benjamin Netanyahu ရွေးကောက်ပွဲတွင် အနိုင်ရသဖြင့် အစိုးရအသစ် ဖွဲ့စည်းမည်ဟု သိရသည်။
( www.berlingske.dk မှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၂၁ ရက်
ရက်သတ္တပတ် ၈ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ဒုံးကျည် ပစ်ခတ်မှု

လက်ဘနွန် တောင်ပိုင်း တနေရာမှ ဒုံးကျည် ၂ စီး ယနေ့ နံနက် စောစောတွင် ပစ်ခတ်တိုက်ခိုက်လိုက်သဖြင့် အစ္စရေး မြောက်ပိုင်း နယ်စပ်မြို့ဖြစ်သော မာလွတ်မြို့အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် မိန်းမတယောက် အနည်းငယ် ဒဏ်ရာရှိသွားခဲ့သည်။ ထိုပစ်ခတ်မှုဖြစ်ပြီး အများမကြာမှီ အစ္စရေးတို့ကလည်း ဒုံးကျည် သုံး လုံး အလျင်အမြန် တုံပြန်တိုက်ခိုက်ခဲ့သည်။
(TV2.dk)
+++++
ခရီးသည်တင် ဘတ်စ်ကားတစီး ရထားတိုက်

ခရီးသည်ပေါင်း ၃၈ ယောက်တင်ဆောင်လာသည့် ခရီးသွား ( အလည်အပတ် ) ဘတ်စကားတစီးသည် ရထားလမ်းအား ဖြတ်မောင်းနေစဉ်အခိုက် အရှိန်ဖြင့် မောင်းနှင်လာသည့် ရထားတစီးက ၀င်တိုက်သောကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ပြီ၊ ၂၀ ဦး ဒဏ်ရာ ရှိခဲ့သည်။ စလိုဗီးယားနိုင်ငံ အနောက်ဖက် Banovce-nad-Bebravou မြို့မှ ထွက်ခွာလာသော ခရီးသည်တင် ဘတ်စကားသည် နိုင်ငံ၏ အလည်ပိုင်းဒေသတွင် ယခုလို ဖြစ်ပွားခဲ့သည်။
( TV2.dk )
+++++
မိုင်းလုပ်ငန်းအတွင်း ပေါက်ကွဲမှုဖြစ်

တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်အတွင်း သတ္တုမိုင်းအတွင်း စနေနေ့က ဓါတ်ငွေ့ပေါက်ကွဲသဖြင့် လူပေါင်း ၇၃ ယောက် သေဆုံးခဲ့သည်။ ထိုမိုင်းလုပ်ငန်းအတွင်း လူ ၄၀၀ ကျော် လုပ်ကိုင်နေစဉ် မြေအောက်လမ်းကြောင်းအတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့သည်။ ရှန်ဇီ သတင်းဌာနက မိုင်းအလုပ်သမား ၁၁၃ ယောက် ဒဏ်ရာရှိသွားပြီး ၂၁ ဦးမှာ ဒဏ်ရ အပြင်းအထန်ရရှိခဲ့၍ ပြည်နယ်မြို့တော် taiyan ဆေးရုံသို့ ပို့ဆောင်ခဲ့သည် ဟု ဆိုသည်။
( TV2.dk )
+++++

Sunday, February 15, 2009

သတင်း မှတ်စု ( ၇ )

တပတ်အတွင်း သတင်းမှတ်စု

ဖေဖေါ်ဝါရီလ ၉ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
မြန်မာ သတင်း



ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု ဂေါပကအတွင်းရေးမှူးငြင်းဆို



ရွှေတိဂုံဘုရားအလှူခံပုံးများအား တနှစ်လျှင် သိန်းငါးထောင်ဖြင့် ဘာသာခြားတဦးပိုင် ကုမ္ပဏီတခုသို့ ကန်ထရိုက် ပေးထားသည် ဆိုသည်ဟု ပြောဆိုရေးသားနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ငြင်းဆိုလိုက်သည်။

အင်တာနက်ပေါ်တွင် အမည်မသိ အမျိုးသမီးတဦးအသွင်ဖြင့် ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသား ၀ါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ “ဘာသာရေး ပဋိပက္ခဖန်တီးဖို့လည်း ဖြစ်နိုင်တယ်။ ရွှေတိဂုံကို ပြည်သူတွေ အကြည်ညှိပျက်အောင် ရေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရေးအသားတွေကြောင့် အတိတ်က ဘာသာရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီ။ သတိနဲ့ ချင့်ချိန်ဖတ်ကြရင် ကောင်းမယ်” ဟု အမိန့်ရှိသည်။

ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြသည်။

နိုင်ငံခြားသား ၀င်ရောက်မှုမှရရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်တွင် စာရင်းဖွင့်အပ်နှံကာ ဂေါပကအစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီး၏လိုအပ်မှုများတွင် ပြန်လည် သုံးစွဲနေပါသည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။
http://komoethee.blogspot.com/2009/02/blog-post_05.html
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗကသ ကျောင်းသားနှစ်ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်


ချင်းမိုင်(မဇ္ဈိမ)။ ။ ၁ဝ လကျော်ကြာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် ဗကသ ကျောင်းသား ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်အား ဗီဒီယို အက်ဥပဒေဖြင့် ယနေ့ ထောင်ဒဏ် ၃ နှစ်စီ ချလိုက်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ မှ သူတို့နှစ်ဦးအား မင်္ဂလာတောင်ညွန့် တရားရုံးက ရုံးချိန်း ၁ဝ ကြိမ်ခန့် ထုတ်ကာ စစ်ဆေးပြီးနောက် ယခုလို ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ ပြစ်ဒဏ် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးကနေ ၃၂ (ခ) ဗီဒီယို အက်ဥပဒေနဲ့ ချလိုက်တယ်။ ၃ နှစ်နဲ့ ချလိုက်တယ်ခင်ဗျာ" ဟု ကိုကျော်ကိုကို၏ ဖခင် ဦးကျော်အေးက မဇ္ဈိမကို ပြောသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
နေပြည်တော်အကယ်ဒမီပေးပွဲ လုံခြုံရေး တင်းကျပ်


နေပြည်တော်၌ ဖေဖော်ဝါရီ (၇) ရက်နေ့က ကျင်းပခဲ့သော အကယ်ဒမီ ရွှေစင်ဆု ချီးမြှင့်သည့်ပွဲတွင် လုံခြုံရေး အလွန်တင်းကျပ်ထားကြောင်း သိရသည်။

ယခုနှစ်အကယ်ဒမီပေးပွဲတွင် မည်သည့်မင်းသမီးကိုမှ အကယ်ဒမီ ဆုမပေးခဲ့ကြောင်း၊ အပြင်တွင် သတင်းထွက်ပေါ်နေသည်မှာ အချို့ဇာတ်ကားထုတ်လုပ်သူများ လာဘ်ပေးမှုကြောင့် ပြဿနာရှိ၍ မပေးကြောင်းလည်း ပြည်တွင်း ရုပ်ရှင်လောကကို ဦးစီးလုပ်ကိုင်နေသူများထံမှ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယခုနှစ် အကယ်ဒမီရခဲ့သည့် ဇာတ်ကားများမှာ ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားနှင့် ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ ဇာတ်ကားတို့ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အခြေခံ ဥပဒေ တရားမ၀င်ဟု SSA (တောင်ပိုင်း) ပြောကြား

ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ သည် စစ်အာဏာ တည်မြဲရေးအတွက်သာ အစဉ်တစိုက် လုပ်ဆောင်နေပြီး၊ မေလ ဖွဲ့စည်းပုံ ဥပဒေသည် တရားမဝင်ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S က ယနေ့ ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ အပါအဝင် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နအဖ က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရန် အနုနည်း၊ အကြမ်းနည်းများဖြင့် စည်းရုံး သိမ်းသွင်းနေသည့်အပေါ် SSA-S က ဝေဖန် ပြောကြားခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တောင်းဆိုချက်သည် မြန်မာ့နိုင်ငံရေး ပြဿနာတချို့ ပြေလည်စေရေးအတွက် အရေးကြီးသည့် တောင်းဆိုချက်ဖြစ်ကြောင်း ဗိုလ်ဆိုင်းမိန်းက ပြောသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ချုပ်အောင်ဆန်းစာမူများ ရွေးကောက်ပွဲမတိုင်မီ ပိတ်ထား


မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အပြီးတွင် နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက စာပေစိစစ်ရေးရုံးတွင် အစည်းအဝေးတရပ်ကျင်းပကာ နိုင်ငံရေးစာပေများအပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းသော စာအုပ်များကိုပါ ထုတ်ဝေခွင့်မပေးရန်တားမြစ်ခဲ့ကြောင်း စာပေစိစစ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါကိစ္စမှန်ကန်ကြောင်း ဖေဖော်ဝါရီ(၅)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘ၀နှင့် ဓာတ်ပုံမှတ်တမ်းစာမူ ထုတ်ဝေခွင့်ပြုရန် စာပေစိစစ်ရေးရုံးက ပယ်ချခြင်းခံခဲ့ရသူ စာရေးဆရာ ဦးသန်းဝင်းလှိုင်က အတည်ပြုပြောဆိုသည်။

ပြည်တွင်းထုတ်စာအုပ်အားလုံးသည် စာပေစိစစ်ရေးရုံးကို ဖြတ်သန်းကြရပြီး လိုအပ်ပါက သမိုင်းဌာန ၊ သာသနာရေးဦးစီးဌာန စသည့် ဘာသာရပ်ဆိုင်ရာဌာနများ၏ ဖြတ်တောက်ပြင်ဆင်မှုများကိုလည်း ခံကြရသည်။ယင်းကဲ့သို့ သက်ဆိုင်ရာဌာနသို့ အပို့ခံရသည့် စာမူများသည် စာမူပြန်ကျရန် (၃)လမှ (၆)လကျော်အထိ စောင့်ဆိုင်းရလေ့ရှိကြောင်း စာရေးဆရာများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်မှာ ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပြန်လွှတ်ပေးရန် အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီ ၇ ပါတီ၏ ကြေညာချက်အပေါ် ထောက်ခံသည့်အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာအင်အားစုများက ယမန်နေ့က တိုကျိုမြို့တွင်း လှည့်လည် ဆန္ဒပြခဲ့သည်။

မြန်မာတိုင်းရင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာခွဲမှ ဦးဆောင်သည့် လူဦးရေ ၅၀၀ ခန့်က Minami Ootsuka Hall အနီးရှိ Ootsuka Daitoen ပန်းခြံမှ စတင်၍ တိုကျိုမြို့တွင်းသို့ ထောက်ခံ ချီတက်ပွဲကို ညပိုင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မွန်၊ ဇိုမီး၊ ရခိုင်၊ ချင်း၊ ရှမ်း အပါအ၀င် တိုင်းရင်းသားပါတီ ၇ ပါတီ၏ ယခုနှစ်ဆန်းတရက်နေ့ ရက်စွဲပါ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်ပတွင် လူပြောများသည့် ကနေဒါ အခြေစိုက် U.D.P ပါတီ၏ ပြည်တွင်း ခြေလှမ်း


စက်တင်ဘာလ ၁၄ရက်နေ့ ၂၀၀၇ ခုနှစ် ကနေဒါနိုင်ငံတွင် စတင် ဖွဲ့စည်ခဲ့သော United Democratic Party သည် ၂၀၀၈ ခုနှစ် ပြည်ပနိုင်ငံရေး လောကတွင် သံတမန်ရေး နိုင်ငံရေး လှုပ်ရှားမှုများကို ခပ်စိပ်စိပ် တွေ့ရှိလာရသည်။

၎င်းပါတီသည် ၂၀၀၈ ခုနှစ် အကုန်တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ တဆင့် မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ပြည်တွင်း ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သော ပြည်ပ အခြေစိုက် တခုတည်းသော နိုင်ငံရေးပါတီ ဖြစ်သည်။


U.D.P ပါတီသည် တိုင်းပြည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် လူနေမှု ဘဝမြှင့်တင်ရေး အတွက် ပြည်တွင်း၊ ပြည်ပမှ တပ်မတော် ခေါင်းဆောင်ဟောင်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ခေါင်းဆောင်များ၊ ကျောင်းသား လူငယ်များ နှင့် စီပွားရေး လုပ်ငန်းရှင်များ ပါဝင် ဖွဲစည်းထားသည်ဟု ဆိုသည်။

အသစ် တိုးချဲ့ခဲ့သော ဗဟို ကော်မတီဝင်သစ် (၉)ဦးမှာ

(၁) ဒေါ်သန်းသန်းနု (၂) ဒေါ်နေရီ ဘဆွေ (၃) ဒေါ် ချိုချို ကျော်ငြိမ်း (၄) ဦးမြတ်စိုး (၅) ဦးကျော်ကျော် (၆) ဦးမြင့်ရွှေခိုင် (၇) ဦးစိန် (၈) ဦးသန့်ဇင် (၉) ဦးအောင်သန်းမြင့် တို့ ဟု UDP ပါတီ၏ သတင်းနှင့် ပြန်ကြားရေးဋ္ဌာနမှ ထုတ်ပြန်ထားပြီး၊ ဆက်လက် အတည် မပြုရသေးသော သတင်းများအရ ပါတီ၏ ဥက္ကဋ္ဌမှာ ဦးသုဝေ ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့် ၊ ဒု-ဥက္ကဋ္ဌ ဦးရဲထွန်း နှင့် အထွေထွေ အတွင်းရေးမှူး မှာ ဦးကျော်မိုး ဟု လူထုအသံမှ ထပ်မံ သိရှိရသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++
တနင်္ဂနွေနေ့က စင်္ကာပူ၊ ဘူကစ် ဆန်တိုစာ အရပ်တွင် မြန်မာတဦး ဓါးထိုးခံရ၍ သေဆုံး

အသက်၄၀ အရွယ်ရှိ ထက်လှိုင်ဟု အမည်ရသော မြန်မာ အမျိုးသားတဦး စင်္ကာပူနိုင်ငံ တောင်ပိုင်း Jalan Teratai 7 လမ်းထိပ်၊ ဘူကစ် ဆန်တိုစာ အရပ်တွင် တနင်္ဂနွေနေ့ နံနက် ၁၁ နာရီခွဲခန့်က ဓါးဒါဏ်ရာနှင့် စတင် တွေ့ရှိရခြင်း ဖြစ်သည်။

ဟူလူ ဆီလန်ဂေါ ရဲစခန်းမှ ရဲမှူးကြီး နိုရယ် အဇ်မီ ရာဟာ အဖန်ဒီ မှ ယင်းမှုခင်း၌ သေဆုံးသူမှာ တီရှပ် နှင့် ဘောင်းဘီတို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်၏ ဘယ်ဖက် အခြမ်းနှင့် ဗိုက် တို့တွင် ဓါးဒါဏ်ရာ များစွာ တွေ့ရသည်ဟု ဖြေဆိုကာ ခန္ဓာကိုယ်တွင် မည်သည့် သက်သေ အထောက်အထားမျှ မတွေ့ရှိရပဲ နောက်ပိုင်းတွင် အနီးအနားမှ ကူညီရန် လာသော မြန်မာများစွာ ရောက်ရှိလာရာ သေဆုံးသူမှာ ထိုအနီးအနား၌ နေထိုင်သူ ဖြစ်ကြောင်းသာ သိရှိရသည်။

အမှုသွား အမှုလာအား စစ်ဆေးကြည့်ရာတွင် မိမိတို့ နိုင်ငံသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားကာ ဓါးနှင့် တိုက်ခိုက် ထိုးနှက်သွားခြင်း ဖြစ်ကြောင်း ရဲမှူးက ပြောကြားကာ အခင်း ဖြစ်ပွားရာကို မျက်မြင်သက်သေ ရှိပါက ဟူလူ ဆီလန်ဂေါ ရဲဋ္ဌာနချုပ် တယ်လီဖုန်း အမှတ် - 03-60641222 နှင့် နီးစပ်ရာ ရဲစခန်းများတွင် အကြောင်းကြား နိုင်သည်ဟု ရဲမှူးကြီး နိုရယ် အဇ်မီ မှ နိုးဆော်ထားသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++

ဖေဖေါ်ဝါရီလ ၁၀ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
မြန်မာ သတင်း



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှု ရန်ကုန်မှာစပြီ


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ နေရာအနှံ့တွင် စာတန်းများကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံခြင်းနှင့် လူထုတရပ်လုံး ပါဝင်လာအောင် နှိုးဆော်ထားသည့် ထုတ်ပြန်ကြေညာချက်များကို လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော်များက လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ခြင်း၊ ကြဲချခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် လူထုတိုက်ပွဲ ဖော်ဆောင်ရေး ကော်မတီ (ရန်ကုန်တိုင်း) တို့ က ပူးပေါင်းဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့ စည်းစဉ်ကပင် လူထုအား အသိပေးလှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံသည့်ပုံစံမျိုးမှ လူစုလူဝေးဖြင့် စစ်အစိုးရကို တောင်းဆိုသည့်ပုံစံမျိုးထိ နှစ်သက်ရာ ပုံစံမျိုးစုံဖြင့် ထောက်ခံနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၅၀၀ တန် ငွေစက္ကူ အတုများနှင့် ပတ်သက်၍ ဗဟိုဘဏ် ညွှန်ကြား

နယူးဒေလီ (မဇ္ဈိမ)။ ။ နေပြည်တော်ရှိ မြန်မာဗဟိုဘဏ်က ဘဏ်များသို့ လျို့ဝှက်ဖြန့်ဝေ မှာကြားချက် တခုတွင် ၅၀၀ တန် ငွေစက္ကူအတုများ ဈေးကွက်တွင်း ပြန့်နေကြောင်းနှင့် အတုနှင့် အစစ်ကို ခွဲခြား စီစစ်နိုင်ရန် အချက် ၈ ချက်ကို ဖော်ပြထားသည်။

