Friday, January 30, 2009

တလအတွင်း သတင်းများအပေါ် သုံးသပ်ချက်

*
**
***



ကမ္ဘာကြီးဟာ နာစေးပြီး ၂၀၀၉ ခုနှစ်ကို အင်အားကုန်ခမ်း မောပန်းစွာဖြင့် ဖြတ်သန်း ၀င်ရောက်လာခဲ့တယ်။ လူတချို့ဆိုရင် နှစ်သစ် အခါသမယ၌ ကောင်းသော နှစ်သစ် ဖြစ်ပါစေပဲ ဆုတောင်းနိုင်ပါတော့၏။ ကျွဲနှစ် မျောက်နှစ် ခွေးနှစ် နွားနှစ်… တွေက ခဏ အသာလေးထားလိုက်ပါ။ သေချာတာက ကမ္ဘာကြီး ဖျားနာသွားပြီ၊ ၂၀၀၈ ခုနှစ်က ပြသာနာ အရင်းအမြစ်တွေနှင့် ၂၀၀၉ ခုနှစ် ဖြတ်သန်းရတော့မယ်။ ပြသာနာတွေရဲ့ အကြီးမားဆုံး နောက်ဆက်တွဲကတော့ ကမ္ဘာ့ ငွေကြေး အရှုပ်တော်ပုံပါပဲ၊ အရင်တိုင်း အနေအထားတခုကို ပြန်ရအောင် ရေတို စီမံချက်များနှင့်တော့ ပြည်စုံ ကုံလုံနိုင်မှာ မဟုတ်နိုင်၊ ပညာရှင်တွေ ခန့်မှန်းတာ အလွန်ဆုံး ၂ နှစ်တဲ့၊ ခန့်မှန်းသလို ဖြစ်လာရင် အကောင်းသား၊ အရာဝတ္တု တခုဟာ အရှိန်နှင့် ကျလျှင် ထိုအရှိန်ကို တန့်အောက် လုပ်ဖို့က အချိန်ကာလတခု ယူရသလို၊ တန့်သွားတဲ့ အရှိန်ကို ပြန်တက်အောင် လုပ်ရန်အတွက် ကာလတခုကို အချိန်များစွာ ယူရမယ်လေ၊ လူလ အမြင်တော့ ၁း ၄ ပါပဲ၊ ကာလတခုက ကျသွားတဲ့အချိန်က တနှစ် ဖြစ်မယ်ဆိုရင် တန့်အောင် လုပ်တဲ့ ကာလက ၂ နှစ်၊ အရင်တိုင်း ပြန်ရရန်က ၂ နှစ်ကို ဆိုလိုတာပါ၊ ဗမာ့ ရာဇ၀င်မှာ အရှင်အဇ္ဇဂေါဏလို ဖိုအောင်ပြီး ရွှေးမိုးငွေမိုးတွေ ရွာချနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပေါ်ရင်တော့ ကမ္ဘာ့ စီးပွားရေးဟာ နလံ ထူလာနိုင်မှာပါ၊ ဒီရာဇ၀င်မျိုးက ဗမာပဲ ယုံတယ်လေ၊

အိုဘားမားကို ကမ္ဘာ့သူ ကမ္ဘာသားများကို မျှော်လင့်ခဲ့တယ်။ ဟုတ်တယ်.. မျှော်လင့်ရုံလေးပါပဲ၊ ကမ္ဘာကြီးက စစ်ပွဲတွေ ပြီးပြတ်နိုင်မလား အတွေးတွေဖြင့်ပေါ့၊ ဘုရှ်အစိုးရ၏ နိုင်ငံခြားရေးဝါဒကို မကြိုက်လို့လဲ ဖြစ်နိုင်တယ်။ အမေရိကန်ပြည်တွင်းမှာလဲ အလုပ်အကိုင် အသစ်တွေ ဖန်တီးပေးမယ်၊ အစိမ်းရောင် စွမ်းအင်ကို အသုံးပြုမယ်တဲ့၊ အလုပ်အကိုင်အသစ်တွေကို ဘယ်လို ပုံဆောင်မလဲတော့မသိ၊ အိုဘားမားက ကမ္ဘာ့အခင်းအကျင်းမှာ ရေနံဟာ ပါဝါဖြစ်နေတာကို မလိုတာတော့ သေချာတယ်။ တချို့ ရေနံရောင်းတဲ့နိုင်ငံတွေက အမေရိကန်ရဲ့ စကားကို သိပ်နားထောင်တာ မဟုတ်၊ ရေနံကို အမေရိကန်က အမှီအခို ကင်းအောင်လုပ်မယ်။ ရေနံရောင်းပြီး ပိုက်ဆံ ချမ်းသာတယ်၊ ဒီတော့ သူ့တို့စကားကို နားမထောင်တဲ့နိုင်ငံတွေနှင့် ပဋိပက္ခများက ဆက်ရှိနေဦးမှာပါ။ ကျမ်းကျိန်တဲ့ မိန့်ခွန်းမှာ ကွန်မြူနစ်ဆိုပြီး စကားတလုံးပါသွားတာနဲ့ နဂါးကြီးက မျက်စောင်းထိုးနေပြီ၊ တရုတ် အမေရိကန် ဆက်ဆံရေးဟာ ဂျော့ဘုရှ်လက်ထက်ကလို ပြန်ဖြစ်နိုင်ဦးမလား၊ ဘုရှ်အထာက ရှင်းရှင်းလေးပါ၊ သူ့အစိုးရ နိုင်ငံခြားရေး မူဝါဒမှာ ရန်သူဝိုင်းနေတယ်၊ တရုတ်ကို စစ်မျက်နှာ မဖွင့်ချင်ဘူး၊ တရုတ်ကို စီးပွာရေး အခွင့်အရေးများ ပေးတယ်။ သဘောကတော့ “ ၀ ငြိမ်ငြိမ်နေ၊ ငါ ဂွင် ထွင်ပေးမယ် ” ဆိုပြီး ပုခုံးဖက်လိုက်တာပဲ၊ ဒါကို တရုတ်က အရှိန်တွေ လွန်ပြီး ကလေးကစားစရာတို့၊ စားသောက်ကုန်တို့မှာ မဟုတ်တရုတ်တွေ ထည့်၊ ဈေးကွက် ပျက်သွားပြန်၊ လူတွေလဲ သေတဲ့သူက သေ၊ နာတဲ့လူက နာ၊ သေဒဏ်မိတဲ့သူနှင့် ရှုပ်နေတာပဲ၊ အိုဘားမားက တရုတ်ကို ခန့်တန်းတန်းပဲ ဆက်ဆံမဲ့ပုံရတယ်။ ဂွာတာနာမို အကျဉ်းစခန်း ပိတ်တာကို နိုင်ငံတကာက ကြိုဆိုဗေမဲ့ ဒီအကျဉ်းသားများကို ဘယ်နိုင်ငံက လက်ခံမှာလဲ၊ တော်တော် ကြပ်ရိုက်တဲ့ ပြသာနာတခု၊ နိုင်ငံတကာအတွက်လည်း ဗြဟ္မာ ဦးခေါင်းလို ဖြစ်နေပြီ၊ အီရန်အပေါ် သဘောထားကတော့ မပြောင်းလဲနိုင် ပြသာနာတွေကတော့ ဆက်ရှိနိုင်တဲ့ အနေအထားတခုပါ၊ မြန်မာအတွက်တော့ အရမ်း မမျှော်လင့် မရဲပါဘူး၊ လေသံပစ်တဲ့ ဒီပရိုမေစီပဲ လာမှာပါ၊ ထူးထူးခြားခြား ရှိနိုင်မယ်လို့ မထင်၏။ ဒါတွေဟာ သူနိုင်ငံခြားရေး ၀ါဒကိုတော့ အကြမ်းအားဖြင့် သိနိုင်တယ်။ ဘာပြောပြော သူသမ္မတအဖြစ် ကျမ်းကျိန်ပွဲမှာ အိုဘားမား နားဆွဲ၊ လော့ကစ်၊ တခြား ဟာတွေ အတော်များများက made in chine တဲ့၊ အရမ်း ရောင်းအားကောင်းခဲ့တယ် ဆိုပဲ၊ တရုတ်တွေ လောလောဆယ်မှာ အမြတ် ထွက်သွားတာပေါ့၊ တရုတ်တွေက မြင်တတ်တယ် စီးပွားကွက်တွေ၊ ဘယ်တုန်းက ကြိုထုတ်ထားသလဲမသိ။
*****
ကမ္ဘာသားတွေက မီးရှုး မီးပန်းတွေနှင့် နှစ်သစ်ကို ကြိုဆို ပျော်မြူးတဲ့အချိန်မှာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် ဘုရားသခင်ပေးတဲ့ မီးရှုးပန်းတွေနှင့် ကြုံလိုက်ရတယ်။ နေမကောင်း ဖြစ်နေတဲ့ ကမ္ဘာ့ရဲ့ နှစ်သစ်ဟာ စစ်ပွဲနှင့် အစပြုလိုက်ရတယ်လို့ ဆိုရမှာပါ။ ဒါလဲ ပုလိပ် အရာရှိ( အမေရိကန် သမတ ) အပြောင်းအလဲ စပ်ကူးမတ်ကူးမှာ ခင်းလိုက်တဲ့ အခင်းအကျင်းတခုပါပဲ၊ ပါလက်စတိုင်း ဂါဇာအရေးက ကမ္ဘာပျက် သွားတိုင်အောင် ဆက်ရှိနေမဲ့ ပဋိပက္ခတခုပါ။ အမှားအမှန်ကို ဘယ်သူမှ ထောက်ပြနိုင်ဘူး။ ပါလက်စတိုင်း လိုလားတဲ့သူတွေ ထောက်ပြတာ ကုလသမဂ္ဂ မူလသတ်မှတ်ထားတဲ့ နယ်မြေနှင့် အခု လက်ရှိ ဖြစ်တည်နေသော နယ်မြေကို နှိုင်းယှဉ်ပြခဲ့တယ်။ ကုလ ဆုံးဖြတ်ချက်နှင့် အစ္စရေးနိုင်ငံ ထူထောင်ဖို့ နေရာသတ်မှတ် ပေးလိုက်တဲ့အချိန်မှာ အစ္စရေးတို့ရဲ့  နေရာလေး ပိုင်ဆိုင်တာက နည်းနည်းလေးရယ်ပါ။ ဒါကို အာရပ်ကမ္ဘာက မကြေမနပ်ဖြစ်ပြီး ရဟူဒီတွေကို ပင်လယ်ထဲ မောင်းချမယ် ကြေးကြော်ပြီး စစ်ပွဲကို စတင် ဖန်တီးတယ်။ ဒီအချိန်မှာ ဘဲအုပ်က တရာ၊ မဗေဒါက တယောက်ထဲ ဖြစ်နေတဲ့ အစ္စရေးကို လူသားချင်းစာနာတဲ့၊ သူတို့ကို အားပေးနေတဲ့ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုက ကူညီခဲ့တယ်လေ။ ဆိုတော့လဲ စစ်ပွဲဟာ ၆ ရက် စစ်ပွဲလို့ အမည်ရပြီး အစ္စရေးတို့ကပဲ အောင်မြင်ခဲ့တယ်။ အောင်မြင်သူအတွက် အကျိုးရလဒ်ကတော့ နယ်မြေ ချဲ့ထွင်ခွင့် ရခြင်းပဲ၊ အစ ပထမ ကုလက သတ်မှတ်ပေးထားတဲ့ နယ်မြေလေးဟာ တစစ ကြီးထွားခဲ့လာရတယ်။ စကားမစပ် “ ရဟူဒီတွေကို ပင်လယ်ထဲ မောင်းချမယ် ” စကားက သမိုင်းဝင် စကားတောင်မဟုတ်ဘူး၊ ကျမ်းဝင် သမိုင်းပါပဲ၊ သမ္မာကျမ်းအလာ သခင်ယေရှု့လား၊ မိုးဇက် လား သေခြာမသိ၊ ၎င်း အပေါင်းအပါတွေကို ရန်သူလိုက်လို့ ပြေးဖို့ နေရာမရှိဘူး၊ သစ္စာဆိုတာဖြစ်ဖြစ်၊ ဘုရားသခင်ဆီ ဆုတောင်းခဲ့တာ ဖြစ်ဖြစ်၊ ပင်လယ်ရေ မျက်နှာပြင်ကြီးက နှစ်ခြမ်း ဟက်တက်ကွဲရပြီး ၎င်းတို့နှင့် အပေါင်းအပါတွေ လွတ်မြောက်ခဲ့ရပါတယ်လို့ ကျမ်းက ဆိုလာတယ်။ ဒါကို ကမ္ဘာခရစ်ယာန် အသိုင်းအ၀ိုင်းက အစ္စရေးလူမျိုးတို့အတွက် မိအေးနှစ်ခါနာ မဖြစ်ခံနိုင်ဘူး၊ ကာကွယ်ပေးရတာပဲလေ။ နောက်ပြီး ဒုတိယ ကမ္ဘာစစ်မတိုင်ခင် ဂျူးလူမျိုးတွေ ဘယ်သို့သော ပဋိက္ခများနှင့် ဥရောပ တခွင့် ပြန့်နှံနေထိုင်ရသလဲ၊ ဒါလဲ မေးခွန်းတခု၊ ကျမ်းဂန်အလာ ဂျူးတွေရဲ့ မူရင်းဌာနေက အခု သူတို့နိုင်ငံ တည်ထောင်ထားသည့် နယ်မြေ ဖြစ်တယ်။ ဂျူးနှင့် ပါလက်စတိုင်း၊ ဂျူးနှင့် အာရပ်လူမျိုးများဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရှေးပဝေဏီကတည်းက အတူတူ နေထိုင်သူတွေ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းမနိုင်တဲ့ အချက်တချက်၊


ကမ္ဘာ့ပုလိပ်အရာရှိ ရွေးချယ်တဲ့အချိန်မှာ ဟားမစ်နှင့် အစွန်းရောက် အစ္စလာမ်အဖွဲ့တွေက ပျားအုံကို တုတ်နဲ့ သွားထိုးသလို ဖြစ်မစလောက်တဲ့ လက်လုပ် ဒုံးကျည်တွေနဲ့ သွားသွား ပစ်နေတာ၊ ပျားတုတ်ခံလိုက်ရပေါ့၊ မှုခင်းကို ရှင်းလင်းဖို့ ပုလိပ်မရှိဘူး၊ ဘယ်သူမှလဲ ကြားဝင် ဆုံးဖြတ်နိုင်တဲ့ အနေအထား ဖြစ်နေတယ်လေ။ တော်တော်ကို ဆိုးဝါးပါတယ်။ ပုလိပ်မရှိတော့ ကြံဖွတ်ဆိုတဲ့ ကုလက တောင်းပန်ရတဲ့ အဆင့်တောင် ဖြစ်သွားတယ်၊ ဒါကို နားမထောင်တော့ လုံထိန်း ( ပြင်သစ်)က ဟိန်းလိုက် ဟောက်လိုက် လုပ်ပြီး ၀င်ဟန့်ရတယ်၊ နောက်ဆုံးတော့ ဟားမတ်စ်နှင့် စစ်သွေးကြွတွေက တိုက်ပွဲ ဗျူဟာ ပြောင်းလဲလိုက်ပြီး စာသင်ကျောင်းတွေ ဘုရားကျောင်းတွေကို အကာအကွယ်ယူ တိုက်ခိုက်တယ်။ ကိုယ့်ကို တိုက်ခိုက်နေတဲ့ ရန်သူက စာသင်ကျောင်းမှာပဲ ရှိတာ ကျည်ဆံလာရာကိုပဲ တဖက်က ဆော်မှာပေါ့၊ ဒီတော့လဲ စာသင်ကျောင်းမှာ ခိုလှုံနေတဲ့ အပြစ်မဲ့ အရပ်သားတွေ ခံရတယ်။ ခံရတော့ မှတ်တမ်းတင် သတင်းတွေ တက်လာတယ်။ ဒီတော့မှ ကမ္ဘာ့အသိုင်းအ၀ိုင်းက လက်မခံနိုင်တော့ ဥရောပ သမဂ္ဂပဲ ၀င်ရောက် ဖြေဖြန့်ရသည်။ ဒါတောင် ငြိမ်းချမ်းရေးက ၀ိုးတ၀ါးပါပဲ။ ဒါဗေမဲ့ သေချာတာက ဒီပွဲဟာ ပါလက်စတိုင်းတို့ဟာ မီဒီယာဖြင့် အနိုင်ရခဲ့တယ်။ ဒီပြသာနာနှင့် ဥရောပနိုင်ငံတွေမှာ အင်တီ ပါလက်စတိုင်းတွေ အချုပ်ထဲ ရောက်သွားပြန်၊
*****
ကျွန်ုပ်တို့ အာရှတိုက်ဖက်ကို တချက် စောင်းကြည့်လိုက်တော့ မြွေနဂါးမျိုးက အစာကို တခါမျိုထားရင် တော်ရုံဖြင့် ဆာလောင်ခြင်း မရှိပါဘူး၊ ပြသာနာက ကျား၊ ကျားမျိုးက အစာကို များများ မစားနိုင်ဘူး၊ အစာကို နေ့တိုင်းလိုလို ရှာဖွေစားသောက်ရတဲ့ သတ္တ၀ါ ဖြစ်၏၊ စားကျက်မှာ အစာက ရှားပါးလာတော့ အာရှကျားတွေလဲ တစစနှင့် အစာမရှိတော့ ပိန်ချုံးသွားရတယ်၊ ဆိုတော့လဲ အာရှ ကျားစာရင်း မ၀င်တဲ့ နိုင်ငံကို ဦးဆောင်နေသော ၀န်ကြီးချုပ် သိန်းစိန်က မြန်မာနိုင်ငံက ကမ္ဘာ့ငွေကြေးဂယက်မှာ မပါဘူးလို့ ကြွေးကြော်တယ်။ ဒါလဲ မှန်တာပဲ မြန်မာငွေကြေးစနစ်က ကမ္ဘာ့ငွေကြေးစနစ်နှင့် တရားဝင် ဆက်သွယ်ထားတာမှ မရှိတာလေ။ နောက်ပြီး မြန်မာက ကမ္ဘာ့အပြင်ဖက် ရောက်နေတဲ့ နိုင်ငံဖြစ်တော့ ကမ္ဘာမှာ ဘာပဲဖြစ်ဖြစ် မခံရဘူးပေါ့၊ ဒါမှမဟုတ် ခံရများလို့ အရေထူသွားတဲ့ သဘောနဲ့ ပြောတာ ဖြစ်နိုင်တယ်။ စီးပွားကပ် ထိမထိတော့မသိ၊ ပဲ ကုန်သည်တွေ ပြသာနာတွေ ဖြစ်နေတာလေ။ ကမ္ဘာ့စီးပွားရေး ဂယက် မထိတာလဲ ဖြစ်နိုင်ပါတယ်၊ မြန်မာနိုင်ငံက စက်မှုလက်မှု ပို့ကုန်တွေ ထုတ်တဲ့နိုင်ငံမှမဟုတ်တာ ရေထွက် တောထွက်၊ မြေပေါ် မြေအောက် သယံဇတ ပစ္စည်း ပဲ ရောင်းစားတယ်ဆိုတော့ ရောင်းအား ကျဆင်းတာလောက်တော့ ခံရမယ်။ သေချာမှုတခုက ကျွန်ုပ် ကြည့်ဖြစ်နေတဲ့ ရင်ဘတ်တွေထဲက ဘလော့ဂါတွေ အနည်းနှင့်အများ ပျောက်သွားရတယ်။ ကျုပ်အတွက် သုတ နည်းရသွား၏။ ဒါလဲ ကမ္ဘာ့ငွေကြေး ဂယက်မှ လူလ ခံလိုက်ရတဲ့ အကြောင်းအရင်း တခု။
*****

မြန်မာ့ Hip hop လောကမှာ ဂျောက်ဂျောက် ဂျက်ဂျက် ပွက်လွတ်ရိုက်နေတာ ကြားလိုက်ရတယ်။ VIP အခွေတွက်ကတည်းက အင်တာနက်မှာ သူတို့အခွေ ထွက်စက နားထောင်ဖြစ်ပါတယ်။ ရုတ်တရက် နားထောင်တော့ .. ဟ လန်းလှချီလားပေါ့၊ ခိုက်သွားတယ်။ အိုး ဘာတဲ့.. မင့်တို့ပဲ တော်တယ် မင်းတို့ပဲ တတ်တယ် … အားလုံး ၀ိုင်းပယ်လိုက်လို့ ဘေးရောက်သွားပြီလား…လိုအပ်သည်များကို ညွန်ကြားသွားတယ် …. ပြောတတ်လိုက်တာ သူ့ပါးစပ်က ဆေးလိုက်တာက တောနဲ့… သူက တက်တူး ထိုးဦးမယ်တဲ့.. ဂွေပျောက်တဲ့ တရုတ်ကားထဲက ကုန်ကုန်းလို ဖြစ်သွားပြီလား…မင်းတို့ပဲ လန်းတယ်.. မင်းတို့ပဲ ဆန်းတယ်.. နောက်ဆုံးတော့ မင့်တို့ ဂွမ်းတယ်… မှားမှန်းသိလျက်နဲ့ လက်ခံ နားထောင်ပေးနေတာ အကုန် ငပေါပဲ… သူက ဘုရင် ဘယ်သူ့မှ မယှဉ်နဲ့ သူအိမ်မှာ…စင်ပေါ်အရင်တက်တော့ ဆရာဖြစ်တော့မှာလား.. မကြေနပ်ရင် ကြိုက်တဲ့ကောင်နဲ့ ရိုက်မယ်…ဒီမှာ ငါသား ငါဘုရား နေ့မအား ညမအား… ဆိုတဲ့ စာသားလေးက ကျုပ်ရင်ဘတ်ကို လှုပ်ခတ်သွားတာတော့ အမှန်ပဲ၊ အရင်ဘလောဂ် အဟောင်းမှာတောင် “ မင်းတို့ပဲ တော်တယ် ”သီချင်းကို တင်ထားသေးတယ်၊ နောက်တော့ ဘလောဂ် လာလည်သူတွေကို စော်ကားနေသလို ဖြစ်မယ်ဆိုပြီး ပြန်ဖြုတ်လိုက်ရတာပါ။ ဘာပဲဖြစ်ဖြစ်လေ သူတို့ ရင်ဘတ်ကို ဖေါက်ထွက်လာတဲ့ ဖန်တီးမှုကို လူတွေက လက်ခံလို့ အောင်မြင်မှုရတယ်လို့ မှတ်ယူရမယ်။ နောက်ပြီး အနုပညာ ခံစားမှုဟာ စိတ်ကူးယဉ်ပြီး ဖြစ်တည်တာနှင့် လက်ရှိအနေအထားကို ဖေါ်ကျူးတဲ့ ဖြစ်တည်မှု နှစ်မျိုးရှိပါတယ်။ ဂျောက်ဂျက်သီချင်းတွေက ရိုင်းဆန်ဗေမဲ့ ဒီခေတ်ကြီးမှာ ဒါတွေ ဖြစ်နေတာကို ခံစားပြီး ဖန်တီး ထုတ်ဖေါ်မှုပဲလို့ ထင်တယ်။ ဒါကို စားသုံးသူတွေက လိုရာဆွဲပြီး နီးစပ်ရာကို စောင်းမြောင်းဆိုတယ်ဆိုတော့ အမှန်အကန်တွေ နစ်နာသလို ဖြစ်သွားရတယ်။ ဖန်တီးမှုတခုဟာ လူအများ လက်မခံရင် ငပေါ ဖြစ်သွားရမှာပေါ့လေ၊ နောက်တချက်က ဒီအခွေကို အစကတည်းက စီစစ်ရေး ( ဆင်ဆာ )က ပိတ်ထားတာလား၊ ဒါက မေးခွန်း ဖြစ်လာတယ်၊ အခုလို ပြသာနာတွေ့မှ စီစစ်ရေးက ပြန်ပြီး ဖိအားပေးတယ်ဆိုတော့ .. ဒီမှာ ငါ့သား ငါငပေါ ဖြစ်နေပြီလို့ ပြောသရောင်ရောင် ဖြစ်ရပြန်၊ ဒါမဟုတ် စိတ်ဓါတ် စစ်ဆင်ရေးအရ ၂၀၁၀ ရွေးကောက်ပွဲကို အာရုံမရောက် အောင် ဂျောက်ဂျက်ကိုပဲ ထိုးကြွေးသလား။ စဉ်းစားတာပါ။ သီချင်းဆိုတာက ဘယ်သူရေးရေး ဘယ်သူဆိုဆိုပေါ့၊ နားထောင်တဲ့သူ၊ ဂီတကို မြတ်နိုးတဲ့သူတွေက လက်ခံလို့သာ လူတိုင်း ပါးစပ်ဖျား ရောက်တယ်လေ။ ဥပမာ။ ။ ခေတ်နှောင်း သီချင်းတပုဒ်ဖြစ်တဲ့ “ ခင်ပျို နှမရယ် ပင်ကိုယ်လှတယ် ” ရှိခဲ့တယ်။ ဒါကို လူတွေက ပင်ကိုယ်လှတယ်ကို စာသား ပြောင်းပြီး စောင်းမြောင်းဆိုခဲ့တာပဲ။ ထူးအိမ်သင်ရဲ့  “ ပန်းခင်းလမ်းထဲ လျှောက်ပါ ချစ်ကလေးရယ် ” ဗဒင်ရဲ့ “ တို့ကတော့ တို့ကတော့ ” ဆိုတဲ့ စာသားတွေက ကလေး လူကြီး ပျိုပျို အိုအို ငြီးဆိုနေတာပဲလေ၊ ကြိုက်လို့ ငြီးဆိုတာကို ပတ်ဝန်းကျင်က လက်မခံဖြစ်နေတော့လဲ တမျိုးပေါ့၊ သေချာတာကတော့ ဂါထာပေးရင် တေးလုပ်တဲ့ သူတွေလောက်တော့ မဆိုးပါဘူး၊ ဒီတေးသားဟာ အာဖရိကန်တို့ရဲ့ မူလ သီချင်းဖြစ်တယ်၊ သူတို့က ပွင့်လင်းတယ်လေ၊ ကလော်စရာရှိရင် ကလော်၊ ဆဲစရာရှိတာမှာပဲ၊ မြန်မာ့ Hip hop ပေါ်စ တချို့သော နားလည်သူတွေ Hip hop က ရိုင်းတတ်တယ်လို့ အရင်တုန်းက ထောက်ပြတဲ့သူတွေ ရှိတယ်၊ ဒါကို လူငယ် ရေစီးကြောင်းကို ဆည်ကန်သင်းနေတယ်လို့ ချေပတယ်၊ ဟုတ်တယ်လေ မူရင်း အာဖရိကန်တွေလဲ ဒီလိုပဲ ဆဲ ဆို နေတာ၊ သူတို့အလိုက်ကို ကွန်ပီလုပ်ရတယ်ဆိုတော့ ဒါတွေလဲ ပါလာမှာပါ။ အခုမှ လွန်လွန်းတယ် ဖြစ်သွားပြန်ရော… အစကတည်းက Hip hopကို မြန်မာ ဂီတ ရေစီးကြောင်းထဲ မ၀င်လာအောင် ထိန်းထားပါလား၊ ခေတ်ရေစီးကြောင်းဆိုတော့လဲ ထိန်းလို့လဲမရ၊ ဖြစ်တတ်တာတွေကတော့ အနည်းနှင့် အများ ခံရမယ်၊
*****

