ဒွိဟ
အမျိုးသား ပြန်လှည် သင့်မြတ်ရေးသည် တိုင်းပြည်အတွက်
အလွန်ကောင်းမွန်သော်လည်း ဒေသအတွင်း ချိန်ခွင်လျှာညှိဖို့အတွက်
နိုင်ငံခြားရေးမူဝါဒ၏ စစ်မှန်သည့် အဖြေတခု မဟုတ်...
ဦးသန်းရွှေ၏
ဒေသအတွင်း ချိန်ခွင်လျှာ ထိန်းညှိဖို့အတွက် တာတို တာလတ်ပစ် ဒုံးကျည်များ၊
ညူကလီးယား ပိုင်ဆိုင်ရေး စီမံကိန်းကို လက်ခံတယ်။ သို့သော် တရားမ၀င်တဲ့
နည်းလမ်းတွေနဲ့ ၀ိုးတ၀ါး ဖြတ်သန်းနေရတယ်။ တိုင်းပြည် ဘဏ္ဍာလဲ
ဖြုန်းတီးမှုဖြစ်၊ လက်ဝယ် ပိုင်ဆိုင်လာရင်လည်း ကမ္ဘာ့အသိုင်းအ၀ိုင်းနှင့်
ငြင်းပွားဖွယ်ရာဖြင့် ကြုံတွေ့လာရမည် ဖြစ်၏။ ( အီရန်ကို ရှု့ )
ဖြစ်သင့်တာကတော့ ဤလက်နက်ပိုင်ဆိုင်မှုကို တရားဝင် လမ်းကြောင်းက ယူသင့်တယ်။
ခန့်မသင့်ရင် အလကားတောင် ရနိုင်တယ်။ ဒါလဲ မိတ်ဆွေ ပီသဖို့ လိုအပ်တယ်လို့
ထင်၏။ ဒါကြောင့် လိုလိုလားလား လက်ကမ်းနေသူကို ပုတ်ထုတ် မသင့်ပါ၊
မိုးရွာတုန်း ရေခံသင့်...
ပထန် ( ပါကစ္စတန် ) တွေမှာ ဘယ်လို ပိုင်ဆိုင်ခဲ့သလဲ အနေအထားကို လေ့လာသင့်တယ်။
ဘင်လာဒင် ကိစ္စနှင့် ဆက်ဆံရေး ကျဲသွားတောင်မှ အီရတ်လို့ ရန်ရှာ မခံရဘူးလေ။
သူ့မှာ အစွယ်ရှိနေလို့ပေါ့။ တခုတော့ရှိတယ်၊ မိတ်ဆွေဖွဲ့တယ်ဆိုတာ
သစ္စာရှိဖို့လိုအပ်တယ်။ မလိုတမျိုး လိုတမျိုး လုပ်ရင်တော့ မိတ်ပျက်တာပေါ့..
ယခု ရရှိနေတဲ့ အကျိုးစီးပွား ဆုံးရှုံးခဲ့ရတဲ့ အဖြစ်...
နောက်တခုက
ဆာဒမ်ဟူစိန်လို မပေါင်းချင်သလိုလို ပေါင်းချင်သလိုလို မလုပ်တာ
အကောင်းဆုံးပါ။ ကိုယ့်မှာ အစွယ်မရှိပဲနှင့် သူများ လိုက်ဟောင်တော့ ကိုယ်ပဲ
အကျိုးယှတ်တာပေါ့...
အခု ဟီလာရီ ကလင်တန် လာခဲ့တာ တရုတ်ပြည်
ကွန်မြူနစ်က အကောင်းမြင်တာပဲ ဆိုဆို၊ သူတို့မှာ ရာဇ၀င်အရ ထမင်းလုံး တစ္တေ
ခြောက်ခံနေရတယ်။ အကြောင်းကတော့ ဗြိတိသျှတွေ တပြည်လုံးကို သိမ်းပိုက်ခဲ့တဲ့
သော့ချက်တခု ( အားလုံးမဟုတ် )က မြန်မာပြည်၊ အထူးသဖြင့် ရှမ်းပြည်ဒေသ၊ ဒါဟာ
ဘိန်းစစ်ပွဲ ဖြစ်တယ်။ လူမျိုးတစုလုံးကို ဘိန်းအလကားကျွေးပြီး
အညွန့်တုန်းအောင် လုပ်ပြီးမှ အဖက်ဖက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကို
ခေတ်သစ် တရုတ် ကွန်မြူနစ်တွေ မေ့လောက်စရာ မရှိသေးပါ။ ဒါကြောင့် တရုတ်
ကွန်မြူနစ်ကို လိုလားတဲ့သူတွေ ကြားနေရေးမူဝါဒကို လက်ခံနေတယ်လို့ ယေဘုယျ
ကောက်ချက်ဆွဲလို့ရတယ်...