မဇ္ဈိမက လက်ခံ ရရှိထားသော ညွှန်ကြားချက် အထောက်အထား မိတ္တူအရ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ၅၀၀ တန် ငွေစက္ကူအတုများ နိုဝင်ဘာလ ၂၀၀၈ ခုနှစ် အတွင်းက ဖမ်းဆီး ရရှိခဲ့ကြောင်းနှင့် အတုများမှာ ဖယောင်းစက္ကူကဲ့သို့ သိသိသာသာပင် ပြောင်ချောနေသည်ဟု ပါရှိသည်။
ဗဟိုဘဏ်၏ ညွှန်ကြားချက်ပါစာအရ ၅၀၀ တန်ငွေစက္ကူအတုသည်

(၁) ဖယောင်းစက္ကူကဲ့သို့ သိသာစွာ ပြောင်ချောနေခြင်း

(၂) လုံခြုံရေးကြိုး လုံးဝမပါရှိခြင်း

(၃) ငွေစက္ကူ၏ မျက်နှာတဖက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသား ပါရှိသည့် အပေါ်ဖက် ထိပ်ပိုင်းအရောင် ပေါ်လွင်မှုတွင် ခရမ်းရောင်မှာ အနီရောင်ဖက် သမ်းသည့်အရောင် ပေါ်လွင်မှုရှိခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာသား၏ အောက်ဖက်အရောင် ပေါ်လွင်မှု၌ အနီရောင်ဖက် ပိုမိုပေါ်လွင်ခြင်း

(၄) ငွေစက္ကူနံပါတ်ရိုက်နှိပ်မှု၌ နံပါတ်စာလုံးများမှာ အနည်းငယ် "ပွိုင့်" သေးငယ်ခြင်း၊ အနီရောင် တောက်ပမှု နည်းခြင်း

(၅) ငွေစက္ကူ၏ ရှေ့နောက် မျက်နှာပြင် နှစ်ဖက်စလုံးကို ခြုံငုံ၍ ကြည့်ပါက ငွေစက္ကူစာရွက် အရောင်အသွေးမှာ အ၀ါရောင်သမ်းနေခြင်း

(၆) ငွေစက္ကူအပေါ်၌ မည်သည့်ဖောင်းကြွမှ မပါရှိခြင်း

(၇) ငွေစက္ကူမျက်နှာစာ ယာဘက်ရှိ ခြင်္သေ့ဦးခေါင်းရေ စာအောက်၌ ဖော်ပြထားသော (၅၀၀) တန်စာလုံး၏ (သုံည) စာလုံးများမှာ အနည်းငယ် သေးငယ်ခြင်း

(၈) နံပါတ်တူ ဘလောက်ပုံနှိပ် ထုတ်လုပ်ထားခြင်း တို့ ဖြစ်သည်။
ငွေစက္ကူအတုတွင် လုံခြုံရေးကြိုး မပါရှိဘဲ ငွေစက္ကူနံပါတ် ရိုက်နှိပ်ထားရာတွင် နံပါတ်စာလုံး အရွယ်အစားမှာ အနည်းငယ် သေးငယ်ကာ အနီရောင်တောက်မှု အားနည်းသည်ဟု ဆိုသည်။

ငွေစက္ကူအတု၏ အရောင်အသွေးမှာ ခြုံငုံကြည့်လျှင် အ၀ါရောင်သမ်းနေပြီး ဖောင်းကြွများလည်း မပါရှိဟု သိရသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ထောင်ဝင်စာ ပြန်ဖွင့်၊ တလတကြိမ် လျှော့ချ


ပြီးခဲ့သည့်လက အကြောင်းပြချက်မရှိ ပိတ်ပင်ထားသည့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်ဝင်စာတွေ့ခွင့်ကို ယခုလ (၄) ရက်နေ့တွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနက အကျဉ်းထောင်အသီးသီးကို ဖုန်း-ဖက်စ်ဖြင့် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီ (၉) ရက် တနင်္လာနေ့မှစပြီး တွေ့ဆုံခွင့်ရခဲ့ကြောင်း မိသားစုဝင် အချို့က ပြောသည်။

ပြည်မြို့အကျဉ်းထောင်တွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တဦးကမူ အကျဉ်းထောင် အာဏာပိုင်တဦးက ၎င်းတို့ကို ညှိနှိုင်းကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ယခင် ထောင်ဝင်စာ တလ (၂) ကြိမ် တွေ့ခွင့်ပေးနေရာမှ ယခု တလ (၁) ကြိမ်သာ တွေ့ခွင့်ပေးတော့မည် ဖြစ် ကြောင်း၊ သို့သော် အစိုးရ၊ အကျဉ်းထောင်ဘက်က ပိတ်ပင်သည့်ပုံစံမျိုး မပေါ်လွင်ရန် ကာယကံရှင်များက တလ (၁) ကြိမ်သာ တွေ့ရန် ဆန္ဒရှိသဖြင့် တလ တကြိမ်သာ လာတွေ့သည့် ပုံစံမျိုးဖြစ်အောင် ကတိပေး စေလိုကြောင်း စသဖြင့် တောင်းဆိုကြောင်း၊ ထို့ကြောင့် အဆိုပါ မိသားစုဝင်များက တလ (၁) ကြိမ်သာ လာတွေ့မည်ဖြစ်ကြောင်း၊ မိမိတို့ သဘောဆန္ဒအရ ဖြစ်ပါသည်ဆိုပြီး ကတိပေးခဲ့ရကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မဇ္ဈိမကို ယူနက်စကိုဆုအတွက် အမည်စာရင်းတင်သွင်း

နယူးဒေလီ – ပထမဆုံးအကြိမ်အဖြစ် ပြည်ပရောက် မြန်မာသတင်း အေဂျင်စီတခုကို ယင်းတို့၏ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုမိုရရှိရေးအတွက် ပိုင်းဖြတ်မှုရှိ ရှိ၊ စူးစိုက် နှစ်မြှုပ်လုပ်ကိုင်မှုအတွက် ဂုဏ်သိက္ခာရှိသော သတင်းလွတ်လပ်ခွင့် ဆုကို ပေးအပ်နိုင်ရန် အမည်စာရင်း တင်သွင်းလိုက်ပါသည်။

အမေရိကန် အခြေစိုက် သတင်းလွတ်လပ်ခွင့် အဖွဲ့ဖြစ်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ကော်မတီ (World Press Freedom Committee) က နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဌာနကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ (Guillermo Cano World Press Freedom) ၂ဝဝ၉ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်နိုင်ရန် အမည်စာရင်း တင်သွင်းလိုက်ပါသည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++
မရမ်းကုန်းမြို့နယ် တရားပွဲအပိတ်ခံရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း ယခုလ (၁၆) ရက်နေ့မှစတင်ကာ မေလကုန်အထိ တရားပွဲများ မကျင်းပရန် မြို့နယ်မယကရုံးမှ အမိန့်ထုတ်ထားကြောင်း ယင်းမြို့နယ်ရှိ သံဃာတော်တပါးက မိန့်ကြားသည်။ “ဦးဇင်းတို့ကျောင်းမှာ တပေါင်းလပြည့်နေ့ တရားပွဲကျင်းပဖို့ ဆိုင်ရာတွေကို ခွင့်ပြုချက်တင်တော့ ရဲစခန်း၊ ရပ်ကွက် သံဃမဟာနာယက၊ မြို့နယ်သံဃမဟာနာယကတွေကတော့ ခွင့်ပြုလိုက်တယ်။ မြို့နယ် မယက ရုံးကတော့ (၂) လပိုင်းကနေ (၃) လပိုင်းကုန်အထိ တရားပွဲတွေ ပိတ်ထားတယ်ဆိုပြီး အမိန့်ချ မပေးဘူး။ အထက်က စာရောက်လာလို့ ပြောတာပဲ” ဟု အထက်ပါသံဃာတော်က မိန့်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အတွက် တရားပွဲများပိတ်ကြောင်း လျှောက်ထားမေးမြန်းရန် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော် ဦးတေဇနိယထံ ဖုန်းဆက်ခဲ့သော်လည်း ဆရာတော်က ဖုန်းချ သွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အတိုက်အခံပါတီကြီး ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည်

ချင်းမိုင် ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန် ဗဟိုရုံးချုပ်နှင့် မန္တလေးတို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားများ ကျင်းပသွားမည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ကျရောက်မည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ဗဟိုရုံးချုပ်နှင့် မန္တလေးတိုင်း ယာယီ အဖွဲ့ချုပ်ရုံး ဖြစ်သော - ၂၈ လမ်းမ၊ ၇၆-၇၇ လမ်းကြားရှိ ဦးမောင်မောင်သန်း၏ နေအိမ်တွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည် ။


ဗဟိုရုံးချုပ်၌ ကျင်းပမည့် အခမ်းအနားသို့ ၀ါရင့် နိုင်ငံရေးသမားကြီးများ အပါအ၀င် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ရန်ကုန်အခြေစိုက် သံတမန်များကိုလည်း ဖိတ်ကြားထားသည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++
မြောက်ကိုရီးယား ဝါဒဖြန့်သတင်း ဖော်ပြ


စာပေစိစစ်ရေး၏ ညွှန်ကြားချက်ကြောင့် မြောက်ကိုရီးယား ဝါဒဖြန့်သတင်းတပုဒ် ပြည်တွင်းသတင်းကဏ္ဍတွင် ဖော်ပြပေးခဲ့ရကြောင်း အပတ်စဉ်ထုတ် ဖလားဝါးနယူးဂျာနယ်မှ အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “စိစစ်ရေးက ဒီအပတ် အဲဒီသတင်း သတင်းကဏ္ဍမှာ ထည့်ပေးပါဆိုတော့ ထည့်ပေးရတယ်။ ဘယ်လို ရည်ရွယ်ချက်လဲတော့ မသိရဘူး။ ဝါဒဖြန့်ချိရေး ဆောင်းပါးတပုဒ်အပြင် ထပ်ပြီး ထည့်ပေးရတာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါသတင်းကို “တော်လှန်ရေးအရှိန်အဟုန်၏ အစဉ်အလာ အမွေအနှစ်များ” ဟု ခေါင်းစဉ်တပ်ထားပြီး ဖေဖော်ဝါရီ (၁ဝ-၁၆) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ(၅) အမှတ် (၆) စာမျက်နှာ (၁၂) တွင် ဖော်ပြထားခြင်းဖြစ်သည်။

သတင်းထဲတွင် မြောက်ကိုရီးယား သမ္မတကြီး ကင်ဂျုံအီက လာမည့် ၂ဝ၁၂ ခုနှစ်သည် ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ နှစ် (၁ဝဝ) ပြည့် မွေးနေ့ဖြစ်သည်နှင့်အညီ အဆိုပါနှစ်၌ နိုင်ငံတော်ကို ချမ်းသာကြွယ်ဝ၍ အင်အားရှိသော နိုင်ငံတော်ကြီးအဖြစ် ပေါ်ပေါက်လာစေရန် သမိုင်းပေးတာဝန်ကို မီးကုန်ယမ်းကုန် ထမ်းဆောင်ကြရန် Chollima သံမဏိစက်ရုံ လုပ်သားများကို တိုက်တွန်းသည့် သတင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဦးကျော်သူ ရာထူးအပြောင်းအလဲ သုံးပွင့်ဆိုင်လုပ်ငန်းများ မထိခိုက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဦးကျော်သူကို ဒုနိုင်ငံခြားရေး ၀န်ကြီးရာထူးမှ အရေးမပါသော ၀န်ကြီးအဆင့် ရာထူးဖြစ်သော ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌရာထူးသို့ မြန်မာ စစ်အစိုးရက ပြောင်းလဲ ခန့်အပ်လိုက်ခြင်းသည် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ လုပ်ငန်းများကို ထိခိုက်မှာ မဟုတ်ကြောင်း တင်္နလာနေ့က ပြောကြားလိုက်သည်။

အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ ပါဝင်သည့် နာဂစ်မုန်တိုင်းဒဏ် သင့်သူများ ကူညီထောက်ပံ့ရေးနှင့် အလှုငွေများ စောင့်ကြည့်ထိန်းကွပ်ရေး အဖွဲ့ဖြစ်သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌနေရာကို ဦးကျော်သူ ဆက်လက် ယူထားခြင်းနှင့် ပတ်သက်ပြီး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Bishow Parajuli က ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။
( မဇ္ဈိမသတင်းဌာန သတင်းမှ ကောက်နှုတ်ချက် )
+++++
ရိုဟင်ဂျာ ပြသာနာကို EU သမဂ္ဂမှ ဆုံးဖြတ်ချက်

များမကြာမီမှ ဖြစ်ပွားသွားခဲ့သော ရိုဟင်ဂျာ ပြသာနာအတွက် ဥရောပ ပါလီမာန်က ထိုင်းအစိုးရအနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များကို လူသားအဆင့်အတန်းနှင့်အညီ ပြုမူဆက်ဆံရန် တိုက်တွန်းလိုက်ပြီး၊ ရိုဟင်ဂျာများအပေါ် အဆက်မပြတ် ညှင်းပန်းနှိပ်စက်နေသော မြန်မာ စစ်အစိုးရကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း ဖေါ်ပြထားသည်။ ရိုဟင်ဂျာ ဒုက္ခသည်အပေါ် လူသားမဆန်စွာ ပြုမှု ဆက်ဆံခဲ့သည့် ထိုင်းစစ်တပ်အပေါ် စွပ်စွဲထားသည့် ကိစ္စ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် အဘီစစ်က ပြောဆိုလိုက်သည်ကို ဥရောပ သမဂ္ဂက ကြိုဆိုလိုက်သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
မန္တလေးမီး အိမ်ခြေ သုံးရာကျော် ဆုံးရှုံး

ချင်းမိုင် ။ ။ မန္တလေးမြို့ မြရည်နန္ဒာ မြို့သစ်တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ အနည်းဆုံး ၃၀၀ ကျော် မီးလောင်ကျွမ်းသွားခဲ့သည်။

ချမ်းမြသာစည် မြို့နယ်အတွင်း၌ ရှိသော မြရည်နန္ဒာ မြို့သစ်တွင် တင်္နလာနေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ခဲ့ပြီး ၁၄၊ ၁၇၊ ၁၈ ရပ်ကွက်ရှိ နေအိမ်များ မီးလောင်ဆုံးရှုံးမှုထဲ ပါသွားသည်။
( မဇ္ဈိမသတင်းဌာန သတင်းမှ ကောက်နှုတ်ချက် )
+++++
ချင်းလူငယ် နှစ်ဦး ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့ ထင်းတန်းလမ်းရှိ ပခုက္ကူ- မုံရွာသွား ရာပြည် ကားဂိတ်တွင် ဖောက်ခွဲရေး ပစ္စည်းများ သယ်ဆောင်လာသည်ဟု ချင်းတိုင်းရင်းသား အမျိုးသမီး ဆယ်ကျော်သက် နှင့် အမျိုးသား နှစ်ဦးကို ပခုက္ကူ ရဲတပ်ဖွဲ့ဝင်များက ဇန်- ၈ ရက် နေ့လည်ပိုင်း၌ ဖမ်းဆီးခဲ့သည်ဟု FRA က စုံစမ်းရရှိသည်။ ယခု ဖောက်ခွဲရေး ပစ္စည်းများ ပခုက္ကူမြို့အပေါ် ဖမ်းဆီးပြီး နောက်ပိုင်း အာဏာပိုင်များက မြို့ပေါ် လုံခြုံရေး အင်းအား တိုးချဲ့ ထားပြီး၊ ယင်းကိစ္စနှင့် ပတ်သက်၍ မကွေးတိုင်း တိုင်းမှူး ဗိုလ်မှူးကြီး ဘုန်းမော်ရွှေ ဖေဖေါ်- ၉ ရက်၊ ညနေပိုင်းတွင် ပခုက္ကူမြို့သို့ ရောက်ရှိလာသည်ဟု မြို့ခံတဦးက ပြောသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာတယ်လီ ဆာဗာပျက်နေ


နယူးဒေလီ။ ။ ပုဂ္ဂလိက အင်တာနက် ၀န်ဆောင်မှုတခုဖြစ်သည့် မြန်မာတယ်လီပို့တ်၏ ဆာဗာစက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ထိုမှ ချိတ်ဆက်ယူထားသည့် အင်တာနက်လိုင်းများ ယနေ့နံနက်တွင် သုံးစွဲမရနိုင်ဘဲ ဖြစ်နေသည်။

နံနက် ၇း၀၀ နာရီမှ စတင်ကာ ယခု သတင်းရေးသားချိန်အထိတိုင် ယခင် ပုဂံဆိုင်ဘာဟု ခေါ်တွင်ခဲ့သည့် Myanmr Teleport မှ အင်တာနက်လိုင်း သွယ်တန်းထားသူများ သုံးစွဲ၍ မရခြင်းဖြစ်သည်။

"ဆာဗာ ကေဘယ်လ် တလိုင်း ပျက်နေတယ်လို့ ပြောတယ်။ Technicians တွေတော့ လုပ်နေကြတယ်။ ဒီနေ့တော့ မသေချာဘူး။ ကျမတို့ ရုံးမှာလဲ လိုင်းမရဘူး" ဟု မြန်မာတယ်လီပို့တ် ဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက် ၀န်ဆောင်မှုပေးသည့် လုပ်ငန်းဌာန သုံးခုရှိရာ မြန်မာတယ်လီပို့တ်နှင့် အမ်ပီတီလိုင်းဟု လူသိများသည့် စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ၀န်ကြီးဌာနပိုင် ဆာဗာနှင့် Information Technology Central Services (ITCS) အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဖြစ်သည်။
( မဇ္ဈိမသတင်းဌာန သတင်းမှ ကောက်နှုတ်ချက် )
+++++
အမျိုးသားများကြီးစိုးခဲ့တဲ့ ၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ


၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုခြောက်ဆုသာချီးမြှင့်ခဲ့ပြီး ထူးချွန်ဆုအားလုံးကို အမျိုးသားအနုပညာရှင်များကသာရရှိခဲ့ကာ အမျိုးသားများကြီးစိုးခဲ့သည့် အကယ်ဒမီဆုပေးပွဲဖြစ်ခဲ့သည်။

အမျိုးသမီးဇာတ်ဆောင်ဆုအပါအ၀င်၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆုနှင့် အသံဆုများကိုချီးမြှင့်နိုင်ခဲ့ခြင်းမရှိသော၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း ၁၅ နှစ်တာကာလအတွင်း ရုပ်ရှင်ထူးချွန်ဆုအရေအတွက်အနည်းဆုံးချီးမြှင့်ခဲ့သော ရုပ်ရှင်ထူးချွန်ဆုပေးပွဲလည်းဖြစ်သည်။
( ၀ိကလီး အဲလဲဗင်းဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
နာဂစ် ပြန်လည်ထူထောင်ရေး သန်း ၇၀၀ လိုမည်


ဘန်ကောက် (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး အကူအညီ လိုအပ်နေသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ပြောလိုက်သည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာ သုံးနိုင်ငံ ပါဝင်သော မုန်တိုင်းဒဏ်သင့်သူများကို ကူညီထောက်ပံ့ရေးနှင့် အလှုငွေများ စောင့်ကြည့်ထိန်းကွပ်ရေး အဖွဲ့ဖြစ်သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ၏ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တနင်္လာနေ့က ပြုလုပ်သော ပြန်လည် ထူထောင်ရေးအတွက် သုံးနှစ်စီမံကိန်း စတင်မှု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ခံ Bishow Parajuli က "ဘေးဒဏ်သင့်တဲ့ ဒေသ အနေအထားနဲ့ စာရင် ဒီ လိုအပ်မှု ပမာဏက နည်းတောင် နည်းနေသေးတယ် " ဟု ပြောသည်။
( မဇ္ဈိမသတင်းဌာန သတင်းမှ ကောက်နှုတ်ချက် )
+++++
နယ်စပ် ကုန်သွယ်ရေးနှင့်အတူ မူခင်းများ တားဆီးကာကွယ်နိုင်ရန် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်


မြန်မာနိုင်ငံ အနေဖြင့် နယ်နိ မိတ်ချင်းထိစပ်လျက်ရှိသည့်အိမ်နီး ချင်းနိုင်ငံအားလုံးနှင့် နယ်စပ်ကုန် သွယ်ရေးစခန်းများဖွင့်လှစ်ထားရှိပြီး နယ်စပ်ကုန်သွယ်ရေးကိုတိုးမြှင့်ဆောင် ရွက်နေကြောင်းသိရှိရသည်။ နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှုများနှင့်အတူ စပ်ဆက်လာနိုင်သည့်နယ်စပ်ဖြတ်ကျော် မှုခင်းများအား ကာကွယ်တားဆီး နိုင်ရန် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေး ရုံးများကိုလည်း အိမ်နီးချင်းနိုင်ငံများ အားလုံးနှင့် ညှိနှိုင်းဖွင့်လှစ်သွားရန် အစီအစဉ်များရှိကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသည် တရုတ် နိုင်ငံ၊ အိန္ဒိနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံများနှင့် နယ် နိမိတ်ချင်းထိစပ်လျက်ရှိရာ နှစ်နိုင်ငံ နယ်စပ်မြို့များတွင် နယ်စပ်ကုန် သွယ်ရေးနှင့် ကုန်စည်စစ်ဆေးရေး စခန်းများကို ၁၉၉၅ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုကို စတင်ခဲ့ရာ လာအိုနိုင်ငံနှင့် ၂၀၀၇ ခုနှစ်တွင် နယ်စပ်ကုန်သွယ်မှု စတင် နိုင်ခဲ့ပြီဖြစ်သောကြောင့် မြန်မာနိုင်ငံ အနေဖြင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် နိုင်ငံအားလုံးနှင့် နယ်စပ်ကုန် သွယ်မှုလုပ်ငန်းများ လုပ်ကိုင်လျက် ရှိနေပြီဖြစ်ကြောင်းသိရသည်။''မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိ စပ်နေတဲ့နိုင်ငံတိုင်းနဲ့နယ်စပ်ကုန်သွယ် ရေးကိုဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

မြန်မာ-တရုတ်နယ်စပ်မှာ နယ်စပ် ကုန်သွယ်ရေးစခန်း ငါးခု၊ မြန်မာ-ထိုင်းနယ်စပ်မှာနယ်စပ်ကုန်သွယ်ရေး စခန်းလေးခု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုနဲ့ မြန်မာ -လာအိုနယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု၊ မြန်မာ-အိန္ဒိယနယ်စပ်မှာနယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခု ဖွင့်လှစ်နိုင် ခဲ့ပြီဖြစ်ပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။
( ၀ိကလီး အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေးအကျဉ်းများ လွတ်မြောက်ရေး မန္တလေး အန်အယ်ဒီ ရှင်းလင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီးပုံကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြသည့် လှုပ်ရှားမှုကို မြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက စတင် ပြုလုပ်နေပြီ ဖြစ်သည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အန်အယ်ဒီ အပါအ၀င် တိုင်းရင်းသားပါတီ ၇ ပါတီ၏ နှစ်ဆန်းတရက်နေ့ အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အား တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံရန် တိုက်တွန်းနှိုးဆော်သည့် ကြေညာချက်ကို အန်အယ်ဒီက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့်အပေါ် လိုက်လံရှင်းပြနေခြင်း ဖြစ်သည်။ ထို့အပြင် မကွေးတိုင်း အန်အယ်ဒီ လူငယ်တချို့ကလည်း ရေမီးပြဿနာ ပြေလည်ရေး လှုပ်ရှားမှုတရပ်ကို သုံးခွ၊ ရေနံချောင်းနှင့် ချောက်မြို့နယ်အတွင်း လက်မှတ်ထိုးသည့် ကန်ပိန်း ပြုလုပ်နေကြောင်း သိရသည်။
((မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
နေပြည်တော် ဥပ္ပါတသန္တိစေတီ ထီးတင်တဲ့နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျဆုံးတဲ့နေ့


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ဒုတိယဆင့် ဌာပနာလှူဒါန်းပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြနေသော်လည်း အဆိုပါ စေတီတော်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပေါင်းလပြည့်နေ့ ထီးတင်ပြီးသည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ ကျဆုံးမည့်နေ့ဖြစ်သည်ဟု ဆရာတော် ရှင်ပညာသာမိက ဟောကိန်းထုတ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရ ကျဆုံးမည့်အကြောင်းကို ဗေဒင်ကိန်းခန်းအရ တွက်ချက်ပြောရုံ သက်သက်မဟုတ်ဘဲ စေတနာမပါဘဲ ဥပ္ပါတသန္တိဂါထာကို အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ရောက်ရှိနေသည့် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးပညာသာမိက ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည်ဖြစ်သည့်အတွက် ငှက်ပျောဖူးအတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လက်ရှိဖြစ်ပေါ်နေသော ပဲဈေးဖြင့် အခက်အခဲရှိလာနိုင်

ပဲလောကတွင် လက်ရှိဖြစ်ပေါ် နေသောပဲဈေးဖြင့် စိုက်ပျိုးထုတ် လုပ်သူများ၊ လုပ်ငန်းရှင်များအနေဖြင့် ငွေပင်ငွေရင်း များများထည့်ဝင် လည်ပတ်စေခြင်းဖြင့် ပြည်ပမှ ဈေးနှိမ်ဝယ်ယူမှုများအပါအ၀င် ပဲဈေးကွက်ကို အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်မည်ဖြစ်ကြောင်း ပဲ လုပ်ငန်းရှင်အချို့၏ပြောကြားချက်အရ သိရှိရသည်။

ပဲလောကတွင်မှ မကြာသေးခင်က ပေါ်ပေါက်ခဲ့သောအရှုပ်အထွေး များကြောင့် ယင်းကဲ့သို့ ဖြစ်ရခြင်းကြောင့် ကုန်စည်ဒိုင်ကြီးကြပ်ရေး ကော်မတီအား ပြန်လည်ဖွဲ့စည်း တည်ထောင်၍လည်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI ) မှ ဦးဆောင်ရန် ကြိုးပမ်းမှုများရှိနေကြောင်းလည်း သိရှိရသည်။ အစိုးရက၀င်ပြီး ကန့်သတ်ချုပ်ကိုင်လိုက်တယ်။အဲဒီမတိုင်ခင်နှစ်တွေ မှာ ပဲဈေးကောင်းခဲ့တယ်ဆိုတာလည်း ဒီဘက်က ကုန်သည်တွေ ဘက်က ဈေးဆွဲတင်သွားတာ။ ဒါပေမယ့် နောက်ပိုင်းမှာ အိန္ဒိယမှာ ကြိုပွိုင့်နဲ့ ၀ယ်ရောင်းပိတ်လိုက် တယ်။ ပြည်ပပဲကိုလည်း State Own Company တွေကတစ်ဆင့် ပဲဝယ် တယ်။ အစိုးရက၀ယ်ပြီး အနိမ့်ဈေးနဲ့ ဖြန့်ဖြန့်ပေးတာ။ အဲဒီတော့ပဲဈေးက မကောင်းတော့ ကျွန်တော်တို့လုပ် နိုင်တာတစ်ခုပဲရှိတယ်။ အရင်းအနှီး ရှိရင်သိုလှောင်ထားပြီးဈေးကွက်သစ် ရှာဖို့ပါပဲ''ဟုပဲလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
( ၀ိကလီး အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
ကြက်သားရောင်းချခွင့် ပိတ်ပင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်မြို့နယ်အတွင်း ကြက်မွေးမြူရေး ခြံနှစ်ခြံမှ ကြက်များ လည်လိမ်၍ သေဆုံးခဲ့ပြီးနောက် ကြက်သား မရောင်းရန် အာဏာပိုင်များက ယခုအခါ ပိတ်ပင်လိုက်သည်။

ပဲခူးတိုင်း ပြည်မြို့ ရွာပဲရပ်ကွက်မှ ဦးပွား၏ ကြက်ခြံနှစ်ခြံမှ ကြက်ကောင်ရေ ၃ ထောင်ခန့် လွန်ခဲ့သည့်လ အစောပိုင်းက လည်လိမ် သေဆုံးခဲ့ရာ ယခုလဆန်းပိုင်းမှ စတင်၍ ရောင်းချခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ပြည်မြို့အနီးရှိ ၀က်ထီးကန်၊ ပေါင်းတလည်၊ ရွှေတောင် စသည့် ကျေးရွာများအထိ ရောဂါကူးစက်မှု ရှိသည်ဟု ဒေသခံများက ပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူပင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းကလည်း စစ်အစိုးရရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းနှင့် ဥယျာဉ်စု ရပ်ကွက်တွင် ကြက်လည်ပင်းလိမ် ရောဂါကြောင့် ကြက်ခြံ ၃ ခြံရှိ ကြက်အကောင်ရေ ၂၀၀ ကျော် သေဆုံးသဖြင့် ကြက်ခြံများကို ဖျက်ဆီးပစ်ခဲ့ရသေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်တွင်း ကုန်စည်စီးဆင်းမှု ပမာဏ တစ်ဝက်နီးပါး လျော့ကျ


ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကာလအတွင်းအရောင်းအ၀ယ်အေး မှုကြောင့် ပြည်တွင်းကုန်စည်စီးဆင်းမှု ပမာဏတစ်ဝက်နီးပါးခန့်လျော့ကျ သွားခဲ့ကြောင်း၊ ပြည်တွင်းကုန်စည် စီးဆင်းမှုပမာဏကို နေ့စဉ်သိရှိနိုင်ရန် ပြုလုပ်သည့် သတင်းပို့စနစ်ကို ပြည်တွင်းကုန်စည်ပို့ဆောင်ရေး ယာဉ်များမလိုက်နာပါကယာဉ် မောင်း အပြင် ကုန်တင်ပေးသည့်ဂိတ်ကိုပါ ယခုလမှစ၍ စတင်အရေးယူသွား မည်ဖြစ်ကြောင်း ပြည်တွင်းကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း မှအထွေထွေအတွင်းရေးမှူးဦးတင်ယု က ပြောကြားခဲ့သည်။ ဇန်န၀ါရီလမှ ဧပြီလအထိသည် ကုန်စည်စီးဆင်းမှုပမာဏ အကောင်း ဆုံးလများဖြစ်ကြောင်း၊ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများနှင့် ကြုံတွေ့နေ ရသည့် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ ဖေ ဖော်ဝါရီလများအတွင်း၌ ပြည်တွင်း ကုန်စည်စီးဆင်းမှုပမာဏသည် ခန့်မှန်းခြေအားဖြင့် တစ်ဝက်နီးပါး ကျ ဆင်းသွားခဲ့ကြောင်း ၄င်းကဆိုပါသည်။
ယခင်က သတင်းပို့စနစ်ပျက် ကွက်သည့်အခါ ကုန်တင်ယာဉ်မောင်း ကိုသာ ဒဏ်ငွေကျပ်နှစ်သောင်းနှင့် ယာယီလိုင်စင်ပိတ်သိမ်းမှုကိုသာ ပြု လုပ်အရေးယူခဲ့သော်လည်း ယခု အခါ ကုန်တင်ပေးသည့်ဂိတ်များကိုပါ အရေး ယူသွားမည်ဖြစ်ကြောင်းသိရသည်။
( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
ရေနံမှော်နှင့်ဆက်စပ်လုပ်ငန်းများ အခက်တွေ့


အာဏာပိုင်များနှင့်ပတ်သက်သော ကုမ္ပဏီများမှ ဈေးနှိမ်ဝယ်ယူခြင်း၊ ရေနံဈေး အလွန်အမင်း ကျဆင်းနေခြင်း တို့ကြောင့် မကွေးတိုင်းအတွင်းရှိ ရေနံမှော်များနှင့် ဆက်စပ်လုပ်ကိုင်နေသူများ အခက်တွေ့နေကြရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မကွေးတိုင်းအတွင်းရှိ ရေနံမှော်များမှ တွင်းပိုင်ရှင်များအနေဖြင့် အာဏာပိုင်များနှင့်ပတ်သက်သော ကုမ္ပဏီများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို မခံနိုင်ကြတော့သဖြင့် ယခုရက်ပိုင်းအတွင်း တွင်းနှုတ်နေကြပြီဖြစ်ကြောင်း တွင်းပိုင်အချို့က ပြောသည်။

ငါးရှန်တောင်၊ ဆူးဝင်း၊ ၀တောင်၊ နှောပင် စသည့် ရေနံမှော်များမှ တွင်းပိုင်များ လုပ်ငန်းများရပ်ဆိုင်းနေကြပြီး မှော်ကိုအမီပြုရောင်းချနေသော ဈေးဆိုင်များလည်း ပိတ်နေကြပြီဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ၀ယ်ယူခြင်းကြောင့် ဒေသခံများနှင့် တွင်းပိုင်များက မခံနိုင်ကြတော့ရာမှ ဇန်န၀ါရီ (၈) ရက်တွင် နှောပင်ရေနံမှော်၌ ကောင်းဇော်ဟိန်းကုမ္ပဏီ မီးရှို့ဆန္ဒပြခံရသည်။ နယ်မြေခံတပ်တခုက ဒေသခံလူထုကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး ရေနံပွဲစား (၂၀) ယောက်ထက် မနည်းကို ဖမ်းဆီးထားဆဲဖြစ်သည်။ ရေနံမှော်များမှ ထွက်ရှိလာသော ရေနံစိမ်းများကို ချက်လုပ်ရောင်းချပေးနေရသော ကျောက္ကာရွာမှ ရေနံချက်ဖိုများသည်လည်း ရေနံဈေးနှုန်းကျဆင်းနေခြင်းကြောင့် ချက်လုပ်နှုန်းကျဆင်းနေကြောင်း သိရသည်။ ၂၀၀၈ စက်တင်ဘာလအထိ ဓာတ်ဆီ၊ ဒီဇယ်ဆီ တပေပါ ကျပ်နှစ်သိန်းကျော်ရှိနေရာမှ တဖြည်းဖြည်း ကျဆင်းလာရာ ယခုအခါ ငါးဆယ်ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး တပေပါ ကျပ်တသိန်းကျော်သာရှိတော့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်ထောင်စု စိတ်ဓာတ်အတွက် တန်းတူအခွင့်အရေး လိုအပ်ဟု အီးအန်စီ ပြောကြား

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်ထောင်စုစိတ်ဓာတ်၏ အနှစ်သာရမှာ မှေးမှိန်သွားပြီဟု မြန်မာတိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားလိုက်ပြီး၊ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်၍ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ပြန်ထူထောင်နိုင်မည့် တိုင်းရင်းသား အခွင့်အရေး အာမခံချက်ပေးရန် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ဖွဲ့စည်းပုံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲ၍ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD နှင့် တိုင်းရင်းသား လူမျိုးစုများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည် ရှင်သန်စေမည်ဟု ပြည်ပရောက် တိုင်းရင်းသား လူမျိုးများကောင်စီ - ENC က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်ပသို့ သွားရောက် ပြသရောင်းချနေသည့် မြန်မာ့ပန်းချီ ဈေးကွက် ကျဆင်း

နိုင်ငံတကာစီးပွားရေးကျဆင်းနေမှုများကြောင့် ပြည်ပဈေးကွက်ကို အဓိကထားရောင်းချလျက်ရှိသော မြန်မာပန်းချီဈေးကွက်များသာမက ပြည်ပသို့သွားရောက်ပြသရောင်းချရန် စီစဉ်ထားမှုများလည်း ရွှေ့ဆိုင်းထားရကြောင်း သိရှိရသည်။