အတိုက်အခံ နိုင်ငံရေးဖက်ကို မျှော်ကြည့်လိုက်ရင်တော့ ညီညွတ်ရေး ဇာတ်ပွဲကတော့ အရင်တိုင်းပါပဲ၊ ဒီဗုံ ဒီဆိုင်းနှင့် ဆက်ပြီး “ က ” သွားဦးမယ် သဘောရှိတယ်၊ ပြသာနာက ပရိသာတ်က မကြိုက်ရင် မကြည့်ဘူးလေ၊ ဆိုတော့လဲ စစ်အစိုးရ ရဲ့  လမ်းပြမြေပုံ ဇာတ်လမ်းကိုပဲ ကြည့်ရလိုလို အခြေအနေက ပေးနေပြန်၊ လူလတော့ သေထိတိုင် မကြည့်ပါ ၊ တခု ထူးခြားလိုက်တာက စင်ပြိုင်အဖွဲ့ကို ဝေဖန်နေတဲ့သူတွေက ကိုယ်ပိုင် နာမည်မသုံးဘူးဆိုပြီး ကြာကူလီလုပ်တယ်လို့ ဆလိုင်းကိုကိုဦးက ပြောတယ်။ ဒါကို ကိုငြိမ်းချမ်းက ပြန်ထောက်လိုက်တာ ဗိုလ်ချုပ်တို့ ခေတ်ကို ရောက်သွားရော… ဒီလိုနဲ့ ဘတပြန် ကျားတပြန် ကလောင်တိုက်ပွဲ ဆင်နွဲနေတာ ဖတ်ရ မြင်ရ လိုက်တယ်။ သေချာတာက စာအသွားအလာကို ကြည့်ပြီး တယောက်နှင့် တယောက် သိနေသလိုလို ဖြစ်နေတယ်။ နိုင်ငံရေး ပြသာနာထက် ကျောင်းတော်က ရန်စတွေပဲလို့ တွေးစရာ ဖြစ်နေတယ်။ ပြသာနာ လိုရင်းကို မရှင်းနိုင်တော့ပဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် ပြီးသွားတယ်။ ထားလိုက်ပါတော့ တခု မေးစရာဖြစ်လာတယ်။ ဟုတ်ပြီ နာမည်ဝှက်တွေနဲ့ စင်ပြုင်အစိုးရအဖွဲ့ကို ဝေဖန်ရေး လုပ်နေတယ်၊ ဒီလို နာမည်ဝှက်တွေက ရေးလိုက်လို့၊ ဝေဖန်လိုက်လို့ အတိုက်ခံလောက အကွဲကွဲ ဖြစ်သွားတာပေါ့လေ၊ မဟုတ်ရလေ … NCGUBကို ဖိအားပေးပြီး ကွန်ပလိန်းတက်နေတဲ့ MPU အဖွဲ့နှင့် တခြား အတိုက်အခံအဖွဲ့များက နာမည်ဝှက်တွေ ရေးခဲ့လို့ လိုက်လုပ်နေသလို ဖြစ်နေပြန်ရော.. စဉ်းစားပါ.. ဒါဆို MPU နှင့် တခြား အတိုက်ခံတွေက ခေါင်းမရှိတဲ့ စဉ်းစားဥာဏ် မရှိတဲ့ သူတွေ ဖြစ်သွားမှာပေါ့နော်၊ ကျွန်တော်ပြောတာ ထိုသူတွေကို ပုတ်ခတ်နေတာ မဟုတ်ဘူး၊ လူလ တယောက် နိုင်ငံရေး ကြာကူလီ မဖြစ်ချင်လို့ ရှင်းပြနေတာပါ၊ အဘယ်သို့ အကြောင်းဖြစ်ဖြစ် ဟုတ်လို့ ကျော်၊ ပုတ်လို့ ပေါ် ဆိုသလို စင်ပြိုင်အဖွဲ့က ဟုတ်နေ ပုတ်နေပြီလေ၊ ဘယ်သူမှ ငြင်းမနိုင်ပါဘူး။ ဒါကို အပြောင်းအလဲ လိုတယ်လို့ လူတိုင်းက မြင်တယ်၊ မြင်တာကို ရေးတယ် ဒါပါပဲ၊ လူလလည်း ရေးဖူးခဲ့တယ်လေ၊ ဟုတ်နေတာကိုး.. ဒါဆို ကိုယ့် ဦးနှောက်ကို ကိုယ်ပဲ မုဒီန်းကျင့်ခံပြီး ငြိမ်နေရမှာပေါ့.. မှားလေစွ၊ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ဘောင်တခု အနေဖြင့် ဘလောဂ်လုပ်ပြီး အသုံးချနေတာပါ၊ အလွဲအသုံးစားမလုပ်ပါ၊ ဘာဖြစ်ဖြစ်လေ အခု အသစ်ဖွဲ့လိုက်ပြီ အင်အားတွေနှင့်ပေါ့၊ အိုင်ယာလန်နိုင်ငံမှာ လွတ်တော်အမတ်များ သွေးမြေကျပြီး ညီညွှတ်ရေးကို တည်ဆောက်ခဲ့ရတယ်လို့ ကြားလိုက်ရတယ်။ “ အိုင်ယာလန်မှာ စွန်းကျတဲ့သွေး” ပေါ့ဗျာ။ နောက်ပြီး ၀န်ကြီးဖြစ်ချင်လို့ အတွေးအခေါ်၊ ဆုံးဖြတ်ချက်၊ မူကို ရောင်းစားလိုက်တယ်ဆိုပဲ၊ အရင်တုန်းကတော့ ၅ ဦး ကော်မတီ၊ အခု ၃ ဦး တိုးလာတယ်ဆိုတော့ များများ လုပ်နိုင်မှာပေါ့။ စင်ပြိုင်အဖွဲ့မှာ ၄ နှစ် တကြိမ် ညီလာခံ လုပ်ပြီး ရွေးချယ် တင်မြောက်တယ်လို့ ကြားတယ်။ ဘယ်လောက်တော်တော် ဘယ်လောက် ကောင်းကောင်း သက်တမ်း ၂ ကြိမ်ပဲ ထမ်းဆောင်ခွင့်၊ အမေရိကန် အခြေခံဥပဒေလို လုပ်ကြည့်ပါလား၊ အလွန်ဆုံး ၈ နှစ်ပေါ့၊ အခုက အလုပ်လဲ မဖြစ် ၊ ရေသာကုန်ပြီး ပဲ မပြဲ ဖြစ်နေတယ်။ ကြာရင် အာဏာရှင်တိုက်ရင်းနဲ့ အာဏာရှင်စိတ် ၀င်လာမှာ စိုးလို့ ပြောတာပါ။
*****

နအဖရဲ့  လမ်းပြမြေပုံ ဇာတ်ကားက ကြမ်းမှကြမ်းဗျ၊ ထစ်ကနဲဆို ထောင်ထဲ ဆွဲထည့်၊ ဘီလူးဆိုင်းနှင့် က နေသလိုပါပဲ၊ မြန်မာရုပ်ရှင်ထဲက ဒမြတိုက်ခန်းတွေမှာ ပြောသလို “ လာမရှုပ်နှင့် မျိုးပြုတ်သွားမယ် ” လူကြမ်းတွေ စကား ဖြစ်နေသလား မသိ၊ သူ့တို့ ရဲ လမ်းပြမြေပုံက ရှင်းပါတယ်၊ ၈ လဲ လျှောက်သာ ၉ လဲ ချမ်းသာ၊ ၁၀ လဲ အေးစေ ပုံစံလေ၊ စစ်အုပ်ချုပ်ရေးကို လူတွေက ယဉ်ပါးနေပြီ၊ ယဉ်ပါးအောင်လဲ စနစ်တကျ လုပ်ခဲ့တယ်၊ပြီးတော့မှ စစ်အငွေ့များဖြင့် ယဉ်ပါးနေတဲ့ လူအသိုင်းအ၀ိုင်းတခုလုံးကို ရုတ်တရက် ပြောင်းလဲလို့ မရဘူးလို့ အကြောင်းပြတယ်။ တဆင့်ခြင်း သွားမယ် ပြောတယ်။ ဒီတော့ စစ်သားနှင့် လမ်းပြမြေပုံကို ကြိုက်တဲ့သူတွေ ၊ စစ်အုပ်ချုပ်ရေးနှင့် ယဉ်ပါးနေတဲ့သူတွေ ပေါင်းပြီး ရွေးကောက်ပွဲ လုပ်မယ်၊ မျှဝေ အုပ်ချုပ်မယ်၊ ဒီတော့လဲ မောင်စူးစမ်းလို စာရေးကောင်းတဲ့ သတင်းဆောင်းပါးသမားကို အခါတော်ပေး ပွဲထုတ်လာတယ်။ ထူးခြားတာတခုက စစ်အစိုးရ မီဒီယာတွေက မောင်စူးစမ်းအား ကွန်မြူနစ်ကြီးဆိုပြီး ပုတ်ခတ် မရေးသားဘူး၊ တခါက ကိုသားထူး ဘလောဂ်မှာ ရေးခဲ့သလိုပေါ့ အာမီကရေစီ ပါပဲ။ ဒီမိုအာမိစီပဲဆိုဆို အာမီကရေစီပဲ ပြောပြော ကြိုက်ရင်တော့ လက်ခံပါ၊ ပြည်သူ့ အဆုံးဖြတ်ပါပဲ၊ တခုတော့ ရှိတယ် ပြည်သူက ကြောက်လို့ ဖြစ်စေ၊ နိုင်ငံရေးကို စိတ်မ၀င်စားလို့ဖြစ်စေ၊ ရတာလေးပဲ ယူတော့မယ်ဆိုပြီး ကိုယ်ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ်အပါအ၀င် ကိုယ်မျိုးဆက်ပဲ အသီးအပွင့် ခံစားရမယ်၊ ဒီအသီးအပွင့်ဟာ ကောင်းရင်တော့ ပြည်သူစံပေါ့၊ မကောင်းရင်တော့ ခံရမယ်။
*****

အဆိုးဝါးဆုံး အမှုက လှေစီးပြေးတဲ့ သူတွေပါပဲ၊ မြန်မာနိုင်ငံအတွင်းက လူတော်များများက ရိုဟင်ဂျာကို တိုင်းရေးသား လို့ လက်မခံတဲ့ကြားထဲ လှေစီးပြေးတဲ့ ဒုက္ခသည် ရိုဟင်ဂျာတွေက သူတို့ လှုပ်ရှားပြီး မထွက်လာဘူး။ ဆွေတော် မျိုးတော်တွေဖြစ်တဲ့ ဘင်္ဂလားဒေရှ်လူမျိုးတွေတောင် အဆက်ပါ ခေါ်လာတယ်။ ဆိုတော့လဲ ထိုင်း၊ အင်ဒို မလေးရှား အစိုးရတွေက ဘယ်လက်ခံနိုင်မှာလဲ၊ မင်္ဂလာပါ လို့ နှုတ်ဆက်လိုက်ရင် ရှာလာမာလီးကွန်း ပြောပြောနေတော့လဲ ဘယ်ယုံမလဲ၊ လုပ်ဇာတ်ကို အဟုတ်လုပ်ချင်ရင် … ဆွေတော် မျိုးတော်တွေကို မင်္ဂလာပါ လို့ သင်ပေးလိုက်ပါဦး၊ ဘာပြောပြော နိုင်ငံတကာမှာလဲ ရိုဟင်ဂျာတွေ အတွက်က မျက်နှာပန်းမလှပါဘူး၊ လွန်ခဲ့တဲ့ နှစ်များကဆို မလေးရှားမှာ လုပ်ခဲ့တဲ လုပ်ရပ်တွေက အကြမ်းဖက်သမားဆန်ဆန် ဖြစ်သွားတယ်လေ။ ဒီတော့လဲ ဘယ်အစိုးရက စဉ်းစား လက်ခံနိုင်မှာလဲ၊ ဥရောပတွေမှာ အထူးသဖြင့် တောင်ပိုင်းနိုင်ငံတွေ ဖြစ်တဲ့ အီတလီ စပိန်တို့မှာ ဒီလိုပဲ လှေစီးပြေးဝင်နေတာ ကြာပြီ၊ ကြိုက်တဲ့သူလာ အကျဉ်းစခန်းတခု လုပ်ပြီး အားလုံး ပစ်ထည့်ထားလိုက်တယ်။ လှေစီးပြေးများကို နေထိုင်ခွင့် ပေးတာ သိပ်မစဉ်းစားဘူး၊ လှောင်ပိတ်ရတာ ကြာမြင့်လာတော့လဲ လူတွေ သည်းမခံနိုင်ဖြစ်လာပြီး နောက်ဆုံး ဆန္ဒတွေပြ လုပ်နေတယ်။ လွန်ခဲ့တဲ့ အပတ်မှာတောင် အီတလီ ထိန်းသိန်းရေး စခန်းတခုဖြစ်တဲ့ Lampedusa ကျွန်းပေါ် ထိန်းသိမ်းထားတဲ့ တရားမ၀င် ရောက်လာသူတွေ ၇၀၀ လောက် ဆန္ဒပြတယ်လို့ သိလိုက်ရတယ်။ ဒီလို အုပ်စုလိုက် လှေစီပြေးသူအတွက် ရောက်ရှိတဲ့နိုင်ငံတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်တာတော့ အမှန်ပဲ၊ ထိုင်းအစိုးရလဲ ကြိုတင်ရှင်းလင်းထားတဲ့ ပုံစံဖြစ်မယ်။ သွားပေတော့ဆိုပြီး ပုံပြင်ထဲက မျက်မမြင်ညီနောင်ကို အစာရေစာနှင့်အတူ ဧရာဝတီထဲ မျှောချလိုက်သလိုလေ၊ နောက်ပြီး ကိုယ်တို့နေတဲ့ နိုင်ငံရဲ့  မြို့တော်မှာပေါ့ မြန်မာတွေ လူသတ်မှု ဖြစ်တယ်တဲ့၊ စုံစမ်းလိုက်တော့ ဗမာစကားလဲ နားမလည်၊ အဆိုးဆုံးက မြန်မာ့အသိုင်းအ၀ိုင်းနှင့် လုံးဝ မနီးစပ်တဲ့သူတွေ၊ မသိတဲ့လူတွေ ဖြစ်နေတာလို့ မြို့တော်မှာ နေတဲ့ သူငယ်ချင်း တယောက်က ပြောပြတယ်၊ နောက်ဆုံးတော့လဲ ဒီနိုင်ငံသားတွေ စိတ်ထဲမှာ မြန်မာတွေ လူသတ်တတ်တယ်ဆိုပြီး ထင်သွားပြန်ရော။
လူအခွင့်အရေးအဖွဲ့တွေကလဲ လူသားချင်းစာနာလို့လား ဒါမှမဟုတ် ဂွေဖမ်းတာတော့မသိ၊ လှေစီးပြေးတွေအတွက် တကြော်ကြော် အော်ပေးနေတယ်။ နိုင်ငံခြား အဖွဲ့အစည်းတွေ အထူးသဖြင့် နိုင်ငံတကာ လူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့တွေက အော်တာတော့ ပြောစရာမလိုပါဘူး၊ သူတို့က ဒါနဲ့ပဲ လုပ်စားနေတယ်။ ပြောချင်တာကတော့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားနေတဲ့သူတွေ ဒီကိစ္စကို မဖွတာ အကောင်းဆုံးဖြစ်မယ် ထင်တယ်။ ဘာလိုလဲ မေးလာရင် သမိုင်းတရာခံ ဖြစ်သွားမှာ စိုးလို့လေ၊ ရိုဟင်ဂျာကို အရင်တုန်းက သိသလောက်ဆိုရင် မူဂျာဟစ်ဒင် လို့ခေါ်တယ်။ မူဂျာဟစ်ဆိုတာ ဘာသာရေးနှင့် ဆက်နွယ်ပြီး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတခုလို့ အခုထိ နိုင်ငံတကာက လက်ခံထားတုန်း၊ အယ်လ်ခိုင်တာထက် စောတဲ့ အစွန်းရောက်အဖွဲ့အစည်းတခု ဖြစ်တယ်။ ဒီလ ၂၇ ရက်နေ့မှ ဥရောပမှာ ဒီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ပေးလိုက်တယ်။ ဒါတောင် အီရန်နိုင်ငံကို တိုက်ခိုက်ချင်လို့ ဖျက်ပယ်ပေးလိုက်တဲ့ သဘော၊ မြန်မာ အရှေ့မြောက်ဖက်မှာ ရှိတဲ့ ရိုဟင်ဂျာတွေက ကမ္ဘာ့မူဂျာဟစ်အဖွဲ့ အထောက်အပံ အဆက်သွယ်ဖြင့် လွတ်လပ်ရေး ရကတည်းက စတင်တော်လှန်တဲ့ အဖွဲ့အစည်းများထဲမှ တဖွဲ့ဖြစ်တယ်။ မဖြစ်စလောက် လူအင်အားနှင့် အရင် အာဖဂန် မူဂျာဟစ်တွေနဲ့ အဆက်သွယ်ရှိခဲ့တယ်။ နှစ်နိုင်ငံအကြား ခွထိုင်ပြီး နယ်မြေတောင်းတယ်၊ အခု ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေသလိုပေါ့။ သူတို့ တောင်းတာတွေကို ဖဆပလ အစိုးရနှင့် အစိုးရ အဆက်ဆက်က လက်မခံဘူး၊ ဒါဟာ ပြည်ပနိုင်ငံတခု၊ အစွန်းရောက် ဘာသာရေးအဖွဲ့တခုက စွက်ဖက်တယ်ဆိုပြီး စစ်ရေးနှင့် နှိမ်နှင်းပစ်လိုက်တယ်။ အနီးဆုံး လူမျိုးဖြစ်တဲ့ ရခိုင်လူမျိုးကလဲ သူတို့ကို လက်မခံတဲ့အတွက် သူတို့ တော်လှန်ရေးဟာ အလျင်မြန်ပဲ ကျဆုံးသွားရတယ်။ ဒါဗေမဲ့ သူတို့ကတော့ မြန်မာ မူရင်းဌာနေ တိုင်းရင်းသားပဲလို့ အခုထိ သတ်မှတ်နေတုန်းပဲ၊ သေချာတာကတော့ မြန်မာလူမျိုးတွေအတွင်း ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် မြင်တာ နည်းတယ်။ အခုလည်းကြည့်ပါလား လှေစီးပြေးတယ်၊ ရောက်ရှိတဲ့နိုင်ငံတွေ ပြောတာကတော့ ဘင်္ဂလားဒေရှ်လူမျိုးတွေလဲ ပါတယ်ဆိုပဲ၊ ဆိုတော့လည်း ဘယ်လို ယုံစားရမှာလဲ၊ အခုလို ထိုင်း၊ မလေးရှားဖက်ကို ပြေးထွက်တယ်ဆိုတော့ ရိုဟင်ဂျာအတွက် ဘင်္ဂလားဒေရှ်နိုင်ငံမှာ ဒုက္ခသည်စခန်းတွေ မရှိဘူးလား၊ မဖြစ်နိုင်လောက်ပါဘူး ရခိုင်ဖက်က ထွက်ပြေးသွားတဲ့ အတိုက်ခံ နိုင်ငံရေးသမားတွေ ဒါကာမှာ အများကြီးပါ၊ ပြောနေတာက မြန်မာ့လူအခွင့်ရေးသမားတွေအတွက်ပါ ဂွင်ကောင်းတိုင်း ဂွေ ၀င်မဖမ်းပါနဲ့လို့ ပြောချင်လို့ပါ၊ အိုကေ UNHCR နှင့် တွေ့ပေးလိုက်ပြီဆိုပါတော့ သူတို့က မြန်မာအစိုးရက ဖိနှိပ်လို့ ထွက်ပြေးတာပါလို့ ပြောရင် မြန်မာ့ နိုင်ငံရေး ဒုက္ခသည် အလိုလို ဖြစ်သွားပြန်ရော။ ဘယ်ကလာပြီး ဘင်္ဂလားဒေရှ်တွေကို ဗမာအစိုးရက ဖိနှိပ်ရမှာလဲ။ ဆိုလိုနေတာက အခု လှေစီးပြေးထဲမှာ ဘင်္ဂလားလူမျိုးတွေ ပါနေလို့ပါပဲ။ အတိုက်အခံ လောကမှာလဲ ဒီပြသာနာကို အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးတာ အမှန်ပဲ။ တကယ်လိုများ အတိုက်ခံတွေက တိုင်းပြည်ကို ဦးဆောင်ရခဲ့ရင် ရိုဟင်ဂျာအတွက် ဘယ်လိုကိုင်တွယ်မလဲ၊ ဒါကို အခုကတည်းက ရှင်းရှင်းလင်းလင်း ရှိစေချင်တာပါ။ ထိုင်းနိုင်ငံအတွင်း ၀င်လာတဲ့ လှေစီးပြေးတွေကို ထိုင်းအစိုးရက အစာရေစာပေးပြီး လာတဲ့ လမ်းကို ပြန်ပို့တာလဲ သူတို့ နိုင်ငံလုံခြုံရေးအရပဲ။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အစွန်းရောက် လှုပ်ရှားနေတဲ့သူတွေနှင့် ဒီအုပ်စုတွေ ဆက်စပ်မိသွားရင် တော်တော်ဆိုးဝါးတဲ့ ပြသာနာတွေ ရင်ဆိုင်ရမယ်။ နောက်ဆုံးသတင်းရ လှေစီးပြေးများကို UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် တွေ့ခွင့်ရမယ်တဲ့၊ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲကို နောက်တလ သုံးသပ်ချက်မှာ ရေးဖြစ်မယ်။
*****


တိုင်းပြည်က ဆင်းရဲ၊ မုန်တိုင်းက ထန်ထန်၊ ငတ်ပြတ်တော့လဲ ရွေ့ပြောင်းအလုပ်သမားတွေ အကြောင်းမျိုးစုံဖြင့် နိုင်ငံရပ်ခြားမှာ ရှာဖွေရုန်းကန်နေရတယ်။ လက်ခံတဲ့တိုင်းပြည်များက စီးပွားရေး ပျက်ကပ်မှာ ပါခဲ့တယ်ဆိုတော့လဲ နောက်ဆုံးတော့ နိုင်ငံခြားသားတွေပဲ ပ ထုတ်ရမယ်။ တနည်းမဟုတ် တနည်း ထွက်သွားအောင် အမျိုးအမျိုး ညစ်ပတ်တဲ့နည်းတွေ အသုံးပြုမယ်၊ ခံနိုင်ရင် ခံ၊ မခံနိုင်ရင် ပြန်ပေါ့၊ ဦးသိန်းစိန်က အလုပ်ပေးမှာပါ မကြောက်ပါနဲ့၊ အနည်းဆုံးတော့ ကုသိုလ်ရ ၀မ်းလည်းဝ လမ်းဖောက် တံတားဆောက် အလုပ်တော့ သူတို့မှာ ရှိတယ်လေ၊ သူတို့က တိုင်းပြည် တိုးတက်ဖို့ထက် ယတြာချေသဘောနှင့် တံတားဆောက် လမ်းဖောက်တာလေ၊ ပေါမှပေါ… အလုပ်အကိုင်ကို ပြောတာ၊ နိပေါနိုင်ငံက ကွန်မြူနစ်တွေတောင် လိမ်မာသေးတယ်။ သူတို့နိုင်ငံသားတွေ မလေးရှားမှာ ပြသာနာဖြစ်နေတာကို အစိုးရကနေ ၀င်ရောက်ဖြေရှင်းပေးမယ်၊ တကယ်လို့များ တခြားနိုင်ငံများသို့ ပြောင်းရွေ့ အလုပ်လုပ်မယ်ဆိုရင် အလုပ်သမားဝန်ကြီးဋ္ဌာနက ကူညီပေးမယ်လို့ သတင်းမှာ ကြားလိုက်ရတယ်။ အထူးသဖြင့် သူတို့ နိုင်ငံသားတွေ ဂျပန်လို လခကောင်းတဲ့ နိုင်ငံသို့ ရောက်နိုင်အောင် ဆောင်ရွက်ပေးမယ်တဲ့။ ဦးသိန်းစိန်က ပြောလို့သာ ပြောပါတယ်။ အခု လောလောဆယ်မှာ မြန်မာပြည်အတွင်းကနေ နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားနေတဲ့သူတွေ အမြောက်အမြားရှိနေတယ်ဆိုတာ သူသိပါတယ်။ ပညာရေး စီးပွားရေး၊ လူနေမှု အစစ အရာရာ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ နိုင်ငံမှာ တိုးတက်ချင်တဲ့ လူငယ်တွေ ထိုးဖေါက်တွက်တာတော့ ဓမ္မတာပါပဲလေ၊ မှန်ကန်သော ထိုးဖောက်မှုများဖြင့် ဘ၀အလင်းရောင် လွှမ်းခြုံစေသောဝ်…

ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် လူလ၏ သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

( မှတ်ချက် ။ ။ ဓါတ်ပုံအား Yahoo amages မှ ရှာဖွေ အသုံးပြုထားသည်။ )

Sunday, January 25, 2009

သတင်း မှတ်စု ( ၄ )

တပတ်အတွင်း သတင်းမှတ်စု

ဇန်န၀ါရီလ ၁၉ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


နေပြည်တော်အနီး လိုဏ်ခေါင်းတူးရာ၌ ဒဏ်မခံနိုင်သူများ ထွက်ပြေး

နေပြည်တော်နှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့အကြားတွင် ဥမင်လိုဏ်ခေါင်း တူးနေပြီး အလုပ်သမားများကို လခအပြည့် မပေးသည့်အပြင် ဖိနှိပ်ခိုင်းစေမှုများကြောင့် ထွက်ပြေးလာသူများ ရှိသည်။ နေပြည်တော်တွင် အလုပ်ရမည်ဆို၍ အမှတ် ၃၊ ဆောက်လုပ်ရေးတပ် လက်အောက်ခံ ကန်တရိုက်များက နယ်မှာ လူဆင်းခေါ်ပြီး ပင်လောင်းဖက်ကို ခေါ်သွားသည်ဟု ၃လခန့် ကိုယ့်တွေ့ကြုံခဲ့သည့် အလုပ်သမားတဦးက ပြောသည်။ ထိုသူက လက်နက်စက်ရုံတည်ရန် ဆောက်လုပ်နေကြောင်းနှင့် မြောက်ကိုးရီးယားလူမျိုးများကိုလည်း တွေ့ရှိကြောင်းကို ဆက်လက်ပြောခဲ့သည်။
( ဒီဗွီဘီ ၁၇၊ ၀၁၊ ၀၉ သတင်းမှ ကောက်နှုတ်ချက် )
*****
ရှေ့နေ ကိုဖိုးဖြူ အဖမ်းခံရ

လူငယ်ရှေ့နေ ကိုဖိုးဖြူကို မကွေးတိုင်း အောင်လံမြို့မှ အောင်ကမ္ဘာကားနှင့် ဇန်န၀ါရီ ၁၅ ရက်နေ့ ညတွင် ရန်ကုန်သို့ အပြန် အောင်လံမြို့အထွက် ဂိတ်၌ ဖမ်းခံရပြီး မကွေးရဲစခန်းသို့ ရောက်ရှိနေသည်ဟု ကြားသိကြောင်းကို ၎င်းအား ပို့ဆောင်ပေးသူ အောင်လံမြို့ခံတဦးက ပြောပါသည်။ မကွေး အမှတ် ၁ ရဲစခန်းကို ဆက်သွယ်ရာတွင် သူတို့၏ စခန်းတွင် ကိုဖိုးဖြူ မရှိကြောင်း ပြောပါသည်။ ကိုဖိုးဖြူ၏ ရန်ကုန်နေအိမ်သို့ ဖုန်းဆက်ပြန်လည်း ကိုဖိုးဖြူ အိမ်မပြန်လာသည်မှာ ၄၊ ၅ ရက်ရှိပြီဟု ပြောသည်။
( အာအက်ဖ်အေသတင်း ၁၇၊၀၁၊၀၉ ရက်နေ့သတင်းမှ ကောက်နှုတ်ချက် )
*****
လှေစီး ဒုက္ခသည်များအရေး ဖေါ်ထုတ်ပေးရန် တောင်းဆို
( ၁၈. ၀၁.၀၉ ) သတင်း

