Monday, September 19, 2011

အကျိုးရလဒ်




ဥပဒေ ၅ ( ခ ) အရ လုပ်ပိုင်ခွင့်ကာလ အနှစ် ( ၅၀ ) နှင့် BOT ကာလ ပြီးဆုံးအချိန်တွင် စက်ရုံက အခမဲ့ လွဲပြောင်းခွင့် ရှိပါတယ် ( ဦးကြီးစိုး )



မြန်မာဖက်မှ ရရှိမည့် အမေရိကန် ဒေါ်လာ( ၁၇.၆၇ ) သန်းထောင်၊ တရုတ်ဖက်မှ ရရှိမည့် အမေရိကန် ဒေါ်လာ ( ၁၁.၆၇ ) သန်းထောင်၊ ကွာဟချက် အကျိုးက မြန်မာဖက် အမေရိကန် ဒေါ်လာ ( ၆ ) သန်းထောင် ရရှိမှာလို့ ဆိုပါတယ်။


အနှစ် ( ၅၀ ) ကြာပြီးသကာလ ပျက်စီး ယိုယွင်းတတ်သည့် သဘောတရားအရ ထိုရေကာတာ၏ ဆိုးကျိုးများကို ပြုပြင်ထိန်းထိမ်းရမည့် တာဝန်က မျိုးဆက်သစ်အပေါ်သို့ ပုံချခဲ့သလို ဖြစ်နေ၏။ အလွန့်လွန် အန္တာရယ်များလှသော ဆိုးကျိုးများ ဖြစ်သည်ဟု သတိချပ်သင့်။


မြန်မာဖက်က ရရှိလာမဲ့ အကျိုးအမြတ် စုစုပေါင်း အမေရိကန် ဒေါ်လာ ( ၂၃.၆၇ ) သန်းထောင်ပေါင်းနှင့် ဧရာဝတီမြစ်အတွင်း မှီတင်းနေထိုင်လာမည့် နောက်လာ နောင်သားများ၏ တန်းဖိုး၊ ထိုအကျိုးရလဒ် တွက်ချက်ပြီး မည့်သည့်အရာက တန်ဖိုး ရှိသနည်း ? ..



အနှစ် ငါးဆယ်လွန်သော် ဤဆည်ကြီးကို ပြုပြင်ရန် တန်ဖိုး၊ မြစ်ကြောင်း သဘာဝထိန်းသိမ်း ရမည့် တန်ဖိုးနှင့် မှီတင်းနေထိုင်ကြသော လူသားများ၏ ထွက်ရှိလာမည့် ကုန်ထုတ်တန်ဖိုးများကို အခုအစိုးရအဖွဲ့အနေဖြင့် သေသေချာချာ စဉ်းစားဖို့ လိုလိမ့်မည်။


တရုတ်နိုင်ငံကလည်း ဧရာဝတီဆိုတဲ့ ငါ့တို့ ရာဇ၀င်ထဲက သတိုးသမီး၏ အပျိုရည် ပျက်သည်အထိ ခြေတော်တင်သည့် အထာဖြင့် စိတ်လိုကိုယ်ရ စားသုံးအပြီး ထားရစ်မှာ သေချာသည်။


တိုင်းပြည်ကို ချစ်လှပါတယ်ဆိုသော ခေါင်းဆောင်များဟာ မိမိတိုင်းပြည်၏ အနာဂါတ် နှစ်ပေါင်း ၁၀၀ သို့ စဉ်းစားတွေးခေါ်တတ်မှသာ တိုင်းပြုပြည်ပြု ခေါင်းဆောင်ကောင်းရယ်လို့ အသိအမှတ်ပြု ရလိမ့်မည်။ သို့တည်းမဟုတ်လျှင်.....



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

( မှတ်ချက်။ ။ ဓါတ်ပုံကို Travel Pros နှင့် marinesciencetoday.com မှ ယူသုံးသည် )

No comments: