Sunday, January 18, 2009

သတင်း မှတ်စု ( ၃ )

တပတ်အတွင်း သတင်း မှတ်စု

ဇန်န၀ါရီလ ၁၂ ရက်
တတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း

ဗိုလ်ချုပ် ခင်ညွန့် ဆောက်သည့် မင်္ဂလာဒုံအ၀င် မုခ်ဦး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြိုချ
NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

မင်္ဂလာဒုံလေဆိပ် အဝင်လမ်းမကြီးနှင့် ပြည်လမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် ရန်ကုန်မြို့၏ အကြီးဆုံးမုခ်ဦးကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖြိုချဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း လေဆိပ်လုံခြုံရေး တာဝန်ယူထားသည့် အမည်မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောသည်။

၎င်းက “ညွှန်ကြားချက်ကို ကျနော် တိုက်ရိုက်ရတာတော့ မဟုတ်ပါဘူး။ ကျနော့်အထက်အရာရှိတွေ ပြောပြတာက ဇန်နဝါရီလဆန်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရန်ကုန်ရောက်တယ်။ လေဆိပ်ကအထွက် အဲဒီမုခ်ဦးကို မြင်တော့ သူ့လုံခြုံရေး တပ်ဖွဲ့ကိုမေးတယ်။ ဒီမုခ်ဦးဟာ လုံခြုံရေးအရ ပြဿနာ ရှိနိုင်သလားပေါ့။ ဒါနဲ့ သူ့လုံခြုံရေးအဖွဲ့တွေက နောက်တနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြတယ်။ ဒါဟာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က တည်ဆောက်ထားတာ၊ ထုထည် အလွန်ကြီးတယ်။ ထု (၁ဝ) ပေနီးပါး ရှိပြီး ကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်ထားတယ်။ မုခ်ဦးပေါ်မှာ လူ (၃-၄) ယောက်လောက် ရိက္ခာအပြည့်အစုံနဲ့ဆို (၅) ရက်ကနေ တပတ်လောက်အထိ ခိုအောင်းပြီး လေဆိပ်က ထွက်လာတဲ့။ ဒါမှ မဟုတ် လေဆိပ်ကိုသွားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မယ်ဆို လုပ်လို့ရတယ်။ လုံခြုံရေးအရ အဲဒီလို အန္တရာယ် ရှိတယ်ဆိုပြီး တင်ပြတယ်။ တယောက်ကတော့ ဗိုလ်ချုပ်ခင်ညွန့် ဗေဒင်ယတြာ သဘောနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်ဆိုပြီး တင်ပြတယ်” ဟု ပြောသည်။

ယင်းသို့ တင်ပြသည့် နေရာတွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်ဆိုပြီး တန်းအမိန့်ပေးသည့်အတွက် ချက်ချင်း ယန္တရားကြီးများကို ခေါ်ပြီး တရက်ထဲဖြင့် အပြီးဖျက်ခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ မုခ်ဦးကြီးသည် လေဆိပ်အဝင်လမ်းနှင့် ဥက္ကလာလမ်းထိပ် မြို့တွင်းဘက် ပြည်လမ်းပေါ်၌ တည်ရှိသည်။ (၁ဝ) မိုင်ဈေးနှင့်လည်း နီးပြီး မြို့တွင်းဘက်အလာ ပြည်လမ်းပေါ်မှာ တည်ရှိသည်။ ပြည်လမ်းကို ခွပြီး တည်ဆောက်ထားသည့် အဆိုပါ မုခ်ဦးမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်း ရေးထိုးထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ပုဂံ ညောင်ဦး တောင်ကူးမြောက်ပြေး စီးပွားရေး သံသရာ
(သတင်းဆောင်းပါး)
NEJ / ၁၂ ဇန်န၀ါရီ ၂၀၀၉

ပုဂံရှိ မြန်မာ့ရိုးရာ ယွန်းလုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း ပုဂံသူ ပုဂံသားများ၏ ပြောပြချက်အရ သိရသည်။

ပုဂံ (မြို့ဟောင်း၊ မြို့သစ်) နှင့် မြင်းကပါအရပ်တို့တွင် ယွန်းလုပ်ငန်းကို တနိုင်တပိုင် စီးပွားရေးအဖြစ် အသက်မွေးဝမ်းပြုကြသည့် ရာခိုင်နှုန်းမှာ (၇၅) ရာခိုင်နှုန်းခန့် ရှိကြောင်း ပုဂံဒေသမြို့ခံများက ဆိုသည်။

“ပုဂံမှာ လူဦးရေ (၅,၀၀၀) လောက်ရှိတယ်။ မြင်းကပါအရပ်မှာ လူဦးရေ (၃,၀၀၀) နီးပါးလောက်ရှိမယ်။ အခု ယွန်းလုပ်ငန်းကတော့ တနိုင်တပိုင် လုပ်နေသူတွေအတွက် အခက်အခဲ ရှိပါတယ်။ လုံးဝကို လုပ်ငန်းရပ်ဆိုင်းပြီး လုပ်ငန်းပါ ပြုတ်သွားကြတယ်” ဟု ပြီးခဲ့သည့် အနှစ် (၂၀) ၀န်းကျင်ကတည်းက ယွန်းလုပ်ငန်းဖြင့် အသက်မွေးသည့် လုပ်ငန်းတခု၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်း (စက်တင်ဘာအရေးအခင်း) ပြီးသည့်နောက် မြန်မာနိုင်ငံသို့ ခရီးသွားများ လာရောက်မှု လျော့ကျသွားသော်လည်း ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကုန်ထိ ကာလကဲ့သို့ ဆိုးဆိုးရွားရွား ခရီးသွား ကျဆင်းမှုမဖြစ်ပေါ်ခဲ့ကြောင်း အီတလီဧည့်လမ်းညွှန်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ရန်ကုန် ဒီပီအေ သတင်းထောက်အား အရေးယူရန် အတိုက်အခံများ ဒီပီအေသတင်းဌာနကို ဖိအားပေးပြီ
NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

ဦးဝင်းတင်နှင့် အန်အယ်လ်ဒီအား သိက္ခာကျစေရန် ရေးသားခဲ့သည့် ဒီပီအေ ရန်ကုန်သတင်းထောက်အား အရေးယူပေးရန် ဘန်ကောက် ဒီပီအေသတင်းဌာနကို ဖိအားပေးရေး အတိုက်အခံများက နိုင်ငံတကာ ကမ်ပိန်းအနေဖြင့် စည်းရုံးနေကြောင်း ဒေါက်တာ လွဏ်းဆွေဘလော့ဆိုက်တွင် ဖော်ပြထားသည်။

၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက်နေ့ထုတ် ရန်ကုန် ဒီပီအေသတင်းထောက်၏ သတင်းတွင် အန်အယ်လ်ဒီနှင့် ဆရာ ဦးဝင်းတင် သိက္ခာကျစေမည့် မမှန်မကန် အချက်အလက်များဖြင့် သတင်းရေးသားခဲ့ကြောင်း ရန်ကုန်ရှိ နိုင်ငံ ခြားသတင်းထောက်များအသင်းသို့ ဦးဝင်းတင်ပေးပို့ခဲ့သည့် ကန့်ကွက်စာ အင်္ဂလိပ်ဘာသာပြန်ကိုပါ အဆိုပါ ဘလော့ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ အင်္ဂလိပ်ဘာသာပြန် ဦးဝင်းတင်၏စာကို ဦးဝင်းတင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန် အန်အယ်လ်ဒီနှင့် နီးစပ်သည့် သတင်းရပ်ကွက်က အတည်ပြု ပြောကြားသည်။ ထို့ပြင် အဆိုပါစာဖြင့် ဒီပီအေ သတင်းဌာနကို ၎င်း၏ ရန်ကုန်သတင်းထောက်အား အရေးယူရန် အတိုက်အခံများက ဆောင်ရွက်ပေးစေ လိုကြောင်း ဦးဝင်းတင်၏ မိတ်ဆွေများကလည်း ပြောသည်။

ဂျာမနီအခြေစိုက် ဒီပီအေသတင်းဌာနကို အသုံးချပြီး အန်အယ်လ်ဒီကို စနစ်တကျ ပြိုကွဲအောင် ကြံစည်ရေးသား နေသည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား ဒီပီအေမှ ဖြုတ်ပြီး နအဖနှင့် မပတ်သက်သည့် သတင်းထောက်အသစ် ခန့်ရေးကိစ္စအတွက် ဒီပီအေသတင်းဌာနအား ၀ိုင်းဝန်းကန့်ကွက် ဖိအားပေးရန်လည်း အဆိုပါ ဘလော့ဆိုက် (http://www.drlunswe.blogspot.com/) တွင် တိုက်တွန်းထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

မြိုင် ရေနံမှော်တွင် အခြေနေများတင်းမာနေဆဲ ပွဲစား (၁၀) ဦးခန့် အဖမ်းခံထားရ

မင်းနိုင်သူ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ နှောပင်ရေနံမြေတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး အခြေအနေများ တင်းမာနေဆဲဖြစ်ကာ အာဏာပိုင်များက ရေနံစိမ်းပွဲစား (၁၀) ဦးခန့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း တွင်းပိုင်တဦးက ပြောသည်။

“သူတို့တွက်တာက ပွဲစားကြောင့် ဒီလိုဖြစ်တယ်ပေါ့ဗျာ။ ကုမ္ပဏီပေးတဲ့ ဈေးထက် ပွဲစားကဈေးပိုပေးတော့ ဒီလိုမကျေနပ်မှုတွေ ဖြစ်တာဟာ ပွဲစားကြောင့်ဖြစ်တယ်ဆိုပြီး သူတို့က ယူဆတာပေါ့။ အခုတော့ ပွဲစားတွေကို လိုက်ဖမ်းနေတယ်။ အဖမ်းမခံရသေးတဲ့ သူတွေလည်း တိမ်းရှောင်နေကြရတယ်။ ဖြစ်ပြီးတဲ့နေ့က (၇) ယောက်လောက်ဖမ်းတယ်။ ကိုချစ်ကိုနဲ့ ကိုခင်ရွှေတို့ကတော့ တိမ်းရှောင်ဖို့သွားရင်း မကွေးမှာ အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက လက်ရှိအခြေအနေကို ပြောဆိုသည်။

စစ်အစိုးရနှင့် နီးစပ်သော ကောင်းဇော်ဟိန်းကုမ္ပဏီ၏ ဈေးနှိမ်ဝယ်ယူမှုကြောင့် မှော်လုပ်သားများနှင့် တွင်းပိုင်များ မကျေမနပ်ဖြစ်လာကာ (၈) ရက်နေ့တွင် ကုမ္ပဏီဖျက်သိမ်းရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဒေသခံမျက်မြင်များက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ကရင်သူပုန်များ တိုက်ခိုက်ခံနေရ

ဒယ်နီယယ်ပီဒါဆင်
တနင်္လာနေ့၊ ဇန်နဝါရီလ

မဲဆောက် (မဇ္ဈိမ)။ ။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကို အဆုံးသတ်ရန်နှင့် အတိုက်အခံ အင်အားစုများကို ရှာဖွေဖော်ထုတ်ရန် မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံ အနောက်မြောက်နယ်စပ် အပိုင်းအစများတွင် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ်နေသဖြင့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများသည် နောက်ထပ်အ လွန်ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ ၆ သည် နယ်စပ်မဲဆောက်မြို့၏ တောင်ဘက် ထိုင်းနိုင်ငံ၏ တောတောင်ထူထပ်သော အုံးဖန် ဒေသတွင် လောလောဆယ် ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင် တိုက်ခိုက်နေရပါသည်။

ဤအခြေခံစခန်းသည် တချိန်က နေရောင်ခြည်စွမ်းအင်သုံး မီးများ၊ ဆေးခန်း၊ သောက်ရေသန့်၊ ငါးကန်တို့ဖြင့် နှိုင်းယှဉ်ချက်အရ စည်ကားစွာရှိခဲ့သည့် နေရာတခုဖြစ်ပြီး၊ ယခုအခါ မြန်မာစစ်သားများ၏ တိုက်ခိုက်မှုကြောင့် မြေပြင်တွင် ပြားပြားဝပ် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

အစိုးရစစ်တပ်များသည် ကေအန်အယ်လ်အေ တပ်ဖွဲ့များအပေါ်တွင်သာ “မြေလှန်စနစ်” ကျင့်သုံးနေခြင်းမဟုတ်၊ ကရင်အရပ်သားများ အပေါ်တွင်လည်း အလားတူမူဝါဒ ကျင့်သုံးနေသည်ဟု ကေအန်ယူ၏ ဒုတိယဥက္ကဌ ဒေးဗစ်သာကပေါ က ထိုင်း မြန်မာနယ်စပ် လျှို့ဝှက်နေရာတနေရာမှ ပြောကြားသွားခဲ့ပါသည်။

ကေအန်အယ်လ်အေသည် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် အဆက်မပြတ် တိုက်ပွဲဝင်နေသည့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကို ဆင်နွှဲနေပါသည်။
( မဇ္ဈီမ သတင်းမှ ကောက်နှုတ်ချက် )
*****
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ရခိုင်ပြည်နယ်ရောက် စစ်တွေမြို့မှ မော်တော်ယာဉ်များ ချောဆွဲခံရ
မင်းနိုင်သူ / ၁၂ ဇန်န၀ါရီ ၂၀၀၉

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပြဿနာဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရောက်ရှိလာကြောင်းနှင့် ၎င်းရောက်ရှိစဉ်အတွင်း ပုဂ္ဂလိက မော်တော်ယာဉ်များ ချောဆွဲခံကြရကြောင်း ဒေသခံတဦးက ပြောသည်။

“သူက (၉) ရက်နေ့မှ ရောက်လာတာပါ။ ကားတွေကိုတော့ (၅) ရက်နေ့ကတည်းက ချောဆွဲထားတာ (၁၁) ရက်နေ့အထိပဲ။ အခကြေးငွေ တပြားတချပ်မှမပေးတဲ့အပြင် ဆီလည်းမပေးဘူး။ ကားသမားတွေကိုလည်း ကြံ့ဖွံ့ ၀တ်စုံတွေ မ၀တ်မနေရ ၀တ်ခိုင်းသေးတာ” ဟု အထက်ပါဒေသခံက ဆက်လက်ပြောဆိုသည်။

စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်မြို့များတွင် ဌာနဆိုင်ရာကား လုံလောက်မှုမရှိသဖြင့် စစ်တွေမြို့ပေါ်မှ လိုင်းကားအားလုံးကို ချောဆွဲကာ လူကြီးခရီးစဉ်လမ်းတလျှောက်ရှိ ခရိုင်မြို့များတွင် လိုအပ်သလို အသုံးပြုနိုင်ရန် စောင့်ဆိုင်းခိုင်းခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

မြန်မာနိုင်ငံမှာ အပြောင်းအလဲ မြင်ချင်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ပြော

NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်သည်ကို မြင်လိုသည့် ဆန္ဒရှိသော်လည်း မြန်မာနှင့်ဆက်ဆံရာတွင် အနောက်နိုင်ငံများနှင့် မတူသည့် နည်းလမ်းကို သုံးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝက ပြောသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ တည်ရှိနေတဲ့ ဒေသတွင်းနိုင်ငံတွေ ဘာမှ မခြားနားပါဘူး။ ကျနော်တို့အားလုံး မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုခုဖြစ်တာ မြင်ချင်ကြတာပါပဲ” ဟု ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များကို ပြောသည်။

သို့သော် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလာအောင် မည်သည့် နည်းလမ်းမျိုး သုံးမည်၊ မည်သို့ ဖိအားပေးမည်ဆိုသည်ကိုမူ ထိုင်းဝန်ကြီးချုပ်က ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပေ။ မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် ဘန်ကောက်တွင် တွေ့ဆုံပြီးနောက် အာဘီဆစ်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူသည် ထိုင်း ဒီမိုကရက်ပါတီ အာဏာရလာပြီးနောက် ၀န်ကြီးချုပ် အာဘီဆစ်အား လာရောက်တွေ့ဆုံသည့် မြန်မာစစ်အစိုးရထဲမှ ပထမဆုံးပုဂ္ဂိုလ် ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

တရားဆိုင် အမတ်နှစ်ဦးကို ရှေ့နေများနှင့် တွေ့ဆုံခွင့် ပိတ်ပင်


သန်းထိုက်ဦး
တနင်္လာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလကို စာရေးတောင်းဆိုမှုကြောင့် ဖမ်းဆီးခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ် နှစ်ဦး၏ အင်းစိန်ထောင်အတွင်း ယနေ့ အထူး တရားရုံးထုတ်ရာသို့ အမှုသည်များ၏ ရှေ့နေနှစ်ဦးအား ထောင်အာဏာပိုင်များက ၀င်ခွင့်မပေးဘဲ တားမြစ်လိုက်သည်။