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ လှေစီး ဒုက္ခသည်များကို ထိုင်းရေတပ်က ထိုင်းနိုင်ငံပိုင်နက်သို့ အ၀င်မခံလိုသဖြင့် ပင်လယ်အတွင်းသို့ ပြန်ပို့ခဲ့သည် ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လူအခွင့်ရေးအဖွဲ့များက စုံစမ်း ဖော်ထုတ်ပေးရန် ထိုင်းအစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က မြန်မာနိုင်ငံလုံးဆိုင်ရာ သုတေသီ David Scott Mathieson က အခုလို လူ့အခွင့်ရေး ချိုးဖောက်သည်ကို လုံးဝ လက်ခံနိုင်စရာ မရှိဘူးဟု ပြောပါသည်။ လူ့အခွင့်ရေး လှုပ်ရှားသူတွေနှင့် မီဒီယာ သတင်းများအရ လှေစီး ရိုဟင်ဂျာ ၄၀၀ ကျော်ကို ထိုင်းရေတပ်က ပင်လည်ထဲကို ပြန်ပို့ခဲ့သည်ဟု သိရသည်။ ထိုသူများအထဲမှ လူ ၁၀၀ဦးကို အိန္ဒိယရေတပ်က ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ခဲ့သောသူများကို ရှာဖွေကယ်ဆယ်ရန် မအောင်မြင် ဖြစ်ခဲ့သည်ဟု အိန္ဒိယ ရေတပ် အရာရှိများက ပြောပါသည်
( အာအက်ဖ်အေ သတင်းမှ ကောက်နှုတ်ချက် )
*****
လူနေမှုစနစ်အားထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်းညစ်ညမ်းခွေများသိန်းနှင့် ချီပျံ့နှံ့လျက်ရှိ


မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှုစနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနှင့်ချီ ပျံ့နှံ့လျက်ရှိနေပြီး ယင်းဖြစ်စဉ်တွင် နာမည်ရ လူငယ်အဆိုတော် အချို့နှင့် အချို့တီးဝိုင်း ပါဝင်ပတ်သက် လျက်ရှိနေကြောင်း သတင်းရရှိပါသည်။

မြန်မာ ညစ်ညမ်းသီချင်းခွေများ ပျံ့နှံ့လာမှုသည် လပိုင်းအတွင်း တစ်ရှိန်ထိုးများပြားလာပြီး ကလေးကစားစရာ အမည်ရှိ လူငယ်ဟစ် ဟော့ပ် အဆိုတော်၏ ညစ်ညမ်း မြန်မာသီချင်းများမှာ လူငယ်ထုအကြား ကျယ်ပြန့်စွာ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ''ဟစ်ဟော့ပ် ဂီတ အ၀န်းအ၀ိုင်းကပဲ ညစ်ညမ်းစာသား သီချင်းတွေ သီဆိုမှု များပြားလာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ သီချင်းစာသားတွေထဲမှာ သူတစ်ပါးကို တိုက်ခိုက်တဲ့စာသားတွေ ပါလာခဲ့တယ်။ ဒီနောက်မှာတော့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို သီချင်း စာသားတွေမှာ ထည့်ဆိုလာကြတယ်။ မိဘကို ရိုင်းပျစွာ တုံ့ပြန်တဲ့သီချင်းတွေတောင် ရှိလာခဲ့တယ်။ ဒီတစ်ခါမှာတော့ မောင်နဲ့နှမ၊ အမိနဲ့ သားဘယ်လိုမှ နားထောင်လို့ မသင့်တော်တဲ့သီချင်းတွေ ထွက်လာခဲ့ပါတယ်။ တရားဝင် ထုတ်လို့မရတဲ့အခါ ဆင်ဆာမဲ့ ဖြန့်ချိ လာကြပြီး တော်တော် ဆိုးဆိုးဝါးဝါး အခြေအနေကို ရောက်လာခဲ့ပါတယ်''ဟု ၀ါရင့် ဂီတသမားတစ်ဦးက ပြောဆိုခဲ့သည်။

မြန်မာ ညစ်ညမ်းသီချင်းများ ပျံ့နှံ့လာမှုတွင် မူလက နှစ်ပုဒ်၊သုံးပုဒ် ခန့်ဖြင့် ဆင်ဆာမဲ့ သီချင်းစုစည်းမှု စုပေါင်းအခွေများတွင် Audio အနေဖြင့် ပါဝင်လာခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆင်ဆာမဲ့ ဓာတ်ပုံများ၊ ညစ်ညမ်း ပုံရိပ်များကိုပါ အသုံးပြုပြီး MTV ၊ VCD ပုံစံဖြင့် အရုပ်များနှင့် တွဲဖက်၍ ထွက်ရှိလာခဲ့သည်။ နောက်ပိုင်းအချိန်များ၌မူ 'အလန်းသီချင်းများ'၊ 'အပြင်းစားံHipHopMP3 သီချင်းများ' စသည့် ခေါင်းစဉ်များ အသုံးပြုပြီး လူငယ်ကြိုက် ဗန်းစကားအမည်များသုံး၍ သီချင်း စုစည်းထားမှုများဖြင့် ပုံစံ အမျိုးမျိုး ထွက်ရှိလာခဲ့သည်။

ဆင်ဆာမဲ့ မြန်မာသီချင်းများ၏ ပျံ့နှံ့မှုသည် အရွယ်မရောက်သေးသည့် ကလေးငယ်များ ပါးစပ်ဖျားထိ ရောက်ရှိသွားခဲ့ခြင်းကလည်း စိုးရိမ်ဖွယ် အနေအထား ဖြစ်လာခဲ့သည်။ ကျွန်တော့်ရဲ့သားက ၁၀ နှစ်ပဲ ရှိသေးတယ်။ တစ်နေ့ ဖရုဿဝါစာ ညစ်ညစ်ပတ်ပတ်တွေ ရွတ်နေတော့ ကျွန်တော် မေးကြည့်တဲ့အခါ ဒါ Hip Hop သီချင်းတဲ့။ ပြန်နားထောင်ကြည့်တော့ ဒါတရားဝင် တော့မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဆို တာက နာမည်ရ လူငယ်အဆိုတော်။ ကလေးအတွက် အရမ်းစိုးရိမ်မိပါတယ်''ဟု မိဘတစ်ဦးက ပြောပြသည်။
( Biweekly Eleven journal မှ ကောက်နှုတ်ချက် )
*****
ရွှေဝါရောင် ဆရာတော် အရှင်ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြနေ
ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဆုတောင်းမေတ္တာပို့ရာ၌ ဦးဆောင် ဆရာတော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မန္တလေးမြို့ အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြနေကြောင်း ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံများအပြောအရ သိရသည်။

ဆရာတော်အား ရန်ကုန်မြို့ အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြီး ဖြစ်သော်လည်း မန္တလေးထောင်တွင် လက်ရှိ ချုပ်နှောင်ထားစဉ် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ဆန္ဒပြလာခြင်းဖြစ်သည်။

"အရှင်ဂမ္ဘီရက ဒီလ ၁၃ ရက်နေ့ကနေတဲ့၊ အစာငတ်ခံ ဆန္ဒပြနေတယ်တဲ့။ ဒီနေ့နဲ့ဆို ၇ ရက် ရှိသွားပြီပေါ့။ အဲဒါက သေချာပါတယ်" ဟု ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
သို့သော်လည်း သူက မည်သို့သိရှိရသည်ကိုမူ လုံခြုံရေးအရ ပြောဆိုရန် ငြင်းဆိုသည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက် )
*****
ဆိုင်ကယ်ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေ
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်တွင် ယာဉ်စည်းကမ်း ပညာပေးမှု နည်းပါးသည့်အတွက် မော်တော်ဆိုင်ကယ် ထိခိုက်မှုဖြင့် သေဆုံးသူ ပျမ်းမျှ တနေ့ (၈) ဦးနှုန်းရှိသည်ဟု နေပြည်တော် တရားရုံးသတင်းရပ်ကွက်က ပြောသည်။

မော်တော်ဆိုင်ကယ် ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေနေသည်မှာ ယာဉ်စည်းကမ်းကို နားမလည်ခြင်း၊ ယာဉ်ထိန်းကြီးကြပ်မှု နည်းပါးခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးရာ စီးသူများလာခြင်း၊ မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း နားမလည်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်ဟု နေပြည်တော် တရားရေးဝန်ထမ်းတဦးက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးပြီးနောက် ဆိုင်ကယ်တစီးကို တလ တသိန်းဖြင့် ငှားပြီး ဆိုင်ကယ်တက္ကစီ မောင်းသူ များလာသည့်အပြင် ကျွမ်းကျင်မှုမရှိသည့် ဆိုင်ကယ်တက္ကစီများက ကားကို ၀င်တိုက်သည့်အမှုများလည်း မကြာခဏရှိနေသည်ဟု နေပြည်တော် ခရီးသွားများက ပြောသည်။

နေပြည်တော်ဝန်ထမ်းများမှာလည်း ပျဉ်းမနား ကားလိုင်းများ ကြပ်သည့်အတွက် အဆိုပါ ဆိုင်ကယ်တက္ကစီ များကိုသာ အားထားစီးနေရသည်။ ထို့ကြောင့် နေပြည်တော် ဆိုင်ကယ်ထိခိုက်သေဆုံးမှုတွင် နေပြည်တော် ၀န်ထမ်းများလည်း ပါဝင်သည်ဟု နေပြည်တော်ဝန်ထမ်းတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဂျောက်ဂျက် ၀န်ခံကတိထိုးရ ဆင်ဆာမဲ့ခွေနှင့် မပတ်သက်ဟု ပြော
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉

Bi Weekly Eleven ဂျာနယ်က ရေးသားသည့်သတင်းကြောင့် ဟစ်ဟော့အဆိုရှင် ဂျောက်ဂျက်အား စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ကတိလက်မှတ်ထိုးခိုင်းကြောင်း ဟစ်ဟော့သတင်းရပ်ကွက်က သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၁၅) ရက် ဈေးကွက်တွင်း ဖြန့်ချိခဲ့သော အဆိုပါဂျာနယ်တွင် “မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှုစနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနဲ့ချီထိ ပျံ့နှံ့လျက်ရှိ၊ နာမည်ရလူငယ်အဆိုတော်အချို့နှင့် တီးဝိုင်းအချို့ ပတ်သက်မှုရှိ၊ ဖန်တီးသူ ထုတ်လုပ်သူ၊ ဖြန့်ချိသူနှင့် လက်ဝယ်ထားရှိသူ မည်သူမဆို ဆင်ဆာဥပဒေ၊ ညစ်ညမ်းဥပဒေနှင့် အရေးယူခံရနိုင်” ခေါင်းစဉ်ဖြင့် ရေးသားထားခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကာယကံရှင် ဂျောက်ဂျက်အား ဆက်သွယ်မေးမြန်းရာ ၀န်ခံကတိ ထိုးရသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော် အဆိုပါသတင်းတွင် ပါသော ၎င်း၏သီချင်းများအား အခွေအဖြစ်ထုတ်၍ ရောင်းချသူမှာ မိမိနဲ့ မပတ်သက်ကြောင်း၊ လောလောဆယ် သီချင်းခွေထုတ်ခြင်းကို ရပ်ထားရကြောင်း ပြောသည်။

စာပေစိစစ်ရေး၏ ၀န်ထမ်းတဦးက “ကျမတို့ စာပေစိစစ်ရေးရုံးကတော့ ဂျောက်ဂျက်နဲ့ ပတ်သက်တဲ့ အင်တာဗျူး၊ သတင်း၊ ဆောင်းပါးတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်” ဟု ဆိုသည်။

ဟစ်ဟော့ နှစ်သက်သူ လူငယ်တဦးက “ဝေဖန်ရေးလုပ်တယ်ဆိုတာ ဝေဖန်မယ့် Subject ကို နားလည်မှ ဝေဖန်သင့်တယ်။ နိုင်ငံတကာမှာ ဟစ်ဟော့တွေရဲ့ သီဆိုမှုဟာ မကျေနပ်တာတွေ၊ စိတ်ထဲရှိတာတွေကို ပေါက်ကွဲတာပဲ။ အာဖရိကက လူမည်းတွေဆီကတဆင့် ဒီ ဟစ်ဟော့ဂီတဆိုတာ စီးဝင်လာခဲ့တာ လူသားတွေကြားကို၊ ဒါ တော်လှန်ရေးဂီတပဲ။ ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို သီဆိုမှုတွေကို ဂျောက်ဂျက် တကောင်တည်း ဆိုတာမဟုတ်ဘူး။ မြန်မာ Underground သီဆိုခဲ့သူတွေ၊ ခု နာမည်ရနေတဲ့ ကောင်တွေလည်း လုပ်ခဲ့တယ်။ ဂျောက်ဂျက်က အခုမှ အဆိုတော်တောင် မဖြစ်သေးဘူးဗျာ၊ ဒီကောင့်တယောက်တည်းကို ပစ်မှတ်ထားသလိုဖြစ်နေတဲ့အတွက်တော့ ကျနော် စိတ်မကောင်းဘူး” ဟု ပြောသည်။

ဟစ်ဟော့ တေးသံရှင်များစွာရှိသည့်အနက် ဂျောက်ဂျက်အား လူငယ်အများ နှစ်သက်ကြကြောင်း၊ ဟစ်ဟော့နှစ်သက်သည့် လူငယ်များ၏ ပြောဆိုမှုကို ကိုးကား၍ သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
အစိုးရဗန်တို အခမဲ့ပွဲ ကြည့်သူနည်း
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉

အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် မြန်မာသိုင်းပညာစဉ် ပြပွဲနှင့် တတိယအကြိမ် ဗန်တို (အတိုက်) ပြိုင်ပွဲ၊ ဗန်တို (အထူး) စိန်ခေါ်ပွဲကို မကြာခင်က အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် အခမဲ့ပွဲအဖြစ် ကျင်းပခဲ့သော်လည်း ကြည့်ရှုသူ နည်းပါးသည်ဟု စုံစမ်းသိရသည်။

အဆိုပါပွဲကို အစိုးရ ဦးစီးသည့်အတွက် မကြည့်လိုကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ထူးဆန်းတဲ့ပြကွက် (၉၀) ကျော် ပြမယ်လို့ သတင်းစာမှာ တွေ့လိုက်တယ်။ ဒါပေမယ့် မကြည့်ချင်ဘူး။ ပြသတဲ့ လူတွေရဲ့ စွမ်းအားကိုတော့ လေးစားပါတယ်” ဟု သုဝဏ္ဏမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောသည်။

အဆိုပါပွဲသည် အခမဲ့ဖြစ်သော်လည်း လာရောက်ကြည့်ရှုသည့် ပြည်သူနည်းပါးကြောင်း အဆိုပါပွဲကို သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောသည်။

“သူတို့ဆီကို လာကြည့်တဲ့လူ မရှိဘူး။ လာကြည့်တဲ့လူတွေက အားကစားဝန်ကြီးဌာနအောက်က ၀န်ထမ်းတွေ မလာမနေရ၊ ပြီးတော့ အားကစားပြိုင်ပွဲရုံနဲ့ နီးတဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေကို ပြောထားပြီး ကျောင်းသားတွေကို လာပြီးကြည့်ခိုင်းတယ်။ အရေးကြီး ပုဂ္ဂိုလ်တွေဆိုပြီး ဖိတ်ထားတဲ့အစိုးရ လက်ကိုင်တုတ်တွေ လာတယ်။ တကယ်တမ်း ဒီပညာရပ်ကို သေသေချာချာ စိတ်ဝင်စားလို့ လေ့လာချင်လို့ လာကြည့်သူတချို့ရှိတယ်။ ဒါပေမယ့် အံ့သြဖွယ် ပညာရပ်တခုအနေနဲ့ရော၊ မမြင်ဖူးတာတွေအနေနဲ့ပါ လာကြည့်သူ မရှိဘူး။ ဘာလို့လဲဆိုတော့ အစိုးရကို မနှစ်သက်လို့ပဲ” ဟု ၎င်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
မီးလောင် မော်လမြိုင်ဈေး ယာယီဆိုင်ခန်းတခု ကျပ် (၅၀,၀၀၀)
မင်းနိုင်သူ/ ၁၉ ဇန်န၀ါရီ ၂၀၀၉

တည်ဆောက်လျက်ရှိသည့် မော်လမြိုင် အမှတ် (၁) ဈေး ယာယီဆိုင်ခန်းများ ပြီးစီးပါက တလ (၅) သောင်းနှုန်းဖြင့် နေရာဝယ်ယူကြရမည်ဖြစ်သည့်အတွက် ဆိုင်ခန်းရှင်များ မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

“အခုလောလောဆယ်တော့ ကမ်းနားလမ်းပေါ်မှာပဲ ကိုယ့်ဘာသာ ယာယီတဲလေးတွေထိုးပြီး ဆိုင်ခင်းနေကြရတာပေါ့။ ယာယီဈေးပြီးသွားရင်လည်း တလကို (၅) သောင်းပေးမှ ဆိုင်ခန်းနေရာ ပြန်ရကြမှာ။ လေးပေပတ်လည်လောက်ပဲရှိတဲ့ ဆိုင်ခန်းလေးတွေကို (၅) သောင်းပေးကြရမှာပါ။ မပေးလို့လည်း မရဘူးဆိုတော့ အားလုံးစိတ်ညစ်နေကြတယ်။ ယာယီဈေးဆောက်ပြီးတာနဲ့ ကမ်းနားလမ်းပေါ်က ဆိုင်ခန်းတွေကို ဖျက်ခိုင်းတော့မှာလေ။ ဈေးသူဈေးသားတွေအနေနဲ့ကတော့ မီးလောင်လို့ဆုံးရှုံးရ၊ အစိုးရနဲ့ ကန်ထရိုက်ပေါင်းရိုက်လို့ ဆုံးရှုံးရနဲ့ မိအေးနှစ်ခါနာပါပဲ” ဟု ဆန်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါဈေးကြီးသည် ၂၀၀၈ ဒီဇင်ဘာ (၁) ရက် ညနေ (၅) နာရီခန့်တွင် စတင်မီးလောင်ကျွမ်းခဲ့ရာ ည (၁၀) နာရီခန့် တဈေးလုံးပြာကျပြီးချိန်မှသာ လောင်ကျွမ်းမှု ရပ်တန့်သွားသည်။ အဆိုပါမီးကြောင့် သိန်းသောင်းချီ ဆုံးရှုံးခဲ့ရကြောင်း ဈေးသားများက ပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
မြန်မာနိုင်ငံ ရေကျောင်းပညာ တက္ကသိုလ်တွင် စည်းကမ်း ဖောက်ဖျက် သောကျောင်းသား (၆၉)ဦးကို ပညာသင်ကြားခွင့်မှ ရပ်ဆဲခဲ့ရ

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင်း ကျင်းပသော စာမေးပွဲများ၌ မသမာသော နည်းလမ်းဖြင့် ဖြေဆိုခဲ့သော ကျောင်းသားများကို အပြစ်ပေး အရေးယူလျက်ရှိကြောင်း ၂ဝဝ၈-၂ဝဝ၉ မောင်မယ်သစ်လွင်ကြိုဆို ပွဲ၌ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းမှ ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းတက္ကသိုလ်၏ ပညာသင်နှစ် ၂ဝဝ၂ မှ ၂ဝဝ၈ ထိ မသမာသော နည်းလမ်းဖြင့် ဖြေဆိုခဲ့သော ကျောင်းသား ၁ဝ ဦးအား ပညာသင်နှစ် တစ်နှစ်စီ ထုတ်ပယ်အရေးယူခဲ့ပြီး ကျောင်းခေါ်ချိန် ၇၅% ပြည့်ရှိသော ကျောင်းသားများကိုသာ စာမေးပွဲဖြေဆိုခွင့်ပြုပြီး ကျောင်းခေါ်ချိန် မပြည့်မှီသူများကို ၁ နှစ်ကျအဖြစ် သတ်မှတ်ကြောင်း၊ ၂ဝဝ၂ မှ ၂ဝဝ၆ ထိ၊ ထိုသို့ သတ်မှတ်ကျောင်းသား (၄၄) ဦးရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။ Semester စာမေးပွဲ (၂) ခုမှ အနည်းဆုံး (၁) ဘာသာ ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်ပါက ၄င်းကျောင်းသားကို စာမေးပွဲ တစ်ကြိမ်ကျ (1F) အဖြစ်သတ်မှတ်ပြီး (1F) နှစ်ကြိမ် သတ်မှတ်ခံရပါက ကျောင်းတွင် ပညာသင်ကြားခွင့် မရှိတော့ ကြောင်းသိရသည်။ ''အဲဒီလို သတ်မှတ်ခံရတဲ့ ကျောင်းသား ၂ဝဝ၂ မှ ၂ဝဝ၈ ထိ ၆၇ ဦးရှိတယ်။ အခု ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှာ (၂) ဦးရှိတယ်။ ကျောင်းသား (၆၉) ဦးကို ကျောင်း က ထုတ်ပယ်ခဲ့ပါတယ်''ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
( Weekly Eleven ဂျာနယ်မှ ကောက်နှုတ် )
*****
နာဂစ်ဒဏ် နာလန်ထူရေး (၃-၄) နှစ်ကြာနိုင်ဟု ကုလမှန်း
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉

မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်းဒဏ်ထိသူများအား လုံးဝနာလန်ထူအောင် ပြန်လည်ထူထောင်ရေး လုပ်ရမည်ဆိုလျှင် (၄) နှစ်ခန့်ထိ အချိန်ယူရနိုင်သည်ဟု ကုလသမဂ္ဂအရာရှိတဦးက ပြောသည်။

အကူအညီငွေ ရသည့်အတိုင်းအတာပေါ် မူတည်ပြီး နာဂစ်မုန်တိုင်းဒဏ်ထိသူများအား လုံးဝနာလန်ထူအောင် ပြန်လည်ထူထောင်ရေးမှာ (၃) နှစ်မှ (၄) နှစ်ထိ ကြာနိုင်သည်ဟု ကုလသမဂ္ဂ ဌာနနေကိုယ်စားလှယ်လည်းဖြစ်၊ လူမှုရေးညှိနှိုင်းမှုတာဝန်ခံလည်းဖြစ်သူ Bishow Parajuli က ရန်ကုန် IRIN ကုလသတင်းဌာနသို့ ပြောသည်။

၂၀၀၉ ဧပြီလထိ နာဂစ် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၄၇၇) သန်း လိုမည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ (၁၃) ဖွဲ့နှင့် အန်ဂျီအို (၂၃) ခုကိုယ်စား ကုလသမဂ္ဂက ပြီးခဲ့သည့် ဇူလိုင်လအတွင်း မေတ္တာရပ်ခံခဲ့ရာ တောင်းခံငွေ၏ (၆၄) ရာနှုန်းသာ ရရှိသေးသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ပြည်တွင်းလုပ်ငန်းများအတွက် တင်သွင်းရောင်းချပေးသည့် ဒီဇယ်ဈေး ကျဆင်း
.
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျင် ၃၅ အမေရိကန်ဒေါ်လာ ၀န်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်ရာ လွန်ခဲ့သည့် ဇူလိုင်လအတွင်း အမြင့်ဆုံးဈေးဖြစ်သည့် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၄၇ ဖြင့် နှိုင်းယှဉ်ပါက လေးဆနီးပါး ကျခဲ့ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တင်သွင်း ဈေးကျဆင်းမှုကို လိုက်၍ ပြည်တွင်းလုပ်ငန်းများအတွက် တင်သွင်း ရောင်းချပေးသည့် ဒီဇယ်ဈေးမှာလည်း တစ်ပီပါလျင် ကျပ် ၁၁၀၀၀၀ ၀န်းကျင်၊ တစ်ဂါလန် ကျပ် ၂၂၀၀ ၀န်းကျင်အထိ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
( Weekly Eleven ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
SSA (တောင်ပိုင်း) နှင့် နအဖ တပ်များ တိုက်ပွဲများ ဖြစ်ပွား
သန်းထိုက်ဦး
တနင်္လာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်များနှင့် စစ်အစိုးရတပ်များ ယခုလအတွင်း ရှမ်းပြည်တောင်ပိုင်း မြို့နယ် ၃ ခုအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတဦး အဆိုအရ သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ ပင်လုံ၊ ဟိုပုန်း၊ မိုင်းကိုင်မြို့နယ်များတွင် ယခုလ ၁၂ ရက်မှ ၁၅ ရက်အထိ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA တပ်ဖွဲ့ဝင်များနှင့် ခြေလျင်တပ်ရင်း (ခလရ) ၆၄ ၊ ခြေမြန်တပ်ရင်း (ခမရ) ၅၁၃ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ လှည့်ကင်းနဲ့ သူတို့ (စစ်တပ်) လှည့်ကင်းနဲ့ သွားတိုးပြီးတော့ ဖြစ်ကြတယ်။ ထိပ်တိုက် သွားတိုးလို့ ဖြစ်တဲ့ တိုက်ပွဲမျိုးပါ" ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်စိုင်းဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၂ ရက်နေ့က မိုင်းကိုင်မြို့နယ် အနောက်ဘက် တောတွင်းတနေရာ၌ နံနက် ၉ နာရီမှ မွန်းလွဲ တနာရီ အထိ ၄ နာရီအကြာ တိုက်ပွဲဖြစ်ရာ၊ အစိုးရတပ်မှ လူဦးရေ ၅၀ ခန့် ပါဝင်သည့်အနက် တဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရသွားကြောင်း သူက ဆက်ပြောသည်။ SSA (တောင်ပိုင်း) တပ်ဖွဲ့မှ တဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ရာ မိုင်းကိုင်ဒေသမှာ တောင်ကြီးမြို့နှင့် မိုင် ၁၀၀ ခန့် အကွာတွင် တည်ရှိသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ရန်ကုန် အ၀င်အထွက် အစစ်အဆေးတွေ ထူထပ်
ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အ၀င်အထွက် လမ်းများနှင့် လူစည်ကားရာ နေရာများ၌ ယနေ့ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ခရီးသွားများကို အာဏာပိုင်များက အစစ်အဆေးများ လုပ်နေသည်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မြေနီကုန်း၊ လှည်းတန်း စသည့် အ၀င်အထွက်လမ်းနှင့် နေရာတချို့တွင် သွားလာနေသည့် လိုင်းကားများ၊ Taxi အငှားကားများအား ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့ အသင်းဝင်များက ရပ်တန့်စေကာ စုပေါင်းစစ်ဆေးနေခြင်း ဖြစ်သည်။

"လက်နက် စစ်တယ်။ Taxi တွေ အဓိကထား စစ်တာ။ လူဘယ်နှယောက်ပါလဲ၊ ကျား ဘယ်လောက်၊ ဘယ်ရပ်ကွက်ကို သွားမှာလဲ၊ အကုန် လိုက်မေးနေတာ။ အိမ်ထောင်စု ပါ၊ မပါ စစ်တယ်။ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရယက၊ မီးသတ် အကုန်ပါတယ်။ မြို့ထဲကလာတဲ့ Taxi တွေပေါ့နော်။ ဘယ်ရီဂိတ် (သံဆူးကြိုး အတား) ထိုးပြီး စစ်တာ" ဟု Taxi မောင်းသူတဦးက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျနှင့် ဘုရင့်နောင်တံတားများတွင် ဖြတ်ကျော်လာသည့် ကားကြီး၊ ကားငယ်များကိုလည်း စုပေါင်းအဖွဲ့များက စစ်ဆေးနေသည်။
( မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက် )
*****
စိုက်ပျိုးရေး ပို့ကုန် တိုးချဲ့ တင်ပို့နိုင်ရန် စိစဉ်

အဆိုပါ စိုက်ပျိုးသူများ၊ ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များထိ ပါဝင်သော အများပိုင် ကုမ္ပဏီ ဖွင့်လှစ်ရာတွင် ဆန်စပါးနှင့် ပဲစိုက် တောင်သူများမှအစ ၀ယ်လက်ဒိုင် ကုန်သည်များ၊ ကြိတ်ခွဲသူများ အပါအ၀င် Export တင်ပို့သည့် လုပ်ငန်းရှင်များ ပါဝင် လာစေရန်အတွက် စည်းရုံး ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းအများပါဝင်သော ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ဒေသအလိုက် ပေါ်ပေါက်လာစေရန်အတွက် UMFCCI အနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းသွားမည်ဟု ဆိုသည်။
"ဒီလို ဒေသအလိုက် ကုမ္ပဏီတွေကို ဆန္ဒတူ၊ လုပ်ငန်းတူ လုပ်ငန်းရှင်များ ဦးဆောင်ပြီး မြို့ကြီးတွေမှာ အဓိက တည်ထောင်သွားမှာ ဖြစ်ပေမယ့် ကျန်တဲ့ မြို့နယ်တွေမှာလဲ တည်ထောင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ ဒီလို တည်ထောင် ဆောင်ရွက်ရခြင်းအားဖြင့် အားသာချက်တွေက အများကြီးရှိပါတယ်။ အထူးသဖြင့် လေရောင်း လေ၀ယ် ကုန်သည်တွေလည်း လျော့ပါးသွားမှာ ဖြစ်သလို ပြည်တွင်း ဆန်စပါးနဲ့ ပဲမျိုးစုံတို့ရဲ့တင်ပို့မှုမှာ ပိုများလာနိုင်မှာ ဖြစ်ပြီး ကမ္ဘာ့ ပေါက်ဈေးကိုလဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ ဖြစ်နေတာ စိုက်တဲ့ တောင်သူက တစ်ဦး၊ ၀ယ်တဲ့ ပွဲစားက တစ်ဦး၊ ကြိတ်ခွဲသူက တစ်ဦးအပြင် Export တင် ပို့သူက တစ်ဦး သီးခြားစီ ဖြစ်နေတဲ့အတွက် အချိတ်အဆက်မမိဘဲ ပြည်ပသို့ တင်ပို့ရာမှာ အရည်အသွေး မပြည့်မီတဲ့အပြင် ရသင့်ရထိုက်တဲ့ ကမ္ဘာ့ပေါက်ဈေးကိုလဲ မရကြတာ ဖြစ်ပါတယ်။ ယခုလို မြန်မာနိုင်ငံအနှံ့မှာ ရှိတဲ့ မြို့ကြီးတွေ၊ ဒီလိုမျိုး အများပိုင် ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ညီညီညွတ်ညွတ် စိုက်ပျိုး ထုတ်လုပ် သန့်စင်ကြိတ်ခွဲ ရောင်းချသွားမယ်ဆိုရင် ပြည်တွင်း ဈေးကွက်မှာ ပြဿနာလဲ မဖြစ်နိုင်တော့သလို ပြည်ပကို ပိုမို တိုးချဲ့ပြီး တင်ပို့နိုင်မှာ ဖြစ်တဲ့အပြင် ဈေးကောင်းလဲ ယခုထက် ရရှိလာနိုင်မှာ
ဖြစ်ပါတယ်"ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
( ရန်ကုန်မီဒီယာအုပ်စု သတင်းမှ ကောက်နှုတ်ချက် )
*****
ကလေးစစ်သား စုဆောင်းမှုအပေါ် တားမြစ်ခဲ့သူအား ၀တ္တရားနှောက်ယှက်မှုဖြင့် ထောင်ချ

ရန်ကုန်တိုင်း ဒဂုံမြို့နယ်မှ ဒေသခံတပ်များနှင့် အာဏာပိုင်များက အရွယ်မရောက်သေးသော ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်းနေခြင်းကို ထောက်ပြဝေဖန်ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းအဖွဲ့ဝင် ကိုသိန်းစိုးအား ယနေ့ တောင်ဒဂုံတရားရုံးမှ ၀တ္တရားနှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ အမိန်ချမှတ်လိုက်သည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
*****

ဇန်န၀ါရီလ ၂၀ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


ဒေါ်စုနှင့် တွေ့ခွင့်ရရေး ၀န်ကြီးချုပ်ထံ အယူခံ တင်မည်
နန်းဒေ၀ီ
အင်္ဂါနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္စျိမ)။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေးအတွက် သူ၏ ရှေ့နေ ဦးကြည်ဝင်းက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ထံ မကြာမီ အယူခံစာ တင်သွားမှာ ဖြစ်သည်။

"အခု တင်မယ့်ဟာက အယူခံအဖွဲ့ အကြီးအကဲက ၀န်ကြီးချုပ်ဗျ။ သတင်းတပ်ဖွဲ့အဆင့်က ကျနော်တို့ကို ခွင့်မပြုဘူးဆိုတော့။ ၀န်ကြီးချုပ်ဆီကို အကျိုးနဲ့ အကြောင်းနဲ့ ဖော်ပြပြီးတော့ လျှောက်မယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ တင်မယ်" ဟု ဦးကြည်ဝင်းက ပြောသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးအတွက် ရန်ကုန် ရဲသတင်းတပ်ဖွဲ့သို့ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဦးကြည်ဝင်းက "နံပါတ် ၁ အချက်က အယူခံလွှာကို နေပြည်တော်မှာ ကျနော်တို့ ၉ ၊ ၁၀ ၊ ၂၀၀၈ မှာ တင်ခဲ့ပြီးပြီဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ဖို့။ ကျနော်တို့ တင်တာလောက်ပဲ သူ သိမယ်။ လက်ခံလား၊ ဘာလားဆိုတာ ဘာပဲဖြစ်ဖြစ်ပါ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ report type လုပ်ရမှာပါ။ နံပါတ် ၂ က တပ်မတော် ဥပဒေအရ convening of the court (တရားရုံးဖွဲ့စည်းခြင်း) ဆိုတာရှိတယ်။ အဲဒီအဆင့်ကို ကျနော်တို့ မတွေ့သေးဘူးပေါ့နော်။ သူတို့ဆီက ဘာမှ မသိရသေးဘူး။ အဲဒါတွေ တင်ပြဖို့ ဒေါ်စုနဲ့ တွေ့ဖို့လိုတာပါ" ဟု ပြောသည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အကျယ်ချုပ် သက်တမ်း ၁၃ နှစ်ကျော် ထိန်းသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် အကျယ်ချုပ်သက်တမ်း ကျော်လွန်နေသည့်အပေါ် ရှေ့နေ ဦးကြည်ဝင်းမှတဆင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်သို့ အယူခံတင်ခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ ကျဆင်း
မင်းနိုင်သူ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

ယမန်နေ့က ထုတ်ပြန်လိုက်သော ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များအား အကူအညီပေးနေသည့် လူမှုရေးအဖွဲ့အစည်း (TBBC) ၏ ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်ပေါင်း တသိန်းသုံးသောင်းကျော်ရှိနေသည့်အတွက် (၂) နှစ်အတွင်း (၁၂) ရာနှုန်း ကျဆင်းသွားသည်။

ယမန်နေ့ ရက်စွဲဖြင့်ဖော်ပြထားသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်တွင်မူ တသိန်းတသောင်းကျော်ရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် UNHCR ၏ စာရင်းတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူများ၊ စိစစ်ဆဲနှင့် ကျောင်းသားအချို့သာ ပါဝင်ပြီး အသစ်ရောက်ရှိ ခိုလှုံလာသူများကိုမူ ထည့်တွက် ဖော်ပြထားခြင်း မရှိသေးပေ။

ဒုက္ခသည်ဦးရေ လျော့သွားသည့်ကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီကို မေးရာ “တတိယနိုင်ငံတွေကို သွားချင်လို့ ဒုက္ခသည်မဟုတ်ဘဲ ကူးပြောင်းရောက်ရှိလာသူတွေကို စိစစ်လိုက်တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ တကယ် ဒုက္ခသည်ဦးရေကတော့ လျော့ကျသွားခြင်းမရှိပါဘူး။ ဒုက္ခသည်နှစ်သောင်းလောက်ထွက်သွားရင် နှစ်သောင်းလောက်ပြန်ဝင်လာတာပါပဲ” ဟု ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက ရှင်းပြသည်။

“စာရင်းအရ လျော့ကျသွားတယ်ဆိုပေမယ့် ပြည်တွင်းက လာရောက်ခိုလှုံတဲ့ ဒုက္ခသည်အရေအတွက် လျော့ကျသွားတာမျိုး မဟုတ်ဘူး။ တတိယနိုင်ငံတွေကို ကူးပြောင်းရောက်ရှိသွားတဲ့အတွက်လည်း ပါပါတယ်။ ဒါပေမယ့် စာရင်းပြုစုတဲ့အဖွဲ့ကိုလိုက်ပြီး အရေအတွက် ကွာခြားမှုတွေ ရှိနေပါတယ်။TBBC ရဲ့ စာရင်း၊ AMI ရဲ့ စာရင်း၊ UNHCR ရဲ့ စာရင်းတွေ မတူညီပါဘူး။ သူတို့ သတ်မှတ်တဲ့ စံနှုန်းတွေပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ်” ဟု မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ ဦးစောထွန်းထွန်းကလည်း ရှင်းလင်းပြောဆိုသည်။

TBBC ၏ စာရင်းများအရ ၂၀၀၆ နှင့် ၂၀၀၈ ခုနှစ် နှိုင်းယှဉ်ပါက မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ လျော့ကျသွားသော်လည်း ဒုက္ခသည်အများဆုံးဖြစ်သည့် ကရင်လူမျိုးများသည် ရာခိုင်နှုန်း (၆၀) ကျော်ဖြင့် အများဆုံးဖြစ်နေသေးသည်။ ရှမ်းဒုက္ခသည်များအနေဖြင့်လည်း ချင်းမိုင်ဒုက္ခသည်စခန်းတွင် ၂၀၀၆ ခုနှစ်၌ (၆၀၄) ဦးရှိရာမှ ၂၀၀၈ ခုနှစ်တွင် (၆၆၆) ဦး ဖြစ်လာသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

ဖမ်းဆီးခံ ရေနံမြေလုပ်သားများ မိသားစုနှင့် တွေ့ခွင့်မရ

ဇာနည်
အင်္ဂါနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ အလုပ်သမားနှင့် ကုမ္ပဏီ ပဋိပက္ခဖြစ်ပွားသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း နှောပင် ရေနံမှော်မှ ဖမ်းဆီးခဲ့သော အလုပ်သမား ၂၀ ကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးဘဲ ဆက်လက် ဖမ်းဆီးထားသည်။

"အစကတော့ ဗဟင်းရဲစခန်းမှာ ထားတယ်။ တချို့လည်း မြိုင်ကို ခေါ်သွားတယ်။ အခု အိမ်က စိတ်ပူတော့ သွားတွေ့တာပေါ့။ အဲဒါ မပေးတွေ့ဘူး။ ခေါ်သွားကတည်းက အချုပ်ထဲမှာ ထားတယ် ပြောတယ်။ ဘယ်သူမှကို မတွေ့ရတာ။ အထဲမှာ ဘယ်လိုနေတယ်၊ ဘာဖြစ်တယ်ဆိုတာ မသိရဘူး ဖြစ်နေတာပေါ့" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
အင်းလေးကန်ရေကို ကျိုချက်၍ သောက်သုံးရေအဖြစ် အသုံးပြုနိုင်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ သုတေသနပြု စစ်ဆေး စမ်းသပ်ချက်များအရ အင်းလေး ကန်အတွင်းရှိ ရေများကို ကျိုချက်၍ သောက်သုံးရေအဖြစ် အသုံ ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကန်အတွင်းရှိ ရေများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ပေးပို့ စစ်ဆေးရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (W.H.O) မှ သတ် မှတ်ထားသော စံချိန် စံညွှန်းများနှင့် ကိုက်ညီမှု ရှိသည့်ပြင် လူအများ ဘေးဥပဒ်ဖြစ်စေနိုင်သည့် ခဲဓာတ်၊ အာဆင်းနစ်ဓာတ်နှင့် အငန်ဓာတ်များ ပါဝင်မှုမရှိကြောင်း သိရသည်။
ဆည်မြောင်း ဝန်ကြီးဌာနမှ ဦးသန်းထွန်း (လက်ထောက်ညွှန် ကြားရေးမှူး) မြေဆီလွှာဌာန၊ ဆည် မြောင်းဦးစီးဌာနက ''အင်းလေး ကန်ရေကို ဒေသအရ ကြည့်မယ်ဆိုရင် ရေသေလို့လည်း ပြောလို့ရသလို တောင်ပေါ်က ကျတဲ့ တောင်ကျရေလို့လည်း ပြောလို့ရပါတယ်။ သာမန်အားဖြင့်တော့ အဲဒီဒေသက လူတွေက သောက်သုံးလို့မရဘူးလို့ သိထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း သောက်သုံးလို့ ရပါတယ်။ ကျွန်တော်တို့ ဌာနကနေ ကန်ထဲမှာရှိတဲ့ ရေရဲ့ အရည်အသွေးကို စမ်းသပ် စစ်ဆေးတဲ့အခါမှာ ရေသန့်စင်မှု PH Level က ၇ ကနေ (၇.၈) အတွင်း ရှိပါတယ်။ ရေရဲ့ အငန်ဓာတ် (EC) ကို စစ်ဆေးတဲ့အခါ ဆားငန်ဓာတ် ပမာဏက ၃၈၅ ကနေ အများဆုံး ၅ဝ၉ အထိ ရှိတာ တွေ့ရပါတယ်။ ဒီပမာဏတွေဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ PH Level နဲ့ ကိုက်ညီမှု ရှိတဲ့အပြင် ရေထဲမှာ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အာဆင်းနစ်ဓာတ်နဲ့ အငန်ဓာတ်တွေ မရှိလို့ အကြမ်းအားဖြင့်တော့ သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းကိုက်ရောဂါပိုး ဖြစ်စေနိုင်တဲ့ Ecoli ဆိုတဲ့ ဗက်တီးရီးယားပိုးကိုတော့ အနည်းအပါးတွေ့ရပါတယ်။ ဒီလို တွေ့ရတဲ့အတွက် ကန်ထဲက ရေကို သောက်သုံး ရေအဖြစ် အသုံးပြုတော့မယ်ဆိုရင် ကျိုချက် သန့်စင်ပြီး သောက်သုံးလို့ ရပါတယ်''ဟု ပြောကြားခဲ့သည်။
( ပေါ်ပြူလာဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာများအား ညှဉ်းပန်းနှိပ်စက်မှုအပေါ် စုံစမ်းစစ်ဆေးမည်
ဆလိုင်းပီပီ
အင်္ဂါနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းရေတပ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာ ၄၀၀ ခန့်အား ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်သည်ဟူသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးကာ လိုက်လံဖြေရှင်းမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ်က ထိုင်းလူ့အခွင့်အရေး အဖွဲ့များကို ကတိပြုလိုက်သည်။

ထိုင်းနိုင်ငံသို့ လှေဖြင့် တရားမ၀င် ၀င်ရောက်ရန်ကြိုးစားခဲ့သည့် ရိုဟင်ဂျာများအား ထိုင်းရေတပ်က ဖမ်းဆီးပြီး မတရားသဖြင့် ဆက်ဆံခြင်းခံရသည်ဟူသော စွပ်ချက်နဲ့စပ်လျဉ်း၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ထိုင်းလူ့အခွင့်အရေးအဖွဲ့များကို တွေ့ဆုံကာ ဆက်လက်စုံစမ်းမှုများ လုပ်သွားမည်ဟု Campaign for Human Rights မှ သဘာပတိ ဆုမ်ချိုင်းဟုမ်လာအော်က ထိုင်းသတင်းထောက်များအား ပြောပြခြင်းဖြစ်သည်။

တချိန်တည်းမှာပင် ထိုင်းနိုင်ငံခြားရေးရာဝန်ကြီးကလည်း ယခုအရေးကိစ္စ မှန်ကုန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်းအရာရှိတဦးက အတည်ပြုပြောဆိုသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေ အရပ်ဘက်မှာ ညွှန်ချုပ် အဆင့်သာပေးမည်
NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားအရေအတွက် များနေသည့်အတွက် သင်တန်းဆင်း စစ်အရာရှိများကို ယခင်က တပ်မမှူး၊ တိုင်းမှူးရာထူးများ တိုက်ရိုက်ပေးရာမှ ယခုအခါ အရပ်ဘက်ဌာနများတွင် ညွှန်ချုပ်အဆင့်မျိုးသာ ပေးတော့မည်ဟု သင်တန်းသားတဦးက ပြောသည်။

“ခုတော့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားက (၁၃၂) ဦးတောင် ရှိနေတဲ့အတွက် မင်းတို့အကုန်လုံးတော့ တိုင်းမှူး၊ တပ်မမှူး အကုန်မဖြစ်တော့ဘူး၊ ဒါပေမယ့် မင်းတို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေကိုပဲ နောင်မှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ပေးမယ်၊ တခြားသူတွေ မပေးဘူး” ဟု သင်တန်းဆရာက ပြောသည့်အတွက် စစ်ဘက်ရာထူးကြီးကြီးမှန်းထားသည့် သင်တန်းသားများ စိတ်ပျက်ကုန်သည်ဟု သင်တန်းသားတဦးက ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းကို ယခင်က တပတ်လျှင် ဗိုလ်မှူးကြီးအဆင့် (၃၀) မှ (၅၀) ကြားသာ လက်ခံလေ့ရှိသော်လည်း ယခုအခါ (၁၀၀) ကျော်သည်ထိ သင်တန်းသား များပြားလာသည့်အတွက် တပ်မမှူး၊ တိုင်းမှူးရာထူးများ မပေးနိုင်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး သူရွှေမန်း (ကြည်း ၁၁၅၃၄) ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်ပြီး အဆိုပါသင်တန်းတက်စဉ်က တမခ (၆၆) မှ ဗိုလ်မှူးကြီးရာထူးနှင့် တက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ မြန်မာစစ်ခေါင်းဆောင် အတော်များများမှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။ နအဖ အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည်လည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းသည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၄) ဆင်းဖြစ်သည်။ နအဖ အမိန့်စာအချို့ကို နအဖ အတွင်းရေးမှူးအဖြစ် လက်မှတ်ထိုးထုတ်နေသည့် နေပြည်တော် ညွှန်ချုပ် ဗိုလ်မှူးကြီး သန့်ရှင်းသည်လည်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၆) ဆင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အရပ်ဘက်ဌာနဆိုင်ရာများတွင် ရောက်ရှိနေသည့် စစ်အရာရှိများကို လျှော့ချတော့မည်ဖြစ်ရာ မကြာခင် အရပ်ဘက် စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်တော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့်အရာရှိတဦးက ပြောသည်။

အရပ်ဘက်ရှိ စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ပြီးနောက် ထူးချွန်သူများကိုသာ ထားပြီး ကျန်စစ်အရာရှိများကို ပင်စင်ပေးမည်ဟုလည်း စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

ထောင် ၆၅ နှစ် ကျခံရသူ မနီလာသိန်း ကျန်းမာရေး ချို့ယွင်း

သဲသဲ
အင်္ဂါနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ချခံနေရသည့် မနီလာသိန်းသည် ထောင်တွင်း၌ အစာအိမ်ဝေဒနာ ခံစားနေရကြောင်း ကြားသိရသဖြင့် မိသားစုမှ စိုးရိမ်နေကြသည်။

မိသားစုနှင့် တလကျော်ကြာ တွေ့ခွင့်မရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ လူသိများသည့် အမျိုးသမီးခေါင်းဆောင်သည် အစာအိမ်ဝေဒနာကြောင့် နေ့စဉ်နီးပါး အော့အန်လျက် ရှိသည်ဟု သရက်ထောင်မှ ပြန်လွတ်လာသူများမှတဆင့် မိသားစုဝင်များ သိရှိရခြင်း ဖြစ်သည်။

"သူ့ကိုလည်း တွေ့ခွင့်မရတာ ၂ လနီးပါး ရှိနေတော့ ဘာဖြစ်နေမှန်း မသိရဘူး။ အခု တိုက်ပိတ်ခံရပြီး အစာအိမ်ရောဂါကြောင့် နေ့တိုင်းလိုလို အန်နေတယ်လို့ ကြားရတော့ အန်တီတို့ အရမ်းစိတ်ပူနေတာ။ အဲဒီထောင်က လွတ်လာတဲ့သူ ပြောလို့ သိရတာ" ဟု ယောက္ခမဖြစ်သူက မဇ္ဈိမကို ပြောသည်။

သူမနှင့် တွေ့ခွင့်ရရေးအတွက် မိသားစုက သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်သည်ဟု ပြောသည်။

"သူ့ကို စရောက်ကတည်းက တိုက်ပိတ်ထားတယ်။ ဆရာဝန် လာတွေ့တော့လည်း ဆေးကုမပေးဘဲ တရားထိုင် ပုတီးစိပ်လို့ပဲ ပြောတယ်တဲ့။" ဟု သရက်ထောင်မှ မကြာသေးခင်က နိုင်ငံရေးမှုဖြင့် ပြန်လည် လွတ်မြောက်လာသူ ကိုဇော်လင်းက ပြောသည်။

ထို့အပြင် ဘာသာရေးစာအုပ်ကို မနီလာသိန်း ဖတ်ရှုနိုင်ရန် ပေးလိုက်သည့် အကျဉ်းသားနှစ်ဦးကို ထောင်မှူးက ၁၅ ရက်ခန့် သံခြေကျင်း ခတ်လိုက်သည်ဟု ကိုဇော်လင်းက ပြောသည်။

မနီလာသိန်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်ကာ လှုပ်ရှားမှု နောက်ပိုင်းတွင် စစ်အစိုးရက ဆန့်ကျင် ဆန္ဒပြသူများအား လိုက်လံ ဖမ်းဆီးခဲ့ချိန်မှ စတင်ကာ ပုန်းရှောင်နေရင်းမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံရသည်။

ယခင်ကလည်း သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ကြိမ်တိုင်တိုင်- ၁၉၉၁ ခုနှစ်တွင် ၂ လကြာ၊ ၁၉၉၆ ခုနှစ်မှတွင် ၉ နှစ်တိုင်တိုင် ထောင်ကျခံခဲ့ရဖူးသည်။

ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အဖမ်းခံခဲ့ရပြီး အလားတူပင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ဒေါ်အောင်ဆန်းစုကြည် “အမှန်တရားစိတ်ဓာတ် နှိုးဆော်သူဆု” ရ
NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

စစ်အစိုးရကို တိုက်ပွဲဝင်ရာ၌ မြန်မာပြည်သူများအား ဦးဆောင်ခဲ့မှုအတွက် အမေရိကန်နိုင်ငံရှိ Realizing the Dream အဖွဲ့မှ “အမှန်တရားစိတ်ဓာတ် နှိုးဆော်သူဆု” (Trumpet of Conscience Award) ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်လိုက်သည်။

Trumpet of Conscience ဆိုသည်မှာ ကွယ်လွန်သူ လူမဲခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း၏ ၁၉၆၇ ခု နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဟောပြောခဲ့သည့် နာမည်ကျော် လူ့အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပေါင်းချုပ်ကို ခေါ်ဆိုသည့် အမည်ဖြစ်သည်။ ၁၉၆၈ ခုနှစ် ဒေါက်တာ မာတင်လူသာကင်း အလုပ်ကြံခံရပြီးနောက်ပိုင်း သူ၏ မိန့်ခွန်းပေါင်းချုပ်ကို အမှန်တရားစိတ်ဓာတ် နှိုးဆော်သူ (Trumpet of Conscience) အမည်ဖြင့် ထုတ်ဝေနိုင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၂၁ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ပိုင်ခွင့် မေလကုန် (၆) နှစ်ပြည့်ပြီဟု ရှေ့နေ ဦးကြည်ဝင်းပြော
မင်းနိုင်သူ/ ၂၁ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချုပ်ပိုင်ခွင့်မှာ ၂၀၀၉ ခုနှစ် မေလ (၂၉) ရက်တွင် (၆) နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်ကြောင်းနှင့် အယူခံအမှုမှာ အမှုအဖြစ်လက်ခံထားသည့်အဆင့်တွင်သာ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အခုဆိုရင် အကျယ်ချုပ်က လွတ်ဖို့ လေးလသာသာလောက်ပဲ လိုတော့တယ်လေ။ ဒေါ်စုကို သူတို့ တားဆီးထားတဲ့အမိန့်က (၂၉) ရက် မေဗျ။ ဆိုတော့ မေလ (၂၉) ရက်ဆိုရင် ကုန်ဆုံးပြီ။ အဲဒီမှာ (၆) နှစ်ပြည့်ပြီ။ ဒါ…သူတို့တွက်ကိန်းနဲ့သူတို့ ချုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး သူတို့ဘာသာထားတာ။ ကျနော်တို့ တွက်ကိန်းကတော့ (၅) နှစ်ပဲ။ အဲတော့ ကောင်းပြီ… ဒါကအငြင်းပွားစရာဖြစ်လာပြီဆိုတော့ လျှောက်လဲပေါ့ဗျ။ အဲဒီ လျှောက်လဲမှုကို ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတော့ တရားရုံးချုပ်လိုဟာမျိုးလည်း မရှိဘူးဗျ။ ဆိုတော့ (၆) နှစ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကပဲ ပြန်ပြီးတော့ ဆုံးဖြတ်ရမယ့်သဘော ဖြစ်နေတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီးတွင် နအဖအစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် ထိန်းသိမ်းအရေးယူခဲ့သည်။ ထိုဥပဒေသည် ၁၉၇၅ ခုနှစ် ဥပဒေသတ်မှတ်ချက်အရ (၁) နှစ်အထိ တားဆီးမှုပြုလုပ်နိုင်ကာ ဆက်လက်တားဆီးလိုပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် ရက် (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၎င်းနောက် ၁၉၉၁ ခုနှစ် န၀တလက်ထက်တွင် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ခဲ့သည်။ ထိုဥပဒေအရ နအဖက ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅) နှစ် စုစုပေါင်း (၆) နှစ်ချမှတ်ခွင့်ရှိကြောင်း ကိုင်စွဲထားကာ အန်အယ်လ်ဒီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားချက်ကို ထောက်ပြသည်။

“အခုလို အငြင်းပွားစရာတွေဖြစ်လာပြီဆိုတော့ အယူခံလျှောက်လဲရတာပေါ့။ လျှောက်လဲတယ်ဆိုတာကိုက အမှန်တရားကိုသိချင်လို့။ ကျနော်တို့ကလည်း တင်ပြမယ်။ တဖက်ကလည်း ကျနော်ထင်တယ်။ ဗဟိုအဖွဲ့အတွက် များသောအားဖြင့်တော့ ရှေ့နေချုပ်ရုံးက လုပ်ပေးတာ။ အဲတော့ ကျနော်တို့ နှစ်ဦးပြိုင်ပြောတာကို အစိုးရအဖွဲ့က ဆုံးဖြတ်ပေါ့။ အခုဟာကတော့ အချိန်ဆွဲနေလို့ပဲ လေးလကျန်တော့တယ်” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ (၁၂) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့ တွေ့ခွင့်ရခဲ့သည်ဟူသော သတင်းများပေါ်ထွက်ခဲ့ရာ မဟုတ်ပါကြောင်း ဦးကြည်ဝင်းက ငြင်းဆိုသည်။ သို့ရာတွင် တွေ့ဆုံနိုင်ရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာတစောင် ပေးပို့ထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

ဦးဝင်းတင်အား ဝေဖန်ထားသည့် သာကီနွယ်



ငယ်ငယ် က ကွန်မြူနစ် မလုပ်က ငတုံး ဖြစ်သည်။ ကြီးမှ ကွန်မြူနစ် ဆက်လုပ်နေရင်း လူမိုက် ဖြစ်သည်။ဟု ဦးဝင်းတင်တို့ နုစဉ်က ရေပန်းစားခဲ့ပါသည်။
ယခု ဦးဝင်းတင်သည် အသက်အရွယ်ကြီးရင့်သည်အထိ ကွန်မြူနစ် ဆက်လုပ်နေခြင်းသည် ကြီးမိုက်ပင် ဖြစ်ပေသည်။
အမှန်တကယ်တော့ ဦးဝင်းတင်သည် ဒေဗစ်သောရိုး (အတွေးအခေါ် ပညာရှင်)၏ စာပေများကို လေ့လာ လိုက်စားလွန်သည်ဟု ကြားသိရပါသည်။ ဒေးဗစ်သောရိုး၏ မူဝါဒသည် လူသားတိုင်းသည် တပြေညီတည်း ဖြစ်သည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံရသူ မရှိစေရ။ အုပ်ချုပ်သူသည် အုပ်ချုပ်ခံရသူအား ဖိနှိပ်အုပ်ချုပ်သည်အတွက် အုပ်ချုပ်ခံရသူများမှ တွန်းလှန်သင့်သည်။ ၄င်းအပြင် မည်သည်အရာမှ စွဲလမ်းစိတ်မထားရ ကိုယ်ပိုင်ပစ္စည်းဟူသည် သံယောဇဉ် ဖြစ်သည်။ လွပ်လပ်စွာ နေထိုင်ရမည်ဟု ဒေးဗစ်သောရိုး၏ သဘောထားများကို သိမှတ်ဘူးပါသည်။
အထက်ပါ မူများအတိုင်း လိုက်နာ ဆောင်ရွက်နေသော ဦးဝင်းတင်တွင် ဇနီး၊ သားသမီး မိသားစု မရှိပါ။ ကိုယ်ပိုင် အိမ်၊ ကား မရှိပါ။ ``အမိန့်အာဏာ ဟူသမျှ ကို ဆန်ကျင် ရမည် ´´ ဟူသော ဆောင်ပုဒ် နှင့် ``ထိပ်တိုက်ရင်ဆိုင်ရေး´´ လမ်းကြောင်းများကို ဒေါ်အောင်ဆန်းစုကြည်အား လမ်းညွှန်ပြခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဦးဝင်းတင်သည် ခေတ်သစ် ဒေးဗစ်သောရိုး (မြန်မာပြည်) ပင် ဖြစ်ချေသည်။
အတွေးအခေါ်ပညာရှင်ကြီး ဒေးဗစ်သော ရိုးသည် ကိုယ်ပိုင်ဟူ၍ မထားပါ။ အငှားပစ္စည်းများ သာသုံးပါသည်။ ညှပ်ဖိနပ်တောင်ငှားစီးပါသည်။ အလားတူ ဖုန်း အငှားများလည်း ဆက်ပါသည်။
ဦးဝင်းတင်သည် ယခု ရက်ပိုင်းများအတွင်း ဘက်စကား စီး၍ လည်းကောင်း ၊ လမ်းလျှောက်၍ လည်းကောင်း နိုင်ငံရေး အကျဉ်းကျ ဟုဆိုသော မိသားစုဝင်များအား လိုက်လံ အားပေးစကားများ ပြောဆိုခြင်းအား ပါတီဥက္ကဌ ဦးအောင်ရွှေမှ ဦးဝင်းတင် လုပ်ရပ်များသည် NLD ပါတီအတွက် အန္တရာယ်ရှိကြောင်း၊ မင်းကိုနိုင် နောက်လိုက် မလုပ်ပါနဲ့လို့ တားမြစ်ဘူးသည်။ ဦးဝင်းတင်ကလည် ပါတီဥက္ကဌ ဆိုတော့ တည့်မပြောဘဲ သွယ်ဝိုက်ပြီး နိုင်ငံရေးအဖွဲ့တစ်ခုဟာ လူထုကို စည်းရုံးနိုင်ရမယ်။ လူထုကို ခေါင်းဆောင် နိုင်ရမည်။ ခေါင်းဆောင်တယ် ဆိုတာ စည်းရုံးသူမရှိဘဲ ခေါင်းဆောင်လို့ မရကြောင်း၊ ဆိုင်းဘုတ် တင်ထားယုံနဲ့လည်း ခေါင်းဆောင်လို့ မရဘူး၊ အမြဲတမ်း လှုပ်ရှားနေမယ် ပြန်လည် ချေပခဲ့ပါသည်။
ဦးဝင်းတင်သည် အမှန်တကယ်တော့ NLD ပါတီ အတွက် ဖျက်မျဉ်းသာ ဖြစ်ပါသည်။
ဖျက်မျဉ်းလည်း ဖြစ် ၊ ခေတ် မရှိတော့သော အတွေးအခေါ်များကိုလည်း အသုံးချနေသည့်အတွက် နိုင်ငံရေး ကစားကွက်များအတွင်း ရှုပ်ထွေးသွားစေရန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်နိုင်ပါသည်။
( သာကီနွယ် မြန်မာသတင်း ၀စ်ဆိုက်မှ ကောက်နှုတ်ချက် )
*****

အန်အယ်ဒီ မြို့နယ်စည်း ထောင်ဝင်စာ အပိတ်ခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူးဖြစ်သူ မြောင်းမြထောင်တွင် အကျဉ်းကျခံနေရသည့် ဦးအောင်မြင့်ကို ထောင်ဝင်စာ သွားတွေ့ရာ အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း မိသားစုအဆိုအရ သိရသည်။

"၁၆ ရက်နေ့ သွားတွေ့တာ လူမတွေ့ရဘူး။ ပါဆယ်ပေးလို့ရတယ် ပြောပြီး၊ ပါဆယ်ပို့လို့ မရဘူးဆိုပြီး အကုန်ပြန်ပေးတယ်။ အထက်က အမိန့်အရ ပို့ခွင့် မရလို့ပါတဲ့။ ဆေး၊ အစားအသောက်၊ အ၀တ်အစားတွေ ဘာမှ မပေးခဲ့ရဘူး" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်စည်းရုံးရေးမှုး၏ မိသားစုဝင်များသည် ထောင်ဝင်စာတွေ့ဖို့အရေး မြောင်းမြသို့ ဘိုကလေးမှ မော်တော်ကားဖြင့် နှစ်ညခရီး သွားရသည်။ ခရီးစရိတ်မှာပင် တကြိမ်သွားလျှင် ကျပ်ငွေ ၂ သောင်းကျော် ကုန်ကျသည်။

"လူမတွေ့ရရင်တောင် အစားအသောက် ပစ္စည်းတော့ ပို့ချင်တာပေါ့နော်။ အေးတဲ့ ရာသီဆိုတော့ အ၀တ်အစားတွေ ပို့ချင်တာပေါ့နော်။ ဘာမှကို မပေးရဘဲ ပြန်ယူခဲ့ရတော့ လူမတွေ့ရရင် နေပါစေ။ ဆေးတော့ ပို့ချင်တာ။ ဒါကြောင့် စိတ်မကောင်းဘူး။ စိတ်လည်း အရမ်းပူတယ်။ အစားအသောက် ပေးရတယ်ဆိုရင် တော်သေးတယ်။ အခုတော့ လူလည်း မောရတယ်" ဟု မိသားစုဝင်က ပြောသည်။

အသက် ၄၉ နှစ်အရွယ် ဦးအောင်မြင့်သည် ထောင်မကျခင်ကတည်းက သွေးတိုး၊ နှလုံးနှင့် အစာအိမ် ရောဂါဝေဒနာများ ခံစားနေရသူ ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ရန်ကုန် UNODC ရုံးကို ကုလမှ စာရင်းစစ် မူးယစ်နှင့် အိပ်ခ်ျအိုင်ဗွီ စီမံကိန်းများ ကျေနပ်မှုမရှိ
NEJ/ ၂၁ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့ရှိ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုရုံးခွဲကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ၀င်ရောက်စစ်ဆေးရာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ စမ်းသပ်ဒေသရွေးချယ်ရာ၌ တစ်ခါသုံးဆေးထိုးအပ်သုံး မြို့နယ်များ ကျန်နေခြင်း၊ အန်ဂျီအိုများအားပေးသည့် စီမံကိန်းငွေကို စောင့်ကြည့်စစ်ဆေးမှုမရှိခြင်း စသည့် ချို့ယွင်းချက်များတွေ့ရကြောင်း ကုလသမဂ္ဂအစီရင်ခံစာတရပ်၌ ဖော်ပြထားသည်။

ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အဆိုပါ ကုလသမဂ္ဂစာရင်းစစ်အဖွဲ့အစီရင်ခံစာကို ၂၀၀၈ ခု သြဂုတ် (၂၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကုလစာရင်းစစ် ညွှန်ကြားရေးမှူး Dagfinn Knusten က လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Maria Costa ထံ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ် အချက်အလက်များအရ ဆေးထိုးအပ်သုံး ဆေးသမားများ၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါစွဲနေသူ အရေအတွက်မှာ မန္တလေး (၈၈) ရာနှုန်း၊ လားရှိုး (၈၈) ရာနှုန်း၊ မြစ်ကြီးနား (၇၇) ရာနှုန်းနှင့် ရန်ကုန်တွင် (၃၉) ရာနှုန်းရှိသည်။ သို့သော် ရန်ကုန် UNODC ရုံးက လားရှိုးတခုတည်းကွက်ပြီး စမ်းသပ်မြို့နယ် လုပ်ကိုင်ခဲ့ပြီး အခြား အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ သံသယရှိသည့် မြို့နယ်များကို စမ်းသပ်စီမံကိန်းထဲ မပါဝင်သည့်အချက်ကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ထောက်ပြထားသည်။

UNAIDS ခေါ် ကုလသမဂ္ဂအေအိုင်ဒီအက်စ်အဖွဲ့၏ ၂၀၀၆ ခု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးစွဲကပ်နေသူပေါင်း (၃၆၀,၀၀၀) ခန့်ရှိပြီး ၂၀၀၅ ခုနှစ်ကုန်တွင် မြန်မာတနိုင်ငံလုံး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါရှိနေသည့် အရွယ်ရောက်သူပေါင်း (၁.၃) ရာနှုန်းရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
မြန်မာအလုပ်သမား ၁၇ ဦးကို လူမိုက်များက ခြိမ်းခြောက်
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၇ ဦးသည် အချိန်ပိုကြေးပေးရန် တောင်းဆိုနေစဉ် အလုပ်ရှင်က လူမိုက်များ စေလွှတ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

Greater Versatile Garments အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူ မြန်မာအမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၂ ဦး၏ နေအိမ်သို့ အလုပ်ရှင်က ငှားရမ်းထားသည့် လူ ၇ ဦးက ဓားပြခြိမ်းခြောက်မှုများ ဇန်န၀ါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်ဟုဆိုသည်။

"ကျမတို့ သူတို့လုပ်ခိုင်းတဲ့ စည်းကမ်းတွေအတိုင်း လိုက်လုပ်ပေးတယ်။ ကျမတို့ဘက်က ပြန်ပြောလာတော့ သူဋ္ဌေးဘက်ကနေ လူမိုက်တွေဘာတွေ ထားတယ်။ အိမ်ကိုလာပြီး သော့ခတ်ထားတယ်။ ရေချိုးခွင့် မရှိဘူးလို့ ပြောတယ်။ ညီမတို့ဆီကို ဖုန်းရှိလားဆိုပြီးတော့ ညီမကို နားရင်းကို ၂ ချက်၊ ၃ ချက် ရိုက်တယ်။ ဖုန်းတွေ ဘာတွေရှာတော့ တကိုယ်လုံးကို လက်တွေနဲ့နှိုက်ပြီး ရှာတယ်" ဟု ကာယကံရှင် မြန်မာအလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ရသူ အခြား အမျိုးသားတဦးကလည်း "ကျနော်တို့ ၁၇ ယောက် အတူနေပါတယ်။ သူဋ္ဌေးက လူမိုက်တွေခေါ်ပြီး ကျနော်တို့ကို ဓားတွေနဲ့ ထောက်ထားတယ်။ လူမိုက်တွေက ၇ ယောက် ရှိတယ်။ မိန်းကလေးတွေကို ဘောင်းဘီအိတ်တွေကို နှိုက်တယ်။ " ဟု ပြောသည်။

အိမ်တွင်းမှု အထည်ချုပ် စက်ရုံတွင် အချိန်ပိုကြေးမပေးဘဲ လုပ်ခလစာကို သီတင်းပတ်နှစ်ပတ်ခန့်ကြာနောက်ကျမှပေး၍ ကန့်ကွက်ခဲ့ကြသည်ဟု အလုပ်သမားများက ပြောသည်။

အလုပ်ရှင် ဖြစ်သူ Mr. Kuma ကတော့ အလုပ်သမားများပြောကြားချက်ကို ယတိပြတ်ငြင်းဆန်လိုက်ပြီး ပုံမှန်လစာပေးသည်ဟု ဆိုသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
စစ်တွေမြို့ လုံခြုံရေးထူထပ်စွာချထား
မင်းနိုင်သူ/ ၂၁ ဇန်န၀ါရီ ၂၀၀၉

စစ်တွေမြို့တွင် လုံခြုံရေးထူထပ်စွာချထားပြီး ညနေ (၆) နာရီနောက်ပိုင်း ပြင်ပမှကားများအား မြို့တွင်းသို့ ၀င်ခွင့်မပြုဘဲ နောက်နေ့ နံနက်မှသာ ၀င်ခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။

“လုံခြုံရေးတွေချထားတာက ဗိုလ်ချုပ်ကြီးမောင်အေး မလာခင်ကတည်းကပဲ။ အခုထိလည်း ချထားတုန်းပဲ။ လုံထိန်းတွေ၊ တပ်တွေအများကြီးပဲ” ဟု ဒေသခံတဦးက ပြောသည်။

စစ်တွေမြို့ကို ၀င်ရောက်ရာ နေရာများတွင် မှတ်ပုံတင်စစ်ဆေးခြင်း၊ မသင်္ကာသူများကို စစ်မေးခြင်းများပြုလုပ်နေပြီး သံဃာနှင့် ကျောင်းသားအရွယ် လူငယ်များအား ပိုမိုစစ်ဆေးနေကြောင်း သိရသည်။

“ဘုန်းကြီးတို့ကိုလည်း မေးတာပေါ့လေ။ ဘယ်ကကြွလာတာလဲ။ ဘယ်ကျောင်းတိုက်ကလည်း၊ ဘယ်နှရက်ကြာမှာလဲ စသဖြင့်ပေါ့လေ။ စစ်တွေလေဆိပ်မှာ ဒါမျိုးမေးတာ ဒီတခါပဲ ကြုံဖူးသေးတယ်။ တခြားလူတွေလည်း လေဆိပ်မှာတောင် ဒီလိုစစ်မေးမှုတွေလုပ်လာတော့ အရမ်းအံ့အားသင့်နေကြတာပေါ့” ဟု စစ်တွေမြို့သို့ ကြွမြန်းခဲ့သော သံဃာတော်တပါးက မိန့်သည်။

စစ်တွေမြို့ အထင်ကရ နေရာများဖြစ်သည့် ဦးရဲကျော်သူကျောင်း၊ ပြည်လုံးချမ်းသာဘုရား၊ လောကနန္ဒာဘုရား၊ စစ်တွေပွိုင့်၊ ဦးဥတ္တမပန်းခြံ၊ ၀င်္ကဘာကွင်းများတွင်လည်း လုံခြုံရေးယူထားခြင်းကြောင့် ဒေသခံများ သွားလာရာတွင် လွတ်လပ်မှုမရှိဟု ခံစားနေကြရကြောင်း ၎င်းတို့က ဆိုသည်။

စစ်တွေမြို့သည် ၂၀၀၇ စက်တင်ဘာအရေးအခင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ မပြတ်ရှိခဲ့သောကြောင့် နအဖအစိုးရ၏ တင်းကျပ်စွာကိုင်တွယ်မှု ခံနေရသော မြို့ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

မြန်မာဗိုလ်ချုပ်ကြီးများအပေါ် တရုတ်၏ သြဇာမှေးမှိန်သွားပြီလော

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အခိုင်မာဆုံးမဟာမိတ် တရုတ်နိုင်ငံသည် အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများအပေါ် သြဇာရှိသည့် တခုတည်းသော နိုင်ငံဟု နိုင်ငံတကာက ထင်မှတ်သော်လည်း ဗိုလ်ချုပ်ကြီးများသည် သူတို့၏ အကိုကြီး တရုတ်နိုင်ငံက ပြောသည်ကို လိုက်မလုပ်ဘဲ ခေါင်းမာနေသည့်အတွက် တရုတ်အနေဖြင့် ခက်ခဲသော အခြေအနေတရပ် ရင်ဆိုင်နေရကြောင်း အကဲခတ်တဦးက ဆိုလိုက်သည်။

အကြံပေးချက်များကို လိုက်နာရန် ခေါင်းမာစွာ ငြင်းဆန်နေသည့်အတွက် တရုတ်အနေဖြင့် လောလောဆယ်တွင် တင်းကျပ်သော အနေအထားတွင် ရောက်ရှိနေကြောင်း နှစ်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် နေထိုင်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြာမြင့်စွာ အကဲခတ်လေ့လာနေသူ ဦးမြမောင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်၏ အကြံပြုချက်များတွင် အတိုက်အခံများနှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် စစ်အစိုးရက မေလဆန္ဒခံယူပွဲတွင် အတည်ပြုပြီးဖြစ်သည်ဟု ပြောဆိုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စဉ်းစားရန်တို့ အံ့အားသင့်စရာ ကောင်းလောက်အောင် ပါဝင်နေသည်ဟု သူက ပြောသည်။

ဦးမြမောင်က "ဒါပေမဲ့ ခက်နေတာက တရုတ်အတွက်လည်း သူ့အမျိုးသား အကျိုးစီးပွားက ရှိနေတော့ စစ်အစိုးရအပေါ် အပြင်းအထန် ဖိအားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု ပြောသည်။

တရုတ်က မြန်မာထံမှ လိုချင်နေသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးနှင့် စစ်တွေဆိပ်ကမ်းကို ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုခွင့်ရရေးတို့မှာ အရေးပါသည်ဟု သူက ဆိုသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေကို ပြန်ခေါ်ပြီ
NEJ / ၂၁ ဇန်န၀ါရီ ၂၀၀၉

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား အသက် (၆၀) ပြည့်ပြီးနောက် (၂) ကြိမ်တိုင် သက်တမ်းတိုး တာဝန်ပေးထားခဲ့သည့်အတွက် စစ်အစိုးရက ပြန်ခေါ်ထားသည်ဟု သံတမန်အသိုင်းအ၀န်းက ပြောသည်။

နယူးယော့ခ်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ရာထူးမှာ စစ်အစိုးရ သိက္ခာကို ကာကွယ်ပေးရသူဖြစ်သည့်အတွက် စစ်အစိုးရအတွက် အရေးပါသည့် သံတမန်စစ်မျက်နှာတခုဖြစ်ပြီး ဦးကျော်တင့်ဆွေ နေရာကို မည်သူနှင့် အစားထိုးမလဲဆိုသည်ကို သံတမန်အသိုင်းအ၀န်းက စိတ်ဝင်တစား ဖြစ်နေကြသည်။

ဦးကျော်တင့်ဆွေ၏ နေရာကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များဖြစ်သည့်အပြင် ၀ါရင့်သံတမန်များဖြစ်သည့် ဦးဖေသန်းဦးနှင့် ဦးဥာဏ်လင်းတို့အနက် တဦးဦးကို လျာထားသည်ဆိုသည့် သတင်းထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် (၈) နှစ်ကြာ တာဝန်ယူခဲ့သည့် ဦးကျော်တင့်ဆွေသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ယုံကြည်စွာအားထားရသည့် သံတမန်တဦးအဖြစ် ထင်ရှားသည်။

မကြာခင်က အင်တာနက်တွင် ဖြန့်ဝေခဲ့သည့် ဦးကျော်တင့်ဆွေ ရေးသားသည်ဆိုသည့် အစီရင်ခံစာ တပိုင်းတစမှာ စစ်အစိုးရဘက်က အတိုက်အခံနှင့် မီဒီယာများအား လှည့်စားရန် လုပ်ကြံဖြန့်ဖြူးသည့် အချက်ဖြစ်နိုင်သည်ဟု သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။ သို့သော် ထိုစာတမ်းနောက်ဆုံးပိုင်းပါ လက်မှတ်မှာမူ ဦးကျော်တင့်ဆွေလက်မှတ်နှင့် ဆင်တူသည်ဟု အချို့သံတမန်များက ပြောသည်။

ဦးကျော်တင့်ဆွေကို ၂၀၀၁ ခုနှစ် ဧပြီလမှစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ပင်လယ်ကမ်းခြေများတွင် လူကိုကမ်းခြေမှဝေးရာသို့ ဆွဲခေါ်တတ်သည့် ရေဆွဲ (Rip Tide) များဖြစ်ပေါ်မှုကြောင့် သေဆုံးသူအချို့ရှိနေ၍ အပန်းဖြေသူများ သတိပြုရန်လို

ပင်လယ်ကမ်းခြေများတွင် လူကိုကမ်းခြေမှဝေးရာသို့ဆွဲခေါ်တတ်သည့် ရေဆွဲ(Rip Tide) များဖြစ်ပေါ်မှုကြောင့် သေဆုံးသူအချို့ရှိခဲ့ရာ ပင်လယ်ကမ်း ခြေများသို့သွားရောက်အပန်းဖြေသူ များအနေဖြင့်ဂရုပြုရန်လိုအပ်ကြောင်း ကမ်းခြေဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသခံများက ပြောပါသည်။

အဆိုပါရေဆွဲများသည် မိုးဦး ကျတွင်ပိုမိုဖြစ်ပွားတတ်ပြီးရာသီဥတု ပြောင်းလဲမှုနှင့်ပင်လယ်ရေစီးကြောင်း များ ပင်လယ်အတွင်းရှိ ကျောက်တန်း၊ကျောက်ဆောင်နှင့်အငူများကို ကွေ့ဝိုက်သွားသောအခါရေစီးကြောင်း ပုံမှန်မဟုတ်သည့်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။
ယင်းရေဆွဲများက လူကို ဆွဲ ငင်မှုများကြောင့်ပင်လယ်ရေစီးကြောင်း အတွင်းသို့ ရောက်ရှိသွားကာ ရေနစ် သေဆုံးမှုများလည်း မကြာခဏကြုံ တွေ့ရကြောင်း သိရှိရသည်။
( Weekly Eleven သတင်းမှ ကောက်နှုတ်ချက် )
*****

ဇန်န၀ါရီလ ၂၂ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများဖွဲ့ခိုင်း

မင်းနိုင်သူ/ ၂၂ ဇန်န၀ါရီ ၂၀၀၉

စီးပွားကူးသန်းဝန်ကြီးဌာနက ပဲနှမ်းကုန်စည်ဒိုင်များမှ အလုပ်အမှုဆောင်များအား ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများ ဖွဲ့စည်းခိုင်းနေကြောင်း ကုန်သည်ပွဲစားများက ပြောသည်။

စီးပွားကူးသန်းဦးဆောင်မှုဖြင့် UMFCCI ရုံးချုပ်၌ ပဲနှမ်းကုန်စည်ဒိုင်များမှ အမှုဆောင်အဖွဲ့ဝင်များအား ယခုလ (၈) ရက်တွင် ခေါ်ယူကာ ယင်းကိစ္စ အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဘယ်နေ့ဘယ်ရက်မှာ အပြီးသတ်ဖွဲ့ပါလို့တော့ မပြောဘူး။ အမြန်ဆုံးဆောင်ရွက်ပါလို့တော့ ညွှန်ကြားထား တယ်။ အများပိုင်တော့မဟုတ်တော့ဘူး။ အများနဲ့မဆိုင်တဲ့ ကုမ္ပဏီပဲဖွဲ့တော့မှာ။ လူကြီးတွေက အများပိုင်ကို မသွားနဲ့ဦးဆိုပြီး ပြောင်းညွှန်ကြားလာပြန်တယ်။ ဒီကစိတ်ဝင်စားတဲ့ ကုန်သည်ပွဲစားနဲ့ ရန်ကုန်ကုမ္ပဏီတွေ ပူးပေါင်းပြီးဖွဲ့ရမှာ။ ဒီကလူတွေက ၀ယ်ယူပေါ့။ ရန်ကုန်ကုမ္ပဏီက တင်ပို့ရေး တာဝန်ယူလုပ်ပေါ့။ အဲလိုတော့ ပြောထားတယ်။ အသေးစိတ်ညွှန်ကြားမှုတွေတော့ မရှိသေးဘူး” ဟု မန္တလေးကုန်စည်ဒိုင်အမှုဆောင်တဦးက ပြောသည်။

ဘုရင့်နောင်ပဲဈေးကွက်အတွင်း နိုဝင်ဘာလ၌ ပဲဈေးကွက်ပျက်ကာ ကုန်သည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည်။ ယင်းဖြစ်ရပ်ကြောင့် ပြည်တွင်း ပဲဈေးကွက်၌ ကမောက်ကမ ဖြစ်ပွားခဲ့ပြီး ယခုအခါ အစိုးရက ပဲဈေးကွက်ကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။

လာမည့်ကာလအတွင်း အိန္ဒိယ-မြန်မာ ပဲရောင်းဝယ်မှုကို အစိုးရချင်း တိုက်ရိုက်ချိတ်ဆက်ရောင်းဝယ်သွားတော့ မည်ဖြစ်သည်။ အိန္ဒိယအဖွဲ့ နေပြည်တော်သို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၂၃) ရက်တွင် ရောက်ရှိလာပြီး ပဲတန်ချိန် (၁) သန်း ၀ယ်ယူမည်ဆိုသော်လည်း အပြီးသတ်ညှိနှိုင်းမှု မရခဲ့ပေ။

အများပိုင်ကုမ္ပဏီဖွဲ့ရမည်ဟူသော သတင်းများ ပေါ်ထွက်ခဲ့သော်လည်း အစိုးရက မူဝါဒပြောင်းသွားပြန်ကာ အစုရှယ်ယာဝင် (၅၀) ဦးထက် မပိုရသော ကုမ္ပဏီများအသွင် ဖွဲ့စည်းခိုင်းခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ပါရမီတက္ကစီ ဗိုလ်မှူးချုပ်တွေသာ ရောင်းမည်
NEJ/ ၂၂ ဇန်န၀ါရီ ၂၀၀၉