အမေရိကန်နဲ့ အီးယူအတွက် အဓိက ပြသာနာက
ဘိန်းလမ်းကြောင်းဟာ သူတို့ဆီပဲ ဈေးကွက်ဖြစ်နေတာကို မနှက်သက်ဘူး။ ဒါကို
ထိန်းချုပ်ဖို့အတွက် မြန်မာအစိုးရအနေနှင့် တိတိကျကျ ပူးပေါင်းသင့်တယ်။
လူပိန်းစကားနဲ့ ပြောရရင် ဘိန်းပေးပြီး လက်နက်ယူပေါ့၊ ကြိုဆိုလိုက်စမ်းပါ..
ထိုင်းလေတပ်နှင့် ဘင်္ဂလီ ရေတပ်လောက်တော့ အိပ်မက်ထဲတောင်
မက်စရာမလိုတော့ဘူးလေ...
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား
ရှိသည် မူကို ချမှတ်ပြီး ဦးသန်းရွှေတို့ လိုက်နေတဲ့ လမ်းကြောင်းကို
ကြည့်ပါ။ ရုရှားနဲ့ ပေါင်းတယ် မပိုမစို့ ပညာလေးပဲ ရ၊ ထမင်းငတ်နေတဲ့
မြောက်ကိုးရီးယားဆီက ဆန်ပေး လက်နက်ယူ လုပ်နေတာ ( သဘောကို ပြောတာပါ..
ပိုက်ဆံလဲ ပေးရမှာပါ့ ) တိုင်းပြည်မှာ ဘာရှိမှန်းတောင် မသိ၊ တာတို
ဒုံးကျည်တခု ပိုင်သလိုလို ဖြစ်လာတာနဲ့ ထိုင်းက ဒီ့ထက်သာတဲ့ဟာတွေ
အကုန်ထုတ်ပြလိုက်တယ်။ နောက်ပြီး ထိုင်းနိုင်ငံ၏ F 16 တွေကို
ယှဉ်ပြိုင်ချင်လို့ တရုတ်နှင့် ရုရှားကနေ တင်သွင်းတယ်။ တလောတုန်းကဆို
ပျံသန်းလေ့ကျင့်ရင်းနဲ့ ပျက်ကျ သေခဲ့ပြီး အရည်အချင်းရှိတဲ့ တပ်မတော်သားများ
ဆုံးရှုံးခဲ့ရတာ ဘယ်လောက် နမျောဖို့ကောင်းသလဲ၊ ကြည့်ပါလား သူတို့ရဲ့
စေတနာ...
စစ်အစိုးရ တက်လာပြီး နောက်ပိုင်း လက်နက်ပိုင်ဆိုင်ရန်
သွားခဲ့တဲ့အချိန် အတောအတွင်း ဘာမှလဲ လက်ဆုပ် လက်ကိုင် မပြနိုင်၊
ပတ်ဝန်းကျင် တိုင်းပြည်ကလဲ လူမလေး ခွေးမခန့် ပုံစံ ဖြစ်နေ၏။ နောက်ဆုံးတော့
အခု အစိုးရအသစ်အတွက် တိုင်းပြည် ဘဏ္ဍာ လိုငွေ ပြနေဆဲ...
ဖြတ်သန်းလာခဲ့တဲ့ အနှစ် ၆၀အတွင်း မြန်မာပြည်၏ ကြားနေရေးမူဟာ အဖက်ဖက်က နိပ်ကျမှုတွေနဲ့ ဖြတ်သန်းနေရဆဲ... ဒါကြောင့် တခုခုကို ဆုံးဖြတ်ရန် လိုအပ်နေတယ်လို့ ထင်ပါတယ်။ တိုင်းပြည်၏ ကောင်းကျိုးအတွက်ဆိုရင် ပေါင်းသင့်တဲ့သူကို ဆက်ဆံပြီး မိမိအကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်နိုင်မှ တော်ယုံကြပါမည်။ အမေရိကန်နောက်မှီးဆွဲဆိုတဲ့စကားလုံးဟာ ရာဇ၀င်ထဲမှာ ထားရစ်ပါ။ တိုင်းပြည်၏ ပညာတတ်များလည်း အမေရိကန် နောက်မှီးဆွဲထားသော နိုင်ငံများတွင် မတန်မရာ အသက်မွေးနေရတယ် မဟုတ်လား။ စနစ်၊ ခေတ်ရဲ့ သားကောင် ဖြစ်ခဲ့ရပြီး ဆင်းရဲခဲ့ရတဲ့ မိမိတို့ တိုင်းပြည်အတွက် အတိတ်က အမှား၊ အဆိုးများကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ဖြစ်သင့်တာကိုပဲ လုပ်သင့်ကြောင်း တင်ပြတယ်... ခင်ဗျား
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...
No comments:
Post a Comment