အန်အယ်ဒီ အမတ်များဖြစ်သည့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဦးညီပုနှင့် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ ဒေါက်တာတင်မင်းထွဋ်တို့၏ ရှေ့နေများဖြစ်သည့် ဦးကျော်ဟိုးနှင့် ဦးမောင်မောင်လတ်အား တရားရုံးတွင် ကြားနာခွင့်မပြုဘဲ တားမြစ်လိုက်ခြင်း ဖြစ်သည်။

"ဒု-ထောင်မှူးက ဘာပြောလဲဆိုတော့ ထောင်ပိုင်ကြီးက ညွှန်ကြားချက် ပေးထားတယ်ပေါ့။ ကျနော်နဲ့ ဦးမောင်မောင်လတ် လာလို့ရှိရင် ထောင်ဝင်ထဲကို ၀င်ခွင့်မပေးပါနဲ့တဲ့။ ကျနော်ကလည်း အဲဒါကို ဘာဖြစ်တာလဲ မေးတော့၊ သူတို့ သတင်းတပ်ဖွဲ့က တာဝန်ရှိသူကနေပြီးတော့ တားမြစ်ခိုင်းတယ်လို့ ပြောတယ်လေ။ အဲဒါနဲ့ ကျနော်တို့လည်း ၀င်လို့ မရဘူး။ ပြန်လာခဲ့ရတာပေါ့" ဟု ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

အမတ်နှစ်ဦးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု၊ အမျိုးသား ညီလာခံအား ဆန့်ကျင်ခြင်းနှင့် အီလက်ထရောနစ် အက်ဥပဒေများဖြင့် တရားစွဲထားသည်။

သူတို့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စစ်အစိုးရအနေဖြင့် လမ်းပြမြေပုံကို စွန့်လွှတ်၍ တွေ့ဆုံဆွေးနွေးမှုပြုရန် ကုလသမဂ္ဂလုံခြုံရေးကေင်စီက ဖိအားပေး အရေးယူ ဆောင်ရွက်မှုပြုရန် အိတ်ဖွင့်ပေးစာပေးပို့သူ အမတ် ၅ ဦးတွင် ပါဝင်ခဲ့သည်။

၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အရပ်ဝတ်နှင့် ရဲ အထူးသတင်းတပ်ဖွဲ့ (SB) ဟု ယူဆရသူ ၈ ဦးက မေးစရာရှိသည်ဟုဆိုကာ အန်အယ်ဒီ အမတ်နှစ်ဦးကို နေအိမ်များမှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****

၂ဝဝ၉နှစ်ဆန်းပိုင်း၌ သုံးဘာသာပြက္ခဒိန်များ အရောင်းသွက်


၂ဝဝ၉ခုနှစ်အတွက် ထုတ်ဝေသော ပြက္ခဒိန်များအနက် မြန်မာ ပြက္ခဒိန်များနှင့် အိတ်ဆောင် ပြက္ခဒိန်များမှာ ရောင်းအားကောင်း လျက်ရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်၌ ရောင်းချနေသော ပြက္ခဒိန်များအနက် ဈေးနှုန်းအမျိုးအစားကိုလိုက်၍ ၁ဝဝကျပ်မှ ၄ဝဝဝ ကျပ်အထိရှိပြီး ရိုးရိုး ပြက္ခဒိန် အချော ၅ဝဝကျပ်တန်နှင့် ၁ဝဝကျပ်တန် အိတ်ဆောင်ပြက္ခဒိန်တို့မှာ အရောင်း အဝယ်သွက်နေကြောင်း ပြက္ခဒိန် ရောင်းချသူ တစ်ဦးက ပြောကြားသည်။
ထို့အပြင် ဘာသာသုံးမျိုးဖြင့် ထုတ်ဝေသော သုံးဘာသာပြက္ခဒိန်များကို နိုင်ငံခြားသား ဧည့်သည်များ ကြိုက်နှစ်သက်၍ အဝယ်လိုက်ကာ (မြန်မာ၊အင်္ဂလိပ်၊ တရုတ်) သုံးဘာ သာပြက္ခဒိန်ကိုမူ တစ်စောင်လျှင် မြန်မာငွေကျပ် ၆ဝဝ ဖြင့် ရောင်းချလျက်ရှိပြီး ပြည်တွင်းရှိ တရုတ် အနွယ်ဖွား မြန်မာတိုင်းရင်းသားများ အများဆုံး ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်ဈေးရှိ ပြက္ခဒိန် ရောင်းချသူတစ်ဦးက ''ပြက္ခဒိန်ရာသီက နှစ်စဉ် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေ မှာ ဖြစ်တဲ့အတွက် ရောင်းအား အကောင်းဆုံး ရာသီတွေ ဖြစ်ပါတယ်။ ဒီနှစ်မှာ အရင်နှစ်ထက် ပိုရောင်း ရပါတယ်။ ပြက္ခဒိန်တွေထဲမှာ မင်းသား၊ မင်းသမီးပုံပါတဲ့ အလှပြက္ခဒိန်တွေကို နယ်လူထုက ပိုကြိုက်ပြီး ရှုခင်းပုံ၊ သစ်သီးပုံ၊ သဘာဝပတ်ဝန်းကျင်ပုံပါ ပြက္ခဒိန်တွေကို စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ရုံးခန်းမှာ အလှ ချိတ်ဆွဲဖို့အတွက် ဝယ်တာလည်းရှိပါတယ်'' ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံ၌ ဈေးကွက်စီးပွားရေး စနစ်စတင်ပြီး နောက်ပိုင်း စီးပွားရေး ကြော်ငြာလုပ်ငန်းရှင်များ ကပါ ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို လူအများ သိရှိနိုင်စေရေးနှင့် ဈေးကွက်အတွင်း ထုတ်ကုန်များအား ထိုးဖောက်နိုင်ရန်အတွက် ကုမ္ပဏီ ပြက္ခဒိန်များ၊ ကြော်ငြာ ပြက္ခဒိန်များပါ ထုတ်ဝေလျက်ရှိပြီး ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။
( ပေါ်ပြူလာ ဂျာနယ် )
*****
ဘီယာအခွန်တံဆိပ်များကို ကိုယ်တိုင်ကိုယ်ကျ ကပ်နှိပ်လျက်ရှိ

မြန်မာနိုင်ငံရှိ ပြည်တွင်း၌ ထုတ်လုပ်သော အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက် အမျိုးမျိုးနှင့် ပြည်ပမှ တင်သွင်းသော အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက်၊ ရေသန့် အမျိုးမျိုးတို့တွင် အခွန်တံဆိပ်ကပ်နှိပ်ထားခြင်း ရှိ/ မရှိကို ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရန်ကုန်တိုင်း ဦးစီးဌာနမှူး ရုံးမှ ၁၄-၁၂-၂ဝဝ၈ ရက်နေ့တွင် တရားဝင်သတင်းကြေငြာချက် ထုတ်ပြန်ထားပေရာ အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မှု တစ်ခုအဖြစ် မြန်မာနိုင်ငံရှိ နာမည်ကြီးဘီယာ ကုမ္ပဏီဖြစ်သော မြန်မာဘီယာ၊ Tiger Beer ၊ ABC Stout ၊ Baron's Strong Brew တို့ကို ထုတ်လုပ် ရောင်းချလျက် ရှိသည့် Myanmar Brewery Ltd.သည် ၄င်းတို့ထံမှ ထုတ်လုပ်ထားသည့် ပုလင်း၊ သံဘူး၊ စည်ဘီယာတို့အား နိုင်ငံတော်မှ ချမှတ်ထားသော စည်းကမ်း၊ ဥပဒေတို့ကို ပြည့်ဝစွာ လိုက်နာသည့်အနေဖြင့် ၂၄-၁၂-၂ဝဝ၈ ရက်နေ့မှစတင်၍ စက်ရုံမှ ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်း များတွင်သာမက ယုဇနပလာဇာ၊ သံဈေး၊ ၁၉ လမ်း၊ ညောင်ပင်လေး ဈေးတို့ရှိ လက်ကား ဘီယာအရောင်း ဆိုင်များအပြင်၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဘီယာအရောင်း ဆိုင်များသို့လည်း Myanmar Brewery Ltd. မှ ဝန်ထမ်းပေါင်း ၄ဝဝ ကျော်တို့ဖြင့် အခွန်တံဆိပ်များကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ကပ်နှိပ်လျက်ရှိကြောင်း သိရှိရသည်။
အချို့ ကုန်ပစ္စည်း ထုတ်လုပ်သူများ အနေဖြင့်လည်း အရောင်းဆိုင်များသို့ လိုအပ်သော အခွန်တံဆိပ် အရေအတွက်များကို ပေး၍ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်းလည်း သိရှိ ရပါသည်။
( ပေါ်ပြူလာ ဂျာနယ် )
*****
ဘေလီ တံတားအသစ်တစ်စင်းအား မြို့တော်စည်ပင်တည်ဆောက်မည်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့အား ဆက်သွယ်မည့် ငမိုးရိပ်ချောင်းဖြတ် ဘေလီ တံတားသစ်တစ်စင်းအား ယခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ယခု အသစ်တည်ဆောက်မည့် ဘေလီ တံတားအသစ်အား ယခင် တံတားအဟောင်းနှင့် ကပ်လျက်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အကျယ် ၂၄ ပေရှိ၍ နှစ်လမ်းသွား မော်တော်ယာဉ်လမ်းပါရှိမည်ဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဇန်နဝါရီလ ၇ ရက်နေ့ မြို့တော်ခန်းမ၌ ပြောကြားသည်။ အဆိုပါ တံတားအသစ် တည်ဆောက်ရေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်သည်။ အဆိုပါ တံတားကို ပြင်ညောင် ဘိလပ်မြေစက်ရုံ စီမံကိန်းပြီးစီးမှ စတင် ဆောက်လုပ်သွားမည် ဖြစ်ပြီး လာမည့်မေလအတွင်း ပြီးစီးဖွယ်ရှိကြောင်း မြို့တော်ဝန်မှ ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ ပြင်ညောင် ဘိလပ်မြေစက်ရုံမှ တစ်နေ့လျှင် ဘိလပ်မြေအိတ်ပေါင်း တစ်သောင်းကျော် (တန် ၅ဝဝ) ထွက်ရှိနိုင်မည်ဟု သိရသည်။
( ပေါ်ပြူလာ ဂျာနယ် )
*****
ပုဂံဘုရားများတွင် နိုင်ငံခြား အသုံးအဆောင်ပစ္စည်းများကို ပုံမှားရိုက်ပြီး ဆိုင်တင်ရောင်းချလာ

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တို့ လာရောက်လေ့လာမှုများပြားသော ပုဂံဘုရားများတွင် ယင်းတို့၏ အသုံးအဆောင် ပစ္စည်းများကို မြန်မာ့လက်မှုပစ္စည်းများဖြင့် လဲလှယ်ကာ ပြည်တွင်း ဘုရားဖူးများအား ပြန်လည် ရောင်းချ လျက်ရှိသည်။
ယင်းသို့ ရောင်းချသော ပစ္စည်းအများစုမှာ ပြည်ပထုတ် နေကာမျက်မှန်၊ ဒစ်ဂျစ်တယ်ကင်မရာ၊ ရေမွှေး၊ မိတ်ကပ်၊ ဖိနပ်၊ ပိုက်ဆံအိတ်များ ဖြစ်သည်။ ယခင်က ပြည်ပနိုင်ငံ အသုံးအဆောင်ပစ္စည်းများကို ပုဂံမြို့ဘုရားများ၌ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်သောကြောင့် ပြည်တွင်းဘုရားဖူးတို့က တခုတ်တရ ဝယ်ကြသော်လည်း ယခုနောက်ပိုင်း ရန်ကုန်မြို့မှ တရုတ်နိုင်ငံလုပ်ပစ္စည်း ဆန်းများ၊ နေကာမျက်မှန် ဒီဇိုင်းဆန်းများ၊ အတုပြုလုပ်ထားသော ရေမွှေးများ အား ပုံမှားရိုက် ဆိုင်တင် ရောင်းချလာကြသဖြင့် ဝယ်သူ နည်းပါးသွားကြောင်း သိရသည်။
( ပေါ်ပြူလာ ဂျာနယ် )
*****
မုန်တိုင်း အကူအညီ ဖြန့်ဖြူးရေးအတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ်သည် နာဂစ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ ပစ္စည်းများနှင့် ပတ်သက်ပြီး မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် ၁၁၊ ၁၊ ၀၉ တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးကျော်သူသည် မြန်မာ အာစီယံနှင့် ကုလ ပါဝင်သော သုံးပွင့်ဆိုင် လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ် )

*****
မြန်မာ့အာမခံက ၂ဝဝ၈ တစ်နှစ်တည်း ကျပ်သန်းပေါင်းခြောက် ထောင်ကျော် လျော်ကြေးပေးခဲ့ရ

ပြီးခဲ့သည် ၂ဝဝ၈ ခုနှစ်သည် မြန်မာ့အာမခံလုပ်ငန်း သက်တမ်း တစ်လျောက် လျော်ကြေး အများဆုံး ပေးအပ်ခဲ့ရသောနှစ် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသားတို့ အာမခံအသိ၊ သတိရှိကာ ပိုမို စိတ်ဝင်စားမှု အများဆုံး နှစ် ၁နှစ်လည်း ဖြစ်ခဲ့ကြောင်း ၂ဝဝ၈ ခုနှစ် တစ်နှစ်တာ အခြေအနေ ပေါ်မူတည်၍ မြန်မာ့အာမခံလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက သုံးသပ် ပြောကြားသည်။
''အာမခံ သက်တမ်း ၅၇ နှစ်ရှိပြီ။ ၂ဝဝ၈ ကိုဖယ်ပြီးပြီးခဲ့တဲ့ ၅၆ နှစ် လုံးလုံးလျော်ခဲ့တဲ့ လျော်ကြေးငွေ စုစုပေါင်းထက် အဆပေါင်းများစွာကို ၂ဝဝ၈ ခုနှစ် တစ်နှစ်တည်းနဲ့ လျော်လိုက်ရတယ်။ နာဂစ်ကြောင့် အများဆုံးလျော်ရတာ။ တစ်နှစ်တည်း ကျပ်သန်းပေါင်း ခြောက်ထောင်ကျော် လျော်ခဲ့ရတယ်။ ဒါပေမဲ့ ဒီလျော်ကြေးတွေက အာမခံရန်ပုံငွေရဲ့ လေးပုံတစ်ပုံသာ ထိခိုက်ခဲ့တယ်။ ဒါကြောင့်လည်း ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုနဲ့ ယုံကြည်မှုကို အများဆုံးရခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်'' ဟုပြောပြသည်။
ယခု ၂ဝဝ၉ ခုနှစ်အတွင်း အာမခံလုပ်ငန်း အခြေအနေ တိုးတက်လာနိုင်ကြောင်း၊ ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် တစ်နှစ်အတွင်းမှာလည်း ယခင်နှစ်များထက် ၁ဝ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ သဘာဝ ဘေးအန္တရာယ် အာမခံထားရှိမှုအများဆုံး ဖြစ်လာနိုင်ကြောင်း ထပ်မံသိရသည်။
ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် မုန်တိုင်းအပြင် အမေရိကန် စီးပွားရေး အကျပ်အတည်းဂယက်များ မြန်မာ့ စီးပွားရေးသမားများအကြား ရိုက်ခတ်ခဲ့သဖြင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အာမခံအချို့မှာမူ ထင်သလောက် တက်လာနိုင်ဖွယ် မရှိသော်လည်း အခြားအာမခံများမှာ ယခင်ကထက် သိသာစွာ တက်လာနိုင်ကြောင်း သိရသည်။
( ပေါ်ပြူလာ ဂျာနယ် )
*****
ယခုနှစ် သက်ြန်စာကို စစ်အစိုးရ အာဘော်ဖြစ်သော ယဉ်ကျေးမှု ၀န်ကြီးဌာန၏ ညွန်ကြားချက်အတိုင်း စီစဉ် ထုတ်ဝေမည်။ ( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
*****
၂၀၀၈ ခုနှစ်၌ မြန်မာနိုင်ငံအတွင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၇ ခုနှစ်ထက်နှစ်ဆ နီးပါးတိုးတက်
Written by အငယ်ထွေး

၂၀၀၈ခုနှစ်၌ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၇ခုနှစ်ထက် နှစ်ဆ နီးပါး တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြင့် ဦးဆောင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် ထုတ်ပြန် ကြေညာချက်အရ သိရသည်။