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်အောက်ရှိ ပါရမီကုမ္ပဏီအတွက် တက္ကစီကားအသစ် အစီး (၉၀) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်လာရာ ရောင်းချပေးမည့်သူများမှာ အငြိမ်းစား စစ်အရာရှိများသာ ဖြစ်သည့်အတွက် အမှန်တကယ်သုံးလိုသူများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အဆိုပါ တက္ကစီကား အစီး (၉၀) ကို အငြိမ်းစား ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးချုပ်များသာ ရောင်းချပေးမည် ဆိုသည့်အတွက် တက္ကစီဝယ်လိုသူများ မကျေနပ်ခြင်းဖြစ်သည်ဟု မြန်မာ့စီးပွားရေး ဦးပိုင် အရာရှိတဦးက ပြောသည်။

သို့သော် ပါရမီတက္ကစီများမှလွဲ၍ ရန်ကုန်မှ အရပ်သား တက္ကစီသမားများမှာမူ လုပ်ကိုင်ရ အဆင်မပြေကြောင်း တက္ကစီပိုင်ရှင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ရင်ချင်းဆက်အမွှာ မွေးဖွား
မျိုးကြီး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ကျေးရွာမှ အမျိုးသမီးတဦးသည် ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦးကို ယခုလ ၁၉ ရက်နေ့က မွေးဖွားခဲ့သည်။

အသက် ၂၀ ကျော်အရွယ် ကချင်အမျိုးသမီး မဘောက်မိုင်သည် မုံးပေါ်ကျေးရွာ၌ပင် ရင်ချင်းဆက် အမွှာလေးကို ရွာဆေးရုံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး မူဆယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထိုမှတဖန် ယနေ့မွန်းလွဲတွင် လားရှိုးဆေးရုံသို့ မိခင်ရော၊ ကလေးပါ လွှဲပြောင်းလိုက်သည်။

''မွေးတာက မုံးပေါ်ရွာက ဆေးရုံလေးမှာ မွေးတယ်။ ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦး ဒီနေ့ မူဆယ်ဆေးရုံကို ရောက်လာတယ်။ ဒီမှာတော့ ပစ္စည်းတွေဘာတွေ မပြည့်စုံတော့ တခြားဆေးရုံ ပြန်သွားမယ်ထင်တယ်။ အမေရော ကလေး ၂ ယောက်စလုံး ကျန်းကျန်းမာမာပဲလို့ သိရတယ်'' ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မူဆယ်ဆေးရုံ ၀န်ထမ်းတဦးကလည်း ရင်ချင်းဆက်အမွှာ မွေးဖွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခုလို ရင်ချင်းဆက်အမွှာ မွေးဖွားမှုကို တတိယအကြိမ်မြောက် ကြားသိရခြင်းဖြစ်သည်။ ယခင်က မနန်းစိုး-မနန်းစံ၊ အေးအေးငြိမ်း-အိအိငြိမ်း အမည်ရသည့် ရင်ချင်းဆက် သမီးအမွှာလေးများကို မွေးဖွားခဲ့သေးသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
မြန်မာ လွှတ်တော်အမတ်များကို အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးက ကြိုဆို

အိုင်ယာလန်နိုင်ငံ၊ ဒင်ဘလင်မြို့မှာ ကျင်းပမဲ့ မြန်မာ လွှတ်တော်အမတ်များ သမဂ္ဂ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့နှင့် ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်းတို့အား အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး မီးလ်ခယ် မာတင်က ဇန်န၀ါရီ ၂၁ ရက်နေ၌ နှုတ်ဆက် ကြိုဆိုခဲ့သည်။ ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေး ကျင်းပပြီး လူမှုအဖွဲ့အစည်များမှ ကိုယ်စားလှယ်များနှင့် တိုင်းရေးသား လူမျိုးစု ကိုယ်စာလှယ်များ မြန်မာဒီမိုကရေစီရေး ညှိနှိုင်း ဆွေးနွေးပွဲလည်း ကျင်းပမည် ဖြစ်သည်။ ထို အစည်းအဝေးကို အိုင်ယာလန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ထောက်ပံ စပွန်ဆာ ပေးခဲ့ခြင်း ဖြစ်သည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
*****
ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များနှင့် UNHCR တွေ့ဆုံခွင့် ပေးရန် တောင်းဆို

ထိုင်းအာဏာပိုင်းများက ဖမ်းဆီး ထိန်းသိမ်းထားသည့် လှေစီ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး ၀င်ရောက် တွေ့ဆုံခွင့်ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) က ထိုင်းအစိုးရကို တောင်းဆိုထားသည်ဟု UNHCR ရုံးက RFA ကို ပြောခဲ့သည် ဟု သိရသသည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက်)
*****
ဇန်န၀ါရီလ ၂၃ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


ဝ ပြည်သွေးစည်းရေးကို ပါတီအဖြစ်ပြောင်းရေး စစ်အစိုးရ စည်းရုံးပြန်

သန်းထိုက်ဦး
သောကြာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် တပ်ကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကြိုးစားသည့်အနေဖြင့် ရွှေတြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းသည် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုနေသည်ဟု စောင့်ကြည့်လေ့လာသူများက တညီတညွတ်တည်း ပြောလိုက်ကြသည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အင်အားတောင့်တင်းလှသည့် ၀ အဖွဲ့က လက်နက်စွန့်ရန် ငြင်းဆန်နေ၍ ခေါင်းကိုက်နေရသည့် နအဖခေါင်းဆောင်များ အနေဖြင့် တလအတွင်း ဒုတိယအကြိမ်မြောက် စည်းရုံးနေခြင်းဖြစ်သည်။

"ပါတီထောင်ခိုင်းပါတယ်။ နိုင်ငံရေးပါတီပေါ့နော်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေကိုလည်း ပြည်သူ့စစ် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ဆိုပြီးတော့ ကာကွယ်ရေးတပ်မတော်ရဲ့ လက်အောက်မှာဝင်ပြီး နေထိုင်ဖို့ သွားစည်းရုံးပါတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်" ဟု ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) - SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက မဇ္ဈိမကို ပြောသည်။

သို့သော် UWSA မှ မည်သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အမည်မဖော်လိုသူ ပြည်သူ့စစ်ခေါင်းဆောင်တဦးက " ၀'တပ်ဖွဲ့ကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ အစိုးရထံ လက်နက်ချဖို့ပေါ့နော်။ အေးဆေးနေဖို့၊ နောက် ၀'တပ်ဖွဲ့ကလည်း လက်နက်မချဘူး ငြင်းနေတော့၊ သူတို့ကြားမှာ သိပ်မပြေလည်ဘူးလေ။ အဲဒါကြောင့် သွားပြီးတော့ ဆွေးနွေးတဲ့အပိုင်းလည်း ပါတယ်လို့ အဲဒီလို သိရတယ်" ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၆-၂၇ ရက်နေ့များတွင် ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဖြိုးက ၀'တပ်မဟာ ၄၁၇ နှင့် ၀' တောင်ပိုင်းဒေသ အုပ်ချုပ်ရေးအတွင်း ပါဝင်သည့် မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များကို အခြေခံသည့် အမှတ် ၁၇၁ ၀' စစ်ဒေသအတွင်းမှ စစ်ရေးနှင့် အုပ်ချုပ်ရေး အရာရှိများကို ကျိုင်းတုံသို့ ခေါ်ယူတွေ့ဆုံခဲ့သေးသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ၀' တပ်ဖွဲ့များ အသွင်ပြောင်းလဲရေး အပါအ၀င် အခြေခံ ဥပဒေသစ်နှင့်အညီ အပြောင်းအလဲများလုပ်ရန် ပြောခဲ့ပြီးနောက်၊ တလမပြည့်သေးခင် ဒုတိယမြောက် လာတွေ့ခြင်းပင်ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ရွှေ့ပြောင်းလုပ်သားအရေး တရားမျှတမှုရှိသင့်ဟု လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
ဇာနည်
သောကြာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းအစိုးရ၏ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများကို ထိရောက်စွာ နှိမ်နင်းသွားမည့် လုပ်ငန်းများသည် တရားမျှတမှု ရှိသင့်သည်ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက တုံ့ပြန်ပြောဆိုလိုက်သည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချချီဝက ထိုင်းနိုင်ငံရှိ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများကို နှိမ်နင်းသွားရန်နှင့် လူကုန်ကူးမှုများကို စုံစမ်းစစ်ဆေးသွားရန် ယမန်နေ့က ပြောကြားလိုက်မှုအပေါ် ဤသို့ တုံ့ပြန်ကြခြင်းဖြစ်သည်။

"လုပ်မယ်ဆိုရင် အားလုံးကို သိမ်းကြုံးပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့ ဥပဒေအတိုင်း သေသေချာချာ စိစစ်ဖို့ လိုအပ်တယ်။ ဘယ်သူတွေက မှတ်ပုံတင် ရှိလဲ။ ဘယ်သူတွေက တရားမ၀င်ဘူးလဲ။ တချို့က မြန်မာပြည်ပြန်ရင် အန္တရာယ်ရှိနိုင်တဲ့ နိုင်ငံရေး ခိုလှုံခွင့်နဲ့သူတွေ ရှိတယ်။ ဒါတွေကို သီးသန့်ခွဲပြီး လုပ်ဆောင်သင့်တယ်" ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) – HREIB မှ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများမှာ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှဖြစ်ပြီး အများစုဖြစ်သော မြန်မာလူမျိုးများမှာ တရားဝင် မှတ်ပုံတင်ထားခြင်း နည်းပါးသောကြောင့် အဆိုပါ ကိစ္စရပ်သည် မြန်မာလုပ်သားများကို ဦးတည်နေသကဲ့သို့ ဖြစ်နေသည်ဟု သူက ဆိုသည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ်က "တရားမ၀င် ၀င်ရောက်လာမှုများကို အရေးယူဆောင်ရွက်မည်ဖြစ်ပြီး၊ သူတို့ကို တိုင်းပြည်မှ ထုတ်ပစ်ရမည်" ဟု ပြောကြားချက်ကို အေအက်ပီ သတင်းတရပ်တွင် ဖော်ပြထားသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ကုလ ကိုယ်စားလှယ် ဂမ်ဘာရီ မကြာမီ မြန်မာပြည် လာဦးမည်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရေး ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံကို သွားရောက်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန် ဖိတ်ကြားစာကို လက်ခံရရှိထားပြီးဖြစ်ကာ၊ အရှေ့တောင်အာရှနိုင်ငံ ခရီးစဉ်ကို မကြာမီ စတင်ဖွယ်ရှိသည်ဟု အဆိုပါပုဂ္ဂိုလ်က မဇ္ဈိမကို ပြောခြင်းဖြစ်သည်။

"မြန်မာပြည်ကို လာဖို့ ဖိတ်ခေါ်စာကို သူ ရထားပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ ဘာကိုမှ အတည်ပြု မပြောနိုင်သေးပါဘူး" ဟု ဆိုကာ သူက ခရီးစဉ် အသေးစိတ်ကို ရှင်းပြရန် ငြင်းဆိုသည်။

အေပီ သတင်းတရပ်တွင်မူ မြန်မာ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရန်အတွက် မစ္စတာ ဂမ်ဘာရီသည် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် မြန်မာပြည်ကို ထပ်မံသွားရန် စီစဉ်ထားသည်ဟု အမည်မဖော်ပြထားသော သံအမတ်တဦး၏ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ရွှေပြည်အေးမြို့သစ်တည်ဆောက်ရေး သဘာဝပတ်ဝန်းကျင်ယိုယွင်း
မင်းနိုင်သူ/ ၂၃ ဇန်န၀ါရီ ၂၀၀၉

နအဖစစ်အစိုးရအနေဖြင့် ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် ၎င်းတို့ ရွှေ့ပြောင်းခိုင်းထားသော ကျေးရွာများအား နေရာအစားပေးရန် ဟုမ္မလင်းမြို့၏ အောက်ဘက် (၂၂) မိုင်ခန့်အကွာတွင် ရွှေပြည်အေး မြို့သစ်ကို အပူတပြင်းတည်ဆောက်နေခြင်းကြောင့် သစ်တောများပြုန်းတီးကာ သဘာဝပတ်ဝန်းကျင် သိသာစွာယိုယွင်းလာနေကြောင်း ဒေသခံများက ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါမြို့သစ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ အဖျားဆွတ်အမည်နှစ်ခု အကြား “ပြည်” ဆိုသော စကားလုံးထည့်သွင်းစေလျက် “ရွှေပြည်အေး” ဟု အမည်ပေးထားသည်ဟု ဒေသခံများက ပြောသည်။

ထမံသီစီမံကိန်းကြောင့် ဖယ်ရှားပေးရမည့် ကျေးရွာ (၇၀) ကျော်အား နေရာအစားပေးရန် အိမ်ခြေ (၁) သောင်း ၊ မြို့နယ်ဆေးရုံ (၁) ရုံ ၊ တိုက်နယ်ဆေးရုံ (၄) ခု၊ ဆေးပေးခန်း (၂၈) ခု၊ အထကကျောင်း (၃) ကျောင်း၊ (က) အဆင့်ရဲစခန်း (၃)ခု၊ သင်္ဘောဆိပ်ကမ်းနှစ်ခု၊ နန်တော-ရွှေပြည်အေး-မုံရွာ မဟာဗျူဟာ လမ်းမကြီးတခုပါ မြို့ ကြီးတမြို့အဖြစ် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် တည်ဆောက်နေခြင်း ဖြစ်သည်။

ယင်းတည်ဆောက်မှုကိုအကြောင်းပြု၍ နအဖက သစ်ထုတ်ခွင့်ချထားပေးခဲ့ရာ JLC ကုမ္ပဏီနှင့် ၎င်းလက်အောက်ခံ ကျန်းဝေကုမ္ပဏီ၊ မခင်ဆုံကုမ္ပဏီတို့က မိုင် (၅၀) ပတ်လည်ခန့်အထိ သစ်ခုတ်လှဲခဲ့ကြပြီး သစ်တန်လေးသိန်းထက်မနည်း ထုတ်ယူခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

“သိသာတယ်ဗျာ။ မနှစ်ကတည်းက တော်တော်ပူလာတယ်။ ဒီအထက်ပိုင်းဆိုတာ နဂိုကတော်တော် အေးတဲ့နေရာတွေဗျ။ အခုတော်တော်ပူလာပြီ။ သဘာဝပတ်ဝန်းကျင်လည်း တော်တော်ထိခိုက်လာပြီ။ နန်တောဘက်မှာ ရွှေလုပ်ငန်းတွေအခွန်ဆောင်ခိုင်းပြီး လုပ်ခိုင်းတယ်ဗျာ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အသိပညာပေးတာတွေ ဘာတွေလည်းမရှိဘူး။ သူတို့ကိုအခွန်ဆောင်ပြီးရော ကျန်တာကြိုက်တာလုပ်ဆိုတဲ့ သဘောမျိုးဖြစ်နေတော့ ရေမျှော (တောင်ကြောများအားရေအားသုံးဖြိုချကာ ရွှေရှာသူများ) သမားတွေက တောင်မှန်သမျှ အကုန်ဖြိုချနေကြတာ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အထိ ချင်းတွင်းမြစ်ရေဟာ ကြည်စိမ်းနေတာ။ အခုတော့သွားပြီ” ဟု ဟုမ္ပလင်းမြို့ခံက ပြောသည်။

ရွှေပြည်အေးမြို့သစ်တည်ရာတွင်လည်း JLC ကုမ္ပဏီအနေဖြင့် ယမန်နှစ်က သစ်ထုတ်လုပ်ခွင့် တန် (၁) သိန်းသာ ရရှိခဲ့သော်လည်း အာဏာပိုင်အဆင့်ဆင့်နှင့်ပေါင်းကာ တန်ချိန် (၂) သိန်းထက်မနည်း ထုတ်ယူခဲ့ ကြောင်း ဒေသခံများက ဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဧည့်လာရန်သာ အရေးကြီးဟု ဟိုတယ်လုပ်ငန်းရှင်များပြော
NEJ/ ၂၃ ဇန်န၀ါရီ ၂၀၀၉

ငွေဆောင်ကမ်းခြေဟိုတယ်များသို့ ဧည့်သည်ဝင်ရန် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း (၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်ခရီးသွားရာသီမကုန်မီ) တွင် ဟိုတယ်ဇုန်တခုလုံး မည်သည့်နည်းဖြင့် ဧည့်သည်ဝင်ရောက်နိုင်မည်ကို တွေးတောကြံဆကြကာ ဖျော်ဖြေရေးကဏ္ဍများ ဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာပြိုင်ပွဲများ ပြုလုပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံသုံး၍ ပရိုမိုးရှင်းပြုလုပ်နေရကြောင်း အဆိုပါ ဟိုတယ်ဇုန်သတင်းရပ်ကွက်က ပြောသည်။

“ကျနော်တို့ ဒီငွေဆောင်ကမ်းခြေမှာ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ဖျော်ဖြေရေးကဏ္ဍတွေ စတင်တာပါ။ ဒီနှစ်မှာ ကရင်ဒုံးယိမ်းပြိုင်ပွဲလုပ်တယ်။ အောင်မြင်မှု ရတယ်။ အဲဒီလိုပဲ ရိုးရာအက၊ ရိုးရာအစားအစာနှင့် ပတ်သက်တဲ့ ပြိုင်ပွဲတွေရော၊ ပြိုင်ပွဲမဟုတ်တဲ့ ဖျော်ဖြေရေး သီးသန့်တင်ဆက်မှုတွေရော လုပ်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် ဧည့်သည်ဝင်ဖို့ပဲ အရေးကြီးတယ်။ ပြည်တွင်းဧည့်သည်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ်ပါ။ ပြီးတော့ ဒီလို ပွဲတွေကို လုပ်ရတဲ့အတွက် ကုန်ကျစရိတ်ရှိပါတယ်။ အဲဒီစရိတ်တွေဟာလည်း ဟိုတယ်တွေအားလုံးက မျှပြီး ကျခံရတာပါ။ အားလုံးကလည်း ရှုံးရင်ရှုံးပါစေ ဧည့်သည်လာဖို့ပဲ အဓိကထားကြတယ်ဗျ” ဟု အမည်မဖော်လိုသူ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။

ငွေဆောင်ဇုန်တွင် ဟိုတယ်များသို့ ဧည့်သည်ဝင်ရောက်မှု နည်းရခြင်းမှာ ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့်သာမက အခြားသဘာဝဘေးအန္တရာယ်၊ ကမ္ဘာ့စီးပွားရေးကျခြင်းတိုနှင့်လည်း ရောယှက်နေသည်ဟု ငွေဆောင်ဟိုတယ်ဇုန်၏ ၀န်ထမ်းတဦးက ပြောသည်။

“လွန်ခဲ့တဲ့ ၂၀၀၆-၂၀၀၇ က မာလာမုန်တိုင်းဒဏ်ကပဲ စတာပါ။ အဲဒီမာလာမုန်တိုင်းပြီးတော့ စက်တင်ဘာအရေးအခင်းကြောင့် ဧည့်သည်တွေက မြန်မာနိုင်ငံက မလုံခြုံဘူးဆိုပြီး မလာကြဘူး။ အဲဒီနောက် နာဂစ်မုန်တိုင်း၊ အခု ကမ္ဘာ့စီးပွားရေးပျက်ကပ်၊ ဒီဒဏ်တွေ ငွေဆောင်ဟိုတယ်ဇုန်တခုလုံးက ဟိုတယ်တွေ ခံနေရတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပဧည့်သည်များကို အဓိကအားထားရန်အတွက် အဆင့်မြင့်တည်ဆောက်ထားကြ သည်ဆိုသော ဟိုတယ်များတွင် နိုင်ငံခြားသားခရီးသွားများ ပိုမိုနည်းလာသော ကာလမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးသည့်နောက်မှ ၂၀၀၉ ခုနှစ် ရောက်သည်ထိဖြစ်ကြောင်း ငွေဆောင်၏ ဟိုတယ်ဇုန်တွင် ဟိုတယ်ဖွင့်ထားသူတဦးက ပြောသည်။

“နိုင်ငံခြားသားတွေကို သွားတာလာတာအတွက် ပါမစ်ယူရတယ်လေ။ ပါမစ်က ယူတာ မကြာဘူးဆိုပေမယ့် ဧည့်သည်တွေရဲ့ စိတ်က ဒီကိစ္စကို နှစ်သက်ချင်မှ နှစ်သက်မယ်။ အဲဒီတော့ လာချင်တဲ့ ဧည့်သည်တွေက မလာတော့ဘူးဆိုတာတွေ ဖြစ်ကုန်ရောဗျာ။ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုတာ အစိုးရအပေါ်မှာ အများကြီး မှီတည်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် ခရီးသွားရာသီက (၂၀၀၆ ခုနှစ်အောက်တိုဘာလမှ ၂၀၀၇ ခုနှစ် ဧပြီလထိ) နိုင်ငံခြားဧည့်သည့်ဝင်ရောက်မှုမှာ ၂၀၀၆ အောက်တိုဘာလက (၂၃၅) ဦး၊ နိုဝင်ဘာတွင် (၂,၀၇၀) ဦး၊ ဒီဇင်ဘာတွင် (၁,၁၃၉) ဦး၊ ၂၀၀၇ ခုနှစ် ဇန်န၀ါရီတွင် (၁,၃၉၈)၊ ဖေဖော်ဝါရီတွင် (၁,၅၃၂) ဦး၊ မတ်လတွင် (၁,၃၇၀) ဦး ၀င်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း စာရင်းအရ သိရသည်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်အတွင်း (၂၀၀၇ ခုနှစ် ဧပြီလတွင် ၂,၅၈၇ ဦး) ၀င်ခဲ့ပြီး ယင်းမှာ အများဆုံးဝင်ရောက်မှုအဖြစ် စံချိန်တင်ခဲ့ကာ ယင်းနောက်ပိုင်း ခရီးသွားရာသီတွင် လုပ်ငန်းအခြေအနေမှာ သုညအထိ ကျသွားခဲ့သည်ဟု ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ရန်ကုန်မှာ လျှပ်စစ်မီးပြတ် EPC က အကြောင်းအမျိုးမျိုးပြ
NEJ/ ၂၃ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်တွင် လျှပ်စစ်မီး အမြဲတမ်းပြတ်တောက်နေသည်ကို EPC သို့ မြို့ခံများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြရာ EPC က အကြောင်းအမျိုးမျိုးပြ၍ ဖြေဆိုကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှ ယခု ၂၀၀၉ ခုနှစ် ဇန်န၀ါရီအထိ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဝါးနေကြောင်း ၎င်းတို့က ဆိုသည်။

EPC သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လျှပ်စစ်မီးအပြည့်အ၀ရရှိရန် ဓာတ်ငွေ့လိုအပ်မှုမှာ တနေ့လျှင် ကုဗပေသန်း (၁၃၀) ကျော် လိုအပ်သော်လည်း ရရှိသော ကုဗပေမှာ တ၀က်ခန့်သာ ရှိသည့်အတွက် လျှပ်စစ်မီး မရခြင်းဖြစ်သည်ဟု ပြောကြောင်း သိရသည်။

EPC သို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာတွင် ဓာတ်ငွေ့ပိုက်လိုင်းများ ချို့ယွင်း၍ ပြင်ဆင်နေရသည့်အတွက်ဖြစ်ကြောင်း၊ ထရန်စဖော်မာ ချို့ယွင်းနေ၍ဖြစ်ကြောင်း စသည့်အကြောင်းပြချက်များ ပြောသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသားသီချင်း မှားဖွင့်လို့ အရှက်ရ
NEJ/ ၂၃ ဇန်န၀ါရီ ၂၀၀၉

ဇန်န၀ါရီ (၂၂) ရက်နေ့က ဂျာမနီနိုင်ငံ၌ မြန်မာသံရုံးမှ လွတ်လပ်ရေးနေ့အခမ်းအနားကို ဘာလင်မြို့ ဗီယက်နမ် စားသောက်ဆိုင်တခု၌ ညနေ (၆) နာရီမှ ည (၈) နာရီထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်သီချင်းအစား နာဇီခေတ်ဂျာမန်အမျိုးသားသီချင်းကို မှားဖွင့်ခဲ့သဖြင့် ဂျာမနီနိုင်ငံခြားရေးဌာနထိ တောင်းပန်ခဲ့ရသည်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံတော်သီချင်းဖြင့် အဖွင့်အမှာစကားပြောကြားရမည့်အစား နာဇီခေတ် ဂျာမနီနိုင်ငံ၏ အမျိုးသားသီချင်းကို မှားယွင်းဖွင့်မိခဲ့သည့်အတွက် မြန်မာသံရုံးမှတာဝန်ရှိသူများက ဂျာမန်နိုင်ငံခြားရေးဌာနသို့ လိုက်လံတောင်းပန်ခဲ့ရသည်ဟု သိရသည်။

၎င်းတို့ဖွင့်ခဲ့သောသီချင်းသည် နာဇီခေတ်က အဖနိုင်ငံတော်ဟု အမည်ပေးကင်ပွန်းတပ်ထားသော သီချင်းဖြစ်ပြီး ထိုသီချင်းကို မဖွင့်ရန် တားမြစ်ထားသည်ဟု သိရသည်။

အဆိုပါပွဲအပြီးတွင် မြန်မာသံရုံးမှဝန်ထမ်းတဦး မူးယစ်ရမ်းကားသဖြင့် ကျန်ဝန်ထမ်းများနှင့် အနီးရှိ မြန်မာများက ၀င်ရောက်ဖျန်ဖြေပေးခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဂျောက်ဂျက် ဂယက် -အမျိုးသမီးများ၏ အသံ
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဂယက်ရိုက်နေသော ဟစ်ဟော့အဆိုတော် ဂျောက်ဂျက်၏ အငြင်းပွားဖွယ်ရာ သီချင်းစာသားများအပေါ် ထားရှိသည့် အမြင်သဘောထားကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နယ်ပယ်အမျိုးမျိုးက အမျိုးသမီး ၅ ဦးကို ဆက်သွယ်မေမြန်းကြည့်ရာ သူတို့က သီချင်းစာသားများသည် ကြမ်းတမ်း၊ ရိုင်းပြသည်ဟု တညီတညွတ်တည်း ဆိုကြသည်။

သူတို့သည် သတင်းထောက်၊ ဒါရိုက်တာ၊ ဘလော့ဂ်ဂါ၊ ကွန်ပြူတာနည်းပညာရှင်၊ အရပ်သူတို့ဖြစ်သည်။ သူတို့၏ အမည်များကိုမူ ထည့်သွင်း အသုံးမပြုရန် မေတ္တာရပ်ခံခဲ့ကြသည်။

ဂျောက်ဂျက်၏ ခိုးကူး ခွေများမှာမူ ရန်ကုန်မြို့တွင် အတိုင်းအတာတခုထိ ပျံ့နှံနေပြီး လူပြောများနေသည်။

အသက် ၂၂ နှစ်အရွယ် ဂျောက်ဂျက်အား ယခုလလယ်ပိုင်းက စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူကာ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့သည်။ သူသည် ၂၀၀၄ ခုနှစ်က ဟစ်ဟော့လောကထဲသို့ စတင် ၀င်ရောက်လာသူဖြစ်ပြီး အမည်ရင်းမှာ ဇင်မင်းလွင် ဖြစ်သည်။

ဂျောက်ဂျက်အင်တာဗျူးများ ဖော်ပြထားခဲ့ဖူးသော မြန်မာအိုင်အာစီနှင့် မြန်မာစကားဝိုင်းဘလော့ဂ်တွင် ယခုအခါတွင် ဂျောက်ဂျက်နှင့် ပတ်သက်သော သီချင်းဆွေးနွေးချက်များ မတင်ရဟူ၍ ကန့်သတ်ထားသည်။

အမျိုးသမီးများ၏ အမြင်များကို မဇ္ဈိမသတင်းထောက် ဖနိဒါက စုစည်းတင်ပြထားပါသည်။

အသက် ၂၀ နှစ်အရွယ် သတင်းထောက်
အခု လူငယ်တွေက Hip hop ကို ကြိုက်တယ်။ အရင်ထက် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဆိုတာကို လက်ခံပေမယ့် မြန်မာမိန်းကလေးတွေကို စော်ကားပြီး ပြောနေတာက ၀ါးလုံးရှည်နဲ့ ယမ်းပြီး ရိုက်သလို ခံစားရတယ်။

ဒီကောင်ဆိုတာကတော့ ရိုင်းတယ်။ ဒါကို နိုင်ငံရေးသမားတွေက လိုင်းပေါ်တင်လိုက်တယ်။ အဲလိုပဲ မြင်တယ်။ ထွက်ပေါက်လို့ နိုင်ငံရေးသမားတွေက ပြောကြတယ်။ ဒါပေမဲ့ ထွက်ပေါက်က လမ်းမှားနေတယ်။ ဒါမျိုးလည်း ဖြစ်တတ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် သာမန်အရပ်သူ
ကန့်ကွက်သင့်တာပေါ့။ ဒီလိုမျိုး မဆိုသင့်ဘူးလို့။ အခု အမြန်ဆုံး ပိတ်သင့်တယ်။ ဖြစ်နိုင်ရင် ထောင်တောင် ချသင့်တယ်လို့ ထင်ပါတယ်ရှင်။

အမ်ဳိးသမီး ဘေလာ့ဂ္ဂါ
က်မ မႀကိဳက္ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းရိုင်းတယ်။ ဒီသီချင်း စာသားတွေ ညစ်ပတ်တယ်။ သူ့ကို ဆိုခွင့်မပြုရဘူး။ အရမ်းကို ရိုင်းတယ်။
သူ့ကို ပြောချင်တယ်။ မင်းဟာ ရိုင်းစိုင်းပြီးတော့ အရမ်းကို မိုက်ရိုင်းတဲ့ လူပဲ။ မင်း အရမ်း ရှက်သင့်တယ်။

အသက် ၂၁ နှစ်အရွယ် ကွန်ပြူတာနည်းပညာရှင်
ဒါဟာ အနုပညာမဟုတ်ဘူး။ အနုပညာဆိုတာက နူးညံ့ယဉ်ကျေးတယ်။ အခုက Hip hop တွေကနေ အမျိုးသမီးတယောက်အနေနဲ့ ပြောချင်တယ်။ ဂျောက်ဂျက်ဟာ ပညာအဆင့်တန်းနိမ့်ကျတဲ့သူပဲ။ သူ့မိသားစု တကွဲတပြား နေရတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် သူက အမျိုးသမီးတွေအပေါ် စိတ်ပျက်၊ စိတ်တိုနေတာလည်း ဖြစ်မယ်။ ကျမ တယောက်ထဲရဲ့ ခံစားချက်ကတော့ သူ့ကို အထင်သေးတယ်။ အမျိုးသမီးတွေအကြောင်း ဆိုထားတဲ့ သူ့သီချင်းနဲ့ တခြား သီချင်းတချို့ကိုပါ အကုန်လုံးကိုတော့ မပြောပါဘူး။

ကျမထင်တာက ကျမတို့ သူ့ကို ပညာပေးသင့်တယ်လို့ ထင်တယ်။ ဘာလဲဆိုတော့ အမျိုးသမီးတွေဆိုတာ ဘာလဲ။ နောက်ပြီးတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ တန်းတူညီမှုဆိုတာ ဘာလဲ ဆိုတာမျိုးတွေကိုပေါ့။

ရုပ်ရှင် ဒါရိုက်တာ
လူငယ်တွေကြားမှာ ပြောနေကြတာ။ တော်တော်လေး မိုက်ရိုင်းတဲ့ စကားလုံးတွေ ပါတဲ့အတွက် မိန်းကလေးတွေကို ပြောတယ်ဆိုတာက အကောင်းအဆိုးတော့ ရှိမှာပဲလေ။ ဒီလိုတော့ မပြောသင့်ပါဘူး။ ဒီသီချင်းက ဆင်ဆာတောင် လက်မခံတဲ့ သီချင်းလေ။ ဒီလိုသီချင်းကို ပိတ်ပင်သင့်ပါတယ်လေ။ ပြီးတော့ ဒို့ မြန်မာ့ယဉ်ကျေးမှုကိုလည်း အရမ်းကို မလေးစားတော့သလို ဖြစ်လာတယ်လေ။ ဒါကြောင့် ကန့်ကွက်ရမယ်။ တကယ် ပျက်စီးနေတဲ့ မိန်းကလေးတွေကို ညွှန်းပြီးဆိုတယ် ဆိုရင်တောင် ဒီလိုတော့ မပြောသင့်ပါဘူး။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ရွေးကောက်ပွဲဝင်မည့် အဖွဲ့များကို ၀န်ကြီးဌာနများက စာရင်းကောက်
မြင့်မောင်
သောကြာနေ့၊ ဇန်နဝါရီလ

နယူဒေလီ (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ အဖွဲ့ဝင်အရေအတွက်နှင့် လုပ်ဆောင်တိုးတက်မှုကို စစ်အစိုးရကိုယ်စားလှယ်များက စာရင်းကောက်ယူ မှတ်တမ်းတင်မှုများ ပြုလုပ်လျက်ရှိသည်။

"ကာကွယ်ရေးဌာန၊ ပြန်ကြားရေးဌာန၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက စုံစမ်းမေးမြန်းတာတွေတော့ ရှိပါတယ်" ဟု ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်မည်ဆိုသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ကိုရဲထွန်းက ပြောသည်။

"ဗဟိုအလုပ်အမှုဆောင် ဘယ်လောက်ထိရှိပြီးတော့၊ အဖွဲ့ဝင် ဘယ်လောက်ရှိပြီလဲ။ စည်းရုံးရေးအင်အား ဘယ်လောက်ရှိပြီလဲ။ နယ် ဘယ်လောက်ထိ စည်းရုံးရေး ဆင်းပြီးပြီလဲဆိုတာတွေ မေးတယ်။ ကျနော်တို့က သိချင်လို့ မေးတာလို့ ထင်တယ်။ ဒါပေမဲ့ သူတို့ အလုပ်တခုကို လုပ်နေပါလိမ့်မယ်။ ရွေးကောက်ပွဲအတွက် စုံစမ်းတာလည်း ဖြစ်နိုင်ပါတယ်" ဟု သူက ဆိုသည်။

ယခု ကျောင်းသားလူငယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အပါအ၀င် ပင်မအတိုက်အခံ အင်အားစုများက ကန့်ကွက်ထားခဲ့သော အခြေခံဥပဒေကို ထောက်ခံပြီး စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း လျှောက်လှမ်းမှသာ နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု ဆိုသည်။

အန်အယ်ဒီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ကူးပြောင်းရန် အဆင့်ဆင့်သွားရမည်ဆိုကာ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု ကြေညာထားသည်။

အခြားသော စစ်အစိုးရလိုလားသော ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများအဖွဲ့လည်း အလားတူ မေးမြန်းခံရသည်။

"အမျိုးသားနိုင်ငံရေး အင်အားစုက တွဲမိတဲ့လူတွေ ဘယ်သူတွေလဲ။ သူတို့မှာ အင်အား ဘယ်လောက်ရှိပြီလဲ။ ဘယ်မှာအခြေခံသလဲ။ ခေါင်းဆောင်တွေရဲ့ နာမည်တွေ မေးတယ်။ ဖုန်းနံပါတ်တွေ မေးတယ်။ ကျနော့်ကို ၂ ခါရှိပြီမေးတာ။ ဒီနေ့မနက်ကပဲ မေးသွားသေးတယ်။ ပြည်ထဲရေးကလည်း မေးတယ်။ ပြန်ကြားရေး အပိုင်းကလည်း မေးတယ်" ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းလွင်က ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ ပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ယခုထက်ထိ ကြေညာခြင်း မရှိသေးသော်လည်း အလားတူ အဖွဲ့များသည် မဲဆွယ်စည်းရုံးမှုများကို အကန့်အသတ်ဖြင့် ပြုလုပ်နေရာ ဒေသအာဏာပိုင်များကလည်း ပံ့ပိုးမှုပြုပေးနေသည်ဟု ယုံကြည်ရသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
ဇန်န၀ါရီလ ၂၄ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
မြန်မာ သတင်း


ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား
မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇန်နဝါရီလ

ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေပေါက်ကံစက်မှုဇုန်တွင် သောကြာနေ့ည ၁၀ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ စက်ရုံနှစ်ခု လောင်ကျွမ်းသွားခဲ့သည်။

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ်၊ ရွှေပေါက်ကံစက်မှုဇုန် ကနောင်မင်းသားလမ်းနှင့် ဗိုလ်တေဇလမ်းကြားရှိ အမှတ်(၃၃၂) ကနောင်မင်းသားလမ်း မြန်မာပြည်သား မြန်မာ့အစားအစာ စက်ရုံ၊ အမှတ်(၃၆၉) ဗိုလ်တေဇလမ်း "ရွှေ"ငါးမုန့်စက်ရုံနှင့် အဆောက်အဦးတခု ကို မီလောင်ကျွမ်းသွားခြင်းဖြစ်ကာ ၁၁ နာရီခန့်တွင် မီးညွန့်မှာ ငြိမ်သက်သွားခဲ့သည်။

"မီးသတ်ကားတွေကတော့ နိုင်ပါတယ်။ အားလုံး စုံပြီးရောက်လာခဲ့တာ။ အစီးနှစ်ဆယ်လောက် ရှိမယ်ထင်တယ်" ဟု အနီးတွင် နေထိုင်သူ အမျိုးသမီးကြီးတဦးက ဆိုသည်။ အနီးဆုံးဖြစ်သော မြောက်ဥက္ကလာ မီးသတ်ကားများမှာ မီးလောင်နေစဉ် မိနစ်နှစ်ဆယ်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း မီး စတင်လောင်ချိန်တွင် ရှိနေသူ အမျိုးသားတဦးက ပြောသည်။ မရမ်းကုန်းမီးသတ်ကဟုဆိုသော မီးသတ်ကားလေးစီးမှာ ရေမပါသောကြောင့် လမ်းထိပ်တွင်သာ ရပ်နေခဲ့ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် မြန်မာပြည်သား မြန်မာ့အစားအစာ လုပ်ငန်းရုံမှာ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ရွှေ ငါးမုန့်သည်လည်း အများအပြား ပျက်စီးလောင်ကျွမ်းသွားခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက် )
*****
NCGUB ပြည်လည်ဖွဲ့စည်း

အိုင်ယာလန်နိုင်ငံ ဒါဗလင်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သော ပြည်ပရောက် ပြည်သူ့ လွတ်တော်များ ( MPU ) ညီလာခံတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန်ပေါင်းအစိုးရ ( NCGUB )ကို ပြည်လည် ဖွဲ့စည်းခဲ့သည်ဟု ၀န်ကြီးအဖွဲ့တွင် အသစ် ပါဝင်လာသော သထုံမြို့နယ် ပြည်သူ လွတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောပါသည်။ အစိုးရအဖွဲ့ အသစ်ကို ၀န်ကြီးချုပ်က ဒေါက်တာ စိန်ဝင်း ပြန်လည် ရွေးကောက် တင်မြှောက်ခဲ့သည်။ ၀န်ကြီးများအဖွဲ့မှာ ဦးဘိုလှတင့်၊ ဒေါက်တာ တင့်ဆွေ၊ ဦးခွန်မားကိုဗန်းတို့ ပြန်လည် ပါဝင်လာပြီး ပြည်သူလွတ်တော် ကိုယ်စားလှယ်ဖြစ်ကြသော ဦးခွန်မြင့်ထွန်း၊ ဦးဝင်းလှိုင်းနှင့် ဦးထွန်းဝင်းတို့အား ၀န်ကြီးအဖွဲ့ဝင် အသစ်များဖြင့် ပါဝင်လာသည်။ ( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
*****
စစ်အစိုးရ၏ ပထမဆုံး စာနယ်ဇင်း သင်တန်း

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ပထမဆုံး သတင်းစာနယ်ဇင်းဆိုင်ရာ သင်တန်းကို လာမည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ စ၍ ရန်ကုန်မြို့ YMCA ခန်းမတွင် ဖွင့်လှစ်မည်ဟု သိရသည်။ ထိုသင်တန်းကို ပုဂ္ဂလိက သတင်းစာနယ်ဇင်း အကြီးတမ်း အယ်ဒီတာများ တက်ရောက်မည်ဖြစ်ပြီး သတင်းနှင့် ပြန်ကြားရေး ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေက စီစဉ်သည်ဟု သိရသည်။ မြန်မာတိုင်းမ်စ် သတင်းဋ္ဌာနမှ ဒေါက်တာ တင်ထွန်းဦး၊ ဖလားဝါးစ် သတင်းဂျာနယ် အယ်ဒီတာ ဦးကိုကို၊ စာရေးဆရာ မြတ်ခိုင်၊ ဦးဟိန်းလတ်၊ ဦးနေမျိုးဆေးနှင့် နိုင်ငံခြားသတင်းထောက် တယောက်က သင်တန်းကို ပိုချသင်ကြားမည်ဟု သိရသည်။
( အာအက်ဖ်အေမှ ကောက်နှုက်ချက်

***** ***** *****

ဇန်န၀ါရီလ ၁၉ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


ဟားမတ်စ်တို့က အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်များ ပို့ပေး

ယနေ့ နံနက်တွင် ပါလက်စတိုင်းတို့၏ ဂါဇာအတွင်းမှ တိုက်ခိုက်သော ဒုံကျည်များသည် အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ Sderot မြို့တွင် ကျရောက် ထိမှန်ခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ဟားမတ်စ်တို့ဖက်မှ ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် ပထမဆုံးအကြိမ် ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။ ဒုံးကျည်များ ပစ်ခတ်လိုက်ပြီး စက္ကန်အနည်းငယ်အကြာ အစ္စရေး ရေဒီယို ချယ်နယ် ၁၀ မှ ဒုံးကျည်ကာကွယ်ရေး အချက်ပေး အသံများ ပေါ်ထွက်လာပြီးနောက် ပေါက်ကွဲအသံ နှစ်ခု ဆက်တိုက် ကြားခဲ့သည်ဟု ၎င်းဋ္ဌာန၏ သတင်းထောက်တယောက်က ပြောဆိုခဲ့သည်။ ချယ်နယ် ၁၀ ၏ သတင်းအရ ယခု ပစ်ခတ်မှုအတွင်း ဟားမတ်စ်တို့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည် ၆ လုံး ပစ်ခတ် တိုက်ခိုက်သည်ဟု ဆိုသည်။
*****
ဆိုနီခေါင်းဆောင်တဦး သေဆုံး

အီရတ်နိုင်ငံ ဆိုနီအာရပ်ပါတီ၏ ဒုတိယ ခေါင်းဆောင် Hassan Zaidan al-Lihebi, သည် ဖိတ်ခေါ်ပဲရောက်လာသော ဧည့်သည်တဦး၏ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်းကို သူ၏ နေအိမ်တွင် ခံရပြီး သေဆုံးခဲ့သည်၊ ထိုတိုက်ခိုက်မှုသည် အီရတ်နိုင်ငံ Mosul မြို့၏ တောင်ပိုင်း၌ ဖြစ်ပွားခဲ့၍ ပေါက်ကွဲမှုအတွင်း ပုလိပ် တယောက် သေဆုံးပြီး လူအနည်းအငယ် ဒဏ်ရာ ရရှိခဲ့သည်။
*****
ငြိမ်သက်ရာမှ ပြန်လှည် တိုက်ခိုက်မှု

ငြိမ်းချမ်းရေး ကြောညာချက်တခုကိုအစ္စရေး ကက်ဘိနက်အဖွဲ့က ဆွေးနွေး ဆုံးဖြတ်လိုက်သည် ဟု သမ္မတ ဟွတ်ဒ် အွလ်မတ်က ပြောဆိုခဲ့သည်။ သို့သော်လည်း ဟားမတ်စ်တို့၏ ဒုံးကျည်တိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံ တောင်ပိုင်းတွင် ကျရောက်ခဲ့သည်။ အစ္စရေးဖက်မှ ဟားမတ်စ် လှုပ်ရှားမှုများကို လေကြောင်းမှ တိုက်ခိုက်ရန် အလွန် ခက်ခဲနေသည်။
ထိုတဖက်သတ် ငြိမ်းချမ်းရေး အစီအစဉ်အား ဟားမတ်စ်တို့က မလိုအပ်ပေ၊ အစ္စရေးတပ်များ ဂါဇာအတွင်းမှ ဆုတ်ခွာသွားရန် ပြောဆိုသည်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကလည်း အစ္စရေးစစ်တပ်များ ဂါဇာအတွင်းမှ အမြန်ဆုံး ထွက်ခွာပေးရန် ပြောဆိုခဲ့သည်။
*****
အစ္စရေးတပ်များ စတင် ရုပ်သိမ်းမည်

အစ္စရေး ၀န်ကြီးချုပ် အီဟွတ်ဒ် အွလ်မတ်က အစ္စရေးတပ်များ ဂါဇာအတွင်းမှ အမြန်ဆုံး ထွက်ခွာပေးမည်ဟု ၁၈၊ ၀၁၊၀၉ ညနေတွင် ပြောဆိုလိုက်သည်။ ဆက်လက်ပြီး ဥရောပ ခေါင်းဆောင် တချို့နှင့် တွေ့ဆုံရာတွင် “ အစ္စရေးက ဂါဇာအတွင်း ရက်ပေါင်းများစွာ တပ်စွဲထားရန် ဆန္ဒမရှိ၊ အလျင်အမြန် ဆုတ်ခွာပေးမည် ” ဟု အစ္စရေး ၀န်ကြီးချုပ် ပြောကြားခဲ့သည်။
ထိုနေ့၌ပင် ဟားမတ်စ်အဖွဲ့ကလည်း ခဏတာ ပစ်ခတ်ရပ်စဲမည်ဟု ကြေညာခဲ့ပြီး ထိုပစ်ခတ်ရပ်စဲရေးအား နှစ်ဦးနှစ်ဖက်စလုံးက ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် တချိန်တည်းမှာပင် အစ္စရေးတပ်များ ဂါဇာအတွင်းမှ ချောမွေ့စွာ ဆုတ်ခွာနိုင်ရန် ဟားမတ်စ်အဖွဲ့က တပတ် အပစ်ရပ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ သူတို့ဟာ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့ကြောင်းနှင့် ရန်သူ၏ ရည်မှန်းချက်များကိုလည်း ပိတ်ဆို့နိုင်ခဲ့သည်။ ၎င်းသည် ဘုရားသခင်က ကာကွယ်ပေးခဲ့သော အောင်မြင်မှု တခု ဖြစ်သည်” ဟု ပါလက်စတိုင်းနိုင်ငံအတွင်းရှိ အစွန်းရောက်သော အစ္စလာမ်ပါတီအစုအဖွဲ့အငယ်များက ပြောဆိုခဲ့သည်။
*****
ဟားမတ်စ်အဖွဲ့ဝင်များ ၄၈ သာ သေဆုံးခဲ့

အစ္စရေးတပ်များ ဂါဇာသို့ ၂၂ ရက်၊ ထိုးစစ်အတွင်း ဟားမတ်စ်အဖွဲ့ဝင် ၄၈ ယောက်သာ ကျဆုံးခဲ့ကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။ ၎င်းထိုးစစ်၌ ပါလစ်စတိုင်းလူမျိုး ၁၃၀၀ သေဆုံးခဲ့ပြီး၊ သေဆုံးသူထဲမှာ ကလေး ၄၀၀ ပါဝင်ခဲ့၍ ၅၃၀၀ ဒဏ်ရာရရှိခဲ့သည်။
*****
ယူကရိန်း သမ္မတ Julia Timosjenko သည် ဓါတ်ငွေ့ နှင့်ပါတ်သက်ပြီး ဆွေးနွေး လက်မှတ်ထိုးရန် မော်စကိုသို့ ထွက်ခွာသွားသည်။

*****
ဘုရားဝတ်ပြုနေစဉ် ခေါင်မိုး ပြိုကျ

ဘရာဇီးနိုင်ငံ အကြီးဆုံးမြို့ဖြစ်သော São Paulo.မြို့ တွင် ခရစ်ယာန် ဘုရားကျောင်း၌ ဘုရားဝတ်ပြု ဆုတောင်းနေစဉ် ဘုရားကျောင်း ခေါင်မိုး ပြိုကျသဖြင့် လူ အနည်းဆုံး ၇ ယောက်၊ သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ မျက်မြင်တဦး ပြောဆိုသည်က “ အလွန်ပြင်းထန်သည့် လေပြင်းတခု ကျရောက်လာပြီး ပြိုလဲအသံနှင့်အတူ ဘုရားကျောင်း၏ အမိုးက တပြိုင်တည်း ကျဆင်းလာသည်” ဟု ဆိုပါသည်။ ထိုဘုရားကျောင်းသည် လူ ၂၀၀၀ အတွက် ဘုရားဝတ်ပြုနိုင်ရန် နေရာရှိသော ကြီးမားသည့် ဘုရားကျောင်းတဆောင် ဖြစ်၍ ဘရာဇီး နာမည်ကျော် ဘော်လုံးသမား ကာကာ ကိုးကွယ်နေသည့် ကျောင်းလည်း ဖြစ်သည်။ သူသည် ထို ဘုရားကျောင်း၌ပင် ဒီဇင်ဘာ၊ ၂၀၀၅ ခုနှစ်က မင်္ဂလာဆောင် လက်ထပ်ပွဲ ကျင်းပခဲ့သည်။
*****
၅ လ အကြာ ဖြောက်ချက်ဝန်ခံ

အသက် ၄၄ နှစ်အရွယ် သြစတေလျနိုင်ငံသား စာရေးဆရာ ဟယ်လီ နီကိုလိုင်သည် ထိုင်းအကျဉ်းထောင်တွင် ၅ လ၊ အချုပ်ခံရပြီးနောက် အမှားပြုခဲ့ကြောင်း ၀န်ခံဖြောက်ချက်ပေးသွားသည်။ သူရေးသားထားသည့် စာအုပ်အကြောင်းက ထိုင်းဘုရင်နှင့် မိသားစု အကြောင်းကို ပုတ်ခတ်ရေးသားထားသည်။ ထိုအမှုဖြင့် ထောင်ဒဏ် ၃ နှစ် အပြစ်ခံရမည် ဟု ထိုင်းတရားရုံးက အမိန့်ချမှတ်လိုက်သည်။ လွန်ခဲ့သောနှစ် ၃၁၊ သြဂုတ်လ၌ မွေးရပ်သို့ အပြန်၊ ဘန်ကောက် နိုင်ငံတကာလေဆိပ်တွင် သူအား ထိုင်းရဲများက ဖမ်းဆီးခဲ့သည်။
အပြစ်ဒဏ်ချခံရပြီးနောက်၊ သူက “ အနှုးညွတ် တောင်းပန်ပါတယ်၊ ခံစားမှုအားလုံးဟာ ဆိုးဝါးတဲ့ အိမ်မက်တခုပါပဲ၊ ကျွန်တော် မိသားစုကို ရှင်းပြပေးပါ၊ ကျွန်တော် အရမ်း စိုးရိမ် ထိတ်လန့်ကြောက်ရွံ့မိနေတယ်” ဟု ပြောဆိုခဲ့သည်။
http://nyhederne-dyn.tv2.dk/video/index.php/nodeId-19896935.html
*****
ရှရှားနိုင်ငံက အာဖဂန်နစ္စတန်အား ကူညီချင်သည်

ရှရှား သမ္မတ Dmitrij Medvedev, သည် နိုဝင်ဘာ ၂၀၀၈က မေတ္တာရပ်ခံ ဆုံးဖြတ်ချက်တခုကို အာဖဂန်နစ္စတန် သမ္မတ Karzai ထံ သ၀ဏ်လွှာပေးပို့လိုက်သည်။ ရှရှားနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကာကွယ်ရေးနှင့် ပြည်လှည် တည်ဆောက်ရေး လုပ်ငန်းများကို ကူညီပေးရန် ကြံရွယ်သည်ဟု ထိုသ၀ဏ်လွှာထဲတွင် ရေးသားထားသည်။ ၎င်းတို့အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအား မိတ်ဆွေနိုင်ငံဖြင့်သာ စောင့်ကြည့်နေကြောင်းနှင့် သူ့အနေဖြင့် စိတ်ထဲ စွဲထင်နေသည်က ကြိုးပမ်းမှု ရလဒ်သည် အစိုးရတခု တည်ဆောက်နေခြင်းနှင့် တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး ပြန်လှည်တည်ဆောက်နေခြင်းကို သင့်လျော်သည်ဟု ဆိုပါသည်။ သို့သော် ရှရှားအနေဖြင့် မည်ကဲသို့ ကူညီပေးရမည်ကို အဆင်သင့် မရှိခဲ့သေးဟု သိရသည်။ ရှရှားနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံအား ငွေကြေး ထောက်ပံမှုပေးရန်၊ သံတမန်ဆက်သွယ်ရေး၊ ဒီမိုကရေစီ ထွန်းကားလာရေးနှင့် အိမ်နီးချင်း နိုင်ငံ မိတ်ဆွေပီသစွာဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတွက် ရှရှား သမ္မတ Dmitrij Medvedev က ၎င်းစာသ၀ဏ်လွှာထဲတွင် ရေးသားထားသည်။
၁၉၇၉ ခုနှစ်၊ ဆိုဗီယက်ခေတ်က အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ ကျူးကျော် ၀င်ရောက် စွက်ဖက်မှုဖြင့် ထိုနှစ်နိုင်ငံ ဆက်ဆံရေးသည် အေးတိအေးစက် ရှိနေခဲ့သည်။
*****
ဇန်န၀ါရီလ ၂၀ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း



အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လူဖြူအစွန်းရောက်အန္တရာယ်ရှိဟု FBI သုံးသပ်
NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

ယနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်၌ ကျင်းပမည့် အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် နာမည်ရ နိုင်ငံတကာအကြမ်းဖက်သမားများ တိုက်ခိုက်မည့်သတင်းမရရှိသော်လည်း ၀ါရှင်တန်မြို့တော် နယ်နိမိတ်အတွင်း လမ်းပန်းဆက်သွယ်ရေးများကို နှောင့်ယှက်နိုင်သည့် သံသယလုပ်ရပ်များရှိနေသည်ဟု လုံခြုံရေးကြိုတင် သုံးသပ်ချက်အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။

သမ္မတသစ် အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို ဆန့်ကျင်သည့် ဆန္ဒပြသူများ၊ အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံရေးနှင့် အခြားပြဿနာများအပေါ် ကန့်ကွက်ဆန္ဒပြသူတို့ကြောင့် လမ်းများ ပိတ်ဆို့နိုင်သည်ဟု မှန်းထားကြောင်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အမေရိကန် လုံခြုံရေးအဖွဲ့ (၁၅) ဖွဲ့ စုပေါင်းသုံးသပ်ထားသည့် လုံခြုံရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။


အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လူ (၁) သန်းခွဲမှ (၂) သန်းထိ တက်ရောက်နိုင်သည်ဟု အမေရိကန် လုံခြုံရေးအဖွဲ့များက မှန်းထားသည်။ FBI နှင့် အခြား လုံခြုံရေးအဖွဲ့များ၏ မှန်းဆချက်အရ အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို နိုင်ငံတကာနှင့် ပြည်တွင်း အကြမ်းဖက်မှုအန္တရာယ်ရှိနေကြောင်း ခိုင်လုံသည့် အထောက်အထားမရှိဟု ဆိုသည်။

သို့သော် အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ် လူမဲသမ္မတ ဖြစ်လာသည့် အခမ်းအနားကြီး ဖြစ်သည့်အတွက် လူဖြူုသည်သာ အမြင့်မြတ်ဆုံးအယူအဆ လက်ကိုင်ထားသည့် တယူသန် ပုဂ္ဂလိက အစွန်းရောက်သမားများ၏ အန္တရာယ်ဖြစ်နိုင်ခြေ များနေသည်ဟု FBI နှင့် အခြား လုံခြုံရေးအဖွဲ့များက သုံးသပ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

အိုဘာမား ပိုစတာ မီးရှို့ခံရ


ကမ္ဘာ့အနှံအပြားရှိ လူထုအများစုက မျှော်လင့်ချက်များစွာဖြင့် အမေရိကန် ပြည်ထောင်စု၏ ၄၄ ယောက်မြောက် သမ္မတ ဘာရက်အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို သောင်းသောင်းဖျဖျ ကြိုဆိုနေသည့်အချိန်၊ အိရန်နိုင်ငံမြို့တော် တီဟီရန်မြို့တွင် အစ္စလာမ် ကျောင်းသား အနည်းငယ်က အိုဘာမား၏ မြေစိုက်ပိုစတာကို မီးရှို့ဆန္ဒပြခဲ့သည်။ ထိုကျောင်းသားများသည် ပါလက်စတိုင်း ထောက်ခံရေးး ကြွေးကြော်သံများနှင့်အတူ အိုဘားမား၏ ဓါတ်ပုံကို မီးရှို့သည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-19930186/page-11.html
*****
အစောင့်အကြပ် အထူဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲ

အမေရိကန် သမိုင်းတွင် တခါမှ မကြုံဖူးသော စစ်တပ်နှင့် ပုလိပ်အဖွဲ့မှ ၄၀၀၀၀ ကျော်ရှိ အင်အားဖြင့် လုံခြံမှုရှိစေရန် ကြည့်ရှု့စောင့်ကြပ်ခဲ့သည်။ ထိုအင်အားမှ ၃၂၀၀၀ ယောက်သည် ကျိမ်းကျိန်ပွဲတွက် အဆင်သင့် အနေအထားဖြင့် စောင့်ကြပ်နေရသည်။ ထိုကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ အမေရိကန်ပြည်သူ ၂ သန်း၊ တက်ရောက် အားပေးခဲ့သည်။

http://galleri.tv2.dk/index.php/category-Nyhederne/id-19930687/page-1.html



http://galleri.tv2.dk/index.php/category-Nyhederne/id-19938894/page-4.html


http://galleri.tv2.dk/index.php/category-Nyhederne/id-19933024/page-1.html

http://galleri.tv2.dk/index.php/category-Nyhederne/id-19931823/page-1.html ကမ္ဘာ့ကျော် ပုဂ္ဂိုလ်များ


http://galleri.tv2.dk/index.php/category-Nyhederne/id-19930687/page-1.html


http://galleri.tv2.dk/index.php/category-Nyhederne/id-19941022/page-15.html
အိမ်ဖြူတော်အတွင်း အက

http://nyhederne.tv2.dk/video/index.php/nodeId-19959314.html
ရေခဲပုံးကြီးဖြင့် သြစတေးလျ ပင်လယ်ပြင်တွင် ၂၅ ရက် နေထိုင်ခဲ့ရသော မြန်မာ ငါးဖမ်းသမားနှစ်ဦး၏ ရုပ်ပုံ

http://galleri.tv2.dk/index.php/category-Nyhederne/id-19923219/page-1.html
အင်ဒိုနီးရှားလူမျိုး Ilham Anas၏ ကိုယ်တိုင်ရေး ပုံတူ
*****
ပုပ်ရဟန်းမင်းကြီး သ၀ဏ်လွှာ

ပုပ်ရဟန်းမင်းကြီး Benedikt သည် ၄၄ ယောက်မြောက် သမ္မတ ဘာရက်အိုဘားမားထံ သ၀ဏ်လွှာ တစ်စောင် ယနေ့ ပို့ပေးလိုက်သည်။ ထိုသ၀ဏ်လွှာတွင် ကမ္ဘာ့နိုင်ငံအချင်းချင်း အပြန်အလှန်နားလည်မှုများဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ရန် မေတ္တာရပ်ခံထားသည်။
*****
အစွန်းရောက်သမား အကြမ်းဖက်သမားများ စပိန်နိုင်ငံတွင် ဖမ်းဆီး

ပါကစ္စတန်နိုင်ငံ အကြမ်းဖက်သမားအဖွဲ့၏ ကျောထောက် နောက်ခံပြုသော လူ ၆ ဦးကို မသင်္ကာမှုဖြင့် ယနေ့ နံနက် ၅ နာရီတွင် ဘာစီလိုးနားမြို့၌ ဖမ်းဆီးမိသည်။ လွန်ခဲ့သော ၅ ရက်ခန့်ကလည်း လူ ၁၀ ယောက်အား အစ္စလာမ် အစွန်းရောက်အဖွဲ့များ၏ နာခံချက်များဖြင့် ကြီးမားသည့် လှုပ်ရှားမှုတခု ကြံစည်နေရန် လုပ်ဆောင်နေသည့်အချိန်တွင် မက်ဒရီးမြို့၊ ဘာစီလိုနားမြို့နှင့် ကင်နရီ (The Canary Islands ) ကျွန်းစုပေါ်တွင် ဖမ်းဆီးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အကြမ်းဖက်သမားသည် စပိန်နိုင်ငံ မြို့တော်အတွင်း ရထား သုံးစီးအား ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၁၉၁ ယောက် သေဆုံးခဲ့သည်။
*****
ဇန်န၀ါရီလ ၂၁ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


အစ္စရေးတပ်ဖွဲ့များ စတင် ဆုတ်ခွာ

ပါလက်စတိုင်း အစ္စလာမ်မိတ်စ်တပ်ဖွဲ့များအား ဂါဇာအတွင်း ထိုးစစ်ဆင်ခဲ့သည့် အစ္စရေးတပ်ဖွဲ့များသည် ပြီးမြောက်စွာ ဆုတ်ခွာသွားသည်ဟု သိရသည်။ နောက်ဆုံးကျန်ရှိနေသော စစ်သားများသည် ယနေ နံနက်တွင် ဂါဇာ ကမ်းမြောင်ဒေသမှ ဆုတ်ခွာနေသည်ကို တွေ့ရသည်ဟု ပါလက်စတိုင်းတပ်ဖွဲ့၏ ပြောခွင့်ရသူက ပြောဆိုသည်။ ထိုထိုးစစ်အတွင်း ပါလက်စတိုင်း ၁၃၀၀ ဦး၊ သေဆုံးခဲ့ပြီး ၅၃၀၀ ဦး ဒဏ်ရာ ရရှိသွားသည်။
*****
အိုဘားမား ရပ်စဲပစ်မည် ဂွာတာနာမို အမှုအခင်း

ပြောင်းလဲရန် သတင်းပြေးနေသော ဂန်တာနာမိုစခန်းအတွင်း အကြမ်းဖက်အမှုအခင်းအတွက် မျှတသော စီရင်ချက် ချပေးရန် အိုဘာမားက အမိန်ပေးလိုက်သည် ဟု သတင်းထွက်နေသည်။ အကျဉ်းစခန်းအတွင်း စစ်တရားရုံးမှ အမိန့်ချမှုအား ခတ္တရပ်ဆိုင်းပြီး၊ ရက်ပေါင်း ၁၂၀ မှ စတင်ပြီး ထို အမှုအား တရားမျှတသော စီရင်ချက်တခု ချမှတ်ရန်အတွက် အိုဘားမားက မေတ္တာရပ်ခံလိုက်သည်ဟု ဆိုသည်။ ထိုအကျဉ်းသားများ တချို့အတွက် အမှုပေါင်း ၂၁ အမှုအား တရားရုံးက ကြားနာ စစ်ဆေးမည် ဖြစ်သည်။ အိုဘားမား အဆိုရ တနှစ်အတွင်း ပိတ်ပစ်ရန် အစီအစဉ်ရှိပြီး ထိုအကျဉ်းစခန်းတွင် ဖမ်းဆီးထားသည့် သုံပန်းများအတွက် တရားရုံး အမိန့်ချမှတ်အပြီး လွတ်ငြိမ်းချမ်းသာခွင့် ရှိသူများကို လွတ်ပေးမည် ဖြစ်သည်။
*****
အိုဘားမား ဆန္ဒ္ဒကို ပြင်သစ်နိုင်ငံက စိုးထိတ်နေ

ပြင်သစ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ သူ့၏ စစ်တပ်အား ပို့ပေးရန် အစီအစဉ်မရှိပါ။ သို့သော် အိုဘားမား၏ ဆန္ဒအရ တာလီဘန် အစွန်းရောက်များကို ဖိအားခြင်းဖြင့် တပ်အင်အားကို တိုးချဲ့လိုသည်အတွက် ပြင်သစ်စစ်သည်များကို အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ စေလွှတ်ရန် စိုးရိမ်နေကြောင်း ပြင်သစ် ကာကွယ်ရေး ၀န်ကြီး Herve Morin က ရေဒီယို အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။
“ ကျွန်ုပ်တို့ဟာ အရေးပေါ် အားထုတ်မှုတွေ ပြုလုပ်ခဲ့ပေးပြီးပြီ၊ အာဖဂန်နစ္စတန်နိုင်ငံအတွင်း နောက်ထပ် စစ်တပ်အင်အားများ ထပ်ပို့ရန်အတွက် နေရာမရှိတော့ပါ၊ ” ဟု သူက ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်စစ်ပွဲတွင် ပြင်သစ် တပ်ဖွဲ့ အင်အား ၂၆၀၀ ကျော် အသုံးပြုထားခဲ့သည်။
*****
ကွန်ဂိုအစိုးရတပ်အား ရာဝမ်ဒါ အကူအညီ

ကွန်ဂိုနိုင်ငံအတွင်းသို့ ရာဝမ်ဒါ စစ်သည် အင်အား ၄၀၀၀ ကျော် ကွန်ဂိုနိုင်ငံအတွင်းသို့ စစ်ဆင်ရေးတခု ပြုလုပ်ပြီး ကွန်ဂို ၀င်ရောက်နေသည်ဟု ကုလ မင်ရှင်အဖွဲ့များ၏ သတင်းရ သိရသည်။ ၎င်းအင်အား၏ တ၀က်ခန့်သည် Masisi နှင့် Mushaki မြိုများသို့ ဦးတည် ထိုးစစ်ဆင်နေပြီး ကျန်သည့် စစ်သည်အင်အားများသည် မြို့တော် Goma မှ မိုင် ၁၀၀ ခန့် အကွာအဝေးတွင် ရောက်ရှိနေသည်။ ရာဝမ်ဒါ စစ်တပ်ဖွဲ့သည် ကွန်ဂို အစိုးရတပ်များနှင့် ပူးပေါင်းပြီး သူပုန်အဖွဲ့ FDLR တိုက်ခိုက် နှိမ်နင်းရန် ဖြစ်သည်။ ကွန်ဂို ပြည်တွင်းစစ် ဖြစ်ပွားနေသည်မှ ဆယ်စုနှစ် နီးပါးခန့် ရှိသည်။
*****
ဇန်န၀ါရီလ ၂၂ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


ဒုတိယံမ္ပိ ကျမ်းကျိန်ရသည့် သမ္မတကြီး အိုဘားမားအဖြစ်
NEJ / ၂၂ ဇန်န၀ါရီ ၂၀၀၉

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က အိုဘားမားနှင့် ကျမ်းတိုင်ပေးသည့် ဥသျှောင်တရားသူကြီးတို့ကြား စိတ်လှုပ်ရှားပြီး စကားကျန်သွားသည်ကို တကမ္ဘာလုံးက သိသွားပြီးနောက် အမေရိကန်သမ္မတများ သက်တမ်းမှာ ရှားရှားပါးပါး ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲ ထပ်လုပ်ရသည်။

အိုဘားမား၏ ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ၀ါရှင်တန်ဒီစီမြို့ သမ္မတအိမ်ဖြူတော်မှာ တိုးတိုးတိတ်တိတ် ထပ်လုပ်ရခြင်းဖြစ်သည်။ သမ္မတအိမ်ဖြူတော်ကမူ “ဘာမှစိတ်မပူပါနဲ့ (ပထမအကြိမ်) သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့ခင်းကတည်းက အိုဘားမားဟာ သမ္မတကြီးဖြစ်နေပါပြီ” ဟု ပြောသည်။

ထိုအတောအတွင်း အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ စာသားများ အဆုံးပိုင်းတွင် “ကျွန်ုပ်အား ဘုရားသခင် စောင့်ရှောက်တော်မူပါ” ဆိုသည့်စာသားကို ဖြုတ်ပေးရန် အမေရိကန် ဘုရားမဲ့ဂိုဏ်းသားများနှင့် ဘာသာရေးမဟုတ်သည့် အဖွဲ့များက တရားစွဲထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဟီလာရီ၏ Smart Power နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာစစ်အစိုးရ
ဟန်တင်အောင်/ ၂၂ ဇန်န၀ါရီ ၂၀၀၉

မစ္စဟီလာရီကလင်တန်အား အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးရာထူးသည် အိုဘားမားအစိုးရ၏ အရေးပါသည့် ရာထူးဖြစ်သည်။ ထို့ကြောင့် မစ္စ ဟီလာရီကလင်တန်အား နိုင်ငံခြားရေးဝန်ကြီးခန့်ခြင်းသည် ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ကလင်တန် လုပ်ကိုင်နေသည့် ဖောင်ဒေးရှင်းအတွက် အလှူငွေထည့်နေသည့် နိုင်ငံခြားအစိုးရများကို ဆက်ဆံရာတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်သည်ဟု လွှတ်တော်၌ အငြင်းပွားပြီးနောက် ယခုကဲ့သို့ အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြ သည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်းများဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်းအုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
တရုတ် နို့မှုန့်ကုမ္ပဏီမှ တာဝန်ရှိသူအား အမိန့်ချ

လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် မယ်လမင်းဓါတ်ပါရှိသော နို့မှုန် ထုတ်လုပ်ခဲ့သော ကုမ္ပဏီမှ တာဝန်ရှိသူ လူ နှစ်ယောက်အား တရုတ်တရားရုံးက သေဒဏ် နှင့် တခြားတယောက်အား တသက်တကျွန်း ( ထောင်ထဲတွင် တသက်လုံး) ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ အဆိပ်ဖြစ်စေသော မယ်လမင်းဓါတ်ဖြင့် နို့မှုန် ထုပ်လုပ်မှုကြောင့် ၆ ယောက် သေဆုံးခဲ့ပြီး၊ တခြားသော ကလေး ၃၀၀.၀၀၀ ဦး၊ မယ်လမင်းဓါတ်ကြောင့် ဆက်ပွားရောဂါများ ခံစားနေရသည်။ ယခုအခါ ထိုနို့မှုန့်ကုမ္ပဏီကို ပိတ်ပစ်လိုက်သည်။
*****
ဇန်န၀ါရီလ ၂၃ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


ကင်ဂျုံအီးက တရုတ် အဆင့်မြင့်ခေါင်းဆောင်နှင့် တွေ့ဆုံ


သတင်းလောက၌ လပေါင်းများစွာ ပျောက်ဆုံးနေတဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီး တယောက် ယခုအပတ် ကြာသပတေးနေ့တွင် တရုတ် အဆင့်မြင့်ခေါင်းဆောင်တယောက်နှင့် တွေ့ဆုံသည်ဟု တရုတ် ရုပ်မြင်သံကြားမှ ပြောကြားသည်ကို Xinhua သတင်းဋ္ဌာနက ရေးသားဖေါ်ပြထားသည်။
*****
နယ်စပ်အား ဖွင့်ပေးစေချင်လို

သမ္မတ အိုဘားမားသည် သူ၏ ပထမဦးဆုံးသော နိုင်ငံခြားရေး မူဝါဒက အရှေ့လယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိက္ခများကို ပြေလည်ရန် လုပ်ဆောင်မည်ဟု မနေ့က ရွေးချယ် လိုက်သည်။ ဂါဇာအတွင်း ဖြစ်ပွားနေသည့် ပြသာနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နှစ်ဖက်စလုံးကို ပြောကြားပြီး၊ တချိန်တည်းမှာပင် ကြာရှည်ခံသော ငြိမ်းချမ်းရေးတခု ပြုလုပ်ပြီး အရေးပေါ်ပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံရန်အတွက် အစ္စရေးနိုင်ငံအား ဂါဇာရှိ နယ်စပ် လမ်းကြောင်းများကို ဖွင့်ပေးရန် တောင်းဆိုလိုက်သည်။
*****
သူပုန်ခေါင်းဆောင် ဖမ်းဆီးမိ

ဇန်နာဝါရီလ ၂၁ တရက်နေ့က ရ၀မ်ဒါတပ်ဖွဲ့များသည် ကွန်ဂိုအစိုးရနှင့် ပူးပေါင်းပြီး သူပုန်တို့အား စစ်ဆင်ရေးတခု ပြုလုပ်ခဲ့သည်။ ထို ထိုးစစ်အတွင်း ကွန်ဂိုနိုင်ငံသား တူစီ သုပုန်ခေါင်းဆောင် Lau­rent Nkunda အား ရ၀မ်ဒါ နယ်စပ်တွင် ဖမ်းဆီးမိကြောင်း ကွန်ဂို အဆင့်မြင့် နိုင်ငံရေးမှူး အရာရှိတယောက် သတင်း ထုတ်ပြန်လိုက်သည်။ လွန်ခဲ့သည့်နှစ်များတွင် ရ၀မ်ဒါနှင့် တူစီ လူမျိုးများ လူမျိုးတုန်း သတ်ဖြတ်သော ပဋိက္ခများ ပေါက်ပေါက်ခဲ့ဖူးသည်။
*****
သြစီ အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပြသာနာဖြစ်ပွား

ချန်ပီယံ ကာကွယ်နေသော Novak Djokovic နှင့် ဘောစနီးယားတွင် ဖွားမြင်ပြီး အမေရိကန်နိုင်ငံသား Amer Delic တင်းနစ်မယ်တို့၏ ယှဉ်ပြိုင်နေသော ကစားပွဲတွင် ဘောစနီးယား နှင့် ဆာဗီးယားလူမျိုး တင်းနစ် ပရိသာတ် ၃၀ ခန့် ဖမ်းဆီးလိုက်သည်။ ထိုကစားပွဲကို ကြည့်ရှု့နေသည့် စင်မြင့်တနေရာအတွင်း ပွဲကြည့် ပရိသာတ်များအတွင်းမှ မိန်းမတယောက်၏ ခေါင်းကို ထိုင်ခုံ အပိုင်းအစတခု ထိမှန်ရာမှ စတင် ပြသာနာများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
*****
ယခုနှစ် ဖင်လန်နိုင်ငံ စီးပွားရေး ကျဆင်း

၂၀၀၉ ခုနှစ် ဖင်လန်နိုင်ငံ စီးပွားရေးသည် ၂ ရာခိုင်နှုန်းထက် ပိုပြီး ထိုးကျသွားမည် ဖြစ်ကြောင်း ဖင်လန်ဘဏ္ဍာရေး ၀န်ကြီး Jyrki Katainen က ယနေ့ ပြောဆိုလိုက်သည်။ ဖင်လန်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ စီးပွားရေး ဖာထေးရန် နောက်လာမည့် ၃ နှစ်အတွက် ဘီလျံ ၃၀ ယူရို ချေးငှားရန် ဖြစ်နိုင်ချေရှိသည်။ ဖင်လန်နိုင်ငံ၏ အကြီးဆုံး ကုပဏီဖြစ်သော နိုကီယာ တယ်လီဖုန်း ကော်ပိုရေးရှင်းသည်လည်း ကမ္ဘာ့ဈေးကွက်၌ စိတ်ပျက်စရာကောင်းသော ရလဒ်များဖြင့် ကြုံတွေ့နေရပြီး နိုင်ငံတကာ တယ်လီဖုန်း ဈေးကွက်တွင် ၂၀၀၉ ခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
*****
အမေရိကန် တပ်ဖွဲ့များ ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှု


အမေရိကန် ကင်းထောက် တိုက်လေယာဉ်များက အာဖဂန်နစ္စတန် နယ်စပ်အနီးရှိ ပါကစ္စတန်နိုင်ငံအတွင်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၁၄ ယောက် သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုသည် အိုဘားမား သမတဖြစ်လာပြီး ပထမဦးဆုံး တိုက်ခိုက်မှုတခု ဖြစ်သည်။ ထိုနေရာများဖြစ်သော အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံအကြား ဒေသများတွင် တာလီဘန်တပ်ဖွဲ့များ၊ အစွန်းရောက် အကြမ်းဖက် အဖွဲ့ အယ်လ်ခိုင်ဒါများ လှိုဝှက် ပုန်းအောင်း လှုပ်ရှားသော အဓိက နေရာတခု ဖြစ်သည်။ လွန်ခဲ့သော နှစ်၊ ၂၀၀၈ ခုနှစ်ကလည်း ထိုနေရာများကို အမေရိကန်တပ်ဖွဲ့များက အကြိမ်ပေါင်း ၃၀ ထက်မနည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုများအတွင်း လူ ၂၂၀ ကျော် သေဆုံးခဲ့သည်။
*****
နယူးယောက် လွတ်တော်အမတ် အသစ်

လစ်လပ်သွားသည့် ဟီလာရီ ကလင်တန်၏ နေရာတွင် ၄၂ အရွယ်၊ မစ္စ Kirsten Gillibrand ကို နယူးယောက် လွတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြောက်လိုက်သည်။
*****
ဇန်န၀ါရီလ ၂၄ ရက်
ရက်သတ္တပတ် ၄ ပတ်၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း


အာဖဂန် တိုက်ခိုက်မှုများ

အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာတပ်များသည် တာလီဘန် ခေါင်းဆောင်တယောက် ပုံးအောင်းနေသည့် နေရာဟု သံသယရှိသဖြင့် ညအချိန်တွင် ၀င်ရောက် ဖမ်းဆီးစဉ် တိုက်ပွဲဖြစ်ပွားပြီး တာလီဘန် စစ်သား ၁၅ ယောက် သေဆုံး၊ သေဆုံးသူများတွင် မိန်းမတယောက် ပါဝင်သည်ဟု အမေရိကန် စစ်ဖက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တခြားသော နေရတွင်လည်း တိုက်ပွားများ ဆက်လက်ဖြစ်ပွားပြီး တာလီဘန် စစ်သား ၁၀ ယောက်နှင့် မိန်းမတယောက် သေဆုံးခဲ့သည်။ ထိုမိန်းမသည် တိုက်ပွဲဖြစ်ပွားနေစဉ် အမေရိကန်စစ်သားများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တချိန်တည်းမှာပင် မြို့တော် ကဘူး၏ အရှေ့ဖက် ကီလိုမီတာ ၆၀ အကွာတွင် အမေရိကန် စစ်သားများက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်သဖြင့် အနည်းဆုံး ၄ ယောက် သေဆုံးခဲ့သည်။ ထို လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူများကို ထိခိုက်ခြင်းမှ လွတ်ကင်းစေရန် ပစ်မှတ်များကို အတိအကျ ပစ်ခတ်နိုင်သော စစ်သေနတ်ကြီးများဖြင့် တိုက်ခဲ့ကြောင်း၊ ဒုံးကျည်များ ဗုံးများကို သုံးပြုခြင်း မရှိဟု အမေရိကန်နှင့် နိုင်ငံတကာ တပ်ပေါင်းစု၏ ပြောခွင့်ရ ဗိုလ်မှူးကြီး Greg Julian က ပြောဆိုခဲ့သည်။
အာဖဂန် ရှိ တာလီဘန်တို့သည် ပျောက်ကြား စနစ်များဖြင့် အမေရိကန် ထောက်ပံသော ကဘူးအစိုးရနှင့် အမေရိကန်နှင့် နိုင်ငံတကာ တပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိသည်။ ထို စစ်ပွဲ အတောအတွင်း နှစ်ဦးနှစ်ဖက်စလုံး လူပေါင်း ၅၀၀၀ ခန့် သေဆုံးနေသည်။
*****
ရေခဲ ရေပျော်ပြီး ကျေးရွာများ ရေဖုံးလွမ်း

ရိုမေးနီးယား မြောက်ပိုင်းဒေသအတွင်း အီဇာမြစ်အနီးရှိ ကျေးရွာများသည် ဆီးနှင်းနှင့် ရေခဲ အရည်ပျော်ပြီး ရေခဲရေများအောက်တွင် နစ်မြုပ်နေသည်ဟု သိရသည်။
*****
ဥရောပ တောင်ပိုင်း လေမုန်တိုင်း

စပိန်နိုင်ငံ ဘာစီလိုးနားမြို့ အနီးရှိ စင်းတ်ဘိုရီမြို့ငယ်၏ အားကစားရုံတွင် ကလေးများ ကစားနေစဉ် လေပြင်းတိုက်သောကြောင့် အားကစားရုံ ခေါင်မိုး ပြိုကျပြီး ကလေး ၄ ဦး သေဆုံးခဲ့သည်။ လူငယ် ၃၀ လောက် ကစားနေစဉ် အားကစားရုံ ခေါင်မိုး ပြိုကျခဲ့သည်။
စပိန်နိုင်ငံ မြောက်ပိုင်းနှင့် ပြင်သစ် တောင်ပိုင်း ဒေသများတွင် တနာရီလျှင် ၁၇၃ ကီလိုမီတာ ကျော် တိုက်ခတ်သော လေမုန်တိုင်း ၀င်ရောက်နေသဖြင့် ရာသီဥတု အလွန်စွာ ဆိုးဝါးလျက် ရှိသည်။ ထိုမုန်တိုင်းကြောင့် အထက်ဖေါ်ပြပါ ကလေး ၄ ဦးအပြင်၊ ကားမောင်းနေစဉ် သစ်ပင် ပြိုလဲသဖြင့် ပုလိပ် တယောက်နှင့် ဘာစီလိုးနားတွင် ၎င်း မုန်တိုင်းအတွင်း အုတ်နံရံပြိုကျပြီး မိန်းမတယောက် မနေ့က သေဆုံးခဲ့သည်။ ထို လေမုန်တိုင်းကြောင့် ပြင်သစ် တောင်ပိုင်းဒေသများဖြစ်သော Bordeaux, Toulouse နှင့် Biarritz မြီု့များမှ လေဆိပ်များ ခတ္တ ပိတ်ထားရပြီး တခြားသော ပို့ဆောင်ဆက်သွယ်ရေးလမ်းများကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားသည်။
*****
နိုင်ငံတကာသတင်းများကို TV2.dk မှ ထုတ်နှုတ်ထားသည်။