၂၀၀၉ နှစ်ဆန်းကာလတွင် ဥရောပနိုင်ငံအချို့၌ ပြသရန်စီစဉ်ထားသော ပြပွဲအချို့ကို ပြခန်းပိုင်ရှင်များက အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြသည့်အပြင် စင်ကာပူရှိ ပန်းချီပြခန်းအချို့သည်လည်း ခေတ္တပိတ်ကာ အတွင်းပိုင်းပြင်ဆင်မှုများကို အစားထိုးလုပ်ဆောင်နေကြကြောင်း စုံစမ်းသိရှိရသည်။ ပြည်ပပန်းချီကားရောင်းချရမှုတွင် အားကောင်းသော ပန်းချီဆရာကြီးမြင့်စောကလည်း ''ပန်းချီဆရာကတော့ ကိုယ့်ကားတွေပြမယ်၊ ရောင်းချင်တယ်ဆိုရင် တစ်ဦးပေါ်တစ်ဦးယုံကြည်မှုနဲ့ ပေးလိုက်တာပဲ။ ဒါပေမဲ့ အခုတလော ဒါမျိုးတွေ နည်းသွားပါတယ်''ဟု ဆိုသည်။
( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
မန္တလေးမီး သိန်း (၂၀၀) ကျော်ဆုံးရှုံး အိမ်ခြေ (၃၂၀) ပြာကျ


မန္တလေးတွင် ဖေဖော်ဝါရီ (၉) ရက်နေ့ မီးလောင်မှုဖြစ်ပွားရာတွင် (၁) နာရီကြာမှ မီးသတ်ကားများ ရောက်လာသည့်အတွက် နေအိမ် အလုံး (၃၂၀) မီးလောင်ပြာကျမှုဖြစ်ခဲ့ရကြောင်း သိရသည်။ “ဆိုင်ကယ်ပြင်ဆိုင်ကို အိမ်မှာပဲ ဖွင့်ထားတာ။ ဆိုင်ကယ်ပြင်နေတဲ့အချိန်မှာ စက်ကိုလည်း နှိုးထားတယ်။ နှိုးထားရင်းနှင့် ဓာတ်ဆီထည့်လိုက်တာ လောင်ရော” ဟု မျက်မြင်တဦးက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာ အိမ်အလုံးရေ (၃၂၀) မီးလောင်ပြီး လူဦးရေ (၁,၆၁၉) အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း အတည်ပြုပြောကြားသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ဆုံးရှုံးမှုတန်ဖိုးကို ကျပ်သိန်း (၂၀၀) ကျော်ရှိသည်ဟု မီးသတ်ဦးစီးဌာနက သတ်မှတ်ထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်ပြီး ဖေါ်ပြခွင့်ရသော ပြည်ထောင်စုနေ့ ဆောင်းပါး
http://www.weeklyeleven.com/oth001/oth_detail.php?id=1
( ၀ိကလီး အဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
ခေတ်စမ်း စာပေဖခင် ဆရာကြီး မင်းသုဝဏ် ရာပြည့် အထိမ်းအမှတ်

ဖေဖေါ်- ၁၀ ရက်နေ့သည် မြန်မာ ပညာရှိ၊ ပြည့်သူ့လွတ်တော် ကိုယ်စားလှယ် ဆရာကြီး မင်းသုဝဏ်၏ မွေးနေ့ အနှစ်တရာပြည့် ဖြစ်သည်။ ဆရာကြီးသည် ဒီမိုကရေစီ လိုလားသည့်ဖက်က ရပ်တည်ခဲ့သဖြင့် စစ်အစိုးရ၏ ဖိအားပေးမှုများဖြင့် သူ့စာများ ထုတ်ဝေဖြန့်ချီခွင့် ပိတ်ပင်ခံရသည်။ ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းမှလည်း ဆရာကြီး၏ ကဗျာများအား ပယ်ဖျက်ခဲ့သည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံစုံ အနုပညာရှင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စုဝေးကြမည်

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အနုပညာရှင်များက အမေရိကန်နိုင်ငံ နယူးယောက်၌ လာမည့် စနေနေ့တွင် တွေ့ဆုံကာ ထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အကြောင်းကို အများသိအောင် လုပ်ဆောင်သွားမည်။

တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု ပြဿနာနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပြီး၊ FREEDOM & ART အမည်ရ စာအုပ်အား အရောင်းမြှင့်တင်ရေးပါ လုပ်သွားမည်ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သူများက ပြောဆိုခြင်း ဖြစ်သည်။

"အဓိက ရည်ရွယ်ချက်ကတော့ အောင်ဆန်းစုကြည် လွတ်မြောက်ရေးပဲ" ဟု အမေရိကန်အခြေစိုက် FREEDOM & ART မှ ပြန်ကြားရေးနှင့် ဆက်ဆံရေး မန်နေဂျာ Glenys R. Flaitz က မဇ္ဈိမကို ပြောသည်။

ကမ္ဘာတလွှားမှ အနုပညာရှင် ၇၄ ဦးက Freedom & Art စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် မှတ်သားဖွယ် ပြောစကားများ၊ ကာတွန်းရုပ်ပုံလွှာများ ထည့်သွင်း ရေးသားထားသည်။
စာအုပ်ရောင်းရငွေကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးသို့ လှူတန်းသွားမည် ဖြစ်သည်။

Freedom & Art လက်အောက်ရှိ Mirca အနုပညာအဖွဲ့သည် နိုင်ငံတကာမှ အနုပညာရှင်များကို စည်းရုံးပြီး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေသော အဖွဲ့လည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လကတည်းက အစီအစဉ်ကို စတင်ခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++

ဈေးကွက်တွင် အပြင်အကာသားများမှ ထုတ်လုပ်ရောင်းချမှုများသာ လုပ်ကိုင်လျက်ရှိ

ကျောက်စိမ်းဈေးကွက်တွင် အရည်ကျောက်များအစား အပြင် အကာသားများမှ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှုများသာ တစ် နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိကြ ကြောင်း မန္တလေး မဟာအောင်မြေ ကျောက်စိမ်းဈေးကွက်မှ သိရသည်။

ကျောက်စိမ်းလူသုံးကုန်ပစ္စည်း များကို တရုတ်ကုန်သည်များအား အများဆုံးရောင်းချပြီး ကျောက် စိမ်းဆင်ရုပ်နှင့်ကျောက်သစ်ပင် (မြစ် ဆုံကျောက်နှင့်ကျောက်စိမ်း)တို့ကို ထိုင်းကုန်သည်များအား ရောင်းချရ ကာ ကျောက်စိမ်းပုတီး၊ လက် ကောက်၊ ကျောက်စီပန်းချီနှင့် ကျောက်သစ်ပင်တို့ကို ရန်ကုန်ဗိုလ် ချုပ်အောင်ဆန်းဈေးရှိ ကျောက်မျက် ဈေးဆိုင်များတွင် ၀ယ်ယူရရှိနိုင် သော်လည်း ကျောက်စိမ်းလူသုံးကုန် ပစ္စည်းများကို မန္တလေးမြို့ရှိကျောက် မျက်အရောင်းဆိုင်တို့က အဓိကဖြန့် ဖြူးရောင်းချပေးကြောင်း သိရှိရ သည်။ ကျောက်စိမ်းပန်းပုပညာရှင် အများစုသည်လည်း မန္တလေးမြို့တွင် သာနေထိုင်ပြီး သွားဆေးခန်းသုံး စက်ကိရိယာများကိုအသုံးပြု၍ကိုယ် ပိုင်စိတ်ကူးဖြင့် တီထွင်စမ်းသပ်ပြု လုပ်ကြကြောင်း ကျောက်သွေးပညာ ရှင်များထံမှ သိရှိရသည်။
( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
ကချင် ထိန်းချုပ်ရာ နယ်မြေမှ တရုတ်လူမျိုးများ အစုအပြုံ ထွက်ခွာနေ

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သော မြန်မာနိုင်ငံဖက် မိုင်ကြာယန်းဒေသမှာ လုပ်ကိုင် စားသောက်နေထိုင်သည့် တရုတ်လူမျိုးများ ယခုရက်ပိုင်းများအတွင်း ထောင်ချီပြီး တရုတ်ပြည်ဖက်သို့ ပြန်လည် ထွက်ခွာနေကြသည်ဟု နယ်စပ်မှာ နေထိုင်သည့် ဒေသခံများက ပြောဆိုပါသည်။

ယင်း ထွက်ခွာမှုနှင့် ပတ်သက်၍ “ တရုတ်ဖက်မှ မိုင်ကြာယန်ဒေသကို ပေးထားသည့် လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်လိုက်ခြင်းကြောင့် တခါမှ စိုးရိမ်ကြေက်လန့်ပြီး ထွက်ခွာသည်။ တချို့ကလည်း ယင်းဒေသအတွင်း စစ်အစိုးရ တပ်များ ၀င်ရောက်လာမည်သတင်များ၊ တရုတ်အလောင်းကစားဒိုင်မှာ ငွေမပေးနိုင်သူ တရုတ်လူမျိုးများအာ ကချင် အပစ်ရပ်အဖွဲ့က ဖမ်းဆည်းသည့်သတင်းများပေါ်ထွက်လာပြီး အခြေအနေက မတည်ငြိမ်ဖြစ်ပြီး ထွက်ပြေးသည် ” ဒေသခံများက ထင်ကြေးပေး ပြောဆိုနေပါသည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
+++++

မန္တလေးမြို့တွင် သတ္တမအကြိမ်မြောက် ကွန်ပျူတာနှင့် နည်းပညာပြပွဲ ကျင်းပရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်း(မန္တလေးတိုင်း)နှင့် မြန်မာ နိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (မန္တလေးတိုင်း)တို့မှ ကြီးမှူးကျင်းပ သော သတ္တမအကြိမ်မြောက်ကွန်ပျူ တာနှင့်သတင်း ဆက်သွယ်ရေးဆိုင်ရာ နည်းပညာပြပွဲကို မတ်လ ၁ ရက်နေ့ မှ ၃ ရက်နေ့အထိ မန္တလေးမြို့တော် ခန်းမ(၁)တွင် ကျင်းပပြုလုပ်သွား မည်ဟု သိရှိရသည်။

မန္တလေးမြို့နှင့် အထက်မြန်မာ ပြည်မှလုပ်ငန်းရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် လေ့လာသူများ အတွက် ICT လုပ်ငန်းရှင်များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို မန္တလေးမြို့နှင့် ပတ်ဝန်းကျင်လူထု အကြား ပို့ဆောင်ပေးနိုင်ရန် ရည် ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိ ရသည်။အဆိုပါပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ Note Book များ၊Digital Device များ၊ Computer Related Electronic Device များနှင့်ခေတ်မီကွန်ပျူတာနည်းပညာ များကို ခင်းကျင်းပြသသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။
( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
မူးလဲခဲ့သော ဂုဏ်ပြုတပ်သား ဖမ်းဆီးခံရ


ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်သို့ လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံ ဒုသမတ ရှရီ အမ် ဟာမစ် အန်စရီ၏ ယခုလ ၅ ရက်နေ့က ကြိုဆိုရေး ဂုဏ်ပြုတပ်ဖွဲ့မှ စစ်သည်တဦး မူးလဲကျခဲ့ရာ ယခုအခါ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

ဂုဏ်ပြုတပ်ဖွဲ့ ရှေ့ဆုံးတန်းမှ မူးလဲကျနေသော စစ်သည်၏ ရုပ်ပုံလွှာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် အစိုးရထုတ် သတင်းစာများဖြစ်သော ကြေးမုံနှင့် New Light of Myanmar ၏ မျက်နှာစာတွင် ပါရှိခဲ့သည်။

ထိုဓာတ်ပုံပါလာခဲ့မှုကြောင့် ပြန်ကြားရေးဌာနမှ ၀န်ထမ်းများ ပေါ့ဆသည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အား နအဖ စစ်အုပ်စု နံပါတ်နှစ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ပြစ်တင်ဝေဖန်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++

အီလက်ထရောနစ်ပစ္စည်း ဈေးနှုန်းများ လျော့ရောင်း ၀ယ်လိုအားမြင့်တက်လာခြင်း မရှိ


မန္တလေးမြို့ပေါ်ရှိ အီလက်ထ ရောနစ်ပစ္စည်းအရောင်းဆိုင်များ တွင် ပြီးခဲ့သည့် ဇန်န၀ါရီလတစ်လ လုံး ဈေးပွဲတော်များကျင်းပခဲ့ပြီး ဈေးနှုန်းများလျော့ချ၍ ရောင်းချခဲ့ သော်လည်း ၀ယ်လိုအားမြင့်တက် လာခြင်းမရှိကြောင်း ဈေးကွက်အ တွင်းမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ဈေးနှုန်းများကျ ဆင်းခြင်းနှင့် အရောင်းဆိုင်အ၀ယ် အေးခြင်းတို့မှာကမ္ဘာ့စီးပွားရေးအကျပ် အတည်းနှင့် ငွေဈေးပြောင်းလဲမှုတို့ကြောင့်ဖြစ်ပြီး အဆိုပါပစ္စည်းများမှာလည်း ငွေပိုငွေလျံရှိမှသာ ၀ယ်ယူ သုံးစွဲနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
တစည ခေါင်းဆောင်များ ပြည်ထောင်စုနေ့အကြို သတင်းစာရှင်းလင်းပွဲ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ပြည်ထောင်စုနေ့အကြို သတင်းစာ ရှင်းလင်းပွဲတရပ်ကို ဌာနချုပ်ရုံးရှိရာ တက္ကသိုလ်ရိပ်သာလမ်းရှိ အစည်းအဝေး ခန်းမတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် တစည တာဝန်ရှိသူများက စစ်ပွဲများနှင့် အစိုးရဆန့်ကျင်သည့် လမ်းပေါ်ဆန္ဒပြပွဲများ ပေါ်ထွန်းလာမှာကို စိုးရိမ်ကြောင်း ပြောကြားသွားခဲ့သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
အကယ်ဒမီ ဆုပေးပွဲ၌ ဗိုလ်ကျော်ဆန်း အပြော

(၂ဝဝ၇) ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းမှ မိန့်ခွန်းပြောကြားရာတွင် အထွေထွေရွေး ကောက်ပွဲကြီးကိုလည်း (၂ဝ၁ဝ)ခုနှစ်တွင် အောင်မြင်စွာ ကျင်းပ ပေးသွားမှာဖြစ် ကြောင်း၊ ပြည်သူများလိုလားတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ရွေးကောက်ပွဲကြီး အောင်မြင်အောင် ရုပ်ရှင်လောကသားများအနေဖြင့်လည်းကျရာ အခန်းကဏ္ဍကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် တာဝန်ကျေပွန်အောင် ကြိုးပမ်းသွားရမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
( လျှပ်တပြက်ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၁၂ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
မြန်မာ သတင်း



ကေအန်ယူခွဲထွက် ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့ ကေအန်ယူ ဒီကေဘီအေနှင့် ပေါင်းစည်းရေးမျှော်လင့်


ကေအန်ယူမှ ခွဲထွက်ခဲ့သော်လည်း ကေအန်ယူ၊ ဒီကေဘီအေအဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသား များ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်း စစ်အစိုးရနှင့်ပူးပေါင်းသွားသည့် ကေအန်ယူ-ကေအန်အယ်လ် အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုက ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ချုပ်စောဌေးမောင် (ဗိုလ်ထိန်မောင်) ဦးစီးပြီး ခွဲထွက်သွားသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုကို ခေတ်ပြိုင်က သီးခြားတွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ၂၀၀၇ ခု ဗိုလ်ချုပ် စောဌေးမောင် ဦးစီးသည့် ခွဲထွက်အဖွဲ့ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း သွားပြီးနောက်ပိုင်း အဆိုပါအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက ပြင်ပမီဒီယာသို့ ပထမဆုံးအကြိမ် ယနေ့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ် စောဌေးမောင်နှင့် အဖွဲ့သည် ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့်ပူးပေါင်းသွားပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် အခြေစိုက်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြန်မာ့ရိုးရာသနပ်ခါးပြခန်းနှင့် အင်တာနက်ကဖေး ညောင်ဦးမြို့တွင်ဖွင့်လှစ်


ညောင်ဦးမြို့တွင် မြန်မာ့ရိုးရာ သနပ်ခါးပြခန်းနှင့် အင်တာနက် ကဖေးအပါအ၀င် မြန်မာ့ရိုးရာလက်မှု ပစ္စည်းအရောင်းပြခန်း၊ ကျောက် မျက်အရောင်းပြခန်းများပါဝင်သော အဆောက်အဦးတစ်ခုကို စည်ပင် သာယာရေးရုံးနှင့်မျက်နှာချင်းဆိုင်၊ နိုင်ငံခြားသားအများစု ညဘက်လာ ရောက်လည်ပတ်ရာလမ်းမ နံဘေး တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ရွှေပြည်နန်းကုမ္ပဏီက ဖွင့်လှစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
( ၀ိကလီး အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
လိပ်ပြာဥယျာဉ်ကို ထူးက တည်ဆောက်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထူးထရေးဒင်းက မြန်မာပြည်မြောက်ဖျားတွင် ရှားပါးလိပ်ပြာ၊ သစ်ခွဥယျာဉ်နှင့် သားရဲတိရစ္ဆာန်များ ပါဝင်မည့် သဘာဝဥယျာဉ် တည်ဆောက်ရန် စီစဉ်နေသည်။

ကချင်ပြည်နယ်၊ ပူတာအို၊ မူလာရှီးဒီးရွာအနီးတွင် ယခင်က Woodland ကုမ္ပဏီမှ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားသည့် ယခု အစီအစဉ်ကို ထူးထရေးဒင်းမှ ရယူလိုက်ခြင်းဖြစ်သည်။ လိပ်ပြာဥယျာဉ်တွင် ပြည်တွင်းနှင့် အထူးသဖြင့် ကချင်ပြည်နယ်မှ ရှားပါးလိပ်ပြာမျိုးစိတ်ပေါင်း ၅၀ ကျော်နှင့် မျိုးကွဲပေါင်း ၁၅၀၀ ကျော်ပါဝင်မည်ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ လိပ်ပြာနှင့် အင်းဆက်ဥယျာဉ်ကဲ့သို့ တည်ဆောက်မည်။ ဦးတေဇသည် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေသော စစ်အစိုးရနှင့်ပူးပေါင်းကာ စီးပွားရှာနေသူဟုဆိုပြီး အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့အရေးယူမှု ခံထားရသူဖြစ်သည်။ သူပိုင် ငွေကြေးများ ထိန်းချုပ်ခြင်းနှင့် အမေရိကန်နိုင်ငံတွင်း ၀င်ရောက်ခြင်း တားမြစ်ခံထားရသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
မြေပဲဈေး ဆက်လက်ကျဆင်းပါက ပဲဆွတ်လုပ်သား ရှားပါးမှုနှင့် ကြုံရနိုင်
.
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍မြေပဲဈေးကျဆင်း လာခဲ့ရာတစ်တင်းကျပ် ၂၅၀၀၊ ကျပ် ၃၀၀၀ သာရှိပြီး ယမန်နှစ်ကမူ တစ်တင်းကျပ် ၇၀၀၀ ၀န်းကျင်ထိရှိ ခဲ့သဖြင့် မကွေးမြို့နယ်အတွင်းမှ ဒေသခံတောင်သူများ အဆင်ပြေခဲ့ ကြောင်း သိရသည်။

''အရင်နှစ်က မြေပဲဈေးကောင်း တော့ ပဲဆွတ်လုပ်သားတွေလည်း ပေါတယ်။ ပဲဆွတ်ခတစ်တင်း ကျပ် ၄၀၀၊ ကျပ် ၅၀၀ အထိ ပေးတယ်။ တစ်ယောက်ကိုတစ်နေ့မြေပဲငါးတင်း က ၁၀ တင်းအထိရတော့ ၀င်ငွေ ကောင်းကြတယ်။ မြေပဲဈေးကလာ မယ့်နှစ်မှာ ဆက်ကျနေမယ်ဆိုရင် စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေ အတွက် ပဲဆွတ်လုပ်သားရှားပါးမှု အခက်အခဲနဲ့ရင်ဆိုင်ရဖို့ရှိတယ်'' ဟု ဒေသခံတောင်သူတစ်ဦးက ပြောပါသည်။
( ၀ိကလီအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး လှုပ်ရှားမှု အန်အယ်လ်ဒီစပြီ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်လိုက်ပြီ ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၊ CRPP အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ပါတီဝင်များက ဗီနိုင်း အဖြူပေါ်တွင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုက ထောက်ခံကြရန် ပန်ကြားချက်ထုတ်ပြန်ပြီး မကြာခင် ယခု ပြည်ထောင်စုနေ့ အခမ်းအနား၌ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုကို အန်အယ်လ်ဒီက တရားဝင်စတင်လိုက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုစနစ်တို့ကို သုတေသနပြုစုနိုင်ရန် ပြည်ပတက္ကသိုလ်များမှ လေ့လာမှုများရှိနေ
.

ကရင်ပြည်နယ်အတွင်း ကရင်လူမျိုးတို့၏ ရိုးရာဓလေ့နှင့်ယဉ် ကျေးမှုစနစ်ကို သုတေသနပြုစုနိုင် ရန်အတွက် ပြည်ပနိုင်ငံအတွင်းရှိ တက္ကသိုလ်များမှ ပွင့်လင်းရာသီ အတွင်း လာရောက်လေ့လာမှုများရှိ နေကြောင်းဘားအံမြို့ခံ ကရင်လူ မျိုး သုတေသီ ဦးဆန်းမိုးအောင်၏ ပြောကြားချက်အရ သိရှိရသည်။
( ( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
မြန်မာသူပုန်များကို ဖမ်းဆီးထားခြင်းမှာ နိုင်ငံရေးစေ့ဆော်မှုဟုဆို

နယူးဒေလီ။ ။ ကာလကတ္တားမြို့ ပရက်ဆီဒင်စီ ထောင်ထဲတွင် ချုပ်နှောင်ခံထားရသူ မြန်မာသူပုန် ၃၄ ဦးမှာ ဥပဒေကြောင်းထက် နိုင်ငံရေးစေ့ဆော်မှုများကြောင့် ယခုလိုထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း အိန္ဒိယ၏ ထိပ်တန်း လူ့အခွင့်အရေးရှေ့နေ မစ္စ နန်ဒီတာဟက်ဆာက ပြောသည်။

သူတို့သည် ယခုအခါ အိန္ဒိယအကျဉ်းထောင်ထဲတွင် ၁၁ နှစ်ကြာ နေခဲ့ရပြီးဖြစ်သည်။ "ဒီအမှုရဲ့ နိုင်ငံရေးအကြောင်းအချက်တွေကို ကျမ ရှာဖွေဖို့ ကြိုးစားခဲ့ပြီးပါပြီ။ သူတို့ကို ဥပဒေအကြောင်းအချက်တွေအရ ချုပ်နှောင်ထားတယ်လို့ ကျမ မထင်ဘူး။ နိုင်ငံရေးအကြောင်းကြောင့် ချုပ်နှောင်ထားတာသာ ဖြစ်ပါတယ်" ဟု မစ္စ နန်ဒီတာ Nandita Haksar က ပြောသည်။

မစ္စဟက်ဆာ၏ မှတ်ချက်သည် သူ၏ " သူလျိုငလိမ်" ဟူသော စာအုပ်တွင် ဖော်ပြပါရှိခြင်းဖြစ်သည်။

ဤစာအုပ်တွင် မြန်မာသူပုန် ၃၄ ဦး၏ အမှုကို အသေးစိတ် ဖော်ပြထားပြီး၊ သူတို့ကို ဖမ်းဆီးခြင်းနောက်ကွယ်မှ နိုင်ငံရေးအကြောင်းများနှင့် သူပုန်များအပေါ် အိန္ဒိယနိုင်ငံ၏ သစ္စာဖောက်မှုများကို စွပ်စွဲရေးသားထားသည်။ သို့သော် ဤသို့အမှု အဆုံးသတ်ခါ နီးလာသည်နှင့်အမျှ သူတို့အနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဤသို့ မရပါက ဆက်လက်ထိန်းသိမ်းခံရခြင်းသော်၎င်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားသား အက်ဥပဒေအရ မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းသော်၎င်း ခံရနိုင်သည်ဟု တရားခံရှေ့နေက ပြောသည်။

သူတို့ကို လက်ခံရန် ချက်သမ္မတနိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့က မူအားဖြင့် သဘောတူညီထားပြီးဖြစ်သော်လည်း သူတို့နိုင်ငံများအနေဖြင့် (UNHCR) ၏ ထောက်ခံချက်ကိုမူ လိုအပ်လျက်ပင် ရှိသေးကြောင်း သိရသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
လားရှိုးမြို့အား ဒုတိယမြောက် ပန်းမြို့တော်အဖြစ် တည်ထောင်မည်

ရန်ကုန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၏မြို့တော် လားရှိုးမြို့အား မြန်မာနိုင်ငံ၏ ဒုတိယမြောက်ပန်းမြို့တော်အဖြစ် တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးပန်းမြို့တော်ဖြစ်သည့် ပြင်ဦးလွင်ကဲ့သို့ ရေမြေသဘာဝတူသော လားရှိုးမြို့အား မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပန်းမြို့တော် အဖြစ်တည်ထောင်ကာ ပြည်ပသို့ ပန်းများတင်ပို့နိုင်သည်အထိ စီစဉ်လျက် ရှိကြောင်း ပန်းမြို့တော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဦးစိုင်းထွန်းတင်က ပြောသည်။
"ဒီအစီအစဉ်က နိုင်ငံတော်ဝန်ကြီး ချုပ် တရုတ်ပြည်သွားတုန်းက ပန်းတွေ ဝေေ၀ဆာဆာနဲ့ စီးပွားဖြစ်ပန်းစိုက်နေ တဲ့ ပန်းမြို့တော်တစ်ခုကိုတွေ့ခဲ့ပြီး ရေ မြေသဘာဝတူတဲ့လားရှိုးကို ပန်းမြို့တော်တစ်ခုဖြစ်လာဖို့ လမ်းညွှန်သွား တယ်။ ဒါကြောင့် အခု လားရှိုးမှာ ပန်း မြို့တော်တစ်ခုဖြစ်လာဖို့ စတင်ဆောင် ရွက်နေပါပြီ"ဟု ယင်းကဆိုသည်။
( ရန်ကုန် မီဒီယာအုပ်စု သတင်းမှ ကောက်နှုတ်ချက် )
+++++
ကြံ့ဖွံ့ဝင်မှ လမ်းခင်းပေး

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၏ လမ်းများကို ရန်ကုန်မြို့တော်ဝန်က ကြံ့ဖွံ့အသင်းဝင်သူများသည့် ရပ်ကွက်ကိုသာ ဦးစားပေး ပြင်ဆင်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။မြို့တော်ဝန်ကလည်း ကြံ့ဖွံ့အသင်းသားများကို မည်သည့်နည်းနှင့်ဖြစ်စေ အသင်းသားအရေအတွက် တိုးပွားစေရေးကိုသာ ဦးတည်၍ စည်းရုံးခိုင်းထားကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမှ ကြံ့ဖွံ့အသင်းသားတဦးက ပြောသည်။ ပြည်တွင်းသတင်းဂျာနယ်များက ရေးသားကြသည်မှာ မြို့တော်ဝန်က လမ်းပေါင်း (၉၀) ကျော်ကို အခမဲ့ ခင်းပေးနေကြောင်း ပါရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဆေးဖက်ဝင်သစ်ခွများ တရားမ၀င်ပြည်ပပို့မှုကြောင့် မျိုးသုဉ်းဖွယ်ရှိနေ

ရန်ကုန်၊ မြန်မာနိုင်ငံမှ ဆေးဖက်ဝင်သစ်ခွများကို တရုတ်နိုင်ငံသို့ တရားမ၀င်တင်ပို့မှုများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဆေးဖက်ဝင်သစ်ခွများမျိုး တုံးမှုအခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ ပန်းဝါသနာရှင်များအသင်းမှ သစ်ခွပညာရှင်တစ်ဦးက ပြောသည်။ ယခုအခါ မြန်မာ့ဆေးဖက်ဝင် သစ်ခွများမှာ မြန်မာနိုင်ငံအထက်ပိုင်းတွင် ရှားပါးလာသဖြင့် တရုတ်သို့တင်ပို့လိုသော ကုန်သည်များက မြန်မာနိုင်ငံအောက်ပိုင်း ရခိုင်၊ တနင်္သာရီထိပင်ဆင်း၍ ဈေးကွက် ရှာဖွေမှုများရှိလာကြောင်း၊ အဆိုပါရခိုင်နှင့် တနင်္သာရီဒေသများတွင် ဒေသအခေါ် ပုစွန် သစ်ခွများမှာ ရှားပါးဆေးဖက်ဝင်များဖြစ် ၍ ကုန်သည်များ မျက်စိကျနေခြင်းဖြစ် ကြောင်း အခြားသစ်ခွပညာရှင်တစ်ဦးထံမှ သိရသည်။
သစ်ခွပင်များမှာ မြန်မာနိုင်ငံ သ ဘာဝတောတောင်အနှံ့တွင် ပေါက်ရောက် နိုင်ကြောင်းနှင့် မျိုးအုပ်စုအပေါ်မူတည်၍ တစ်နှစ်လျှင်တစ်ကြိမ်ခန့်ပွင့်နိုင်ကြောင်း သိ ရသည်။ သစ်ခွမျိုးရင်းတွင် မျိုးစိတ်ပေါင်း ၃၀၀၀၀ ကျော်ခန့်ရှိကာ မျိုးစိတ် ၅၀ကျော် မှာ ဆေးဖက်ဝင်အာနိသင်များရှိနေကြောင်း၊ မြန်မာနိုင်ငံသစ်ခွမျိုးစိတ်ပေါင်း ၇၄၀ ကျော် ခန့်ရှိကြောင်း သိရသည်။
( ရန်ကုန်မီဒီယာအုပ်စု သတင်းမှ ကောက်နှုတ်ချက် )
+++++
အဓမ္မပြုကျင့်မှုနောက် မြန်မာများကို အဖမ်းအဆီး ပိုမိုလာ

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်ရာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဆောက်လုပ်ရေး လုပ်ငန်းများသို့ ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များ လာရောက်ကာ အဖမ်းအဆီးများ လုပ်နေသည်။

ထိုင်းတက္ကသိုလ် ကျောင်းသူတဦးကို မြန်မာလုပ်သားနှစ်ဦးက ဖေဖော်ဝါရီ ၇ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် ထိုင်း ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များက မြန်မာများ အစုအပြုံလိုက်နေထိုင်လေ့ရှိသည့် နေရာများတွင် ဖမ်းဆီးမှု ပိုလာခဲ့သည်။အဓမ္မကျင့် လူသတ်မှုဖြင့် သင်္ကာမကင်းဖြစ်ကာ မြန်မာနိုင်ငံမှပြောင်းရွှေ့အလုပ်လုပ်သူ နှစ်ဦးအား ထိုင်းရဲက ဖမ်းဆီးထားသည်။

အသက် ၂၂ နှစ်အရွယ် ထိုင်းကျောင်းသူအား မတရား ပြုကျင့်ပြီး သတ်ဖြတ်ပြီး၊ လက်ကိုင်ဖုန်းတလုံးနှင့် ငွေများ ရယူထွက်ပြေးသွားသည်ဟု ထိုင်းဘာသာဖြင့် ရေးသားသည့် ချင်းမိုင် သတင်း (Chiang Mai News) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သူမသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ လေးမြို့နယ်မှ မဲဂျိုး - Mae Jo တက္ကသိုလ်တွင် စာရင်းကိုင် တတိယနှစ် တက်ရောက်နေသူ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာနှင့် ချိတ်ဆက်ကုန်သွယ်မှုပြုနိုင်ရန် ထားဝယ်ဆိပ်ကမ်း ဘူတာသစ် တည်ဆောက်မည်

ရန်ကုန်၊ နိုင်ငံတကာနှင့်ချိတ်ဆက်ကုန်သွယ်မှုပြုနေသော ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည့် ထားဝယ်မြို့တွင် ဆိပ်ကမ်းဘူတာတစ်ခုဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံရထားလမ်းတွင်ပါဝင်သည့် ထားဝယ်-မြိတ် ရထားလမ်းနှင့်ဆက် စပ်၍ ထားဝယ်မြို့ ပင်လယ်ရေနက်ဆိပ်ကမ်းတွင် နိုင်ငံတကာနှင့်ချိတ်ဆက်ကုန် သွယ်မှုပြုနိုင်ရန် ဆိပ်ကမ်းဘူတာ ဆောက်လုပ်သွားမည်ဖြစ်သည်။
ယင်းဆိပ်ကမ်းပြီးစီးပါက နိုင်ငံတကာနှင့်ချိတ်ဆက်ကုန်သွယ်မှုပြုနိုင်ခြင်း၊ ပြည်ပနိုင်ငံမှကုန်စည်များ မြန်မာနိုင်ငံအရပ်ရပ်သို့ သက်သာလျင်မြန်လွယ်ကူစွာ ကုန်သွယ်နိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။
( ရန်ကုန်မီဒီယာ အုပ်စုသတင်းမှ ကောက်နှုတ်ချက် )
+++++
လောင်စာဆီဈေးကျသော်လည်း အဝေးပြေးကား တန်ဆာခ မကျ


ပြင်ပလောင်စာဆီဈေးနှုန်း ကျဆင်းလာနေသော်လည်း အစိုးရလောင်စာဆီဈေး ချပေးမှုမရှိခြင်း၊ လမ်းတံတားကြေး များပြားနေခြင်းတို့ကြောင့် ကားခများ သိသာစွာ ချထားပေးနိုင်ခြင်းမရှိဟု ဘုရင့်နောင် အဝေးပြေးဝင်းမှ ရန်ကုန်-မန္တလေး ကားဂိတ်ပိုင်တဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် ဓာတ်ဆီ တဂါလန် (၂,၀၀၀)၊ ဒီဇယ် (၂,၃၀၀) ကျပ်သာရှိချိန်တွင် အစိုးရဆိုင်များမှ ဓာတ်ဆီတဂါလန် (၂,၅၀၀)၊ ဒီဇယ် (၃,၀၀၀) ကျပ်နှုန်းဖြင့်သာ ထုတ်ယူနေကြရဆဲဖြစ်ကာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင်လည်း တန်ပိုကတ္တားဂိတ်များ ပိုတိုးလာနေကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။

လောင်စာဆီဈေးနှုန်းများ တပေပါကျပ် (၂) သိန်းကျော်ရှိနေရာမှ ကျပ် (၁) သိန်းကျော်သာ ရှိတော့သည့်အချိန် တွင် ရန်ကုန်-မန္တလေးကုန်တင်ခများမှာ တပိဿာကျပ် (၄၀) နှုန်းမှ ကျပ် (၃၀) နှုန်းသို့ ကျဆင်းခဲ့သော်လည်း ကုန်သည်များက ထို့ထက်ပိုချထားပေးရန် လိုလားကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂျီအက်စ်အမ် ဆင်းကတ်များ တစ်နေ့ ကတ်၂၀၀၀ကျော် ရောင်းနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆- ဂျီအက်စ်အမှ်SIM ကတ်များကို မြန်မာတစ်နိုင်ငံလုံးအ တိုင်းအတာအရ နေ့စဉ်ကတ် ၂၀၀၀ကျော် ခန့် ပျမ်းမျှရောင်းချနေရကြောင်း အဆို ပါကတ်များကို တစ်ဦးတည်းအရောင်းကိုယ် စားလှယ်အဖြစ် ရထားသူ စင်ထရယ်စူပါ မားကက်တင်းမှ သိရသည်။
အဆိုပါ ကတ်များကို ဂျီအက်စ် အမ်ဖုန်းအသုံးပြုနိုင်သည့် မြို့နယ် ၅၁ မြို့ နယ်လုံးတွင် ရောင်းချပေးနေခြင်းဖြစ် ကြောင်း၊ နေ့စဉ် ကတ် ၂၀၀၀ ကျော်ခန့် ပျမ်းမျှရောင်းနေရကြောင်း၊ အက်ဖ်အီးစီ ၂၀တန် ကတ်များကို ပို၍ရောင်းချနေရ ကြောင်း အဆိုပါ စင်ထရယ်စူပါမားကက် တင်းမှ အထွေထွေမန်နေဂျာ ကိုစိုင်းခင် မောင်အေးကပြောသည်။အဆိုပါကတ်များကို အက်ဖ် အီးစီဖြင့်သာ ရောင်းချပေးနေကြောင်း၊ ၀ယ် ယူသူများကို မှတ်ပုံတင်နှင့်လူကိုက်ညီပါက ရောင်းချပေးနေကြောင်း၊ ဖုန်းကတ်ကို ၀ယ် ယူပြီးပါက ကိုယ်တိုင်စတင်ဖွင့်၍ Out Call သုံးပြီးမှသာ ဖုန်းမှာ အပြင်မှ ခေါ်ယူ ၍ရနိုင်ကြောင်း အဆိုပါစင်ထရယ်စူပါမား ကက်တင်းမှ သိရသည်။
( ရန်ကုန်မီဒီယာ သတင်းအုပ်စုမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၁၃ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
မြန်မာ သတင်း

ဦးတင်ဦးအား နေအိမ်အကျယ်ချုပ် သက်တမ်းတိုး


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်လိုက်ပြန်ကြောင်း သတင်းရပ်ကွက်များ အပြောအရ သိရသည်။

မကြာမီအသက် ၈၂ နှစ် ပြည့်မှာဖြစ်သော စစ်မှုထမ်းဟောင်းကြီး ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်ချထားသည်မှာ ငါးနှစ်ပြည့်မြောက်သည့် သောကြာနေ့တွင် သက်တမ်း တိုးလိုက်ခြင်းဖြစ်သည်ဟု သတင်းရပ်ကွက်က ပြောသည်။

သက်တမ်းတနှစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသော်လည်း စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကျန်ခေါင်းဆောင်များပင် အတည်ပြုရန် ခက်ခဲနေသည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
မရမ်းကုန်း ဓာတ်အားခွဲရုံ မီးလောင် သိန်း (၃၀၀) ဖိုးဆုံးရှုံး


ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံ မီးလောင်ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မီးလောင်မှုကြောင့် ထရန်စဖော်မာတလုံး ပျက်စီးခဲ့ပြီး မြို့နယ်လျှပ်စစ်ရုံးတာဝန်ခံတဦး၏ ပြောပြချက်အရ မီးလောင်မှုကြောင့် သိန်း (၃၀၀) ဖိုး ဆုံးရှုံးသွားသည်ဟု သိရသည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ ထရန်စဖော်မာကိုသွားသော မြေအောက်ကြိုးရှော့ခ်ဖြစ်၍ မီးပွားများထွက်ရာကတဆင့် ထရန်စဖော်မာထဲရှိ လောင်စာဆီကို ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဝပြည် သွေးစည်းညီညွတ်ရေးတပ်နှင့် မြန်မာစစ်တပ်အကြား တင်းမာမှုများ ဖြစ်ပွား

UWSA ( ခေါ် ) ရှမ်းပြည်နယ် အထူးဒေသ ၄ ၀ တပ်ဖွဲ့နှင့် မြန်မာအစိုးရ တပ်ဖွဲ့အကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ပေါ်ထွက်လာသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်လာရေး၊ လက်နက်ချရေးနှင့် နယ်မြေ သတ်မှတ်ရေး ကိစ္စများတွင် တင်းမာမှု ရှိသည့်ကြား လက်နက်သိမ်းယူခဲ့သော အခြေအနေအထိ အောက်ခြေအဆင့် တပ်များအကြား တင်းမာမှု ဖြစ်လာနေသည်ဟု ဆိုပါသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ချုပ်မွေးနေ့ပွဲ ဒီချုပ် ကျင်းပ


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို အမှတ်တရ ကျင်းပသည့် ကလေးများနေ့ပွဲသည် ဒီမိုကရေစီအတွက် ကျင်းပသည့် ပွဲပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

"မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း" ၏ ၉၄ နှစ်မြောက်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် ရန်ကုန်မြို့ အန်အယ်ဒီ ဗဟိုရုံး၌ ယနေ့ နေ့လယ်ပိုင်းတွင် အနှောင့်အယှက်မရှိ ကျင်းပခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ခပ်ညံ့ညံ့ မြန်မာဆန် ကမ္ဘာ့ဈေးကွက် အရောင်းသွက်


မြန်မာ့ဆန်မှာ အရည်အသွေးညံ့သည့်တိုင် အာဖရိကမှအ၀ယ်လိုက်နေသည့်အတွက် ဇန်န၀ါရီလမှစပြီး တန်ချိန် (၄၀၀,၀၀၀) ထိ အရောင်းသွက်နေသည်ဟု အာရှဒေသတွင်းရှိ ဆန်ကြိုရောင်းကြိုဝယ်သမားများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ့ကြော်ငြာလုပ်ငန်း ထိုးကျသွား


ချင်းမိုင်(မဇ္ဈိမ)။ ။ ကမ္ဘာ့စီးပွာရေး အကျပ်အတည်းကြောင့် မြန်မာနိုင်ငံရှိ ကြော်ငြာလုပ်ငန်းများမှာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ကုမ္ပဏီများ၏ အပြောအရ သိရသည်။
IMAGE media ကြော်ငြာကုမ္ပဏီမှ အရောင်းမန်နေဂျာတဦးကလည်း သူတို့၏ ကြော်ငြာလုပ်ငန်းမှာ သုံးပုံတပုံခန့်ပင် ကျဆင်းသွားသည်ဟု ဆိုသည်။
အဓိကအားဖြင့် Billboard ၊ Vinyl စသည့် ကြော်ငြာ အမြင့် ၁၆ ပေမှ ပေ ၂ဝ နှင့် အလျား ၁၈ ပေမှ ပေ ၄ဝ အရွယ်အစားရှိ လမ်းဘေး ကြော်ငြာဆိုင်းဘုတ် လုပ်နေသည့် ထွန်းတောက် ကုမ္ပဏီလည်း ၂၀ ရာခိုင်နှုန်းခန့် ထိခိုက်သွားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာများအတွက် အမေရိကန် ပညာသင်စု လျှောက်လွှာ ခေါ်ယူ

အမေရိကန်ပြည်ထောင်စု သံရုံးမှ ၂၀၁၀၊ ၂၀၁၁ ပညာသင်နှစ်အတွက် Fulbright ပညာသင် ထောက်ပံ့ကြေး အစီအစဉ် လျှောက်ထားနိုင်ကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်တခုခုတွင် မဟာဘွဲ့ တက်ရောက်ရန် ကြိုးစားနေသည့် ကျောင်းသားများထဲက ရွေးချယ်ခံရသူသည် ၂၀၁၀ စင်တင်ဘာလမှ စ၍ တက္ကသိုလ်များကို တက်ရောက်ရမည်။ M.B.B.S , BE နှင့် B.A. .Social Science ဘွဲ့ရသူများအတွက် မဟာဘွဲ့ တက်ရောက်နိုင်သည့် အရည်အချင်း စိစစ်စရာ မလုပ်အပ်သည်ဟု ဖေါ်ပြထားသည်။ လျှောက်ထားသူသည် TOFEL ရမှတ် ၅၇၅ မှတ် ( သို့  ) IELTS ၆.၅ ရရှိရမည် ဖြစ်ပြီး၊ ရန်ကုန်မြို့ တော်ဝင်လမ်းတွင် ရှိသော အမေရိကန် စင်တာ၌ ၂၀၀၉၊ မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာ ပို့ပေးရမည်၊ လျှောက်လွှာကို အမေရိကန်စင်တာ၌ ဖေဖေါ်ဝါရီ ၁၀ မှ စတင် ရယူနိုင်ပါသည်။ အချက်အလက် အသေးစိတ်များကို သိလိုလျှင် Fulbright.Rangoon@state.gov ကို ဆက်သွယ်နိုင်ပြီး e- လျှောက်လွှာလည်း ရရှိနိုင်ပါသည်။
( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ်ချက် )
+++++
မဇ္ဈိမ သတင်းထောက် ပြန်လွတ်လာပြီ


နယူးဒေလီ (မဇ္ဈိမ) ။ ။ ကာလကတ္တားမြို့ အကျဉ်းထောင်တခုတွင် တနှစ်နှင့် ၄ လကြာ ထိန်းသိမ်းခံရပြီးနောက် မဇ္ဈိမ သတင်းထောက်တဦးကို အိန္ဒိယက ယခုလ ၁၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

နိုင်ငံခြားသား အက်ဥပဒေ ချိုးဖောက်မှုဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရသော ဦးကျော်မိုးကို ဒွန်ဒွန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားဘက်သို့ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် အခြေစိုက်သော ဦးကျော်မိုး (ကလောင်အမည် ငြိမ်းချမ်း)သည် မဇ္ဈိမက ကာလကတ္တားတွင် ပြုလုပ်သော စာနယ်ဇင်းသင်တန်း တက်ရောက်အပြီး အပြန်တွင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

သူ့ကို ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသော်လည်း နယ်ခြားကို တရားမ၀င် ဖြတ်ကျော်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

နိုင်ငံခြားသား အက်ဥပဒေအရ ၂၀၀၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် တရားရုံးက ရက်ပေါင်း ၂၅၀ ထောင်ဒဏ် ချမှတ်ခဲ့သည်။ ထောင်ဒဏ် ရက်စေ့သွားပြီးသောအခါ အနောက်ဘင်္ဂလားအစိုးရက ဦးကျော်မိုးကို မြန်မာပြည်သို့ ပြန်မပို့ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လွှတ်ပေးခဲ့သည်။ အကယ်၍ မြန်မာပြည်ပြန်ပို့လျှင် အန္တရာယ်ရှိရာ၊ လွှဲပြောင်းခြင်း မပြုပါရန် UNHCR ၊ မဇ္ဈိမနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ရိုဟင်ဂျာများကို ပင်လယ်ထဲနှင်ထုတ်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဝန်ခံ

ထိုင်းအာဏာပိုင်များက ရိုဟင်ဂျာဒုက္ခသည်လှေများကို ပင်လယ်ပြင်သို့ သင်္ဘောဖြင့် ဆွဲထုတ်ခဲ့သည်မှာ မှန်ကန်ကြောင်း စီအန်အန်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်းဝန်ကြီးချုပ်က ၀န်ခံပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ပင်လယ်မျော ရိုဟင်ဂျာဒုက္ခသည်လှေများကို ထိုင်းရေတပ်က ပင်လယ်ပြင်သို့ဆွဲပြီး နှင်ထုတ်ခဲ့ကြောင်း နိုင်ငံတကာစာနယ်ဇင်းများမှ စွပ်စွဲခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က ပထမဆုံးအကြိမ် ၀န်ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာဒုက္ခသည်များကို ပင်လယ်ပြင်သို့နှင်ထုတ်ရေးမှာ ထိုင်းအစိုးရပေါ်လစီမဟုတ်ဟု အာဏာပိုင်များ အားလုံးက ပြောနေသော်လည်း ပင်လယ်ကြောသို့ နှင်ထုတ်ခဲ့ကြောင်း ယုံကြည်လောက်သည့် အထောက် အထားများရှိသည်ဟု အာဘီဆစ်က ပြောသည်။ မည်သူမည်ဝါ လုပ်သည်ဆိုသည့် အထောက်အထား အတိအကျသိရပါက တရားဥပဒေအရ အရေးယူမည်ဟုလည်း ပြောသည်။
ထိုအတောအတွင်း ရိုဟင်ဂျာဒုက္ခသည်များသည် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာဆိုသည်မှာ ဘီလူးကဲ့သို့ အရုပ်ဆိုးသူများဖြစ်ကြောင်း ဟောင်ကောင် မြန်မာသံရုံး ကောင်စစ်ဝန်ချုပ် ဦးရဲမြင့်အောင်က ဟောင်ကောင်ရှိ နိုင်ငံခြားသံအမတ်ကြီးများနှင့် သတင်းစာများထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မုန်တိုင်းသင့်ဒေသ ကြက်ဘဲ သားပေါက်များ ဖြန့်ဝေရာတွင် အဂတိလိုက်စား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု တချို့တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှာ ထောက်ပံ့သည့် အခမဲ့ သားပေါက်များ ဖြန့်ဝေရာတွင် ဒေသခံ အာဏာပိုင်များ မသမာသည့် လုပ်ရပ်များ ရှိသည်ကို တချို့ဒေသခံများက မကျေမနပ် ဖြစ်နေသည်ဟု သိရသည်။ ဘိုကလေးမြို့နယ် သစ်ဖြူချောင်း၊ မြသိန်းတန် ညီနောင် စသော ကျေးရွာ အုပ်စုများမှ ရွာပေါင်း ၂၀ ကျော်ကို ကုလ-စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ လှူဒါန်းသော သားပေါက် ၁၂.၀၀၀ ကို မြို့နယ် တိမွေးကု ဦးစီးဋ္ဌာနမှ ဖေဖေါ်ဝါရီ ၁၂ ရက်မှ စပြီး အခမဲ့ဖြန့်ဝေ ခဲ့သည်။ ယခုလို ဖြန့်ဝေရာ၌ မူလ သတ်မှတ်ထားသည့် အရေအတွက် မပြည့်၍ ၈၀၀၀ ခန့်သာ ပဲခူးနှင့် မအူပင်မှ သားပေါက်ဒိုင်များမှ ၀ယ်ယူခဲ့သည်ဟု ဒိုင်များနှင့် နီးစပ်သူများက RFA သို့ ပြောကြားခဲ့သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာငွေဈေး မြင့်တက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးနှင့် လဲလှယ်ရာတွင် မြန်မာငွေဈေး မြင့်တက်လာနေဆဲဖြစ်သည်။

ပြီးခဲ့သည့်လ နောက်ဆုံးအပတ်တွင် မြန်မာကျပ်ငွေ တသိန်းသည် ထိုင်း ဘတ် ၃၂၀၀ ပေါက်ဈေးရှိရာမှ၊ ယခုအခါ ဘတ် ၃၅၀၀ အထိ ဖြစ်လာသည်။
အလားတူ အိန္ဒိယ-မြန်မာနယ်စပ်တွင်လည်း နှစ်နိုင်ငံငွေလဲနှုန်းတွင် အိန္ဒိယရူပီးမှာ တရက်ထက်တရက် ကျလာသဖြင့် ကုန်သည်များအနေဖြင့် အရောင်းအ၀ယ် သိပ်မဖြစ်ကြောင်း အမည်မဖော်လိုသူ ကုန်သည်တဦးက ယခုလို ပြောသည်။ထို့အပြင် တရုတ် ယွမ်ငွေသည်လည်း ပြီးခဲ့သည့်လ ဒုတိယပတ်အတွင်းက ငွေလဲနှုန်းမှာ ကျပ် တထောင်လျှင် ၅ ဒဿမ ၃ ယွမ် ပေါက်ဈေး ရှိခဲ့ရာမှ၊ ယခုအခါ ၆ ဒဿမ ၃၆ ယွမ် ရှိနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာဒုက္ခသည်များ ထိုင်းနယ်စပ်မှာ ရောင်းစားခံရ

မလေးရှား-ထိုင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသော မြန်မာအလုပ်သမားများကို မလေးရှားလူဝင်မှု ကြီးကြပ်ရေးမှ ဝန်ထမ်းများက လူကုန်ကူးပွဲစားများနှင့် နယ်စပ်ရှိ လူမိုက်ဂိုဏ်းများလက်ထံ တဆင့်ခံ ရောင်းစားနေကြပြီး လူပွဲစားများကလည်း အမျိုးမျိုးခြိမ်းခြောက်ကာ ပိုက်ဆံမပေးနိုင်သူများကို ပြန်လည်ရောင်း စားနေကြကြောင်း ယင်းနယ်စပ်မှ လာသောသတင်းအရ သိရသည်။

လူကုန်ကူးသူပွဲစား အများစုမှာ မြန်မာလူမျိုးများ ဖြစ်ကြပြီး ထိုဒေသ၌ ကျက်စားနေသော ထိုင်း၊ မလေးရှား လူမျိုး လူမိုက်ဂိုဏ်းများကို မိုက်ကြေးခွဲကာ ယင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသူများထံမှ နည်းလမ်း အမျိုးမျိုးသုံးကာ ငွေညှစ်နေကြကြောင်း ထိုလူမိုက်ဂိုဏ်းလက်ထဲတွင် ရက်နှစ်ဆယ်ကျော် အနှိပ်စက်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ အသက် (၂၀) အရွယ် အမည်မဖော်လိုသူ မွန်အလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံများတွင် တရားမဝင် မြန်မာအလုပ်သမား နှစ်သန်းကျော် ရောက်ရှိ နေကြောင်းနှင့် တရားဝင် စေလွှတ်ခဲ့သည့် အလုပ်သမားအရေအတွက်မှာ (၅) သောင်းခန့် ရှိကြောင်း သိရ သည်။ အန်ဂျီအိုအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား (၂) သိန်းခန့် ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၁၄ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
မြန်မာ သတင်း

ကုလလူ့အခွင့်အရေး အထူးသံ မြန်မာပြည်သို့ ပြန်လာမည်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဂျီ ကွင်တားနား စနေနေ့တွင် မြန်နိုင်ငံသို့ ရောက်ရှိပြီး ခြောက်ရက်ကြာမြင့်မည့် ခရီးစဉ်ကို စတင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂရုံးက ကြေညာလိုက်သည်။

ကုလသမဂ္ဂရုံးက သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တခုအရ ကွင်တားနားသည် သြဂုတ်လ ၂၀၀၈ ခုနှစ်က သွားရောက်ခဲ့သော ခရီးစဉ်နောက်ပိုင်း တိုးတက်ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ လေ့လာပြုစုသွားမှာ ဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိကြာမြင့်သော အထူးသံတမန်၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကရင်နှင့် ကချင်ပြည်နယ်များသို့ပါ သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားများစွာနှင့် တွေ့ဆုံခွင့်ပြုရန် မေတ္တာရပ်ခံထားသည်ဟု ကုလသမဂ္ဂရုံးက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် အခြေခံ ပြည်သူပြည်သားအခွင့်အရေးများ ဆုံးရှုံးစေသည့် ဥပဒေများကို ပြန်လည်ပြင်ဆင်မှုပြုပြီး နိုင်ငံတ၀ှမ်းအကျဉ်းထောင်များတွင် ချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကို လွှတ်ပေးမှုများ ပြုလုပ်ရန် ကွင်တားနားက စစ်အစိုးရကို အကြံပြုထားခဲ့ဖူးသည်။ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မေ ၂၀၀၈ ခုနှစ်တွင် ခန့်အပ်ခဲ့အပြီး အထူးသံတမန်၏ ယခုခရီးစဉ်သည် ဒုတိယကြိမ်မြောက်ဖြစ်လာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂျပန်သတင်းထောက် နာဂအိ သတင်းလွတ်လပ်ခွင့်ဆု မအိမ့်ခိုင်ဦး ရရှိ


၂၀၀၇ ခုနှစ်၌ မြန်မာနိုင်ငံတွင် အသက်ခံရသော ဂျပန်သတင်းထောက် ခဲန်းဂျိနာဂအိအတွက် အမှတ်တရ သတင်းလွတ်လပ်ခွင့်ဆုကို မြန်မာမာ့ အမျိုးသမီး သတင်းထောက် မအိမ့်ခိုင်ဦးကို ချီးမြင့်သွားမည်ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် APF သတင်းဌာနက ဂျပန်သတင်းဌာနတခုဖြစ်တဲ့ ကျိုဒို သတင်းဌာနကို ပြောကြားလိုက်သည်။ ယခု ခဲန်ဂျိ နာဂအိ အမှတ်တရ သတင်းလွတ်လပ်ခွင့်ဆုကို ပထမဦးဆုံးအကြိမ်ဖြစ်၍၊ ၎င်းဆု ဖြစ်ပေါ်လာအောင် BMA ( မြန်မာသတင်းသမဂ္ဂ)က ၀ိုင်းဝန်း စီစဉ်ခဲ့သည်ဟု သိရသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
***** ***** *****

ဖေဖေါ်ဝါရီလ ၉ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

သေဆုံးမှု ၂၀၀ ခန့် တိုးတက်လာ

သြစတေလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်အတွင်း တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၇၁ တယောက်အထိ ရှိခဲ့ပြီ၊ သေဆုံးသူများသည် မီးဘေးမှ လွတ်ကင်းအောင် မီးလွတ်ရာကို ရှောင်ရှားရန် ကြိုးစားနေအသည့် အချိန်အတွင်း သေဆုံးမှု အများအပြားရှိခဲ့သည်။ ဗစ်တိုးရီးယားပြည်နယ် Kingslake og Marysville နယ် များမှ အိမ်အမြောက်အမြား သစ်တောမီးထဲ လောင်ကြွမ်းခဲ့သည်။ နောက်ဆုံးသတင်းအရ အနည်းဆုံး ၁၈၁ ယောက်ခန့် သေဆုံးခဲ့သည် ဟု သိရသည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-20313562/page-1.html
http://galleri.tv2.dk/index.php/category-Vejret/id-20286755/page-1.html
(TV2.dk)
+++++

သီရီလင်္ကာ အသေခံ ဗုန်းခွဲမှု

တမီးလ် သူပုန်အဖွဲ့အ၀င် အမျိုးသမီး တဦး က Visuamadu,မြို့ မြောက်ဖက် Sugandirapuram တွင် လူအုပ်အကြား ၀င်ရောက် အသေခံဗုံး ခွဲတိုက်ခိုက်ခဲ့သဖြင့် ၂၈ ယောက်သေ၊ လူ ၉၀ ဒဏ်ရာ ရှိသွားသည်။ အမျိုးသမီးတယောက် လူအုပ်များနှင့် ရောနှောလာပြီး တိုက်ခိုက်မှုအတွင်း ကလေးများ၊ မိန်းမများနှင့် စစ်သား တချို့ သေဆုံခဲ့သည်။
(TV2.dk)
+++++
မိုးပျံတိုက် မီးလောင်ကြွမ်း

တရုတ်ပြည်သူ့ သမတနိုင်ငံ ပီကင်းမြို့တော်အတွင်းရှိ ၁၅၉ မီတာမြင့်သည့် မိုးပျံ ဟော်တည် တလုံး ယနေ့ ညတွင် မီးလောင်ကြွမ်းခဲ့သည်။ ဟော်တည် Mandarin Oriental အမည်ရသော အဆောက်ဦးသည် သြဂုတ်လ အိုလံပစ်ပွဲတော်အတွက် အသုံးပြုနိုင်ရန် အသစ် တည်ဆောက်ထားသည့် ဟော်တည်တခုဖြစ်သည်။ လေးနာရီအကြာ မီးလောင်မှုကို မီးသတ်သမား ၆ ယောက် လာရောက် မီးငြိမ်းသတ်သည်ဟု သိရသည်။ အဆောက်အဦးအတွင်း နေထိုင်နေသော လူပေါင်း ၁၀၀၀ ကျော်သည် မီးလွတ်ရာသို့ ပြောင်းရွေ့နိုင်ခဲ့ပြီး အထိအခိုက်များ မသိရသေးပါ။
http://www.bt.dk/apps/pbcs.dll/gallery?Avis=BT&Dato=20090209&Kategori=NYHEDER&Lopenr=209006&Ref=PH
(TV2.dk) (BT.dk မှ ဓါတ်ပုံ)
+++++

ဖေဖေါ်ဝါရီလ ၁၀ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ပြင်သစ် သမ္မတ ပထမဦးဆုံး အီရတ် ခရီး

ပြင်သစ် သမ္မတ ဇာကိုဇီသည် အီရတ်ဝန်ကြီးချုပ် Nouri Maliki နှင့် သမ္မတ Jalal Talabani ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အီရတ်နိုင်ငံသို့ တရားဝင် အလည်ပတ် ရောက်ရှိသည်၊ ထိုခရီးစဉ်အတွင်း ဇာကိုဇီက ထိုခရီးစဉ်သည် ကမ္ဘာ့စီးပွားရေး ဂယက်အတွင်း အီရတ်နိုင်ငံအား ပြန်လည် တည်ထောင်ရေး လုပ်ငန်းစဉ်များ ကူညီသွားရန်နှင့် ပြင်သစ် ကုပ္မဏီများ အီရတ်နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် ဖွင့်လှစ်နိုင်ရန်အတွက်ဟု ပြောဆိုခဲ့သည်။
ဘီဘီစီ သတင်းမှ ဇာကိုဇီသည် အီရတ်နိုင်ငံ၏ ရေနံကို အထူး စိတ်ဝင်စားလျက်ရှိသည်ကို ဖေါ်ပြခဲ့သည်။
ဆာဒမ်ဟူစိန်နောက်ပိုင်း အီရတ်နိုင်ငံသို့ ပြင်သစ် သမ္မတ များ၏ ပထမဦးဆုံး ခရီး ဖြစ်သည်ဟု သိရသည်။
( avisen.dk မှ ကောက်နှုတ်ချက် )
+++++
အာဏာခွဲဝေနေသော ဇင်ဘာဘွေ

ဇင်ဘာဘွေနိုင်ငံ အတိုက်ခံခေါင်းဆောင် Morgan Tsvangirai သည် သူ၏ ပါတီ MDC အဖွဲ့ခေါင်းဆောင်များ ၁၅ဦး ကို သူ၏ ၀န်ကြီးချုပ် စာရင်းနှင့်အတူ အစိုးရအသစ်ဖွဲ့ရန်အတွက် ရွေးချယ်လိုက်သည်။ အမျိုးသားပြန်လှည်ပေါင်းစည်းရေးအရ အတိုက်ခံခေါင်းဆောင် မော်ဂင်က လက်ရှိ သမ္မတ Robert Mugabes နှင့် အစိုးရအဖွဲ့ကို ပူးပေါင်း ဖွဲ့စည်းသွားမည်ဟု သိရသည်။ သမ္မတ ရောဘတ် မူဂါဘီမှာမူ သူ၏ ၀န်ကြီးအဖွဲ့ဝင် နေရာအတွက် လောလောဆယ် မရွေးချယ်ရသေးပေ၊ အစိုးရသစ်၏ အဓိက ပြသာနာမှာ ဇင်ဘာဘွေ၏ ဆိုးဝါနေသော စီးပွားရေး ပြန်လှည် နလံထူလာနိုင်ရန်အတွက် ဖြစ်သည်။
( URBAN.dk သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်ရေးဖြင့် ပြသာနာများ ဖြေရှင်းနိုင်မည် မဟုတ်

စပိန်နိုင်ငံက အာဖဂန်နစ္စတန်အတွင်း စစ်သားများ ထပ်ဖြည့်ပို့ဆောင်ခြင်းဖြင့် နိုင်ငံပြသာနာကို ဖြေရှင်းလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။ သူ့အဆိုရ အကယ်လို့ စစ်သားအမြောက်အမြားကို အာဖဂန်အတွင်း ပို့ဆောင်လျှင် ဆိုးဝါးသည့် ပြသာနာများ ကြုံဖွယ်ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးခြင့်းဖြင့် ဒေသအတွင်း နိုင်ငံရေး အုပ်စုများဖြင့် ကျွန်ုပ်တို့ အဖြေရှာရမည် ဖြစ်သည်ဟု ဆိုသည်။ အာဖဂန်အတွင်း စပိန်စစ်သားများသည် နိုင်ငံပေါင်း ၄၀ ပါဝင်သော နေတိုး အုပ်ချုပ်မှုအောက်တွင် လှုပ်ရှားနေသည့် စစ်သည်အင်အား ၇၀.၀၀၀ နှင့်အတူ တာဝန်ထမ်းဆောင်လျက်ရှိသည်။ အိုဘားမား၏ အစီအစဉ်ရ အမေရိကန်ပြည်ထောင်စုက နောက်ထပ် စစ်သည် အင်အား ၃၀.၀၀၀ ပို့ဆောင်လိမ့်မည်ဟု သိရသည်။
( URBAN.dk သတင်းမှ ကောက်နှုတ်ချက် )
+++++
အယ်လ်ခိုင်ဒါက အိန္ဒိယနိုင်ငံကို သတိပေး

အယ်လ်ခိုင်ဒါအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ သေဆုံးခဲ့သည်ဟု ယူဆရသော လူတယောက်က အိန္ဒိယနိုင်ငံအတွင်း မူဘိုင်အရေးကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးလိုက်သည်။
အကယ်၍ အိန္ဒိယနိုင်ငံအနေဖြင့် ပါကစ္စတန်နယ်မြေအတွင်း အယ်လ်ခိုင်ဒါများ ပုံးအောင်းနေသည့် ဒေသများကို တိုက်ခိုက်လျှင် အိန္ဒိယနိုင်ငံသည် အမြင့်ဆုံး တန်ဖိုးတခု ဆိုးဝါးစွာ ခံစားရမည်ဟု ဗွီဒီယိုတိတ်ခွေ အမည်ရှိသော ခေါင်းစဉ်ဖြင့် ဖေါ်ပြထားသည်။ ထို တိတ်ခွေတွင် ပြောကြားခဲ့သည့် အီဂျစ်နိုင်ငံသား အယ်လ်ခိုင်ဒါ ခေါင်းဆောင် Mustafa Abu al-Yazid,သည် အယ်လ်ခိုင်ဒါ အခြေခံဒေသဖြစ်သော အာဖဂန်နစ္စတန်ရှိ တာလီဘန်သူပုန်များနှင့်အတူ ပုန်ကန်တိုက်ခိုက်နေပြီး တချိန်တည်းမှာပါင် ပါကစ္စတန်အတွင်း အယ်လ်ခိုင်ဒါ ကွန်ယက်အား အုပ်ချုပ်မှု လုပ်နေသည်။ သူသည် လွန်ခဲ့သည့်နှစ် သြဂုတ်လတွင် ပါကစ္စတန်အစိုးရတပ်ဖွဲများနှင့် Bajaurခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားပြီး သေဆုံးခဲ့သည်ဟု ယူဆနေသည့် အယ်လ်ခိုင်ဒါ ခေါင်းဆောင်တယောက် ဖြစ်သည်။
( TV2.dk)
+++++
ပြစ်သစ် အင်္ဂလန်အတွင် မုန်တိုင်းကျ

ဗြိတိန်နိုင်ငံ တချို့ဒေသများတွင် လေပြင်းများနှင့် ဆီးနှင်းမုန်တိုင်း ကျရောက်လျက်ရှိရာ အလယ်ပိုင်း အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် လေပြင်းကြောင့် ပင်လယ်ရေမြင့်တက်လာပြီး ရေဖုံးလွမ်လျက်ရှိသည်။ တောင်ပိုင်း အင်္ဂလန်တွင် မိုးသက်လေပြင်းများ ကျရောက်သဖြင့် ရေဖုံးလွမ်းမှုအတွင်း လူပေါင်း ၂၀ကို ၎င်းတို့ ကားအတွင်းမှ အရေးပေါ်ကူညီပေးရေးသမားများက ကယ်ဆယ်ခဲ့သည်ဟု သိရသည်။
တချိန်တည်းမှာပင် ပြင်သစ်နိုင်ငံ ပါရီမြို့ နိုင်ငံတကာလေဆိပ်မှာ ဌာနကြီးနှစ်ခုအား ပိတ်ထားရပြီး ပြင်သစ်အလယ်ပိုင်းဒေသတွင် လူပေါင်း ၆၀၀.၀၀၀ သည် မုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။
http://galleri.tv2.dk/index.php/category-Vejret/id-20345920/page-1.html
( TV2.dk )
+++++
ရေနံတင်သင်္ဘောတစီး မီးလောင်

ဒူဘိုင်းပင်လယ်အတွင်း ရေနံတင် သင်္ဘော တစီး ကျိုးပဲ မီးလောင်ခဲ့သည်။ အီရန်နိုင်ငံမှ ရေနံတန်ချိန် ၃၀.၀၀၀ တင်ဆောင်လာရာတွင် ဒူဘိုင်း အပြင်ဖက်တွင် ကွန်တိန်နာ သင်္ဘောဖြင့် တိုက်မပြီး မီးလောင်ခဲ့သည်ဟု သိရသည်။
(TV2.dk)
+++++

အစ္စရေးရွေးကောက်ပွဲ ရလဒ်

ယနေ့ ပြုလုပ်ခဲ့သော အစ္စရေးရွေးကောက်ပွဲ၌ Benyamin Netanyahu နှင့် လက်ရှိအစိုးရ ပါတီမှ ရွေးချယ်ခံ ၀င်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံခြားရေးဝန်ကြီး မစ္စTzipi Livni, နှင့် Benyamin Netanyahu တို့ သည့် အစိုးရဖွဲ့ရန် မဲ အပြတ်သတ်မနိုင်ခဲ့သဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် အနေအထား ဖြစ်နေသည်ဟု သိရသည်။
( TV2.dk)
+++++
ဆေရုံအား တိုက်ခိုက်မှု ဖြစ်ပွားပြန်

သီရီလင်္ကာမြောက်ပိုင်းတွင် ဆေးရုံတရုံအား တိုက်ခိုက်ခံရသဖြင့် အနည်းဆုံး လူနာ ၁၆ ယောက် သေဆုံးခဲ့သည်ဟု ICRC မှ ပြောကြားခဲ့သည်။ ထိုဒေသတွင်း အစိုးရတပ်ပွဲများက တမီးလ် သူပုန်များကို အပြင်းအထန် ထိုးစစ်ဆင်နေသဖြင့် ထိုဆေးရုံအား မည်သူ တိုက်ခိုက်ခဲ့ကြောင်း မပြေနိုင်သေးဟု အိုင်စီအာစီမှ ဆက်လက်ပြောသည်။
( TV2.dk)
+++++

ဖေဖေါ်ဝါရီလ ၁၁ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

တာလီဘန်တို့ တိုက်ခိုက်မှု

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးတွင် ဗုံးခွဲတိုက်ခိုက်မှု သုံးကြိမ် တချိန်တွင်းမှာ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် အစိုးရရုံးများကို တာလီဘန်တို့က ဦးတည်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၉ ယောက် သေဆုံးပြီး၊ ၄၅ ယောက် ဒဏ်ရာရှိခဲ့သည်။ တချိန်တည်းမှာပင် တခြားတနေရာတွင်လည်း သေနတ်သမား ၅ ဦးက ဗုံးကွဲတိုက်ခိုက်မှုနှင့် အချိန်ကိုက် တိုက်ခိုက်သဖြင့် ကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်သမား အားလုံး သေဆုံးခဲ့သည်။
ကဘူးမြို့ မြောက်ဖက် အကျဉ်းဦးစီးဋ္ဌာနတွင်လည်း အသေခံဗုံခွဲသမား ၂ ယောက် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် သုံးယောက်မြောက် အသေခံဗုံးခွဲသမားသည်လည်း ထိုအကျဉ်းစခန်းအနီး လုံခြုံရေးတပ်များက ပစ်ခတ် အသေဖမ်းဆီးမိခဲ့သည်။ တိုက်ခိုက်မှုတွင် တာလီဘန် ၈ ဦး သေဆုံးခဲ့သည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် သို့ အလည်အပတ်ရောက်ရှိနေသာ အမေရိကန် သံတမန် Richard Holbrooke ၏ ခရီးနှင့် တိုက်ဆိုင်ပြီး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
နိုင်ငံတောင်ပိုင်းတွင်လည်း လုံခြုံရေးတပ်မှ စီးနင်းလိုက်ပါလာသည့် ကားအား တာလီဘန်တို့ ဗုံးခွဲ ပျောက်ကျားတိုက်ခိုက်မှုကြောင့် လုံခြုံရေးစစ်သား ၈ ဦး သေဆုံးခဲ့သည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-20369622/page-1.html
+++++
ဝန်ကြီးချုပ်အသစ်

ဇင်ဘာဘွေနိုင်ငံမှ အတိုက်ခံခေါင်းဆောင် Morgan Tsvangiraiသည် ၀န်ကြီးချုပ်အဖြစ်၊ သမတ Robert Mugabe အရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
+++++
လေဆင်နှာမောင်းတိုက်ခိုက်