ယင်းပမာဏသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလ ကိုးလတာအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုရရှိခဲ့မှုနှင့် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလ ကိုးလ တာအတွင်း မြန်မာနိုင်ငံ၏နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရရှိခဲ့မှုကို နှိုင်းယှဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ပထမကိုးလတာအတွင်း ရရှိခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၉၇၄ ဒသမ၉၉ သန်းဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် အလားတူကာလ အတွင်းရရှိ ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၀၅ ဒသမ ၀၂ သန်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံရာတွင် သတ္တုတူး ဖော်ရေးလုပ်ငန်း၌ အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ပမာဏအားဖြင့် အမေရိကန် ဒေါ်လာ ၈၅၅ ဒသမ ၉၆၆ သန်းရှိကြောင်းနှင့် ယင်းကို တရုတ်နိုင်ငံက ၂၀၀၈ ခုနှစ် ဇူလိုင် လတွင် ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများမှာ ငါးလုပ်ငန်းကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၊ ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍနှင့် လျပ်စစ်ကဏ္ဍတို့ ဖြစ်ကြပြီး ပြီးခဲ့သည့် နှစ်အနည်း ငယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေး ကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍ တို့တွင် ရင်းနှီးမြှုပ်နှံမှုမရှိ သလောက်နည်းပါး ကြောင်း သိရသည်။
( Biweekly Eleven ဂျာနယ် )
*****
မြန်မာအရေးထောက်ခံအားပေးတဲ့ စင်္ကာပူလူမျိုး နှစ်ဦး မြန်မာအရေးကို ထောက်ခံအားပေး မိနစ် ၃၀ ခန့်၊ ဆန္ဒပြအပြီး ရဲများက ဖမ်းဆီးသွားသည်။ ( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ် )
*****
ဇန်န၀ါရီလ ၁၃ ရက်
တတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း

ရန်ကုန် ဒီပီအေသတင်းထောက်အမှု စတင်စစ်နေပြီဟု ဂျာမနီ ဒီပီအေဌာနချုပ်မှ အကြောင်းပြန်
NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီနှင့် ဦးဝင်းတင်အား သိက္ခာကျစေမည့် သတင်းရေးသားခဲ့သည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူပေးရန် နိုင်ငံတကာအတိုက်အခံများက ဒီပီအေသတင်းဌာနအား ဖိအားပေးခဲ့ပြီး မကြာခင် ထိုအမှု စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဒီပီအေဦးဆောင်အယ်ဒီတာချုပ်က မြန်မာအတိုက်အခံများအား အကြောင်းပြန်ထားသည်ဟု စုံစမ်းသိရသည်။

ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည့် ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာပြန် စာကိုလည်း လက်ခံရရှိကြောင်း၊ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် ဒီပီအေသတင်းဌာနရုံးချုပ်မှ ဒီပီအေ ဦးဆောင်အယ်ဒီတာချုပ် Eva-Maria McCormack က အတည်ပြု အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဦးဝင်းတင်၏ တိုင်ကြားစာပါ ဒီပီအေသတင်းနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်နေကြောင်း၊ ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) ရေးသားခဲ့သည့် သတင်းပါ ပုဂ္ဂိုလ်အားလုံးကို မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်းနှင့် မမှန်မကန် သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဖောက်ခွဲရေးမှုဖြင့် ဖမ်းဆီး

ရန်ကုန်တိုင်း ဒလမြို့နယ် အမျိုးသာား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်း အဖွဲ့ဝင်များဖြစ်သော ကိုထက်စိုးလင်းနှင့် ကိုထက်ပိုင်လင်းတို့ ညီအစ်ကို နှစ်ဦးကို ဇန်န၀ါရီ ၁၂ ရက်၊ တနင်္လာနေ မနက် ၂ နာရီခန့်တွင် စစ်အစိုးရ အာဏာပိုင်များက သူတို့၏ နေအိမ်တွင် ၀င်ရောက် ဖမ်းဆီးသွားသည်။
( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ် )
*****

Wi-Fi အင်တာနက်စနစ် ရောင်းချခြင်းမပြုရန် တားမြစ်

NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

ဇန်နဝါရီ လဆန်းမှာ စတင် မိတ်ဆက်ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက်စနစ်ကို ရောင်းချခြင်း မပြုပဲ ဆိုင်းငံ့ထားရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ကြားထားကြောင်း Ezy Trading Co., Ltd မှ အမည်မဖော်လိုသူ ဈေးကွက်မန်နေဂျာတဦးက ပြောသည်။

၎င်းက “ရန်ကုန်တိုင်း မြို့လယ် (၈) မြို့နယ်မှာ အသုံးပြုခွင့်တွေ ရောင်းချဖို့ နဂိုက ကျနော်တို့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းထားပြီးသား၊ ခု ဘာအကြောင်းပြချက်မှ မပေးဘဲ ဆိုင်းငံ့ထားပါဆိုပြီး ပြောတယ်” ဟု ပြောသည်။

၎င်းတို့ကုမ္ပဏီက ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက် စနစ်သည် မိမိနေအိမ်၌ Wi-Fi စနစ်ပါသည့် ဒက်စ်တော့ သို့မဟုတ် လက်ဖ်တော့ ကွန်ပျူတာ ရှိရုံဖြင့် အသုံးပြုနိုင်မည့် စနစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်ကို ပုံစံနှစ်မျိုး ရောင်းချမည်ဖြစ်ပြီး တမျိုးက ကွန်ဒို သို့မဟုတ် ကန်ထရိုက်တိုက်ခန်းများ အတွက်ဖြစ်ကာ နောက်တမျိုးမှာမူ တဦးချင်း Public Network အတွက် ဖြစ်သည်။ အသုံးပြုခ အနေဖြင့် ကွန်ဒို သို့မဟုတ် ကန်ထရိုက် တိုက်ခန်းတခုလုံးအတွက် လစဉ်ကြေး တလ အက်ဖ်အီးစီ (၅ဝ) ကျသင့်မည်ဖြစ်ပြီး သုံးစွဲသည့် အခန်းတိုင်းက မျှဝေကျခံရမည်ဖြစ်သည်။

Public Network အတွက်မှာမူ Register ကြေး ကျပ် (၁ဝ,ဝဝဝ) နှင့် လစဉ်ကြေး တလ ကျပ် (၃,ဝဝဝ) မှ (၅,ဝဝဝ) အကြားသာ ကောက်ခံမည့်အကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူတဦးက မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။

အဆိုပါ အစီအစဉ်သာ သုံးခွင့်ရပါက ရန်ကုန်မြို့ရှိ လူများ အင်တာနက်ကို ဈေးပေါပေါဖြင့် လွယ်လွယ်ကူကူ အသုံးပြုခွင့်ရမည်ဖြစ်သည့်အတွက် မြို့ခံများက မျှော်လင့်နေခဲ့ကြခြင်း ဖြစ်သည်။ ရောင်းချခွင့်ရပါက ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်တို့တွင် ကနဦး သုံးနိုင်မည်ဖြစ်ပြီး အဆိုပါ မြို့နယ်များနှင့် ထိစပ်နေသည့် ဧရိယာတို့တွင်လည်း သုံးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စ မရမ်းကုန်းအိပ်ခ်ျချိန်းမှ အင်ဂျင်နီယာတဦးကို မေးမြန်းရာ ၎င်းက တားမြစ်ထားသည်မှာ မှန်ကြောင်း၊ အကြောင်းရင်း နှစ်ခုရှိကြောင်း၊ ပထမအကြောင်းရင်းက ဆက်သွယ်ရေးဝန်ကြီး အပါအဝင် နိုင်ငံတော်အကြီးအကဲ အဆင့်က ပြည်သူများ အင်တာနက် လွယ်လွယ်ကူကူ ဈေးပေါပေါ သုံးမည်ကို မလိုလား၍ ဖြစ်ကြောင်း၊ ၎င်းတို့၏ လုံခြုံရေးအမြင်အရ ဖြစ်နိုင်ကြောင်း၊ နောက်တချက်မှာမူ လောလောဆယ် Broadband Wi Max စနစ် ရောင်းချနေသည့် Red Link Communication Co.Ltd. ကို မထိခိုက်စေလို၍ ဖြစ်ကြောင်း၊ အဆိုပါ Broadband Wi Max စနစ်သည် နှစ်စဉ်ကြေး၊ လစဉ်ကြေး အပါအဝင် စတင် တပ်ဆင်သည်နှင့် ကျပ် သိန်း (၂ဝ) ကျော် အထက် ပေးရမည်ဖြစ်သည့်အတွက် Wi-Fi စနစ်ကို စတင်ရောင်းချသည်နှင့် ဝယ်ယူသူ လုံးဝ ရှိတော့မည် မဟုတ်ကြောင်း၊ ထို့ကြောင့် Wi-Fi စနစ် ရောင်းချခွင့်ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
၂၀၀၈-၂၀၀၉ စစ်အစိုးရ ဘတ်ဂျက် ကျပ်ငွေဘီလီယံ (၇၀၀) ကျော် လိုငွေပြ
NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရ ဘတ်ဂျက်မှာ သုံးစွဲငွေများနေသည့်အတွက် ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော် လိုငွေပြနေသည်ဟု နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၀န်ခံသွားသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရ ၀င်ငွေမှာ ကျပ်ငွေဘီလီယံ (၄,၈၂၄) ရှိသော်လည်း သုံးစွဲငွေမှာ ကျပ်ငွေ (၅,၅၅၇.၈၆) ရှိသည့်အတွက် စုစုပေါင်း လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံ (၇၀၀) ကျော်ရှိသည်ဟု ၀န်ကြီးအဖွဲ့အစည်းအဝေး အမှတ် ၃၈/၂၀၀၈ တွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ယခုကဲ့သို့ ပြောသွားခြင်း ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

မြန်မာစစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးမှာ (၂.၈) ရာခိုင်နှုန်းရှိသည်ဟုလည်း အဆိုပါ (လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုသည့်) ၀န်ကြီးအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် စစ်အစိုးရထုတ်ပြန်သည့် ဂျီဒီပီတန်ဖိုးသည့် အမှန်တကယ်ထက် အဆများစွာ များနေသည့်အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောသည့် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးကို အမှန်ဟု ယူဆရန်ခက်ကြောင်း စီးပွားရေးပညာရှင် တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ကူဝိတ်-မြန်မာသံအမတ်နေရာ အပြိုင်လုနေ
NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

မြန်မာစစ်အစိုးရက ကူဝိတ်နိုင်ငံ၌ သံရုံးဖွင့်ရန်ပြင်ဆင်နေချိန်တွင် ကူဝိတ်-မြန်မာသံရုံး သံအမတ်နေရာ လိုချင်သည့် မြန်မာသံအမတ်ကြီးများ အလုအယက် ကြိုးစားနေကြသည်ဟု သံတမန်အသိုင်းအ၀န်းက ပြောသည်။

ကူဝိတ်-မြန်မာသံရုံးတွင် သံအမတ်ရာထူးရပါက လစာကောင်းမည်ဆိုသည့် သတင်းထွက်နေသည့်အတွက် ကူဝိတ်-မြန်မာသံအမတ်ဖြစ်လိုသူများက အထက်အရာရှိများအား အလုအယက် ပြေးကပ်နေသည်ဟု နေပြည်တော် သတင်းရပ်ကွက်ကလည်း ပြောသည်။

သို့သော် မြန်မာစစ်အစိုးရတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသည့်အတွက် ကူဝိတ်-မြန်မာသံရုံး ဖွင့်သည့်အချိန်တွင် (၃) လအတွက် သံရုံးစရိတ်ကို ကူဝိတ်အစိုးရက ကျခံပေးမည်ဟု ကမ်းလှမ်းထားသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကူဝိတ်နိုင်ငံ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာပြီး မကြာခင် ကူဝိတ်တွင် မြန်မာသံရုံးဖွင့်ရန် စစ်အစိုးရဘက်က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍများတွင် ကူဝိတ်နိုင်ငံက ရေရှည် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုကြောင်း ကူဝိတ် ဘဏ္ဍာရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

ဇန်န၀ါရီလ ၁၄ ရက်
တတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း

ကြံ့ဖွံ့အသင်း နိုင်ငံဦးဆောင်ရန် အသင့်ဟု ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်ပြော
NEJ/ ၁၄ ဇန်န၀ါရီ ၂၀၀၉

ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံတော်ကို ဦးဆောင်သွားနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ (၉) ရက်နေ့ မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောသည်။

မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်းဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်ကို မည်သို့ဦးဆောင်မည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံအသင်း ၀င်ပြိုင်မည်၊ မပြိုင်မည် စသည့်အချက်များကိုမူ ဗိုလ်မှူးချုပ် သိန်းဇော်က ရှင်းရှင်းလင်းလင်း ပြောခဲ့ခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မြို့ခံတဦးက ပြောသည်။

သို့သော် ကြံ့ဖွံ့အသင်းက နိုင်ငံရေးပါတီ (၂) ခု ဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက် ရန်ကုန် ဒီပီအေသတင်းတွင် ဖော်ပြထားသည်။ ရန်ကုန် ဒီပီအေသတင်းထောက် (ကိုကို-စက်မှုတက္ကသိုလ်) ဆိုသူသည် စစ်အစိုးရအလိုကျ ရေးသားနေသည့် သတင်းထောက်ဖြစ်သည်ဟု ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀န်းက ပြောသည်။

ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်သည် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်း ဖြစ်သကဲ့သို့ ကြံ့ခိုင်ရေးအသင်း ဗဟို အတွင်းရေးမှူးလည်း ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

ဆရာဝန် (၈) ဦး တပြိုင်တည်း အလုပ်ဖြုတ်ခံရ မတရားအထုတ်ခံရဟု ဆရာဝန်များက ယူဆ
မင်းနိုင်သူ/ ၁၄ ဇန်န၀ါရီ ၂၀၀၉

မကွေးဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေးဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အလုပ်ဖြုတ်ခံရသည့် ဆရာဝန်များမှာ ဒေါက်တာအေးအေးထွန်း (လက်ထောက်ကထိက-မကွေး) နှင့် မန္တလေးဆေးတက္ကသိုလ်တွင် သရုပ်ပြရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသော ဒေါက်တာကျော်ဇင်သန့်၊ ဒေါက်တာသော်သော်၊ ဒေါက်တာမြမွန်အောင်၊ ဒေါက်တာဧကရီသိန်းလင်း၊ ဒေါက်တာသက်ဝင်း ၊ ဒေါက်တာငြိမ်းချမ်းဦး၊ ဒေါက်တာအေးခိုင်ဇာလတ်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမိန့်စာတွင် ဖော်ပြထားပြီး အဆိုပါအမိန့်စာကို နအဖ ကောင်စီဥက္ကဋ္ဌရုံး၊ စရဖ၊ သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့တို့အပါအ၀င် ဌာနပေါင်း (၂၂) ဌာနသို့ ဖြန့်ဝေထားကြောင်း သိရသည်။

အလုပ်ထုတ်ခံရပြီး ပြည်ပနိုင်ငံတခုသို့ ရောက်ရှိလာသည့် ဆရာဝန်တဦးကို ခေတ်ပြိုင်က မေးရာ အလုပ်ထုတ်ခံရသည့် ဆရာဝန်များကို ဆမလိုင်စင်ပါ သိမ်းလိုက်ကြောင်း ပြောပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဦးဝင်းတင်ပြောစကား မှားယွင်းသတင်းရေးမိကြောင်း ရန်ကုန် ဒီပီအေသတင်းထောက်ဝန်ခံ
မင်းနိုင်သူ/ ၁၄ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်အား အင်တာဗျူးပြီး ရေးသားခဲ့သည်ဆိုသော ဒီပီအေသတင်းပါ သတင်းရေးသားချက်များ မှန်ကန်မှုမရှိကြောင်း ဦးဝင်းတင်က မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည်။ အဆိုပါအမှုကို ဇန်န၀ါရီ (၈) ရက်တွင် ယင်းအသင်းရုံး၌ ရန်ကုန် ဒီပီအေသတင်းထောက်ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ မှားယွင်းသတင်းရေးမိကြောင်း သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) က ၀န်ခံသွားသည်။

ယင်းအသင်း၏ စုံစမ်းမေးမြန်းမှုများကို ဦးဝင်းတင်ထံသို့ ပေးပို့ခဲ့ပြီး အသင်းအနေဖြင့် အသင်း၏အခြေခံစည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည်ဖြစ်ရာ ဤမျှအထိသာ ဆောင်ရွက်ပိုင်ခွင့်ရှိပါကြောင်းနှင့် ဤမျှဖြင့် ကျေနပ်မှုမရှိပါက အခြားကြိုက်ရာနည်းလမ်းများဖြင့် ဒီပီအေ၏ သတင်းရေးသားချက်များ အပေါ် ဆောင်ရွက်နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။

စုံစမ်းမေးမြန်းမှုများကို အသင်းနာယက ဦးလှထွေးက ပြုလုပ်ခဲ့ရာ ဒီပီအေသတင်းဌာနတွင် နေသူ ကိုကို (စက်မှုတက္ကသိုလ်) က ယင်းသတင်းရေးသားသူမှာ ၎င်းကိုယ်တိုင် ဖြစ်ပြီး ဦးဝင်းတင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသူမှာ မိမိ၏လက်ထောက် ဒေါ်ဆင့်ဆင့်အောင်ဖြစ်သည်ဟု ၀န်ခံပြောဆိုခဲ့ကြောင်း ဦးဝင်းတင်ထံ အကြောင်းပြန်စာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ၀န်ခံခဲ့ရာ အသင်းနာယက က ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီတွင်းမှ ပါဝင်ယှဉ်ပြိုင်လိုသူအချို့ရှိပြီး၊ အချို့မှာ ပါဝင်ယှဉ်ပြိုင်လိုခြင်းမရှိဟု ပြောကြားခဲ့ခြင်း ရှိမရှိနှင့် ထိုသို့ပြောသည်ရှိသော် မည်သည့်အထောက်အထားရှိမရှိ တိတိကျကျပြောကြားရန် ဒေါ်ဆင့်ဆင့်အောင်အား စစ်ဆေးမေးမြန်းခဲ့သည်။

ဒေါ်ဆင့်ဆင့်အောင်က မိမိသည် ဦးဝင်းတင်အား တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်းမှုကိုလည်း အသံဖမ်းထားခြင်း မပြုမိခဲ့ကြောင်း၊ သက်သေအထောက်အထားလည်း အတိအကျမဖော်ပြနိုင်ကြောင်း၊ မိမိမှတ်သားထားမိသည်မှာ ဦးဝင်းတင်က အန်အယ်လ်ဒီအတွင်း လာမည့်ရွေးကောက်ပွဲအပေါ် တင်းမာသည့်အသွင်ဖြင့် ချဉ်းကပ်သူများရှိသကဲ့သို့ ပျော့ပျောင်းသည့်အသွင်ဖြင့် ချဉ်းကပ်သူများလည်းရှိကြောင်း ပြောဆိုခဲ့သည်ဟုသာ မှတ်မိပါကြောင်း၊ ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီဝင်အချို့ ရွေးကောက်ပွဲဝင်လိုပြီး အချို့ မ၀င်လိုကြောင်း ပြောမပြောကို မိမိမသေချာကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ဦးကိုကိုက ဆက်လက်ဖြေကြားရာ ဒေါ်ဆင့်ဆင့်အောင်ထံမှ အထက်ပါအတိုင်း အဖွဲ့ချုပ်အတွင်း လာမည့်ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ပုံနှစ်မျိုးရှိကြောင်း တဆင့်ကြားသိရသောအခါ မိမိအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်လိုသူများရှိသလို ပါဝင်ယှဉ်ပြိုင်လိုသူများမရှိဟု အဓိပ္ပာယ်သက်ရောက်သည်ဟု ရိုးသားစွာယူဆပြီး သတင်းရေးသားပေးပို့ခဲ့ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

၎င်းတို့၏ တင်ပြချက်များအပြီးတွင် နာယကကြီးက နောက်နောင် အရေးကြီးသော အင်တာဗျူးများလုပ်ပါက တယ်လီဖုန်းဖြင့် အင်တာဗျူးလုပ်ခြင်းထက် လူကိုယ်တိုင်အင်တာဗျူးလုပ်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်ရာ၌လည်း အသံဖမ်းစက်ဖြင့် ဖမ်းပြီး ယင်းအသံဖမ်းခွေကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်းထားသင့်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာသုံးသတင်းစာပညာစာအုပ်ကို ကိုးကားကာ သတင်းစာကျင့်ဝတ်များကို ပြောကြား၍ စုံစမ်းမေးမြန်းမှုများကို အဆုံးသတ်ခဲ့သည်။

“ရိုးသားစွာ လွဲမှားတယ်လို့ ယူဆသလားဆိုတော့ ယူဆဖို့ကတော့ ခပ်ခက်ခက်ပဲဗျ။ ကျနော်က သတင်းစာကလာတဲ့ နိုင်ငံရေးသမားဆိုတော့ မီဒီယာတွေနဲ့ အငြင်းပွားချင်တာမရှိဘူး။ နိုင်ငံရေးအဖွဲ့အစည်းမှာ တာဝန်ရှိသူတယောက်အနေနဲ့ ပြောရရင်လည်း မီဒီယာနဲ့ အငြင်းမပွားချင်ဘူး။အခုလို လုပ်ရတာက တော်တော်ကို ဆိုးဆိုးရွားရွားမှားနေလို့ပါ။ ကျနော်ပြောခဲ့တာက အန်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ တင်းမာတဲ့ ချဉ်းကပ်ပုံနဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်ပုံ နှစ်မျိုးနဲ့ ချဉ်းကပ်ခဲ့တယ်ဆိုတာကို အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်နှစ်ခုကို ဥပမာပေးပြီးပြောခဲ့တာပါ။ အဲဒါကို သူတို့က အခြေခံဥပဒေနေရာမှာ ရွေးကောက်ပွဲဆိုတာကို ထည့်သွင်းရေးသွားတယ်။ အဲဒါအပြင် နောက်ထပ်မှားပြန်တာက အန်အယ်လ်ဒီအတွင်းမှာ ရွေးကောက်ပွဲဝင်လိုသူနဲ့ မ၀င်လိုသူနှစ်ပိုင်းရှိတယ်ဆိုပြီး ပါတီတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုတဲ့သဘော၊ ပါတီနှစ်ခြမ်းကွဲတော့မယ်ဆိုတဲ့ သဘော အဓိပ္ပာယ်အထိသက်ရောက်လာလို့ တိုင်ကြားခဲ့တာ။ အဲတော့ ရိုးသားစွာမှားတာ ဟုတ်မဟုတ်ကတော့ ကာယကံရှင်များကိုယ်တိုင်သာ သိမှာပေါ့ဗျာ။ ကျနော့်အနေနဲ့ကတော့ မှားတာကိုမှားတယ်လို့ ၀န်ခံရင်တော်ပြီပေါ့ဗျာ။ သို့သော် နိုင်ငံရေးအနေနဲ့ကတော့ ပြည်ပမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဒါဟာတမင်လုပ်ကြံမှု၊ တမင်မှားယွင်းမှုလို့ ယူဆရင်လို့ ဆက်လက်ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်သဘောတူတယ်။ လက်ခံတယ်။ ကျနော့်ကိုယ်စား ဆောင်ရွက်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ကျနော်ပြောချင်တယ်ဗျ။ ကျနော့်အနေနဲ့ကတော့ နိုင်ငံခြားကိုစာရေးဖို့ ဆက်သွယ်ဖို့ ဆိုတာတွေကလည်း အခက်အခဲတွေရှိနေပါတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်၏ ဆက်သွယ်မေးမြန်းမှုအပေါ် ရှင်းလင်းပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

အမိန့်မျိုးစုံကြောင့် ဈေးသည်များ ဒုက္ခရောက်

NEJ/ ၁၄ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့ရှိ ဈေးများတွင် မကြာခဏ မီးလောင်ခြင်း၊ မီးလန့်ခြင်း စသည့် ပြဿနာများကြောင့် ဈေးကော်မတီ၊ ဈေးတာဝန်ရှိသူများက အမိန့်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုး ထုတ်လာသည့်အတွက် ဈေးသည်များ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ယုဇန ပလာဇာ မြေညီထပ် ဆိုင်ခန်းမှ အထည်ရောင်းချသူ တဦးက “မီးလောင်ပြီးတဲ့နောက် ဆိုင်ရှေ့ကို ပစ္စည်းတွေ ခင်းတာ လုပ်ခွင့်မပေးတော့ဘူး။ ဆိုင်ခန်းတွေက အလွန်ကျဉ်းတော့ ဆိုင်ခုံပေါ်မှာပဲ ပစ္စည်းတွေ တင်ထားရတယ်။ ရောင်းရတာ အဆင်မပြေဘူး။ နောက် ပန်ကာလည်း သုံးခွင့်မပြုဘူးတဲ့။ မီးပလပ်ပေါက်တောင် ထားခွင့်မပြုဘူးဆိုပြီး အမိန့်ထုတ်ထားတော့ မီးကလည်း မမှန်၊ အဲယားကွန်းကလည်း မရှိနဲ့ အတော်ဒုက္ခ ရောက်တယ်။ အဆိုးဆုံးက မီးလောင်သွားတဲ့ မြေညီထပ် အက်ဖ် (၁၉) အပါအဝင် ဆိုင်ခန်း (၄) ခန်းကို ကွန်ကရစ်ကြမ်းခင်းမှာ အလူမီနီယံနဲ့ ကာတဲ့ပုံစံ စံပြအဖြစ် ဆောက်နေတယ်။ အဲဒါ ပြီးရင် လက်ရှိဆိုင်ခန်း အားလုံး အဲဒီပုံစံဖြစ်အောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်ပြင်ဆောက်ရမယ် ဆိုတာကြောင့် အားလုံး စိတ်ညစ်နေကြတယ်” ဟု ပြောသည်။

အလားတူ မင်္ဂလာဈေး၌လည်း လျှပ်စစ်ပစ္စည်းများ စမ်းသပ်ရောင်းချရန် သွယ်တန်းထားသည့် ကြိုးများကို ဖြုတ်သိမ်းရန် ညွှန်ကြားထားခြင်းကြောင့် ဈေးသည်များ အခက်တွေ့နေကြသည်။

ဆိုင်ခန်းပိုင်ရှင် တဦးက လျှပ်စစ်ပစ္စည်း ရောင်းသည့် ဆိုင်များအနေဖြင့် ပစ္စည်းများကို စမ်းသပ်ပြရန် လျှပ်စစ်မီး မသုံးရပါက မည်သို့ ရောင်းရမလဲ ဆိုပြီး မေးခွန်းထုတ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄) ရက်က ယုဇန ပလာဇာ မြေညီထပ် ဆိုင်ခန်း (၄) ခန်း မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ လျှပ်စစ်မီးပျက်ချိန် ခလုတ်ပိတ်ရန် မေ့သွားပြီး ရေအေးစက် မီးပြန်လာသည့်အခါ အပူလွန်ပြီး ဝိုင်ယာရှော့ဖြစ်ကာ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
၂ဝ၁ဝ ရွေးကောက်ပွဲအတွက် တစည မဲဆွယ်လုပ်ငန်းစတင်
ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 14 2009 16:23 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အကြိုကာလတွင် စစ်အစိုးရ လိုလားသောပါတီက ယင်းတို့၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အနောက်မြောက်ဘက် ချင်းပြည်နယ်တွင် စတင်လိုက်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်လုပ်ငန်းတရပ်အဖြစ် အဖွဲ့ဝင်သစ်များ စုဆောင်းခြင်း လုပ်ငန်းကို မိမိတို့ စတင်နေပြီ ဖြစ်ကြောင်းဖြင့် ချင်းပြည်နယ် မြို့တော်ဟားခါးရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ စည်းရုံးရေးမှူး လင်းဟာ (Ling Ha) က ယမန်နေ့က မဇ္ဈိမကို ပြောကြားဆိုလိုက်ခြင်း ဖြစ်သည်။

"ချင်းပြည်နယ် ၉ မြို့နယ်စလုံးမှာ ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ အခု အဖွဲ့ဝင်သစ် စုဆောင်းတာတွေ စလုပ်နေပါပြီ" ဟု လင်းဟာက ပြောသည်။ သူကိုယ်တိုင်လည်း ချင်းပြည်နယ်တောင်ဘက် ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။

၂ဝဝ၃ ခုနှစ်မှ စတင်ခဲ့ပြီး ယခု အဆင့် ၄ သို့ ရောက်ရှိနေပြီဖြစ်သည့် စစ်အစိုးရ၏ လမ်းပြမြေပုံသည်သာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ မတိုးသာမဆုတ်သာ အခြေအနေနှင့် လူမှုဆင်းရဲ ဒုက္ခအကျပ်အတည်းတို့မှ လွတ်မြောက်နိုင်မည့် တခုတည်းသော လမ်းအဖြစ် သူနှင့် သူ့ပါတီဖြစ်သော တစည ပါတီတို့က ယုံကြည်ကြောင်းဖြင့် လင်းဟာက ပြောသည်။

တစည ပါတီကို အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ပါတီဝင်ဟောင်းများဖြင့် ၁၉၉ဝ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ တစည နိုင်ငံရေးပါတီတွင် လက်ရှိ စစ်ဗိုလ်ချုပ်များ ကိုယ်စားပြု ပါဝင်ခြင်း မရှိသော်လည်း သူတို့ကို စစ်အစိုးရက အကြီးအကျယ် ထောက်ခံအားပေးထားသည်။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် သူတို့ကို စစ်အစိုးရအာဏာပိုင်များက မည်သည့် ပိတ်ပင်ကန့်သတ်မှုမျှ မလုပ်ခဲ့ကြောင်းဖြင့် လင်းဟာက ပြောသည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
ARV ဆေးမရလျှင် လူငယ်ထု သိန်းချီကာ အသက်အန္တရာယ် ဖြစ်ပွားလာနိုင်
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ARV ဆေးသာ အမြန်မရပါက မြန်မာလူငယ် သိန်းနှင့်ချီ၍ မကြာမီ အနာဂတ်တွင် ဤဝေဒနာဖြင့် အသက်အန္တရာယ် ရင်ဆိုင်ရလိမ့်မည်ဟု ဝေဒနာသည်များအား စောင့်ရှောက်ကူညီပေးနေသူ မဖြူဖြူသင်းက ပြောသည်။

"HIV နှင့် မြန်မာပြည်" ဟူသော ခေါင်းစဉ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲမှ ရန်ကုန်ရှိ ပါတီရုံးချုပ်၌ ယမန်နေ့က ကျင်းပခဲ့ရာ သူက ပြောဆိုသွားခြင်း ဖြစ်သည်။

"အဓိကပေးချင်တဲ့ Message (သတင်းစကား) ကတော့ မြန်မာပြည်မှာ HIV နဲ့ ပတ်သက်ပြီးတော့ အရေးအကြီးဆုံး ဖြစ်နေတာက လူငယ်ထုတွေမှာပေါ့နော်။ လူငယ်ထုတွေ ဘယ်လောက်အထိ သေဆုံးနေကြပြီလဲ။ ARV ဆေးဝါးရဖို့ အခုချိန်မှာ ကျမတို့ မလုပ်ခဲ့ဘူးဆိုရင် အခု သိန်းနဲ့ချီတဲ့ လူငယ်ထုပေါ့၊ နောင်တချိန်မှာ သိန်းပေါင်းမြောက်မြားစွာသော လူငယ်ထုရဲ့ အသက်အန္တရာယ် ရင်ဆိုင်နေရပြီ" ဟု မဖြူဖြူသင်းက ပြောသည်။

"လူနာအသစ်တွေက အခုနောက်ပိုင်း တနေ့ကို ၅ ယောက်လောက် လာတာတွေ့ရတယ်။ အခုဟာက ဘယ်ကမှ မရတော့ဘူးလေ။ NGO တွေရော ဖြတ်လိုက်တာကိုး။ ဆေးသောက်ရမယ့် လူတွေရော၊ ဆေးလိုချင်တဲ့ လူရော၊ လူနာအသစ်ရော ဒီကို ကျလာတဲ့ ပုံစံဖြစ်နေတယ်။ AZG (NGO) က အရင်တုန်းက လူနာအသစ် လက်ခံပြီးတော့ အားဆေးတို့ ဘာတို့ ပေးသေးတယ်။ အခု လူနာအသစ်ကို လုံးဝ လက်မခံတော့ဘူး။ အဟောင်းတွေကိုတော့ ဆက်ပေးတယ်။ ဆေးမရတဲ့ အခါကျတော့ အခုချိန်ကစပြီး ဝေဒနာသည် တော်တော်များများက သေဆုံးနေကြတယ်။ ARV ဆေးဝါးကို အလျင်အမြန် မရဘူးဆိုရင်တော့ မလွယ်တော့ဘူး၊ ဒီတိုင်းပြည် အခြေအနေကလေ" ဟု သူမက ထပ်မံ၍ ဖြည့်စွက်ပြောသည်။

အန်အယ်ဒီ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲသည် ဝေဒနာသည်များအတွက် ဆေးရုံဆေးခန်းပို့ပေးခြင်း၊ လူနာစောင့် ရှာပေးခြင်း၊ ချက်ပြုတ်ကျွေးမွေးခြင်း၊ အ၀တ်အစားများ လျှော်ဖွတ်ပေးခြင်း၊ ကွယ်လွန်လျှင်လည်း မြေချသည့်ကိစ္စ ဆောင်ရွက်ပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်း၊ NGO များနှင့် ဆက်စပ်ပေးခြင်း၊ ဆင်းရဲချို့တဲ့သူ ဝေဒနာသည်များအား ARV ဆေး ပေးခြင်းတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသည်။

ဆက်သွယ်လာသည့် အနယ်နယ်အရပ်ရပ်မှ ဝေဒနာသည်များနှင့် တိုင်းနှင့်ပြည်နယ်ရှိ အဖွဲ့ချုပ် လူငယ်များ ထံမှတဆင့် ရရှိသည့် အချက်အလက်များကို အခြေခံ၍ ပြောဆိုခြင်းဖြစ်သည်ဟု သူက ဆိုသည်။ HIV စွဲကပ်နေသူ များမှာ ယေဘုယျအားဖြင့် အသက် ၂၀ နှစ်မှ ၄၀ နှစ်အကြားဖြစ်သည်ဟု ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သောအဖွဲ့ (NGO) များက ယခင်ကကဲ့သို့ ဝေဒနာသည် အသစ်များအား ARV ဆေးပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်သဖြင့် သူတို့သည် အန်အယ်ဒီပါတီ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲသို့ တိုး၍ဆက်သွယ်လာနေသည်။

ARV ဆေးကို တလစာအဖြစ် ကျပ်ငွေ ၂ သောင်းခွဲခန့်ဖြင့် ဆေးကုမ္ပဏီများ၌ အလွယ်တကူ ၀ယ်နိုင်သော်လည်း ဝေဒနာသည်အများစုမှာ ငွေကြေးမတတ်နိုင်ကြကြောင်းနှင့် တချို့ဝေဒနာသည်များမှာ နယ်မှ ရန်ကုန်သို့လာ၍ ဆေးကုသမှုခံနိုင်ရန် ခရီးစရိတ်ပင် မတတ်နိုင်ကြဘဲ သေဆုံးရသူ အမြောက်အမြားရှိနေသည်။

ယခင်နှစ် နိုဝင်ဘာလအတွင်းက နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) က ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ AIDS ဖြင့် သေဆုံးသူ နှစ်သောင်းခွဲ (၂၅၀၀၀) ရှိကြောင်းနှင့် HIV/AIDS ဖြစ်နေသူ ၂၄၀၀၀၀ အနက် (၇၆,၀၀၀) ဦးသည် ARV ဆေး အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
ဖျာပုံထောင်ဖောက်ပြေးသူ အကျဉ်းသား ၂၀ ကျော် ဖမ်းမိ
သဲသဲ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ


နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဖျာပုံမြို့အကျဉ်းထောင် ပျက်စီးခဲ့စဉ်က ထွက်ပြေးခဲ့သည့် အကျဉ်းသားများအနက် ယခုအခါ ဦးရေ ၂၀ ကျော်အား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ရဲအပြောအရ သိရသည်။

မြန်မာ့သမိုင်းတွင် မကြုံစဖူး ထူးကဲသည့် လွန်ခဲ့သည့်နှစ် မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ဖျာပုံထောင် ပျက်စီးကာ အကျဉ်းသားများ ထွက်ပြေးခဲ့ရာ တချို့တ၀က်ကို ပြန်လည်ဖမ်းမိခြင်းဖြစ်သည်။

သို့သော် မုန်တိုင်းဖြစ်ပွားစဉ်က အကျဉ်းသားမည်မျှ လွတ်သွားခဲ့သည်ကို ပြောဆိုရန် သူက ငြင်းဆန်လိုက်ပြီး မြို့လုံးနီးပါး မုန်တိုင်းဒဏ်ခံရသည့်နည်းတူ အကျဉ်းထောင်လည်း အမိုးအကာများ ပျက်စီးသွားသဖြင့် အကျဉ်းသားများမှာ ထွက်ပြေးသွားနိုင်ခြင်းဖြစ်သည်ဟု ဖျာပုံရဲစခန်းမှ ရဲဝန်ထမ်းတဦးက ပြောသည်။ ဖမ်းဆီးရမိထားသူများကို အကျဉ်းထောင်မှ ထွက်ပြေးသူများအား စွဲဆိုသည့် ပုဒ်မ ၂၂၄ ဖြင့် တရားစွဲထားသည်။

နာဂစ်မုန်တိုင်းကြောင့် လူ ၁၃၅၀၀၀ ကျော် သေကြေ ပျောက်ဆုံးခဲ့ပြီး တသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများကို ဖမ်းဝရမ်းထုတ်၍ ရှာဖွေနေဆဲဖြစ်ပြီး ထိုအထဲတွင် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ လူသတ်အလောင်းဖျောက်ဖျက်မှုကြောင့် ထောင်ဒဏ်ချမှတ်လိုက်သည့် တရားခံ ကိုဇာနည် ဆိုသူလည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။

ဖျာပုံမြို့ ၁၈ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနေ ကုန်သည်တရားခံ ဇာနည် (ခ) ဇာနည်အောင် (၂၈ နှစ်) အပါအ၀င် လူ ၉ ဦးသည် လူသတ်မှုကျူးလွန်ပြီး အလောင်းဖျောက်ဖျက်ရန် ကြိုစားခဲ့မှုဖြင့် ကျူးလွန်သူအချို့ကို ထောင်ဒက် ၁ နှစ် ၆ လမှ လေးနှစ်အထိ အပြစ်အသီးသီးပေးခဲ့သည်။ ကိုဇာနည်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

ဖျာပုံမြို့ အကျဉ်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျဝန်ထမ်းက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ ဖျာပုံအကျဉ်းထောင်ကိုမူ ယခုအခါ ပြန်လည်ပြုပြင်ပြီးဖြစ်သည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အသစ် ရွေးချယ်မည်
နန်းဒေ၀ီ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္စျိမ) ။ ။ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ၏ ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို အိုင်ယာလန်နိုင်ငံတွင် ယခုလအတွင်း ပြုလုပ်သွားမှာဖြစ်သည်။

၎ နှစ်တကြိမ် ပြုလုပ်သည့် ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ပြည်ပရောက် ပါလီမန်အမတ်များက လျှို့ဝှက်မဲပေးခြင်းဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရမှ ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာစန်းအောင်က ပြောသည်။

ယခုလုပ်မည့် အစည်းအဝေးတွင် လွှတ်တော်အမတ်များသမဂ္ဂ (MPU) မှ အမတ်ပေါင်း ဦးရေ ၃၀ ကျော် တက်ရောက်မည်ဖြစ်ပြီး၊ ၀န်ကြီးချုပ်အသစ် ရွေးချယ်ခြင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်။

၁၀ ရက်တာ ကြာမြင့်မည်ဆိုသည့် အစည်းအဝေး၏ ပထမပိုင်း ၅ ရက်တွင် အမတ်များ အစည်းအဝေး ပြုလုပ်ခြင်းနှင့် ဒုတိယပိုင်း ၅ ရက်ကို တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသား လူမျိုးများကောင်စီ (Ethnic Nationalities Council) ၊ SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် အပါအ၀င် အခြားအဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးကြမည်။

ပြည်ပအခြေစိုက် စင်ပြိုင်အစိုးတရပ်က ၀န်ကြီးချုပ်အသစ် ရွေးချယ်မည့် အစီအစဉ်ကို ယခုလအတွင်း ပြုလုပ်သွားမည်ဆိုသည့် သတင်း ပေါ်ထွက်မလာခင် လဆန်းတရက်နေ့က အတိုက်အခံ တပ်ပေါင်းစု အဖွဲ့ကြီးတခုဖြစ်သည့် NCUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက အစိုးရသစ်တရပ် ဖွဲ့စည်းမည်ဆိုသော ကြေညာချက်ပေါ်ထွက်လာခဲ့သည်။
ဒေါက်တာ စန်းအောင်က ယခုလို ခြေလှမ်းမျိုး မပြုလုပ်သင့်ကြောင်း ပြောဆိုသည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၁၅ ရက်
တတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း

အဓိက မြစ်ကြီးများ မြစ်ကြောင်း ပြောင်းလဲ

သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ် နှင့်ချင်းတွင်းမြစ်တို့တွင် မြစ်ကြောင်း ပြောင်းလဲမှု ယခင်ကထက် ပိုမိုသိသာလာ၍ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို သတိပြုရန် လိုအပ်လာကြောင်း ကျွမ်းကျင်သူတို့၏ သုံးသပ် ပြောကြားချက်အရ သိရှိရသည်။

နှစ်စဉ် မြစ်ရေနည်းချိန်သို့ ရောက်ရှိနေသည့် ကာလအတွင်း ယခုနှစ်မှာ ဖေဖော်ဝါရီနှင့် မတ်လများ၌ ရောက်ရှိရမည့် မြစ်ရေအမှတ်သို့ ဒီဇင်ဘာ လကုန်ပိုင်းနှင့် ဇန်န၀ါရီလ ဆန်းပိုင်းတွင် ပင်ရောက်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်ကပြောသည်။

''ဧရာဝတီမြစ်မှာဆို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မြစ်ရေ နည်းမှု သိသာနေပါတယ်။ ချင်းတွင်း မြစ်မှာတော့ မုံရွာ ၀န်းကျင်မှာပါ။ ဒါကို သတိပြုဖို့လိုအပ်ပါတယ်''ဟု ၎င်းက သုံးသပ်ပါသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျောက်တွင် နှစ်စဉ်ကထက် မြစ်ရေ နည်းပါးလာမှုကြောင့် သောင်ထွန်းမှုများ ပိုမို ဖြစ်ပေါ်လျက်ရှိရာ အချို့ဒေသများတွင် ရေသေအိုင်များပင် ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရသည်။

''သောင်ခုံတွေ ကျယ်လာတာ သတိပြုမိပါတယ်။ ရေကြောင်းထိန်း သိမ်းသွားလာရတာ ခက်လာတယ်။ ရေစူးကြီးတဲ့ သင်္ဘောတွေဆို သွားလာဖို့မလွယ်ဘူး။ တချို့နေရာတွေဆို မော်တော်ကြီးတွေ မရဘူး။ ရပ်ပြီး တံငါလှေတွေနဲ့သွားရတာတွေ ရှိလာပါတယ်။ ဒါဟာ မြစ်ကြောင်းပြောင်း လဲလာတာကို သိသာစေပါတယ်''ဟု မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပါသည်။ မြန်မာနိုင်ငံတွင် ရေကြောင်း ပို့ဆောင်ဆက်သွယ်ရေး၊ စီးပွားရေး အတွက်ကုန်စည်များသယ်ယူပို့ဆောင် ရေးစသည်တို့တွင် ဧရာဝတီနှင့်ချင်း တွင်းမြစ်တို့မှာ အဓိကအားထားရသည့် မြစ်ကြီးများ ဖြစ်၍ မြစ်ကြောင်း ပြောင်းလဲမှုသည် လူမှုရေးနှင့် စီးပွားရေးတို့တွင် သက်ရောက်မှုများရှိနိုင်သည်ဟု သုံးသပ်ကြသည်။
( Weekly Eleven သတင်းမှ ကောက်နှုတ်ချက် )
*****


ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရ
သက်တမ်းမရှိတော့ဟု ဒေါ်စန်းစန်းပြော

NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၉



ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရသည် သက်တမ်းပြည့်ပြီဖြစ်သည့်အတွက် အဆိုပါစင်ပြိုင်အစိုးရ မရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ခေတ်ပြိုင်သို့ ပြောသည်။

မကြာခင် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တွင် ကျင်းပမည့် အမ်ပီယူညီလာခံ၌ နောက်တက်မည့်အစိုးရအား ရှေ့လုပ်ငန်းစဉ်များ ချပြသွားမည်ဖြစ်သည်ဟု ဒေါ်စန်းစန်းက ပြောသည်။

သက်တမ်းမရှိတော့သည့် ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား အရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များဖြင့် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါအစိုးရမှတဆင့် လွှတ်တော်ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းက ဆက်လက်ရှင်းပြသည်။

ဒပ်ဗလင်မြို့တွင် ညီလာခံကျင်းပမည့်ကိစ္စ၊ ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား တိုးချဲ့ရေးကိစ္စတို့နှင့်ပတ်သက်၍ အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
အအေးလှိုင်း ရိုက်ခတ်ဖွယ်ရှိ

ချင်းမိုင် (မဇ္ဈိမ)။ ။ လေစီးကြောင်း အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံတွင် ဇန်န၀ါရီလ နောက်ဆုံးပတ်၌ အအေးလှိုင်း ကျရောက်လာနိုင်သည်ဟု မိုးဇလ အရာထမ်းတဦးက ခန့်မှန်း ပြောဆိုလိုက်သည်။

မြန်မာပြည်မြောက်ပိုင်း ဒေသများတွင် ပိုမို ခံရဖွယ်ရှိပြီး ကျန်နေရာများတွင်လည်း အရှေ့မြောက် မုတ်သုတ်လေ တိုက်ခတ်ကာ ညအပူချိန်တွေကျ အအေးပိုလာမယ် ဖြစ်ကြောင်း အမည်မဖော်လိုသူ မိုးဇလ အရာထမ်းတဦးက မဇ္ဈိမ သို့ ပြောသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင်တော့ အအေးလှိုင်း ရိုတ်ခတ်ဖွယ်ရှိခြင်းကို ဖော်ပြခြင်းမရှိဘဲ လောလောဆယ် ဖြစ်ပွားနေသည့် ဟားခါး၊ လွိုင်လင်၊ နမ့်ဆန်၊ မိုးကုတ်တို့တွင် အအေးပိုနေခြင်းကိုသာ မိုးလေ၀သသတင်းအဖြစ် ဖော်ပြထားသည်။

အအေးပိုမိုလျှင် အသက်အရွယ်ကြီးမြင့်သူများ လေဖြတ်ရောဂါခံစားရခြင်း၊ နှလုံးနှင့် ကျောက်ကပ်များလည်း အခြားရာသီများထက် ပိုမိုဖြစ်ပွားနိုင်ကြောင်း ဆေးသုတေသီများက ထုတ်ပြန်ထားသည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
မီးလောင်ပါက အမြန်ငြှိမ်းသတ်နိုင်ရန် ဇုန်များခွဲကာ အစီအမံများ ပြုလုပ်မည်

ရန်ကုန်၊ မီးလောင်မှု ဖြစ်ပွားရာသို့ အမြန်ဆုံး ရောက်ရှိ မီး ငြှိမ်းသတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်း ဇုန်ကြီး ခုနစ်ဇုန် ခွဲ၍ ဇုန်အလိုက် မီးငြှိမ်းသတ်ရေး အစီအမံ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဇုန်များခွဲ၍ မီးငြှိမ်းသတ် ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်တိုင်းအတွင်း မီးလောင်မှုဖြစ်ပွားရာ မည်သည့်နေရာမဆို မီးသတ်ကားများ အမြန်ဆုံးရောက်ရှိ မီး ငြှိမ်းသတ်နိုင်မည်ဖြစ်ကာ မလိုလားအပ်သော ဆုံးရှုံးမှုများကို ကာကွယ်သွားနိုင်မည်ဖြစ် ကြောင်း သိရသည်။
“ဇုန်တွေကို မြို့နယ်အလိုက်ခွဲပြီး သတ်မှတ်ထားတာပါ။ ဒီဇုန်အတွင်းက မြို့နယ်မှာလောင်ရင် သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ မီးသတ်ကားတွေ အကုန်ထွက်ပြီး ငြှိမ်းသတ်ရမယ် စသည်ဖြင့် အစီအမံတွေ ချမှတ် ဆောင်ရွက်ထားတာပါ။ ဒီလိလုပ်ခြင်း အားဖြင့် တစ်နေရာမှာ မီးသွားငြှိမ်းနေစဉ် နောက်တစ်နေရာမှာ မီးငြှိမ်းသတ်ဖို့ အကြောင်းပေါ်လာရင် ပျက်ကွက်စရာ၊ နှေး ကွေးစရာမလိုတော့ဘူး”ဟု ရန်ကုန်တိုင်းမီး သတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးရဲ ကျော်စွာအောင်ကျော်မြင့်က ပြောကြား သည်။
( ရန်ကုန်မီဒီယာအုပ်စု သတင်းမှ ကောက်နှုတ်ချက် )
*****
ယခုနှစ် ဘွဲ့တံဆိပ်တော်လျှောက်သည့် သံဃာနည်းပါး
ဓမ္မကထိက ဆရာတော်များအား စစ်အစိုးရက လိမ်လျှောက်ခိုင်း

NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၉

ယခုနှစ် သံဃာတော်များအား ဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားသည့် သံဃာအရေအတွက် နည်းပါးသည့်အတွက် အချို့ စာချဆရာတော်များ၊ ဓမ္မကထိက ဆရာတော်များကို ဘွဲ့တံဆိပ်တော် လျှောက်ထားအောင် စစ်အစိုးရက မလိမ့်တပတ် လိမ်ခဲ့သည်ဟု စုံစမ်းသိရသည်။