အမေရိကန်ပြည်ထောင်စု အိုကိုဟားမားပြည်နယ် အနောက်ဖက်တွင် ကြိးမားသော လေဆင်နှာမောင်းတခု ကျရောက်သဖြင့် လူပေါင်း ၁၅ ယောက် သေဆုံးခဲ့သည်။ ထို လေဆင်နှာမောင်းသည် မီတာ ၈၀၀ အထိ ကျယ်ဝန်းပြီး Lone Grove မြို့အပေါ်သို့ ဆီးနှင်းလုံးကြီးများ ကျရောက်ခဲ့သည်။ ပြည်နယ်အတွင်း တခြား လေဆင်နှမောင်း နှစ်ခု ရောမွေ တိုက်ခိုက်နေသဖြင့် မြို့ကြီးများ မဲမှောင်နေသည်။
+++++
မြေငလျင် လှုပ်ခတ်

အင်ဒိုနီးရှားနိုင် ဆူလာဝိစီကျွန်း မြောက်ဖက်တွင် ၇.၅ ရစ်ကာစကေး ရှိသော မြေငလျင်တခု လှုပ်ခတ်သွားသည်။
+++++
တိဘက်များကို ရုံးတင် အပြစ်ဒဏ်ချမှတ်

လွန်ခဲ့သည့်နှစ် မေလ ၁၄ ရက်တွင် တိဘတ်မြို့တော် ဆာလာတွင် ဆန္ဒပြမှုဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး တိဘတ် လူမျိုး ၇၆ ယောက်ကို တရုတ် တရာရုံးမှ ယနေ့ အပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ အတိအကျ မသိရသော်လည်း အားလုံး ၂ နှစ်မှ ၁၅ နှစ်ကျော် အပြစ်ဒဏ် အသီးသီး ထောင်ချခံရသည်။ တိဘက်များ အုံကြွဆန္ဒပွဲတွင် တိဘတ်လူမျိုး ၁၀၀၀ သည် တရုတ်အကျဉ်းထောင်များတွင် ဖမ်းဆီးထားကြောင်းနှင့် တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် လူပေါင်း ၁၄၀ လောက် သေဆုံးခဲ့သည်ဟု တိဘက် အတိုက်ခံများက ပြောခဲ့သည်။ သို့သော် တရုတ်အစိုးရ၏ ကြေညာချက်အရ ဆန္ဒပြသူများ၊ ပြည်သူများနှင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်သားများ အပါအ၀င် အားလုံး ၈ ယောက်သာ သေဆုံးခဲ့သည် ဟု ဆိုသည်။
+++++
ဖေဖေါ်ဝါရီလ ၁၂ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

သန်းချီတန်သော Facebook Idea


Facebook ကို တီထွင်သူ Mark Zucker­berg က ဖေဖေါ်ဝါရီ ၂၀၀၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သည်။ Facebookသည် Mark Zucker­berg ၏ ကိုယ်ပိုင် ဖြစ်သည်။ သို့သော် အိုင်ဒီယာသည် သူ၏ အတွေးအခေါ်မဟုတ်ပါ။
သူ၏ အကိုများဖြစ်သော Tyler နှင့် Cameron Winklevoss တို့ထံမှ အွန်လိုင်း ဆုံစည်းရာ တခု ဖြစ်သော ConnectU မှ ဆော့ဝဲယား တခု ငှါးရမ်းပြီး Facebook အွန်လိုင်းဆုံစည်းရာတခုအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၎င်းသည် ခိုးယူခဲ့သည့် အိုင်ဒီယာ တခုဖြစ်သည်။ ထိုကြောင့် Facebook သည် မူပိုင်ခွင့်အတွက် အငြင်းပွားဖြစ်ပြီး ဒေါ်လာသန်း ၆၅ လျော်ကြေးပေးခဲ့ရသည်။ နောက်ဆက်တွဲသတင်းရ Facebook ကို လက်ကိုင်ဖုန်းတွင် အသုံးပြုနိုင်ရန်အတွက် နိုကီယာ တယ်လီဖုန်း ကုပ္မဏီနှင့် ဆွေးနွေးထားသည်ဟု သိရသည်။
( TV2.dk)
+++++

အီရတ်နိုင်ငံ မြောက်ပိုင်း မော်ဆို့မြို့တွင် ကားဗုံးကွဲမှုကြောင့် ပုလိပ်လေးဦး သေဆုံးခဲ့သည်။
+++++
တရုတ်ခေါင်းဆောင် အာဖရိကသို့ လည်ပတ်

တရုတ် သမတ ဟူဂျင်တောင်သည် အာဖရိက နိုင်ငံများသို့ နိုင်ငံတော် ခရီးဖြင့် လည်ပတ်မှုဖြင့် ယနေ့ မာလီနိုင်ငံသို့ ရောက်ရှိနေသည်။ သမတက သူတို့ အနေဖြင့် ဒေသအတွင်း ဖွံဖြိုးတိုးတက်ရေးအတွက် အတူအကွ လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံအား ဆုံရပ်တခု ထားရှိမည် ဖြစ်သည်။ သို့သော် တရုတ် အခြေခံ စားသုံးကုန်များသည် နိုင်ငံတကာမှ သတိပြု စောင့်ကြည့်နေရသည့် အနေထားဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သူသည် အာဖရိကနိုင်ငံများဖြစ်သော မာလီ ဆင်နီဂယ်၊ တန်ဇာနီးယား နှင့် မူရီထူရပ် နိုင်ငံများသို့ လည်ပတ်မည် ဖြစ်သည်။
+++++
ဖေဖေါ်ဝါရီလ ၁၃ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

Dash- 8 လေယာဉ် ထိုးကျ ပျက်စီး

ခရီးသည် ၄၈ ယောက် တင်ဆောင်လာသည့် Continental Airlines မှ လေယာဉ်အမှတ် Dash-8 Q400 သည် Newark,မြို့ နယူးဂျာစီပြည်နယ် မှ နိုင်ဂါရာ နိုင်ငံတကာ လေဆိပ် ဘတ်ဖလိုးမြို့ နယူးယောက်ပြည်နယ်သို့ ပျံသန်းနေစဉ် ဒေသစံတော်ချိန် ၂၂.၂၀ နာရီတွင် ရုတ်တရက် ထိုးကျ ပျက်စီးခဲ့သဖြင့် လူပေါင်း ၅၀ သေဆုံးခဲ့သည်။ မျက်မြင်တယောက်က “ လေယာဉ်ထိုးကျပြီးနောက် ပေါက်ကွဲသည့်အသံသည် အလွန်ကျယ်လောင်ခဲ့သည်။ ဒါဟာ ပုံမှန် မဟုတ်၊ ဗုံးပေါက်ကွဲ အသံနှင့် တူသည်”ဟု ပြောသည်။ ၎င်းလေယာဉ်ကို ကနေဒါ လေယာဉ်တည်ဆောက်သည် စက်ရုံမှ တည်ဆောက်ခဲ့ပြီး ခရီးသည် ထိုင်ခုံ ၇၂ လုံး၊ ၃၂.၈ မီတာ အလျား ရှည်၊ တနာရီ ၆၆၀ ကီလိုမီတာနှုန်း ပျံသန်းနိုင်သော လေယာဉ်ဖြစ်သည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-20420490/page-1.html
+++++
အယ်လ်ခိုင်ဒါ တိုက်ခိုက်မှုဟု ထင်ရသည့် ဗုံးကွဲမှု

အာဖရိက မြောက်ပိုင်း အယ်ဂျီးယား (Algeria )နိုင်ငံ အရှေ့ပိုင်းဒေသတွင် ဗုံးနှစ်လုံး တချိန်တွင်း ဗုံးပေါက်ကွဲသဖြင့် လူ ၇ ယောက် သေဆုံးခဲ့သည်။ ပထမဗုံးတလုံးသည် ကားမောင်းနေစဉ် ပေါက်ကွဲခဲ့သဖြင့် ၄ ယောက်ပါဝင်သော မိသားစုတစု သေဆုံးခဲ့ပြီး၊ တခြားဗုံးတလုံးသည် ပထမဗုံး ပေါက်ကွဲပြီး များမကြာမှီ ပေါက်ကွဲခဲ့သဖြင့် လူ သုံးယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရှိခဲ့သည်။
၂၀၀၈ ခုနှစ်က အယ်ဂျီးယားနိုင်ငံတွင် ဗုံးဖောက်ခွဲမှုများကြောင့် လူပေါင်း ၅၆ ယောက် သေဆုံး၊ ၆၉ ယောက် ဒဏ်ရာ ရရှိခဲ့သည်။
အယ်ဂျီးယားနီုင်ငံအတွင်းမှ ဥရောပနိုင်ငံများသို့ ရေနံပိုက်လိုင်း သွယ်တန်းထားသဖြင့် အယ်လ်ခိုင်ဒါများ၏ ပစ်မှတ်တခု ဖြစ်နေသည်။
+++++
အင်္ဂလန်နိုင်ငံ၏ အသက်ငယ်ဆုံး ဖခင်

အသက် ၁၃ နှစ်အရွယ် ၁.၂၂ မီတာ အရပ်၊ Alfie Patten သည် အင်္ဂလန်၏ အသက်ငယ်ဆုံး ကလေးတယောက် ဖခင်အဖြစ် မှတ်တမ်းဝင်သွားသည်။
Patten ၏ ဖခင်ဖြစ်သူက “ သူ၏ သားဖြစ်သူ အရွယ်မရောက်ခင် နောက်ထပ် မြေး တယောက် ထပ်မလိုချင်” ဟု ပြောသည်။
“ ကလေး နောက်ရေးအတွက် မည်သည့် စီးပွားရေး အလုပ်ကိုင်များ လုပ်မည်နည်း” ဟု မေးသောအခါ Patten က “ စီးပွားရေးဟာ ဘာလဲ” ဟု ပြန်ဖြေပြီး။ သူဖခင်သည် သူ့အား တခါတလေမှ ပေါင် ၁၀ ပေးသည်ဟု ဆိုသည်။
+++++
အစ္စရေး တိုက်လေယာဉ်မှ ဗုံးကျဲတိုက်ခိုက်

ယနေ့တွင် တောင်ပိုင်း ဂါဇာ၌ အစ္စရေးတိုက်လေယာဉ်က ဗုံးကျဲတိုက်ခိုက်သဖြင့် ပါလက်စ္စတိုင်း တယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာရရှိသည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုသည် ပါလက်စ္စတိုင်းတို့ဖက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည် ၃ လုံး၊ အစ္စရေးတောင်ပိုင်း Sderot မြို့၌ မနေ့က ကျရောက်ပေါက်ကွဲပြီးနောက် ပြန်လှည်တိုက်ခိုက်မှုတခု ဖြစ်သည်။
+++++
အီရတ်တွင် အသေခံ ဗုံးခွဲ

အီရတ်နိုင်ငံ မြို့တော် ဘက္ကဒက် တောင်ပိုင်းရှိ ရှီးရိုက်မူဆလင်တို့၏ ဘာသာရေးပွဲတော်တွင် အသေခံဗုံးခွဲသမားက ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး ၈၄ ယောက် သေဆုံးခဲ့သည်။ ထိုနေ့သည် ရှီးရိုက်မူဆလင်တို့၏ ပြင်္ကဒိန်အရ ထောင်ပေါင်းများစွာသောသူများ ပူဇော်ပွဲ ဆင်နွဲနေသည့် ဘာသာရေး နေ့ တနေ့ ဖြစ်သည်။
+++++
အမေရိကန် + မြောက်ကိုးရီးယား

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဟယ်လရီ ကလင်တန်က မြောက်ကိုးရီးယားနှင့် ပုံမှန်ဆက်ဆံမှု ရှိရန် အဆင်သင့် ရှိကြောင်း ပြောကြားလိုက်သည်။ ဒေသတွင်း ငြိမ်းချမ်းမှုအစီအစဉ်အရ မြောက်ကိုးရီးယားနှင့် ညူးကလီးယားအစီအစဉ်နှင့် ဆွေးနွေးရန် ဆန္ဒရှိပြီး နိုင်ငံစီးပွားရေးနှင့် စွမ်းအင်ကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ကူညီပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။
+++++
အရေးပေါ် ဆင်းသက်

ဗြိတိသျှ လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစီး မြေပြင်သို့ အရေးပေါ် ဆင်းသက်ရသဖြင့် ခရီးသည်များကို အရေးပေါ်ဋ္ဌာနမှ လျင်မြန်ရောက်ရှိလာပြီး ဝေးရာသို့ ရွေ့ပြောင်းနိုင်ခဲ့သည်။ မျက်မြင်တယောက်က “ လေယာဉ်တွင် ဆင်းသက်ရန်အသုံးပြုသော ဘီး များပြုတ်ထွက်နေပြီး မြေမြင်သို့ ဆင်းသက်ခဲ့ကြောင်း ” ပြောဆိုခဲ့သည်။ ၂ ယောက် ဒဏ်ရာ ရရှိခဲ့သည်။
+++++

ဖေဖေါ်ဝါရီလ ၁၄ ရက်
ရက်သတ္တပတ် ၇ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ပါကစ္စတန်နိုင်ငံအတွင်း အမေရိကန်တို့ ၃ကြိမ်မြောက် တိုက်ခိုက်

ပါကစ္စတန်မြောက်ပိုင်း ၀ါဇီရီစတန်နယ်အတွင်း ယနေ့ နံနက်တွေ အမေရိကန်တို့က လေကြောင်းတိုက်ခိုက်မှုဖြင့် ဒုံးကျည်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အယ်လ်ခိုင်ဒါအဖွဲ့ဝင် ၂၅ မနည်း သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုသည် သမတ အိုဘားမား အာဏာရရှိပြီး နောက်၊ ပါကစ္စတန်အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်သည်။
+++++

နိုင်ငံများတွင် ကျင်းပနေသော ဗာလင်တိုင်းနေ့ အမှတ်တရ ဓါတ်ပုံများ
http://galleri.tv2.dk/index.php/category-Nyhederne/id-20443274/page-1.html
+++++
ဆော်ဒီအာရေဗီးယားနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး ၀န်ကြီး

ဆော်ဒီ ဘုရင် Abdullah သည် အမျိုးသမီးတယောက်အား ၀န်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ ဆော်ဒီနိုင်ငံသည် ဘာသာရေးဖြင့် နှီးနွယ်ပြီး အုပ်ချုပ်သည့် နိုင်ငံဖြစ်သည့်လျှောက် အမျိုးသမီးများ လူ့အခွင့်အရေးများ ဆုံရှုံးနေသည့် နိုင်ငံထဲတွင်ပါဝင်သည်။ လစ်လပ်နေသည့် ၀န်ကြီးနေရာများဖြစ်သော ပညာရေးဝန်ကြီး၊ တရားရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးများ ခန့်အပ်ရာတွင် ထိုအမျိုးသမီးသည် ၀န်ကြီးများ နာမည်စာရင်းတွင် ပါရှိခဲ့သည်။ ဘုရင့်၏ ထုတ်ပြန်သည့် သတင်းမှသာဖြစ်ပြီး ယခုအထိ တာဝန်ကို တရားဝင် လက်ခံမရသေးပါ။ သို့သော် သူမသည် ပညာရေးဝန်ကြီးဋ္ဌာနတွင် ဥက္ကဋ္ဌ ( ညွန်ကြားရေးမှူး ) အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
+++++

အီဂျစ် ကားတိုက်မှု

အီဂျစ်နိုင်ငံ Nildelta ပြည်နယ် Sharqiyaမြို့တွင် နေ၀င်အချိန်၌ ခရီးသည်တင် ဘတ်စကား တစီးနှင့် ကုန်တင်ကားကြီးတစီး တိုက်မိသဖြင့် လူပေါင်း ၁၆ ယောက် သေဆုံးခဲ့သည်။ အီဂျစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးနှင့် အန္တာရယ်များဆုံး ပို့ဆောင်ဆက်သွယ်ရေးလမ်းများ ဖြစ်သည့် နိုင်ငံဖြစ်သည်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ ယာဉ်တိုက်မှုများကြောင့် နှစ်စဉ် လူပေါင်း ၆၀၀၀ ခန့်သေဆုံးရပြီး ၃၀.၀၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိနေသည်။
(politiken.dkမှ ကောက်နှုတ်ချက်)
+++++
ရှရှားတွင် ဒုတိယအကြိမ်မြောက် ဆန္ဒပြ

ရှာရှားနိုင်ငံ စိန်စ်ပီတာဘတ်မြို့တွင် လူပေါင်း ၅၀၀ ခန့်က စီးပွားရေး ဂယက် ရိုက်ခတ်မှုကြောင့် ယနေ့၌ အစိုးရအား ဆန္ဒပြခဲ့သည်ဟု သိရသည်။ မော်စကိုမြို့တွင်အတွင်းလည်း လူအများ ဆန္ဒပြခဲ့ကြောင်း သိရသည်။
(www.urban.dkမှ ကောက်နှုတ်ချက်)
+++++
အိန္ဒိယနိုင်ငံ ရထားတိမ်းမှောက်

အိန္ဒိယနိုင်ငံ အရှေ့ဖက် Orissa ပြည်နယ်တွင် ရထားတစီး ယနေ့က လမ်းချော်တိမ်းမှောက်သဖြင့် လူပေါင်း ၁၅ ယောက် သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိသည်ဟု သိရသည်။ အတွဲ ၁၂ တွဲပါသည့် ရထားတစီးသည် Calcutta နှင့် Chennai အတွင်း ပြေးဆွဲလျက်ရှိသော ခရီးစဉ် ရထားဖြစ်ပြီး Bhubaneswar မြို့နယ်နမိတ်အတွင်းရှိ Jajpur Road ဘူတာအနီးတွင် တိမ်းမှောက်ခဲ့သည်။
( avisen.dk မှ ကောက်နှုတ်ချက် )
+++++

( လခ်ညွန်းရန် ကျန်နေသည့်သတင်းများသည် TV2.dk မှ ကောက်နှုတ်ထားသည်)