“သံဃာတော်တွေ စစ်အစိုးရပေးတဲ့ ဘွဲ့တံဆိပ်တော်တွေကို ဒီနှစ် အလျှောက်နည်းသွားကတော့ ရှင်းပါတယ်။ ၂၀၀၇ က သံဃာတွေကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွဲခဲ့တော့ သပိတ်မှောက်တဲ့အနေနဲ့ မလျှောက်ကြ တာပါ” ဟု ရန်ကုန် တိုက်အုပ်ဆရာတော်တပါးက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားသည့် သံဃာအရေအတွက် နည်းလာသည့်ပြင် ယခုနှစ် နေပြည်တော်တွင် ဘွဲ့ပေးရန် စစ်အစိုးရက ပြင်ထားသည့်အတွက် အချို့ ဓမ္မကထိက ဆရာတော်များကို ဘွဲ့လျှောက်ထားလျှင် သိမ်းထားသည့် လိုင်စင်မဲ့ကား ပြန်ပေးမည်ဆိုသည့် မက်လုံးဖြင့် လိမ်လည်လျှောက် ထားခဲ့ကြောင်း ရန်ကုန် သံဃာတပါးက အမိန့်ရှိသည်။

နာမည်ကြီး ဓမ္မကထိက ဆရာတော်ဖြစ်သည့် တွံတေး ဦးဣန္ဒကအား ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားလျှင် သိမ်းထားသည့် လိုင်စင်မဲ့ကားပြန်ပေးမည်ဟု အာဏာပိုင်များက လိမ်လည်လျှောက်ထားခဲ့ပြီး နောက်ဆုံး ဘွဲ့တံဆိပ်တော်လည်းမပေး၊ ကားလည်းမပေးဘဲ လုပ်ခဲ့ကြောင်း တွံတေး ဦးဣန္ဒက ဆရာတော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

စစ်အစိုးရသည် ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ယခုနှစ် ဘွဲ့ဆက်ကပ်ရာတွင် ယခင်ကကဲ့သို့ ကမ္ဘာအေး၌ မလုပ်ဘဲ နေပြည်တော်တွင် ကျင်းပမည့်ဖြစ်ပြီး နေပြည်တော် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲနှင့်အတူ မတ်လတွင် တပေါင်းတည်းလုပ်ရန် ပြင်နေသည်။

“နေပြည်တော် ဥပ္ပါတသန္တိစေတီ ဆိုတာ သန်းရွှေအစိုးရအတွက် အန္တရာယ်ကင်းအောင်ဆိုတဲ့သဘောနဲ့ ယတြာချေပြီးတည်တဲ့ ဘုရားသာ ဖြစ်တယ်။ ဥပ္ပါတသန္တိဂါထာဆိုတာ ဘုရားဟောအစစ်မဟုတ်ပေမယ့် ဘုရားဟောဂါထာတွေ စုပေါင်းထားတဲ့ ဂါထာသာဖြစ်တယ်။ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ကျုပ်တို့ ရန်ကုန်က ဘုန်းကြီးတွေကို နာမယ်ကြီးဘုရားတွေမှာ တလတကြိမ် (၉) လ နဲ့ (၉) ရက်တိတိ ဥပ္ပါတသန္တိဂါထာ ရွတ်ဖို့ အမိန့်ပေးလို့ ရွတ်ခဲ့ရသေးတယ်လေ။ တကယ်ရွတ်ရင် တနာရီခွဲလောက်ကြာအောင် ရွတ်ရတော့ ပင်ပန်းလို့ ဘယ်သူမှ အဲလောက်မရွတ်ဘူး။ နာရီဝက်နဲ့ကျော်ရွတ်ကြတယ်။ နောက်တော့ ဘာပြဿနာဖြစ် တယ်မသိပါဘူး။ (၉) လမပြည့်ခင် အတင်းရပ်ခိုင်းလို့ ရပ်ရတယ်။ မကြာပါဘူး ၂၀၀၄ မှာ ဒကာကြီး ခင်ညွန့်ပြုတ်သွားတာပဲ။ ဒါကြောင့် ဥပ္ပါတသန္တိစေတီလည်း ဒကာကြီး ဦးသန်းရွှေအစိုးရအတွက် အန္တရာယ်ကင်းမယ်လို့ ဘယ်ပြောနိုင်မလဲ” ဟု အမည်မဖော်လိုသည့် တိုက်အုပ်ဆရာတော်ကြီးက အမိန့်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ပူတာအိုထောင်က ကိုအောင်သူ ကျန်းမာရေးမကောင်း
NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၉

မြန်မာပြည်မြောက်ဖျား၊ ပူတာအိုအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅)နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုအောင်သူ၏ ခြေထောက်မှာ သေးလိုက်လာပြီး အစာ မျိုချ ရာတွင်လည်း အခက်ခဲဖြစ်ကာ ကျန်းမာရေးအခြေအနေဆိုးနေသည်။

ရာသီဥတုအေးလွန်းသည့်အတွက် ကိုအောင်သူ၏ကျန်းမာရေးထိခိုက်ခဲ့ရကြောင်း ဒီဇင်ဘာလကုန်ပိုင်းက ထောင်ဝင်စာတွေ့ခွင့်ရခဲ့သူ မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ပူတာအိုရောက်တော့ သူက အကြောသိပ်မကောင်းဘူးလေ။ ခြေထောက်နည်းနည်းဆွဲသွားတယ်။ ခြေသလုံးလေးတွေ သေးလိုက်လာတယ်။ ရာသီဥတုအေးတဲ့ဒဏ်မခံနိုင်လို့ ခြေထောက်က ဆာသွားတယ်တဲ့။ အခုဆန်ပြုတ်ပဲ သောက်နိုင်တယ်။ ဆေးတွေလည်း မျိုနိုင်တဲ့ အားမရှိဘူး။ မနက်ဘက် အေးလာပြီဆို လျှာက တိုသလိုဖြစ်သွားတယ်တဲ့။ မျိုချဖို့ ခက်တယ်တဲ့” ဟု ပြောသည်။

ကိုအောင်သူအား (၃) ကြိမ်တွေ့ဆုံခဲ့ရပြီး (၂) ကြိမ်သာ တနာရီကြာတွေ့ဆုံရပြီး နောက်ဆုံးအကြိမ်တွင် (၁၅) မိနစ်မျှသာ တွေ့ဆုံခဲ့ရကြောင်း၊ ထောင်ဝင်စာတွေ့ခွင့်ကို အထက်က ပိတ်လိုက်သည့်အတွက် ပြန်လာခဲ့ ရကြောင်း လမ်းခုလတ်မှာရောက်ရှိနေသည့် ကိုအောင်သူ မိသားစုဝင်က ပြောသည်။

ပူတာအိုဒေသတွင် အစားအစာရှားပါးဈေးကြီးကာ ရာသီဥတုဆိုးဝါးသဖြင့် ထောင်ဝင်စာတွေ့ရသည့် အခက်အခဲမှာ အလွန်ကြီးမားပြီး ဒုက္ခမျိုးစုံဖြင့်ကြုံတွေ့ခဲ့ရကြောင်း ၁၉၉၈ လွတ်တော်ခေါ်ယူရေး တောင်းဆိုမှုဖြင့် ထောင်ဒဏ် (၅၂) နှစ်ချမှတ်ခံထားရသည့် ကိုမျိုးမင်းဇော်အား ထောင်ဝင်စာတွေ့ခဲ့ရသူ အသက် (၅၆) နှစ်ရှိ မိခင်ဖြစ်သူက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၁၆ ရက်
တတိယအပတ်၊ ၂၀၀၉၊
မြန်မာ သတင်း

အမေရိကန်ဒဏ်ခတ်မှုကို မဝေဖန်လိုဟု
မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ပြော



မိမိလူမျိုးကောင်းအောင် လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် မက်စ်မြန်မာကုမ္ပဏီအား အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးဒဏ်ခတ်သည့်ကိစ္စအပေါ် ဝေဖန်မှုမလုပ်လိုကြောင်း မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာစစ်အစိုးရအား ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် ပံ့ပိုးပေးခဲ့သည့် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်နှင့်တကွ ၎င်းပိုင် မက်စ်မြန်မာကုမ္ပဏီ (၈) ခု အား စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်း (Specially Designated Nationals) တွင် ထည့်သွင်းကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့တွင် ကြေညာထားသည်။ယခုကဲ့သို့ အမေရိကန်အစိုးရ၏ စီးပွားရေးဒဏ်ခတ်မှုအပေါ် မည်ကဲ့သို့ သဘောထားပါသနည်းဟု ခေတ်ပြိုင်က မေးမြန်းရာ မက်စ်မြန်မာကုမ္ပဏီမှ ဦးဇော်ဇော်က “သဘောကတော့ ဘာမှမရှိပါဘူး။ ကျနော် ကိုယ့်တိုင်းပြည်ကို ချစ်တာပဲ။ ကိုယ့်လူမှုရေးကိစ္စကိုပဲ လုပ်တယ်။ သမာအာဇီဝလုပ်တယ်။ ကိုယ့်လူမျိုးတွေ ကောင်းအောင်ကြိုးစား တယ်။ သူများနဲ့ ပတ်သက်လို့တော့ ဘာမှမပြောလိုပါဘူး။ သူတို့လည်း သူတို့အလုပ်လုပ်တာပဲ။ ကျနော့်ရင်ထဲက တော့ ကျနော်တို့တိုင်းပြည်အတွက် ကျနော်ဘောလုံး (ဥက္ကဋ္ဌ) လုပ်တယ်။ လူမှုရေးလုပ်တယ်။ ကလေးတွေ စာသင်ပေးတယ်။ ၀န်ထမ်းသုံးထောင်ကျော် နေ့စဉ်ထမင်းစားဖို့ ကျနော်ကြိုးစားနေတယ်။ ကိုယ့်လူမျိုးကို ချစ်တယ်ဗျာ။ ဒီခံယူချက်ပဲရှိတယ်။ ကျန်တာက သူတို့ဘာလုပ်လုပ် ကျနော်မပြောလိုပါဘူး။ ဒါနဲ့ ပတ်သက်လို့ ကျနော့် စိတ်ထဲမှာ ဘာမှမရှိပါဘူး” ဟု ပြောသည်။

ဒဏ်ခတ်မှုများကြောင့် ကုမ္ပဏီအနေဖြင့် မည်ကဲ့သို့သော ထိခိုက်မှုများရှိလာမည်ဟု မျှော်မှန်းထားပါသလဲဟု ဆက်လက်မေးမြန်းရာ “ဒါကတော့ ကျနော်တို့က အများကြီးကြိုပြီး မျှော်မှန်းထားတာမရှိပါဘူး။ ကျနော်တို့က လည်း..ဟို..အများကြီးတော့.. ဘာမှကြိုပြီးတော့ တွက်မထားပါဘူးခင်ဗျ” ဟု မက်စ်မြန်မာ ကုမ္ပဏီ၏ အကြီးအကဲရာထူးကို ရယူထားသူ ၎င်းက ကုမ္ပဏီ၏ရှေ့ရေးအလားအလာကို တွက်ဆမထားမိကြောင်း ပြောသည်။
( NEJ/ ၁၆ ဇန်န၀ါရီ ၂၀၀၉ )
*****
နေရာအနှံ့အပြား အအေးပိုလာနေ
ကိုဝိုင်း
သောကြာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသ တချို့တွင် ယခင်နှစ်ထက် အအေးပိုကဲလာပြီး၊ ယခုတလော နေ့စဉ်နှင့်အမျှ တစထက်တစ ပိုအေးလာသည်ဟု ဒေသခံအချို့အဆိုအရ သိရသည်။

နိုင်ငံ့မြောက်ဖျားရှိ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား၊ အရှေ့ပိုင်းကျသည့် ရှမ်းပြည်နယ် လွိုင်လင်၊ အရှေ့တောင်ခြမ်း မြို့အချို့၊ အလယ်ပိုင်းမှ မိုးကုတ်နှင့် ပျဉ်းမနားတွင် ယခုနှစ် ထူးကဲစွာ အအေးလွန်ကဲနေကြောင်း စုံစမ်းသိရှိရခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့ခံတဦးက "တအားအေးတယ်။ အအေးမကြောက်တဲ့ လူတောင် ဒီနှစ် အရမ်းအေးတယ်" ဟု ပြောသည်။

သူက "အေးတယ် ခါတိုင်းနှစ်ထက်စာရင် ပိုအေးတာပေါ့။ အခုရက်ပိုင်း တော်တော်လေးကို အေးပါတယ်။ နေထွက်လာလေ ပိုအေးလေပဲ။ တနေကုန်လို အေးနေတာပါပဲ။ အနွေးထည်မှ မချွတ်ရတာ။ လူအသေအပျောက်တော့ မကြားသေးပါဘူး" ဟု ဆက်ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့တွင် ယခင်နှစ်ထက်စာလျှင် ပိုအေးလာပြီး၊ ယခုရက်ပိုင်း၌ နေ့စဉ်နှင့်အမျှ အအေးပိုလာကြောင်း ဒေသခံများက ဆိုသည်။

အလားတူပင် ရှမ်းပြည်နယ် လွိုင်လင်တွင်လည်း အအေးပိုလာပြီး၊ အပူချိန်မှာ သုညဒီဂရီအောက်သို့ပင် ကျရောက်သည့်နေ့များ ရှိနေကြောင်း လွိုင်လင်ဘက်နှင့် အဆက်အသွယ်ရှိသူ မိုးကုတ်မြို့ခံတဦးက ပြောသည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
တက္ကစီအားလုံး မီတာတပ်ရန်အမိန့်ထုတ်
NEJ/ ၁၆ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်ရှိ City Taxi အားလုံး မီတာတပ်ရန် ထပ်မံအမိန့်ထုတ်ပြန်သည်ဟု ရန်ကုန်တိုင်း City Taxi မောင်းသူများထံမှ သိရသည်။

“တက္ကစီဆွဲနေတာမှာ စီအန်ဂျီပြောင်းတဲ့ ကတ္ကစီနဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံး တက္ကစီတွေဆိုပြီး ရှိတယ်။ မီတာစတပ်ခိုင်းတော့ စီအန်ဂျီပြောင်းပြီး Taxi တွေကို တပ်ခိုင်းတာ။ အခုတော့ စီအန်ဂျီပဲဖြစ်ဖြစ်၊ ဓာတ်ဆီ၊ ဒီဇယ်ဆီပဲဖြစ်ဖြစ်၊ City Taxi ဆိုလို့ကတော့ မီတာတွေ တပ်ဆိုတပ်ပဲ” ဟု ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ပြောရေးဆိုခွင့်ရှိသူတဦးက “ဟုတ်တယ်၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးအပြီးတပ်ရမယ်လို့ တိုင်းမှူးက ညွှန်ကြားထားတယ်” ဟု ပြောသည်။

အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာပါက စီအန်ဂျီ ပြောင်းပြီးသော ယာဉ်စာရင်းနှင့် မီတာတပ်ဆင်ပြီး ယာဉ်စာရင်းတို့ကို တိုက်၍စစ်ဆေးကာ မီတာမတပ်ရသေးသော ယာဉ်များကို တွေ့ရှိပါက စာရင်းပြုစု၍ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ကို ပေးပို့ကာ လုပ်ငန်းလိုင်စင် ပြုလုပ်ပေးခြင်းကို ဆိုင်းငံ့ခိုင်းမည်ဖြစ်ပြီး သက်တမ်းတိုးခွင့်မပြုခြင်း၊ လက်ရှိမောင်းနှင်နေသော လိုင်စင်အနီကို လိုင်စင်အနက်သို့ ပြောင်းကာ City Taxi စာရင်းမှ ထုတ်ပယ်မည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ကရင်သူပုန်များကို တိုက်ခိုက်ရန် နောက်ထပ် တိုက်ပွဲ မကြာမီ စတင်မည်
ဒယ်နီရယ် ပီဒါဆင်
သောကြာနေ့၊ ဇန်နဝါရီလ

မဲဆောက် (မဇ္ဈိမ)။ ။ ထိုင်းနယ်စပ်မြို့ မဲဆောက်၏ တောင်ဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အထူးတပ်ရင်း ၁ဝ၃ ကို တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ မှ တပ်ဖွဲ့ဝင်များဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက် ရှိသည်။

အထူးတပ်ရင်း အမှတ် ၁ဝ၃ သည် လွန်ခဲ့သောအပတ်က ယင်း၏အခြေခံစခန်းကိုဆုံးရှုံးခဲ့ရပြီး၊ လွန်ခဲ့သော ၇ ရက်လုံးလုံး တချိန်လုံး ရွှေ့ပြောင်းနေခဲ့ရသည်။ ရန်သူကို အာရုံလွှဲနိုင်ရန် မြေမြှုပ်မိုင်းများ၊ ရှေ့ထွက်မိုင်းများ အသုံးပြုခဲ့ကြရသည်။

ထိုင်းနိုင်ငံ ဖုပ်ဖရ (Phop Phra) ခရိုင်အတွင်း ဖြစ်ပွါးနေသော တိုက်ပွဲမှာ ထိုင်းမြန်မာနယ်စပ် မြောက်ပိုင်း တလျှောက် လွန်ခဲ့သောနှစ် ဇွန်လ ၃ဝ ရက်နေ့ကတဲက ဘတပြန် ကျားတပြန် ဖြစ်နေခဲ့သည်။

လွန်ခဲ့သော အပတ်ကမူ မြန်မာအစိုးရ တပ်ဖွဲ့များက တပ်ရင်း ၁ဝ၃ ၏ အခြေခံစခန်းကို သိမ်းပိုက်မိခဲ့ပြီး၊ ဖျက်ဆီးပစ်ခဲ့သည်။ ဤစခန်းသည် နေရောင်ခြည် စွမ်းအင်သုံးမီးများ၊ ငါးကန်များ၊ အလွန်ကြီးသော စပါးကျီနှင့် အနီးအနား ရွာ ၂ ရွာမှ လူပေါင်း ၈ဝဝ ခန့်ကို ဆေးဝါး ကုသပေးနေခဲ့သော ဆေးခန်းတို့ဖြင့် အကြီးအကျယ် တည်ဆောက်ထားခြင်း ဖြစ်သည်။

KNLA သည် လွန်ခဲ့သော နှစ်ကတည်းက ဤစခန်းကို ဆုံးရှုံးလိုက်၊ ပြန်အရယူလိုက်ဖြစ်နေခဲ့ပြီး ယခုအခါမှာမူ ပြန်ရ နိုင်စရာ မရှိတော့ပါ။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် အဓိကကျသော အဖွဲ့အချို့ အနက်မှ တခုဖြစ်ပြီး (KNLA) သည် ဤအဖွဲ့၏ လက်နက်ကိုင်တပ် ဖြစ်သည်။

တပ်မှူး ဗိုလ်မှူးကြီး နဒါးမြ က သူတို့၏ အခြေခံစခန်းကို ဆုံးရှုံးခဲ့ပြီး၊ ယခုအခါ သူ့တပ်ဖွဲ့ဝင်များသည် မြောက်ဘက်ရှိ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို ကာကွယ်ရန် ပြန်လည်စုဖွဲ့ နေရာယူမှုများ ပြုလုပ်လျက် ရှိသည်ဟု ပြောသည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံရပ်ခြားက ရွှေ့ပြောင်း ၀င်ရောက်လာသူများအပေါ် ငွေညှစ်ပြီး လူကုန်ကူးအုပ်စုနှင့် ဆက်စပ် လုပ်ကိုင်နေသည်ဟု မလေးရှားနိုင်ငံရှိ အစိုးရ အရာရှိတွေ အစွပ်စွဲခံရသည့် ကိစ္စအား ဟုတ်၊ မဟုတ်ဆိုသည်ကို အမေရိကန် အထက်လွှတ်တော်က စုံစမ်း စစ်ဆေးနေသည်။
( အာအက်ဖ်အေ မှ ကောက်နှုတ် )

*****
မန္တလေး-မုံရွာ ပဲခွဲစက်များ ရပ်ဆိုင်းထားရ
မင်းနိုင်သူ/ ၁၆ ဇန်န၀ါရီ ၂၀၀၉

ပြည်ပအထွက်မရှိခြင်း၊ ပြည်တွင်းဝယ်လိုအား ကျဆင်းနေခြင်းတို့ကြောင့် မန္တလေးနှင့် မုံရွာ စက်မှုဇုန်များရှိ ပဲခွဲစက်များ ရပ်ဆိုင်းထားရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မန္တလေးတွင် ပဲခွဲစက် (၅၀) ကျော်နှင့် မုံရွာတွင်(၂၂) စက်ရှိပြီး အများစုမှာ ပြီးခဲ့သည့် (၆) လခန့်မှ စတင်ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်း

မြန်မာနိုင်ငံမှ သံဃာတော်များ ဦးဆောင်ခဲ့သော ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြခဲ့သည့် အကြောင်းကို ပြည်တွင်းရှိ DVB သတင်းထောက်၏ ရိုက်ကူးထားသည့် Burma VJ အမည်ရှိ မှတ်တမ်း ရုပ်ရှင်ကို နာမည်ကြီး HBO ရုပ်မြင်သံကြားလိုင်းက ၀ယ်ယူ ပြသမည် ဖြစ်သည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက်)
*****

သန်လျင်က ဖွားချစ်မယ် (၁၁၅) နှစ်ပြည့်ပြီ

NEJ/ ၁၆ ဇန်န၀ါရီ ၂၀၀၉

သန်လျင်မြို့ ခဲမဖြူ သတ္တုသန့် စင် စက်ရုံဝင်းနေ ဖွားချစ်မယ်သည် အသက် (၁၁၅) နှစ် ပြည့်သွားပြီ ဖြစ်သည်။ မကြာ ခင်က မွေးနေ့ပွဲ ကျင်းပခဲ့သည်။ ဖွားချစ်မယ်သည် ပုသိမ်ကြီးမြို့နယ် ကံကြီးရွာဇာတိ ဖြစ်သည်။ သံလျင်မြို့ ခဲမဖြူသတ္တုသန့်စင် စက်ရုံ ၀န်ထမ်းတဦးက မိခင်အဖြစ် မွေးစားထားသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
လွန်ခဲ့သော ဇန်န၀ါရီ ၁၂ ရက်၊ တနင်္လာနေ့တွင် ရှေ့နေ ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခွင့် ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
( အာအကဖ်အေ သတင်းမှ ကောက်နှုတ် )
*****
ရွှေဝါရောင် သံဃာတော် တပါးအား ထောင်ဝင်စာ တွေ့ခွင့်မရ

မင်္ဂလာတောင်ညွှန်မြို့နယ် ရွှေကျောင်းတိုက်က သံဃာတော် ဦးသုတဥာဏသည် ၂၀၀၇ စင်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ အဖမ်းခံရပြီး ၂၀၀၈ အောက်တိုဘာတွင် ထောင်ဒဏ် ၅ နှစ် ချမှတ် ခံရသည်။ ပြီးနောက် နိုဝင်ဘာလမှာ စစ်အစိုးရက ဦးဇင်းအား ရာသီဥတုဆိုးဝါးလှသော ကျိုင်းတုံထောင်သို့ ပြောင်းရွေ့ခဲ့ပါသည်။ ယခုလ ၉ ရက်နေ့၊ ရန်ကုန်မှတဆင့် သွားရောက် ထောင်ဝင်စာတွေ့ရန် ကြိုးစားခဲ့သည့် မယ်တော် ဒေါ်သိန်းကြည်ကို တွေ့ခွင့်မပေးသည့်အပြင် ထောင်ဝန်ထမ်းများက ရိုင်းရိုင်းပြပြ ပြောဆိုဆက်ဆံခြင်း ခံရသည်။
( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ် )
***** ***** *****

ဇန်န၀ါရီလ ၁၂ ရက်
တတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ဖျက်သိမ်းပစ်ရန် ခက်ခဲနေသော အိုဘားမား

သမ္မတလောင်း အိုဘားမားက ကျူဘားကျွန်းစုအတွင်ရှိ Guantanano ကျွန်တွင် ရှိသော စစ်သုံပန်းစခန်းကို ပိတ်ရန် ခက်ခဲနေကြောင်း အမေရိကန်တီဗွီသတင်းဋ္ဌာနတခုနှင့် အင်တာဗျူးတွင် ပြောဆိုလိုက်သည်။ သမ္မတလောင်း ရွေးကောက်ပွဲတုန်းက အိုဘားမားသည် “ အကယ်၍ သူဟာ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဆိုလျှင် ၎င်းအကျဉ်းစခန်းအား အမြန်ဆုံး ပိတ်ပစ်လိမ့်မည်” ဟု ပြောဆိုခဲ့သည်။

“ ထိုကိစ္စဟာ သူ တွေးတာထက် များစွာ ခက်ခဲ့မှု ရှိသည်ကို ပြည်သူတွေ သိမှာပါ” ဟု ABC သတင်းတွင် ပြောဆိုခဲ့သည်။
( ၁၁. ၁. ၀၉ သတင်း)
*****
ဆီးရီးယားဖက်က တိုက်ခိုက်ခံရ

အစ္စရေးစစ်တပ်က “ တပ်ဖွဲ့ငယ်များသည် ဆီးရီးယားနိုင်ငံ ဂိုလန်ကုန်းမှ သူတို့အား စိပ်ဝင်တိုက်ခိုက် နေသည်” ဟု ပြောဆိုလိုက်သည်။ ထိုနယ်စပ်ဒေသမှာ ၎င်းတို့ တပ်ဖွဲ့များအား ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံရသည်ဟု အစ္စရေး ထောက်ပံရေးတပ်၏ ပြောခွင့်ရက ပြောဆိုသည်။
အစ္စရေးစစ်တပ်က ဂါဇာအတွင်း ထိုးစစ်ဆင်နေသည်ကို ဟားမတ်စ်က အာရပ်ကမ္ဘာအား လှုံဆော် နှိုးဆွနေသည် ဟု ပြောဆိုသည်။
*****
ကိုစတာရီတာ ငလျင် အသေအပျောက်

ပြီးခဲ့သော ရက်သတ္တပတ် ကြာသပတေးနေ့က ကိုစတာရီတာနိုင်ငံတွင် ၆.၁ စကေး ရှိ၊ ငလျင်ကြီး လှုပ်ခတ်သွားပါသည်။ ယနေ့မှ သေအပျောက်စာရင်း ထုတ်ပြန်နိုင်ခဲ့သည်။ လူပေါင်း ၁၉ ယောက် သေဆုံးခဲ့ပြီး၊ ၈၅ ယောက် ပျောက်ဆုံးလျက် ရှိကြောင်း သတင်းရရှိပါသည်။
*****

ရွှေကမ္ဘာ့လုံး အကယ်ဒမီ ဆု ၂၀၀၈ ( Golden Globe Festival 2008 )

http://galleri.tv2.dk/index.php/category-Nyhederne/id-19757093/page-1.html


( ၁ ) Drama ဆု Slumdog Millionaire
( ၂ ) Comedy ဆု Vicky Cristina Barcelona
( ၃ ) ဒါရိုက်တာဆု Danny Boyle (Slumdog Millionaire)
( ၄ ) Drama အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု Mickey Rourke (The Wrestler)
( ၅ ) Drama အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု Kate Winslet (Revolutionary Road)
( ၆ ) Comedy အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု Colin Farrell (In Bruges)
( ၇ ) Comedy အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု Sally Hawkins (Happy-Go-Lucky)
( ၈ ) အကောင်းဆုံး အမျိုးသား ဇာတ်ရံဆု Heath Ledger (Batman)
( ၉ ) အကောင်းဆုံး အမျိုးသမီး ဇာတ်ရံဆု Kate Winslet (The Reader)
( ၁၀ ) အကောင်းဆုံး နိုင်ငံခြားဘာသာစကား ဇာတ်ကားဆု Waltz with Bashir
( ၁၁ ) အကောင်းဆုံး ရုပ်ရှင်သီချင်းဆု A.R. Rahman (Slumdog Millionaire)
*****

၉၀၀ ကျော် သေဆုံးနေ

အစ္စရေးတို့၏ ဂါဇာထိုးစစ်ကြောင့် ယနေ့အထိ လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ဆရာဝန် သတင်းရပ်ကွက်က ရရှိပါသည်။ ပါလက်စတိုင်း ကယ်ဆယ်ရေး အကြီးအကဲ အဆိုရ ၂ ပတ်မြောက် ထိုးစစ်အတွင်း လူပေါင်း ၉၀၅ ဦး သေဆုံးခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် ၃၉၅၂ ယောက် ဒဏ်ရာရရှိပြီး သေဆုံးသူများထဲတွင် ကလေး ၂၇၇ ယောက် ပါဝင်သည်။ အစ္စရေးတို့၏ စစ်ရေး ရည်မှန်းချက်က ဟားမတ်စတို့ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် ဟားမတ်စ်တို့ ၏ ဒုံးကျည်နှင့်မော်တာများ အစ္စရေးနိုင်ငံအတွင်း ပစ်ခတ်မှုများ ရပ်ဆိုင်းစေရန် ဖြစ်သည်။ အစ္စရေး ၀န်ကြီးချုပ် အီဟွတ် အိုမတ်က သူတို့၏ စစ်ရေး ရည်မှန်းချက် ပြီးမြောက်တော့မည်ဟု မနေ့က ပြောဆိုလိုက်သည်။
*****
Guantanamo အကျဉ်းစခန်းအား အိုဘားမားက ပိတ်ပစ်ရန် စောင့်ဆိုင်းနေသည်ဟု AP သတင်းက ပြောဆိုသည်။ အိမ်ဖြူတော်သို့ ရောက်သည့်အချိန် သူ၏ ပထမတာဝန်က ၎င်း စခန်းအား ပိတ်ပစ်ရန် ဖြစ်သည်ဟု ဆိုခဲ့သည်။ လွန်ခဲ့သည့် အပတ်က ထိုစခန်းအား ပိတ်ပစ်ရန် ခက်ခဲကြောင်း ပြောဆိုခဲ့သေးသည်။ အကျဉ်းစခန်းတွင် တာလီဘန် အစွန်းရောက်များနှင့် အယ်ခိုင်ဒါ အကြမ်းဖက်သမားများ ၂၅၀ကို ထိန်းသိမ်းထားသည်။

*****
အသက် ၇၄ နှစ်အရွယ် ပြင်သစ် ရုပ်ရှင်ထုတ်လုပ်ရေး ဒါရိုက်တာ Claude Berri ယနေ့ သေဆုံးခဲ့သည်။ သူ၏ "Kilden i Provence" နှင့်"Manon og Kilden" ရုပ်ရှင် ဇာတ်ကားများသည် နိုင်ငံတကာ ရုပ်ရှင် လောကတွင် အောင်မြင်ခဲ့သည်။ သူသည် ၁၉၈၈ ခုနှစ်၊ ကင်းဆက် ( Cannes ) ရုပ်ရှင်ပွဲတော် အကဲအခတ်ဒိုင်လူကြီးတယောက် ဖြစ်ခဲ့သည်
*****

ဇန်န၀ါရီလ ၁၃ ရက်
တတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

တားမြစ်ထားသည့် ခရီးစဉ်ကို အိုဘားမား ပြန်ဖွင့်စေလို

ဆီးနိတ်အမတ် ဟီဟာရီ ကလင်တန်က “ ပိတ်ပင်ထားသည့် ကျူးဘာနိုင်ငံသို့ အမေရိကန်နိုင်ငံသားများ ခရီးထွက်ခွင့်ကို ရုတ်သိမ်းစေလိုကြောင်း အိုဘားမားက ဆန္ဒရှိနေသည်” ဟု ပြောကြားလိုက်သည်။
*****
ဂျော်ဒန်နီုင်ငံဖက်က တိုက်ခိုက်

ဂျော်ဒန် အစ္စရေး နယ်စပ်တွင် ဂျော်ဒန်ဖက်ကနေေ အစ္စရေး နယ်ခြားကင်းလှည်တပ်ဖွဲ့ကို ပစ်ခတ်ခြင်း ခံရခဲ့သည်။ ၎င်းပစ်ခတ်မှုသည် ဂျော်ဒန်စစ်တပ်က မဟုတ်ကြောင်း ဂျော်ဒန်ဖက်က ငြင်းဆိုခဲ့သည်။
အမည်မသိ သေနတ်သမားများ ဂျော်ဒန် အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဂျော်ဒန်နယ်ခြားကနေ ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။
အကြမ်းဖက်သမားများ၏ မည်သည့် ပစ်ခတ်မှု တစုံတရာ နယ်ခြားတွင် မတွေ့ရှိခဲ့ကြောင်းနှင့် ဒါဟာ သက်သေမရှိသည့် သတင်းတခုသာ ဖြစ်ကြောင်း ဂျော်ဒန်ဖက်က ပြောဆိုခဲ့သည်။
*****
ဂါဇာအရေး မကြေနပ်သဖြင့် ဗုံးခွဲ

ပြင်သစ်နိုင်ငံ ပါရီမြို့တော် မြောက်ဖက်ရှိ ဂျူး ဘုရားရှိခိုးကျောင်းအား ဗုံးခွဲတိုက်ခိုက်ခြင်း ခံရသည်။ ဗုံးကွဲမှု နှစ်ကြိမ် ဖြစ်ခဲ့သည်ဟု သိရသည်။ ထိခိုက် ဒဏ်ရာ မရှိ ဟု ပြင်သစ်ပုလိပ်ဋ္ဌာနက ပြောဆိုခဲ့သည်။
*****
ဆိုမားလီးယား ဓမြ လှုပ်ရှား

နိုင်ဂျီးရီးယားနိုင်ငံမှ ထွက်ခွာလာသော နော်ဝေး ပင်လယ်ကူးသင်္ဘော ဗိုက်ကင်း ဖိုကာဒို အမည်ရှိသည့် သင်္ဘောတစင်းသည် ဆိုမားလီးယား ပင်လယ်ဓမြတို့၏ တိုက်ခိုက်ခြင်းကို ၁၃ရက် နံနက်တွင် ခံရသည်။
*****
ဇန်န၀ါရီလ ၁၄ ရက်
တတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ထောက်ပံရေး မြေအောက်လမ်းကြောင်းများကို တိုက်ခိုက်

အစ္စရေး အထူးတိုက်ခိုက်ရေးတပ်ဖွဲ့များက ပါလက်စတိုင်းတို့၏ ထောက်ပို့လမ်းကြောင်းတခုဖြစ်သော လမ်းကြောင်းများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ စစ်ပစ္စည်းများ တရားမ၀င် ၀င်ရောက်လာနိုင်ချေရှိသည့် အီဂျစ်နှင့် ဂါဇာကို ဆက်သွယ်ထားသော လမ်းကြောင်းအတွင်း မြေအောက်လမ်းကြောင်းကို ဖျက်ဆီးတိုက်ခိုက်ခဲ့သည်။
*****
လက်ဘနွန် တိုက်ခိုက်မှုကို အစ္စရေးတို့ တုန့်ပြန်တိုက်ခိုက်

တောင်ဖက် လက်ဘနွန်နိုင်ငံဖက်ကနေ အစ္စရေးနိုင်ငံ မြောက်ပိုင်းဒေသအတွင်းသို့ အနည်းဆုံး ဒုံးကျည် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခံရသည်ဟု အစ္စရေး ပြောရေးဆိုခွင့်ရှိသူ ပြောဆိုသည်ကို AFP ပြင်သစ် အခြေစိုက် သတင်တခုက အတည်ပြု ပြောဆိုလိုက်သည်။ အစ္စရေးတို့ဖက်ကလည်း ပစ်ခတ်ခံရပြီးနောက် ချက်ချင်း ပြန်လှည်တိုက်ခိုက်ခဲ့သဖြင့် လက်ဘနွန်တောင်ဖက် ခါရက် ရှမိုနာမြို့ အနီးသို့ ကျည်ဆံများ ကျရောက်သည်ဟု သိရပါသည်။
ဟက်စကိုလာ တိုက်ခိုက်ရေးသမားများသည် အစ္စရေးတို့အား ၂၀၀၆ ခုနှစ်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အစ္စရေးတိုက ယခု ဂါဇာ ထိုးစစ်အတွင်း စစ်ဆင်ရေးများ ဆင်နွဲနေသည့် တချိန်တည်း လက်ဘနွန်နယ်စပ်တွင် ဝေဟင်မှ ဒုံးကျည်တိုက်ခိုက်သည်ကို ထောက်လှမ်းသည့် အရေးပေါ် ဗုံးလှန့်သတိပေးသော ကရိယာများ တတ်ဆင်ထားခဲ့သည်။
အခင်းဖြစ်ပွားပြီး မကြာမှီတွင် လက်ဘနွန်အစိုးရက အစ္စရေးတို့အား တောင်းပန်လိုက်သည်ဟု သိရသည်။ ထိုပစ်ခတ်မှုအတွင် အကျအဆုံးမရှိပါဟု သိရသည်။
*****
အစ္စရေးထိုးစစ်အား ဘင်လာဒင်၏ ထုတ်ပြန်ကျေညာချက်

အယ်လခိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်က ဂါဇာတွင် ဖြစ်ပွားနေသည့် အစ္စရေး ဟားမတ်စ်တို့၏ စစ်ပွဲသည် မြင့်မြတ်သော ဘာသာရေးစစ်ပွဲတခုအသွင်အဖြစ် အသံဖမ်းတိတ်ခွေနှင့် ပြောဆိုလိုက်သည်။
၁၉ ရက်မြောက် အစ္စရေးထိုးစစ်အတွင်း ပါလက်စတိုင်းလူမျိုး ၁၀၀၀ ဦး၊ သေဆုံးခဲ့ပါသည်။ ထိုတိတ်ခွေက ကွဲပြားခြားနားသော မွတ်စလင် ၀စ်ဆိုက်များတွင် နေ့စွဲနှင့် မွတ်စလင်တို့၏ အမှတ်တံဆိပ်ဖြစ်သော လခြမ်းပုံများဖြင့် ဖေါ်ပြသည်ကို ဗြိတိသျှ သတင်းတခုက ရရှိပါသည်။
ယခုအခါ သေသလား ရှင်သလား မသိရသော ဘင်လာဒင်သည် မည်သည့်နေရာတွင် နေထိုင်နေသည်ကို မည်သူမှ မသိနိုင်၊ သမ္မတ ဘုရှ်စကားအရဆိုလျှင် ဘင်လာဒင်သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ် တောင်ကျောတနေရာ၌ ပုံးအောင်းနေသည်ဟု သိရသည်။
*****
ဆိုမားလီးယား ဓမြ လှုပ်ရှားမှု

ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီ Mærsk ပိုင် သင်္ဘောတစင်း ဆိုမားလီးယား ပင်လယ်ဓမြတို့၏ ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းခံရသည်။ Nedlloyd Barentsz အမည်ရသော သင်္ဘောသည် ယီမင်ပင်လယ်အတွင်း ခုတ်မောင်းနေစဉ် ပင်လယ်ဓမြများက စပိဘုတ်ဖြင့် စီးနင်းပြီး ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်၊ သို့သော် အထိအခိုက် မရှိကြောင်း ပြောဆိုခဲ့ပါသည်။
*****
ငြိမ်းချမ်းရေး လမ်းပေါ်ရောက်လုနေသော ဂါဇာ အရေးအခင်း

အီဂျစ်တို့ ကမကတ ပြုလုပ်သော အစ္စရေး ဂါဇာအကြား စေ့စပ်ရေးအတွက် ဟားမတ်စ်သည် လက်ခံနိုင်ရန် အဆင်အသင့်ရှိသည်ဟု သိရသည်။ ဟားမတ်စ်တို့ တောင်းဆိုသည်က ဂါဇာနယ်စပ်များအား ဆင်းရဲသော ပါလက်စတိုင်းလူမျိုးများအတွက် လွတ်လပ်စွာ ကုန်သွယ်နိုင်ရေးကို အစ္စရေးတို့က ဖွင့်ပေးရန် အဓိက ပါဝင်သည်ဟု သိရသည်။
*****
ဇန်န၀ါရီလ ၁၅ ရက်
တတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ဆူနာမီ သတိပေးချက်

အင်အား ၇.၁ ရစ်ခ်ျတာ စကေး ရှိသော အလွန်ပြင်းထန်သော ငလျင်တခု ရှရှား အရှေ့မြောက်ဖက်၊ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုကျွန်း၏ မြောက်ဖက်၊ Kuril ကျွန်းစုတွင် ဗဟိုပြု လှုပ်ခတ်သွားသည်ဟု အမေရိကန် ဘူမိတိုင်းထွာရေးစခန်းက ပြောဆိုသည်။
*****
ဟားမတ်စ်အဖွဲ့က တနှစ်အတွင်း ငြိမ်းချမ်းရေး အစိအစဉ်ကို လက်ခံနိုင်သည်ဟု အီဂျစ်နိုင်ငံအား ပြောဆိုလိုက်သည်။
*****
ဇန်န၀ါရီလ ၁၆ ရက်
တတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

အဲယား ဘတ်စ် တစီး မြစ်အတွင်း ထိုးကျ

ခရီးသည် ၁၅၀ စီးနင်းလိုက်ပါလာသည့် အမေရိကန်လေကြောင်းပိုင် အဲယားဘတ်စ် ၃၂၀ တစီး ဟွတ် Hudsonမြစ်အတွင်းသို့ ထိုးကျသွားသည်။ပျံသန်းနေစဉ် ငှက်အုပ်စုကြောင့် စက်အင်ဂျင် နှစ်လုံး ပျက်စီးသွားသည်။ အသေအပျောက်များ မရှိပါဟု သိရသည်။
လေယာဉ်တွင် စီးနင်းလိုက်ပါလာသူ ဂျက်ဖ် ကိုလွတ်ဒ်ဂျေက “ ပေါက်ကွဲအသံတခုကြားရပြီးနောက် စက်အင်ဂျင်တလုံး မီးလောင်နေသည်ကို တွေ့ခဲ့ရသည်” ဟု ပြောဆိုသည်။

http://galleri.tv2.dk/index.php/category-Nyhederne/id-19841080/page-10.html

http://galleri.tv2.dk/index.php/category-Nyhederne/id-19844554/page-8.html


*****
ဟားမတ်စ် ခေါင်းဆောင်တယောက် သေဆုံး

အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်အဖွဲ့ ပြည်ထဲရေး ၀န်ကြီးတယောက် သေဆုံးသွားသည်ဟု သိရသည်။
*****
ဗင်နီဇွဲလား ရွေးကောက်ပွဲ

ဖေဖေါ်ဝါရီလ ၁၅ရက်တွင် မဲဆန္ဒရှင်များ ဆန္ဒခံယူပွဲကို ဗင်နီဇွဲလားနိုင်ငံတွင် ပြုလုပ်မည်။ သမ္မတ ဟူဂို ချာဗက်ဇ်အား အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲ တခု ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံကို အနည်းဆုံး ၁၀နှစ်ကျော်လောက် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးများကို သူ့လက်ထက်၌ ဖွံ့ဖြိုးတိုးတက်ရန် ပြုလုပ်ချင်သည်က သူ့၏ လိုအပ်ချက်တခုဟု ပြောဆိုသွားသည်၊ ဆိုလိုသည်မှာ ယခု ရွေးကောက်ပွဲတွင် ဆက်လက်ပြီး အနိုင်ရလိမ့်မည် ထင်မြင်နေသည်။ သို့ရာတွင် ဝေဖန်ရေးသမားများ ပြောဆိုသည်က “ ချဲာဗက်ဇ်သည် ကျူးဘားအတွေးအခေါ်ကို ဗင်နီဇွဲလားနိုင်ငံအား ပုံတူ သွတ်သွင်းနေသည်ဟု ဝေဖန်ခဲ့သည်။”
http://en.wikipedia.org/wiki/Hugo_Ch%C3%A1vez
*****
ကမ္ဘာ့ တန်ဖိုးနည်းဆုံး ပိုက်ဆံရွက်

၁၀၀.၀၀၀ ဘီလီယံ ငွေစက္ကူရွှက် အသစ်၊ ဇင်ဘာဘွေနိုင်ငံတွင် မနေ့က ထုတ်ဝေလိုက်သည်။ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်လောက်သာ ရှိသည်။
*****
ကမ္ဘာ့ စီးပွားရေး ဂယက် ရိုက်ခတ်

လစ်သိုနီးယားနိုင်ငံ Vilnius မြို့တော်တွင် ကမ္ဘာ့စီးပွားရေး ဂယက်ကြောင့် လူမှုရေးမညီမျှမှုများအတွက် မကြေနပ်ဖြစ်ပြီး ဆန္ဒပြသည်ဟု သိရသည်။ လုံထိန်းများနှင့် ရုန်းရင်းဆံခတ် ဖြစ်ပွားပြီး ဆန္ဒပြသူများက လမ်းခင်းကျောက်တုံးများ၊ ပုလင်းအခွံများဖြင့် ပစ်ပေါက်သည်။ မြို့တော် ပါလီမာန် အဆောက်အဦးနှင့် အနည်းငယ် အကွာအဝေးရှိသော နေရာတွင် လူစုဝေးပြီး ဆန္ဒပြကြသည် ဟု သိရသည်။ လစ်သိုနီးယားနိုင်ငံသည် ယခင် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်လာခဲ့သည့် နိုင်ငံ ဖြစ်သည်။
http://en.wikipedia.org/wiki/Lithuania
*****
သတင်းဓါတ်ပုံများ


http://galleri.tv2.dk/index.php/category-Nyhederne/id-19854209/page-1.html
လျှပ်တပြက် အကောင်းဆုံး ဂျော့ဘုရှ် ဓါတ်ပုံများ

http://galleri.tv2.dk/index.php/category-Nyhederne/id-19826778/page-1.html
Made in china 2008 ဓါတ်ပုံများ

http://galleri.tv2.dk/index.php/category-Nyhederne/id-19865856/page-1.html
အမေရိကန် ခရီးသည်တင် လေယာဉ် Airbus 320

http://galleri.tv2.dk/index.php/category-Nyhederne/id-19869779/page-2.html
ဒီန်းမတ်စစ်သားများ ဖွင့်ဟသော ကိုဆိုဗို အရေးအခင်း ဓါတ်ပုံများ
*****
ဇန်န၀ါရီလ ၁၇ ရက်
တတိယအပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

အာဖဂန် အသေခံ ဗုံးခွဲတိုက်ခိုက်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူး ရှိ ဂျာမဏီ သံရုံးကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုအတွင်း သေဆုံးပြီး အာဖဂန် ၃ ယောက် သေဆုံးခဲ့သည်၊ ထိုသံရုံးနှင့် ကပ်လျက်ရှိသော အမေရိကန် အခြေခံစစ်စခန်းတခုရှိသဖြင့် အမေရိကန်စစ်သား ၂ ယောက်လည်း သေဆုံးသွားခဲ့ပြီး အမေရိကန် စစ်သား ၁၂ ယောက်နှင့် မြို့နေ လူထု အနည်းငယ် ဒဏ်ရာ ရရှိသည်ဟု အာဖဂန် ပြည်ထဲရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက AFP ကို ပြောဆိုခဲ့သည်။
စစ်သုံးတင့်ကားနှင့် စစ်အထွေထွေသုံး မော်တော်ကားများသည် ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးလောင် ပျက်စီးခဲ့ပါသည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-19864721/page-2.html
*****
အစိမ်းရောင် စွမ်းအင် အသုံးပြုမည့် အစီအစဉ် ရှိသော သမ္မတ စီးမည့်ကား

အလေးအချိန် ၅ တန် ရှိ၍၊ ၃ ကီလိုမီတာလျှင် ဓါတ်ဆီ ၁ လီတာ အသုံးပြုသော သမ္မတအသစ် ဖြစ်လာမည့် အိုဘားမားအတွက် Cadillac limousine အမျိုးအစား ဇိမ်ခံကား၊

*****
ကုလ စာသင်ကျောင်းကို အစ္စရေးက တိုက်ခိုက်

မြောက်ဖက် ဂါဇာအတွင်း Beit Lahiya မြို့ရှိ ကုလသမဂ္ဂကျောင်းကို အစ္စရေး တင့်ကား အမြောက်များဖြင့် စနေနေ့တွင် ပစ်ခတ်တိုက်ခိုက်သဖြင့် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ယောက် ဒဏ်ရာ ရှိသွားခဲ့သည်ဟု
ပါလက်စတိုင်း ဒုက္ခဆိုင်ရာရုံး ( UNRWA ) ၏ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုသည်။ ဒီဇင်ဘာ ၂၇ ရက်မှ စတင်ခဲ့သော အစ္စရေးတို့၏ ထိုးစစ်အတွင်း ပါလက်စတိုင်း လူဦးရေ ၁၁၅၀ ကျော်၊ သေဆုံးခဲ့ပြီး ၅၁၀၀ ဦး၊ ဒဏ်ရာ ရှိနေသည်။ အစ္စရေးတို့ဖက်က စစ်သား ၁၀ ဦးနှင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့သည်။
ပါလက်စတိုင်းလူမျိုး ၄၅၀၀၀ ဦး၊ ဂါဇာအတွင်း ကုလကျောင်းများတွင် ခိုလှုံနေထိုင်လျက်ရှိသည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-19865568/page-2.html
*****
၁၆ ယောက်မြောက်၊ သမ္မတ လင်ကွန်းကို အားကျနေသော အိုဘားမား

လာမည့်အပတ် အင်္ဂါနေ့တွင် ၄၄ ယောက်မြောက်၊ သမ္မတအဖြစ်လာမည့် အိုဘာမားသည် ထောင်ပေါင်းများစွာသော ပြည်သူများ အရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်သည်။ ထို့ကျမ်းသစ္စာ ကျိန်ဆိုပွဲ မပြုလုပ်မှီ အိုဘာမားသည် Philadelphia မြီု့မှ ၀ါရှင်တန်သို့ ခရီးရှည် ရထား စီးပြီးမှ သမ္မတအဖြစ် ကျမ်းကျိန်ဆိုမည်ဟု သိရသည်။ ၁၈၆၁ ခုနှစ်က ဤကဲ့သို့ လင်ကွန်းက ရထားခရီးစဉ်ပြုပြီး ကျမ်းဆိုပွဲ တက်ခဲ့ဖူးသည်။ ၎င်းသည် သမ္မတ လင်ကွန်းအကြောင်းကို အကြိမ်ပေါင်းများစွာ ဖွင့်ဟခဲ့ပြီး သူ့ဘ၀မှာ လင်ကွန်း၏ လွမ်းမိုးခြင်း ခံရသည်ဟု ပြောသည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-19874026/page-4.html
*****

နိုင်ငံတကာသတင်းများကို TV2.dk မှ ယူထားသည်။

No comments: